လွမ်းနေတာ…
Vol. 121 Ch. 1693
ထို့ကြောင့် ယန့်မျိုးနွယ်တစ်ခုလုံးသည် နှုတ်ဆိတ်နေကြသည်။ ခိုင်မာ သော အင်အားစုရှေ့တွင် သူတို့သည်လည်း ခုခံရန်စွမ်းအားမရှိတော့ပေ။
ယန့်ယွိချုံးသည် အစကတည်းက ယန့်မျိုးနွယ်များလာကြသည်ကို မြင် သည်။ သူမသည် ခေတ္တမျှပျော်သွားပြီးနောက် စိတ်ထဲမှ မျှော်လင့်ချက်အလင်း ပွင့်သွားခဲ့သည်။ ရှီမာယူယူနှင့်တိုက်ခိုက်ရင်းနှင့် သူမတွင် အားသာချက်မရှိဘဲ အမြဲတမ်း ပြိုင်ဘက်၏ ဖိနှိပ်ခြင်းကို ခံနေရသည်။ ဖန်မျိုးနွယ်မှ သူမလူများကို သတ်သည်ကို မြင်နေရသလို သူမ၏ ညီမနှစ်ယောက်သည်လည်း မျက်လုံး အပြူးသားဖြင့် သေဆုံးနေလေပြီ။ ဖန်မျိုးနွယ်နှင့် ရှီမာမျိုးနွယ်၏လူများသည် နေရာတစ်ခုလုံးကို ဝိုင်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူမစိတ်ထဲတွင် စိတ်ပျက်အားလျော့သွားတော့သည်။
ထိုအချိန်တွင် သူမသည် သူမနှင့်အနီးဆုံးတွင်ရှိနေသော သူမကို အမြဲတစေ ဂရုစိုက်ခဲ့သော မျိုးနွယ်ဝင်များကို မြင်လိုက်ရသည်။ သူမသည် အကူအညီတောင်းချင်သော်လည်း သူတို့မျက်နှာမှ သုန်မှုန်မှုများကို မြင်သော အခါ သူမစိတ်မှာ ကိုင်ဆောင့်လိုက်သလိုပင်။
အချိန်ကြာမြင့်စွာ ရာထူးမြင့်မြင့်နှင့် သူများအထက်တွင် နေလာသော လူတစ်ယောက်အနေနှင့် သူမသည် ထိုမျက်နှာထားများကို တစ်ချက်တည်း ကြည့်သည်နှင့် နားလည်သည်။ သူမသည် လက်လျော့လိုက်ရသည်။ မျိုးနွယ် မိသားစုတစ်ခုလုံး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရလေပြီ။
သူမ စိတ်ပျံ့လွင့်နေချိန်တွင် ရှီမာယူယူသည် သူမ၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် တိုက်လိုက်ရာ သူမသည် လေထဲမှ မြေပေါ်သို့ ကျသွားလေ သည်။ သူမ၏ နောက်ဆုံးကျန်ရှိနေသော ဝိညာဉ်စွမ်းအားကို ထုတ်သုံးလိုက် ခြင်းကြောင့်သာ အရှိန်ခပ်နှေးနှေးဖြင့် မြေပေါ်သို့ကျသွားရာ ရလဒ်မှာ ယူကျုံး မရဖြစ်စေသည်။ သူမသည် အသက်ရှင်နေနိုင်လျှင်တောင် မသန်စွမ်းဖြစ်တော့ မည်သာဖြစ်သည်။
