တွေ့ဆုံခြင်း ၁
Vol. 121 Ch. 1688
လျန်ချူရှင်းသည် အနည်းငယ် အံ့ဩသွားသည်။ ရှစ်မိုလီနှင့် ယန့်ယွိချုံး တို့သည် တစ်ယောက်နှင့်တစ်ယောက်မှာ တစ်လမ်းစီဖြစ်ကြည်။ အဲတော့ သူမက ဘာလို့ယန့်မျိုးနွယ်ရဲ့ ပိုင်နက်ကိုလာတာလဲ။
“အဲလိုဆိုရင် ကျွန်မရှစ်မိုလီကို သွားတွေ့မယ်” ရှီမာယူယူထကာ လေးစားစွာဖြင့် ပြောလိုက်သည် “အကုန်လုံးပြောပြပေးလို့ ကျေးဇူးတင်ပါ တယ် စီနီယာ ဒီဂျူနီယာလေး အရင်သွားနှင့်လိုက်ပါဦးမယ်”
“မင်းရှစ်မိုလီနဲ့သွားတွေ့မယ်ဆိုရင် ဒီလူကိုပါခေါ်သွားလိုက် မိန်းကလေး တွေနဲ့ ဆက်ဆံရေးဆိုရင် သူကအကောင်းဆုံးပဲ” ချူရွှမ်သည် ထွက်သွားတော့ မည့်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းကာ သူတို့နှစ်ယောက်လုံးကို လျစ်လျူရှုပြီး ရှီမာယူယူ ပေးသည့် ဆေးညွှန်းအတိုင်း အဆိပ်ဖြေဆေးလေ့လာရန် အခန်းထဲ သို့ဝင်သွားလေသည်။
ရှီမာယူယူနှင့် လျန်ချူရှင်းတို့သည် ဆိုင်မှထွက်ခဲ့လိုက်ကြသည်။ နောက်ကျနေပြီဖြစ်သလို ရှစ်မိုလီနေသည့်နေရာကိုလည်း မသိသဖြင့် သူတို့ သည် လက်ရှိနေသည့် နေရာကိုပင် အရင်ပြန်ခဲ့လိုက်ကြသည်။
ထိုညက သူမသည် နီရဲပျားများကို မြို့တစ်မြို့လုံးကို ရှာခိုင်းလိုက်သည်။ သူမသည် ရှစ်မိုလီ၏ နေရာကိုရှာရမည်။ သူမသည် ရှစ်မျိုးနွယ်၏ ဘဝင်မြင့် သော သမီးဖြစ်ရာ ယန့်မျိုးနွယ်၏ ပိုင်နက်သို့ ရောက်နေသည်ကို နှိမ့်ချစွာနေ မည်မဟုတ်ပေ။ နှစ်ရက်အကြာတွင် နီရဲပျားများသည် ရှစ်မိုလီ၏ တည်နေရာ ကိုရှာတွေ့လာပြီး သတင်းကိုပါသယ်လာသည်… ရှစ်မိုလီကို ယန့်ယွိချုံးမှ ဖိတ် ကြားထားခြင်းဖြစ်သည်။
သူတို့နှစ်ယောက်လုံးသည် ထူးဆန်းကြသည်။ ယန့်ယွိချုံးက ရှစ်မိုလီကို ဘာလို့ ဒီကိုဖိတ်တာလဲ။
“ဒီနေ့ည ရှစ်မျိုးနွယ်က ဒီဘဝင်မြင့်တဲ့ သမီးကိုတွေ့မှာလား” လျန်ချူရှင်း မေးလိုက်သည်။
“ဟုတ်တယ်”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ညနေခင်းတွင် သူတို့နှစ်ယောက် သည် ခြံဝန်းထဲတွင် တွေ့ဆုံကြသည်။ သူမ ဟိန်းသံထောင်ချီကို ထုတ်ကာ နှစ်ယောက် ပေါင်းစပ်လိုက်ပြီး ယောက်ျားတစ်ယောက်အသွင် ပြောင်းလိုက် သည်ကို လျန်ချူရှင်း ကြည့်နေသည်။
