ကျွန်မသတ်မယ် ဆရာတို့ စုံစမ်းလို့ရတယ်
Vol. 121 Ch. 1694
ရှီမာလျူရွှမ်သည် သူမကိုဖက်ပြီး ခေါင်းပုတ်ကာ ပြောလိုက်သည် “အဖေ သိနေတယ် သမီးက သမီးအမေလိုပဲ၊ တစ်ခုခု သက်တောင့်သက်သာ မဖြစ်တာ နဲ့ သူများကို အသိမခံဘဲ ပုန်းနေတာ၊ ပြီးတော့ အဖေ့ရင်ကို ကြောင်လေးလိုမျိုး ဟိုဟိုဒီဒီ ကုတ်ခြစ်တော့တာပဲ… ဟင်”
ရှီမာယူယူသည် ရှက်ရွံ့စွာရယ်မောလိုက်သော်လည်း သူ၏ ရင်ခွင်မှ မထွက်ပေ။ “အဖေ မသေလူတွေနဲ့ အနက်ဝတ်လူတွေကို မစစ်ဆေးဘူးလား ဘာလို့ ဒီလောက်မြန်မြန်ပြန်လာတာလဲ”
“သဲလွန်စတစ်ခုရခဲ့တယ် အနီးအနားကပဲရလာခဲ့တာ” ရှီမာလျူရွှမ် ပြော လိုက်သည် “အဲအကြောင်းကို နောက်မှပြောပြမယ် သမီးဘာဖြစ်တာလဲ ပြောပြ ဦး၊ ဘယ်သူက ငါ့ကလေးလေးကို အနိုင်ကျင့်တာလဲ”
“ဘယ်သူမှ သမီးကိုအနိုင်မကျင့်ဘူး ဒီအတိုင်း စိတ်ကသိကအောက် ခံစားနေရလို့ ပြီးတော့ အဖေ့ကို အရမ်းလွမ်းနေတာ” ရှီမာယူယူသည် ရှီမာလျူရွှမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
“တကယ်လား အင်း… ငါ့သမီးက အဖေ့ကိုတောင် လွမ်းတတ်နေတာပဲ အဖေကတော့ အရမ်းကျေနပ်နေပြီ” ရှီမာလျူရွှမ်သည် ပြုံးပြီးပြောလေသည် “စဉ်းစားကြည့်ရအောင် ယန့်ယွိချုံးကိုရှင်းတုန်းက သူမက ဒေါသဆွလိုက်တာ လား”
“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” ရှီမာယူယူသည် သက်ပြင်းချကာ အဖြစ်အပျက်များကို ပြောပြလိုက်သည်။
သူမ ပြောသည့်အရာများကို နားထောင်ကြည့်ပြီး ရှီမာလျူရွှမ်သည် သူမ ခေါင်းကို နူးညံ့စွာပွတ်သပ်ပြီး ပြောလိုက်သည် “စိတ်မပူနဲ့ အဖေက သမီးဘေး မှာ အမြဲရှိမှာ ဘယ်သူက သမီးကိုအနိုင်ကျင့်ရဲလဲ အဖေနဲ့အရင် ရင်ဆိုင်ရမယ်”
“အဖေက ဒီကမ္ဘာမှာအကောင်းဆုံး အဖေဆိုတာသမီးသိတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
ဤကမ္ဘာသည် သာမာန်ကမ္ဘာနှင့် ကွဲပြားကာ မိသားစုသံယောဇဉ်မှာ လည်း မရိုးစင်းလှပေ။ တခြားအဖေသာဆိုရင် သမီးဖြစ်တဲ့သူ အသံမကောင်း တာနဲ့ အကုန်လုံးကိုပစ်ချထားပြီး အမြန်ပြေးလာမှာလား။ သူမရဲ့ ထုံထိုင်းတဲ့ အဖေပဲ အဲလိုလုပ်မှာပဲ။
“ကံမကောင်းစွာနဲ့ပဲ အဖေက အရည်အချင်းရှိတဲ့ အဖေမဟုတ်ဘူး” ရှီမာလျူရွှမ်သည် သမီးဖြစ်သူကို တောင်းပန်တုန်းပင်။ တာဝန်အများစုမှာ သူလုပ်ရမည့်အရာများဖြစ်သည်။ သို့သော် သမီးဖြစ်သူကိုသာ ထမ်းပိုးခိုင်းထား သည်။
