← Chapters

ပွဲအခမ်းအနား ၂

Vol. 121 Ch. 1691

ပွဲအခမ်းအနား ၂

Vol. 121 Ch. 1691

ရှစ်မိုလီ၏ အနောက်မှအစေခံမိန်းကလေးသည် မျက်လုံးထဲမှ လှုပ်ခတ်မှု ကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။

“အဆိပ်ဟုတ်လား” ယန့်ချင်းသည် ရယ်မောလိုက်သည် “ရှစ်မိုလီ ငါ့ဘဝ မှာ အဆိပ်ခတ်ခဲ့တဲ့လူတွေ အများကြီးပဲ၊ အဲဒါက ငါ့အစ်မကြီးနဲ့ဘာမှမဆိုင်ဘူး မင်းက ငါတို့ကြားက ဆက်ဆံရေးကို ရန်တိုက်ချင်နေတာလား ဟင်း အသုံး မဝင်ဘူး”

“ဟုတ်လား သူတို့တွေကို မင်းဘာသာ အဆိပ်ခတ်တာလား ဒါမှမဟုတ် ရင် မင်းအစ်မကြီးရဲ့လှုံ့ဆော်မှုကြောင့် အဆိပ်ခတ်တာလား အဲနှစ်ခုတက တူလို့လား၊ ဒါပေါ့ မင်း အဲလူတွေကို အဆိပ်ခတ်မယ်ဆိုရင် ရန်သွားစလို့ရတဲ့သူ တွေရှိသလို ရန်စလို့မရတဲ့လူတွေလည်းရှိတယ်” ရှစ်မိုလီသည် သူတို့အား ‘ကြည့်လေ မင်းတို့ကိုထောက်ပြတာ ငါဘယ်လောက်ကောင်းလိုက်လဲ’ ဆိုသည့်အကြည့်ဖြင့် ကြည့်လေသည်။

“ရှစ်မိုလီ ဘာအဓိပ္ပာယ်လဲ” ယန့်လီလီ အော်လိုက်သည် “ညီမလေး ၃ ရှစ်မိုလီက ဘယ်တုန်းကမှ အကောင်းပြောတာမဟုတ်ဘူး အဲဒါကြောင့် သူမကို ဂရုစိုက်ဖို့မလိုဘူး”

ရှစ်မိုလီသည် နှုတ်ခမ်းတွန့်ချိုးပြီး ပြောလိုက်သည် “မင်းသိတယ်မလား မင်းရဲ့ အစ်မကြီးက ရှီမာယူယူကိုဖိတ်ထားတယ်”

ထိုနာမည်ကို ကြားလိုက်သည်နှင့် ယန့်ချင်း၏ ခန္ဓာကိုယ်သည် ခေတ္တမျှ အေးခဲသွားသည်။ သို့သော် ရှစ်မိုလီ မမြင်လိုက်ပေ။ သူမသည် ပို၍ပင်ပြုံးကာ ယန့်ချင်းအား နောင်တရစွာဖြင့် ကြည့်လေသည် “ကြည့်လေ မင်း ဒီလူကို သွား ပြီး ရန်မစသင့်ဘူးလို့ မပြောဘူးလား ဒါပေမဲ့ မင်းက မင်းအစ်မကြီးရဲ့ လှုံ့ဆော် မှုကြောင့် ယွိခဲ့လော့ကို ပန်းမူးအဆိပ်ခတ်ခဲ့တယ်လေ၊ သူမက ဒီလိုမျိုး ကောင်းကင်ကို ဆန့်ကျင်မယ့်သမီးမျိုး မွေးလာလိမ့်မယ်လို့ မင်း စဉ်းတောင် စဉ်းစားမိမှာမဟုတ်ဘူးမလား၊ ယန့်ယွိချုံးက ယွိခဲ့လော့သမီးကို ဖိတ်တယ်ဆို တာက သူမရဲ့ အချစ်ဆုံးကိုတွေ့ချင်တာလေ ယန့်ချင်း မင်းဘာနဲ့ရင်ဆိုင်ရမလဲ ဆိုတာကိုရော သိရဲ့လား”

