ခြေလှမ်းတိုင်းကြာပန်းပွင့်လန်းခြင်း၊ တိမ်စိမ်းနန်းတော်
Vol. 7 Ch. 98
"မင်းတို့အားလုံး နောက်ပြောမယ့် စကားတွေကို သေချာနားထောင်ရမယ်။"
ဖုန်းဇီမုက မျက်နှာတည်တည်နဲ့ လေးနက်တဲ့ အသံနဲ့ ပြောတယ်၊ "ဘာလို့လဲဆိုတော့ ဒီကိစ္စက အမွေခံတပည့်ပြိုင်ပွဲနဲ့ ပတ်သက်နေလို့ပဲ ငါတို့ဂရုမစိုက်ဘဲ နေလို့မရဘူး။ ပြီးတော့ မင်းတို့ထဲမှာ အခုမှ ပထမဆုံးအကြိမ် ပါဝင်တာ မဟုတ်တဲ့သူတွေလည်း ရှိတယ်။"
"ဟုတ်။"
ထန်ပင်ရွှမ်နဲ့ ကျင်းလင်တို့ ခေါင်းညိတ်ကြတယ်။
သူတို့နှစ်ယောက်က အရင် အမွေခံတပည့်ပြိုင်ပွဲမှာ ပါဝင်ဖူးပေမဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ သူတို့ ပိုပြီး ပြင်ဆင်ထားကြတယ်။
ချီမင်ဘာမှ မပြောဘဲ နားထောင်နေတယ်။
"မင်းတို့အားလုံး အခြေခံ အချက်အလက်တချို့ကို မကြာသေးခင်က ကြားထားကြမှာပါ။"
ဖုန်းဇီမုက ဆက်ပြောတယ်၊ "ဒါကြောင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲတိုင်းရဲ့ စည်းမျဉ်းတွေနဲ့ အကြောင်းအရာတွေက လုံးဝမတူညီဘူးဆိုတာ မင်းတို့ သိသင့်တယ်။"
ချီမင်နဲ့ တခြားသူတွေ ခေါင်းညိတ်ကြတယ်။
"ဒါပေမဲ့ မင်းတို့ထဲကတချို့ကတော့ အမွေခံတပည့်ပြိုင်ပွဲတိုင်းရဲ့ အကြောင်းအရာနဲ့ စည်းမျဉ်းတွေကို ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က မဟာအကြီးအကဲတွေက ပူးပေါင်းဆွေးနွေးပြီး၊ နောက်ဆုံးမှာ ဂိုဏ်းချုပ်က အတည်ပြုပြီး အကောင်အထည်ဖော်တယ်ဆိုတာ မသိကြသေးဘူး။"
"ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ကံကြမ္မာနဲ့တောင် သက်ဆိုင်တယ်။"
"ဒါကြောင့် ပြိုင်ပွဲမစခင်မှာ မဟာအကြီးအကဲတွေနဲ့ ဂိုဏ်းကလွဲလို့ တခြားဘယ်သူမှ ပြိုင်ပွဲအသေးစိတ်နဲ့ စည်းမျဉ်းတွေကို မသိကြဘူး။"
"ဒါပေမဲ့..."
"သတင်းတချို့ကတော့ ပျံ့နှံ့နေတုန်းပဲ။ ဒါက ငါ အများကြီး ကြိုးစားပြီး ရှာဖွေတွေ့ရှိထားတဲ့ အရာပဲ။ မင်းတို့ကို ပြောရမှာက ဒီအမွေခံတပည့်ပြိုင်ပွဲက တော်တော်လေး အန္တရာယ်များတယ်၊ အရင်တစ်ခါထက်တောင် ပိုအန္တရာယ်များတယ်။"
ထန်ပင်ရွှမ်ရဲ့ မျက်နှာက တင်းကျပ်သွားပြီး သူ့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့ အရိပ်အယောင်တချို့ ပေါ်လာရင်းမေးလိုက်တယ် "ဆရာ၊ တကယ်လား?"
