သန့်စင်ခြင်း
Vol. 7 Ch. 93
ချီမင်က ဒီတစ်ခါ ဂိမ်းမြေအောက်စခန်းရှင်းတာကို ကြည့်ရတာ ဒီလောက်တောင် အာရုံဝင်စားသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အရင်တုန်းဆို တိုက်ရိုက်ပိတ်ပစ်လိုက်တာ။ ဒီတစ်ခါတော့ မသိလိုက်ရဘဲနဲ့ တစ်နေကုန်သွားပြီး ကြည့်လို့ပြီးသွားတယ်။
ရှပ်!
သူ သူ့ရဲ့ သိုလှောင်ခန်းကို ဖွင့်လိုက်တယ်။ အထဲမှာ ပစ္စည်းတွေ အများကြီး သိုလှောင်ထားတယ်။ ပစ္စည်းအမျိုးမျိုး၊ အသုံးအဆောင်တွေ၊ ဆေးလုံးတွေ၊ ကုန်ကြမ်းပစ္စည်းတွေ စသဖြင့် အများကြီးပဲ။ အရမ်းများလွန်းတယ်။
မကြာခင်မှာပဲ ချီမင်က နတ်ဘုရားကျိန်ဆဲပွဲ ကို ရှာတွေ့သွားတယ်။
အချက်အလက်တွေကို ဖွင့်ကြည့်လိုက်တယ်။
ပစ္စည်း: နတ်ဘုရားကျိန်ဆဲပွဲ။
မိတ်ဆက်: ကမ္ဘာကြီးက မွေးမြူထားတဲ့ ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။ နက်နဲတဲ့အကျိုးသက် ရောက်မှုတွေ ပါဝင်ပြီး တကယ့်ခန္ဓာကိုယ် မရှိပါဘူး။ အဲ့ဒီအစား ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ မူလကမ္ဘာကစည်းမျဉ်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ကမ္ဘာကြီးရဲ့ အမှန်တရားကို မြင်နိုင်တဲ့ နတ်ဘုရားကျိန်ဆဲပွဲ ဖြစ်လာခဲ့တာပါ။
“ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ပစ္စည်း။”
ချီမင် ခဏလောက် စဉ်းစားလိုက်တယ်။ “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူ ရဲ့ မြေအောက်စခန်းမှာတုန်းကလည်း ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ပစ္စည်းတစ်ခု ရခဲ့သေးတယ်။ အဲ့ဒါကို ကောင်းကင်ဘုံကြယ်တာရာဝိုင်အိုး လို့ ခေါ်တယ်။ အဓိကအသုံးပြုပုံက ဝိညာဉ်ဝိုင်တွေ သိုလှောင်ဖို့ပဲ။ ဝိညာဉ်ဝိုင်ရဲ့ အာနိသင်နဲ့ အရသာကို တိုးတက်စေနိုင်တယ်။ သိုလှောင်ထားတာ ကြာလေလေ၊ အာနိသင် ပိုတိုးလေလေပဲ။”
“ဒီတစ်ခါတော့…”
ဝီ!