“အဖေက အရည်အချင်းမရှိဘူးလို့ ဘယ်သူပြောလို့လဲ အဖေ့လိုဆိုရင် အပြင်ထွက်လိုက်တာနဲ့ စွမ်းအားအရှိဆုံးလို့ တခြားသူတွေပြောနေကြတာပဲ အဖေ့ကို သမီးကိုဒီလောက်ချစ်ဖို့ ဘယ်သူပြောလို့လဲ တခြားကိစ္စတွေကတော့ သမီးတို့က မိသားစုတွေဆိုတော့ ဟိုဟာကို ဘယ်သူလုပ်ရမယ် ဘယ်သူက တာဝန်ရှိတယ်ဆိုတာမျိုး မရှိဘူးလေ” ရှီမာယူယူ သူ့ကို နှစ်သိမ့်ပေးလိုက် သည်။
“အင်း အဖေ့သမီးက ဒီလောက်ပြောနေမှတော့ စိတ်သက်သာရာရသွား ပါပြီ” ရှီမာလျူရွှမ်သည် အလေးအနက်ထားပြောလေသည်။
ရှီမာယူယူသည် ရှီမာလျူရွှမ်၏ အတုအယောင် လေးနက်နေသော မျက်နှာကို ကြည့်ပြီး နှုတ်ခမ်းဆူလေသည် “အဖေ သမီးကိုစနေပြန်ပြီ”
“ဟားဟားဟား…” ရှီမာလျူရွှမ် ရယ်မောပြီးနောက် သူမ ခေါင်းကို ထိပြီး ပြုံးလိုက်သည် “ကလေးစုတ်လေး…”
ရှီမာယူယူ ပြုံးလိုက်သည်။ သူမ၏ စိတ်ညစ်မှုများမှာ ပျောက်ကွယ်သွား လေပြီ။
အင်း အဖေရှိတာကောင်းလိုက်တာ။
“ဒါနဲ့ အဖေ ဘယ်ကလာတာလဲ”
“ပြည်နယ် ၆ ကနေ ဒီကနေသိပ်မဝေးဘူးလေ” ရှီမာလျူရွှမ် ပြောလိုက် သည် “အဖေတို့ ပြည်နယ် ၆ က လျူမျိုးနွယ်ကိုတွေ့ခဲ့တယ် သူတို့က တုနန် မိသားစု နောက်ရွှေ့မယ် နယ်ရုပ်လို့ထင်လို့ သွားကြည့်လာတာ”
“ယန်းမျိုးနွယ်နေရာမှာ အစားထိုးမယ့်သူတွေလား လျူမျိုးနွယ်နဲ့ တုနန်မိသားစုက ရင်းနှီးကြလို့လား” ရှီမာယူယူ မေးလိုက်သည်။
“လျူမျိုးနွယ်က တုနန်မျိုးနွယ်တစ်ခုတည်းကို ထောက်ပံ့နေတယ်လို့ ပြောလို့ရတယ်၊ အရင်ပြည်နယ်တွေမှာဆိုရင် လျှို့ဝှက်မိသားစုတစ်ခုစီမှာ ထောက်ပံ့ပေးတဲ့ မျိုးနွယ်တစ်ခုစီရှိကြတယ်” ရှီမာလျူရွှမ် ပြောလိုက်သည် “အခု သမီးဆရာက အဲဒီကိစ္စတွေကို စောင့်ကြည့်နေလို့ အဖေဒီကိုလာခြ့တာ ဒါပေမဲ့ အကြာကြီးနေလို့မရဘူး မဟုတ်ရင် သမီးဆရာက ခုန်ထွက်လာပြီး မသေလူကိစ္စကို မစစ်ဆေးရမလားဆိုပြီး လာအော်လိမ့်မယ် ဒါပေမဲ့ အဲလူက အဖေကသူ့ထက် သာတယ်ဆိုတာကို ဝန်မခံဘူး”
ရှီမာယူယူသည် ဆွံ့အသွားသည်။ ဒီလူကြီးနှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အတင်းပြောဖို့ မမေ့ဘူးပဲ။
“ဘယ်လိုပဲဖြစ်ဖြစ် သမီးကိစ္စလည်းပြီးသွားပြီဆိုတော့ အဖေ သမီး အဖေနဲ့လိုက်ခဲ့ရမလား” ရှီမာယူယူ အကြံပြုလိုက်သည် “သမီးက အဖေထက် မသေလူတွေကို ပိုအာရုံခံနိုင်တယ်”
