← Chapters

တွေ့ဆုံခြင်း ၂

Vol. 121 Ch. 1689

တွေ့ဆုံခြင်း ၂

Vol. 121 Ch. 1689

ရှီမာယူယူကို ကြည့်ပြီး ရှစ်မိုလီသည် မအံ့ဩတော့ဘဲ ပြောလိုက်သည် “တကယ်ပဲ မင်းကိုး”

“ကျွန်မဆိုတာကို ရှင်မှန်းမိနေတာပဲ ဘယ်တုန်းကလဲ” ရှီမာယူယူ ပြော လိုက်သည်။

“ယွိခဲ့လော့ အဆိပ်မိခဲ့တာ ဘယ်အချိန်ကလဲလို့ ပြောလိုက်တာလဲ၊ လူအများစုက အဲဒီကိစ္စကို ရှင်းရှင်းလင်းလင်းမသိတဲ့အပြင် အဲလောက်လည်း ဂရုစိုက်ကြတာမဟုတ်ဘူး နေ့လည်က ကြားလိုက်တဲ့သတင်းကို စဉ်းစားလိုက် ရင် မင်းဒီကိုလာမယ်ဆိုတာ မှန်းမိပြီးသားပါ” ရှစ်မိုလီသည် မဖုံးကွယ်ပေ “မိန်းကလေးရှစ် အခုကျွန်မကို ပြောပြလို့ရပြီလား ပန်းမူးအဆိပ်ကို ဘယ်သူ့ကို ပေးလိုက်တာလဲ”

“ငါ အဆိပ်ခတ်တယ်လို့ ဘာလို့မပြောတာလဲ” ရှစ်မိုလီ မေးလိုက်သည်။

“ရှင်သာဆိုရင် ခုနက အဲလောက်အံဩသွားမှာမဟုတ်ဘူး” ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “စီနီယာရှစ် ကျွန်မသရုပ်မှန်ကိုသိသွားပြီဆိုတော့ ကျွန်မခံစားချက်ကို ထည့်စဉ်းစားပေးပါ ဘယ်သူ့ကိုပေးလိုက်လဲဆိုတာ ပြောပြ ပေးပါ”

“ငါ မင်းကိုမပြောတာမဟုတ်ဘူး မသိလို့ပဲ” ရှစ်မိုလီ မေးလိုက်သည်။

“ဘာ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရှီမာယူယူနှင့် လျန်ချူရှင်းတို့နှစ်ယောက်လုံး အော်မိလိုက်ကြသည်။ သူမက ဘယ်လိုလုပ် မသိဘဲနေရတာလဲ။

“ငါ ငါ့ဝမ်းကွဲကိုပေးလိုက်တာ ဒါပေမဲ့ ရက်နည်းနည်းလောက်ကြာတော့ အဆိပ်က အခိုးခံလိုက်ရတယ်လို့ ကြားလိုက်တာ” ရှစ်မိုလီ ပြောလိုက်သည်။

“ဘယ်လိုလုပ် အခိုးခံလိုက်ရတာလဲ၊ သူမက မှော်ဝင်လက်စွပ်ထဲထည့် ထားမှာမဟုတ်ဘူးလား” လျန်ချူရှင်းသည် မယုံနိုင်စရာဟု ထင်သည်။

“သူမမှာ အဆောင်တစ်ခုရှိတယ် အဲဒီမှာလေဟာပြင်သေတ္တာလည်းပါ တယ် အဲဒီအဆောင်ပါ အခိုးခံလိုက်ရတာ”

ရှီမာယူယူနှင့် လျန်ချူရှင်းတို့ အရှင်းသိသည်။ လေဟာပြင်သေတ္တာသည် ပိုင်ရှင်ကို သိနိုင်သော်လည်း သတ္တုအားပိုကောင်းသူနှင့် တွေ့လျှင် ချိုးဖျက်နိုင် သည်။ မှော်ဝင်လက်စွပ်မှာ ချွတ်လေ့မရှိသော်လည်း အဆောင်ဆိုလျှင်တော့ ရေချိုးချိန်တွင် ကိုယ်နှင့်ခွာထားကြသည်။

