ကြမ်းပြင်ပေါ်တွင် အိပ်ရသည့်ဘဝ
Vol. 121 Ch. 1683
“ဘာလို့ မြို့ထဲမှာရှိတာဟုတ်လား ယန့်မျိုးနွယ်ရဲ့ ရက်စက်မှုနဲ့ ဆက်စပ် နေတာပဲလေ” လျန်ချူရှင်းသည် ရယ်သွမ်းလေသည် “လူတွေက သူတို့အိမ်မှာ တင် သူတို့မကြာခဏသေကြတယ်လို့ပြောတယ် အဲလူတွေကို အပြစ်ပေးဖို့ အလောင်းပုံတဲ့နေရာတစ်ခုကို လုပ်လိုက်ကြတယ် အချိန်ကြာလာတော့ အလောင်းပုံ သင်္ချိုင်းဖြစ်လာတာပဲ”
ဒီယန့်မျိုးနွယ်သည် ဒီလောက် ရက်စက်သည့် မိသားစုဖြစ်နေတာပဲ။ အဲဒါ ကြောင့် သခင်မလေးတွေက အကုန်လုံးအောက်ခြေလွတ်နေကြတာကိုး။
“ငါတို့က အခုမြို့အရှေ့ပိုင်းမှာ အလောင်းပုံသင်္ချိုင်းက မြို့အနောက်မှာရှိ တယ်၊ အလောင်းပြန်ကောက်ဖို့ဆိုရင် အားစိုက်ထုတ်ရမှာစိုးတယ်” ရှီမာယူယူ သည် ပြောလိုက်သည် “ဒါပေမဲ့ ဒါကအဓိကမဟုတ်ဘူး၊ ယန့်မျိုးနွယ်က ရှင့်ကို ဖမ်းဖို့ အဲဒီနေရာကို စောင့်ကြည့်ဖို့ လူလွှတ်ထားမှာ ကြောက်ရတယ်”
လျန်ချူရှင်းသည်လည်း ထိုဖြစ်နိုင်ချေကိုသိသည် “ငါ့ကို မျှားဖို့မဟုတ်ရင် ယင်လန်ရဲ့ သေဆုံးမှုက ဘယ်လိုလုပ်ထွက်လာမှာပဲ၊ ဒါပေမဲ့ ယင်လန်ကပဲ ဂူဗိမာန်အကြောင်း သိတယ်လို့ သူတို့ထင်နေကြတာ ငါသိတယ်ဆိုတာကို မသိကြဘူး မဟုတ်ရင် ယန့်လီလီတို့က ကံကြမ္မာမြို့မှာကတည်းက ငါ့ကို သတ် လိုက်ကြပြီ”
“ဖြစ်နိုင်တယ် ဒါပေမဲ့ အဲဒီမှာရှင်ရှိခဲ့တာသိရင်တောင် ယန့်လီလီနဲ့ အပြင် လူတွေက မသိကြဘူး” ရှီမာယူယူ ပြောလိုက်သည် “အကြောင်းအရင်းက ဘာပဲဖြစ်ပါစေ ရှင့်ပုံစံအတိုင်း ထွက်မသွားတာကောင်းမယ်”
“ဒါနဲ့ အသွင်ပြောင်းဆေးက အချိန်ဘယ်လောက်ကြာရှည်ခံလဲ” လျန်ချူရှင်း မေးလိုက်သည်။
“တစ်လုံးကို ၁၀ ရက်ခံတယ် အဲဒါကြောင့် တစ်ခါစားလိုက်ရင် အရင်ပုံစံ အတိုင်းပြောင်းသွားမှာပဲ လက်ရှိပုံစံကို ထိန်းထားပြီး အရင်ပုံစံမဖြစ်ချင်ဘူးဆို ရင် နောက်တစ်လုံးသောက်ရမယ် အဲလိုဆိုရင် နောက်ပုံတစ်မျိုးပြောင်းသွားမှာ”
“ဒီလိုပုံစံထပ်မရနိုင်ဘူးလား”
“ပုံပန်းအသွင်အပြင်ကတော့ ကျပန်းပဲ မရနိုင်ဘူး” ရှီမာယူယူ ပြောလိုက် သည်။
“ဒါပေမဲ့ ငါက မင်းရဲ့အစောင့်ဆိုပြီး အကုန်လုံးက သိနေကြတာ ငါ အပြင် သွားလို့ အဖမ်းခံရမယ်ဆိုရင် မင်းပါ ပါသွားမှာမဟုတ်ဘူးလား” လျန်ချူရှင်း သည် ဖြောင့်မတ်မှု အနည်းငယ်ရှိသေးကာ သူမကို ဆွဲချမသွားနိုင်ပေ။
