အဲတော့ မင်းက ရှီမာယူယူပဲ
Vol. 121 Ch. 1682
လျန်ချူရှင်း၏ နှုတ်ခမ်းထောင့်သည် ကွေးညွှတ်သွားကာ ဆေးယူပြီး နမ်းရှုံ့ကြည့်လိုက်သည်။ သူ၏ မျက်နှာထားမှာပြောင်းသွားပြီး ရှုံံ့မဲ့သွားလေ သည်။
“ဒါက ဘာဆေးကြီးလဲ ဘာလို့ ဒီလောက်နံရတာလဲ”
“ဒီအသွင်ပြောင်းဆေးက ရှင့်အသွင်အပြင်ကို ခဏတာပြောင်းပေးလိမ့် မယ်၊ ဒါက ကျွန်မ စမ်းသပ်ထားတာမကြာသေးတဲ့ ဆေးပဲ” ရှီမာယူယူသည် သူ့ ကိုအပြုံးဖြင့် ကြည့်လိုက်သည် “သောက်လိုက် ပြီးရင် ဝင်လို့ရပြီ”
“ဒါပေမဲ့ အနံ့ကြီးက…” လျန်ချူရှင်းသည် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
“စားမှာလား မစားဘူးလား ပြောလိုက်” ရှီမာယူယူသည် သူ့ကို မဖျောင်းဖျပေ “ရှငမစားချင်ရင်လည်း ကျွန်မဘာသာပဲ ဝင်သွားတော့မယ်”
ချက်ချင်းပင် သူမ လှည့်ထွက်လိုက်သည်။
“ငါ… ငါ့မှာရွေးစရာမရှိဘူးလား ရှိလား…” လျန်ချူရှင်းသည် လက်နှစ် ဖက်ဖြင့် နှာခေါင်းကိုပိတ်ကာ မျက်လုံးမှိတ်ပြီး ဆေးကိုသတ္တိရှိရှိ သောက်လိုက် သည်။
ရှီမာယူယူသည် မျက်ခုံးများ ကြာရှည်စွာ ကြုံ့နေသည်ကို မြင်သောအခါ မဲ့ပြုံးပြုံးလိုက်သည်။ လျန်ချူရှင်း မျက်လုံးဖွင့်လိုက်သောအခါ သူမသည် ချက်ချင်းပင် ရုပ်ပြန်တည်လိုက်သည်။ သို့သော် မျက်လုံးမှ အပြုံးသည် ပျောက် ကွယ်မသွားသေးပေ။
လျန်ချူရှင်းသည် သူမ မျက်လုံးထဲမှ အပြုံးကိုမြင်သောအခါ အလန့်တကြားဖြင့် “မင်း ငါ့ကိုပရိယာယ်သုံးလိုက်တာတော့ မဟုတ်ပါဘူးနော် ဘာလို့ ဘာမှမခံစားရတာလဲ ငါ့မျက်နှာက တကယ်ရောပြောင်းရဲ့လား”
ရှီမာယူယူသည် မှန်တစ်ချပ်ထုတ်ပြီး သူ့ရှေ့တွင် ထားပေးလိုက်သည်။ သူနှင့် လုံးဝမရင်းနှီးသော မျက်နှာသည် သူ့ကိုကြည့်နေသည်။ မျက်နှာကျမှာ ထူးခြားမှုမရှိကာ လူအုပ်ထဲတွင် ရှာရန်မလွယ်သည့် မျက်နှာဖြစ်သည်။ ထို့အပြင် သူ၏ အသက်ရှုသံမှာလည်း အနည်းငယ် ပြောင်းသွားသည်။
သူသည် လက်ဆန့်ထုတ်ကာ ပါးပြင်ကို ကိုင်ကြည့်ရာ မှန်ထဲမှလူသည် လည်း ပါးပြင်ကို လိုက်ကိုင်လေသည်။ ထိုအခါမှပင် သူ၏ အသွင်အပြင် ပြောင်း သွားသည်ကို ယုံတော့သည်။
“မိုက်လိုက်တာ တကယ်ဖြစ်နိုင်တာပဲ” သူသည် လက်ဆန့်ထုတ်ကာ သူ့ မျက်နှာကို ဆိတ်ပြီး အော်လေသည် “ဒီဆေးကို ဘယ်လိုလုပ်လိုက်တာလဲ ထပ် ရှိသေးလား ငါ့ကိုနည်းနည်းလောက် ထပ်ပေးလို့ရမလား ဒီလိုဆိုရင် ငါက ပန်းချိုးတာ မကျရှုံးတော့ဘူး အလိုက်လည်းမခံရတော့ဘူး”
