← Chapters

မိခင်အတွက် လက်စားချေခြင်း

Vol. 121 Ch. 1692

မိခင်အတွက် လက်စားချေခြင်း

Vol. 121 Ch. 1692

ဖန်မျိုးနွယ်များ ထွက်လာသည်နှင့် ကိစ္စများသည် အကျယ်ကျယ်ဖြစ်သွား သည်ကို ယန့်ယွိချုံးသိသည်။ ထိုစဉ်က အဖြစ်အပျက်ကို ရှီမာယူယူမသိလျှင် အဆင်ပြေသေးသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမသိသွားခဲ့ကာ ရှစ်မိုလီနှင့် ပင် အပေးအယူလုပ်ခဲ့သည်။

ယနေ့ကိစ္စမှာ ကယ်ဆယ်ရန် ခက်ခဲသွားလေပြီ။

ထိုနေရာရှိ လှုပ်ရှားမှုမှာ အပြင်လူများသိသွားသဖြင့် အနားမှလူများသည် ကြည့်ရန် ပျော်ရွှင်စွာဖြင့် ပြေးလာကြသည်။

“ယန့်ယွိချုံး ကျွန်မအမေက အဲတုန်းက ရှင့်ကိုအရမ်းကြင်နာပေးခဲ့တယ် ညီမတစ်ယောက်လို ဆက်ဆံခဲ့တယ် ဒါပေမဲ့ ရျင်ကတော့ ကျွန်မအမေနဲ့ အဖေ တို့အတူရှိမှာကို မနာလိုဖြစ်ခဲ့တယ် ရှင် သူမကို အဆိပ်ခတ်ခဲ့တယ်၊ သူမကို သေလုနီးပါးဖြစ်စေခဲ့တယ် အဲဒါတင်မဟုတ်ဘူး အဆိပ်က ကလေးဆီကိုပါ ရောက်သွားခဲ့တယ်၊ အခုထိ ရှင်က ကျွန်မကို လှည့်ဖြားပြီး အဖေ့ရဲ့ အာရုံကို ရဖို့ ကျွန်မကိုအသုံးချခဲ့တယ် ဒီနေ့ ကျွန်မအမေနဲ့ အရင်ကကျွန်မခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် ဖြေရှင်းချက်တောင်းဖို့လာတာပဲ” ရှီမာယူယူသည် ယန့်ယွိချုံး၏ ပြစ်မှုများကို တစ်ခုချင်းစီ ကျယ်လောင်သောအသံဖြင့် ပြတ်သား စွာ အော်ပစ်လိုက်ရာ အဝေးမှ အသံမှာပဲ့တင်ထွက်နေသည်။

အပျော်လာကြည့်သူများသည် ရှီမာယူယူ ယန့်မျိုးနွယ်ကို ရုတ်တရက် တိုက်ခိုက်ခြင်း အကြောင်းအရင်းကို မသိကြပေ။ သို့သော် ယခုကဲ့သို့ အတိတ်မှ နစ်နာစရာများရှိလိမ့်မည်ဟု မည်သူမှထင်မထားပေ။

“အဒေါ်ရှင်း ဒီနေ့ကျွန်မ အမေအတွက် လက်စားချေရမယ် အဲဒါကြောင့် ယန့်မျိုးနွယ်တွေကို နှောင့်ယှက်ခွင့်မပေးပါနဲ့” ရှီမာယူယူသည် ဖန်ရှင်းကို ပြော လိုက်သည်။

ဖန်ရှင်းသည် ချက်ချင်းပင် နားလည်သွားသည်။ အတားအဆီးသည် ခြံဝန်းတစ်ခုလုံးကို လွှမ်းမိုးထားသောကြောင့် ယန့်မျိုးနွယ်များလာချင်လျှင် တောင် ဝင်ရန်မဖြစ်နိုင်ပေ။