ဖုန်းဇီမု ခေါင်းညိတ်လိုက်တယ်။
ထန်ပင်ရွှမ်နဲ့ ကျင်းလင်တို့ တိတ်ဆိတ်သွားကြတယ်။
သူတို့နှစ်ယောက်က အရင်ကအမွေခံတပည့်ပြိုင်ပွဲကို ကိုယ်တိုင် ကြုံခဲ့ဖူးတယ်။ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတချို့က အထွတ်အထိပ်ဓမ္မစွမ်းအားတွေ အသုံးပြုပြီး အချိန်ကာလကို ပြောင်းပြန်လှန်ကာ အမွေခံတပည့်အားလုံးကို အနောက်ပိုင်းဒေသရဲ့ အဆုံးမဲ့ ချောက်နက်ကြီးဆီကို ပို့ပြီး မြေအောက်နတ်ဆိုးကို သတ်စေခဲ့လို့ အမွေခံတပည့်တစ်ရာကျော် သေဆုံးခဲ့ရတယ်။
ပြောရမယ်ဆိုရင်...
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အတိတ်က အမွေခံတပည့်ပြိုင်ပွဲတွေကတော့ နည်းနည်း ပိုပြီးညင်သာတယ်။အခြေခံအားဖြင့်သူတို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ကောင်းကင်ဂူကောင်းချီးခံမြေဆီကို ဝင်ပြီး တိုက်ခိုက်တာ ဒါမှမဟုတ် ပွဲကြည့်စင်မှာ ယှဉ်ပြိုင်တာမျိုးပဲ။
ဒါကြောင့် အမွေခံတပည့်ပြိုင်ပွဲမှာ သေဆုံးတဲ့ အမွေခံတပည့် အရေအတွက်က အရမ်းနည်းတယ်။
ဒါပေမဲ့ အရင် အမွေတပည့်ခံပြိုင်ပွဲကတော့ အမွေခံတပည့် အများအပြားအတွက် လုံးဝ မမေ့နိုင်စရာ ဖြစ်ခဲ့တယ်။
ဒါ့အပြင် ထန်ပင်ရွှမ်နဲ့ ကျင်းလင်တို့ မှတ်မိနေတုန်းပဲ။
အရင် အမွေခံတပည့်ပြိုင်ပွဲမှာ ကျောက်စိမ်းတောက်ပ တောင်ထွတ်ရဲ့ အမွေခံတပည့် ဟူပင်းထင်က သေဆုံးခြင်းနတ်ဘုရားရဲ့ ပူးကပ်ခြင်းခံထားရသလိုမျိုးပဲ။ သူက အဆုံးမဲ့ချောက်နက်ကြီးကို ဖြတ်ပြီးသတ်ဖြတ်အားဖြင့် သူ့ရဲ့ တာအို ကို ရရှိခဲ့တယ်။ ဘယ်သူမှ သူ့ကို ယှဉ်ပြိုင်နိုင်ခဲ့တာ မဟုတ်ဘူး။
သူက သတ်ဖြတ်ခြင်းတာအို ထဲကိုတောင် ဝင်ရောက်ပြီး ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ရောက်ခဲ့တယ်။
နောက်ဆုံးမှာတော့ ဟူပင်းထင်က ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က မဟာအကြီးအကဲတချို့ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ အဲ့ဒီအမွေခံတပည့်ပြိုင်ပွဲမှာ သူ ထူးခြားစွာ ပေါ်လွင်ခဲ့ပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ထဲကို ဝင်ရောက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်လာခဲ့တယ်။
ဖုန်းဇီမုရဲ့ အကြည့်က ချီမင်ဆီ ရောက်လာပြီး ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်၊ "မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်ကို ရောက်နေပြီလဲ?"