ရှီမာယူယူ သူ့ကိုပြုံးပြလိုက်သည် “အသွင်ပြောင်းဆေးလိုချင်ရင်ရတယ် လေ မဟုတ်ရင် ပန်းချိုးဖို့လည်း သုံးလို့ရတယ် ကျွန်မ ရှင့်ကို အရင် သင်းကွပ် ပေးမယ် ပြီးရင် ရှင်လိုချင်သလောက် အသွင်ပြောင်းဆေးပေးမယ် ကျွန်မတို့က တစ်ယောက်နဲ့ တစ်ယောက်သိကြတော့ ၁၅ ရာခိုင်နှုန်းလျော့ပေးပါမယ်”
လျန်ချူရှင်းသည် လျင်မြန်စွာပင် ခြေလှမ်းများနောက်ဆုတ်ကာ လက်နှစ် ဖက်ဖြင့် ရှေ့ခြမ်းကိုအုပ်ထားပြီး သူမကို နိုးကြားစွာဖြင့် ကြည့်လေသည်။ သူ၏ နှုတ်ခမ်းမှာ တွန့်ကွေးသွားပြီး သူမအား နာကျင်သည့် လေသံဖြင့် ပြောလေ သည် “ညီမငယ် မင်းက ရက်စက်လိုက်တာ ဒါက ငါ့မျိုးဆက်ကို ဖြတ်ခိုင်းလိုက် တာပဲ”
“မြို့ထဲဝင်ရအောင်” ရှီမာယူယူသည် သူ့ကို ဂရုစိုက်မနေတော့ဘဲ မြို့ထဲ သို့ လျှောက်ဝင်သွားလိုက်သည်။
သူတို့ မြို့ဂိတ်ပေါက်သို့ရောက်သောအခါ အစောင့်တစ်ယောက်သည် ရှေ့ တိုးလာပြီး သူမကို တားလေသည်။
“ခွင့်ပြုပါ မိန်းကလေး ကန်မာမြို့က အခုချိန် ဘယ်သူ့ကိုမှ မြို့ထဲဝင်ခွင့် ပြုမထားပါဘူး ဖိတ်စာများပါသလား”
ရှီမာယူယူသည် ဖိတ်စာထုတ်ပေးလိုက်ရာ အစောင့်သည် ဖွင့်ဖတ်လေ သည်။ အထဲမှနာမည်ကို မြင်လိုက်သောအခါ သူမအား တအံ့တဩကြည့်ပြီး ဖိတ်စာကဒ်ကို လေးစားစွာဖြင့် ပြန်ပေးလေသည်။
“သခင်မလေးယူယူဖြစ်နေတာကိုး ကျွန်တော့သခင်က စောင့်နေတာ ကြာပါပြီ ဒီဘက်ကိုကြွပါ နေဖို့ကိုစီစဉ်ပေးပါ့မယ်” အစောင့်သည် အနောက်သို့ ခေါင်းညိတ်ခေါ်လိုက်ရာ လူတစ်ယောက်သည် ချက်ချင်းပင် ပြေးလာလေသည် “သခင်မလေးယူယူကို ခြံဝန်းကိုခေါ်သွားပေးလိုက်”
ထိုလူသည်လည်း ရှီမာယူယူဟု ကြားသည်နှင့် အံ့ဩသွားသည်။ သို့သော် သူသည် လျင်မြန်စွာ တုံ့ပြန်လာပြီး ခွင့်ပြုချက်တောင်းလေသည်။
ရှီမာယူယူသည် အစောင့်နောက်လိုက်ရာ လျန်ချူရှင်းပါ လိုက်သွားသည်။ မြို့ထဲသို့ရောက်သောအခါ နံရံပေါ်တွင် သူ့ပုံကပ်ထားသည်ကို တွေ့လိုက်ရ သည်။
“ပုံကလည်း ရုပ်ဆိုးလိုက်တာ” သူသည် တိုးညင်းစွာ ရေရွတ်လိုက်ရာ ရှီမာယူယူသည် မျက်လုံးကျဉ်းပြလေသည်။
လျန်ချူးရှင်းသည် နှုတ်ခမ်းဆူလိုက်သည်။ တကယ်ပဲ ရုပ်ဆိုးတာပဲ။ သူက ဒီလောက်တောင် ပြေပြစ်ပြီး ရုပ်ချေတာ ဘယ်လိုဖြစ်ပြီး ဒီလောက် တောင် ဆိုးအောင်ဆွဲထားတာလဲ။
ရှေ့မှ လမ်းပြသောသူကြောင့်သာမဟုတ်လျှင် သူမသည် သူ့ကို နှစ်ချက် မျှ ကန်ချင်သည်။ သူ့ကို ဖင်ပြန်ခေါင်းပြန်ကြည့်ရင်တောင် ကိုယ့်ဘက် ကိုယ်ယက်တဲ့လူကြီးပဲ။