“မဖြစ်နိုင်တာ ရှီမာယူယူက အားကောင်းရင်တောင် အဆိပ်ခတ်တဲ့သူက ငါဆိုတာကို သူမမသိနိုင်ဘူး” ယန့်ချင်းသည် ပြင်းထန်စွာ ငြင်းဆန်လေသည်။

“ညီမ ၃” ယန့်ယွိချုံးသည် ချက်ချင်းပင် ယန့်ချင်းကို အော်လိုက်ပြီး ဆက် ပြောခွင့်ပေးပေ။

“ယန့်ယွိချုံး ဘာလို့ ဒီလိုတွေလုပ်နေတာလဲ” ရှစ်မိုလီ ပခုံးတွန့်လိုက် သည် “တစ်ဖက်မှာ ယွိခဲ့လော့ကို အဆိပ်ခတ်ဖို့ မင်းညီမကိုခိုင်းတယ် တစ်ဖက် မှာတော့ ရှီမာယူယူကို ပျာယာခတ်နေအောင် ဆက်ဆံပေးနေတယ်… ဒီမှာ ငါတောင် မကြည့်နိုင်တော့ဘူး မင်းပြောဦး ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ် ကကြိုးကိုင်တာ မင်းဆိုတာကို သူမ သိရင် မင်းကို ဘာလုပ်မယ်လို့ထင်လဲ အင်း.. အနည်းဆုံးတော့ ရှီမာလျူရွှမ်က မင်းကို နောက်တစ်ခါ ပြန်လာမရှာ တော့ဘူး မင်းကိုတောင် လူကိုယ်တိုင် လာသတ်ရင်သတ်ဦးမယ်”

“သူမ သိမှာမဟုတ်ဘူး” ယန့်ယွိချုံး နှာမှုတ်လိုက်သည်။

“အဲဒါကလည်း အတိအကျမှန်မှာမဟုတ်ဘူး သူမက ချူရွှမ်ဆိုင်ကိုသွား တယ်လို့ ကြားတယ် ငါကလည်း အဆိပ်ကိုချူရွှမ်ရဲ့ဆိုင်ကရလာတာလေ သူမ သေချာပေါက် ငါ့ဆီလာမှာပဲ” ရှစ်မိုလီသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည် “အဆိပ်ကို မင်းဆီကိုငါ ပေးလိုက်တယ်လို့ ပြောလိုက်ရင် သူမ သိသွားမှာပဲလေ”

“ဟုတ်တယ် မင်းက ချူရွှမ်ဆီက ပန်းမူးအဆိပ်ရခဲ့တယ်ဆိုတာ သူမ သိ လိမ့်မယ် ဒါပေမဲ့ အဲဒါကိုငါတို့ကိုပေးခဲ့တယ်ဆိုတာကို သူမ မသိဘူး ဘာလို့လဲ ဆို‌တော့ ဒီနေ့ မင်းအသက်ရှင်လျက်ပြန်ထွက်သွားနိုင်မှာမဟုတ်လို့ပဲ” ယန့်ယွိချုံးသည် အေးစက်စွာ နှာမှုတ်လိုက်သည် “လာကြ”

အစောင့်တစ်ဖွဲ့သည် အပြင်မှ အလောတကြီးပြေးလာသည်။ ထိုတင်မက ဘဲ ခြံဝန်းအပြင်နှင့် ခေါင်မိုးတွင်လည်း လူအပြည့်ဖြစ်နေသည်။

မိုရှစ်လီသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှည့်နေသည်။ သူမ ပတ်ပတ်လည်မှ အစောင့်များကို မြင်ရချိန်တွင် ပျာယာခတ်မသွားပေ။