စိတ်ထဲက တွေးလိုက်တာနဲ့ ချီမင်က နတ်ဘုရားကျိန်ဆဲပွဲ ကို ထုတ်ယူလိုက်တယ်။ မိတ်ဆက်မှာ ပြောထားသလိုပဲ နတ်ဘုရားကျိန်ဆဲပွဲ မှာ တကယ့်ရုပ်ခန္ဓာ မရှိဘဲ အလင်းလုံးကြီးတစ်ခု ဖြစ်နေတယ်။ ဒါ့အပြင် ကမ္ဘာ့စည်းမျဉ်းတွေ ပြောင်းလဲသွားတဲ့အတွက် နတ်ဘုရားကျိန်ဆဲပွဲ ကလည်း အလိုက်သင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်။ ဒါပေမယ့် သေချာအာရုံစိုက်ပြီး စိတ်ငြိမ်အောင်လုပ်လိုက်တဲ့အခါ နတ်ဘုရားကျိန်ဆဲပွဲကနေတီးတိုးပြောဆိုသံတွေ ရောထွေးနေတဲ့ အသံတွေကို မရောမရာကြားလိုက်ရတယ်။
“ဖြစ်နိုင်တာကတော့ ငါ…”
ချီမင်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု လျှပ်တပြက် ပေါ်လာတယ်။ ဒီ နတ်ဘုရားကျိန်ဆဲပွဲ ကို ဘယ်လိုအသုံးပြုပြီး လက်သည်းခေါင်းမြှားခုနစ်ချောင်း စာအုပ်အဖြစ် သန့်စင်မလဲဆိုတာ သူ တွေးလိုက်မိတယ်။ နတ်ဘုရားကျိန်ဆဲပွဲမှာအစကတည်းက ထူးဆန်းတဲ့ စွမ်းအားတစ်ခုရှိတယ်။လျှို့ဝှက်နက်နဲနည်းစနစ် ဖြစ်တဲ့ လက်သည်းခေါင်းမြှားခုနစ်ချောင်း ကတော့ အထွတ်အထိပ်ကျိန်စာစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်တယ်။ သူတို့မှာ တချို့တလေ ဆင်တူမှုတွေ ရှိတယ်။
“အဲ့ဒီလိုလုပ်မယ်။”
ချီမင်က ဆုံးဖြတ်ချက်ချပြီးသွားတယ်။
မွန်းတည့်အချိန်။
တိမ်ပြိုတောင်ထွတ် ရဲ့ တောင်ထိပ်မှာ။
“သခင်။”
နှင်းမြူပုံဆောင်ခဲအပျိုစင် က ချီမင်ရဲ့ မျက်နှာချင်းဆိုင်၊ သူ့နဲ့ မီတာ ရာနဲ့ချီ ဝေးတဲ့နေရာမှာ ရပ်နေတယ်။
“မင်းအသင့်ဖြစ်ပြီလား?” ချီမင်က သူ့ရဲ့လက်နှစ်ဖက်ကို နောက်ကျောမှာ ယှက်ပြီး မေးလိုက်တယ်။
နှင်းမြူပုံဆောင်ခဲအပျိုစင် က ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ။”
ချီမင်ရဲ့ စိတ်ထဲက တွေးလိုက်တာနဲ့ ကိုယ်ပိုင် ဓမ္မရတနာသုံးပါး တစ်ချိန်တည်း ပေါ်လာတယ်။ သူတို့က ပိရမစ်ပုံစံပေါ်လာပြီး ချီမင်ရဲ့ ပတ်လည်မှာ ပျံဝဲနေတယ်။ ဓမ္မရတနာတွေရဲ့ပတ်လည်မှာအလင်းတန်းတွေ တလက်လက် တောက်ပနေတယ်။
ချီမင်က နှင်းမြူပုံဆောင်ခဲအပျိုစင် ကို ကိုယ်ပိုင် ရတနာသုံးခုထဲက တစ်ခုရဲ့ စွမ်းအားကို စမ်းသပ်ခိုင်းလိုက်တယ်။
“ကြာပန်းစိမ်းဓား တာအို။”
ဝီ!
ချီမင် သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား က အရင်ဆုံး ပျံထွက်လာတယ်။ အဲ့ဒါက ဓားတာအိုရဲ့ ကြာပန်းစိမ်းအဖြစ်ပြောင်းလဲသွားတယ်။ဓားကြာပန်းက လှည့်ပတ်ပြီးအစိမ်းရောင်ဓားချီတွေအများကြီး ပေါ်လာတယ်။ နှင်းမြူပုံဆောင်ခဲအပျိုစင် အပေါ် ကြာပန်းတွေလိုကျရောက်လာတယ်။
“ရေခဲကမ္ဘာ။”
ခရက်! ခရက်!
