← Chapters

အကူအညီတောင်းခံခြင်း

Vol. 121 Ch. 1686

အကူအညီတောင်းခံခြင်း

Vol. 121 Ch. 1686

ပွဲအခမ်းအနားမှာ အချိန်မကြာဘဲ ခဏနှင့်ပြီးသွားသည်။

ပွဲချိန်အတွင်းတွင် ရှီမာယူယူသည် သတ်ဖြတ်မည့် အရိပ်အယောင်မျိုး မခံစားရတော့ပေ။ သို့သော် သူမ စိတ်မအေးဖြစ်လာခဲ့သည်။

သူမ ဝင်လာချိန် သတ်ဖြတ်မည့်အရိပ်အယောင်ပေါ်လာခြင်းမှာ တစ်ဖက် လူသည် သူမကို အမှန်တကယ်ပင် မုန်းတီးနေခြင်းဖြစ်မည်။ သို့သော် သူမ ထပ် မခံစားရတော့သဖြင့် တစ်ဖက်လူသည် ချုပ်တည်းထားခြင်းကို ညွှန်ပြသည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သည့် လူများကို ကိုင်တွယ်ရသည်မှာ ပို၍ခက်ခဲ သည်။

သို့သော် မတူညီသည့်အခြေအနေများသည် မတူညီသည့် လုပ်ဆောင် ချက်များကို ဖြစ်စေသည်ဟု ပြောကြသည်။

အခမ်းအနားပွဲချိန်အတွင်း သူမ၏ သရုပ်မှန်ကြောင့်လား၊ ယန့်ယွိချုံးနှင့် ဆက်နွယ်နေ၍လားတော့မသိပေ…. အများစုသည် သူမအား ချီးမွမ်းမြှောက် ပင့်ပြီး သူမနှင့် စကားပြောချင်နေကြသည်။

ရှီမာယူယူသည် တချို့ကိုအပေါ်ယံမျှသာ ပြုမူသည်။ သူမသည် မည်သူမှ ရှာမတွေ့နိုင်သည့် ထောင့်တစ်ထောင့်တွင် ပုန်းနေချင်သည်။ သို့သော် ယန့်ယွိချုံးသည် သူမနာမည်ကို တစ်ခါတစ်ခါ ည့်ပြောသောကြောင့် ယန့်ယွိချုံး ကို ဒိုင်းကာအဖြစ်အသုံးပြုကာ သူမဘေးတွင်သာနေလိုက်သည်။ ထိုလူများ သည် သူမအကြောင်းကိုသိချင်သော်လည်း ယန့်ယွိချုံးကိုတော့ အနည်းငယ် ကြောက်ကြသည်။ ထို့ကြောင့် သူတို့သည် ပေါ်ပေါ်တင်တင်မပြူမူရဲပေ။ သူမ သည်လည်း အလွန်တိတ်ဆိတ်လှသည်။ အနည်းဆုံးတော့ ယန့်ယွိချုံးသည် အပြင်လူများရှေ့တွင် အလောတကြီးမပြုမူပေ။

ပွဲအခမ်းအနားပြီးသောအခါ သူမသည် အားလုံးနှင့်အတူထွက်သွားမည် အပြုတွင် ယန့်ယွိချုံးမှာ တားပြီး သူမကိုယ်တိုင်လိုက်ပို့လေသည်။

“ဖန်တွေ့ဆုံပွဲက နောက်သုံးလေးရက်ဆိုရင် လုပ်တော့မယ် မင်း စိတ်ဝင် စားတာများရှိမလားလို့ မြို့ထဲကိုသွားလို့ရတယ်၊ ဒီရက်ပိုင်းမှာ ငါအလုပ်များမှာ မို့လို့ မင်းကို ကိုယ်တိုင်တော့လိုက်မပို့နိုင်ဘူး ဒါပေမဲ့ တစ်ခုခုလိုတာရှိရင် လူ လွှတ်ပြီး ငါ့ကိုပြောလိုက်ပါ” ယန့်ယွိချုံးသည် သူမလက်ကိုယူပြီး ကြင်နာစွာ ပြောလေသည်။

“ကျေးဇူးတင်ပါတယ် အဒေါ်ချုံး အဒေါ်အလုပ်များနေရင် ကျွန်မကို ဂရုစိုက်ဖို့မလိုပါဘူး ကျွန်မဘာသာပဲ သွားကြည့်လိုက်ပါမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် အသင့်ပြင်ထားသော သားရဲဆွဲလှည်းပေါ်သို့ တက်လိုက် သည်။

