← Chapters

ဧရာမနဂါးဥ၊ အင်မော်တယ်အသွင်ပြောင်းတောင်ထွတ်

Vol. 7 Ch. 97

ဧရာမနဂါးဥ၊ အင်မော်တယ်အသွင်ပြောင်းတောင်ထွတ်

Vol. 7 Ch. 97

ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုစွမ်းအားက တိုင်းတာလို့မရနိုင်အောင် နက်နဲပြီး အဆုံးအစမရှိ ကျယ်ပြောလှတယ်။

ချီမင်က တစ်ချက်ပဲကြည့်လိုက်ရပေမယ့် သူလည်း နက်နက်ရှိုင်းရှိုင်း ပါဝင်သွားတယ်။သူ့ကိုယ်သူ မလွတ်မြောက်နိုင်ဘဲ မိန်းမောသွားတယ်။ နားလည်မှုအမျိုးမျိုးက သူ့စိတ်ထဲကို တိုးဝင်လာတယ်။

ဘုန်း!

နောက်ဆုံးတော့ ချီမင်ရဲ့နှလုံးသားထဲမှာ သူနားလည်သဘောပေါက်ခဲ့တဲ့ တာအိုအမျိုးမျိုးနဲ့ စစ်မှန်မှုတွေက မဟာရွှေအမြူတေတာအိုကျမ်းအဖြစ် ပြောင်းလဲသွားတယ်။ ဒါက မရေမတွက်နိုင်တဲ့ စစ်မှန်ပုံစံကွက်တွေအဖြစ် ပြောင်းလဲသွားပြီး မဟာတာအိုရွှေအမြူတေတစ်ခုအဖြစ် စုစည်းသွားတယ်။

တစ်ခဏအတွင်းမှာပဲ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး ရုတ်တရက်လက်တွေ့ကိုပြန်ရောက်လာတယ်။သူမျက်လုံးဖွင့်ကြည့်လိုက်တော့ လွတ်နေပြီး တိတ်ဆိတ်နေတဲ့ တိမ်ပြိုဂူစံအိမ်ကို တွေ့လိုက်ရတယ်။ သူ နိုးထလာခဲ့ပြီ။

သူ့ရဲ့ ဒန်တျန်းထဲကို ကြည့်လိုက်တယ်။

ချီမင်က ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေတဲ့မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေကိုမြင်လ်ိုက်ရတယ်။မဟာတာအိုအမှတ်အသားတွေက ပြန့်နှံ့နေတယ်။ ထိတွေ့လို့မရသလို သဏ္ဍာန်လည်းမရှိပေမယ့် အရမ်းတည်ငြိမ်ပြီး မလှုပ်ခါနိုင်ဘူး။

သဏ္ဍာန်မဲ့ရွှေအမြူတေက ထောင့်တစ်နေရာမှာပဲနေပြီး အရာဝတ္ထုတစ်ယောက်လိုပြုမူ‌နေတယ်။ ဘာလှုပ်ရှားမှုမှ မလုပ်ရဲဘူး။

သဏ္ဍာန်မဲ့ရွှေအမြူတေကလည်း မသိလိုက်ခင်မှာပဲ အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားခဲ့ပြီ။

ဒါ့အပြင် သဏ္ဍာန်မဲ့ရွှေအမြူတေက မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေရဲ့ လွှမ်းမိုးမှုခံရပြီး မဟာတာအိုရဲ့ အငွေ့အသက်တစ်စွန်းတစ်စ စွန်းထင်းသွားတဲ့အတွက် ထူးခြားလာခဲ့တယ်။

နောက်တစ်ခုကတော့ တစ်ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းပဲ။

အလားတူပဲ တစ်ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းမှာလည်း မဟာတာအိုစစ်မှန်အမှတ်အသားတွေ ထွင်းထုထားတယ်။

ဒါ့အပြင် သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေ၊ ကမ္ဘာဖျက်ဆီးဓား၊ ဓားတောင်နဲ့ လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်တွေအားလုံးက မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေရဲ့ လွှမ်းမိုးမှုခံခဲ့ရတယ်။