“မင်းက အံ့လောက်စရာပဲ” သူသည် သူမကို နှစ်ကြိမ်မျှ လှည့်ပတ်ကာ ချီးမွန်းသံဖြင့် ပြောလိုက်သည်။
“သွားကြမယ်” ရှီမာယူယူသည် သူ့ကို ထိုအကြောင်းပြောချင်စိတ်မရှိ သဖြင့် နီရဲပျားများ စုံစမ်းထားသည့်နေရာကို ခေါ်သွားလိုက်သည်။
သူမ နေသောနေရာမှာ မဝေးလှပေ။ သို့သော် အစောင့်တင်းကြပ်လှကာ ခြံဝန်းထဲတွင် သခင်များစွာ ပုန်းအောင်းနေသည်။ ရှစ်မိုလီသည် ယန့်ယွီချုံးကို စိတ်မချနိုင်သေးသည့်ပုံပင်။
ကံကောင်းစွာပင် ရှီမာယူယူ၏ လေဟာပြင်သိုင်းမှာ သန်မာသဖြင့် သူမ ရှစ်မိုလီ၏ အခန်းသို့ခိုးဝင်ပြီးနောက် မည်သူမှမသိခဲ့ပေ။
ရှစ်မိုလီသည် ရေချိုးကန်ထဲတွင် ရေချိုးနေရာမှ လေဟာပြင်ထဲတွင် ပုံမှန် မဟုတ်သော လှုပ်ရှားမှုကိုခံစားမိသဖြင့် ချက်ချင်းပင် ရေထဲမှပျံထွက်ပြီး လက် ကိုဝှေ့ယမ်းလိုက်သည်နှင့် ဘေးမှ အဝတ်သည်ပျံလာသည်။
“ညလယ်ကြီး မိန်းကလေးရဲ့ အိပ်ခန်းကိုဝင်လာတာက လူကြီးလူကောင်း တွေလုပ်ရမယ့် လုပ်ရပ်မဟုတ်ဘူး” အဝတ်ဝတ်ပြီးနောက်တွင် လေထဲသို့ အော်ပြောပြီး စောဒကတက်လေသည်။
“ငါတို့က လူကြီးလူကောင်းတွေပါ ဒါပေမဲ့ ဖြောင့်မတ်နေတာတော့ မဟုတ်ဘူး”
ရှီမာယူယူနှင့် လျန်ချူရွှမ်တို့သည် လေဟာပြင်ဝင်ပေါက်မှ ထွက်လာပြီး အတားအဆီး ပြုလုပ်လိုက်သည်။
ရှစ်မိုလီသည် အမျိုးသားနှစ်ယောက် ထွက်လာသည့်အပေါ် ပျာသွားခြင်း မရှိဘဲ ခြေဗလာဖြင့် လျှောက်လာကာ အိပ်ရာပေါ်တွင်ထိုင်ပြီး သူတို့ကိုကြည့် ကာ မေးလိုက်သည် “အဲတော့ ကျွန်မကို ရွေးချင်တာလား”
“မိန်းကလေး ဘာပြောလိုက်တာလဲ” လျန်ချူရှင်းသည် ဆိုးယုတ်စွာ ပြုံး လိုက်ပြီး သူမကို ကျဉ်းမြောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည် “မင်းလို လှပတဲ့ မိန်းကလေးဆိုရင် ဘယ်ပန်းချိုးသူက မရွေးဘဲနေမလဲ”
“ဟုတ်လား ဒါဆိုရင် ရှင်တို့သဘောကျတာကိုပဲ ကျွန်မက ကျေးဇူးတင်ရ မှာလား” ရှစ်မိုလီသည် ပြုံးပြီးပြောလိုက်သည် “ဒါပေမဲ့ ရှင့်မှာရွေးဖို့ အသက်ရှိ ပေမဲ့ ပျော်မွေ့ဖို့တော့ အသက်ရှိမယ်မထင်တော့ဘူး”
