နောက်ထပ်သံသယရှိသူ
Vol. 121 Ch. 1687
ဒုကလေးလျန်ဟုတ်လား။
ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည်။ အပြင်လူများရှိနေသည်ကို စဉ်းစားမိ သဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ခွက်နှုတ်ခမ်းနှင့် အပြုံးကို ဖုံးဖိလိုက်သည်။
“ဒုကလေးလျန် ကျွန်မဆီကိုဘာလို့ သူစိမ်းတွေခေါ်လာတာလဲ ဒီက စည်းမျဉ်းတွေကိုလည်း သိသားနဲ့ ရှင့်ကိုမောင်းထုတ်ရအောင် မလုပ်ပါနဲ့” ထို အမျိုးသမီးသည် ရှီမာယူယူကို မြင်သောအခါ လျန်ချူရှင်းကို စိုက်ကြည့်ပြီး ပင်မထိုင်ခုံဆီသို့သွားကာ ထိုင်လိုက်သည်။
“ရွှမ်ရွှမ် ဒီမှာဧည့်သည်လည်းရှိနေတာလေ ငါ့ကို အဲလောက်ကြီး အရှက် မခွဲပါနဲ့ မျက်နှာလေးနည်းနည်းပေးပါဦး” လျန်ချူရှင်းသည် ချူရွှမ်ကို မျက်စိ မှိတ်ပြလိုက်သည်။
“ဒုကလေးလျန် ဘယ်တုန်းက ရှင့်မှာ မျက်နှာဆိုတာကြီးရှိခဲ့လို့လဲ အရှက် ဆိုတာ ဘာလဲ မင်းက သိရောသိရဲ့လား” ချူရွှမ်သည် တိုးညင်းသောအသံဖြင့် ထပ်ပေါင်းပြောလိုက်သည် “မင်းသာ မျက်နှာလိုချင်ရင် လျန်မိသားစုရဲ့ သခင် လေးလိုမနေဘဲ ဘာလို့ အယုတ်တမာ ပန်းချိုးသူအဖြစ်နေနေတာလဲ၊ လျန် မိသားစုက ရှင့်ကို ကန်မထုတ်တာပဲ အံ့ဩဘနန်းဖြစ်နေပြီ”
“ရွှမ်ရွှမ်….” ဤတစ်ကြိမ်တွင် လျန်ချူရှင်းသည် အကူအညီမဲ့သော အသံ ဖြင့် သူမနာမည်ကိုခေါ်လိုက်သည်။
“အင်း ကျွန်မက ရှင့်ရဲ့ အညှီနံ့ထွက်နေတဲ့ သမိုင်းကြောင်းအကုန်လုံးကို ထုတ်မပြောပါဘူး” ချူရွှမ်သည် လက်ကိုဝှေ့ယမ်းလိုက်သည် “ပြောပါဦး ဒီနေ့ ဒီကိုဘာလာလုပ်တာလဲ”
“မိတ်ဆက်ပေးရဦးမယ် ဒါကချူရွှမ်နဲ့ ဒါက ရှီမာယူယူပါ သူမက ချောင်း တိုက်ခိုက်မယ့် ယန့်မျိုးနွယ်ကို မျှားခေါ်ပေးလို့ ငါယင်လန်ရဲ့အလောင်းကို ကောက်လို့ရခဲ့တာ” လျန်ချူရှင်းသည် သူတို့နှစ်ယောက်ကို တစ်ယောက်နှင့် တစ်ယောက် မိတ်ဆက်ပေးလိုက်သည်။
“ရှီမာယူယူ ဟုတ်လား” ချူရွှမ်၏ အကြည့်များသည် အနည်းငယ် အုံ့မှိုင်း သွားသည်။ သူမသည် ရှီမာယူယူကို ခံစားချက်မဲ့စွာကြည့်နေသော်လည်း ဖိအား တချို့ကိုခံစားမိပြီး အဆိပ်ပြင်းသည့်မြွေတစ်ကောင်ကို ကြည့်သကဲ့သို့ ခံစား ချက်ဖြင့် ကြည့်လေသည်။
“ယူယူက စီနီယာချူကို တွေ့ဆုံပါတယ်” ရှီမာယူယူသည် ထလိုက်ကာ ချူရွှမ်ကို ဂျူနီယာတစ်ယောက်အနေနှင့် တလေးတစား နှုတ်ဆက်လိုက်သည်။
“မင်းအကြောင်း ကြားဖူးပါတယ် ဂုဏ်သတင်းကတော့ တော်တော်လေး ပျံ့နေတာပဲ” ချူရွှမ် ပြောလိုက်သည် “ငါ့ကိုဘာလို့ရှာတာလဲ”