ချီမင်ကပြောလိုက်တယ် "ကျွန်တော် အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို လွန်ခဲ့တဲ့ နှစ်ရက်ကပဲချိုးဖြတ်ခဲ့ပါတယ်။"
"အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်" ဖုန်းဇီမုရဲ့ မျက်နှာက ဝမ်းသာအားရ ဖြစ်သွားပြီး သူ့မျက်လုံးတွေ တောက်ပလာတယ်၊ "မဆိုးဘူး၊ မဆိုးဘူး။ ဆယ်နှစ်အတွင်းမှာ မင်းရဲ့ ကျင့်ကြံမှုက အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။ ကောင်းတယ်။"
"ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။" ချီမင် ပြန်ဖြေလိုက်တယ်။
ဒီအချိန်မှာ ထန်ပင်ရွှမ်နဲ့ တခြား စီနီယာအစ်ကို၊ စီနီယာအစ်မတွေရဲ့ အကြည့်တွေကလည်း ချီမင်ဆီကို ရောက်လာကြတယ်။ သူတို့က သူတို့ရဲ့ အငယ်ဆုံး ဂျူနီယာလေးကို ကြည့်ပြီး တော်တော်လေး စိတ်ဝင်စားနေကြတယ်။
အဲ့ဒီတုန်းက ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ခဲ့ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲမှာတောက်ပခဲ့တယ်။ သူက တခြား တောင်ထွတ် ၁၁ ခုရဲ့ အမွေခံတပည့်တွေကို ဖိနှိပ်ပြီး တစ်ညတည်းနဲ့အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ခဲ့တာ။
ဒီလို လုပ်ဆောင်ချက်အမျိုးမျိုးရဲ့ သတင်းတွေက တိမ်စိမ်း တောင်ထွတ်မှာပျံ့နှံ့နေခဲ့တာကြာပြီဖြစ်တယ်။
ထန်ပင်ရွှမ်တို့လည်း သဘာဝအတိုင်း သိကြတယ်။
"ဂျူနီယာညီလေး! မင်းက တကယ်ကို အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တောင် ရောက်နေပြီလား။"
ဖန်ကျုံးက အရမ်း အံ့ဩသွားတယ်။ သူက ချီမင်ကို ကြည့်ပြီးပြောလိုက်တယ်။ "ငါက အခုမှ အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်။ အခြေတည်ဝိညာဉ်အဆင့်ထဲကို မရောက်သေးဘူး။ မင်းက ဒီလောက် မြန်မြန်ဆန်ဆန် ငါ့ကို မှီလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
"စီနီယာအစ်ကို၊ ခင်ဗျားကအရမ်း နှိမ့်ချတာပဲ။"
ချီမင်က ပြောတယ်၊ "ကျွန်တော် အခုမှချိုးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျားကတော့ ချိုးဖြတ်ပြီးတာကြာပြီ။ အခုဆိုရင် အခြေတည်ဝိညာဉ်အဆင့်ကို ရောက်ဖို့ လမ်းကြောင်းကို ရှာတွေ့ပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်မှာပါ။"
"ဟားဟားဟား..."
ဖန်ကျုံး ကျယ်လောင်စွာ ရယ်မောလိုက်တယ်၊ "မင်း သိနေတာပဲ။"
"ဂျူနီယာညီလေး ချီ။"
ဝူချန်းချွမ်က အဓိကအားဖြင့် ခန္ဓာကိုယ်ကျင့်ကြံနည်းကို ကျင့်ကြံတယ်။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်း တာအို မှာတော့ အဆင့်အတန်းက တော်တော်လေး မြင့်မားပြီး ဝေးဝေးရောက်နေပြီ။ ဒါကြောင့် သူ့ခန္ဓာကိုယ်မှာ ခန္ဓာကိုယ်ကျင့်ကြံသူရဲ့လက္ခဏာ လုံးဝ မရှိဘူး။ ဒါ့အပြင် သူက ကျမ်းစာ ကောင်းကောင်းတွေကိုဖတ်ရတာ ကြိုက်တယ်။ ဒါကြောင့် သာမန်လူတွေရဲ့ အမြင်မှာ သူက ကျောင်းတော်သားတစ်ယောက်နဲ့ ပိုတူတယ်။