“အပြင်က သခင်တွေကိုပြောတာလား သူတို့ကို ဆက်သွယ်လို့ရမလား ကြည့်တာပေါ့” လျန်ချူရှင်းသည် တည်ငြိမ်စွာပြောလေသည်။
ရှစ်မိုလီ ခေတ္တမျှခံစားကြည့်ရာ အမှန်တကယ်ပင် အပြင်မှလူများကို ဆက်သွယ်၍ မရတော့သည်ကို သိလိုက်ရသည်။ သို့သော် သူမသည် ပျာယာ ခတ်မသွားပေ။ ထိုအစား သူမပြုံးပြီး ပြောလိုက်သည် “ဒီမှာ ဒီလောက် အားကောင်းတဲ့ အတားအဆီးလုပ်လိမ့်မယ်လို့ ထင်မထားဘူး ဒီလိုဆိုမှတော့ ကျွန်မ နာနာခံခံနဲ့ ရှင်တို့တော်ကောက်တာကိုပဲ ခံရတော့မှာပေါ့”
“….”
သူမကို ထိုပုံစံအတိုင်းမြင်ရသောအခါ နှစ်ယောက်လုံးသည် ဆက်ပြီး စနောက်ချင်စိတ် ပျောက်သွားသည်။
“သခင်မလေးရှစ် ကျုပ်တို့က မင်းကိုမေးစရာရှိလို့လာခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “ကျုပ်တို့သိချင်တာကို မင်းပြောသရွေ့ မင်းကို အရှက်ရ အောင် မလုပ်ဘူး”
“ကျွန်မမှာရွေးချယ်စရာ မရှိတဲ့ပုံပဲ” ရှစ်မိုလီ ပခုံးတွန့်လိုက်သည်။
“မဟုတ်ဘူး မင်းရွေးချယ်လို့ရပါတယ် ဟေး ငါတို့ မင်းကိုတော်ကောက်ဖို့ ရွေးလို့ရတယ်” လျန်ချူရှင်းသည် ယုတ်ညံ့စွာပြောလိုက်သည်။
“အင်း… ကျွန်မက တော်ကောက်ခံရဖို့ ရွေးလိုက်ရင်တောင် ရှင့်ထက် ဒီမောင်လေးရဲ့ တော်ကောက်တာကိုပဲ ခံလိုက်မယ် လျန်ချူရှင်း” ရှစ်မိုလီသည် အထင်သေးစွာ ပြောလေသည်။
“လျန်ချူရှင်းက ဘယ်သူလဲ” လျန်ချူရှင်း ငြင်းဆန်လေသည်။
“တော်ကောက်တယ်ဆိုတဲ့ စကားလုံးနဲ့ အဲဒီစကားတွေက် ရှင့်အပြင် ဘယ်သူကသုံးဦးမှာလဲ” ရှစ်မိုလီသည် သေချာစွာပင် ပြောလေသည် “ဒီယန့် မျိုးနွယ်က ရှင့်ကို နေရာတိုင်းမှာလိုက်နေတာ ရှင်က ကိုယ့်ဘာသာ ပြေးရဲသေး တယ်နော် ကြည့်ရတာ ရှင်က အဖမ်းခံရမှာမကြောက်ဖူးထင်တယ် ရှင် သင်းကွပ်ခံရတော့မယ့် အချိန်ရောက်ပြီထင်တယ်”
သူမသည် သူ့ကို ဝေဖန်သည့် အပြုအမူဖြင့် ကြည့်လိုက်ရာ ထိုအကြည့် သည် သူ့ကို အလိုလိုပင်ခွကြားကို ဖုံးကွယ်မိပြီးသားဖြစ်စေသည်။