“ငါက လာရှာတယ်လို့ ဘာလို့မမေးတာလဲ” လျန်ချူရှင်းသည် ဘေးမှ ရေရွတ်လေသည်။
“ပန်းချိုးသူက ကျွန်မကို ဘာလို့များ မိုက်မိုက်မဲမဲလာရှာမှာလဲ အများဆုံး ဖြစ်ရင် တခြားသူကို အဆိပ်နဲ့ထိခိုက်အောင် လုပ်မလို့ပဲမလား၊ ဒါပေမဲ့ အဲလောက် ကိစ္စသေးသေးလေးကြောင့်ဆိုရင် ကျွန်မကိုနာရီပေါင်းများစွာ စောင့်နေမှာမဟုတ်ဘူး” ချူရွှမ်သည် သူ့အား မျက်လုံးလှိမ့်ပြလိုက်သည်။
လျန်ချူရှင်းသည် နှုတ်ခမ်းတွန့်ကာ ဘာမှဆက်မပြောပေ။
သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေပုံကို မြင်သောအခါ ရှီမာယူယူ ပြုံးမိသည်။ ဆက်ဆံရေးကောင်းတဲ့သူတွေကပဲ တစ်ဖက်လူရဲ့ အနာကိုဆွနိုင် တာ မဟုတ်ဘူးလား။
“စီနီယာချူ ဒီလိုပါ မင်းက အဆိပ်တွေအများကြီး လေ့လာခဲ့တယ်လို့ လျန်ချူရှင်းက ပြောပါတယ် အဲဒါကြောင့် မင်းနဲ့ဆွေးနွေးချင်လို့ပါ”
“ဘာအကြောင်းများပါလိမ့်”
“ကျွန်မ အဆိပ်တစ်မျိုးကိုသိချင်လို့ပါ အဲဒါက…” ရှီမာယူယူသည် လက္ခဏာများကို ပြောပြပြီးနောက် ပြောလိုက်သည် “ဒါဘယ်လိုအဆိပ်မျိုးလဲ ဆိုတာ စီနီယာများသိမလားလို့ မေးချင်လို့ပါ”
“မင်းပြောတဲ့ အဆိပ်ကတော ပန်းမူးအဆိပ်လို့ခေါ်တယ်” ချူရွှမ် မေး လိုက်သည် “ဒါပေမဲ့ ဒီအဆိပ်မိထားတဲ့သူက ကလေးမွေးပြီးတာတောင် အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားဘူး၊ အဲတုန်းက မင်းက အဲဒီကလေးလား”
ရှီမာယူယူသည် ခေတ္တမျှနှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြီး မေး လိုက်သည် “စီနီယာ ဒီအဆိပ်ကို ဘယ်သူဖော်တာလဲသိလား”
“သိတာပေါ့ ဒီအဆိပ်ကို ငါဖော်ထားတာပဲ အရမ်းထူးခြားတယ် တစ်ခု တည်းရှိတာ တခြားနေရာမှာရှာလို့မရဘူး” ချူရွှမ်၏ စကားများသည် သူတို့ကို ထိတ်လန့်စေသည်။
“ဘာ… ဒါကမင်းအဆိပ်လား ရွှမ်ရွှမ် ယူယူ့ရဲ့အမေကို အဆိပ်ခတ်တာ မင်းတော့မဟုတ်ဘူးမလား” လျန်ချူရှင်း အော်လိုက်လေသည်။
“ဒုကလေးလျန် မင်းရဲ့ အဲဒီခေါင်းထဲက ဦးနှောက်လေးကို ဘယ်အချိန် များသွားသုံးတာလဲ၊ မင်းယန့်မျိုးနွယ်လက်ထဲက နှစ်နှစ်ကြာအောင် ဘယ်လို များလွတ်အောင် ပြေးလဲဆိုတာကိုတောင် သိချင်နေပြီ” ချူရွှမ်၏ အကြည့်များ သည် သူ့ဆီရောက်လာကာ ရွံရှာဖွယ်အတိဖြစ်နေကာ သူမ သူ့ကိုသိသည်က ပင် ကံမကောင်းဟုပြောနေသလိုပင်။
“ဒီအဆိပ်က စီနီယာဖော်စပ်ထားတယ်ဆိုပေမဲ့ စီနီယာသုံးတာမဟုတ်နိုင် ဘူး” ရှီမာယူယူ ပြောလိုက်သည် “စီနီယာ့ကိုမေးချင်ပါတယ် လွန်ခဲ့တဲ့ အနှစ် ၆၀ ၇၀ လောက်က ဒီအဆိပ်ကို ဘယ်သူ့ကိုပေးခဲ့တာလဲ”