အခိုးခံရသည်မှာ ဖြစ်နိုင်ချေရှိသည်။

ရှီမာယူယူသည် အနည်းငယ် လမ်းပျောက်သွားသည်။ ဒါက သဲလွန်စ ပြတ်သွားတာမဟုတ်ဘူးလား။

“တကယ်တော့ မင်းအမေကို ဘယ်သူအဆိပ်ခတ်လဲဆိုတာ ငါမှန်းလို့ရ တယ်” ရှစ်မိုလီ ပြောလိုက်သည်။

“ရှင်သိတာလား”

“အဲတုန်းက မင်းအဖေကို မိန်းကလေးတော်တော်များများက လေးစားခဲ့ ကြတယ်၊ ယန့်မိသားစုက မိန်းကလေးတွေကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ ဒီကိစ္စကို သူမကိုယ်တိုင်လုပ်တာမဟုတ်ရင်တောင် လူလွှတ်ပြီးခိုင်းမှာပဲ” ရှစ်မိုလီသည် သေချာစွာပင် ပြောလေသည် “အဆိပ်ကတော့ သူမပဲ လုပ်နိုင်မှာ သေချာတယ်”

“သက်သေများရှိသလား” ရှီမာယူယူ မေးလိုက်သည်။

“သက်သေတော့မရှိဘူး ငါက သူမနဲ့သိပ်ပတ်သက်တာမဟုတ်ဘူး” ရှစ်မိုလီသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည် “ဒါပေမဲ့ ဒီလိုကိစ္စကတော့ ပေါ် လာမှာပဲ”

“ကျွန်မ သူ့ကို ဒီမတိုင်ခင်က မေးဖူးတယ် ဒါပေမဲ့ သူမအဖြေက အရမ်း ရှင်းတယ် အဲဒါကြောင့် အသုံးဝင်မယ့်သတင်းမရခဲ့ဘူး” ရှီမာယူယူသည် အနည်းငယ် အကူအညီမဲ့နေသည်။

“ဒါကတော့ မှားတတ်တာပဲလေ မင်းကအငယ်ဖြစ်ပြီး သူမနဲ့ တစ်ခါမှ ဆက်ဆံဖူးတာမဟုတ်ဘူး၊ သူမကို ဘယ်လိုလုပ်သိမှာလဲ ငါ့ကိုပြောင်းမေးရင် တော့ စကားနည်းနည်းနဲ့ သိမှာပဲ” ရှစ်မိုလီ နှာရှုတ်မိသည် “မင်း ငါ့ဘက်လှည့် လာရင် ပိုလွယ်သွားမှာလေ”

“စီနီယာရှစ် ရှင်နဲ့ ယန့်ယွမ်ချုံးတို့က ပြိုင်ဘက်တွေဆို ဒီတစ်ခေါက် ကန်မာမြို့တော်ကို ဘာလို့လာတာလဲ”

“အဲမိန်းမက ငါ့ကိုဖိတ်လို့ပဲလေ မင်းလည်းသိတဲ့အတိုင်း ငါတို့က တစ် ယောက်နဲ့တစ်ယောက် မတွေ့ကြတာ နှစ်ရာချီနေပြီ သူမက ငါ့ကို လူမသိ အောင်ဖိတ်ရင် ကိစ္စမရှိဘူး အရမ်းပျင်းဖို့ကောင်းတယ် အကုန်လုံးက ဒီကိစ္စကို သိနေကြတယ်လေ ငါမလာရင် သူမကို ကြောက်တယ်ဆိုပြီးဖြစ်မသွားဘူးလား” ရှစ်မိုလီသည် ယန့်ယွိချုံးကို အလွန်မှ အထင်သေးသည်။

“ဒါဆိုရင် ကျွန်မကိုကူညီပေးနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။

“မင်းပြောတဲ့ အပေးအယူပေါ်မှာမူတည်တယ်” ရှစ်မိုလီသည် သဘောတူ ခြင်းမရှိသလို ကန့်ကွက်ခြင်းလည်းမရှိပေ။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “သူမ ဘာ ပြောမလဲဆိုတာ ကျွန်မကိုစုံစမ်းပေးပါ  ရှင့်ရဲ့လုံခြုံရေးကို ကျွန်မ တာဝန်ယူပါ့ မယ်”