“ယန့်ယွိချုံး ဒီနေ့ ကျွန်မအမေကို ကူညီပြီး ဒါကို အဆုံးသတ်ပေးမယ်” ထို့နောက် သူမသည် လက်နှင့်အမှတ်အသားပုံစံတချို့ ပြုလုပ်လိုက်ရာ မကြာမီ တွင် သူမရှေ့တွင် မီးဇာမဏီငှက်သည် ရုပ်လုံးပေါ်လာသည်။ အစပိုင်းတွင် သေးငယ်သည်။ သူသည် လေတွင်တွင် အတောင်ပံခတ်လိုက်သည်နှင့် ကြီးထွားလာကာ တစ်ခဏအတွင်းတွင် ငှက်ကြီးဖြစ်သွားလေသည်။

“သွားတော့”

မီးငှက်သည် မာန်ဟိန်းကာ ယန့်ယွိချုံးဆီသို့သွားလေသည်။ ထိုအချိန် တွင် ယန့်ယွမ်ချုံးသည်လည်း ဝိညာဉ်စွမ်းအင်စုစည်းပြီးဖြစ်သည်။ သူမရှေ့တွင် ကြီးမားလှသော နှင်းဝံပုလွေ ရပ်နေသည်။ တစ်ခုမှာ မီးဖြစ်ကာ တစ်ခုမှာ ရေခဲ ဖြစ်သည်။ ဝိညာဉ်သိုင်းနှစ်ခုမှာ လေထဲတွင် တွေ့ဆုံပေါက်ကွဲရာ အနားမှလူ များသည် ရေကန်အနက်တွင်းသို့ နစ်သွားသလို ခံစားရလေသည်။

ယန့်ယွိချုံးသည် အရင်က ရှီမာယူယူကို မျက်လုံးထဲတွင်ပင် မထည့်ခဲ့ကာ အများဆုံးမှာ သူမတွင် နောက်ခံရှိသည်ဟုသာ တွေးခဲ့သည်။ ထို့ကြောင့် ထို တိုက်ကွက်တွင် နှင်းဝံပုလွေ အနိုင်ရမည်ဟုထင်ထားသည်။ သို့သော် မီးငှက်ကို နှင်းဝံပုလွေမှ မသတ်နိုင်ဘဲ အစိတ်စိတ်အမွှာမွှာကွဲသွားလေသည်။ နှစ်ဖက်လုံး မှာ စွမ်းရည်အတူတူလောက်ပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သူမသည် နှင်းဝံပုလွေ၏ အခြေအနေကို မြင်သောအခါ တအံ့တဩအော်ပြီး ရုတ်တရက် နားလည်သွားသည်။

“ဟုတ်သားပဲ ရှီမာမျိုးနွယ်ရဲ့ ပေါင်းစပ်မှုနည်းပညာက မင်းအားကို တိုးလာစေတာပဲ ဒါပေမဲ့ အဲလိုဆိုရင်တောင် မင်းက ငါ့ပြိုင်ဘက်မဟုတ်သေး ဘူး”

“အင်း… စမ်းကြည့်လို့ရတယ်လေ” ထိုသို့ပြောပြီးနောက် ရှီမာယူယူသည် လက်ဖြင့် အမှတ်အသားပုံစံ လုပ်လုပ်လိုက်ရာ ဓားတိုတစ်ချောင်း သူမရှေ့တွင် ပေါ်လာသည်။ ထို့နောက် ၂ ချောင်း၊ ၃ ချောင်း၊ ၄ ချောင်း… သူမ ပြီးသွားသော အခါ ဓားမြှောင်ပေါင်း ရာချီပေါ်လာကာ ယန့်ယွီချုံးဆီသို့ ပျံသွားလေသည်။

“ချွမ်း”

ယန့်ယွိချုံးသည် ရှည်လျားသည့် အဖြူရောင်ခါးစည်းထုတ်ပြီး ဝေ့ယမ်း လိုက်ရာ ဓားတိုများအားလုံး ပျောက်ကွယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် နောက်လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်နှင့် ရေခဲကြာပန်းသည် ရှီမာယူယူကို တိုက်ခိုက်ပြီး နှောင့်ယှက်လေသည်။

