← Chapters

လုချင်းယန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

Vol. 7 Ch. 94

လုချင်းယန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

Vol. 7 Ch. 94

စကားပြောပြီးတော့ ရှောင်ဖန် မနေတော့ဘူး။ ခွင့်တောင်းပြီး တောင်ပေါ်ကနေ အမြန်ဆင်းလာလိုက်တယ်။ ဒါပေမဲ့ ဆင်းလာတဲ့လမ်းမှာ ရှောင်ဖန်းက သူ့ဆရာဆေးဆရာကြီးကိုစိတ်ထဲကနေအသည်းအသန် ဆက်သွယ်လိုက်တယ်၊ “ဆရာ... ဆရာ... အမြန်ထွက်လာပါဦး။”

“ဘာလဲ။” ဆေးဆရာကြီးရဲ့ ဝိညာဉ်အနှစ်သာရ ကနေ အသံနဲ့ ပြန်ဖြေတယ်။

“ဆရာ... တပည့်ကို ကူညီဖို့ နည်းလမ်းရှာပေးပါဦး။ ခုနလေးတင် ဆရာဦးလေးရှေ့မှာ အဆင့်ကိုး ရွှေအမြူတေသိပ်သည်းချင်တယ်လို့ ကြွားလိုက်မိတယ်။ ဒါပေမဲ့ ဘာစိတ်ကူးမှမရှိသလို ဘာပြင်ဆင်မှုမှလည်း မရှိဘူး။ ဘယ်လိုလုပ်ရမလဲ။” ရှောင်ဖန်းမေးလိုက်တယ်။

“အော်။” ဆေးဆရာကြီး ပြုံးပြီး မေးတယ်၊ “မင်း ခုချိန်မှာလမ်းမှန်လမ်းစဥ်နဲ့နတ်ဆိုးလမ်းစဥ်ကို စဉ်းစားမနေတော့ဘူးလား။”

ရှောင်ဖန်းကြောင်သွားတယ်။

“မင်းရဲ့ ဆရာဦးလေးက မင်းကို တိုက်ရိုက်မဖြေပေမဲ့ စကားလုံးနည်းနည်းလေးနဲ့တင် မင်းကို နိုးထစေပြီး မလိုအပ်တဲ့ခံစားချက်တွေကနေလွတ်မြောက်‌စေတယ်။”

ဆေးဆရာကြီး ဆက်ပြောတယ်၊ “ငါ သူ့ကို တကယ်ပဲ လေးစားတယ်။”

“ဒါဆို ငတုံးတပည့်ရေ၊ ခု နားလည်ပြီလား။” ဆေးဆရာကြီး မေးလိုက်တယ်။

“ကျွန်တော်... နားလည်ပါပြီ။”

ရှောင်ဖန် ခဏလောက် စဉ်းစားပြီး ခေါင်းငြိမ့်ကာ ပြောတယ်၊ “ကျွန်တော်က အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေတဲ့ သာမန်ကျင့်ကြံသူလေးပဲ ရှိသေးတယ်။ အမြူတေဖွဲ့စည်းခြင်းအဆင့် တောင် မရောက်သေးဘူး။ ဒါကိုလမ်းမှန်လမ်းစဥ်နဲ့နတ်ဆိုးလမ်းစဥ်ဆိုတာ ဘာလဲဆိုတာ စဉ်းစားနေတယ်။ တကယ်ကို အချိန်ဖြုန်းတာပါပဲ။ ကျွန်တော်မှာသာအချိန်ရှိရင် အမြန်ဆုံး ဘယ်လို ကိုယ့်ခွန်အား ကိုတိုးတက်အောင် လုပ်မလဲဆိုတာပဲ စဉ်းစားသင့်တယ်။”

“အဲဒါ ဆရာဦးလေးဆိုလိုချင်တဲ့အဓိပ္ပာယ်လို့ ကျွန်တော်ထင်ပါတယ်။”

“မင်း အလားအလာရှိသားပဲ။”

ဆေးဆရာကြီးက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်တယ်။

“ကဲ သွားရအောင်။” ဆေးဆရာကြီး ဆက်ပြောတယ်၊ “အဆင့်ကိုး ရွှေအမြူတေ သိပ်သည်းဖို့ အမြူတေဖွဲ့စည်းခြင်းနည်းလမ်းကို ငါ မင်းကို သင်ပေးမယ်။ ဒီနည်းလမ်းကို ပြင်းထန်ဆွဲငင်အား လျှို့ဝှက်ဆန်းကြယ်အနှစ်သာရ ကျမ်းလို့ ခေါ်တယ်။ မင်း အဆင့်ကိုး ပြင်းထန်ဆွဲငင်အား ရွှေအမြူတေသိပ်သည်းနိုင်တယ်။”