နှင်းမြူပုံဆောင်ခဲအပျိုစင် ရဲ့ သူငယ်အိမ်တွေ ကျဉ်းမြောင်းသွားတယ်။ ဒီအခိုက်အတန့်မှာ အန္တရာယ်ကို သူမ ခံစားမိပြီး သူ့ခန္ဓာကိုယ်ထဲက ရေခဲစွမ်းအားကို တုံ့ဆိုင်းခြင်းမရှိဘဲ ထုတ်လွှတ်လိုက်ပြီး၊ ပတ်ဝန်းကျင်က နေရာလပ်ကိုပါ အေးခဲပစ်လိုက်တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အအေးဓာတ်တွေ ပွင့်ထွက်လာတယ်။
ဝုန်း!!!
နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မိကြတယ်။
အင်မတန် ပြင်းထန်တဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာတယ်။
ဘုန်းဘုန်းဘုန်း!
နောက်ဆုံးတော့ ရေခဲကမ္ဘာကလွင့်ပျယ်သွားတယ်။ ချီမင်ကလည်း သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား ကို ပြန်သိမ်းလိုက်တယ်။ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ငြိမ်သက်သွားတယ်။
နှင်းမြူပုံဆောင်ခဲအပျိုစင် နဲ့ ချီမင် နှစ်ဦးစလုံး ဘာမှ မဖြစ်ကြဘူး။
“သခင်ရဲ့ခွန်အားကတကယ်ကိုအားကောင်းတာပဲ။”
နှင်းမြူပုံဆောင်ခဲအပျိုစင် က စိတ်ရင်းမှန်နဲ့ ချီးကျူးလိုက်တယ်၊ “ကျွန်မက အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကျင့်ကြံမှု ရှိနေပြီဆိုတာ ရှင်းနေတာပဲ၊ ဒါပေမယ့် သခင်ရဲ့ ကိုယ်ပိုင် ရတနာတွေရဲ့ စွမ်းအားက အရမ်းကို ပြင်းထန်တယ်။ သတိမထားရင် သခင်ကြောင့် ဒဏ်ရာရသွားနိုင်တယ်။”
ချီမင် ခေါင်းအနည်းငယ် ညိတ်လိုက်တယ်။
အစောပိုင်း ဖလှယ်မှုမှာ သူ့ရဲ့ ခွန်အားကို အကြမ်းဖျင်း သိရှိခဲ့ရပြီ။
ချီမင်က အခု အမြူတေဖွဲ့စည်းခြင်း အလယ်ပိုင်းအဆင့်ပဲ ရှိသေးပေမယ့် အခြေတည်ဝိညာဉ် အဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝ ပိုင်ဆိုင်နေပြီ။
ဒါကသာမန်အခြေအနေပဲ ရှိသေးတယ်။
ချီမင်က နတ်ဘုရားအဆင့်သိုင်းနည်းစနစ်အမျိုးမျိုးကိုအသုံးပြုမယ်ဆိုရင် သူ့ရဲ့ ခွန်အားက ဆက်ပြီး တိုးတက်နိုင်သေးတယ်။
ပိုပြီးပဲ အားကောင်းလာမှာ။
“မဆိုးဘူး၊ မဆိုးဘူး။”
ချီမင်က တော်တော်လေး ကျေနပ်နေတယ်။
နေ့လယ်ပိုင်းမှာ။
တိမ်ပြိုစံအိမ်။
“စတော့မယ်။”
စိတ်ထဲက တွေးလိုက်တာနဲ့ ချီမင် သူ့ညာဘက်လက်ကို ဝှေ့ယမ်းပြီး နတ်ဘုရားကျိန်ဆဲပွဲ ကို ထုတ်လိုက်တယ်။ ပြီးတော့ သူ့သိုလှောင်ခန်းထဲကနေ တန်ဖိုးကြီး ပစ္စည်းအနည်းငယ်ကို ထုတ်လိုက်တယ်၊ အဲ့ဒါတွေထဲမှာ ကျိန်စာသင့်ဝိညာဉ်နက်ပုံဆောင်ခဲ ငရဲကိုးထပ်ရေခဲသတ္တု ခရမ်းအနှစ်သာရနတ်ဘုရားရေတို့ ပါဝင်တယ်။
“လက်သည်းခေါင်းမြှားခုနစ်ချောင်း။”
ဝီ!