သို့သော် သူမကို အရင်အနာဆုံးကိစ္စမှာ ခန္ဓာကိုယ်မှ ဒဏ်ရာများမဟုတ် ဘဲ မျိုးနွယ်၏ သဘောထားပင်ဖြစ်သည်။
“ဝဋ်လည်ပြီ ဝဋ်လည်ပြီ ဟားဟား…” ဤတစ်ကြိမ်တွင် သူမသည် တိုက်ခိုက်နိုင်စွမ်းများ အားလုံး ကုန်ဆုံးသွားကာ မြေပေါ်တွင်လှဲပြီး ပြန်မထဘဲ ကယောင်ကတမ်းဖြင့် ရေရွတ်နေလေသည်။
“တစ်ခါက ငါ ဒီလိုမျိုးပဲလုပ်ခဲ့တယ် ငါ စွန့်ပစ်ခဲ့တဲ့ လူ ထောင်ချီမဟုတ် ရင်တောင် ရာချီရှိခဲ့တယ်၊ ဒီနေ့ ငါဒီအရသာကို ခံစားနေရပြီ မင်းပြောကြည့် ဒါက ဝဋ်လည်တာလား” ယန့်ယွိချုံးသည် ရှီမာယူယူကို ပြောသနေသလိုလိုနှင့် သူမကိုယ်သူ ပြောနေသလိုပင်။
“ရှင်ပြောတဲ့ ဝဋ်လည်တယ်ဆိုတာ ဘာလဲတော့မသိဘူး ဒါပေမဲ့ ဒီနေ့ ရလဒ်ကတော့ ရှင့်ကြောင့်ပဲဖြစ်လာတာပဲ၊ အဲတုန်းက ရှင်သာ ကျွန်မအမေကို မလုပ်ကြံခဲ့ဘူးဆိုရင် ဒီနေ့ရလဒ်ဖြစ်လာမှာမဟုတ်ဘူး” ရှီမာယူယူ နှာမှုတ်လေ သည်။
“ဟုတ်တယ် ငါ နောက်ဆုံးတော့ နားလည်သွားပြီ ကံမကောင်းစွာနဲ့ပဲ နောက်ကျလွန်းခဲ့ပြီ…” သူမ ပြောရင်းနှင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းလာပြီး အလင်းများလည်း ထွက်လာသည်။
“သခင်မလေး သတိထားပါ သူမ ပေါက်ကွဲတော့မယ်” ရှီမာမျိုးနွယ်မှ အော်လိုက်သည်။
ယန့်ယွိချုံးသည် သူမကိုယ်သူမ ပေါက်ကွဲစေလိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။ သို့သော် သူတို့သည် နီးလွန်းသဖြင့် ယန့်ယွိချုံးသာ သူမကိုယ်သူမ ပေါက်ကွဲလိုက်ပါက သူမ လွတ်မြောက်ရန် အချိန်မရှိနိုင်တော့ပေ။
“ဘုန်း”
ကြီးမားသော ပေါက်ကွဲမှုအားသည် ခြံဝန်းတစ်ခုလုံးကို ပြာကျသွားစေ သည်။ ဖန်ရှင်း၏ အတားအဆီး ကာကွယ်မှုကြောင့်သာမဟုတ်လျှင် တစ်မြို့လုံး သည် အပျက်အစီးများဖြစ်သွားနိုင်သည်။
တူညီစွာပင် အတားအဆီးအတွင်းတွင် ပေါက်ကွဲသည့် စွမ်းအားကို ကာကွယ်နိုင်ပြီး အထဲမှလူများသည် ထိုအားကို ခံနိုင်ရည်ရှိကြသည်။
ရှီမာယူယူသည်လည်း ဖန်ရှင်း၏ အတားအဆီးထဲမှ မထွက်နိုင်ပေ။ သူမ ပါ ကျဆုံးတော့မည်ဟု အပြင်မှလူအားလုံး င်လိုက်ကြသည်။ ယန့်မျိုးနွယ် ခေါင်းဆောင်သည်လည်း နှုတ်ခမ်းထောင့်တွန့်သွားပြီး ပြုံးလိုက်သည်။