ဖန်ကျိရှင်း ရှီမာလျူရွှမ်ကို ပြန်လာခိုင်းရခြင်းမှာ ရှီမာလျူရွှမ်သည် ယွိခဲ့လော့နှင့် ကြာရှည်စွာနေခဲ့သဖြင့် သာမာန်လူများထက် မသေလူများနှင့် ပိုရင်းနှီးသောကြောင့်ပင်။ ထိုသို့ဆိုသော် သူသည် ရှီမာယူယူလောက် အာရုံ ခံစားနိုင်စွမ်းမရှိပေ။
ရှီမာလျူရွှမ် သဘောတူလိုက်သည်။ သူ၏ ကလေးကို မျက်စိရှေ့တွင် ထားလိုက်သည်က ပိုကောင်းမည်။ ထို့မှသာ ထိုအရှုပ်ထွေးကြားမှလူများ သူမ ကို မပျော်ရွှင်အောင် မလုပ်နိုင်မည်ဖြစ်သည်။
သူတို့ ထွက်သွားမည်ကို ပြောပြီးသည်နှင့် ရှီမာယူယူသည် ဖန်ရှင်းနှင့် တခြားတို့ကို ဆက်သွယ်လိုက်ရာ ဖန်ရှင်းသည် ဖန်မျိုးနွယ်ကိုခေါ်လာပြီး ရှီမာမျိုးနွယ်၏ တိမ်တိုက်ကိုယ်ရံတော်အဖွဲ့လည်း ရောက်လာသည်။
“သခင်မလေး ဒါကယန့်မျိုးနွယ်ရဲ့ လျော်ကြေးပါ” ဖန်ရှင်းသည် သူမကို မှော်ဝင်လက်စွပ်ပေးလေသည်။
ရှီမာယူယူ ယူကြည့်လိုက်သည်။ အထဲမှ ရတနာများအားလုံးကို ကြည့် ရ လိုက်သည်နှင့် သူမ ခံစားရကောင်းသွားသည်။ သူမသည် ဖန်ရှင်းကို လက်စွပ် ပြန်ပေးပြီး ပြောလိုက်သည် “ကျွန်မ ဒါကိုအားလုံးကို ပေးပါတယ် ဒီတစ်ခါ အကုန်လုံးအတွက် ခက်ခဲသွားကြတယ်”
ဖန်ရှင်းသည် လက်စွပ်ကိုယူပြီး အားလုံးကိုမျှဝေပေးလိုက်သည်။
ထို့နောက်တွင် ရှီမာယူယူသည် လောကအသေး တံခါးဖွင့်ကာ အားလုံး ကိုဝင်ခိုင်းလိုက်သည်။ ထို့နောက် ရှီမာလျူရွှမ်နှင့်အတူ ခရီးဆက်လေသည်။
ဖန်ကျိရှင်းသည် ရှီမာယူယူကို မြင်သောအခါ အလွန်ပင် ပျော်ရွှင်လေ သည်။ သူ ရောက်လာကာ သူမ၏ ခေါင်းကိုပွတ်ပြီးပြောလိုက်သည် “ငါ သိနေ တယ် မင်းအဖေက ဘာမှဂရုမစိုက်ဘဲ ဒီအတိုင်းပြေးသွားနိုင်တာလဲလို့ မင်းကို သွားခေါ်တာကိုး တစ်ခုခုဖြစ်လို့လား ဘယ်သူအနိုင်ကျင့်လို့လဲ ပြော”
“ဆရာ ကျွန်မခေါင်းကို အဲလိုမျိုးမပွတ်ပါနဲ့ ကျွန်မက ကလေးမဟုတ် တော့ဘူး” ရှီမာယူယူသည် တိုးညင်းသောအသံဖြင့် ကန့်ကွက်လေသည်။
ပထမဆုံး သူ့ကိုမြင်တုန်းက အေးစက်မှုတွေက ဘယ်ရောက်သွားတာ လဲ။ အခုကြည့်ရတာ သူက သူမအဖေနဲ့ အကြာကြီးအတူရှိလိုက်တော့ အရင်က အကျင့်တွေ ပြန်ပေါ်လာတာပဲဖြစ်မယ်။
ဖန်ကျိရှင်းပြုံးလိုက်သည်။ သို့သော် သူ့လက်ကိုပြန်မရုတ်ဘဲ နှစ်ကြိမ်မျှ ပွတ်ပြီးနောက် ချကာ ပြောလိုက်သည် “ဒီမှာလျှောက်မပြေးနဲ့ ဒီလျူမျိုးနွယ်က နည်းနည်းအားကောင်းနေတုန်းပဲ သူတို့ဘိုးဘေးကြီးနဲ့တွေ့ရင် မင်းရဲ့ လောက အသေးကိုဖွင့်ဖို့ အခွင့်အရေးတောင်ရှိလိုက်မှာမဟုတ်ဘူး”