“ဟုတ်ကဲ့။”

ရှောင်ဖန် ဝမ်းသာအားရ ဖြစ်သွားတယ်။

သူ ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။

ရှောင်ဖန်က တောင်အောက်မှာ ရပ်ပြီး တောင်ထိပ်ကို ၉၀ ဒီဂရီ ဦးညွှတ်လိုက်တယ်။

“ဒီတပည့်ကဆရာဦးလေးရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။” ရှောင်ဖန်တည်ကြည်စွာ ပြောလိုက်တယ်။

“ဒီကလေးလေးတော့။”

တောင်ထိပ်မှာ ချီမင်က သဘာဝအတိုင်း အာရုံခံလိုက်မိတယ်၊ “တော်တော်လေး သဘောပေါက်လွယ်ပြီးဥာဏ်ကောင်းသားပဲ။ ငါ့ကို အလကား လေမကုန်စေဘူး။”

သုံးရက်အကြာမှာ လုချင်းယန် တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာတယ်။

အဲဒါ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားခြင်းဖြစ်တယ်။

ဒီတစ်ခါ လုချင်းယန် တံခါးပိတ်ကျင့်ကြံတာက အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကနေ ဗလာနယ်စွန့်ခွာခြင်းအဆင့်အစောပိုင်းအဆင့်ကိုချိုးဖြတ်တာဖြစ်တယ်။ အဓိကနယ်ပယ်တစ်ခု တိုးမြှင့်တာဖြစ်ပြီး သူ့ကျင့်ကြံခြင်းအဆင့်ပိုပြီးမြင့်မားသွားတယ်။

ဒါကြောင့် အဆင့်ချိုးဖြတ်နေတဲ့အတောအတွင်းမှာ အရမ်းခမ်းနားတဲ့ ထူးခြားဖြစ်စဉ်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ကီလိုမီတာဒါဇင်နဲ့ချီဆီကဝိညာဉ်ချီတွေကို လှည်းကျင်းယူသွားလို့ ဝိညာဉ်ချီလေဟာနယ်ဖြစ်ပေါ်လာတယ်။ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတဲ့ သက်တံတံတားလိုမျိုး ကိုးရောင်ခြယ်အလင်းတန်းတွေတောင် ရှိတယ်။

အရမ်းကို ခမ်းနားထည်ဝါတယ်။

ဖျပ်! ဖျပ်! ဖျပ်!!!

ညနေဆည်းဆာကိုးဖြာတောင်ထွတ်။

တိမ်စိမ်းတောင်ထွတ်ကအတွင်းစည်းအကြီးအကဲတွေ အမွေခံတပည့်တွေ၊ အမွေခံအကြီးအကဲတစ်ချို့ကလုချင်းယန်ရဲ့ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တာကို ဂုဏ်ပြုဖို့ ရောက်လာကြတယ်။

ချီမင် အထူးတလည် တိမ်ပြိုတောင်ထွတ်ကနေ ထွက်လာတယ်။

တိမ်ကိုးလွှာဂူစံအိမ် မှာ သက်တံလိုမျိုး အလင်းတန်းတွေ ရှိနေတယ်။

စံအိမ်တံခါးကပွင့်လာတယ်။

စံအိမ်ထဲကနေ လူတွေ ထွက်လာကြတယ်။ ဒီလူတွေက လုချင်းယန်ရဲ့ လက်အောက်ငယ်သားတွေနဲ့ အစေခံတွေဖြစ်တယ်။ ယောကျ်ားလေးရော မိန်းကလေးပါ ရှိသလို အရေအတွက်လည်း မနည်းဘူး။ နတ်ဆိုးတွေလည်း ရှိတယ်။

“သခင့်ကို အရိုအသေပြုပါတယ်။”