ပထမဆုံးအနေနဲ့ ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ် ထဲက လက်သည်းခေါင်းမြှားခုနစ်ချောင်းကို လည်ပတ်အသုံးပြုလိုက်တယ်။ သူ လက်ဟန်ချိတ်စည်းလုပ်ပြီး အထွတ်အထိပ်ကျိန်စာစွမ်းအားကို သူ့လက်ဖဝါးထဲမှာ သိပ်သည်းပြီး သက်ဆိုင်တဲ့အဆောင်အဖြစ် ပြောင်းလဲသွားတယ်။
“သွား!”
ချီမင်က ညာဘက်လက်နဲ့ ညွှန်ပြလိုက်တယ်၊ လက်သည်းခေါင်းမြှားခုနစ်ချောင်း ရဲ့ အဆောင်က အမည်းရောင် အလင်းတန်းလို လေထဲကို ဖြတ်ပြီး နတ်ဘုရားကျိန်ဆဲပွဲ ထဲ ပေါင်းစပ်သွားတယ်။
“အား!!!”
နောက်တစ်ခဏမှာ နတ်ဘုရားကျိန်ဆဲပွဲ ထဲကနေ အလွန်ဆိုးရွားတဲ့ အော်သံ ထွက်ပေါ်လာတယ်။ အဲ့သံက ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတယ်။ အဲ့ဒါထဲမှာ ပါဝင်တဲ့ စစ်မှန်ဝိညာဉ်တစ်မျိုးကို အထွတ်အထိပ်ကျိန်စာစွမ်းအားက အတင်းအကျပ် ဖျက်ဆီးပစ်လိုက်တယ်။
ဝီ!
နတ်ဘုရားကျိန်ဆဲပွဲ မှာ ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ပစ္စည်းရဲ့ သန့်စင်တဲ့ အနှစ်သာရပဲ ကျန်တော့တယ်။ သန့်စင်တဲ့ အနက်ရောင် အလင်းလုံးကြီးဖြစ်သွားတယ်။ ဘယ်မသန့်စင်မှုမှ လုံးဝမရှိတော့ဘူး။
“အရည်ဖျော်။”
ချီမင် သူ့ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်တယ်။ ဒီတစ်ခါတော့သောင်းပြောင်းစိမ်းရင့်မီးတောက် မဟုတ်တော့ဘဲ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေ ကနေ သိပ်သည်းထားတဲ့ မွေးရာပါ သန့်စင်တဲ့မဟာတာအို စစ်မှန်မီးဖြစ်တယ်။ ဒီဆေးမီး တောက်က သောင်းပြောင်းစိမ်းရင့်မီးတောက် ထက် ပိုတောင် အစွမ်းထက်တယ်။
သောင်းပြောင်းစိမ်းရင့်မီးတောက်ကဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းကနေ သိပ်သည်းထားတာဖြစ်ပြီး မွေးရာပါ သန့်စင်တဲ့မဟာတာအိုစစ်မှန်မီးကတော့ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေ ကနေ သိပ်သည်းထားတာဖြစ်တယ်။ ကြီးမားတဲ့ ကွာခြားမှု ရှိတယ်။
ဒီမတိုင်ခင်က ချီမင်က ယွမ်ဖုန်းကို ပေးခဲ့တဲ့ လက်သည်းခေါင်းမြှားခုနစ်ချောင်း အစုံကတော့ ပေါ့ပေါ့ပါးပါးပဲပြုလုပ်ထားတယ်။ အဲ့ဒီတုန်းက သူက သောင်းပြောင်းစိမ်းရင့်မီးတောက် ကိုပဲ အသုံးပြုခဲ့တယ်။ ချီမင်က သူ့အတွက် လက်သည်းခေါင်းမြှားခုနစ်ချောင်းကို ကိုယ်တိုင် သန့်စင်ချင်တယ်။ အသုံးပြုတဲ့ ကုန်ကြမ်းတွေ မတူတာအပြင် သန့်စင်တဲ့နည်းလမ်း၊ ဆေးမီးတောက် စသဖြင့် အားလုံးက အဆင့်ပေါင်းများစွာ မြင့်တက်လာတယ်။ အရည်အသွေးပိုင်းမှာ ကွာခြားမှု ကြီးမားသွားတယ်။
“အရည်ဖျော်။”
ဝီ!