“အဲဒီက အခြေအနေကို အရင်ကြည့်လိုက်ဦးမယ် သူတို့သာ ချောင်း တိုက်ခိုက်ဖို့ စီစဉ်ထားတယ်ဆိုရင် သူတို့ကို မျှားခေါ်ရမယ်၊ ပြီးတာနဲ့ ရှင်က သူမ အလောင်းသွားကောက်လိုက်တော့ ရှင့်မှာ ပိုကောင်းတဲ့ အစီအစဉ်ရှိရင် လည်း ဆွေးနွေးလို့ရပါတယ်”
“မင်းအစီအစဉ်က ကောင်းတယ် အဲဒီမှာ ချောင်းတိုက်ဖို့ ရှိနေလားဆိုတာ ငါသွားကြည့်မယ်” လျန်ချူရှင်းသည် ပြောရင်းနှင့် ထွက်သွားမည်ပြုသည်။
“ကဲ ရှင် ဒီမှာပဲနေ ရှင်က ပစ်မှတ်ကြီးဖြစ်နေတာ အနားမရောက်ခင်ကို လူမိသွားမှာပဲ” ရှီမာယူယူသည် သူ့ကို ပြန်ခေါ်လိုက်သည်။
“မင်းသွားမယ်လို့တော့ မပြောနဲ့နော်” လျန်ချူရှင်း ပြောလိုက်သည်။ သို့သော် သူမကို လွှတ်ရန်လည်း အစီအစဉ်မရှိပေ။ သူမ၏ စွမ်းအားသည် သူ့ ထက်ပင် နည်းနေပုံရသည်။ သူမ သွားလျှင်လည်း မိမည်ပင်။
ရှီမာယူယူသည် နီရဲပျားတချို့ထုတ်ပြီး ညွှန်ကြားပြီး လွှတ်ပေးလိုက် သည်။
“ထိုင်ပြီးတော့သာ သတင်းစောင့်နေလိုက်”
“သူတို့က စိတ်ချရလား” လျန်ချူရှင်းသည် သတင်းထောက်လှမ်းသော လျှို့ဝှက်ဝိညာဉ်သားရဲ သေးသေးလေးများကို အရင်ကမမြင်ဖူးပေ။ သို့သော် မြင်သာသော လူတစ်ယောက်ထက်စာလျှင် ပိုကောင်းသည်။ အလောင်းပုံ သင်္ချိုင်းနားတွင် တစ်ယောက်ယောက်ကို တွေ့သည်နှင့် ယန့်မျိုးနွယ်သည် သူ လာနေကြောင်းကို ခန့်မှန်းမိမည်။ ထိုသို့ဆိုလျှင် ယင်လန်၏ အလောင်းကိုရှာ ရန် ခက်သွားမည်။
“စိတ်မပူပါနဲ့ သူတို့က ရှင့်ထက်တောင် စိတ်ချရတယ်” ရှီမာယူယူသည် အထင်သေးစွာဖြင့် ပြောလိုက်သည်။
သူမရဲ့ နီရဲပျားတွေကို သံသယဝင်ရဲတယ်ဟုတ်လား။ ဒီတိုင်းပြည်မှာ သူမ ရဲ့ နီရဲပြောတဲ့ သတင်းတွေက ဒုတိယအဆင့်လို့ ပြောရင် ပထမနေရာကို ဘယ်သူမှ ထုတ်ပြောရဲတာမဟုတ်ဘူး။
လျန်ချူရှင်းသည် သူမ၏ ယုံကြည်ချက်ရှိပုံကို မြင်သောအခါ ပြန်ထိုင်ပြီး သူမနှင့်အတူ သတင်းစောင့်နေလိုက်သည်။
သူသည် အလွန်ပင် စိတ်လှုပ်ရှားနေသည်။ အိမ်တွင် အတန်ကြာနေပြီး နောက် သူသည် မနေနိုင်တော့ဘဲ ခြံဝန်းထဲပြန်ရောက်သွားသည်။ ရှီမာယူယူ သည် သူ့ကိုကြည့်ရုံသာကြည့်ပြီး ခြံဝန်းထဲတွင် လမ်းလျှောက်ခွင့်ပေးလိုက် သည်။
နာရီအနည်းငယ် ကြာသောအခါ နီရဲပျားများသည် သတင်းပြန်ပို့လေ၏။ အလောင်းပုံသင်္ချိုင်းတွင် မည်သူမှစောင့်မနေသော်လည်း မလှမ်းမကမ်းတွင် သခင်များစွာ ရှိနေသည်။ အကြမ်းဖျင်းခန့်မှန်းရလျှင် ဒါဇင်ကျော်ခန့်ရှိမည်။
ယန့်လင်၏ အလောင်းကို ပစ်ထားသည်မှာ ရက်အနည်းငယ်ကြာသွားပြီ ဖြစ်သဖြင့် ပုပ်သိုးနေနိုင်သည်။ သို့သော် ထိုအရာကပင် သူမ အသက်ရှိစဉ်က မည်မျှ ခံစားခဲ့ရကြောင်းကို မြင်နိုင်သည်။
