အဆင့်ချိုးဖြတ်ခြင်း! အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်! မဟာရွှေအမြူတေတာအိုကျမ်း ပြီးပြည့်စုံခြင်း!
Vol. 7 Ch. 96
အချိန်တွေကကုန်ဆုံးသွားတယ်။
ကျင့်ကြံအားထုတ်တယ်ဆိုတာ အချိန်ကိုမသိရဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးနှစ်ကြာသွားပြီး အမွေခံတပည့်ပြိုင်ပွဲကလည်း စတင်တော့မည်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်ပြိုင်ပွဲအကြောင်းကို လွန်ခဲ့တဲ့ သုံးလကတည်းက စပြီးသတင်းဖြန့်နေကြပြီ။ ဆွေးနွေးမှုတွေက အရမ်းကို အသက်ဝင် နေပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စအမျိုးမျိုးက ပျံ့နှံ့နေတယ်။
အကြောင်းအရာအမျိုးမျိုး ထွက်ပေါ်နေတယ်။
သေချာတာတစ်ခုကတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုကအမွေခံတပည့်ပေါင်း ၁,၂၃၀ ယောက် ပါဝင်ကြမှာဖြစ်တယ်။ ဒီအရေအတွက်က တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲတုန်းကထက်တောင် များသေးတယ်။
ပြန်ကြည့်ရင်အဲဒီတုန်းက ချီမင်က တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ ပါဝင်ခဲ့တယ်
လူတစ်သောင်း ကျော်ထဲကနေ ရွေးချယ်ခဲ့တာဖြစ်တယ်။
ချီမင်အပါအဝင် တိမ်စိမ်းတောင်ထွတ်မှာ အမွေခံတပည့် ၇၄ ယောက်ပဲရှိတယ်။
ခုနစ်နှစ်တာကာလအတွင်းမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို နှစ်ကြိမ်ကျင်းပခဲ့တယ်။ အမွေခံတပည့်ဖြစ်နိုင်တဲ့ အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ပဲ ပေါ်ထွက်ခဲ့ပေမယ့် သူက တိမ်စိမ်းတောင်ထွတ်ကို မဝင်ဘဲ ဖုန်းကွယ်ဓားတောင်ထွတ်ကို ဝင်သွားတယ်။
အမွေခံတပည့်ပြိုင်ပွဲရက်နီးကပ်လာတာနဲ့အမျှ အလုပ်မရှိအလုပ်ရှာတဲ့လူတွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းကြတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုအတွက် စစ်မှန်နဂါးအဆင့်စာရင်းတစ်ခုကို ဖန်တီးလိုက်ကြတယ်။
အမွေခံတပည့်အားလုံးကို အဆင့်သတ်မှတ်ထားတယ်။
ချီမင်ရဲ့အဆင့်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တောင်ထွတ်ဆယ့်နှစ်ခုရဲ့ စစ်မှန်နဂါးအဆင့်စာရင်းမှာ အရမ်းနိမ့်နေတယ်။ သူက အဆင့်တစ်ထောင်မှာပဲ ချိတ်တယ်။ ဒါတောင် ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံထားလို့ဖြစ်တယ်။
မဟုတ်ရင်…
ချီမင်ရဲ့အဆင့်က ဒီထက်တောင် နိမ့်ဦးမယ်။
ခုထိတော့ လူတိုင်းက ချီမင်ရဲ့ကျင့်ကြံမှုအဆင့်ကအမြူတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်လို့ ထင်နေကြတယ်။
ဒါပေမယ့် သူကအဲ့ဒါကိုဂရုမစိုက်ပါဘူး။
ဘာပဲဖြစ်ဖြစ် အမွေခံတပည့်ပြိုင်ပွဲစတာနဲ့ အရာအားလုံးက အလိုလိုပေါ်လာလိမ့်မယ်။ အခုချိန်မှာ ဒီလိုအဓိပ္ပာယ်မရှိတဲ့အရာတွေအတွက် ငြင်းခုံလည်းအလကားပဲ။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း စစ်မှန်နဂါးအဆင့်စာရင်းဆိုတာက အသုံးမဝင်ဘူး။ စာရင်းဝင်တဲ့သူတွေကို ဆုချမှာလည်း မဟုတ်ဘူး။ အများဆုံးကတော့ သူတို့ရဲ့နာမည်ဂုဏ်သတင်း ပိုတိုးသွားတာလောက်ပဲရှိတယ်။
ဒီနေ့ မနက်ခင်းမှာတော့။
“ဂျူနီယာမောင်လေး”
လုချင်းယန်က လာတွေ့တယ်။ “အမွေခံတပည့်ပြိုင်ပွဲစဖို့ တစ်လပဲလိုတော့တယ်။ နင် ယုံကြည်မှုရှိရဲ့လား?”
“အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ့မယ်။” ချီမင်က ပြန်ဖြေတယ်။
“ဂျူနီယာမောင်လေး စိတ်ဓာတ်မကျနဲ့နော်။”
လုချင်းယန်က နှစ်သိမ့်တယ်။ “နင်အမွေခံတပည့်ဖြစ်တာ ဆယ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ တချို့အမွေခံတပည့်တွေက ရာစုနှစ်တစ်ခု၊ နှစ်ခုစာလောက်တောင်ရှိပြီ။။”
“ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ဝင်ဖို့ အရွေးချယ်မခံရရင်တောင် နောက်တစ်ခေါက် အခွင့်အရေးရှိပါသေးတယ်။”
သူ့ဘေးမှာတော့ ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့က မီးမွှေးပြီးတော့ ဝိညာဉ်အစားအစာချက်ပြုတ်ဖို့ အလုပ်ရှုပ်နေကြတယ်။ ဒီတစ်ခေါက်တော့ သူတို့က ကျင့်ကြံခြင်းလောကပုံစံ အသားကင်လုပ်နေကြတယ်။
စကားပြောရင်းနဲ့ လုချင်းယန်နဲ့ ချီမင်တို့ကလည်း အားရပါးရစားသောက်နေကြတယ်။ ချီမင်က တစ်ခါတစ်လေ သူ့ရဲ့ ကောင်းကင်ကြယ်တာရာဝိုင်အိုးကို ထုတ်ပြီး ဝိညာဉ်ဝိုင်နည်းနည်းစီ သောက်တယ်။ ဒါပေမယ့် လုချင်းယန်က ဝိညာဉ်ဝိုင်မကြိုက်ဘူး။ ဒါကြောင့် ချီမင်က ယွမ်ဖုန်းကို ကျင့်ကြံခြင်းလောကပုံစံ သစ်သီးဖျော်ရည်နဲ့ အဖျော်ယမကာတွေ ဖန်တီးခိုင်းထားတယ်။
“ဂျူနီယာမောင်လေး။”
လုချင်းယန်က ဝိညာဉ်မီးစပျစ်သီးနဲ့ညှစ်ထားတဲ့ ဝိညာဉ်စပျစ်ဖျော်ရည်တစ်ခွက်ကို မြည်းကြည့်ရင်း အမဲသားတုတ်ထိုးတစ်ချောင်းကို လှမ်းယူလိုက်တယ်။ သူ့ရဲ့ရဲရဲနီနေတဲ့ နှုတ်ခမ်းလေးတွေမှာ ဆီတွေပေသွားတယ်။ “နင်တိမ်ပြိုတောင်ထွတ်မှာ တစ်ယောက်တည်းနေရင်း ဒီလောက်ကောင်းတဲ့အစားအစာတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။”
ချီမင်က ပြုံးပြီး “ဒါက ယွမ်ဖုန်းရဲ့အကူအညီနဲ့ လုပ်ထားတာပါ။ မဟုတ်ရင် ဒီလောက်လွယ်မှာမဟုတ်ဘူး။”
“ဟုတ်လား?”