“ယန့်ယွိချုံး မင်းက ငါ့ကိုပြောဖို့ ဖိအားပေးတာပဲ မင်းက ငါ့ကိုဖိတ်တယ် ဒါက ကျားဖမ်းဖို့ ကျားဂူထဲလာခိုင်းတာပဲ ဒီဟာသပြဇာတ်နောက်ကွယ်မှာ ဘာမှကောင်းတာမရှိဘူးဆိုတာ ငါသိတယ် ဒီမတိုင်ခင်ကို မင်းက ဟန်ဆောင် နေသေးတယ် ငါအဆိပ်အကြောင်းပြောလိုက်မှပဲ ဟန်ဆောင်တဲ့ မျက်နှာဖုံး ကွာကျတော့တယ်” ရှစ်မိုလီသည် တခစ်ခစ်ရယ်မောကာ သက်ပြင်းရှည်ချပြီး နောက် ဆက်ပြောလေသည် “ယန့်ယွိချုံး မင်းသိလား ဒါကမင်းရဲ့ ရွံစရာ အစိတ်အပိုင်းတစ်ခုပဲ”

“ငါ မသိဘူး ဒါပေမဲ့ ငါသိတာတော့ ဒီနေ့ မင်းအသက်ရှင်လျက်ပြန် ထွက် မသွားနိုင်စေရဘူး”

“အာ… မင်းက တကယ်ကို ဂရုတစိုက်ရှိတာပဲ ဒီလောက်လူအများကြီး စီစဉ်ထားရုံတင်မကဘူး ငါ့ကိုပါ အဆိပ်ခတ်သေးတယ် ဘာ… ဗိုက်တာလာပြီ” သူမသည် ဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး လက်ဖက်ရည်ခွက်သည် ကြမ်းပေါ်သို့ ကျသွားလေသည်။

“ရှစ်မိုလီ ဒါက မင်းရဲ့နောက်ဆုံး စားသောက်ပွဲဆိုတာကို သိရဲ့သားနဲ့ ဟိတ်ဟန်များနေသေးတယ် မင်းက တုံးလိုက်တာလို့ပဲ ငါပြောနိုင်တော့တယ်” ယန့်ချင်း ရယ်မောလိုက်သည်။

“မင်းက ဒီလိုမျိုးနည်းလမ်းသုံးလိမ့်မယ်လို့ ထင်မထားဘူး ဒါပေမဲ့ မင်း အစ်မက မင်းကို စနောက်နေတာပဲ ဘာကိုမှမယုံနဲ့” ရှစ်မိုလီသည် ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သူမတွင် အဆိပ်မိသည့် အရိပ်အယောင်ပင် မရှိပေ။

“မင်းက အဆိပ်မမိဘူးလား ဘာလို့လက်ဖက်ရည် မသောက်တာလဲ”

“ယန့်လီလီ မင်းက ဘာလို့အဲလောက်တောင် မတွေးတတ်တရတာလဲ မင်းတို့ ငါ့ကို အဆိပ်ခတ်ရင် ငါက အဆိပ်ဖြေလို့မရဘူးလား မင်းတို့ညီအစ်မ တွေက မကောင်းတာကို သိလို့ ငါပြင်ဆင်လာတာပေါ့” ရှစ်မိုလီသည် ဒေါသကြောင့် ထခုန်တော့မည့် ယန့်မျိုးနွယ် ညီအစ်မများ၏ ပုံစံများကို ကြည့်ပြီးကျေနပ်နေသည်။

“မင်း ငါ့ကိုလာကစားနေတာပဲ” ယန့်ချင်းသည် ရုတ်တရက် တိုက်ခိုက်ရာ သူတို့ဆီသို့ အနီရောင်မီးတောက် ပျံသွားလေသည်။ အကွာအဝေးမှာ နီးကပ် လွန်းသဖြင့် သူမ ရုတ်တရက်တိုက်ခိုက်မှုကို မည်သူမှထင်မထားသဖြင့် ကာကွယ်ရေးအလွှာလုပ်ရန် အလွန်နောက်ကျသွားခဲ့သည်။