ချီမင်ကမွေးရာပါသန့်စင်တဲ့စစ်မှန်မီးကိုထိန်းချုပ်ပြီးထွက်ပေါ်လာစေလိုက်တယ်။ ဒီစစ်မှန်မီးကပြိုင်ဘက်ကင်းပြီး ရုပ်ဝတ္ထုမရှိဘဲဖောက်ထွင်းမြင်ရတယ်။ ဒါပေမယ့် မဟာတာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်တော့ ပါဝင်တယ်။ပြိုင်ဘက်ကင်း မီးလျှံရဲ့ ခုန်ပေါက်နေမှုအောက်မှာ နေရာလပ်ကပုံပျက်သွားတယ်။
မကြာခင်မှာပဲ ကုန်ကြမ်းတွေကို တစ်ခုပြီးတစ်ခု အရည်ဖျော်လိုက်တယ်။
“ပေါင်းစပ်။”
ရှပ်!
ချီမင် သူ့ညာဘက်လက်ကို တစ်ခါထပ် ဝှေ့ယမ်းလိုက်တယ်၊ နတ်ဘုရားကျိန်ဆဲပွဲ ရဲ့ သန့်စင်တဲ့ မူလအနှစ်သာရကို မွေးရာပါ သန့်စင်တဲ့ စစ်မှန်မီး ထဲ ပစ်ထည့်လိုက်ပြီး ကုန်ကြမ်းအားလုံးနဲ့ ပေါင်းစပ်လိုက်တယ်။
ဝီ! ဝီ! ဝီ!
သူ လက်ဟန်ချိတ်စည်းတွေလုပ်ပြီးဓမ္မစွမ်းအင်တွေ ထွက်လာတယ်။ တာအိုချိတ်စည်းကို ထိုးသွင်းလိုက်ပြီး ကုန်ကြမ်းအားလုံး ပြီးပြည့်စုံစွာ ပေါင်းစပ်သွားကာ အနက်ရောင်အရည်လုံးကြီးအဖြစ် ပြောင်းလဲသွားတယ်။
ချက်ချင်းဆိုသလိုပဲ ချီမင်က စတင် ဆွဲထုတ်လိုက်တယ်။ ပိုတိတိကျကျပြောရရင် ပြည့်စုံတဲ့ ပေါင်းစပ်မှုထဲကနေ အနက်ရောင်အမျှင်တစ်ခုကို ထုတ်ယူပြီး လက်ဖဝါးအရွယ် အနက်ရောင် ကောက်ရိုးအရုပ်လေးတစ်ခုကို ရက်လုပ်လိုက်တယ်။ သူ ဆက်ပြီး သန့်စင်နေတယ်။
ပြီးတော့ အရည်ရဲ့တစ်ပိုင်းကို အသုံးပြုပြီး အမည်းရောင် လေးကို သိပ်သည်းလိုက်တယ်။ ကျန်ရှိတဲ့ အရည်ကိုတော့ အနက်ရောင် မီးအိမ်နှစ်လုံးအဖြစ် သိပ်သည်းလိုက်တယ်။
သူက အဲ့ဒါကို လက်သည်းခေါင်းမြှားခုနစ်ချောင်း ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ် နဲ့ ပေါင်းစပ်လိုက်တယ်။
နောက်ဆုံးတော့ ချီမင် သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ခရမ်းအနှစ်သာရနတ်ဘုရားရေတွေထွက်လာတယ်။ သန့်စင်ပြီးသား လက်သည်းခေါင်းမြှားခုနစ်ချောင်း အပေါ် အားလုံး လောင်းချလိုက်ပြီး ဒီရတနာကိုအပြည့်အဝ သန့်စင်လိုက်တယ်။
“ပြီးပြီ။”
ချီမင်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ကောက်ရိုးအရုပ်၊ လေး၊ မီးအိမ်တို့က သူ့လက်ထဲ ရောက်လာတယ်။ အလင်းရောင်ကလှည့်ပတ်နေပြီးအရမ်းကိုထူးခြားတယ်။