"ဂျူနီယာညီလေးမင်းရဲ့အရင်ကလုပ်ဆောင်ချက်တွေကိုငါကြားတော့တော်တော်လေး အံ့ဩမိတယ်။ မင်းနဲ့ တွေ့ဖို့ အခွင့်အရေးနဲ့ အချိန်ကိုအမြဲတမ်း ရှာပါတယ်။ဒါပေမယ့်ကိစ္စအတော်များများကြောင့်ကြန့်ကြာခဲ့ရတယ်။"
ဝူချန်းချွမ်ကပြောလိုက်တယ်၊ "ဒီနေ့ မင်းကို တွေ့လိုက်ရတော့ မင်းက တကယ်ကို လူတွေကြားက နဂါးပဲ။ ကံမကောင်းစွာနဲ့ပဲ ဂျူနီယာညီလေး၊ မင်းက အမွေခံတပည့်အဖြစ် ဆယ်နှစ်ကျော်ပဲ ရှိသေးတယ်၊ အချိန်ကနည်းနည်း တိုလွန်းတယ်။ ဒါကြောင့် ဒီအမွေခံတပည့်ပြိုင်ပွဲမှာဂျူနီယာညီလေးတောက်ပဖို့ ခက်လိမ့်မယ်။"
"အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံမှုက အရမ်းနိမ့်တယ်။"
ထန်ပင်ရွှမ်မျက်မှောင်ကြုတ်ပြီး သူ့အကြည့်က ချီမင်နဲ့ ဖန်ကျုံးဆီ ရောက်လာတယ်၊ "ဆရာပြောတာအရဆိုရင် ဒီအမွေခံတပည့်ပြိုင်ပွဲရဲ့ အန္တရာယ်က အရင်တစ်ခါထက်တောင် ပိုမြင့်မယ်ဆိုရင် မင်းတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပါဝင်တာက အန္တရာယ် အရမ်းများလိမ့်မယ်။"
"စီနီယာအစ်ကို ထန် ပြောတာ မှန်တယ်။" ကျင်းလင် ခေါင်းညိတ်ပြီး လေးနက်စွာ ပြောတယ်။ "ဒါကြောင့် နင်တို့နှစ်ယောက်ကို သတိပေးရမယ်။ နင်တို့ရဲ့ အသက်အန္တရာယ်အတွက်၊ အမွေခံတပည့်ပြိုင်ပွဲကနေ ထွက်ဖို့ နည်းလမ်းရှာသင့်တယ်။"
ချက်ချင်းဆိုသလိုပဲ မြင်ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်။
ထန်ပင်ရွှမ်နဲ့ ကျင်းလင်တို့ရဲ့ ရည်ရွယ်ချက်က ကောင်းပေမဲ့ ဖန်ကျုံးနဲ့ ချီမင်က အမွေခံတပည့်တွေပဲ။ အမွေခံတပည့်ဖြစ်နိုင်တဲ့သူတွေက ထူးခြားတဲ့ စွမ်းရည်ရှိတဲ့ ဉာဏ်ကြီးရှင်တွေချည်းပဲ ဖြစ်ပြီး မာနနဲ့ ထောင်လွှားမှု ရှိကြတယ်။
ချီမင်ကတော့ ဒီအပေါ်မှာ ဂရုမစိုက်ဘူး။
ဒါပေမဲ့ ဖန်ကျုံးကတော့ တော်တော်လေး သက်ရောက်တယ်။
"သတိပေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုနဲ့ စီနီယာအစ်မ။" ဖန်ကျုံးက ခပ်တည်တည်ပဲ ပြောတယ်၊ "ဒါပေမဲ့ ကျွန်တော် ဆက်ကြိုးစားချင်သေးတယ်။"
"နင့်သဘော။" ကျင်းလင် ပခုံးတွန့်လိုက်တယ်။
"အဲ့ဒီအချိန်ကျရင် အမွေခံတပည့်ပြိုင်ပွဲမှာ တွေ့ပြီး အန္တရာယ်နဲ့ ကြုံလာရင် ငါ့ဆီလာပြီး ရှာလို့ရတယ်။" ထန်ပင်ရွှမ်က ပြောတယ်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။"
ဖန်ကျုံး အံ့ဩသွားပြီး လက်သီးဆုပ်လိုက်တယ်။
"ချီမင်၊ ဖန်ကျုံး။"