သူတို့တွေမှာလည်း မဟာတာအိုစစ်မှန်အမှတ်အသားတွေ ထွင်းထုထားတယ်။

ဒါတင်မကဘူး၊ ချီမင်ကိုယ်တိုင်လည်း ဒီအတိုင်းပဲ။

ရွှေအမြူတေဓမ္မစွမ်းအားတွေ တိုးပွားလာတယ်။

ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းအောက်မှာ အဆုံးမဲ့စွမ်းအားတွေ ထပ်တိုးပွားလာပြီး အဆုံးမဲ့လှိုင်းတွေ ဖန်တီးနေတယ်။

ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းကဓမ္မစွမ်းအင်ပင်လယ်ထဲမှာ အမြစ်တွယ်နေတယ်။

“ဆယ်နှစ်တာကျင့်ကြံမှု။”

ချီမင်က သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို ခံစားမိပြီး အရမ်းစိတ်အခြေအနေကောင်းသွားတယ်။ သူ ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားပြီး စစ်မှန်မှုတွေကို ပိုပြီးမြင်တွေ့နိုင်လာတယ်။

“နောက်ဆုံးတော့ ငါရဲ့ ရွှေအမြူတေကပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီ။” ချီမင်က တိုးတိုးလေးရေရွတ်လိုက်တယ်။

တင်း!

“ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ်ခြောက်ပညာရပ်ကို အဆတစ်သိန်းတိုးမြှင့်မှုအောက်မှာ ဆက်တိုက်ကျင့်ကြံခဲ့တဲ့အတွက် သင်ကောင်းကင်ဘုံကြယ်တာရာတွေရဲ့ ပြောင်းလဲမှုတွေ၊ နေနဲ့လရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ မဟာတာအိုရဲ့ နက်နဲမှုတွေကို နားလည်သဘောပေါက်သွားပါပြီ။ နားလည်မှုအမျိုးမျိုးကသင့်ရဲ့စိတ်ထဲကို တိုးဝင်လာပါတယ်။ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ်ခြောက်ပညာရပ်က အစပြုသူအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်ရှိသွားပါပြီ။”

နောက်ထပ်အသိပေးချက်တစ်ခု ပေါ်လာတယ်။

ဝီ! ဝီ!

ချီမင်က အဲဒီနက်နဲတဲ့အခြေအနေထဲကို ထပ်ရောက်သွားတယ်။ သူက ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ်ခြောက်ပညာရပ်ရဲ့အစပြုသူအဆင့် ကန့်သတ်ချက်ကို ရောက်ရှိသွားပေမယ့် အဆင့်ချိုးဖြတ်လို့မရဘူး။

အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်။

ချီမင်ရဲ့အဆင့်က မလုံလောက်သေးလို့ဖြစ်တယ်။

သူက ပြီးပြည့်စုံတဲ့ မဟာရွှေအမြူတေတာအိုကိုပဲ ကျင့်ကြံရသေးတယ်။ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ်ခြောက်ပညာရပ်ရဲ့အစပြုသူအဆင့်ကို အဆင့်ချိုးဖြတ်ချင်ရင် ဒီ့ထက်မြင့်တဲ့ ကျင့်ကြံမှုအဆင့် လိုအပ်တယ်။

တင်း!

“လက်ခံသူရဲ့ကျင့်ကြံမှုအဆင့်က အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ကို အဆင့်ချိုးဖြတ်သွားပြီဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အမြူတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ အရုဏ်ဦးဘုရားကျောင်းကို ရှင်းလင်းခြင်းကရတဲ့ ဆုလာဘ်က အလွန်အမင်းလျော့ကျသွားပါပြီ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ အသုံးပြုပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဖွင့်လိုက်။” ချီမင်က ပြောလိုက်တယ်။

တောင်!

“အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကို ငွေဖြည့်သွင်းပြီးပါပြီ။”

“ဂိမ်းမြေအောက်စခန်းအသစ်ကို အောင်မြင်စွာဖွင့်လှစ်ပြီးပါပြီ။”

“အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းနဂါးကျွန်း ကို ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဝင်မယ်။” ချီမင်က ပြောလိုက်တယ်။

ဝှစ်!

