← Chapters

မီအာရဲ့ ကိုယ်ပွားနည်းပညာ

Vol. 121 Ch. 1684

မီအာရဲ့ ကိုယ်ပွားနည်းပညာ

Vol. 121 Ch. 1684

ညရောက်သောအခါ လျန်ချူရှင်း၏ ဒဏ်ရာမှာ များစွာ သက်သာနေပြီ ဖြစ်သည်။ နေ့ခင်းတွင် ပြင်းထန်သည်ဟု ထင်ရသော်လည်း မီအာကြောင့် ရသောဒဏ်ရာများမှာ အမြန်ပင် ကုသပြီးလေသည်။ အနည်းဆုံးတော့ သူ အပြင်ထွက်လျှင် လှုပ်ရှားနိုင်နေပြီဖြစ်သည်။

ရှီမာယူယူသည် နီရဲပျားများသတင်းပို့ထားသော အလောင်းပုံသင်္ချိုင်းသို့ သူ့ကို ခေါ်သွားလိုက်သည်။ ဆယ်မိုင်ပတ်ချာလည် မြေမှာ အရိုင်းဆန်ပြီး လေအေးများသည် မြက်ရိုင်းတောကို တိုက်ခတ်သွားပြီး တစ်ခါတစ်ခါ လေတိုး သံများမှာ ဆူညံနေရာ ထိုညမှာ အလွန်ပင် ခြောက်သွေ့လွန်းလှသည်။

သူမ အလောင်းပုံသင်္ချိုင်းသို့ ရောက်သောအခါ သန်မာသောလူများ၏ အသက်ရှုသံကို လေဟာပြင်မှတစ်ဆင့် ခံစားမိလေသည်။

“မီအာ မင်းကိုပဲ အပ်ထားလိုက်တော့မယ်”

ရှီမာယူယူသည် မီအာကို ခေါ်ထုတ်လိုက်သည်။ သည်လိုနှင့် မီအာသည် လူအများအပြား အသွင်နှင့် ပေါ်လာပြီး သူ၏ပုံပန်းသဏ္ဍာန်ကိုလည်း သာမာန် ကာလျှံကာပြင် ပြောင်းကာ အလောင်းပုံသင်္ချိုင်းရှိရာသို့ ပျံသွားလေသည်။

သူ အလောင်းပုံသင်္ချိုင်းရှိရာသို့ လာပြီးနောက်တွင်  အလောင်းများစွာကို မြင်လိုက်ရသဖြင့် ယင်လန်၏ အလောင်းကိုမသဲကွဲရာ အထဲသို့ ဝင်ရှာဟန်ပြု လေသည်။

“ယင်လန် ယင်လန် မင်းဘယ်မှာလဲ… ဘယ်သူလဲ” သူသည် လှည့်ပတ် ကြည့်ပြီးနောက် အော်လိုက်သည်။

အမှောင်ထဲတွင် ပုန်းနေသောလူများသည် ရှာတွေ့ပြီအထင်နှင့် အားလုံး ပြေးထွက်လာကြကာ ပြောလိုက်သည် “မင်းက ယင်လန်ရဲ့အရိုးကိုရှာနေတာ လား သူမက ဒီမှာမရှိဘူး”

“ဒါဆို သူမက ဘယ်မှာလဲ”

“ငါတို့နောက်လိုက်ခဲ့ရင် သိလိမ့်မယ်”

“မင်းတို့က ယန့်မျိုးနွယ်ကလား မင်းက ငါ့ကိုမင်းတို့နဲ့အတူ လိုက်စေချင် နေတယ် တွေးတောင်မတွေးနဲ့” မီအာ အော်ဟစ်လိုက်သည်။

“ဘာတွေပြောနေသေးတာလဲ ငါတို့လူအများကြီးကတောင် သူ့ကို မဖမ်း နိုင်ဘူးလား သွားတော့”

မီအာသည် ပတ်ပတ်လည်မှလူများကိုကြည့်လိုက်ရာ ဟာကွက်ကိုတွေ့ သဖြင့် မြို့ဆီသို့ တိုက်ရိုက်ပင် ပျံသွားလိုက်သည်။ သူ ထွက်ပြေးသည်ကို ထိုလူ များမြင်သောအခါ အားလုံးနောက်မှလိုက်ကြလေသည်။

“သွားကြမယ်” လျန်ချူရှင်း ပြောလိုက်သည်။

“နေဦး လူတွေရှိသေးတယ်” ရှီမာယူယူသည် သူ့ကို တားလိုက်သည်။ မီအာ၏ ဒုတိယမြောက်ကိုယ်ပွား ဖြတ်သွားသည်နှင့် လူတစ်စုသည် ထိုလမ်း အတိုင်းသွားလေသည်။ တတိယမြောက်ကိုယ်ပွားသည်လည်း နောက်ဆုံးကျန် ခဲ့သည့်လူကို ဦးဆောင်ခေါ်သွားလေသည်။