ရှီမာယူယူသည် ရေခဲကြာပန်းကိုမြင်သောအခါ အထဲမှ အလွန် အားကောင်းသော စွမ်းအားကိုခံစားမိကာ ချက်ချင်းပင် ကိုယ်ကိုလှိမ့်ရှောင် လိုက်ရာ ရေခဲကြာပန်းသည် သူမအောက်မှ ထိုးထွက်သွားလေသည်။

သူမ ခန္ဓာကိုယ်သည် လုံးဝပင် ထိခိုက်မှုမရှိပေ။

“မင်းက ခန္ဓာကိုယ်သန့်စင်သူလား” ယန့်ယွိချုံးသည် အနည်းငယ် အံ့ဩ သွားသည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောပြီးနောက်တွင် လျှပ်တပြက်သွားလိုက်ရာ ယန့်ယွိချုံးဘေးတွင် သွားပေါ်လေသည်။ သူမသည် သူမ၏ ဝိညာဉ်စွမ်းအားနှင့် တိုက်ခိုက်သည်ကို လက်လျော့ပြီး အနီးကပ်တိုက်ကွက်ကို ရွေးလိုက်တော့ သည်။

သူမသည် စာချုပ်သားရဲနှင့် ပေါင်းစပ်ထားသော စွမ်းအားကို ထပ်ပေါင်း လျှင်တောင် ယန့်ယွိချုံး၏ ဝိညာဉ်စွမ်းအားထက်ပိုမကောင်းနိုင်သည်ကို သူမ မြင်နိုင်သည်။ ထို့ကြောင့် ထိုအရာကိုလက်လျော့လိုက်ကာ အနီးကပ်တိုက်ခိုက် ခြင်းကို ရွေးခြင်းဖြစ်သည်။

သို့သော် သူမကို အံ့ဩစေသည်မှာ ယန့်ယွိချုံးသည် အမှန်တကယ်ပင် သန်မာသည်။ ယန့်ယွိချုံး၏ လှုပ်ရှားမှုများသည် သူမလောက် မမြန်သော်လည်း  အားမနည်းပေ။ သူတို့နှစ်ယောက်တိုက်ခိုက်ရာတွင် ယန့်ယွိချုံးသည် ထိခိုက်မှု မကြီးမားပေ။

ကံကောင်းစွာပင် ရှီမာယူယူသည် သွက်လက်ပေါ့ပါးပြီး သူမထက် လေဟာပြင်ကို နားလည်သောကြောင့် ခြုံကြည့်လျှင် သူမသည် ဖိနှိပ်နိုင်တုန်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် လျှပ်တပြက်သွားလာခြင်းကို အသုံးပြု ရာ နှစ်ယောက်လုံးသည် တစ်နေရာတွင် နှစ်ချက်မျှတိုက်ခိုက်ပြီးနောက် နောက်တစ်နေရာတွင် သုံးလေးကြိမ်တိုက်ခိုက်သည်ကို အားလုံးမြင်နေရသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် နှစ်ယောက်သည် ပြန်ပျောက်သွားကာ ပြန်ပေါ်လာချိန်တွင် နောက်တစ်နေရာရောက်နေပြီဖြစ်သည်။

ယန့်မျိုးနွယ်မှလူများသည် ထိုနေရာတွင် လှုပ်လှုပ်ရှားရှားအသံများကြား သည်နှင့် ပြေးလာကြသည်။ ရှီမာယူယူ၏ တွန်းအားကြောင့် တစ်လှမ်းချင်းစီ ဆုတ်သွားသည့် ယန့်ယွိချုံးနှင့် သတိလွတ်သွားသည်နှင့် အသတ်ခံရသည့် ကိုယ်ရံတော်များကိုကြည့်ပြီး ယန့်မျိုးနွယ်၏ ခေါင်းဆောင်မှာ ရင်နာလျက်ရှိ သည်။