သားရဲဆွဲလှည်းတံခါးပိတ်သောအခါ သူမ မျက်နှာမှအပြုံးသည် ချက်ချင်း ပင် ပျောက်ကွယ်သွားပြီး မျက်နှာမှာတည်တံ့သွားသည်။ ယနေ့တွင် သူမသည် ယန့်ယွိချုံးနှင့် စကားအတော်ပြောခဲ့သည်။ ထိုနှစ်များတွင် ဖြစ်ခဲ့သည့်ကိစ္စများ ကိုလည်း ယန့်ယွိချုံးမှ ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ရှီမာလျူရွှမ်နှင့် ကိစ္စကို အနည်းငယ် စိတ်လှုပ်ရှားသည်ကလွဲပြီး တခြားထူးခြားသည်တော့ မရှိ လှပေ။

သူမသည် နေထိုင်ရာခြံဝန်းဆီသို့ ပြန်သွားရာ သူမ အိမ်ပြန်လာသည်ကို တွေ့သည်နှင့် လျန်ချူရှင်းသည် နောက်မှလိုက်လာသည်။

တစ်ရက်ကြာပြီးနောက် သူသည် အပြင်ပန်းပုံစံအရ ကောင်းလုနီးပါးဖြစ် နေသည်။ သို့သော် စိတ်ထဲတွင် မည်သို့တွေးနေသည်ကိုတော့ မည်သူမှမသိနိုင် ပေ။

“ဘာတွေဖြစ်လာတာလဲ ပွဲသွားတာကို ဘာလို့အပြန်ကျ မျက်မှောင်ကြီး ကြုတ်လာတာလဲ” သူ ဝင်လာချိန်တွင် ရှီမာယူယူ ထိုင်ရင်းငိုင်နေသည်ကို မြင် သောအခါ လျှောက်လာပြီးမေးလေသည်။

ရှီမာယူယူသည် သူ့ကိုလှည့်ပြီး မေးလိုက်သည် “ယန့်ယွိချုံးနဲ့ ပတ်သက် ပြီးသိတာရှိလား”

“မှန်းစမ်း ငါက မင်းထက်ပိုပြီးသိတာကတော့ ပုံမှန်ကိစ္စပဲ” လျန်ချူရှင်း ထိုင်လိုက်သည်။

“သူမက အတွေးများတဲ့သူလား”

“သူမက ဉာဏ်ကောင်းတယ်လို့တော့ မပြောလိုဘူး ဘယ်လိုပြောရမလဲ ဟင်း… အဲဒီကောက်ရိုးအိတ် ယန့်လီလီနဲ့ ယှဉ်ရင်တော့ သူမက နည်းနည်းပိုပြီး ထက်မြက်တာပေါ့” လျန်ချူရှင်း ပြောလိုက်သည် “ဘာလို့လဲ ဒီနေ့ သူမနဲ့ ရှင်း လိုက်တော့ သူမက အခက်တွေ့အောင်လုပ်လိုက်လို့လား”

လျန်ချူရှင်းသည် ပြည်နယ် ၅ အကြောင်း သိသည်ကို ရှီမာယူယူ တွေးမိ ပြီးမေးလိုက်သည် “ဒါဆိုရင် အဆိပ်တစ်မျိုးကိုသိလား လက္ခဏာတွေက….”

သူမသည် ယွိခဲ့လော့ အဆိပ်မိခဲ့သည့် အခြေအနေကို ပြောပြပြီးနောက် သူမ၏ မိဘများသည် သူမကိုမွေးပြီးနောက် ဝိညာဉ်စွမ်းအင်ထည့်ကာ ကယ်ခဲ့ ကြောင်းနှင့် ထိုအခြေအနေကြောင့် ကလေး၏ သွေးကြောများသည် ပိတ်သွား ပြီး ကျင့်ကြံ၍မရတော့ကြောင်းကို ပြောပြလိုက်သည်။

ထို့နောက် သူမ ထပ်မေးလိုက်သည် “ယန့်မျိုးနွယ်မှာ အဲလိုအဆိပ်ရှိလား”

“အဲလိုမျိုးအဆိပ်ကိုတော့ ငါမမြင်ဖူးဘူး ဒါပေမဲ့ ငါ့သူငယ်ချင်းကတော့ သိလောက်တယ်” လျန်ချူရှင်း ပြောလိုက်သည် “သူမကို သွားမေးကြမလား”

“ကံကြမ္မာမြို့မှာ ရှင်ကယ်လိုက်တဲ့ သူငယ်ချင်းလား”