“ဒီအဆိပ်က ကောင်းတဲ့ဟာတော့မဟုတ်ဘူး၊ တစ်သုတ်ဖော်ပြီးတာနဲ့ ငါ ဆက်မဖော်တော့ဘူး ငါ လူတစ်ယောက်တည်းကိုပဲ ပေးခဲ့တာ” ချူရွှမ် ပြော လိုက်သသည်။
“အဲတော့ အဆိပ်ခတ်တဲ့သူကို သိဖို့လွယ်သွားပြီပဲ” လျန်ချူရှင်းသည် မဟုတ်သည့် စကားများဖြင့် ဖြတ်ပြောပြန်သည်။
ရှီမာယူယူသည် ချူရွှမ်အား မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်နေသည်။ သို့သော် သူမသည် စကားဆက်မပြောပေ။
“ရွှမ်ရွှမ် ငါတို့ကို သံသယဝင်အောင်မလုပ်နဲ့ လုပ်ပါ မြန်မြန်ပြော” လျန်ချူရှင်းသည် ဒေါသွက်လေသည်။
“ဘာတွေ အဲလောက်လောနေတာလဲ” ချူရွှမ်သည် သူ့ကို အော်လိုက် သည် “ကျွန်မပြောချင်ရင် ပြောမှာပေါ့ မပြောချင်ရင် မပြောဘူး ဒီမှာ ဘာတွေ လာပြောနေတာလဲ”
“ရွှမ်ရွှမ်….” တစ်ယောက်မှာတော့ အငေါက်ခံလိုက်ရလေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “စီနီယာ ဘာလိုချင်တာလဲ ကျွန်မလုပ်နိုင်တာ ဆိုရင် အကောင်းဆုံးလုပ်ပါ့မယ်”
ချူရျွမ်သည် သူမအား ကျေကျေနပ်နပ်ဖြင့် ကြည့်ပြီး တိုးတိတ်စွာ ပြော လေသည် “တကယ်တော့ ငါလိုချင်တာက ရှင်းပါတယ် ဒီအဆိပ်က ကလေးဆီ ကိုရောက်သွားမယ်လို့ ထင်မထားဘူး အဲဒါကြောင့် လက္ခဏာတွေနဲ့ အဲဒီအဆိပ် ပျောက်အောင် ဘာလုပ်လိုက်သလဲဆိုတာ ပြောပြရင် ဒီအဆိပ်ကို ဘယ်သူ့ကို ပေးလိုက်လဲဆိုတာ ပြောပြမယ်”
“အဆိပ်ဖြေနည်းကို သိချင်တာလား” ရှီမာယူယူ အံ့ဩသွားသည်။
ဒီလောက်လွယ်သလား။
သို့သော် ချူရွှမ်သည် သူမအကြည့်ကိုမြင်ပြီး ပြောချင်စိတ်မရှိဟု ထင် သွားသည်။ ပြီးနောက် လူအများစုသည် ကိုယ်ပိုင်နည်းလမ်းကို ပြောပြရန် အတွက် တွန့်ဆုတ်ကြသည်လေ။
“မင်း မပြောချင်ရင် ငါမမေး…”
“စီနီယာ ကျွန်မပြောချင်ပါတယ်” ရှီမာယူယူ ပြုံးလိုက်သည်။
“ဒါဆိုရင် မင်းခုနက…”
“စီနီယာက ဒီလောက်ရိုးရှင်းတာကို တောင်းဆိုလိမ့်မယ်မထင်လို့ ငေးငိုင် သွားတာပါ” ရှီမာယူယူသည် အတန်ကြာစဉ်းစားလိုက်သည်။ သို့သော် နောက်ဆက်တွဲစကားကိုတော့ မပြောလိုက်ပေ။
သူမရဲ့ အကျင့်ကထူးဆန်းတယ်လို့ လျန်ချူရှင်းပဲ ပြောခဲ့တာမဟုတ်ဘူး လား။ သူမ ထိုအကြောင်းကို ပြောလိုက်လို့ လျန်ချူရှင်းကို ချူရွှမ်ရိုက်မည်ကို သူမ ကြောက်မိသည်။
ထို့နောက် သူမသည် အဆိပ်လက္ခဏာများကို ပြောပြပြီး မည်သို့ ကုသခဲ့ ကြောင်းကိုပါ ပြောပြလိုက်သည်။
ချူရွှမ်သည် စက္ကူတစ်ရွက်ယူပြီး လိုက်မှတ်သားပြီး အော်လေသည် “မင်းကို ကယ်တဲ့သူက ဘယ်သူလဲ”