“ရှီမာယူယူ ယန့်မျိုးနွယ်က မင်းကိုမနိုင်ဘူးလို့မထင်လိုက်နဲ့ ဒီလူတွေက မင်းကို အနိုင်ကျင့်ခွင့်ပေးနေတာ၊ ငါတို့ကမင်းကို သဘောထားကြီးကြီးနဲ့ ဖန်ညီလာခံကို ဖိတ်ထားတာ မင်းက ငါ့မိသားစုအဖွဲ့ဝင်တွေကို လာသတ်တယ် ဖန်မျိုးနွယ်မှာရော ဘာအကြောင်းအရင်းရှိလဲလို့ ငါမေးချင်တယ်” ယန့်မျိုးနွယ် မိသားစုခေါင်းဆောင်သည် အပြင်မှ အတားအဆီးကြောင့် အထဲကိုဝင်မရပေ။ ထို့ကြောင့် သူသည် အပြင်တွင်သာ အလောတကြီးလုပ်ရတော့သည်။

“ခေါင်းဆောင်ယန့် ကျုပ်တို့က ခင်ဗျားရဲ့ယန့်မျိုးနွယ်ကိုသာ ဖျက်ဆီးချင် ရင် ခင်ဗျားသမီးကိုပဲသတ်မှာမဟုတ်ဘူး” ဖန်မျိုးနွယ်မှ တစ်ယောက် အော်လေ သည် “ခင်ဗျားတို့ ယန့်မျိုးနွယ်က လူတွေကို ဒီလောက်လိမ်နေကြတာ ကျုုပ်တို့ သခင်ရှေ့မှာ အကျိုးအသင့်အကြောင်းသင့် ပြောချင်ရင်တောင် ဘာမှကောင်း တာဖြစ်လာမှာမဟုတ်ဘူး”

“ဘာအဓိပ္ပာယ်လဲ” ယန့်မိသားစုခေါင်းဆောင် ထိတ်လန့်သွားသည်။ မိသားစုထဲမှာ သူ မသိတဲ့ကိစ္စတွေများ ဖြစ်ခဲ့တာလား။

“ဦးလေးယန့် ယန့်ယွိချုံးက ရှီမာယူယူရဲ့ အမေကိုအဆိပ်ခတ်ခဲ့တာကို မသိဘူးလား” ရှစ်မိုလီသည် အတားအဆီးအစွန်းတွင်ရပ်ပြီး အပြုံးဖြင့် ပြော လေသည် “ရှီမာယူယူရဲ့အမေနဲ့ ရှင့်သမီးတို့ဆက်ဆံရေးက ကောင်းတယ် ဒါပေမဲ့ ရှင့်သမီးက သူများကို အဆိပ်သွားခတ်တယ်လေ၊ အဲတုန်းက သူမ အမေ က ကိုယ်ဝန်ရှိနေပြီး ပန်းမူးအဆိပ်မိသွားတယ်၊ လူသားတွေအတွက်ဆိုရင် တော့ နှစ်တစ်ဝက်တောင် နေနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ သူမက တစ္ဆေမျိုးနွယ် ကဖြစ်နေတော့ အသက်ရှင်နိုင်ရုံမကဘဲ ရှီမာယူယူကိုပါ မွေးနိုင်ခဲ့တယ် ဒါပေမဲ့ အဆိပ်က ရှီမာယူယူရဲ့ ခန္ဓာကိုယ်ထဲကုရောက်သွားပြီး သူမ၏ သွေးကြောတွေ ပိတ်ခဲ့ရတယ်၊ သူမက ၁၀ နှစ်ကျော်ကြာအောင် မကျင့်ကြံနိုင်ခဲ့ဘူး သူများတွေ အနိုင်ကျင့်တာခံရသလို ၁၀ နှစ်ကျော်လောက် အမှိုက်လို ဆက်ဆံခံခဲ့ရတယ်”