“ဟားဟား…” လျန်ချူရှင်း၏ နေရခက်သော အပြုအမူများကို မြင်သော အခါ သူမသည် ပျော်ရွှင်စွာ ရယ်မောလိုက်သည် “အင်း ကျွန်မ ရှင့်ကို မစတော့ ပါဘူး စကားပြောကြတာပေါ့ ဘာကိစ္စရှိလို့လာကြတာလဲ ဒီညတာရှည်ကြီးက ကောင်းပါတယ် ဒါပေမဲ့ ပန်းချိုးသူနဲ့ဆိုရင်တော့ မလှတော့ဘူး”
အဓိပ္ပာယ်မှာ သိသာလွန်းသည်။ မေးစရာရှိရင် မြန်မြန်မေး။ ပြီးရင် နှစ်ယောက်လုံး ထွက်သွားလိုက်တော့။
ထိုကဲ့သို့ မိန်းကလေးသည် သူတို့အသက်ကို ကယ်ရန်အဓိကဖြစ်ရာ ဖိအားပေးရန်မလိုကြောင်း ရှီမာယူယူ သိသည်။
“သခင်မလေးရှစ် မေးစရာရှိလို့ပါ လွန်ခဲ့တဲ့ အနှစ် ၆၀ ၇၀ လောက်က စီနီယာချူဆီက ပန်းမူးအဆိပ်ကိုဝယ်ခဲ့လား” သူမသည် တိုက်ရိုက်ပင် ပြော လိုက်သည်။
ပန်းမူးအဆိပ်ဟု ကြားလိုက်သည်နှင့် ရှစ်မိုလီ၏ မျက်နှာထားသည် သုန်မှုန်သွားလေသည်။ ထိုမတိုင်ခင်တွင် သူမသည် ပေါ့ပေါ့ပါးပါးပြုံးနေပြီး ထူးခြားမှမရှိပေ။
“ဘာလို့မေးတာလဲ”
ရှီမာယူယူသည် လက်ဝှေ့ယမ်းလိုက်ရာ ခုံသည် အလိုလိုရွေ့လာလေ သည်။ သူမသည် ရှစ်မိုလီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ပြီးပြောလိုက်သည် “မင်းသိမှာပါ ကျုပ်တို့က စီနီယာချူဆီက အတည်ပြုပြီးသွားပြီ မင်းက သူမဆီ က ပန်းမူးအဆိပ်ကို ယူသွားတယ်လို့ ပြောတယ်”
“မင်း အကုန်လုံးသိနေမှတော့ ဘာလို့ ငါ့ကိုလာမေးနေတာလဲ” ရှစ်မိုလီ ပြုံးပြန်သည် “မင်းတို့ ဒီအဆိပ်တောင်းဖို့ လာတယ်လို့တော့ မပြောနဲ့နော် ငါ့မှာ မရှိတော့ဘူး”
“လွန်ခဲ့တဲ့ အနှစ် ၆၀ ၇၀ လောက်က တစ္ဆေလောကက မင်းသမီး ယွိခဲ့လော့နဲ့ ရှီမာလျူရွှမ်တို့က ချစ်ကျွမ်းဝင်ခဲ့တယ် ဒါပေမဲ့ သူမ ကိုယ်ဝန်ရှိတဲ့ ချိန်မှာ ပန်းမူးအဆိပ်သောက်မိသွားတယ်” ရှီမာယူယူသည် တိုးညင်းသော အသံဖြင့် ပြောလေသည်။