လုချင်းယန်ကသဘောပေါက်သွားတယ် အသားကင်လုပ်နေတဲ့ ယွမ်ဖုန်းကို နက်ရှိုင်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ယွမ်ဖုန်းက ပခုံးတွန့်ပြီး လည်ပင်းပုဝင်သွားတယ်။ ဘာကြောင့်မှန်းမသိ နည်းနည်းတော့ အပြစ်ရှိသလို ခံစားနေရတယ်။
ချီမင်ကလည်း တခြားပါဝင်ပစ္စည်းတွေနဲ့လုပ်ထားတဲ့ သစ်သီးဖျော်ရည်နဲ့ တခြားအဖျော်ယမကာတွေကို မြည်းကြည့်တယ်။
အရသာက တကယ်မဆိုးဘူး။
ချီမင်ကတော့ ဝိညာဉ်ဝိုင်ကို ပိုကြိုက်တုန်းပဲ။
တကယ်တော့ လုချင်းယန်က နှစ်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံနေခဲ့တာမို့ ချီမင်နဲ့ သိပ်အဆက်အသွယ်မရှိဘူး။ ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့ကသာ ချီမင်နဲ့ ပိုပြီးအဆက်အသွယ်ရှိကြတယ်။ ဒါ့အပြင် ချီမင်က သူတို့ကို လမ်းညွှန်ပေးပြီး အကြိမ်ပေါင်းများစွာ ကူညီခဲ့တယ်။
ဒါကြောင့် ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့က ချီမင်ရဲ့ခွန်အားကို ပိုပြီးသိကြတယ်။
ဆရာဦးလေး ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်ကအမြူတေ ဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိသေးပေမယ့် အတိအကျဘယ်အဆင့်လဲတော့ သူတို့မသိဘူး။ ဒါပေမယ့် ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့ကတော့ ဆရာဦးလေး ချီမင်က ဒီအမွေခံတပည့်ပြိုင်ပွဲမှာ သေချာပေါက်တောက်ပလာလိမ့်မယ်ဆိုတာ သေချာသိနေတယ်။
ရှောင်ဖန်းက လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အဆင့်ကိုး ပြင်းထန်ဆွဲငင်အား ရွှေအမြူတေကို သန့်စင်ပြီးသွားပြီ။ ဒါပေမယ့် သူက ဂိုဏ်းကိုမပြောဘဲ ဖုံးကွယ်ထားတယ်။ ဒီအမွေခံတပည့်ပြိုင်ပွဲပြီးမှ ဂိုဏ်းကို အသိပေးပြီး တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ဖြစ်လာဖို့ စီစဉ်ထားတယ်။
အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။
ရှောင်ဖန်းက ချီမင်ကို ရှောင်ချင်လို့ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆရာဦးလေး ချီမင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ရှောင်ဖန်းက ကောင်းကောင်းသိတယ်။ သူတို့က လုံးဝမတူညီတဲ့ အဆင့်မှာရှိတယ်။ ဆရာဦးလေးက သူ့ကို လူသစ်လေးတစ်ယောက်လိုရိုက်နှက်နိုင်တယ်။ သူက လက်ချောင်းတစ်ချောင်းတောင်လှုပ်နိုင်မှာမဟုတ်ဘူး။
ဒါကြောင့် အခုသာ အမွေခံတပည့်ဖြစ်သွားရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ စည်းကမ်းအရ ဒီအမွေခံတပည့်ပြိုင်ပွဲမှာ ပါဝင်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် ဆရာဦးလေး ချီမင်ရှိနေတော့ သူက လုံးဝအရှုံးပေးရမှာပဲ။ ဆိုးဆိုးရွားရွားတောင် အရိုက်ခံရနိုင်တယ်။
ဒီလိုအခြေအနေမျိုးမှာ ရှောင်ဖန်းက ဆုံးဖြတ်လ်ိုက်တယ်။
နောက်ထပ်အနှစ်တစ်ရာနေလို့ အခြေတည်ဝိညာဉ် မဟာကျင့်ကြံသူဖြစ်သွားရင်တော့ နောက်လာမယ့် အမွေခံတပည့်ပြိုင်ပွဲမှာ သူ့ရဲ့အစွမ်းအစကို ပြသပြီး ပြိုင်ဘက်အားလုံးကို အပြတ်အသတ်အနိုင်ယူပစ်မယ်။
ဒါက အရမ်းမိုက်မှာမဟုတ်ဘူးလား?!