“ညီမလေး သူမက ကန်မာမြို့ကလေ” လျန်ချူရှင်း ပြောလိုက်သည်။

“ဒါဆိုလည်း စီစဉ်ပေးပါ” ရှီမာယူယူ ပြောလိုက်သည်။

“ငါ မနက်ဖြန် မင်းကိုခေါ်သွားပေးမယ်” လျန်ချူရှင်း ပြန်ဖြေလိုက်သည် “ဒါပေမဲ့ ဒီအကြောင်းဘာလို့မေးတာလဲ ယန့်ယွိချုံးနဲ့ ပတ်သက်လို့လား”

“ဟုတ်တယ်”

“မင်းက အဲဒီကလေးလား ယန့်ယွိချုံးက မင်းကိုအဆိပ်ခတ်တယ်လို့ သံသယဝင်နေတာလား” လျန်ချူရှင်းသည် သေချာသလိုမျိုး ခန့်မှန်းနေသည်။

သူ ခန့်မှန်းနေပုံကိုမြင်သောအခါ ရှီမာယူယူ ဝန်ခံပြီးပြောလိုက်သည် “ဟုတ်တယ် အဲနှစ်ကကိစ္စကို ကျွန်မ ရွှမ်ယွမ်ဆိုင်ကို စုံစမ်းခိုင်းလိုက်တာ သံသယရှိတဲ့ လူစာရင်းလုပ်ပေးလာတယ်၊ ယန့်ယွိချုံးက သံသယအရှိဆုံးပဲ ဒါပေမဲ့ နှစ်တွေအရမ်းကြာနေပြီဆိုတော့ သက်သေရှာမတွေ့ဘူး သူမ ဝန်ခံ အောင်လုပ်ဖို့ခက်နေတာ”

“နည်းနည်းတော့ ခက်တာပဲ” လျန်ချူရှင်းသည် သူ့မေးစေ့သူ ကိုင်နေ သည် “မင်းက ယင်လန်ရဲ့အလောင်း ကောက်ဖို့ကူညီထားတော့ မင်းကိုအဆိပ် ခတ်တဲ့သူကို ငါကူရှာပေးမယ်”

“ကျွန်မအတွက် စစ်ကြည့်ပေးနိုင်မလား” ရှီမာယူယူသည် သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။ သူမ မျက်လုံးထဲမှ အဓိပ္ပာယ်မှာ ရှင်းလင်းလှ သည်။ ရှင်က ယန်မျိုးနွယ်ရဲ့ အလိုက်ခံရလို့ ပြေးနေတာပဲ ရှင့်မှာ ဘာဝှက်ဖဲရှိ လဲ။

“ငါ့သူငယ်ချင်းနဲ့ တွေ့ဖို့ မင်းကိုခေါ်သွားမှာ‌လေ ငါမရှိရင် မင်းလှည့်ပတ် မေးရင်တောင် ဘာအဖြေမှရလာမှာမဟုတ်ဘူး” လျန်ချူရှင်းသည် အားရစွာ ပြောလေသည်။

ရှီမာယူယူ “….”

“အဆိပ်ခတ်တာက ယန့်ယွိချုံးမဟုတ်ဘူးဆိုရင် မင်းဘာလုပ်မှာလဲ” လျန်ချူရှင်း မေးလိုက်သည်။

“ဒါဆို ဆက်ရှာမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲတုန်းက အဲလူက ကျွန်မတို့ မိသားစုကို အတော်ဒုက္ခပေးခဲ့တာ ကျွန်မမိဘတွေ ကွဲသွားခဲ့ပြီး ကျွန်မကတော့ နှစ်ပေါင်းများစွာ အမှိုက်လိုဆက်ဆံခံခဲ့ရတယ် ဒီအမုန်းတရား ကို ပြန်ပေးဆပ်ရမယ်”

“အဲလူက ယန့်ယွိချုံးထက် အားကောင်းနေရင် ဘယ်လိုလုပ်မလဲ” လျန်ချူရှင်းသည် မေးခွန်းမေးပြီးနောင် ပြန်ရုတ်သိမ်းချင်မိသည်။ အကြောင်း မှာ ရှီမာယူယူသည် သူ့ကိုသိသာနေသည်ဟု မျက်နှာထားဖြင့်ပြောလေသည် “ဒီလို တုံးအတဲ့မေးခွန်းကိုဘာလို့မေးတာလဲ”