ဒါက ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ပစ္စည်းကနေ သန့်စင်ထားတဲ့ ဓမ္မရတနာတစ်ခုဖြစ်တယ်။ ဒါ့အပြင် လက်သည်းခေါင်းမြှားခုနစ်ချောင်း ရဲ့ စွမ်းအားနဲ့ လျှို့ဝှက်ချက်တွေ၊ နတ်ဘုရားကျိန်ဆဲပွဲ ထဲမှာ ပါဝင်တဲ့ ထူးဆန်းတဲ့ စွမ်းအားတို့ကို ပေါင်းစပ်ပြီးနှစ်ဖက်ကပြည့်စုံတဲ့ ပေါင်းစပ်မှုရသွားတယ်။
ဒါပေမယ့် ချီမင်ရဲ့ ကျင့်ကြံမှုကြောင့် ကန့်သတ်ခံထားရတယ်။
ဒီ လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်က ထိပ်တန်းအဆင့် အမြူတေဖွဲ့စည်းခြင်း ရတနာတစ်ခုပဲ ရှိသေးတယ်။ ဒါပေမယ့် ချီမင်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတာနဲ့အမျှ၊ သူက တန်ဖိုးကြီး ကုန်ကြမ်းတွေနဲ့ ဝိညာဉ်ပစ္စည်းတွေကို ဆက်ပြီး ပေါင်းထည့်နေမယ်ဆိုရင် ဒီ လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်ကလည်း အဆင့်မြင့်လာလိမ့်မယ်။ ပိုတိတိကျကျပြောရရင် ဒါက ကြီးထွားမှု ပုံစံရှိတဲ့ ရတနာတစ်ခုပဲ။ ကိုယ်ပိုင်ဓမ္မရတနာရဲ့လက္ခဏာတွေလည်း ရှိတယ်။
ချီမင်က လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်ကို သန့်စင်ပြီး ထိန်းချုပ်လိုက်ကာ သူ့ရဲ့ ဒန်တျန်ထဲမှာ သိုလှောင်ထားလိုက်တယ်။ အဲ့ဒါကို မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေ က နေ့ညမပြတ်သန့်စင်ပေးနေလိမ့်မယ်။
ညဘက်မှာ ချီမင်က သဏ္ဍာန်မဲ့ကျမ်း ကို ကျင့်ကြံပြီး သဏ္ဍာန်မဲ့ ရွှေအမြူတေ ကို အမြူတေဖွဲ့စည်းခြင်း အလယ်ပိုင်းအဆင့်အထိ မြှင့်တင်လိုက်တယ်။
တစ်လအကြာတော့ ရှောင်ဖန်း က ဂိုဏ်းကို ပြန်လာတယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။ ပြင်ပလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး တော့သူ အတော်လေးရင့်ကျက်လာတယ်။သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ခွန်အားကလည်း အများကြီး တိုးတက်လာတယ်။
သူက ချီမင်ကို ထပ်ပြီး စိန်ခေါ်လိုက်တယ်။ သူက သဘာဝအတိုင်းပဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတယ်။ တစ်ချက်တည်းကိုတောင် မခံနိုင်ဘူး။
“ဆရာဦးလေး။”
ရှောင်ဖန်း က တိမ်ပြိုတောင်ထွတ် ရဲ့ မတ်စောက်တဲ့ ချောက်ကမ်းပါးစပ်နားမှာ ရပ်ပြီး မိုးကောင်းကင်ကို ကြည့်နေတယ်။ သူ့လက်တွေကို နောက်ကျောမှာ ယှက်ထားပြီး အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်နေတယ်။ သူ ရုတ်တရက် မေးလိုက်တယ်၊ “ဆရာဦးလေး ဘယ်လိုထင်လဲ? လမ်းမှန်လမ်းစဥ်ဆိုတာ ဘာလဲ? နတ်ဆိုးလမ်းစဥ်ဆိုတာ ဘာလဲ?”