“ကျွန်မသိပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ လျူမျိုးနွယ်ကဲ့သို့ မိသားစုကြီး၏ ဘိုဘေးကြီးမှာ သေချာပေါက် မိစ္ဆာအိုကြီးဖြစ်နိုင်သည်။ သူမ သာလောကအသေးဖွင့်ပြီး ဖန်မျိုးနွယ်ကို ခေါ်ထုတ်ချိန်မရှိလျှင် အန္တရာယ်များ နိုင်သည်။
ဖန်ရှင်းသည် သူမဘေးတွင် အမြဲမရှိနိုင်ပေ။ သို့သော် သူမသည် အင်္ကျီ လက်ထဲတွင်သာ ပစ္စည်းများထည့်ထားရသည်။
သို့သော် မည်မျှပင် ဂရုစိုက်စေကာမူ သူမသည် အားနည်းနေတုန်းပင်ဖြစ် သည်။
သူမ ပြည်နယ် ၆ သို့ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဖန်ကျိရှင်း နှင့် ရှီမာလျူရွှမ်တို့နှင့် ပတ်သွားလိုက်ရာ လျူမျိုးနွယ်၏ ပုံမှန်မဟုတ်မှုများကို တွေ့ရလေသည်။ သို့သော် ယန်းမျိုးနွယ်၏ တိုးတက်မှုနှင့်အတူ လျူမျိုးနွယ် သည်ပို၍ သတိထားရာ အတန်ကြာသည်အထိ ဘာမှမတွေ့ပေ။ လျူမျိုးနွယ် အကြောင်းရှာရာတွင် ရှီမာလျူရွှမ်တို့အတွက် အလွန်ခက်ခဲခဲ့သည်။
အစီအစဉ်မကျဘဲ ပြေးလွှားပြီးနောက် နည်းလမ်းပြောင်းသင့်သည်ဟု ရှီမာယူယူခံစားရသည်။
“အဖေ ဆရာ ဒီအတိုင်းသာဆိုရင် ဘာမှရှာတွေ့မှာမဟုတ်ဘူး မသေလူ တွေကိုလည်း ဖုံးကွယ်လိုက်ပြီ သူတို့မလှုပ်ရှားရင် သမီးတို့သက်သေရမှာ မဟုတ်ဘူး” သူမ ပြောလိုက်သည်။
“ဘာလုပ်မလို့လဲ” ဖန်ကျိရှင်း မေးလိုက်သည်။
သူမကို ထိုပုံစံအတိုင်း မြင်လိုက်တိုင်းတွင် ဆိုးဝါးသည့်အကြံများ ထုတ်တော့မည်ကို သိသည်။
“ပြောပါဦး ဘာအကြံတွေများရထားပြီလဲ ပြော” ရှီမာလျူရွှမ်သည် မျက်မှောင်ကြုတ်ကာ သူမကို စိုက်ကြည့်ပြီး ဆိုးရွားသည့် တစ်စုံတစ်ရာပြော လာမည်ကို ကြောက်ရွံ့နေသည်။
ရှီမာယူယူသည် သူ့ကိုပြုံးပြီး ဖန်ကျိရှင်းနောက် ဝင်ပြေးကာ ပြောလိုက် သည် “အင်း.. တုနန်ဟော်က သမီးနဲ့ရှိနေတုန်းမလား တုနန်မိသားစုက သူတို့ သခင်လေးသေပြီဆိုတာ သိရင် ငြိမ်နေမှာမဟုတ်ဘူးလေ လှုပ်ရှားလာလိမ့်မယ် ဒါဆိုရင် လျူမျိုးနွယ်ဟုတ်မဟုတ်ကို ဆုံးဖြတ်လို့ရမှာပါ”
“နည်းလမ်းကတော့ ကောင်းပါတယ် ဒါပေမဲ့ ဒီဟာက အရမ်းအန္တရာယ် များလွန်းပါတယ်” ဖန်ကျိရှင်း ပြောလိုက်သည်။
“လူကိုတော့ ငါ့ကိုသာအပ်ထားလိုက် သူ့ကိုပဲရှင်းလိုက်မယ်” ရှီမာလျူရွှမ် သည် လက်ဆန့်ထုတ်ကာ မငြင်းသာအောင် ပြောလေသည်။
ရှီမာယူယူသည် လည်ပုလိုက်သည် “အဖေ ဆရာ ကျွန်မက သတင်း စုံစမ်းရင် မတော်ဘူး ဒါပေမဲ့ လူသတ်တာတော့ တော်တယ် အဲဒါကြောင့် ကျွန်မ ပဲသတ်မယ် ဆရာတို့က စုံစမ်းလိုက်ပါ”
***