“ဟုတ်ပါတယ် မင်းရဲ့လက်ရှိ အခြေအနေနဲ့ နောက်ခံ၊ ဘယ်သူက မင်း ထက်ပိုအားကောင်းနိုင်မှာလဲ ကျွတ် ကျွတ် ဒါ ငါပြောတာမဟုတ်ဘူး မင်းရဲ့ သရုပ်မှန်က ဒီတိုင်းပြည်မှာ မင်းဘေးတိုက်သွားရင်တောင် ဘယ်သူမှ ဘာမှ ပြောရမှာမဟုတ်ဘူး”

“ကျွန်မက ဂဏန်းမဟုတ်ဘူး” ရှီမာယူယူသည် သူ၏ ဖော်ပြချက်ကို မကျေနပ်ပေ။

“ဒါက ပုံခိုင်းတာပဲလေ” လျန်ချူရှင်း ပြောလိုက်သည် “မင်းကို သတိပေး ဦးမယ် ငါ့သူငယ်ချင်းက နည်းနည်းတော့ စိတ်ကြီးတယ်၊ မင်းသိတယ်မလား အဆိပ်ကိုင်တွယ်ရတဲ့သူတွေက အကျင့်စရိုက်မှာတော့ နည်းနည်းလိုတယ်လေ မနက်ဖြန် စိတ်တိုသွားလည်း နည်းနည်းတော့ သည်းခံပေး”

ထိုသခင်များသည် တစ်မူထူးခြားကြသည်ကို ရှီမာယူယူ နားလည်သဖြင့် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ သတိကပ်ထားပါမယ်” သူမ ပြောလိုက်သည်။

ထို့အပြင် သူမသည် တခြားတစ်ယောက်ကို အကူအညီတောင်းရသည် ဖြစ်၍ ပို၍နားလည်ပေးရမည်။

နောက်နေ့မနက်စောစောတွင် ရှီမာယူယူသည် ဈေးဝယ်ထွက်မည်ဖြစ် ကြောင်း ရူရွှေကို အသိပေးပြီး လျန်ချူရှင်းနှင့်အတူ ခြံဝန်းမှထွက်လာခဲ့လိုက် သည်။ ယန့်ယွိချုံးမှ သူမကိုစောင့်ကြည့်ရန် လူလွှတ်ထားမလား မသိနိုင်သဖြင့် မြို့ထဲတွင် လည်ပတ်နေလိုက်သည်။ သူမသည် ဆေးဆိုင်များကို သွားကြည့်ပြီး နောက် လျန်ချူရှင်းပြောသည့် ဆိုင်ကို မတော်တဆဝင်မိသလို လုပ်လေသည်။

လျန်ချူရှင်းသည် ထိုနေရာရှိ လူနှင့်ရင်းနှီးသည့်ပုံပင်။ သူသည် ဝန်ထမ်း ကို ဆိုင်တာဝန်ခံနှင့်တွေ့ပေးရန် ပြောလိုက်သည်။ ဆိုင်တာဝန်ခံသည် သူ၏ ယခုပုံစံကို မြင်ဖူးထားရာ ချက်ချင်းမှတ်မိလေသည်။

“သခင်လေးလျန် သခင်မလးကိုတွေ့ဖို့လာတာလား” ဆိုင်တာဝန်ခံမေး လိုက်သည်။

“ရွှမ်ရွှမ်ရော”

“သခင်မလေးက အဂ္ဂိရတ်အခန်းမှာပါ သူမကို မနှောင့်ယှက်ဖို့ ကျွန်တော် တို့ကို သတိပေးထားတယ် မနေ့မနက်ကတည်းက ဝင်သွားတာဆိုတော့ မကြာခင် ပြန်ထွက်လာမှာပါ သူမကို စောင့်လိုက်မလား” ဆိုင်တာဝန်ခံသည် ယဉ်ကျေးသမှုဖြင့် ပြောလေသည်။

လျန်ချူရှင်းသည် ရှီမာယူယူကို ကြည့်လိုက်ရာ သူမ ခေါင်းညိတ်ပြသည် နှင့် သူပြောလိုက်သည် “ဟုတ်ပြီလေ စောင့်လိုက်တာပေါ့”

အတန်ကြာစောင့်ပြီးနောက်တွင် အနီရောင်ဝတ်ထားသော အမျိုးသမီး တစ်ယောက်သည် အပြင်မှဝင်လာသည်။

“ဒုကလေးလျန် ဒီကိုဘာကိစ္စနဲ့ လာပြန်တာလဲ”

***

All Chapters