လက်အောက်ငယ်သားတွေနဲ့ အစေခံတွေ တစ်ပြိုင်တည်း ဦးညွှတ်ပြီး အော်ဟစ်လိုက်ကြတယ်။

ချက်ချင်းပဲ လုချင်းယန်က ဂူစံအိမ်ထဲကနေ ထွက်လာတယ်။

ချီမင် ကြည့်လိုက်တယ်။

သူ့မျက်လုံးတွေမှာ ပေါ်လာတာက သူ့စီနီယာအစ်မ လုချင်းယန်ပဲ။ နန်းတွင်းရိုးရာဝတ်စုံဝတ်ထားပြီး နူးညံ့သိမ်မွေ့တဲ့ မျက်နှာရှိတယ်။ရုပ်ရည်က ပြိုင်ဘက်ကင်းပြီး ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိတယ်။ အသားအရေက ဖြူဖွေးပြီး ကြည့်ကောင်းနေတယ်။

ဒါ့အပြင် အဆင့်ချိုးဖြတ်ပြီးတော့လုချင်းယန်ရဲ့ အရှိန်အဝါက ပိုပြီးတောင် အားကောင်းလာပြီး နတ်သမီးတစ်ပါး ကောင်းကင်ကနေ ဆင်းသက်လာသလိုပဲ။

“အကြီးအကဲ လု, ခွန်အားအများကြီးတိုးတက်လာတဲ့အတွက်ဂုဏ်ပြုပါတယ်။ အဆင့်ချိုးဖြတ်ပြီး ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ရောက်သွားတာကိုလည်း ဂုဏ်ပြုပါတယ်။”

“အကြီးအကဲလုဂုဏ်ပြုပါတယ်။”

“ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်...”

“…”

အကြီးအကဲတွေက ဂုဏ်ပြုလိုက်ကြတယ်။

ချက်ချင်းပဲ လက်ဆောင်တွေ ပေးကြတယ်။

လုချင်းယန်က သူ့အစေခံမလေးကို အကြီးအကဲတွေနဲ့ အမွေခံတပည့်တွေဆီက လက်ဆောင်တွေ အကုန်ယူခိုင်းလိုက်တယ်။

“စီနီယာအစ်မ။” ချီမင် ပြုံးပြီး သူ ကြိုတင်ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ပေးလိုက်တယ်၊ “တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာ ဂုဏ်ပြုပါတယ်။”

လုချင်းယန်က ချီမင်ကို ညင်သာစွာ ပြုံးပြပြီး “နင်ရောက်လာတာကိုကကောင်းပါတယ်။ ငါ့ကို ဘာလက်ဆောင်မှ ပေးစရာမလိုပါဘူး။”

“ဘယ်လိုလုပ်ရမှာလဲ။” ချီမင် ခေါင်းခါပြီး ပြောတယ်၊ “စီနီယာအစ်မ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တာကကောင်းတဲ့ကိစ္စပါ။ ဂုဏ်ပြုဖို့ လာတဲ့ တခြား အကြီးအကဲတွေနဲ့ အမွေခံတပည့်တွေ အားလုံး လက်ဆောင်တွေ ပေးကြတယ်။ ကျွန်တော်က ဂျူနီယာမောင်လေးဖြစ်ပြီး ဘယ်လိုချန်လှပ်ထားလို့ ရမှာလဲ။”

“စီနီယာအစ်မ ကျေးဇူးပြုပြီး လက်ခံပါ။” ချီမင် ပြောလိုက်တယ်။

“ကောင်းပါပြီကွယ်။” လုချင်းယန် ခေါင်းငြိမ့်ပြီး ချီမင်ရဲ့ လက်ဆောင်ကို လက်ခံလိုက်တယ်။ အဲဒါကသိမ်မွေ့လှပတဲ့ ကျောက်စိမ်းစိမ်းရောင်သေတ္တာလေးတစ်ခုဖြစ်တယ်။ အပေါ်မှာ ဝိညာဉ်ဒီဇိုင်းတွေရေးဆွဲထားလို့ ဘာပါလဲ ဘယ်သူမှ မသိနိုင်ဘူး။

လုချင်းယန်က ချီမင် ဘာပေးထားလဲဆိုတာ နည်းနည်း သိချင်နေပေမဲ့ ချီမင်က အခုမှ အမွေခံတပည့်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်က အမြူတေဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာဆိုတော့ အရမ်းတန်ဖိုးကြီးမှာ မဟုတ်ဘူးလို့ ထင်လိုက်တယ်။

“စီနီယာအစ်မ သိချင်ရင် အခုပဲ ဖွင့်ကြည့်လို့ရပါတယ်။” ချီမင် ပြောလိုက်တယ်။

“မလိုပါဘူး။”

