← Chapters

ပွဲအခမ်းအနား ၁

Vol. 121 Ch. 1690

ပွဲအခမ်းအနား ၁

Vol. 121 Ch. 1690

ထိုအချိန် ယန့်ယွိချုံး၏ အခန်းထဲတွင် အနက်ဝတ်လူအများအပြားသည် ဒူးထောက်နေကြသည်။

“ရှာတွေ့လား” ယန့်ယွိချုံး၏ အသံသည် အရင်ကနှင့်မတူပေ။ ဤကမ္ဘာ တွင် ရှီမာလျူရွှမ်မှလွဲပြီး မည်သူမှ နူးညံ့သည့်ပုံစံကို မြင်ရမည်မဟုတ်ပေ။ သို့သော် ထိုမြင်ရသူမှာ ကြည့်ပင်မကြည့်ပေ။

“သခင်မလေး ရှီမာယူယူက ချူရွှမ်ကိုသွားရှာပါတယ်” အနက်ဝတ် ခေါင်းဆောင်သည် သတင်းပို့လေသည်။

“ချူရွှမ်….” ယန့်ယွိချုံးသည် အံကြိတ်ကာ သူမ၏ နာမည်ကို လေသံဖြင့် ရေရွတ်လိုက်သည်။ ထိုမုန်းစရာကောင်းသော မိန်းမသည် သူမ၏ လည်ချောင်း တွင် ငါးရိုးဆူးသကဲ့သို့ ဆူးနေသည်။ သူမသည် မျိုချ၍မရသလို ထွေးထုတ်၍ လည်းမရပေ။ တစ်ချိန်လုံး သူမ မျက်စိအောက်တွင် ရှိနေသည်။

“ဟုတ်ပါတယ် သူမက ချူရွှမ်ရဲ့ ဆေးဆိုင်ကိုသွားပြီး တစ်နေကုန်နီးပါး နေပါတယ်” အနက်ဝတ်လူ ပြောလေသည်။

“သိပြီ သိမ်းငှက်အစီအစဉ်က အဆင်သင့်ပြလား”

“အသင့်ပါပဲ ဒီတစ်ကြိမ်တော့ ဘယ်ရှစ်မျိုးနွယ်မှ မလွတ်စေရဘူး”

“အစီအစဉ်ကို ရှေ့တိုးမယ် ဖန်ညီလာခံကို စောင့်စရာမလိုတော့ဘူး နောက်နှစ်ရက်အတွင်း အကောင်အထည်ဖော်မယ် ပြီးတော့ လူတွေလွှတ်ထား ပြီး ရှီမာယူယူနှင့် ရှစ်မိုလီတို့ကို မတွေ့စေနဲ့”

“သခင်မလေး အစီအစဉ်ကို ရှေ့တိုးလိုက်ရင် အရမ်းအလောမကြီးဘူး လား”

“သုံးရက်ဆိုရင် မင်းတို့ လူဖြန့်ဖို့အချိန်မလောက်ဘူးလား” ယန့်ယွိချုံး အော်လိုက်သည် “မင်းတို့မှာ ဒီလိုအစွမ်းအစမရှိရင် မင်းတို့နဲ့ ငါက ဘာသွားလုပ် မှာလဲ”

“သခင်မလေး စိတ်အေးအေးထားပါ ဒီနိမ့်ကျတဲ့သူက ရှေ့တိုးလိုက်ရင် တချို့ကိစ္စတွေ ကျန်သွားမှာစိုးလို့ပါ ကျရှုံးသွားရင် အထက်ကနေ အပြစ်ပေးခံ ရမှာစိုးလို့ပါ”

“ငါပြောတဲ့အတိုင်းလုပ် တခြားကိစ္စတွေကို ငါစီစဉ်မယ်” ယန့်ယွိချုံးသည် အေးစက်စွာ ပြောလိုက်သည် “တခြားကိစ္စတွေကိုတော့ မင်းတို့ စိုးရိမ်ဖို့မလိုဘူး သွားစီစဉ်လိုက်တော့”

ဖျောင်းဖျရသည်မှာ အကျိုးမရှိသည်ကို ကြည့်ပြီး ထိုလူများသည် မတတ် သာတော့ဘဲ နောက်ဆုတ်သွားလေသည်။

ယန့်ယွိချုံး ထိပြီး ပြတင်းပေါက်ဆီသို့လာကာ မိုးပေါ်မှ ဝိုင်းပြည့်နေသော လကိုကြည့်ပြီး ရေရွတ်လိုက်သည် “မင်းတို့နှစ်ယောက် တွေ့လို့မဖြစ်ဘူး တွေ့ လို့ကိုမဖြစ်ဘူး”