“ဟမ်?”
ချီမင် အံ့အားသင့်သွားတယ်။ ရှောင်ဖန်း က ဒီလို ဒဿနဆန်တဲ့ မေးခွန်းမျိုး မေးလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။
“ဒီတစ်ခေါက် ခရီးစဉ်မှာ ကျွန်တော် အများကြီး တွေ့ကြုံခဲ့ရတယ်။”
ရှောင်ဖန်း ဆက်ပြောတယ်၊ “ဒါပေမယ့် ကျွန်တော် ရုတ်တရက် ခံစားမိတာက လမ်းမှန်လမ်းစဉ်နဲ့နတ်ဆိုးလမ်းစဉ် ခွဲခြားထားတာက မရေမရာ ဖြစ်နေတယ်။ လမ်းမှန်လမ်းစဥ်က လူတချို့က အပေါ်ယံမှာတော့ ဖြောင့်မတ်ဟန်ဆောင်နေကြပေမယ့် လျှို့ဝှက်စွာနဲ့ဝက်တွေ ခွေးတွေထက် အောက်တန်းကျတယ်။ သူတို့ မရေမတွက်နိုင်တဲ့ မကောင်းမှုတွေ လုပ်ခဲ့ကြတယ်။”
“တခြားတစ်ဖက်မှာတော့ နတ်ဆိုးဂိုဏ်းသားတချို့က ရိုးသားဖြောင့်မတ်ကြတယ်။”
“ကျွန်တော် အရမ်းကို စိတ်ရှုပ်ထွေးနေတယ်။”
“လမ်းမှန်လမ်းစဥ်ဆိုတာ ဘာလဲ? နတ်ဆိုးလမ်းစဥ်ဆိုတာ ဘာလဲ?”
“ဆရာဦးလေး ဘယ်လိုထင်လဲ?” ရှောင်ဖန်း ထပ်မေးလိုက်တယ်။
“အမြူတေဖွဲ့စည်းခြင်း အဆင့် ရောက်နေပြီလား?” ချီမင် ခေါင်းခါလိုက်ပြီး ရှောင်ဖန်း ရဲ့ မေးခွန်းကို မဖြေဘူး။ အဲ့ဒီအစား မေးခွန်းနဲ့ပဲ ပြန်ဖြေလိုက်တယ်။
“မရောက်… မရောက်သေးပါဘူး…” ရှောင်ဖန်း အံ့အားသင့်သွားတယ်။ “လွန်ခဲ့တဲ့ တစ်လကမှ အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို ထိုးဖောက်နိုင်ခဲ့တာ။”
“ဪ။” ချီမင် ထပ်မေးတယ်၊ “မင်း ရွှေအမြူတေကို ဘယ်တော့ သိပ်သည်းဖို့ စီစဉ်ထားလဲ?”