တခြားသော အစောင့်များသည်လည်း ဘာမှဂရုမစိုက်တော့ဘဲ ချက်ချင်း ပင် ရှစ်မိုလီနှင့် တခြားသူများကို တိုက်ခိုက်လေသည်။ ခဏအကြာတွင် အရောင်စုံများသည် သူတို့အနားတွင် ပေါက်ကွဲသွားလေသည်။

မကြာမီတွင် သူတို့ အသတ်ခံရတော့မည်ဟု ခံစားလိုက်ရသည်။

“အစ်မ ရှစ်မိုလီကို ကိုင်တွယ်ဖို့ ဒီလောက်လွယ်မှန်းသိရင် ဘာလို့ ဒီလောက်လူတွေအများကြီး ကြိုပြင်ထားတော့မှာလဲ” ယန့်ချင်းသည် အထင် သေးစွာပြောပြီး ရှစ်မိုလီကို ရွံရှာစွာကြည့်နေသည်။

သူမ၏ အစ်မကြီးနှင့် နှစ်ပေါင်းရာချီတိုက်ခိုက်ခဲ့သော လူများကို သူမ မကြောက်ပေ။

သို့သော် ယန့်ယွိချုံး မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်းက ရှစ်မိုလီ ၏ အကျင့်မှာပုံမှန်မဟုတ်ပေ။ သူမသည် လုံးဝစိတ်ပူပန်ခြင်းမရှိသည်မှာ ရုတ်တရက် အနည်းငယ် စိတ်မအေးဖြစ်လာသည်။

“အစ်မကြီး ဘာဖြစ်လို့လဲ” ယန့်လီလီသည် သူမ မျက်နှာထား တစ်ခုခု လွဲနေသည်ကို မြင်သည်နှင့် မေးလိုက်သည်။

“မတိုက်ကြနဲ့တော့” ယန့်လွီချုံး အမိန့်ပေးလိုက်ရာ ထိုလူများသည် ချက်ချင်းပင် ရပ်လိုက်ကြသည်။

ဝိညာဉ်သိုင်းများမှာ ပျောက်ကွယ်သွားသည်။ သို့သော် ရှစ်မိုလီနှင့် တခြား သူများသည် လေထဲတွင် ရပ်နေတုန်းဖြစ်သည်။

“လေဟာပြင်ပိတ်လှောင်မှု” ယန့်ယွမ်ချုံးသည် တစ်ခါတည်းနှင့် မှတ်မိ သည်။ ထို့ကြောင့် ထိုတိုက်ခိုက်မှုများသည် အသုံးမဝင်ခြင်းပင်။ တိုက်ခိုက်မှုမှာ တစ်ခုမှ သူတို့ကို မထိရောက်ပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလောက်နေရာအကျယ်ကြီးကို မင်းက ဘယ်လိုလုပ် ချိပ်စည်းပိတ်နိုင်မှာလဲ” ယန့်ယွိချုံးသည်လည်း တည်ဆောက်မှု သခင်ဖြစ်ရာ လေဟာပြင်ကိုလည်း ပိတ်နိုင်သည်။ သို့သော် သူမသည် တစ်ဒါဇင်မျှရှိသော လူများအစား လူသုံးလေးယောက်ကိုသာ ချိပ်ပိတ်နိုင်သည်။

ထိုမျှကြီးမားသော လေဟာပြင်ချိပ်စည်းသည် ယန့်ယွိချုံးပင် မလုပ်နိုင် ပေ။

ရှစ်မိုလီသည် သူတို့၏ လေးကန်နေ‌သော အပြုအမူကိုပြုံးပြီး လက်ခုပ် တီးကာ ထရပ်လိုက်သည် “ခုနက မင်းတို့ရဲ့ဝိညာဉ်သိုင်းတွေက အရမ်းကို အရောင်အသွေးစုံပါတယ် အရမ်းလှတာပဲ”