ဂိမ်းမြင်ကွင်းက ပေါ်လာတယ်။

ပထမဆုံးက မီတာတစ်သောင်းကျော်မြင့်တဲ့ တိမ်ကင်းမဲ့တဲ့ အပြာရောင်ကောင်းကင်ယံမှာမျောနေတဲ့ ကြီးမားပြီးခန့်ညားတဲ့ စူပါကျွန်းကြီးတစ်ခုပဲ။

ဒါ့အပြင် ဒီကျွန်းပေါ်မှာ နဂါးမျိုးနွယ်လို့ခေါ်တဲ့ သဘာဝလွန်သတ္တဝါတွေ နေထိုင်ကြတယ်။

ပျံသန်းနဂါး၊ မြွေနဂါး၊ ဧရာမနဂါး။

ဝေါင်း! ဝေါင်း! ဝေါင်း!

နဂါးဟိန်းသံတွေက ဆက်တိုက်ထွက်ပေါ်နေတယ်။

ဝှစ်!

ဒီနေ့မှာတော့ ချီမင်ပြောင်းလဲထားတဲ့ နဂါးသတ်ဓားနတ်ဘုရားက ဒီနဂါးကျွန်းပေါ်ကို ဆင်းသက်လာတယ်။ သူ ဓားဆွဲထုတ်ပြီး တိုးဝင်သွားတယ်။ မရေမတွက်နိုင်တဲ့ ဓားစွမ်းအင်တွေက ကောင်းကင်ယံကို လွှမ်းခြုံသွားပြီး အရပ်ရှစ်မျက်နှာကို တိုက်ခတ်သွားတယ်။ ဘယ်နဂါးမှ သူ့ကိုမယှဉ်နိုင်ဘူး။

ဒါက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပဲ။

သူက နဂါးတွေကို သတ်ဖြတ်နေတယ်။

နဂါးသွေးတွေက ကျွန်းတစ်ကျွန်းလုံးကိုပြည့်နှက်သွားတယ်။

‘နဂါးကျွန်း’ ဂိမ်ူယးမြေအောက်စခန်းကို ရှင်းလင်းဖို့အတွက် သတ်မှတ်ချက်က နဂါးကျွန်းပေါ်က ပျံသန်းနဂါးတွေ၊ မြွေနဂါးတွေနဲ့ ဧရာမနဂါးတွေအပါအဝင် နဂါးအားလုံးကို မျိုးဖြုတ်သုတ်သင်ပစ်ဖို့ဖြစ်တယ်။

“ဧရာမနဂါး။”

စိတ်ကူးတစ်ခုနဲ့ ချီမင်က တိုးတိုးလေးရေရွတ်ပြီး ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်တယ်၊ နောက်ထပ်အာရုံမစိုက်တော့ဘူး။

တစ်ရက်ကြာတော့။

တင်း!

“သင်ဟာ ‘နဂါးကျွန်း’ ဂိမ်းမြေအောက်စခန်းမှာ တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်းလုပ်ခဲ့ပါတယ်။သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင်- ဧရာမနဂါးဥတစ်လုံး၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းရရှိပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ပစ္စည်း- ဧရာမနဂါးဥ။

မိတ်ဆက်- ဒါက ‘နဂါးကျွန်း’ ဂိမ်းမြေအောက်စခန်းကနေရရှိတဲ့ သားရဲဥတစ်လုံးဖြစ်ပါတယ်။ နဂါးပေါက်အဖြစ်သား‌ပေါက်နိုင်သလို ချက်စားခြင်း သန့်စင်ခြင်းတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

“ဧရာမနဂါးဥ။”

ချီမင်က စိတ်ဝင်စားသွားတယ်။ ပေါက်လာတဲ့နဂါးက ဘယ်အဆင့်ထိရောက်နိုင်မလဲဆိုတာ သူသိချင်နေတယ်၊ ဒါကြောင့် သူက “စတုတ္ထသားရဲနေရာကို ဖွင့်လိုက်။” လို့ပြောလိုက်တယ်။

တင်း!

“အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း (အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀) ကို ငွေဖြည့်သွင်းပြီးပါပြီ။ စတုတ္ထသားရဲနေရာကွက်ကို အောင်မြင်စွာဖွင့်လှစ်ပြီးပါပြီ။”

ချီမင်က ဧရာမနဂါးဥကို ထုတ်ယူလိုက်တယ်။ ဒါက အညိုရောင်ဧရာမနဂါးဥကြီးတစ်လုံးပဲ။ နဂါးစွမ်းအင်တစ်စွန်းတစ်စကို မသဲမကွဲခံစားလို့ရတယ်။ အချင်းဝက်က တစ်မီတာခွဲလောက်ရှိတယ်။

ချက်ချင်းပဲ သူ လက်ညှိုးကိုက်ပြီး သွေးတစ်စက်ကို ဧရာမနဂါးဥထဲကို ချလိုက်တယ်။ ဧရာမနဂါးဥက စုပ်ယူလိုက်ပြီး ချက်ချင်းပဲ သက်ဆိုင်တဲ့ဆက်သွယ်မှုကို တည်ဆောက်လိုက်တယ်။

ဧရာမနဂါးဥထဲက အသက်ရှင်သန်မှုကို သူခံစားလိုက်ရတယ်။

“အလိုအလျောက်ကျင့်ကြံခြင်းနဲ့ ကြီးထွားခိုင်းလိုက်။”

ချီမင်က ‘ဧရာမနဂါးဥ’ ကို ‘စတုတ္ထသားရဲ ကြီးထွားမှုနေရာကွက် ထဲကို ပစ်ထည့်လိုက်ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သန်းဖြည့်ပြီး အဆတစ်သိန်းတိုးမြှင့်မှုအောက်မှာ ကြီးထွားစေလိုက်တယ်…

တစ်ရက်ကြာတော့ ဧရာမနဂါးဥက တရားဝင်ပေါက်ဖွားလာတယ်။

ခရက်! ခရက်!

နည်းနည်းချစ်စရာကောင်းတဲ့ သတ္တဝါငယ်လေးတစ်ကောင် ဧရာမနဂါးဥထဲကနေ တွားသွားထွက်လာတယ်။ သူ့မှာ မဖြန့်ရသေးတဲ့ နဂါးတောင်ပံတွေရှိတယ်။ သူ့တစ်ကိုယ်လုံး မည်းနက်နေပြီး ထူထဲတဲ့အကြေးခွံတွေရှိတယ်။ သူ့မျက်လုံးတွေက ကြီးမားပြီး အဖြူအမည်းဖြစ်နေတယ်။ သူ့ခြေလက်တွေက အရမ်းတိုတယ်။

ကောင်ငယ်လေးက ဥခွံအပိုင်းအစအားလုံးကို စားပစ်လိုက်တယ်။

တင်း!

“ဧရာမနဂါးဥကအဆတစ်သိန်းတိုးမြှင့်မှုအောက်မှာ တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်းလုပ်ပြီး အောင်မြင်စွာသားပေါက်ခဲ့ပါတယ်။။ ‘လက်‌ရွေးစင်အဆင့် သားရဲ- အမှောင်နဂါးပေါက်’ ကို အောင်မြင်စွာသားပေါက်ခဲ့ပါတယ်။ အမြင့်ဆုံးကြီးထွားနိုင်တာကတော့ အနက်ရောင်နဂါးဘုရင်ဖြစ်ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ထိ ရောက်ရှိနိုင်ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဒါက လက်ရွေးစင်အဆင့်သားရဲပဲလား။”

ချီမင်နည်းနည်းစိတ်ပျက်သွားတယ်။ “လက်ရွေးစင်အဆင့်ထက်ကျော်လွန်တဲ့ သားရဲတစ်ကောင် ပေါက်နိုင်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် ဘာမှမရှိတာထက်တော့ တော်သေးတယ်။ ဘာပဲဖြစ်ဖြစ် လုံးဝအရွယ်ရောက်သွားရင်တော့ အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ရဲ့ တိုက်ပွဲစွမ်းအား ရှိနေဦးမှာပဲ။”

သုံးရက်ကြာတော့ ဖုန်းဇီမုက သူ့အစေခံကိုလွှတ်ပြီး ချီမင်ကို ခေါ်ခိုင်းလိုက်တယ်။

“အမွေခံတပည့် ချီ။”

ပြောရမယ်ဆိုရင် ချီမင်က သူအစေခံတပည့်ဘဝတုန်းက ဒီအစေခံလေးကို မြင်ဖူးတယ်။ အစေခံလေးက “ကျေးဇူးပြုပြီး သခင်နဲ့တွေ့ဖို့ ကျွန်တော့်နောက်လိုက်ခဲ့ပါ။” လို့ပြောတယ်။

ချီမင်က ခေါင်းညိတ်ပြီး “လမ်းပြပါ။”

ဝှစ်! ဝှစ်!