ယွမ်ဖုန်းကတော့…
သူ့ရဲ့အလားအလာက တိုးတက်လာတဲ့အတွက် လုချင်းယန်က ဒါကိုသိလိုက်ရတော့ တော်တော်လေးအံ့ဩသွားတယ်။ ဒါကြောင့် လုချင်းယန်က ဂိုဏ်းကိုအကြောင်းကြားပြီး အဆင့်ကိုး ရွှေအမြူတေအတွက် အမြူတေဖွဲ့စည်းခြင်းကျင့်ကြံနည်းကို လျှောက်ထားခဲ့တယ်။
ဒါကြောင့် ခုနစ်နှစ်တာကာလပတ်လုံး၊ အခုထိတိုင်အောင် သူက အဆင့်ကိုး ရွှေအမြူတေဖွဲ့စည်းဖို့ ပြင်ဆင်နေတုန်းပဲဖြစ်တယ်။
“ဂျူနီယာမောင်လေး၊ နင့်ရဲ့ကျင့်ကြံမှုအဆင့်က အခုဘယ်လောက်ရှိပြီလဲ?” လုချင်းယန်က မေးတယ်။
“အမြူတေဖွဲ့စည်းခြင်း အလယ်ပိုင်းအဆင့်။” ချီမင်က ပြန်ဖြေတယ်။
“မဆိုးဘူးပဲ။”
လုချင်းက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ “ဒီတိုးတက်နှုန်းက အရင်ကလောက် အံ့ဩစရာမကောင်းပေမယ့် တော်တော်လေးကောင်းပါတယ်။ ဒီအမွေခံတပည့်ပြိုင်ပွဲမှာ နင်က အဓိကအားဖြင့် အမြင်ကျယ်အောင်လုပ်ပြီး အတွေ့အကြုံစုဆောင်းရုံပဲ။ နောက်အနှစ်တစ်ရာနေရင် ကျင်းပမယ့် အမွေခံတပည့်ပြိုင်ပွဲကျရင်တော့နင့်ရဲ့စင်မြင့်ဖြစ်လာမှာ သေချာတယ်။”
“…”
ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့က စကားမပြောကြပေမယ့် သူတို့စိတ်ထဲမှာတော့ တွေးနေကြတယ်၊ ‘ဆရာရယ် ဆရာ၊ ဆရာဦးလေး ချီကို တကယ်ပဲ လျှော့တွက်လွန်းနေပြီ။ သူ့ရဲ့ခွန်အားက သူ့ရဲ့ကျင့်ကြံမှုအဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်နေတာ ကြာပြီ။’
“စီနီယာအစ်မပြောတာ မှန်ပါတယ်။” ချီမင်က ပြုံးပြီး ဘာမှမငြင်းတော့ဘူး။
လုချင်းယန်က လက်ဝှေ့ယမ်းလိုက်တော့ သူ့ရဲ့သိုလှောင်အိတ်ထဲကနေ ပစ္စည်းတစ်ခုထွက်လာတယ်။ ဒါက လက်ဖဝါးအရွယ် ကျောက်စိမ်းဘူးလေးတစ်ဘူးပဲ။ သလင်းကျောက်လ်ိုကြည်လင်ပြီး အရောင်အသွေးစုံလင်တယ်။ နက်နဲတဲ့အစီအရင်တွေနဲ့ ထွင်းထုထားတယ်။ သူက “ဒီကျောက်စိမ်းဘူးထဲမှာ ငါမကြာသေးခင်က သန့်စင်ထားတဲ့ အဆောင်လက်ဖွဲ့တွေပါတယ်။ ပြိုင်ပွဲက ဘယ်လိုဖြစ်မယ်ဆိုတာ ငါမသိပေမယ့်နင့်အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။”
ချီမင်က လှမ်းယူလိုက်တယ်။ ယဉ်ကျေးနေစရာမလိုဘူး။
သူ ဖွင့်ကြည့်လိုက်တယ်။
ကျောက်စိမ်းဘူးထဲမှာဗလာနယ်စွန့်ခွာခြင်းနယ်ပယ်ရဲ့စွမ်းအားတွေပါဝင်တဲ့ အဆောင်လက်ဖွဲ့တွေရှိတယ်။ တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ ထောင်ချောက်ဆင်ရေးနဲ့ ထွက်ပြေးလွတ်မြောက်ရေး အဆောင်လက်ဖွဲ့တွေ အကုန်ပါတယ်။ အရမ်းကိုပြည့်စုံတယ်။