လုချင်းယန် ပြုံးလိုက်တယ်။ သူမ နည်းနည်း စိုးရိမ်နေတယ်။ အခု ဒီမှာ ဖွင့်လိုက်ရင်အတွင်းစည်း အကြီးအကဲတွေ၊ အမွေခံတပည့်တွေ၊ အမွေခံအကြီးအကဲတွေပါ မြင်ကြမှာလေ။ ပစ္စည်းက မကောင်းဘူးဆိုရင် သူ့ဂျူနီယာမောင်လေး ရှက်သွားစေနိုင်တယ်။ လုချင်းယန် ဒီလို မလုပ်ချင်ဘူး။

လုချင်းယန်အတွက်ကတော့ ချီမင် အထူးတလည် လာတွေ့တာနဲ့တင် လုံလောက်နေပြီ။ လက်ဆောင်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အရေးမကြီးပါဘူး။

ဒါနဲ့ပြောရရင်..

ရောက်လာတဲ့ အမွေခံအကြီးအကဲတွေ သုံးယောက်ထဲမှာ ဖုန်းဇီမု က မရောက်သေးဘူး။ တစ်ခုခုကြောင့် နောက်ကျနေတာ ဖြစ်ရမယ်။ မဟုတ်ရင် သူ့တပည့်က ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို တက်ရောက်တာမျိုးလို ကြီးမားတဲ့ကိစ္စဆိုရင် သူရှိနေပြီး ကြီးကြပ်ပေးသင့်တယ်။

ရောက်လာတဲ့ အမွေခံအကြီးအကဲတွေ သုံးယောက်ကတာအိုဆရာချီရှ၊ တာအိုဆရာယုကျင်း နဲ့ အကြီးအကဲ ဝမ် တို့ ဖြစ်ပါတယ်။

ချီရှားနဲ့ ယုကျင်းတို့က ဖုန်းဇီမုနဲ့ ဆက်ဆံရေး ကောင်းပါတယ်။ အကြီးအကဲဝမ်နဲ့ဆက်ဆံရေးက ပိုပြီး သာမန်ဆန်တယ်။

“အမွေခံတပည့် ချီ ဘာလက်ဆောင်ပေးထားလဲဆိုတာ ကျွန်တော်လည်း တော်တော် သိချင်နေပြီ။”

အဲဒီအချိန်မှာ အမွေခံတပည့်တစ်ယောက် လျှောက်လာတယ်။

“မင်းက?” ချီမင် တစ်ချက် ကြည့်လိုက်တယ်။

“တိမ်စိမ်းတောင်ထွတ်အမွေခံတပည့်ကျိုးဝေဟိုင်။”

အမွေခံတပည့်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်တယ်၊ “ငါက နတ်မိမယ် ဖန်ရှီးရဲ့ တပည့်ပါ။”

“နတ်မိမယ် ဖန်ရှီး။” ချီမင် စဉ်းစားလိုက်တယ်။

သူ အကြည့်ကို ဝှေ့ကြည့်လိုက်တယ်။ အမွေခံတပည့်တွေထဲမှာ ယုရွှယ်လန် ရဲ့ ပုံရိပ်ကို ချီမင် တွေ့လိုက်တယ်။ ယုရွှယ်လန်က ချီမင်ရဲ့ အကြည့်ကို သတိပြုမိပြီးနောက် သူ့ကိုခေါင်းနည်းနည်းငုံ့ပြလိုက်တယ်။

“ကျိုးဝေဟိုင်။”

ချက်ချင်းပဲ တခြား အမွေခံတပည့်တစ်ယောက် ရောက်လာတယ်။

ဒီအမွေခံတပည့်က ခန့်ညားတောင့်တင်းပြီး ကြမ်းတမ်းတဲ့ပုံစံရှိတယ်။ နဂါးနဲ့ ကျားလို လျှောက်လှမ်းပြီး သူ့အရှိန်အဝါက အရမ်းထူးခြားတယ်။ “အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ။”

“ဖန်ကျုံး။” ကျိုဝေဟိုင် မျက်မှောင်ကြုတ်လိုက်တယ်။

အားလုံး ကြည့်လာကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိမ်စိမ်းတောင်ထွတ်မှာ ဗလာနယ်စွန့်ခွာခြင်းအဆင့် အကြီးအကဲ ပေါ်လာတာက ကြီးမားတဲ့ ကိစ္စလို့ သတ်မှတ်တယ်။ သဘာဝအတိုင်း အတွင်းစည်းအကြီးအကဲတွေအများကြီးနဲ့ အမွေခံအကြီးအကဲ သုံးယောက် ရောက်လာကြတယ်။