သူ မလုပ်နိုင်ကြောင်းကို ချုံးအာသိသဖြင့် သူမဘာသာ လက်စားချေသွား ခြင်းပင်ဖြစ်သည်။
သို့သော် တခြားသူများအတွက်ကတော့ တောက်ပသော ပုလဲတစ်လုံး ကျဆုံးသွားသည့်အတွက် နှမြောရုံတင်သာမကဘဲ ဖန်မျိုးနွယ်မှ ကန်မာမြို့ တစ်ခုလုံးကို မထိခိုက်ရန်ကိုသာ ဆုတောင်းရတော့သည်။
“ဟင်း” အေးစက်သော နှာမှုတ်သံသည် အားလုံး၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ မီးခိုးဖြူများ ပျောက်ကွယ်သွားချိန်တွင် အထဲမှ အခြေအနေကို အားလုံး မြင်လိုက်ရလေသည်။
ရှီမာမျိုးနွယ်နှင့် ဖန်မျိုးနွယ်မှ ပျောက်သွားသည့်သူမရှိသလို အထိအခိုက် ပင်မရှိပေ။ တစ်ဖက်တွင်တော့ ရှစ်မိုလီသည် အနည်းငယ်ရှက်ရွံ့နေသလိုပင် သို့သော် အနည်းဆုံးတော့ ဘေးကင်းနေသည်။
“ယူယူ မင်း လေဟာပြင်ချိတ်စည်းပိတ်မယ်ဆိုလည်း အနည်းဆုံးတော့ သေချာလုပ်လေ” ရှစ်မိုလီသည် သူမ၏ အင်္ကျီကို ဆွဲပြီး နှုတ်ခမ်းဆူကာ စောဒကတက်လေသည်။
“ဒီတစ်ခေါက်က ကျွန်မလုပ်တာမဟုတ်ဘူး” ရှီမာယူယူသည် ဖြူစင်စွာ ဖြင့် မျက်တောင်ခတ်ပြလေသည်။
ဤတစ်ကြိမ်တွင် ကြီးမားလှသော နေရာကို စည်းပိတ်သည်မှာ ဖန်ရှင်း ဖြစ်သည်။ သူမ မဟုတ်ပေ။
“အင်း…”
ရှစ်မိုလီသည် သူမနှာခေါင်းကိုသူမ ကိုင်လိုက်သည်။ အင်း… ဒါမျိုးကို ရှီမာယူယူကို ပြောရဲသော်လည်း ဖန်မျိုးနွယ်ကိုတော့ မပြောရဲပေ။
“ခေါင်းဆောင်ယန့် ရှင်တို့အကြီးဆုံးသခင်မလေးက သူမကိုယ်သူမ ပေါက်ကွဲအောင်လုပ်ပြီး ကျွန်မတို့ သခင်မလေးကို သတ်မိတော့မလိုတောင် ဖြစ်သွားတာ ဒီတစ်ခေါက်တော့ မှတ်ထားလိုက်မယ် နောက်မှစာရင်းရှင်းမယ်” ဖန်ရှင်းသည် အေးစက်စွာ ပြောလေသည်။
ဖန်မျိုးနွယ်သည် အခက်တွေ့အောင် လုပ်နိုင်သည်ကို ခေါင်းဆောင်ယန့် နားလည်သည်။ အထဲမှလူအားလုံး သေသွားလျှင်အဆင်ပြေသည်။ ဖန်မျိုးနွယ် မှ စုံစမ်းလျှင်တောင် ရှီမာယူယူ လုပ်သည်ဟု ပြောလို့ရသည်။ ယခု သူမ အသက်ရှင်နေသဖြင့် ပြဿနာပါပါလာတော့သည်။