လျန်ချူရှင်းသည် ထိုအကြောင်း ကြားပြီးနောက် နှာရှုတ်လေသည် “ဒီ ယန့်မျိုးနွယ်က တကယ်ပဲ ငါ့ကိုမျှားခေါ်နေတာပဲ”
“အဲဒီမှာ ချောင်းတိုက်ခိုက်မယ်ဆိုတော့ ကျွန်မတို့ အစီအစဉ်အတိုင်းသွား ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့ ညဥ့်နက်ရင်သွားမယ်”
“မလိုဘူး ညကျရင် ငါဘာသာသွားမယ်” လျန်ချူရှင်း ပြောလိုက်သည် “မင်းလိုက်မယ်ဆိုရင် မင်းကိုပါ ဂရုစိုက်နေရလိမ့်မယ် အဲဒါကပိုအန္တရာယ်ဖြစ် နိုင်တယ်”
“ရှင် တစ်ယောက်တည်း လုပ်နိုင်လား” ရှီမာယူယူ ပြောလိုက်သည်။
“ဒီနေ့က ယင်လန်သေပြီး ၆ ရက်မြောက်နေ့ပဲ သူမကို အလောင်းပုံ သင်္ချိုင်းမှာ မနေခိုင်းနိုင်တော့ဘူး အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ညကို ငါ သွားပြီး သူမအလောင်းကိုယူရမယ်” လျန်ချူရှင်းသသည် လက်ကို ကျစ်ကျစ်ပါ အောင်ဆုပ်ပြီး ဒေါသကိုပြေလျော့နေသည်။
“အခုရှင့်ပုံစံနဲ့ဆိုရင် ကိုယ့်သေတွင်းကိုယ်မတူးမိဘူးဆိုတာ သေချာရဲ့ လား သခင် တစ်ဒါဇင်ကျော်တယ်နော် ရှင်တစ်ယောက်တည်း ဘယ်နယောက် ကို ကိုင်တွယ်နိုင်မှာလဲ”
“ငါ…”
“သူမ အလောင်းကိုကောက်ဖို့ ကျွန်မကရှင့်ကို ကတိပေးလိုက်ပြီဆိုမှ တော့ ကျွန်မ သေချာပေါက် လုပ်ရမှာပေါ့၊ ကျွန်မ အဲလူတွေ အာရုံထွေအောင် နည်းလမ်းရှာမယ် ရှင်ကတော့ သူမအလောင်းကောက်ဖို့ တာဝန်ယူ” ရှီမာယူယူ သည် အလွန်ပင် ယုံကြည်ချက်ရှိနေကာ ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်နေ သည့် သခင်များကို စိုးရိမ်ပုံလုံးဝမရှိပေ။
လျန်ချူရှင်းသည် သူမ၏ ယုံကြည်ချက်ရှိပုံကို ကြည့်ပြီး ယုံချင်မိသွား သည်။ သို့သော် သူ ခေါင်းယမ်းလိုက်သည် “ယင်လန်နဲ့ မင်းက တစ်ယောက်နဲ့ တစ်ယောက် သိကြတာလည်းမဟုတ်ဘူး သူမ အကျင့်နဲ့ဆိုရင် သူမအတွက် ဘယ်သူ့ကိုမှ စွန့်စားခွင့်ပေးမှာမဟုတ်ဘူး၊ မင်းကို အဲလူတွေနဲ့ ရင်ဆိုင်ခွင့်မပေး နိုင်ဘူး”
“ကျွန်မကိုယ်တိုင် သွားမယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူ မေးလိုက် သည်။
“မင်းနဲ့ တစ်ယောက် ခေါ်သွားမှာလား”
သူမ၏ အစီအစဉ်ကို ရှင်းမပြလျှင် လျန်ချူရှင်းသည် သူမ၏ အစီအစဉ်ကို လက်ခံမည်မဟုတ်ကြောင်း ရှီမာယူယူ သိသည်။ သူမသည် ပန်းချိုးသူကို သဘောမကျသော်လည်း ယင်လန်၏ အလောင်းကောက်ရန် လုပ်ရမည်ဖြစ် သည်။ လျန်ချူရှင်းတွင် တစ်ခုခုဖြစ်ပါက သူမ အလောင်းကို ကောက်မည့်သူ မရှိတော့ပေ။