“ဟားဟား ကောင်မလေး မင်းတော်တာ ငါသိပါတယ် ငါတို့ ရှစ်မိသားစု က ကန်မာမြို့ကနေ ထွက်သွားဖို့ မခက်ဘူး” ရှစ်မိုလီသည် သူမ၏ စကားနှင့် အတွေးများကို မသိဘဲ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“ရှင်လိုလာမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ရှင်က လူတွေအများကြီး ခေါ်လာပေမဲ့ ယန့်ယွိချုံးရဲ့ စေ့စပ်တဲ့စီစဉ်မှုနဲ့စာရင် နည်းနည်းဆိုးနေတုန်းပဲ”

“ယန့်ယွိချုံးက ငါနဲ့ရှင်းချင်တယ်လို့ ပြောနေတာလား ကန်မာမြို့မှာလေ သူမလုပ်ရဲလား” ရှစ်မိုလီသည် ဒေါသဖြင့် ပြောလေသည်။

“သူမ မလုပ်ရဲဘူးလို့ ထင်နေလား ဒါက သူမပိုင်နက်ဖြစ်နေလို့ ရှင် အသတ်ခံရမယ်ဆိုတာကို တခြားသူတွေက ပြောမှာလား၊ သူမကရော အဲဒါကို ဂရုစိုက်မယ်လို့ထင်လား” ရှီမာယူယူ ပြောလိုက်သည် “သူမက ရှင့်ကိုဒီကိုလာဖို့ ပြောခဲ့တယ် တခြားအကြောင်းအရင်းရှိမှာပဲ မဟုတ်ဘူးလား ဖိတ်ကြားတဲ့ သတင်းက ဘာလို့ထွက်တာဖြစ်မလဲ သူမက ရှင့်ကိုဒီကိုလာစေချင်တယ် အကြောင်းအရင်းကိုတော့ ရှင် ရှင်းရှင်းလင်းလင်းသိမယ်ထင်တယ်”

ရှစ်မိုလီသည် သူမ အတွေးကိုမသိသဖြင့် မျက်နှာမှာ အနည်းငယ် မည်းနက်သွားသည်။ ရှီမာယူယူသည် နှုတ်ခမ်းတောင့်ကို ကွေးညွှတ်လိုက် သည်။ ကြည့်ရတာ တကယ်ပဲ တစ်ခုခုဖြစ်တော့မယ့်ပုံပဲ။

သူမ ထရပ်လိုက်ကာ ဟိန်းသံထောင်ချီနှင့် ပေါင်းစပ်ပြီး ရုပ်ပြောင်းလိုက် သည် “စီနီယာရှစ် ကျွန်မကိုဘယ်လိုရှာရမလဲဆိုတာ သိမှာပါ ဒီညတော့ ခွင့်ပြု ပါဦး”

ပြီးနောက်တွင် သူမသည် အတားအဆီးကို ပြန်ရုတ်သိမ်းကာ တံခါးဖွင့်ပြီး ထွက်သွားလေသည်။

“ညီမလေး မင်းအစ်ကိုကြီးကို လွမ်းရင်သဘောမတူလည်း ငါ့ကိုလာရှာလို့ ရတယ် မင်းအစ်ကိုကြီးကအသင့်ပဲ” လျန်ချူရှင်းသည် ရှစ်မိုလီကို မျက်စိမှိတ်ပြ သွားပြီးနောက်မှလိုက်ထွက်သွားသည်။ သို့သော် သူသည် အိမ်မှထွက်သွား သည်နှင့် ရပ်လိုက်သည်။

ထိုအချိန်တွင် သခင်များအားလုံးသည် ခြံဝန်းတွင်လာစုကြသည်။  ခန့်မှန်းကြည့်ရသလောက် လူများအားလုံးရောက်လာခြင်း ဖြစ်သည်။

“သူတို့ကို သွားခိုင်းလိုက်” ရှစ်မိုလီ၏ အသံသည် အခန်းထဲမှထွက်လာရာ ရှီမာယူယူသည် သခင်များကို ခေါင်းညိတ်ပြပြီး အရှေ့တံခါးမှ မြင်သာစွာပင် ထွက်ခဲ့လိုက်သည်။

လူနှစ်ယောက်သည် ရှစ်မိုလီ၏ အခန်းသို့လာပြီး ကြမ်းပေါ်တွင် ဒူးထောက်လိုက်ကြသည်။ “ကျွန်တော်တို့ ကာကွယ်တာ အဆင်မပြေဖြစ်သွား လို့တောင်းပန်ပါတယ်”