“ရှစ်မိုလီ မင်း ဒါကိုဘယ်လိုလုပ်လိုက်တာလဲ” ယန့်ချင်း အော်လေသည် “မဟုတ်ဘူး မဖြစ်နိုင်ဘူး မင်းမှာ အဲလိုအရည်အချင်းမရှိဘူး”

“ငါ့မှာ အဲလိုအရည်အချင်းမရှိပါဘူး” ရှစ်မိုလီသည် ချက်ချင်းပင် ဝန်ခံလေ သည် “အင်း… သူတို့က အဆိပ်ခတ်တာပါလို့ ငါမပြောဘူးလား”

ယန့်ယွိချုံးသည် အံ့ဩသွားသည်။ ဒီစကားက သူတို့ကိုပြောတာမဟုတ် ဘူး ဒါဆိုရင်…

ရှစ်မိုလီ၏ နောက်မှ အစေခံမိန်းကလေးသည် တဖြည်းဖြည်းပြောင်းလဲ သွားပြီး သူမ၏ပုံစံနှင့် အသက်ရှုသံသည် ရှီမာယူယူအဖြစ် ပြောင်းသွားလေ သည်။

“ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ” ယန့်မျိုးနွယ်သည် သူမအား တအံ့တဩ ကြည့်နေသည်။

“မင်းဖြစ်နေတာကိုး အဲဒါကြောင့် ဒီလောက်ကြီးတဲ့နေရာမှာတောင် လေဟာပြင်ပိတ်လှောင်မှုက တည်ငြိမ်နေတာကိုး” ယန့်ယွိချုံးသည် စိတ်ထဲမှ နားလည်မိသည်။ သူမသည် သူတို့နှစ်ယောက်လုံး၏ လှည့်ကွက်ထဲကျသွား သည်ကို သိလိုက်သည်။

“ကျွန်မက စီနီယာရှစ်နဲ့ သဘောတူထားတာ ဒီအဆိပ်က ယန့်မျိုးနွယ်နဲ့ မပတ်သက်ဘူးဆိုရင် ရှင်တို့နှစ်ယောက်ကြားက ကိစ္စတွေကို ဝင်မပါဘူး၊ အဲတုန်းက အဆိပ်ခတ်တာ ရှင်တို့ဆိုတာ သေချာရင် သူမကို ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပေးမယ်” ရှီမာယူယူသည် ဆိတ်ငြိမ်စွာ ပြောလေသည် “ယန့်ယွိချုံး ဒီနေ့က ရှင်နဲ့သူမကြားက ကိစ္စမဟုတ်ဘူး ကျွန်မတို့လည်း အဲဒီနှစ် က အကြွေးကိုရှင်းရမဘ် ကျွန်မ အမေကရှင့်ကို စိတ်ရင်းနဲ့ ဆက်ဆံပေးခဲ့တယ် ဒါပေမဲ့ ရှင်ကတော့ သူမကို အဲလိုမျိုးဆက်ဆံခဲ့တယ် သူမရဲ့ ကလေးအနေနဲ့ ဒီနေ့ အမေ့အစား လက်တုံ့ပြန်ရမယ်”

ပြီးနောက်တွင် သူမသည် ခန္ဓာကိုယ်အား ဝိညာဉ်စွမ်းအားဖြင့် ကာကွယ် ကာ တိုက်ရိုက်ပင် ခေါင်မိုးကို ထိုးဖောက်လိုက်သည်။ သူမသည် လေထဲတွင် ရပ်လိုက်ပြီး နောက်မှလိုက်လာသော ယန့်ယွိချုံးကို ကြည့်လိုက်သည်။

သူမည် လောကအသေးကိုဖွင့်လိုက်ရာ ရှီမာမျိုးနွယ်၏ တိမ်တိုက် ကိုယ်ရံတော်များနှင့် ဖန်မျိုးနွယမ်များထွက်လာသည်။ သူမသည် ဝိညာဉ်သားရဲ များကိုလည်း ခေါ်ထုတ်လိုက်သည်။

***

All Chapters