ယခုအချိန်တွင် ရှီမာယူယူသည် အဆင်ပြေနေသော်လည်း အစောပိုင်းက အန္တရာယ်များသော အခိုက်အတန့်ပင်ဖြစ်သည်။ ဖန်မျိုးနွယ်သည် ဒေါသထွက် နေကာ ယန့်မျိုးနွယ်သည် ယန့်ယွိချုံး အစောကပြုလုပ်သွားသော အပြုအမူ အတွက် တာဝန်ယူရမည်။
သူသည် ဖန်ရှင်းဆီသို့ လက်သီးဆုပ်ဖြင့်အရိုအသေပြုကာ ပြောလိုက် သည် “သခင်မ စိတ်အေးအေးထားပါ ကျွန်တော့်သမီးက မှားတာပါ သူမက သခင်မလေးယူယူကို အပြစ်လုပ်မိတာပါ ကျွန်တော်တို့ ယန့်မျိုးနွယ်က ပြန်ဆပ်ဖို့ဆန္ဒရှိပါတယ်၊ ကျွန်တော်တို့ပေးမယ့် လျော်ကြေးက သခင်မလေးနဲ့ သခင်မတို့ရဲ့ ဒေါသကို ငြိမ်စေမယ့်လို့ မျှော်လင့်ပါတယ်”
ရှီမာယူယူသည် အစပိုင်းက မိခင်ဖြစ်သူအတွက် လက်စားချေရန် ယန့်ယွိချုံးကို သတ်ချင်ခဲ့သည်။ သို့သော် ယန့်မျိုးနွယ်၏ ရွေးချယ်မှုမှာ မပျော် ရွှင်စရာပင်။ ယန့်ယွိချုံးသည် ယန့်မျိုးနွယ်အတွက် အများအပြားလုပ်ပေးခဲ့ သော်လည်း နောက်ဆုံးတွင်တော့ မိသားစုမှ စွန့်ပစ်ခဲ့သည်။ သူမ ဖခင်သာဆို လျှင် ထိုရွေးချယ်မှုလုပ်မည်မဟုတ်ပေ။
“အဒေါ်ရှင်း ဒီကိစ္စတွေကို အဒေါ့်ကိုပဲ အပ်ထားလိုက်ပါမယ်” ရှီမာယူယူ သည် ယန့်မျိုးနွယ်နှင့် မပတ်သက်ချင်တော့သဖြင့် ထိုသို့ပြောပြီးသည်နှင့် ထွက်လာခဲ့လိုက်သည်။ ထွက်မသွားခင်တွင် သူမသည် ပျော်ရွှင်စွာကြည့်နေ သော ရှစ်မိုလီကို ခေါ်ခဲ့လိုက်သည်။
သူတို့ ပြန်ပေါ်လာသောအခါ ကန်မာမြို့တော်အပြင်သို့ရောက်နေပြီဖြစ် သည်။
“စီနီယာရှစ် သဘောတူထားတဲ့အတိုင်း ရှင့်ကိုကန်မာမြို့အပြင်ကို ခေါ် လာခဲ့ပြီး သဘောတူညီချက်က ပြီးသွားပြီ နှုတ်ဆက်ပါတယ်” ရှီမာယူယူ လှည့်ပြီးထွက်သွားသည်။ ရှစ်မိုလီသည် သူမကို တားချင်သော်လည်း မျက်စိရှေ့ တွင် ပျောက်သွားသည်ကို မြင်လိုက်ရသည်။
“ဒီကောင်မလေးက ဘယ်လိုဖြစ်နေတာလဲ ဘာလို့ သူမ ဒဏ်ရာရနေ သလိုပုံဖြစ်နေတာလဲ” သူမ ရေရွတ်လိုက်သည် “အာ… အချိန်က လူအိုတွေ နေရာကို လူငယ်တွေကို အစားသွင်းလိုက်ပြီပဲ ငါအိုနေပြီ”