“အနိမ့်တိုင်းပြည်က လူတစ်ယောက်ပဲ ဘယ်သူလဲဆိုတာကတော့ ပြောဖို့ မသင့်တော်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါက ကျွန်မတို့သဘောတူညီ ချက်ကို သက်ရောက်မှုမဖြစ်နိုင်ဘူးမလား”
“ဒါက မသက်ရောက်နိုင်ပါဘူး နည်းနည်းသိချင်သွားလို့ပါ ဘယ်သူကများ ဒီလိုနည်းလမ်းရှိတာလဲလို့လေ… သူကအနိမ့်တိုင်းပြည်ကဆိုမှတော့ ထား လိုက်တော့” ချူရွှမ်သည် ဆေးညွှန်းကိုကြည့်ပြီး အကြည့်မလွှဲနိုင်ပေ “အဲဒါက မင်းအမေက တစ္ဆေမျိုးနွယ်က အဖွဲ့ဝင်ဖြစ်နေလို့ပဲ အဲဒါကြောင့် သူမက အဆိပ် ကြောင့်မသေဘဲ မင်းကိုမွေးနိုင်ခဲ့တာပဲ၊ ဒီအဆိပ်က တစ္ဆေမျိုးနွယ်နဲ့ကျ ဒီလိုမျိုး ရလဒ်ရလာမယ်လို့တော့ ထင်မထားဘူးပဲ”
“ကျွန်မ ပြောပြီးပြီဆိုတော့ ဒီအဆိပ်ကို ဘယ်သူ့ကိုပေးလိုက်လဲဆိုတာ ပြောပြလို့ရမလား ယန့်မျိုးနွယ်လား” ရှီမာယူယူ မေးလိုက်သည်။
ချူရွှမ်သည် ခေါင်းမော့လာသည် “ယန့်မျိုးနွယ်လား အဲဒီယန့်မျိုးနွယ်ဝင် တွေက အောက်စလွတ်နေလွန်းလို့ ငါ့အဆိပ်ကိုဝယ်မှာမဟုတ်ဘူး ရှစ်မိုလီပဲ”
“ရှစ်မိုလီလား” ရှီမာယူယူသည် အနည်းငယ် အံ့ဩမိသည်။ ရွှမ်ယွမ်ဆိုင်မှ ပေးထားသော သတင်းထုတ်ပြီး ရှစ်မိုလီနှင့် ပတ်သက်သည့် အကြောင်းများကို ဖတ်လိုက်သည်။
“ရှစ်မိုလီက ရှီမျိုးနွယ်က မိန်းကလေးပဲ သူက အရမ်းဖော်ရွေပြီး တက်တက်ကြွကြွရှိတယ် ပြီးတော့ အေးစက်ပြီး ဘဝင်မြင့်တဲ့ ယန့်ယွိချုံးကို သဘောမကျဘူး မင်းအမေကို အဆိပ်ခတ်တာက ရှစ်မိုလီများလား” လျန်ချူရှင်းသည် ထိုအမျိုးသမီးများအကြောင်းကို တော်တော်သိသည်။ ယခုလိုအချိန်မှပင် သူသည် ပန်းချိုးသူဆိုသည့်ဂုဏ်နှင့် ကိုက်ညီလေသည်။
“ကျွန်မတော့ မသိဘူး” ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “သူမက ဒီ အဆိပ်ကိုယူသွားပေမဲ့ မသုံးတာလည်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒါက သဲလွန်စပဲ ဒါပေမဲ့ ကျွန်မအတွက် ထူးဆန်းတာက ရှစ်မိုလီနဲ့ အမေတို့က ဘာအဆက်အနွယ်မှလည်း မရှိဘူး ဒါပေမဲ့ ရွှမ်ယွမ်ဆိုင်က သူမကို သံသယ စာရင်းထဲထည့်ထားတယ် ပြီးတော့ နောက်ဆုံးမှာထားထားတာ ဘာလို့လဲ”
“အဖြေရဖို့က မလွယ်ဘူး”
“နည်းလမ်းရှိလို့လား”
“ရွှမ်ယွမ်ဆိုင်က သတင်းရထားတာမဟုတ်ဘူးလား ဒါဆိုရင် ရွှမ်ယွမ်ဆိုင် ကိုသွားမေးလေ မသိဘူးလား”
“မဟုတ်ဘူး ဒီကိစ္စက အရမ်းကိုလျှို့ဝှက်တယ် သိတဲ့လူမများဘူး” ရှီမာယူယူ ပြောလိုက်သည်။
“သူမက သံသယဝင်ဖို့ကောင်းတယ်လို့ မင်းထင်မှတော့ သူမကို တိုက်ရိုက်သွားမေးလေ” ချူရွှမ် ပြောလိုက်သည် “ရှစ်မိုလီက လွန်ခဲ့တဲ့နှစ်ရက် ကပဲ ကန်မာမြို့တော်ကို ရောက်နေပြီ”
**