ဒီအချက်ကနေ သိသာတယ်။
လုချင်းယန်က အားထုတ်မှုနဲ့ အချိန်တော်တော်များများ အသုံးပြုခဲ့တယ်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။” ချီမင်က လေးလေးနက်နက်နဲ့ သိမ်းထားလိုက်တယ်။
“ဒါက ဘာမှမဟုတ်ပါဘူး။” လုချင်းယန်က “နင့်အရင်တစ်ခေါက်ပေးခဲ့တဲ့ခုနစ်ရောင်ခြယ် ဝိညာဉ်စမ်းရေအတွက်တောင် ကျေးဇူးမတင်ရသေးဘူး။”
ချီမင်က ခဏစဉ်းစားပြီးမှ မေးလိုက်တယ်။ “ပြောရမယ်ဆိုရင် ကျွန်တော် သိပ်မသေချာဘူး။ အမွေခံတပည့်ပြိုင်ပွဲမှာ ပါဝင်ဖို့ သီးခြားစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေရှိလား? အတိအကျ သတ်မှတ်ချက်တွေက ဘာတွေလဲ?”
“အသက် ၃၀၀ နှစ်အောက်နဲ့ ကျင့်ကြံမှုအဆင့်ကဗလာနယ်စွန့်ခွာခြင်းနယ်ပယ်အောက်ဖြစ်ရမယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်ဖြစ်နေသရွေ့ ပါဝင်နိုင်သလို ပါဝင်ကိုပါဝင်ရမယ်။”
လုချင်းယန်က “ဒါကြောင့် အမွေခံတပည့်တိုင်းက အမွေခံတပည့်ပြိုင်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေးနှစ်ကြိမ်ထက်မနည်း ရကြတယ်။”
ချီမင်က ခေါင်းညိတ်လိုက်တယ်။ ခဏစဉ်းစားပြီးမှ သူက “ဒါပေမယ့် ဒီလိုဆိုရင် ဂိုဏ်းထဲနောက်ကျမှဝင်တဲ့ အမွေခံတပည့်တွေအတွက် အားနည်းချက်ဖြစ်မနေဘူးလား?” လို့မေးလိုက်တယ်။
“ဒါက ဘာမှမဟုတ်ပါဘူး။”
လုချင်းယန်က ပခုံးတွန့်လိုက်တယ်။ “ဒီလောကကြီးမှာ လုံးဝတရားမျှတမှုဆိုတာ မရှိပါဘူး။ ပြီးတော့ ဂိုဏ်းထဲဝင်တဲ့ အမွေခံတပည့်တွေက ကျင့်ကြံမှုအဆင့်မပြည့်မီလို့ ကောင်းကင်ဘုံဉာဏ်အလင်းအင် မော်တယ်တောင်ကို မဝင်နိုင်ရင်တောင် အနှစ်တစ်ရာနေရင် ဒုတိယအကြိမ်အမွေခံတပည့်ပြိုင်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေးရှိပါသေးတယ်။”
“ဒါကြောင့် ဒီစည်းကမ်းက တော်တော်လေး တရားမျှတမှုရှိပါတယ်။”
ချီမင်က ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်လေ။”
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲက တစ်ခါနဲ့တစ်ခါမတူဘူး။ နောက်ဆုံးအမွေခံတပည့်ပြိုင်ပွဲတုန်းက တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်အားလုံးကို ‘အဆုံးမဲ့ချောက်နက်ကြီး’ ဆီသွားပြီး မြေအောက်နတ်ဆိုးတွေကို အမဲလိုက်ခိုင်းခဲ့တာ။”