ရှောင်ဖန်း ဘယ်လိုဖြေရမှန်း မသိဘူး။
အမြူတေသိပ်သည်းခြင်း ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လို သူ့ ရွှေအမြူတေကို သိပ်သည်းနိုင်မယ်၊ ဘယ်အချိန် လုပ်နိုင်မယ်ဆိုတာ သူ ဘယ်လို ပြောနိုင်မလဲ? ဒီလိုကိစ္စမျိုးက အခွင့်အရေး လိုအပ်တယ်။
ရှောင်ဖန်း မဖြေနိုင်ဘူး။
“အဆင့် ကိုး ရှိတဲ့ ရွှေအမြူတေလား၊ အဆင့် ရှစ် ရှိတဲ့ ရွှေအမြူတေလား? ဒါမှမဟုတ် အဆင့် ခုနစ် ရှိတဲ့ ရွှေအမြူတေကို သိပ်သည်းဖို့ ပြင်ဆင်နေတာလား? အမြူတေစစ် တော့ မဖြစ်နိုင်လောက်ဘူးနော်? အမြူတေတု ဆိုရင်တော့ လုံးဝ အသုံးမဝင်ဘူး။” ချီမင် ဆက်ပြောတယ်။
“ဒါ… ဒါ…” ရှောင်ဖန်း ပြောစရာစကားမဲ့သွားတယ်။
သူ နည်းနည်းလေး စိတ်လှုပ်ရှားသွားတယ်။
အမြူတေ သိပ်သည်းတာနဲ့ ပတ်သက်ပြီး သူ့မှာ ဘာစိတ်ကူးမှ မရှိသေးလို့၊ ပြင်ဆင်မှုတောင် မစရသေးလို့ ချီမင်ရဲ့ မေးခွန်းကို ဘယ်လိုဖြေရမှန်း သူ မသိဘူး။
“မဖြစ်နိုင်တာ။” ချီမင်ရဲ့ မျက်နှာမှာ အံ့အားသင့်ဟန် ပေါ်နေတယ်။ “မင်း ဘယ်လို အမြူတေမျိုး သိပ်သည်းချင်တယ်ဆိုတာတောင် မသိဘူးလား? ဘာစိတ်ကူးမှ မရှိဘူးလား? မင်းက အရမ်း အသုံးမကျတာပဲ။”
“နောင်ကျရင် ငါက မင်းရဲ့ ဆရာဦးလေးပါလို့ ဘယ်သူ့ကိုမှ မပြောနဲ့တော့။ ငါ မျက်နှာပူရလိမ့်မယ်။”
“ကျွန်… ကျွန်တော်…”
ရှောင်ဖန်း ချက်ချင်း အော်လိုက်တယ်၊ “ဘယ်… ဘယ်သူက ပြောလဲ? ကျွန်… ကျွန်တော် စဉ်းစားပြီးပါပြီ။ ဒါ့အပြင် ကျွန်တော် ပြင်ဆင်မှုတွေ စနေပါပြီ။ ကျွန်တော် အဆင့် ကိုး ရှိတဲ့ ရွှေအမြူတေကိုသိပ်သည်းချင်တယ်။”
“အချိန်ရောက်ရင်…”
“ကျွန်တော်လည်း တိမ်စိမ်းတောင်ထွတ်ရဲ့အမွေခံ တပည့် ဖြစ်လာနိုင်တယ်။”
“အဲ့ဒီလိုလား?” ချီမင် ခပ်ဖွဖွ ပြုံးလိုက်တယ်။
“သေချာတာပေါ့။” ရှောင်ဖန်း ခေါင်းနဲ့ ရင်ဘတ်ကို မတ်လိုက်တယ်။
“ကောင်းပြီ၊ ငါ စောင့်ကြည့်နေမယ်။” ချီမင် ပြုံးလိုက်တယ်။