ပုံရိပ်နှစ်ခုက လေထဲကိုဖြတ်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့က အဝေးကို ပျောက်ကွယ်သွားတယ်။

မကြာခင်မှာပဲ ချီမင်က ကလေးနောက်လိုက်ပြီး သူ့သခင် ဖုန်းဇီမုရဲ့ဂူစံအိမ်ဆီ ရောက်သွားတယ်။ သူ့မျက်စိရှေ့မှာ မြင်လိုက်ရတာက မီတာတစ်သောင်းမြင့်တဲ့ တောင်ထွတ်ကြီးတစ်ခုပဲ။ တောင်ရဲ့ခါးပန်းလောက်ကနေ မြူတွေဝိုင်းရံနေပြီး နတ်ဘုံတစ်ခုလို ဖြစ်နေတယ်။

ဒီတောင်ထွတ်ကို အင်မော်တယ်အသွင်ပြောင်းတောင်ထွတ်လို့ခေါ်တယ်။

ဒါ့အပြင် ဒီတောင်ထွတ်ကြီးပေါ်မှာ ကျင့်ကြံသူတွေအများကြီးလည်း ရှိတယ်။

၊ ဒီကျင့်ကြံသူတွေအားလုံးက သူ့ဆရာဖုန်းဇီမုရဲ့လက်အောက်ငယ်သားတွေပဲ။ သူ့ဆရာ ဖုန်းဇီမုက အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုတယ်လို့ ပြောလို့ရတယ်။

ဒါ့အပြင် ဒီတောင်ထွတ်ကြီးပေါ်မှာ သူ့ဆရာက သူ့ရဲ့အထွတ်အထိပ်စွမ်းအားကိုအသုံးပြုပြီးကောင်းကင်ဂူ ကောင်းချီးခံမြေတစ်ခုကိုတောင် တည်ထောင်ထားတယ်။

နည်းလမ်းအမျိုးမျိုး အသုံးပြုထားတယ်။

သူကအင်‌မော်တယ်နတ်ဘုရားတစ်ပါးလိုပဲ။

ဒီအချက်ကနေ သူ့ဆရာရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ကျော်လွန်နေပြီဆိုတာ သိသာတယ်။

“အမွေခံတပည့် ချီ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပါ။” အစေခံလေးက ပြောတယ်။

ချီမင်က စိတ်တည်ငြိမ်အောင်ထားပြီး ခေါင်းအသာငြိမ့်လိုက်တယ်။ သူက အစေခံလေးနောက်လိုက်ပြီး တောင်ထဲဝင်ကာ ထိပ်ဆီကိုဦးတည်သွားလိုက်တယ်။ မကြာခင်မှာပဲ သူက သူ့ဆရာဖုန်းဇီမုရဲ့ အင်မော်တယ်အသွင်ပြောင်းဂူစံအိမ်ရှေ့ကို ရောက်သွားတယ်။

“သခင်၊ အမွေခံတပည့် ချီကို ခေါ်လာခဲ့ပါပြီ။”

ကလေးက ဂူစံအိမ်အပြင်ဘက်မှာရပ်ပြီး ဦးညွှတ်ရင်း အစီရင်ခံတယ်။

“ဝင်ခဲ့။”

သူ့သခင်ရဲ့အသံက ဂူစံအိမ်ထဲကနေ ထွက်ပေါ်လာတယ်။

ဂူစံအိမ်ရဲ့တံခါးက အလိုအလျောက်ပွင့်သွားတယ်။

“ကျေးဇူးပြုပြီး။”

အစေခံလေးက သူ ဂူစံအိမ်ထဲဝင်ဖို့ အရည်အချင်းမရှိဘူးဆိုတဲ့သဘောနဲ့ လက်ဟန်ပြတယ်။

ချီမင်က အသက်ပြင်းပြင်းရှူပြီး ဝင်သွားလိုက်တယ်။ သူ ဂူစံအိမ်ထဲကို ခြေလှမ်းဝင်ကာစပဲရှိသေးတယ်၊ ပတ်ဝန်းကျင်ကို အကဲမခတ်ရသေးခင်မှာပဲ နေရယလပ်ကပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။