“ရှီမာယူယူရဲ့ ဟောပြင်သိုင်းက ဖန်မျိုးနွယ်က ဆက်ခံတာပဲ၊ သူမရဲ့ ရည်ရွယ်ချက်ရှိတဲ့ လှုပ်ရှားမှုကြောင့်သာမဟုတ်ရင် ငါသတိထားမိမှာတောင် မဟုတ်ဘူး ထပါ ဒီကိစ္စအတွက် မင်းတို့ကိုအပြစ်မတင်ပါဘူး” ရှစ်မိုလီသည် လက်ကိုဝှေ့ယမ်းလိုက်သည်။

“သခင်မလေးရှစ်” ထိုလူနှစ်ယောက်သည် ထပြီးနောက် ဘာမှမပြောဘဲ ရပ်နေလေသည်။

ရှစ်မိုလီသည် ခေတ္တမျှစဉ်းစားပြီးနောက် ရပ်နေသည့် နှစ်ယောက်ကို ပြောလိုက်သည် “ယန့်ယွိချုံး ဘာတွေလုပ်နေလဲဆိုတာ လူလွှတ်ပြီး စစ်ကြည့် ခိုင်းလိုက် မှတ်ထားပါ ယန့်မိသားစုမသိစေနဲ့”

“ဟုတ်ကဲ့ပါ သခင်မလေး” လူနှစ်ယောက်ထွက်သွားရာ ရှစ်မိုလီ တစ် ယောက်တည်းကျန်ခဲ့ပြီး သူမခြေချောင်းများကို ကြည့်နေမိသည်။

ရှီမာယူယူသည် လျန်ချူရှင်းကိုခေါ်ကာ နေထိုင်သည့်နေရာကို တိတ်တ ဆိတ်ပင် ပြန်လာခဲ့သည်။ ရူရွှေသည် သူတို့ခြံဝန်းထဲမှ ထွက်သွားသည်ကိုပင် မသိလိုက်ပေ။

“ယူယူ မင်းပြောကြည့် ရှစ်မိုလီက မင်းကို ကတိပေးမလား”

“တွေ့ဆုံပွဲ”

“ဘာလို့လဲ”

“ယန့်ယွိချုံးက သူမကိုသတ်မှာပဲ အကြောင်းအရင်းကိုမသိပေမဲ့ သူတို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက်တစ်ခုခုရှိလို့ ယန့်ယွိချုံးက သူမဂုဏ်သိက္ခာ ကို တောင်မထောက်ဘဲ သတ်ချင်နေတာပဲ”

“မင်း ဘယ်လိုသိတာလဲ”

“မှန်းကြည့်တာပါ”

နီရဲပျားများသည် ဤအတောအတွင်းတွင် မြို့မှသတင်းများကို ရှာဖွေခဲ့ပြီး သတင်းပြန်ပို့ခဲ့သည်။ ထို့ကြောင့်ပင် သူမသေချာနေခြင်းဖြစ်သည်။

“ရှစ်မိသားစုက ယန့်မိသားစုထက် အားမနည်းဘူး ရှစ်မိုလီကိုသတ်လိုက် ရင် ရှစ်မိသားစုကလည်း ဒီမှာတင်ရပ်နေမှာမဟုတ်ဘူး” လျန်ချူရှင်း ခွဲခြိမ်းစိတ် ဖြာလေသည် “ယန့်ယွိချုံးက မိသားစုနှစ်ခုကို ရန်ငြိုးဖြစ်ဖို့ မတွေဝေဘူး ဒါက ရှစ်မိုလီရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုရှိတယ်ဆိုတာ ပြနေတာပဲ၊ အဲဒီပစ္စည်းက ယန့်မိသားစုရဲ့အားကို တိုးနိုင်စေမယ် ဒါမှမဟုတ် ယန့်မိသားစုက ဒီကိစ္စကနေ ပြီးတော့ အကျိုးအမြတ်ရနိုင်မယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အဲကိစ္စတွေက ကျွန်မတို့နဲ့မဆိုင်ပါဘူး သူမ လာရှာ တာကိုပဲ စောင့်ကြတာပေါ့” ရှီမာယူယူသည် သူမအခန်းသို့ပြန်လာပြီး တံခါး ပိတ်မည်ပြုလိုက်သည်။

“ဘယ်လောက် ကြာအောင် စောင့်ရမယ်ထင်လဲ”

“မနက်ဖြန်ညပဲ” ရှီမာယူယူသည် တံခါးပိတ်လိုက်သည်။

***

All Chapters