ရှီမာယူယူ ထွက်သွားပြီးနောက်တွင် ကန်မာမြို့နှင့် ဝေးဝေးလာသည်ကို သိလိုက်ရသည်။ သူမသည် တောင်တစ်လုံး၏ ထိပ်သို့သွားထိုင်ကာ အထူး သားအမိကျောက်တုံးထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့် လိုက်သည်။
မကြာမီတွင် လှုပ်ရှားမှုတစ်ခုဖြစ်လာသည်။
“ယူအာ ဘယ်လိုလုပ် အဖေ့ကိုဆက်သွယ်ဖို့ စဉ်းစားမိတာလဲ တစ်ခုခုဖြစ် လို့လား” ရှီမာလျူရွှမ်၏ အသံသည် မိခင်ကျောက်တုံးမှထွက်လာသည်။
ရှီမာယူယူသည် သူ၏ နွေးထွေးပြီးဂရုစိုက်တတ်သော အသံကိုကြားသော အခါ နှုတ်ခမ်းဆူပြီး မကျေနပ်သော အသံဖြင့် ပြောလိုက်သည် “ဘယ်အဖေက ဒီလိုမျိုးဖြစ်လို့လဲ အဖေ့သမီးက တစ်ခုခုဖြစ်မှ အဖေ့ကိုရှာရမှာလား”
“ဟားဟား ဒါဆိုပြော ဘာရှာနေတာလဲ” ရှီမာလျူရွှမ်သည် နှစ်ကြိမ်မျှ ရယ်မောကာ ရယ်မောသံကိုချုပ်တည်းပြီး လေးနက်သော မေးခွန်းမေးဟန်ပြု လေသည်။ သို့သော် ရှီမာယူယူသည် သူ့စကားများမှ ရယ်သံကို ကြားနေရတုန်း ပင်ဖြစ်သည်။
“ဘာမှမဟုတ်ဘူး အဖေ့ကိုလွမ်းလို့” ရှီမာယူယူ ထိုစကားပြောလိုက် သည်နှင့် နှာခေါင်းမှယားလာသလိုခံစားရသည်။
ခေတ္တမျှတိတ်ဆိတ်သွားပြီး မေးလာလေသည် “အခုဘယ်မှာလဲ”
“သမီးက ကန်မာမြို့အပြင်က တောင်အသေးလေးတစ်ခုမှာ အဖေ အခု…”
ရှီမာယူယူ စကားမဆုံးခင်မှာပင် တစ်ဖက်မှ ဆက်သွယ်မှုမှာ ပြတ်တောက်သွားရာ သူမ မှင်တက်သွားလေသည်။
ဟူး…
သူမ ဘာကြောင့် စိတ်ဓာတ်ကျနေသလဲမသိပေ။ သူမသည် ယန့်ယွိချုံး ကို သတ်လိုက်သည့်အပေါ် နောင်တမရပေ။ သို့သော် စိတ်ပေါပ့သွားခြင်း မရှိ ဘဲ ယန့်ယွိချုံ သေသွားသော မျက်နှာကိုတွေးကြည့်ပြီး သူမ စိတ်မှာလှုပ်ရှားနေ တုန်းပင်ဖြစ်သည်။
ယန့်မျိုးနွယ် ထိုသို့လုပ်လိုက်သည်ကို နားလည်နိုင်ပေမဲ့ မသက်မသာ ခံစားနေရတုန်းပင်။
သူမသည် ထိုနေရာတွင် တစ်ညလုံးထိုင်သည်။ မနက်ပိုင်း ပထမဆုံး နေရောင်တောက်ချိန်တွင် ရွှေရောင်တောက်နေသည့်နေရာမှ အမျိုးသား တစ် ယောက်ပျံလာသည်ကို မြင်လိုက်ရသည်။
သူ့ကို မြင်သောအခါ သူမ ချက်ချင်းပင် မတ်တတ်ထလိုက်ပြီး ပျော်ရွှင် စွာဖြင့် ရှေ့သို့ခုန်ပေါက်ကာ ခေါင်းမော့ပြီး မေးလိုက်သည် “အဖေ ဘာလို့ ဒီကို ရောက်လာတာလဲ”
***