အစောင့်သည် သူတို့ကို မြို့ထဲသို့ခေါ်သွားပြီး စီစဉ်ထားသည့် သားရဲဆွဲ လှည်းပေါ်တက်သွားပြီး မောင်းနှင်သွားရာ တစ်နာရီကျော်လောက်တွင် တိတ်ဆိတ်သော ခြံသို့ရောက်လေသည်။
“သခင်မလေးယူယူက တိတ်ဆိတ်တာကို သဘောကျတယ်လို့ ကျွန်တော်တို့ အကြီးဆုံးသခင်မလေးက ကြားထားတာနဲ့ ဒီခြံဝန်းကို ပြင်ဆင် ခဲ့တာပါ ဒီနေရာက တိတ်ဆိတ်ပြီး မြို့လယ်နဲ့လည်း မဝေးဘူး” အစောင့်သည် သူတို့ကို ဦးဆောင်ဝင်သွားသည်။ အထဲမှ အိမ်ဆောင်များကို ကောင်းမွန်စွာ စီမံထားပြီး တစ်ခုနှင့်တစ်ခုမှာ လိုက်ဖက်ညီပြည့်စုံလျက်ရှိသည်။ အတော်ပင် အဆင်ပြေသည်။
“ဒီမှာ အစေခံနဲ့ အစောင့်တွေရှိပါတယ် တစ်ခုခုလိုတာရှိရင် သူတို့ကိုသာ ပြောလိုက်ပါ”
“ကျေးဇူးအများကြီးတင်ပါတယ်”
အစောင့်သည် သူမကို ခြံဝန်း၏တာဝန်ခံနှင့် တွေ့ပေးပြီးနောက် သူ ထွက်သွားလေသည်။
ထိုမိန်းကလေးမှာ ရူရွှေဆိုသူဖြစ်သည်။ သူမသည် ရှီမာယူယူကို အရိုအသေပြုပြီးနောက် ပြောလေသည် “သခင်မလေးယူယူ ကျွန်မနဲ့ လိုက်ခဲ့ပါ သခင်မလေးနေရမယ့် ခြံဝန်းလေးကို ခေါ်သွားပေးပါမယ်”
ရှီမာယူယူသည် အနောက်မှလိုက်သွားရာ သူမနေရမည့် အိမ်ကိုမြင်ရ လေသည်။ သူမ စဝင်ကတည်းကပင် သူမ၏ အကြိုက်ကိုအခြေခံထားပြီး စီစဉ် ထားရာ သဘောမကျသည့်အရာမရှိပေ။
“ဒါတွေအကုန်လုံး အကြီးဆုံးယန့်သခင်မလေး ပြင်ထားတာတွေလား” သူမသည် ရူရွှေကိုမေးလိုက်သည်။
“ဟုတ်ပါတယ် အကြီးဆုံးသခင်လေးက သခင်မလေးလာမယ်ဆိုတာသိ လို့ ဒီခြံဝန်းကိုအထူးတလည် ပြင်ထားတာပါ” ရူရွှေသည် သူမ၏ တည်ရှိမှုကို အရိပ်အယောင်ပြသည်။ သို့သော် သူမ မဝယ်သည်မှာတော့ နှမြောဖို့ကောင်း သည်။
ရှီမာယူယူသည် ခေါင်းညိတ်ပြလိုက်သည် “ကျွန်မ နည်းနည်းလေး ပင်ပန်းနေလို့ နားချင်နေပြီ”
ရူရွှေသည် တစ်စုံတစ်ရာပြောမည် ဟန်ပြင်ပြီးမှ သူမ ပြောလိုက်သည့် စကားကို ကြားသောအခါ ကျန်စကားများကိုမျိုချကာ ပြောလိုက်သည် “မိန်းကလေး ကောင်းကောင်းအနားယူပါ ဒီအစေခံတွေက မနှောင့်ယှက်တော့ ပါဘူး”
“ကျေးဇူးတင်ပါတယ် ဘဏ္ဍာထိန်းရူ”
“ဒါနဲ့ သခင်မလေးယူယူ သူတစ်ယောက်ပဲ အစောင့်ပါတာလား တခြား ခြံမှာစီစဉ်ပေးဖို့လိုသေးလား” ရူရွှေမေးလိုက်သည်။