ရှစ်မိုလီ၏ ဘက်တွင် ကန်မာမြို့တော်သည် သူတို့၏ နယ်ပယ်မဟုတ် သော်လည်း နောက်တစ်နေ့တွင် သူမသည် မှောင်ခိုသတင်းရသည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် ပန်းအိုးကိုခွဲလိုက်သည်။

“ဟင်း ယန့်ယွိချုံး ဒီတစ်ခေါက် သေမယ့်သူက ဘယ်သူလဲဆိုတာ ကြည့် ကြတာပေါ့”

နောက်သုံးရက်ကျော်အကြာတွင် မြို့ထဲမှလူများသည် အေးအေးလူလူ ပင် သူတို့အလုပ်သူတို့လုပ်နေကြသည်။ သုံးရက်အကြာ ဖန်ညီလာခံမတိုင်ခင် တစ်ရက်အလိုတွင် ယန့်ယွိချုံးသည် ရှစ်မိုလီကို ဖိတ်စာပို့လိုက်သည်ဟု ရှီမာယူယူ သတင်းကြားရသည်.။

သူမတင်မဟုတ်ဘဲ ဖန်ညီလာခံတွင် ပါဝင်သူအားလုံးလည်း ကြားကြ၏။ အရင်ကထုံးစံအတိုင်းသာဆိုလျှင် သူတို့ကို ညမတိုင်ခင် ဖိတ်ကြားရမည်ဖြစ် သဖြင့် တချို့လူများမှာ မပျော်ရွှင်ဖြစ်ကြလေသည်။ ထိုလူများလည်း ထိုကိစ္စကို သေချာပေါက် တွေးမိကြမည်ဖြစ်သည်။

ရူရွှေမှ တခြားသူများ စိတ်မကောင်းဖြစ်နေပုံကို ပြောပြရာ ရှီမာယူယူ သည် ပြုံးရုံပြုံးပြီး ပြန်လာလိုက်သည်။

ရူရွှေသည် ခြံထဲမှထွက်သွားသည်။ သို့သော် ဝေးဝေးမသွားဘဲ သူမအခန်း ကို အာရုံစိုက်ကြည့်ပြီး သူမကို ခြံဝန်းထဲမှထွက်ခွင့်မပေးပေ။

သူမသည် ရှီမာယူယူ၏ အသက်ရှုသံကို အမြဲတစေခံစားမိသဖြင့် ရှီမာယူယူ ထိုနေရာတွင် အမြဲတမ်းရှိနေသည်ဟု တွေးလိုက်သည်။

ရှစ်မိုလစ် ဧည့်ခံပွဲလုပ်သည့်နေရာမှာ အရင်တစ်ခေါက်က ခြံဝန်းတွင်ပင် ဖြစ်သည်။ ရှစ်မိုလီသည် အစေခံမိန်းမလေးနှင့် အစောင့်များကို ခေါ်လာသည်။ အနောက်မှ တစ်ဒါဇင်မျှလူများကို မြင်သောအခါ ယန့်ယွီချုံးသည် နှုတ်ခမ်း ထောင့်ကို ကွေးတွန့်လိုက်သည်။

ယနေ့လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ဤလူများအားလုံးမှာ သေမည် ဖြစ်သည်။

“ယန့်ယွိချုံး ဒီတစ်ခေါက် မင်းကငါ့ကိုခေါ်တယ်ဆိုတော့ ဖန်ညီလာခံကို အထူးတလည် ဖိတ်ကြားဖို့လား” ရှစ်မိုလီသည် ခုံဆီသို့ လျှောက်သွားပြီး ထိုင် လိုက်ရာ အစေခံနှင့် အစောင့်များသည် သူမအနောက်တွင် ရပ်လိုက်ကြသည်။

“မင်းကို ဘာလို့ ဖန်ညီလာခံကို မဖိတ်နိုင်ရမှာလဲ” ယန့်ယွိချုံးသည် လက် ကိုဝှေ့ယမ်းလိုက်ရာ အစေခံမိန်းကလေးသည် ချက်ချင်းပင် သူမကို လက်ဖက် ရည် တည်ခင်းလေသည် “ငါတို့တွေက သိလာကြတာ နှစ်ရာချီနေပြီလေ မင်းက ငါ့ဖန်ညီလာခံကို တစ်ခါမှ ဝင်မပါဖူးဘူး မင်းက အဂ္ဂိရတ်ပညာမှာ ဒီလောက် ပါရမီပါတာ မလာရင် လူငယ်မျိုးဆက်တွေ ထောက်ပြစရာဖြစ်နေမှာ ပေါ့”