ဖုန်းဇီမုက ပြောတယ်၊ "မင်းတို့နှစ်ယောက်က ဂိုဏ်းထဲကို နောက်ပိုင်းမှရောက်ခဲ့တာ၊ ဒါကြောင့် မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့် နည်းနည်းနိမ့်တာက သာမန်ပဲ။ အများကြီးဂရုစိုက်ဖို့မလိုဘူး ပြီးတော့အမွေခံတပည့်ပြိုင်ပွဲမှာ မင်းတို့ရဲ့ စွမ်းဆောင်ရည် မကောင်းရင်တောင် ပါဝင်ဖို့ အခွင့်အရေး ရှိနေသေးတယ်။"
"ထန်ပင်ရွှမ်နဲ့ ကျင်းလင်တို့ ပြောတာ တစ်ခုတော့ မှန်တယ်။ ဘယ်သူဖြစ်ဖြစ် ကိုယ့်အသက်ကို ကာကွယ်ရမယ်။ သေသွားရင် အားလုံး အိပ်မက်တစ်ခုဖြစ်သွားလိမ့်မယ်။"
"ကျွန်တော် မှတ်ထားပါ့မယ်။" ဖန်ကျုံးက ပြောတယ်။
"ဟုတ်။" ချီမင် ခေါင်းညိတ်တယ်။
"ဆရာ့ဆုံးမစကားကို ကျွန်တော်တို့ မှတ်ထားပါ့မယ်။" ထန်ပင်ရွှမ်နဲ့ တခြားသူတွေလည်း တစ်ပြိုင်တည်း ပြောကြတယ်။
ညနေပိုင်းမှာ ချီမင်က အင်မော်တယ်အသွင်းပြောင်းတောင်ထွတ်ကနေ ထွက်ခွာလိုက်တယ်။
ဒါ့အပြင် သူ့ဆရာ ဖုန်းဇီမုက ချီမင်နဲ့ တခြားသူတွေကို အသက်ကယ်ပစ္စည်းတစ်ခု ပေးခဲ့တယ်။ ချီမင်က နှလုံးကာကွယ် နဂါးအကြေးခွံကို ရလိုက်တယ်။ ဒါက ဗလာနယ်စွန့်ခွာခြင်းအဆင့်အောက်က သေစေနိုင်တဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်တယ်။ ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကျွမ်းကျင်သူရဲ့ တိုက်ခိုက်မှုကိုတောင်ပိတ်ဆို့နိုင်တယ်။
တခြား စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေ ဘယ်လို အသက်ကယ်ပစ္စည်းတွေရလဲဆိုတာတော့ ချီမင်မသိခဲ့ဘူး။
အချိန်တွေ ကုန်လွန်သွားပြီး တစ်လအကြာမှာ။
ဘူးဇ်! ဘူးဇ်!!
ဒီနေ့၊ မနက်ပိုင်းမှာ။
အမွေတပည့်ခံပြိုင်ပွဲ စတင်တော့မယ်။
"တက်!"
ရှပ်! ရှပ်!!!
မော့ဟန်ကျန်းက လေထဲမှာ ရပ်နေပြီး လက်ဝှေ့ယမ်းလိုက်တယ်။ များပြားတဲ့ဓမ္မစွမ်းအားတွေကမြင့်တက်လာပြီး ကောင်းကင်နန်းတော်လို ခမ်းနားကြီးကျယ်တဲ့ နန်းတော်သင်္ဘောကြီးက တိမ်စိမ်း တောင်ထွတ်ထိပ်ကနေ ထွက်ပေါ်လာတယ်။
ရောင်စုံအလင်းတွေ တောက်ပနေတယ်။
အလင်းတန်းတွေ ဆက်တိုက် စီးဆင်းနေတယ်။
ပုံမှန်မဟုတ်အောင်ကို ခမ်းနားလှပတယ်။
ဒီနန်းတော်သင်္ဘောကို တိမ်စိမ်းနန်းတော်လို့ ခေါ်တယ်။
ဘူးဇ်!
ဝိညာဉ်စွမ်းအင်တွေ တုန်ခါသွားပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။
ဒီအချိန်မှာ တိမ်စိမ်း တောင်ထွတ်ရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေအားလုံး ခေါင်းမော့ပြီး ကောင်းကင်ပေါ် ရောက်နေပြီဖြစ်တဲ့ တိမ်စိမ်းနန်းတော်ကို ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်နှာတွေက တုန်လှုပ်ပြီး လေးစားမှုတွေနဲ့ ပြည့်နေတယ်။
"အမွေခံတပည့်တို့၊ နားထောင်ကြ။"
ဖျတ်!