“သူတစ်ယောက်တည်းပါပဲ အလုပ်ရှုပ်မခံပါနဲ့တော့ သူ့ကို ဒီနားမှာတင် နေခိုင်းလို့ဖြစ်ပါတယ်” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ရူရွှေသည် လျန်ချူရှင်းအတွက် အခန်းတစ်ခန်းပြင်ပေးပြီးနောက် သူမကို အချိန်မရွေးခေါ်နိုင်ကြောင်း ပြောပြီး ထွက်သွားလေသည်။
လျန်ချူရှင်းသည် ရှီမာယူယူ၏ အိမ်သို့လာပြီး သူမကို စိုက်ကြည့်နေ သည်။
“ကျွန်မမျက်နှာမှာ ပန်းတွေပွင့်နေလို့လား” ရှီမာယူယူသည် သူ့ကို စိုက် ကြည့်လိုက်သည်။
လျန်ချူရှင်းသည် သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး အော်လေသည် “မင်းက ရှီမာယူယူလား”
“ဘာလို့လဲ ရှီမာယူယူဖြစ်လို့မရဘူးလား”
“ရတယ် ရတယ် ရတာပေါ့” လျန်ချူရှင်းသည် ပြုံးပြီးပြောလေသည် “ငါ မင်းနာမည်ကို အရင်ကကြားဖူးတယ် မင်းက အရမ်းလှတယ်လို့ ပြောကြတာပဲ ငါက မင်းကို ချိုးဖို့အခွင့်အရေးလိုချင်နေတာ ဒီလောက်မြန်မြန်တွေ့ရမယ်လို့ ထင်မထားဘူး”
“ဒေါက်”
ရှီမာယူယူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်သည် သူ့မျက်နှာနှင့် မိတ်ဆက်သွားရာ လျန်လျူရှင်းသည် ရှောင်ချိန်မရလိုက်သောကြောင့် နဖူးနှင့် ထိသွားရာ လက်ဖက်ရည်များသည် မျက်နှာတစ်ခုလုံးရွှဲသွားလေသည်။
“ဖူး”
သူသည် လက်ဖက်ရွက်တချို့ကိုထွေးထုတ်ပြီး မျက်နှာမှ လက်ဖက်ရည် များကို လက်ဖြင့်သုတ်လိုက်ကာ ရိုးသားသည့်လေသံဖြင့် ပြောလေသည် “ဒီ လောက်ကြီးချဲ့ကားစရာမလိုပါဘူး”
“ဒီ့ထက်ပိုပြီးချဲ့ကားလို့ရတယ် လုပ်ကြည့်မလား” ရှီမာယူယူ နှာမှုတ် လိုက်ပြီး ဓားထုတ်ကာ နှစ်ကြိမ်မျှဝေ့ယမ်းပြလိုက်သည်။
“အဟမ်း မလုပ်ပါဘူး… မလုပ်ပါဘူး” လျန်ချူရှင်းသည် လက်ကို အမြန် ပင် ဝေ့ယမ်းလေသည် “ဒီမှာ ငါ စဉ်းစားရုံတင်စဉ်းစားတာပါ ဘာမှမလုပ်ရဲပါ ဘူး စိတ်မဆိုးနဲ့ စိတ်မဆိုးပါနဲ့…”
“တကယ်တော့ စမ်းကြည့်လို့ရတယ် ကျွန်မကို အရင်ချိုးနိုင်မလား မဟုတ်ရင် ကျွန်မကပဲ ရှင့်ကို သင်းကွပ်နိုင်မလားလို့ ဘယ်လိုလဲ စမ်းကြည့် မလား”
တလက်လက်ထနေသော ဓားသွားမှာ သူမ၏ အပြုံးမှာ ပိုအေးစက်လာ သလိုမျိုး လျန်ချူရှင်းကို ခံစားစေသည်။
“ဘာကို စမ်းကြည့်ဖို့ပြောနေတာလဲ ငါဘာမှမပြောရသေးဘူး ငါ့မှာ ဘာ အတွေးမှမရှိဘူး” သူသည် ရူးချင်ဟန်ဆောင်ကာ စကားလမ်းကြောင်းလွှဲလိုက် ပြီး မေးလေသည် “ယင်လန်ရဲ့ အလောင်းကို ဘယ်တော့သွားရှာကြမလဲ”
“အလောင်းပုံသင်္ချိုင်းကဘယ်မှာလဲသိလား”
“မြို့ရဲ့အနောက်မှာ”
“အလောင်းပုံ သင်္ချိုင်းက ဘာလို့မြို့အပြင်မှာမဟုတ်ဘဲ မြို့ထဲမှာရှိနေ တာလဲ”
***