“မီအာ ထွက်လာခဲ့” သူမ ခေါ်လိုက်သည်။
မြူခိုးမည်း ခပ်ဖျော့ဖျော့သည် သူမ လက်ဖမိုးမှ စီးထွက်လာပြီး သူမပုံစံ အတိုင်းဖြစ်သွားလေသည်။
“ဒါက ကျွန်မရဲ့စာချုပ်သားရဲပဲ အချိန်တန်ရင် သူကပဲ အဲလူတွေကို မျှား ခေါ်သွားလိမ့်မယ်၊ မီအာ မင်းဘယ်လောက်တော်လဲ သူ့ကိုပြလိုက် အင်း… သူ့ကို ဒဏ်ရာရအောင်လုပ်လို့ရတယ် ဒါပေမဲ့ မသန်စွမ်းဖြစ်အောင် လုပ်လို့မရ ဘူး ညကျရင် တာဝန်ရှိသေးတယ်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။
မီအာသည် ခေါင်းညိတ်ပြီး လျန်ချူရှင်းကို မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်လေသည်။ လျန်ချူရှင်းသည် အစက မီအာ၏ ဝိညာဉ်စွမ်းအား စီးဆင်းမှုကို မခံစားရပေ။ သူသည် ရန်သူကို အထင်သေးခဲ့မိသည်။ ရှီမာယူယူ ၏ စာချုပ်သားရဲမှာ ထိုမျှအားကောင်းလိမ့်မည်ဟု သူထင်မထားပေ။ နောက်ဆုံးတွင် သူသည် မီအာရိုက်ချက်ကြောင့် မထနိုင်တော့ပေ။
“မင်းကို အတိုင်းအတာတစ်ခုထိလုပ်ပါလို့ မပြောထားဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ဆေးသောက်လိုက်ရင် ညကျပျောက်သွားမှာ” မီအာသည် ထင်သေးစွာ ပြောလေသည်။
“ဒါက ငါ့ဆေးတွေကို ဖြုန်းနေတာပဲ” ရှီမာယူယူသည် သူ့ခေါင်းကို ခေါက် လိုက်သည် “ဒီဆေးတွေက ဖြုန်းပစ်ဖို့ နှမြောစရာကောင်းတယ် သိရဲ့လား”
မီအာသည် အလေးအနက်စဉ်းစားကာ ခေါင်းညိတ်လိုက်သည် “ယူယူ ပြောတာမှန်တယ် နောက်တစ်ခါ ငါသတိထားပါမယ် ဒါပေမဲ့ ဒီလူက ရိုက်ဖို့ တောင်းဆိုနေတာလေ၊ ဒီလိုမျိုး သိမ်မွေ့တ့အသားအရေနဲ့ နူးညံ့တဲ့အသားရှိ တာကို ဘာကိုပန်းချိုးသူဟုတ်လား”
မြေပေါ်တွင် လဲနေသော လျန်ချူရှင်းမှာ “….”
ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီး သူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ အချိန်မရှိလှသဖြင့် သူမသည် ပိုကောင်းသော ကုသဆေးသုံးရသည်။
လျန်ချူရှင်းသည် ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ခံစားရပြီး သည် တစ်ခေါက်ဆေးသည် အရင်ကဆေးနှင့် အလွန်ကွာသည်ကို သိလိုက်သည်။
ရှီမာယူယူသည် ဆေးကျွေးပြီးနောက် အိပ်ရာပေါ်သို့သွားကာ နားရင်းနှင့် ညဘက်လှုပ်ရှားရန် ပြင်ဆင်နေသည်။ လူတစ်ယောက်တော့ သူမ ပစ်ချထားမှု ကိုခံရပြန်ပြီဖြစ်သည်။
လျန်ချူရှင်းသည် သည်တစ်ခေါက်တွင် မျက်ရည်များဝဲနေလေပြီ။ သူမနဲ့ တွေ့ပြီးမှ သူကဘာလို့မြေကြီးပေါ်မှာပဲအိပ်နေရတာလဲ။
***