“မဖြစ်နိုင်တာ” ရှစ်မိုလီသည် သူမကို စကားဖြတ်ပြောလေသည် “ပန်းမူး အဆိပ်မိတဲ့သူက ၆ လအပြင်အသက်မရှင်နိုင်ဘူးလို့ သခင်ချူပြောခဲ့တာပဲ ဒါပေမဲ့ သူမက မသေတဲ့အပြင် တစ္ဆေလောကကိုတောင် ခေါ်သွားခံလိုက်ရ တယ်၊ သူမူက ပန်းမူးအဆိပ်မိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရှီမာယူယူသည် သူမ တုံ့ပြန်မှုကိုကြည့်လိုက်ရာ အလွန်ပင် သဘာဝကျ သည်ကို မြင်လိုက်ရသည်။ သေချာသည်မှာ သူမသည် ယွိခဲ့လော့ ပန်းမူးအဆိပ် မိခဲ့ခြင်းကို မသိခဲ့ပေ။ သူမသာ အဆိပ်ခတ်ခဲ့သူဖြစ်ပါက ထိုသို့မပြုမူနိုင်ပေ။
သူမသည် အဆိပ်မခတ်ခဲ့သော်လည်း အဆိပ်ခတ်သူကိုတော့ သိလိမ့် မည်။
“ဒါပေမဲ့ အဆိပ်ရဲ့ပစ်မှတ်က တစ္ဆေမျိုးနွယ်ဖြစ်နေတော့ သွေးသားမတူ တော့ သူမ အသက်ရှင်ခဲ့တယ်” သူမ ပြောလိုက်သည် “မင်းက စီနီယာချူဆီက ဒီအဆိပ်ကိုရခဲ့တယ် ဒါကိုသိသင့်တာမဟုတ်ဘူးလား”
ရှစ်မိုလီသည် အမှန်တကယ်ပင် မသိပါဟု ပြောချင်သည်။ သို့သော် သူမ စကားများ နှုတ်ခမ်းထိပ်သို့ရောက်ဆဲဆဲတွင် တွန့်ပြီး မေးလိုက်သည် “မင်းက ဘယ်သူလဲ”
“ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး မင်းကျုပ်ကို ဖြေပေးရုံပဲ ယွခဲ့လော့ကို ဘယ်လိုအဆိပ်ခတ်ခဲ့တာလဲ”
“မင်းကို ဘာလို့ပြောပြရမှာလဲ မင်းကိုပြောပြလိုက်လို့ ဘာအကျိုးရှိမှာလဲ” ရှစ်မိုလီသည် ပြုံးပြီးမေးလေသည်။
“မသိတာက ကောင်းတာပဲ ဒါပေမဲ့ မပြောချင်ရင်တော့ ယွိခဲ့လော့ရဲ့ သမီး ကိုတော့ ပြစ်မှားဖို့ မကြိုးစားနဲ့ သူမလည်း ကန်မာမြို့တော်ကို ရောက်နေတယ် လို့ကြားတယ် သူမသာ သူမရဲ့အမေဖြစ်သူကို မင်းအဆိပ်ခတ်ခဲ့တယ်လို့ သိရင် တော့ အပြစ်ရှိတဲ့သူက မင်းတစ်ယောက်တည်းမဟုတ်တော့ဘဲ မင်းတို့ မျိုးနွယ် တစ်ခုလုံးပါ ပါသွားလိမ့်မယ်” လျန်ချူရှင်းသည် သူမကို စိုးရိမ်သလိုလေသံဖြင့် ပြောသော်လည်း အထဲတွင်တော့ ခြိမ်းခြောက်မှုပါသည်ကို လူတိုင်းသိလိမ့် မည်။
“ဒါဆိုလည်း သူမ လာတဲ့အထိ စောင့်ကြတာပေါ့” ရှစ်မိုလီသည် သူမ၏ ခြေချောင်းများကို ကြည့်နေသည် “သူမ အမေကိစ္စဆိုမှတော့ သူမကိုတော့ ပြောရမှာပေါ့”
လျန်ချူရှင်းသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် ခေတ္တမျှ တွေဝေပြီးနောက် ဟိန်းသံထောင်ချီနှင့် ပေါင်းစပ်မှုကိုဖြည်လိုက်ရာ သူမ၏ မူလ အသွင်သို့ပြန်ပြောင်းသွားလေသည်။
***