“ဘယ်လိုလုပ် ချုံးအာက…” ယန့်မိသားစုခေါင်းဆောင်သည် မယုံနိုင်ပေ။ အကယ်၍ ယန့်ချင်းနှင့် တခြားသူသာဖြစ်ပါက ဖြစ်နိုင်သည်ဟု သူတွေးမည်။ သို့သော် ယန့်ယွိချုံးဖြစ်နေရာ သူ မယုံနိုင်ပေ။

“ဦးလေးယန့် ယန့်ယွိချုံးက ကိုယ်တိုင်ဝန်ခံပြီးပြီ” ရှစ်မိုလီ ပြောလိုက် သည်။ “မဟုတ်ရင် ရှီမာယူယူက သူမကိုယ်တိုင် တိုက်ဖို့ ဘာလို့စဉ်းစားမှာလဲ”

ယန့်မျိုးနွယ်ခေါင်းဆောင် မယုံနိုင်ဖြစ်နေသည်ကို ကြည့်ပြီး ရှစ်မိုလီသည် သူ၏ရင်ဘတ်တစ်ခုလုံးကို ဆက်ပြီးထိုးဆွလေသည် “ဦးလေးယန့် ယူယူအခု လေးတင်ပဲပြောတယ် သူမက ယန့်ယွိချုံးကိုယ်တိုင်ပဲ တာဝန်ယူရမယ် ယန့်မျိုးနွယ်ကို မပတ်သက်စေချင်ဘူး၊ ဒါပေမဲ့ ယန့်မျိုးနွယ်က သူမကို တိုက်ခိုက်ခဲ့တယ်… အဲလိုဆိုမှတော့ သူမလည်း နူးညံ့မနေတော့ဘူးလေ သူမ က လက်လျော့မှာမဟုတ်ဘူး အဲဒါကြောင့် ဦးလေးယန့် မိသားစုမျိုးနွယ်တစ်ခု လုံးအတွက် ထည့်စဉ်းစားရမှာပေါ့”

ယန့်မျိုးနွယ်ခေါင်းဆောင်နှင့် အနောက်မှအကြီးအကဲများအားလုံးသည် ဖြူဖျော့သွားတော့သည်။ ဖန်မျိုးနွယ်သည် ယန့်မျိုးနွယ်၏ အစောင့်များကို သတ်ပြီးနောက် ရှီမာယူယူအား ကာကွယ်ရန် အဘက်ဘက်တွင်နေရာယူလိုက် ကြသည်။ သူမသာ အန္တရာယ် တစ်စုံတစ်ရာနှင့်တွေ့ပါက သူတို့ ပြန်တုံ့ပြန်မည် ဖြစ်ပြီး သူမကို အရင်ကာကွယ်မည်ဖြစ်သည်။ ထိုကာကွယ်သည့် အပြုအမူများ သည် သူမ၏ ဖန်မျိုးနွယ်အတွင်းအရေးကြီးမှုကိုပြသနေကာ သူမကို တစ်ချိန် လုံးကာကွယ်နေသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်ပါလား။

ယန့်မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူသည် မိသားစု တစ်ခုလုံးကို စဉ်းစားရမည်။ ယန့်ယွိချုံးနှင့် တခြားသူများသည် သူ၏ သမီးအရင်းများဖြစ်ကြသော်လည်း သူမကိုကယ်ရန် မိသားစုတစ်ခုလုံးကို မစတေးနိုင်ပေ။

ထို့အပြင် သူတို့သည် အတားအဆီးကိလည်း မဝင်နိုင်ပေ။ ရှီမာယူယူ ထွက်လာချိန်တွင် အားလုံးနိဂုံးချုပ်နေပြီဖြစ်သည်။ သူသည် ကိုယ့်သေတွင်း ကိုယ်တူးသည့် သမီးဖြစ်သူနှင့် မျိုးနွယ်တစ်ခုလုံးကို အလဲအလှယ်မလုပ်နိုင်ပေ။

***

All Chapters