နောက်တစ်ခဏမှာတော့ ချီမင်က ခန်းမတစ်ခုဆီ ရောက်နေပြီ။

“ဂျူနီယာညီလေး ချီ၊ မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ။”

ဒီအချိန်မှာ ချီမင်က ရင်းနှီးတဲ့အသံတစ်ခုကြားလိုက်ရပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့စီနီယာအစ်ကို ဖန်ကျုံးက ချီမင်ကို ပြုံးပြနေတာကို တွေ့လိုက်ရတယ်။ “ငါတို့ မင်းကိုစောင့်နေတာ။”

ချီမင်က ခဏကြောင်သွားပြီးမှ ဖန်ကျုံးကို ပြန်ပြောလိုက်တယ်၊ “စီနီယာအစ်ကို ဖန်။”

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။

အဲဒီတော့မှ သူနဲ့ စီနီယာအစ်ကို ဖန်ကျုံးအပြင် ကျန့်ဖေးကျွမ်းလည်း ရှိနေတာကို သိလိုက်ရတယ်။ ချီမင်မသိတဲ့ တခြားစီနီယာအစ်ကိုအစ်မခြောက်ယောက်လည်း ရှိနေတယ်။ သူတို့အားလုံးမှာ ထူးခြားတဲ့အရှိန်အဝါတွေ ရှိနေတယ်။

“အားလုံးရောက်နေကြပြီပဲ။”

ရှေ့တည့်တည့်မှာ ထိုင်ခုံတစ်ခုရှိတယ်။

ဝီ!

သူ့ရှေ့မှာ အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားတယ်။

သူ့ဆရာ ဖုန်းဇီမုက ဘယ်ကမှန်းမသိ ပေါ်လာတယ်။ သူ့အကြည့်က ချီမင်နဲ့ ရှိနေတဲ့တခြားသူတွေအပေါ် ဝေ့ဝဲသွားတယ်။ ခေါင်းအသာငြိမ့်ပြီးနောက်မှာ သူက မျက်နှာထားတည်တည်နဲ့ ပြန်ထိုင်လိုက်တယ်။

“ဂါရဝပြုပါတယ် ဆရာ။”

ချီမင်နဲ့ တခြားသူတွေက လက်သီးယှက်ပြီး ဖုန်းဇီမုကို တစ်ချိန်တည်းမှာ ဦးညွှတ်လိုက်ကြတယ်။

“အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်။”

အဲဒီတော့မှ ဖုန်းဇီမုက ပြုံးလိုက်တယ်။

“မင်းတို့နှစ်ယောက်က နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေပြီး ကိုယ့်ကိစ္စနဲ့ကိုယ်ပဲ အလုပ်ရှုပ်နေကြတာ။ အခု အမွေခံတပည့်ပြိုင်ပွဲက နီးကပ်နေပြီဆိုတော့ ဒီနေ့ မင်းတို့အားလုံးကိုခေါ်လိုက်တာက ပြိုင်ပွဲအကြောင်းပြောဖို့တင်မကဘူး၊ မင်းတို့ဆရာတူမောင်နှမတွေ အချင်းချင်းကောင်းကောင်းသိသွားအောင်လို့ပဲ။”

ဖုန်းဇီမုကပြောလိုက်တယ် “ဒီလိုဆိုရင် အမွေခံတပည့်ပြိုင်ပွဲမှာတွေ့ရင်တောင် အချင်းချင်းကူညီနိုင်တာပေါ့”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့ပါဆရာ။”

အားလုံးက ပြောကြတယ်။

နောက်အချိန်တွေမှာ ချီမင်က တခြားစီနီယာအစ်ကိုအစ်မခြောက်ယောက်နဲ့ အပြန်အလှန်နှုတ်ဆက်ရတယ်။

ပထမစီနီယာအစ်ကို ထန်ပင်ရွှမ်၊ ဒုတိယစီနီယာအစ်မ ကျင်းလင်၊ တတိယစီနီယာအစ်ကို ဝူချန်းချွမ်၊ စတုတ္ထစီနီယာအစ်ကို ကျန်းပင်းလိန်၊ ပဉ္စမစီနီယာအစ်မ ကျောက်ဖေးဖေးနဲ့ ဆဋ္ဌမစီနီယာအစ်ကို ကျူစစ်တို့ဖြစ်ကြတယ်။