အမွေခံတပည့်က ဆယ်ယောက်ကျော် ရောက်လာတယ်။

“ဂျူနီယာမောင်လေး။”

လုချင်းယန်က ချီမင်ကို မိတ်ဆက်ပေးတယ်၊ “ဒါက နင့်ရဲ့ စီနီယာအစ်ကို ဖန်ကျုံးပဲ။ ဂျူနီယာဖန်ကနင့်ထက် ဆရာ့ဆီမှာ ၃၈ နှစ်စောပြီး တပည့်ခံခဲ့တာ။ သူလည်းနင့်လိုအမွေခံတပည့်ပဲ။”

“ဂျူနီယာညီလေး ချီမင်က စီနီယာအစ်ကိုဖန်ကို နှုတ်ဆက်ပါတယ်။” ချီမင် ဦးညွှတ်လိုက်တယ်။

“ရပါတယ်။” ဖန်ကျုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။

ဒါက တကယ်တော့ ကိစ္စသေးလေးပေ။

“စီနီယာအစ်မ စိတ်မပူပါနဲ့၊ ဖွင့်ကြည့်လို့ရပါတယ်။” ချီမင် ပြောလိုက်တယ်။

“တကယ်လား။” လုချင်းယန် မေးလိုက်တယ်။

ချီမင် ခေါင်းငြိမ့်လိုက်တယ်။

လုချင်းယန်က သူ့လက်ကို ဝှေ့ယမ်းပြီးဓမ္မ စွမ်းအင် နဲ့ ကျောက်စိမ်းသေတ္တာပေါ်က အစီအရင် ကို ဖျက်လိုက်တယ်။ ချက်ချင်းပဲ အရမ်းသန့်စင်တဲ့ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုတစ်ခု ပေါ်လာတယ်။

လုချင်းယန်ရဲ့ လှပတဲ့ မျက်လုံးတွေမှာ အရောင်အသွေးစုံလင်မှုတွေ ပြည့်နှက်သွားတယ်။

ချက်ချင်းပဲ သေတ္တာက သူ့ဖာသာသူ ပွင့်သွားတယ်။

ဘုန်း!

အတွင်းကနေ သက်တံလိုမျိုး အလင်းတန်းတစ်ခုထွက်လာတယ်။ခမ်းနားအရောင်စုံပြီးအရမ်းတင့်တယ်တယ်။ ဒါ့အပြင်အရမ်းပေါများပြီး သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတယ်။

အလင်းတန်းနဲ့ ထူးခြားဖြစ်စဉ် ပျောက်ကွယ်သွားတော့ အားလုံး ကြည့်လိုက်ကြပြီး ကျောက်စိမ်းသေတ္တာထဲက ပစ္စည်းကို တွေ့လိုက်ရတယ်။ အဲဒါက ဝိညာဉ်စမ်းရေတစ်ခုဖြစ်တယ်။ အတာက‌ရေဗွေလိုမျိုး လှည့်ပတ်နေပြီးသက်တံခုနစ်ရောင်တောက်ပနေတယ်။

ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်း: ခုနစ်ရောင်ခြယ်ဝိညာဉ်စမ်းရေ။

“ဒါ... ဒါက ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်းပဲ!”

“တကယ်ကို ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်းပဲ။ ချီမင်က ဒီလိုမျိုး တန်ဖိုးရှိတဲ့ ရတနာမျိုး ပေးလိုက်တယ်။”

“ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်းတွေကို ကောင်းကင်နဲ့မြေကြီးက မွေးဖွားထားတာ။ ဘာပဲဖြစ်ဖြစ် ရှားပါးတဲ့ ရတနာတွေပဲ။ တန်ဖိုးအရမ်းရှိတယ်။ ချီမင်က ဒီတိုင်း ပေးလိုက်တာ။”

“အမွေခံတပည့် ချီကတော့ အမွေခံတပည့် ချီပါပဲ။”

“…”