ဟွန့်…. ရှစ်မိုလီသည် မျက်လုံးလှိမ့်ကာ ပြန်ချေပလေသည်။ “မင်းရဲ့ အဲဒီ ပါးစပ်ကလည်း နည်းနည်းမှမပြောင်းလဲဘူးပဲ၊ မင်းက မှန်တဲ့စကားဆိုရင် ဘယ်တော့မှမပြောဘူး ဒါပေမဲ့ ဒီတစ်ခါတော့ မှန်တာပြောလိုက်တာပဲ၊ ငါတို့ တွေက နှစ်တစ်ရာလောက် သိလာကြတာ အဲဒါကြောင့် ငါက မင်းဗိုက်ထဲက သန်ကောင်လိုပဲနေမှာ မင်းဖင်လှုပ်လိုက်တာနဲ့ မင်းအီးပေါက်မှာလား အီးပါမှာ လားဆိုတာ သိနေပြီ”

“ရှစ်မိုလီ ဒီလောက်နှစ်တွေအများကြီး မတွေ့လိုက်တာနဲ့ လျှာစောင်း ထက်လာတာပဲ” သူမ၏ ဖော်ပြချက်ကို မကျေနပ်သည့်အလား ယန့်ယွိချုံး မျက်မှောင်ကြုတ်ပြီး သူမမျက်နှာတွင်လည်း ရွံရှာသည့် အမူအရာဖြတ်ပြေး သွားသည်။

“ယန့်ယွိချုံး ငါက လူတွေကိုဖော်ရွေပါတယ်၊ ပစ်မှတ်က လူမဟုတ်ဘူး ဆိုရင်တော့ မယဉ်ကျေးနိုင်ဘူး” ရှစ်မိုလီသည် ခြေထောက်များကို မ,ကာ သူမ ကိုပြုံးပြီးကြည့်လေသည်။

“သခင်မလေးရှစ် လက်ဖက်ရည် သုံးဆောင်ပါ” အစေခံမိန်းကလေးသည် လက်ဖက်ရည်ခွက်နှင့် ရောက်လာပြီး သူမဘေးသို့ချလေသည်။

“မင်းကို စကားပြောရတာ ပင်ပန်းတယ် ငါ့ပါးစပ်တွေတောင် ခြောက်လာ ပြီ” ရှစ်မိုလီသည် ပြောပြီးသည်နှင် တစ်ကျိုက်သောက်ပြီး လက်ဖက်ရည်ခွက် ပြန်ချကာ ဆက်ပြောလေသည် “ယန့်ယွိချုံး ငါတို့က ငါတို့ရဲ့ ယဉ်ကျေးမှုအတု တွေအကြောင်း ပြောဖို့မလိုပါဘူး တည့်တည့်သာ ပြောလိုက် ဘာလိုချင်တာလဲ”

“မင်းက အံ့ဖွယ်ခုနစ်ပါး ထူးခြားတဲ့ဝင်္ကပါပုံစံ ရထားတယ်ဆို”

“ဟုတ်တယ် လိုချင်လို့လား” ရှစ်မိုလီသည် ယန့်ယွိချုံး၏ မျက်နှာမှာ အနည်းငယ် ပျော်ရွှင်သွားသည်ကို မြင်လိုက်ရသည်။ သူမ စကားလမ်းကြောင်း ပြောင်းလိုက်သည် “မင်းကလိုချင်တယ် ဒါပေမဲ့ ငါက မပေးချင်ဘူး”

“မင်းတို့ ရှစ်မိသားစုက အဂ္ဂိရတ်ပညာသုံးတဲ့ မိသားစုပဲ အံ့ဖွယ်ခုနစ်ပါး ထူးခြားဝင်္ကပါပုံစံရှိထားလည်း အသုံးမဝင်ဘူး ငါတို့ယန့်မျိုးနွယ်ကတော့ တိုက်ပွဲ တည်ဆောက်မှုတော်တော်များများကို လေ့လာနေတာ၊ မင်း ငါတို့ကို ဒီသတင်းပေးမယ်ဆိုရင် ငါတို့ယန့်မျိုးနွယ်က အဲဒါနဲ့ တန်ဖိုးညီတဲ့ ရတနာကို သေချာပေါက် ပြန်ပေးမှာပါ” ယန့်ယွိချုံး ပြောလိုက်သည်။

“တန်ဖိုးတူတဲ့ ရတနာလား ယန့်ယွိချုံး လဲဖို့မင်းမှာဘာရှိလဲ၊ မင်းမှာရှိ တယ်လို့ပြောရင်တောင် ငါမလဲချင်ဘူး” ရှစ်မိုလီ ပြောလိုက်သည် “ဒီမှာ ဒေါသ မထွက်နဲ့လေ မင်း မုန်းတီးမှုအပြည့်နဲ့ အံကြိတ်တာကို ငါကြည့်ရတာမကြိုက် မှန်း သိရဲ့သားနဲ့၊ မင်း ငါ့ကိုသတ်ချင်ပေမဲ့ သတ်လို့မရဘူး… အဲဒါကသာ မင်းရဲ့ ဂန္ထဝင်အကြည့်ပဲ ငါအကြိုက်ဆုံးဆိုလည်းဟုတ်တယ်”