သူ့ရဲ့သတ္တမစီနီယာအစ်မ ကျန်းဖေးကျွမ်းနဲ့ အဋ္ဌမစီနီယာအစ်ကို ဖန်ကျုံးကိုတော့ချီမင်အစကတည်းက သိထားတယ်။

တာအိုစာလုံးတွေ လည်ပတ်မှုအောက်မှာ ချီမင်က ဒီစီနီယာအစ်ကိုအစ်မတွေကို တစ်ချက်ပဲကြည့်လိုက်ရုံနဲ့ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ထွင်းဖောက်မြင်လိုက်တယ်။

စီနီယာအစ်ကို ဖန်ကျုံးကလွဲရင် တခြားစီနီယာအစ်ကိုအစ်မခုနစ်ယောက်လုံးက အခြေတည်ဝိညာဉ်အဆင့်မှာ ရှိနေကြတယ်။

ဒါ့အပြင်…

သူတို့က အမွေခံတပည့်ဖြစ်လာနိုင်ခဲ့တဲ့အတွက် အရမ်းမြင့်မားတဲ့အရည်အချင်းနဲ့ ထူးခြားတဲ့နည်းလမ်းတွေ ရှိရမယ်။

ထပ်လောင်းပြောရရင် ဂိုဏ်းထဲအရင်ဆုံးဝင်ခဲ့တဲ့ အကြီးဆုံးစီနီယာအစ်ကို ထန်ပင်ရွှမ်ပဲ။ သူက အမွေခံတပည့်ဖြစ်နေတာ နှစ် ၂၈၀ ရှိနေပြီဖြစ်ပြီး အသက်က ၂၉၀ ရှိနေပြီ။

သူ့ရဲ့ကျင့်ကြံမှုအဆင့်က အမြင့်ဆုံးပဲ။

သူ့မှာ နည်းလမ်းအများဆုံးနဲ့ဝှက်ဖဲအများဆုံးရှိတယ်။

သူက ဖုန်းဇီမု အရမ်းမျှော်လင့်ထားတဲ့ အမွေခံတပည့်တစ်ယောက်လည်းဖြစ်တယ်။ ထန်ပင်ရွှမ်က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို မဝင်နိုင်ရင်တောင် ဒီအမွေခံတပည့်ပြိုင်ပွဲမှာ အရမ်းကောင်းမွန်စွာ စွမ်းဆောင်နိုင်လိမ့်မယ်လို့ သူက ခံစားမိတယ်။

ဒါ့အပြင် ဖုန်းဇီမု တော်တော်လေးအထင်ကြီးတဲ့ တပည့်တချို့လည်း ရှိသေးတယ်။

ချီမင်နဲ့ပတ်သက်လို့တော့ ဖုန်းဇီမုက တကယ်ပဲ အကောင်းမြင်မနေဘူး။

အကြောင်းပြချက်က ရိုးရှင်းပါတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုမှာ အမွေခံတပည့်တစ်ထောင်ကျော်ရှိပြီး သူတို့ထဲကအများစုက ထန်ပင်ရွှမ်လိုပဲ။ သူတို့က ဒီပြိုင်ပွဲကို စောင့်နေကြတာ။ အမွေခံတပည့်ပြိုင်ပွဲစတာနဲ့ သူတို့က နောက်ဆုံးမိနစ်မှာတောင် ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို အဆင့်ချိုးဖြတ်နိုင်တယ်။

ချီမင်က အမွေခံတပည့်ဖြစ်တာ ဆယ်စုနှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။

ကျင့်ကြံမှု၊ အခြေခံ၊ တိုက်ခိုက်ရေးအတွေ့အကြုံ စတာတွေနဲ့ပတ်သက်ရင် သူက အဲဒီစီနီယာအမွေခံတပည့်တွေထက် နိမ့်ကျတယ်။

ကွာခြားချက်က ကြီးမားတယ်။

ချီမင်ရဲ့အရည်အချင်းက ထူးခြားရင်တောင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ မရှားပါဘူး။

ဖုန်းဇီမုရဲ့မျှော်လင့်ချက်အရ ချီမင်က ပထမအဆင့်မှာတင်ထုတ်ပယ်ခံရလိမ့်မယ်။

All Chapters