ပတ်ဝန်းကျင်က အကြီးအကဲတွေ အံ့အားသင့်သွားကြတယ်။

“ဂျူနီယာမောင်လေးရေ၊ ဒီပစ္စည်းကို ငါ ယူလို့မရဘူး။ ဒါ အရမ်း တန်ဖိုးရှိတယ်။”

လုချင်းယန် ချက်ချင်း ပိတ်ပြီး ချီမင်ဆီ ပြန်ပေးလိုက်တယ်။

“စီနီယာအစ်မ အဲလိုမပြောပါနဲ့။”

ချီမင် ခေါင်းခါပြီး ပြောတယ်၊ “ကောင်းကင်ဘုံဥာဏ်အလင်းဂိုဏ်းစုဝေးပွဲတုန်းက စီနီယာအစ်မသာအသက်ကိုအရဲစွန့်ပြီးကျွန်တော့်ကို မကယ်ခဲ့ရင် ကျွန်တော် သေနေလောက်ပြီ။”

“ဒီလက်ဆောင်ကို စီနီယာအစ်မ လက်ခံကို လက်ခံရပါမယ်။ မဟုတ်ရင် ကျွန်တော့်ကို ဂျူနီယာမောင်လေးအဖြစ် အသိအမှတ်မပြုသလို ဖြစ်သွားလိမ့်မယ်။”

လုချင်းယန် ဘာပြောရမှန်း မသိတော့ဘူး။

လုချင်းယန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို အခုမှ တိုးတက်တာ။ ခုနစ်ရောင်ခြယ် ဝိညာဉ်စမ်းရေကလည်း သူ့အတွက် အရမ်းသင့်တော်တယ်။ သူ့ရဲ့ကိုယ်ပိုင်ဓမ္မလက်နက် ကို လုံးဝ ပြန်လည်ပြပြင်ပေးပြီး အဆင့်မြင့်အောင် လုပ်ပေးနိုင်တယ်။

“ကောင်းပြီ။”

လုချင်းယန် လက်ခံလိုက်တယ်။

“ဒီ ချီမင်...” ကျိုးဝေဟိုင် မျက်မှောင်ကြုတ်ပြီး အသံတိုးတိုးနဲ့ ပြောတယ်၊ “သူ ဒီလို ရတနာမျိုးတောင် ထုတ်လာတယ်။ ငါ သူ့ကြောင့် မျက်နှာအရိုက်လိုက်ရပြီ။”

ယုရွှယ်လန်က ခေါင်းငုံ့ပြီး စဉ်းစားနေတယ်။ သူမချီမင်က အရမ်းကို မရိုးရှင်းဘူးလို့ ပိုပြီး ခံစားရလာတယ်။ အစေခံတပည့်ကနေ ဒီအဆင့်ထိ တက်လာနိုင်တာဆိုတော့ သူမှာ ကြီးမားတဲ့ မဟာကံကောင်းမှုတစ်ခု ရထားတာ သေချာတယ်။ သူတို့ သူ့ကို အသုံးချလို့ရနိုင်တယ်။

ချက်ချင်းပဲ လုချင်းယန်က သူ့ကို ဂုဏ်ပြုဖို့လာတဲ့ အကြီးအကဲတွေနဲ့ အမွေခံတပည့်တွေကို ဧည့်ခံဖို့ ပွဲလုပ်လိုက်တယ်။ အမွေခံအကြီးအကဲတွေ သုံးယောက်ကတော့ မပါဝင်ဘဲ ခဏလောက် ဂုဏ်ပြုပြီး ထွက်သွားကြတယ်။

နောက်တစ်နေ့မှာ ပွဲပြီးသွားတယ်။

ချီမင်နဲ့ လုချင်းယန် အကြောင်းအရာတော်တော်များများကို စကားပြောဖြစ်ကြတယ်။ နေ့လည်ရောက်တော့သူ့ဆရာ ဖုန်းဇီမု နောက်ကျမှ ရောက်လာတယ်။ ဒါပေမဲ့ သူ လုချင်းယန်အတွက် အရမ်းတန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ယူလာတယ်။

အဲဒါက ရေနတ်ဆိုးသားရဲရဲ့နတ်ဆိုးအမြူတေလို့ ခေါ်တယ်။

ဒါက ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့် ရေနတ်ဆိုးသားရဲရဲ့အမြူ‌တေပဲ။