လုချင်းယန်က “ဒါကြောင့် အမွေခံတပည့်တော်တော်များများ အမွေခံတပည့်ပြိုင်ပွဲမှာ သေဆုံးခဲ့ကြတယ်။ ဒီတစ်ခေါက်ပြိုင်ပွဲက ဘယ်လိုဖြစ်မလဲတော့ မသိဘူး။”
“ပြိုင်ပွဲရဲ့အကြောင်းအရာနဲ့ စည်းကမ်းတွေက အရင်တစ်ခေါက်နဲ့တူနေရင် ဂျူနီယာမောင်လေး၊ နင်ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်နော်။ နင့်ရဲ့အသက်က အရေးအကြီးဆုံးပဲ။”
“ဟုတ်ကဲ့ စီနီယာအစ်မ။” ချီမင်က ခေါင်းညိတ်လိုက်တယ်။
မသိလိုက်ခင်မှာပဲ ညနေစောင်းသွားတယ်။
ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့လည်း စားသောက်ပြီးသွားပြီ။ ခဏလောက် စကားစမြည်ပြောပြီးတော့ လုချင်းယန်တို့ ပြန်သွားကြတယ်။ ချီမင်က ညကောင်းကင်ကိုကြည့်ပြီး ခဏလောက်စဉ်းစားနေတယ်။
ယွမ်ဖုန်းတို့က မြေပြင်ပေါ်က အမှိုက်သရိုက်နဲ့ စားကြွင်းစားကျန်တွေကို သန့်ရှင်းရေးလုပ်ပြီးသွားပြီ။
“သခင်”
ဟော့ချန်ချင်း ပေါ်လာပြီး ချီမင်ကို ဦးညွှတ်လိုက်တယ်။
ချီမင်က ဟော့ချန်ချင်းကို အကဲခတ်လိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခြမ်းက အနက်ရောင်ဖြစ်ပြီး တစ်ခြမ်းက အဖြူရောင်ဖြစ်နေလို့ ထူးဆန်းနေပေမယ့် ဒီကောင့်ရဲ့ခွန်အားကတော့ အမှန်အကန်ပဲ။
ဟော့ချန်ချင်းက ဒုတိယဝိညာဉ်နေရာကွက်မှာ လေးနှစ်ဆက်တိုက် အလိုအလျောက်ကျင့်ကြံခြင်းလုပ်ခဲ့တာ။ လွန်ခဲ့တဲ့ခုနစ်ရက်ကမှသူ့ခန္ဓာကိုယ်ရဲ့နောက် ကန့်သတ်ချက်ကိုရောက်ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကို တိုးတက်သွားတယ်။
ချီမင်က ဟော့ချန်ချင်းကို နှင်းမြူပုံဆောင်ခဲအပျိုစင်နဲ့ တိုက်ခိုက်ခိုင်းတယ်။ နှင်းမြူပုံဆောင်ခဲအပျိုစင်က ဟော့ချန်ချင်းကို သုံးကွက်နဲ့တင် ရှုံးသွားတယ်။ အနက်ရောင်အရုဏ်ဦးနတ်ဆိုးလင်းနို့ကလည်း ဒီအတိုင်းပဲ။ ဟော့ချန်ချင်းရဲ့ပြိုင်ဘက်မဟုတ်ဘူး။
“ငါ့ရဲ့အဆင့်ချိုးဖြတ်ခြင်းက နောက်ရက်အနည်းငယ်အတွင်း ဖြစ်လာလောက်တယ်။”
ချီမင်က သူ့ရဲ့ဒန်တျန်းထဲက မွေးရာပါသန့်စင်တဲ့မဟာတာအို ရွှေအမြူတေကို ခံစားလိုက်ရတယ်။ ဒါက မဟာတာအိုစစ်မှန်အမှတ်အသားတွေနဲ့ ဖုံးလွှမ်းနေပြီး ရွှေအမြူတေတစ်ခုလုံးက ပိုပြီးပြီးပြည့်စုံလာနေပြီ။ အဆင့်ချိုးဖြတ်ဖို့ နီးကပ်နေပြီ။
သုံးရက်ကြာပြီးနောက် ညမှာတော့။
တင်း!