“…”

သူမအနောက်မှ ရပ်နေသာ အစေခံမိန်းကလေးသည် နှုတ်ခမ်းထောင့် တွန့်လိုက်သည်။ ဘယ်လိုကြောက်စရာ စကားတွေ သူမ ပြောလိုက်တာပါလိမ့်။

“ရှစ်မိုလီ မင်းကို ငါ သေချာပြောလိုက်မယ် ငါ့ကိုဒေါသထွက်အောင် မလုပ်နဲ့” ယန့်ယွိချုံးသည် စားပွဲကိုရိုက်ပြီး စူးရှစွာအော်လေသည်။

“ယန့်ယွိချုံး ဘာလို့ ဒီလောက်တောင် ဆူညံနေအောင် အော်နေတာလဲ” ရှစ်မိုလီသည် နားရွက်ကိုနှိုက်လိုက်သည် “ငါ့နားတွေက အရမ်းကောင်းတယ် အဲလောက် အကျယ်ကြီးမအော်လည်း ကြားရတယ်”

ယန့်ယွိချုံးသည် နှစ်ချက်မျှအသက်ပြင်းပြင်းရှုကာ စိတ်ထဲမှ ဒေါသမီးကို ချုပ်တည်းကာ နောက်ဆုံးတွင် ပြောလေသည် “ငါ မင်းကိုဆွေးနွေးဖို့ခေါ်လိုက် တာ ရန်ဖြစ်ဖို့မဟုတ်ဘူး”

“မင်း ငါနဲ့ဆွေးနွေးနေတယ်ဆိုတာ ငါသိတယ်လေ ဒါပေမဲ့ အခုလေးတင် ပဲ ငါငြင်းလိုက်ပြီမဟုတ်ဘူးလား ငါ ဘာမှအလဲအလှယ်မလုပ်ဘူးလို့ ပြောလိုက် တယ် ဘာကိုထပ်ဆွေးနွေးချင်လို့လဲ၊ မင်းက ဓားပြတိုက်တာကိုတော့ ဘယ် တော့မှလုပ်မှာမဟုတ်လောက်ပါဘူး ဟုတ်တယ်မလား အဲဒါက အကြီးဆုံး ယန့်သခင်မလေးပုံစံမဟုတ်ဘူး” ရှစ်မိုလီ ပြောလိုက်သည် “ဒါပေမဲ့ မင်းက အမြဲတမ်း နောက်ကွယ်ကနေ လှည့်ကွက်တွေ လုပ်တတ်တယ်၊ မင်းက အရှက် မရှိတဲ့လှည့်ကွက်တွေလုပ်ပြီး ငါ့ဝင်္ကပါပုံစံကိုလိုချင်နေတယ်လို့တော့ မပြောနဲ့ နော်”

“ရှစ်မိုလီ ငါ့အစ်မက မင်းကို လုပ်ကြံမှာတောင်မဟုတ်ဘူး ဘာလို့လဲ ဆိုတော့ မင်းကမတန်ဘူး” ယန့်ချင်းနှင့် ယန့်လီလီတို့သည် အပြင်မှလျှောက် ဝင်လာရာ ရှစ်မိုလီကိုမြင်သည်နှင့် အေးစက်စွာ နှာမှုတ်လေသည်။

“ဟုတ်လား ယန့်ချင်း မင်းက ယန့်ယွိချုံးကို ဒီအတိုင်းကာကွယ်ပေးတာ လား၊ သူမက မင်းရဲ့ကြင်နာမှုနဲ့ ထိုက်တန်တယ်လို့ ထင်လား မင်း ဒီကိစ္စတွေ သိမလားတော့ မသိဘူး ပြီးတော့ ဘယ်လိုတွေးမိမလဲ” ရှစ်မိုလီသည် ယန့်ချင်း ကို သဘောကျသည့် အကြည့်ဖြင့်ကြည့်လေသည်။

“ဘာအဓိပ္ပာယ်လဲ မင်းက ငါ့အစ်မကြီးနဲ့ငါ့ကြားကို ရန်တိုက်ပေးနေတာ လား” ယန့်ချင်းသည် ဒေါသကြီးစွာဖြင့် ခုန်ကာ ချက်ချင်းတုံ့ပြန်လေသည်။

“ဘာအဓိပ္ပာယ်ရမှာလဲ” ရှစ်မိုလီ ပြောလိုက်သည် “မင်းက ယန့်ယွိချုံး မလုပ်နိုင်တဲ့ ကိစ္စတော်တော်များများကို လုပ်ပေးနေတာမဟုတ်ဘူးလာ ဥပမာ ဆိုရင်…. သူများကိုအဆိပ်ခတ်တာမျိုးလေ”

***

All Chapters