ဖုန်းဇီမု နောက်ကျရတဲ့အကြောင်းရင်းက ဒီ ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့် ရေနတ်ဆိုးသားရဲကို သတ်ပြီး သူ့ရဲ့နတ်ဆိုးအမြူတေကိုယူနေလို့ဖြစ်တယ်။ လုချင်းယန်သူ့ကိုယ်ပိုင်လက်နက် ပြုပြင်ဖို့အတွက်ဖြစ်တယ်။

“ခုနစ်ရောင်ခြယ် ဝိညာဉ်စမ်းရေ။”

လုချင်းယန် ရှင်းပြတာကို ကြားပြီးနောက် ဖုန်းဇီမုရဲ့ မျက်နှာမှာ အံ့အားသင့်မှုတွေ ပြည့်နှက်သွားတယ်။ သူ ချီမင်ကို ကြည့်ပြီး ပြောတယ်၊ “ ကောင်လေး၊ ဒီ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်းကို မင်း ဘယ်ကရလာတာလဲ။”

“ကံကောင်းလို့ ရခဲ့တာပါ။” ချီမင် ပြန်ဖြေလိုက်တယ်။

ဒါက ချီမင် လွန်ခဲ့တဲ့ တစ်လခွဲလောက်က ပျင်းလို့ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ဂူ ကို ရှင်းတုန်းက ရခဲ့တဲ့ ဆုလာဘ်ဖြစ်တယ်။ သူ အစက ကျင့်ကြံခြင်းအဆင့် မြင့်လာရင် ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ဂူကိုရှင်းလင်းတာကရတဲ့ ဆုလာဘ်တွေ လျော့ကျသွားမယ်လို့ ထင်ခဲ့တာ။ ဒီ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်းကို မထင်မှတ်ဘဲ မတော်တဆရခဲ့တာဖြစ်တယ်။

ဒီ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပစ္စည်းက ချီမင်အတွက် သိပ်အသုံးမဝင်ဘူး။ သူ့စီနီယာအစ်မ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာ သိပြီးတော့ သူ့စီနီယာအစ်မမှာရေနက်တာအိုခန္ဓာရှိတယ်ဆိုတာ သတိရပြီး သူ့ကို ပေးလိုက်တာဖြစ်တယ်။

ဒီတစ်ခါ ချီမင် လုချင်းယန်နဲ့ စကားပြောတာက သူ့ကို အရာများစွာ သိသွားစေတယ်။

ရေနတ်ဆိုးသားရဲအမြူ‌တေပေးပြီးဖုန်းဇီမုကထွက်သွားတယ်။

နေ့လည်မှာ ချီမင်လည်း ပြန်သွားတယ်။

ချီမင်က စီနီယာအစ်မ လုချင်းယန်ကနေတဆင့် တခြားစီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေကို သိကျွမ်းလာတယ်။ ပထမဆုံးအနေနဲ့စီနီယာအစ်ကို ဖန်ကျုံးသူကလည်း အမွေခံတပည့်ဖြစ်တယ်၊ ပြီးတော့ စီနီယာအစ်မ ကျန်းဖေးကျွမ်းသူကလည်း အမွေခံတပည့်ပဲ၊ ဒါ့အပြင် စီနီယာအစ်မ လုချင်းယန်လိုပဲအမည်ခံတပည့် ရှစ်ယောက်ရှိသေးတယ်။ ချီမင်က အငယ်ဆုံးဖြစ်တယ်။

တခြား အစ်ကိုကြီးနဲ့ စီနီယာအစ်မတွေကတော့ မလာကြဘူး။ အလုပ်များနေတာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ် လုံးဝ မလာချင်တာလည်း ဖြစ်နိုင်တယ်။ ဆရာတူညီတဲ့ တပည့်တွေဖြစ်နေပေမဲ့ ဆက်ဆံရေး နက်ရှိုင်းမယ်လို့ မဆိုလိုဘူး။ ရင်းနှီးတဲ့သူလည်းရှိသလို ဝေးကွာတဲ့သူလည်း ရှိတယ်။

ဥပမာအားဖြင့် ဖန်ကျုံး၊ ကျင့်ဖေးကျွမ်း၊ လုချင်းယန် နဲ့ ချီမင်တို့က ပိုပြီး ရင်းနှီးကြတယ်။ တခြားစီနီယာအစ်ကိုနဲ့ စီနီယာအစ်မတွေနဲ့က ပိုပြီး ဝေးကွာကြတယ်။

ဒါက အရမ်းကို သာမန်ပဲဖြစ်တယ်။

All Chapters