“မဟာရွှေအမြူတေတာအိုကျမ်းကို အဆတစ်သိန်းတိုးမြှင့်မှုအောက်မှာ ဆက်တိုက်ကျင့်ကြံခဲ့တဲ့အတွက် သင်က မဟာရွှေအမြူတေတာအိုကျမ်းကို နားလည်သဘောပေါက်သွားပြီး ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို ထပ်မံနားလည်သဘောပေါက်သွားပါပြီ။ ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုက တာအိုအမှတ်အသားတွေအဖြစ် ပြောင်းလဲသွားပြီးရွှေအမြူတေထဲပေါင်းစပ်သွားပါတယ်။ မဟာတာအိုစစ်မှန်အမှတ်အသားတွေကိုထွင်းထုပြီး လှည့်ပတ်နေပါတယ်။ ပြီးပြည့်စုံခြင်းအဆင့်ရွှေအမြူတေကို ရရှိပြီး သင့်ကျင့်ကြံမှုအဆင့်ကအမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ကို အဆင့်ချိုးဖြတ်သွားပါပြီ!”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ထင်တဲ့အတိုင်းပဲ!”
ချီမင်ရဲ့မျက်နှာပေါ်မှာ ဝမ်းသာတဲ့အရိပ်အယောင်တစ်ခု ပေါ်လာတယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်ချိုးဖြတ်ပြီးနောက်မှာ မဟာရွှေအမြူတေတာအိုအပေါ် သူ့ရဲ့နားလည်မှုက ပြီးပြည့်စုံလုနီးပါးဖြစ်သွားပြီ။ သူက မဟာရွှေအမြူတေတာအိုကို တကယ်ပဲ ဆုပ်ကိုင်နိုင်ခဲ့ပြီ။
ဒီလိုနဲ့ မဟာရွှေအမြူတေတာအိုကျမ်းကို ဆယ်နှစ်တိတိကျင့်ကြံပြီးနောက်မှာ သူက နောက်ဆုံးတော့ ပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီ။
ဒီအဆင့်ချိုးဖြတ်ခြင်းအတွက် ချီမင်က ခုနစ်နှစ်လုံးလုံး အချိန်ယူခဲ့ရတယ်။
အဆတစ်သိန်းတိုးမြှင့်မှုအောက်မှာဆိုရင် ဒါက နှစ်ပေါင်းခုနစ်သိန်းပဲ။
ဒီလောက်အချိန်အများကြီးနဲ့ဆို ဝက်တစ်ကောင်တောင်အင်မော်တယ်ဖြစ်အောင် ကျင့်ကြံနိုင်လောက်တယ်။
ဒါပေမယ့် မဟာရွှေအမြူတေတာအိုကျမ်းက အရမ်းကို လွန်လွန်းတယ်။ ဒါက ကောင်းကင်ဘုံနတ်ဆိုးတွေပဲ ကျင့်ကြံနိုင်တဲ့ မဟာတာအိုကျင့်ကြံနည်းဖြစ်တယ်။ ချီမင်လို သာမန်လူတစ်ယောက် ကျင့်ကြံနိုင်တဲ့အရာမဟုတ်ဘူး။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်အောက်မှာ သူက သူ့ရဲ့နယ်ပယ်ကို အတင်းအကျပ်မြှင့်တင်ခဲ့တယ်။
သူက အတင်းအကျပ် အဆင့်ချိုးဖြတ်လိုက်တယ်။
ဘုန်း!
နောက်တစ်ခဏမှာတော့ ချီမင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ အသိစိတ်က နက်နဲတဲ့အခြေအနေတစ်ခုထဲကို ဝင်ရောက်သွားပြီး နားလည်မှုအမျိုးမျိုးထဲကို ကျဆင်းသွားတယ်။ မဟာရွှေအမြူတေတာအိုရဲ့ ခမ်းနားထည်ဝါမှုက ချီမင်ရဲ့ရှေ့မှာ တကယ်ပဲ ပေါ်လွင်လာတယ်။
ဒီအချိန်မှာ ချီမင်က ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို တကယ်ပဲ ‘စူးစမ်းလေ့လာ’လိုက်ရတယ်။
တစ်ချက်ကလေးပဲ မြင်လိုက်ရရင်တယ်ဆိုရင်တောင်ရတယ်။