ပုန်းအောင်းနေသူများ တစ်ယောက်မှ မကျန်တော့သည်ကို အတည်ပြုပြီး နောက် သူမသည် လျန်ချူရှင်းကို ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ဒါဇင် ကျော်သော အလောင်းများရှိနေသော်လည်း လျန်ချူရှင်းသည် အလျင်အမြန် ပင် ယင်လန်ကို ရှာတွေ့လေသည်။

ယင်လန်သည် ယခုအချိန်တွင် ပုပ်သိုးနေပြီဖြစ်ကာ ကြည့်ရဆိုးနေသည်။ အဝတ်အစားများမှာလည်း စုတ်ပြဲနေကာ သွေးရောင်ပေကျံကာ နီညိုရောင်ဖြစ် နေပြီဖြစ်သည်။ လေထုမှာလည်း ပုပ်အံ့အံ့အနံ့များ ပြည့်နေကာ သူမ၏ အနံ့ မှာလည်း တခြားသူများနှင့် ရောထွေးနေသည်။

လျန်ချူရှင်း၏ မျက်လုံးများ နီရဲလာသည်။ သူ့အနောက်တွင် ရပ်နေသော ရှီမာယူယူသည် တုန်ယင်နေသော သူ့ကိုကြည့်ပြီး သူသည် ခံစားချက်များ ချုပ်တည်းကာ ဒေါသကို ထိန်းချုပ်ထားသည်မှန်း ခံစားမိသည်။

“ရှင်… မြန်မြန်လုပ် သူတို့ခဏနေ ပြန်လာတော့မှာ” သူမ သူ့ကို သတိ ပေးလိုက်သည်။

“အင်း” စိတ်ဓာတ်ကျမှုကြောင့် သူ့အသံမှာ အနည်းငယ် အားလျော့နေ သည်။ သူသည် အခေါင်းထုတ်ကာ ယင်လန်၏ အလောင်းကိုထည့်ပြီး အခေါင်း ကိုသိမ်းလိုက်သည်။

“ကဲ ပြီးပြီ” သူသည် သူ၏မှော်ဝင်လက်စွပ်ကိုထိလိုက်သည်။ သူ၏ အသံ မှာ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဖြစ်သည်။

ရှီမာယူယူသည် ခေါင်းညိတ်ပြီးနောက် မီးတောက်ဖန်တီးကာ ထိုနေရာရှိ အလောင်းများကို ပြာဖြစ်အောင် မီးရှို့ပေးလိုက်သည်။ ထိုမှသာ သူတို့သည် အရိုင်းတောတွင် အလောင်းပျောက်သွားမည်ဖြစ်သည်။

သူမသည် သူ့ကိုခေါ်ကာ ရှိနေရာမှ ပျောက်ကွယ်သွားလေသည်။ မီအာ သည်လည်း အမိန့်ရသည်နှင့် ထိုလူများကို ကိုယ်ပွားများစွာနှင့် မျှားခေါ်သွားပြီး နောက် မြူခိုးအမည်းအဖြစ် ပြောင်းကာ လေထဲတွင် ပျောက်ကွယ်သွားလေ သည်။

“ဘာတွေဖြစ်နေတာလဲ” ထိုလူများ နားမလည်နိုင်ခင်မှာပင် အလောင်းပုံ သင်္ချိုင်းမှ မီးတောက်များကို မြင်သောအခါ အော်လိုက်သည် “ငါတို့ လှည့်စားခံ လိုက်ရပြီ”

သို့သော် သူတို့ မည်မျှပင် အမြန်သွားစေကာမူ နောက်ကျသွားကာ အရိုး များအားလုံးမှာ ပြာဖြစ်သွားပြီဖြစ်သည်။ လေအဝှေ့တွင် လေထုမှာ ပြာများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် ရှေ့မှ ဗလာကျင်းနေသော အလောင်းပုံ သင်္ချိုင်းကို ကြည့်ပြီး ငေးငိုင်မိလေသည်။

ရှီမာယူယူနှင့် လျန်ချူရှင်းတို့သည် ခြံဝန်းအသေးသို့ ပြန်ရောက်ချိန်တွင် မီအာသည်လည်း ဘေးကင်းစွာ ပြန်လာသည်။ ထိုလူများကို ရှင်းရသည်မှာ သူ့ အတွက် ကြီးမားသော ကိစ္စမဟုတ်ပေ။ သည်တစ်ကြိမ် ပြဿနာမကြီးလိုသော ရှီမာယူယူကြောင့်သာမဟုတ်လျှင် သူသည် လှည့်ကွက်ဆင်မည့်အစား ထိုလူ များကို အလောင်းပုံသင်္ချိုင်းတွင် သတ်ခဲ့မည်ဖြစ်သည်။

“ငါ အရင်သွားနှင့်မယ်” လျန်ချူရှင်းသည် ရှီမာယူယူကို ပြောပြီးသည်နှင့် သူ့အခန်းသို့ ပြန်သွားလေသည်။

“ရှင်ဘာလုပ်ချင်တာပဲဖြစ်ဖြစ် ကျွန်မဂရုမစိုက်ဘူး ကျွန်မကိုတော့ မပတ်သက်စေတာ ကောင်းမယ်” ရှီမာယူယူ သူ့ကိုသတိပေးလိုက်သည်။

လျန်ချူရှင်း ရပ်တန့်သွားသည်။ သူ သိပါသည်ဟု မသဲမကွဲပြောပြီး နောက် ထွက်သွားလေသည်။

ရှီမာယူယူသည် စိတ်ထဲမှ သက်ပြင်းချကာ သူ့ဆီမှ ဖြစ်ပေါ်နေသော ဝမ်းနည်းမှုကို ကြည့်နေမိသည်။

လျန်ချူရှင်းသည် ပန်းချိုးသူဟု သူ့ကိုယ်သူ ကြေညာထားသော်လည်း သူ စကားပြောချိန်တွင် ထိခိုက်စေသည့် စကားများမပါပေ။ သူသည် တခြားသူများ ကို အမြဲတစေ ‘ညီမကောင်း” နှင့် ‘ညီလေးကောင်း’ ဟုပင် ခေါ်တတ်သည်။ သူမကိုတော့ တစ်ခါတလေ မရိုးမဖြောင့်ပြောတတ်သည်။ သို့သော် သူမ သူ့ကို ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများမှာ ကြည်လင်နေသည်ကို သူမ မြင်နိုင် သည်။ နှာဗူးတစ်ယောက်၏ မျက်လုံးများ မဟုတ်ပေ။ သူ့ကို ဤတစ်ကြိမ်မြင် ရသည်မှာ ယင်လန်နှင့် ဆက်ဆံရေးမှာ မရိုးရှင်းပေ။

ပြီးနောက် သာမာန်ဆက်ဆံရေးဆိုလျှင်လည်း သူသည် သူမ၏အလောင်း ရရန် စွန့်စားမည်မဟုတ်ပေ။

ထိုညတွင် ယန့်မျိုးနွယ်၏ လေထုမှာ မကောင်းလှပေ။ သခင်အများစုမှာ ဒေါသထွက်နေကြသည်။ ယင်လန်၏ အလောင်းမရှိလျှင် သူတို့သည် တခြား တစ်ယောက်ကို ဆွဲခေါ်၍မရတော့ပေ။ သူတို့သည် သခင်ဂူဗိမာန်၏ သတင်း အစအနပျောက်သွားပြီဖြစ်သည်။

ရှီမာယူယူသည် ယန့်မျိုးနွယ်ကို ဂရုမစိုက်ပေ။ သူမသည် လျန်ချူရှင်း လုပ်သည့်ကိစ္စများ သူမကို သက်ရောက်လာမည် စိုးသဖြင့် သူ၏ နေရာကို သတိထားကြည့်ရန် နီရဲပျားများကို ညွှန်ကြားထားသည်။ ကံကောင်းစွာပင် သူသည် ခံစားချက်ကောင်းမနေနသော်လည်း အပိုအလုပ်များဘာမှ မလုပခဲ့ ပေ။ နောက်တစ်နေ့တွင် သူသည် ဆိုင်တစ်ဆိုင်သို့ ခဏထွက်သွားပြီး ပြန်လာ သည်။

နေ့လည်ခင်းတွင် ရူရွှေရောက်လာကာ နောက်နေ့တွင် ပွဲအခမ်းအနားရှိ ကြောင်းပြောကာ အကြီးဆုံးယန့်သခင်မလေးမှာ တက်ရောက်ရန် ဖိတ်ကြား ကြောင်း ပြောလေသည်။ သူမသည် ဖိတ်စာရသည်နှင့် သေချာပေါက် တက်ရောက်မည်ဟု ပြောလိုက်သည်။

ဒီလိုအချိန်ကိုတောင် ပွဲလမ်းတွေ ကျင်းပဖို့ စိတ်ရှိသေးတယ်ပေါ့။ ဒီ အကြီးဆုံးယန့်သခင်မလေးက တကယ်ပဲ စိတ်ဓာတ်မာတာပဲ။

ထိုအချိန်မှာပင် ရှီမာယူယူသည်လည်း ပျားရည်လိုချိုမြပြီး ဓားသွားလို စူးရှသော သူမကို တွေ့ချင်မိသည်။

နောက်တစ်နေ့မနက်တွင် ရှီမာယူယူသည် ရှင်းလင်း ပြင်ဆင်လိုက်သည်။ အရင်လောက် လန်းဆန်းပြီး မလှပသော်လည်း အနည်းငယ်ပို၍ ဖမ်းစားနိုင် လေသည်။

လျန်ချူရှင်းသည် သူမကိုမြင်သော်လည်း ဘာမှမတုံ့ပြန်ပေ။ သူသည် ခပ်တိုးတိုးသာပြောလေသည် “အဲဒီအကြီးဆုံးယန့်သခင်မလေးက ပြောရဆိုရ ခက်တယ် အဲအချိန်ရောက်ရင်တော့ မင်းသတိထားသင့်တယ် တခြားသခင်မ လေးတွေက ဘာမှမသိတဲ့ငတုံးတွေပဲ ဒါပေမဲ့ သူတို့က ဘဝင်မြင့်ပြီး သူများကို လွှမ်းမိုးချင်တယ် သူတို့နဲ့ ပဋိပက္မမဖြစ်တာ ကောင်းလိမ့်မယ်”

“သိပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ မင်းက သူတို့ဖိတ်ထားတဲ့ဧည့်သည်ပဲ ဘာပြဿနာမှမရှိလောက် ပါဘူး” လျန်ချူရှင်းသည် ပြောပြီးနောက် သူ့အခန်းဆီသို့ ပြန်သွားလေသည်။

ရူရွှေသည် ရှီမာယူယူ တစ်ယောက်တည်း ထွက်လာသည်ကိုမြင် သောအခါ သိချင်စိတ်ကို မဖုံးနိုင်ဘဲ မေးလိုက်သည် “သခင်မလေးယူယူ ကိုယ်ရံတော်ကို အတူခေါ်မလာဘူးလား”

“ဒါက မိန်းကလေးတွေပဲ တွေ့ဆုံပွဲမလား ဘာလို့ယောက်ျားလေးကို ခေါ် နေမှာလဲ၊ ယန့်အိမ်တော်မှာတော့ ကျွန်မလုံခြုံရေးကို စိတ်ပူဖို့မလိုဘူးထင်ပါ တယ်” ရှီမာယူယူသည် ပြုံးပြသည်နှင့် ရူရွှေသည် အဝင်ဝရှိ သားရဲဆွဲလှည်းကို ကြည့်လိုက်သည်။

သားရဲဆွဲလှည်းသည် မောင်းသူမပါဘဲ ထွက်ခွာသွားလေသည်။ ယန့် မိသားစု၏ အမှတ်အသားပါသဖြင့် လမ်းတွင်လျှောက်နေသောလူများသည် မြင် သည်နှင့် ဘေးသို့ရှောင်ပေးကြသည်။ ထိုသားရဲဝိညာဉ်များသည် အသိဉာဏ် မြင့်မားရာ ဧည့်သည်ကို အလိုလိုပင် တွေ့ဆုံပွဲနေရာသို့ ပို့ဆောင်ပေးလေသည်။

ဧည့်ခံပွဲနေရာမှာ ယန့်ယွိချုံ၏ နောက်ခြံဝန်းတစ်ခုတွင်ဖြစ်သည်။ ယနေ့ တွင် အမျိုးသမီးများအားလုံးကို မှန်ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားထား သည်။ တံခါးတွင် အားလုံးကို နှုတ်ဆက်နေသည့် အစေခံမိန်းကလေးကိုကြည့် ပြီး ယန့်မျိုးနွယ်သည် အမျိုးသမီးများမှာ အမျိုးသားများထက် သန်မာသည့်‌ နေရာဖြစ်မည်ဟု ရှီမာယူယူ ခံစားမိလေသည်။

“ဖိတ်စာပြပေးပါရှင်” ရှီမာယူယူ တစ်ယောက်တည်း လာသည်ကိုမြင် သည်နှင့် အစေခံမိန်းကလေး၏ စကားသံမှာ မနူးညံ့တော့ပေ။

မှန်ညီလာခံသည် နောက်ခံမကောင်းသော အရည်အချင်းရှိသူများကို ဖိတ်ကြားတတ်သည်။ ဒီလူက အစေခံတောင်မပါတာ ရောက်လာတဲ့သူက ဘယ်သူများပါလိမ့်။

***

All Chapters