မော့ဟန်ကျန်းက သူ့လက်တွေကို နောက်ပစ်ထားတယ်။ တောင်ထွတ်သခင်ရဲ့ အရှိန်အဝါ ပျံ့နှံ့လာပြီး တိမ်စိမ်း တောင်ထွတ်က လူတိုင်းကိုနက်ရှိုင်းတဲဲ့လေးစားမှု ဖြစ်သွားစေတယ်။ သူ့အသံက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်၊ "ချက်ချင်း သင်္ဘောပေါ် တက်ကြ။"
တိမ်ပြိုတောင်ထွတ်၊ ဂူစံအိမ်ရှေ့မှာ။
"ထွက်ခွာဖို့ အချိန်ရောက်ပြီ။"
ချီမင်က သူ့လက်တွေကို နောက်ပစ်ထားတယ်။ သူ့ရဲ့ ဝိညာဉ်သားရဲတွေက သားရဲနေရာကွက်တွေထဲမှာထည့်ထားတာကြာပြီ။
သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်က အခြေတည်ဝိညာဉ်အဆင့်ကို မရောက်သေးတဲ့အတွက် ချီမင်က သူ့ကို ခေါ်မသွားဘူး။ အစား သူ့ကို တိမ်ပြိုတောင်ထွတ်ကို စောင့်ရှောက်ဖို့ ထားခဲ့တယ်။
ချီမင်က တိမ်စိမ်းနန်းတော်ဆီကို တစ်လှမ်းချင်းစီ လျှောက်သွားတယ်။ သူ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာကြာပန်းစိမ်းတစ်ပွင့် ပေါ်လာပြီး သူ့ကို တစ်လှမ်းချင်းစီ မြှင့်တင်ပေးနေတယ်။
ဒါက ခြေလှမ်းတိုင်း ကြာပန်းပွင့်လန်းခြင်းလို့ ခေါ်တယ်။
"နုတ်ဆက်ပါတယ်ဆရာဦးလေး။"
အောက်မှာ ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့က ချီမင်ကို ဦးညွှတ်လိုက်ကြတယ်။
"ချီမင်! အမွေခံတပည့် ချီ!"
"သူပဲ!"
"ခြေလှမ်းတိုင်း ကြာပန်းပွင့်လန်းခြင်း၊ ဘယ်လောက် ခမ်းနားတဲ့မြင်ကွင်းလဲ။"
"..."
ပတ်ဝန်းကျင်မှာ တိမ်စိမ်း တောင်ထွတ် တပည့် အများအပြားက ချီမင်ကို မြင်တော့ သူ့ကို မှတ်မိသွားကြတယ်။
ရိုးရှင်းပါတယ်။
လူတိုင်းရဲ့ အမြင်မှာ ချီမင်က အရမ်းကိုဖြည်းဖြည်း လျှောက်နေတာကိုရှင်းရှင်းလင်းလင်း မြင်ရပေမဲ့ ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ သူက နေရာရွှေ့ပြောင်းသွားသလိုမျိုးသူက တိမ်စိမ်းနန်းတော်ပေါ်ကို ပထမဆုံး တက်ရောက်နိုင်သူ ဖြစ်သွားတယ်။
"အရမ်းမြန်တာပဲ။"
"သူ ဘယ်လို ဒီလောက်မြန်မြန် တက်သွားတာလဲ?"
"ငါ လိုက်မမီဘူး။"
"ဒါ ဘယ်လိုနည်းနစ်လဲ?"
"..."
လူတိုင်း အံ့ဩနေကြတယ်။
"တပည့် ချီမင်ကတောင်ထွတ်သခင်ကို ဂါရဝပြုပါတယ်။" ချီမင်ဦးညွှတ်လိုက်တယ်။
မော့ဟန်ကျန်း ခေါင်းညိတ်ပြီးပြောလိုက်တယ် "မဆိုးဘူး။ ခုနက ခြေလှမ်းတချို့က အချိန်ကာလရဲ့ စွမ်းအားကိုတောင် ထိတွေ့နေပြီ။ မြေပြင်ကို တစ်လက်မအဖြစ် ချုံ့လိုက်သလိုမျိုးပဲ။"
"ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်။" ချီမင်က ပြောတယ်။
ဖျတ်! ဖျတ်! ဖျတ်!!!
ဒီအချိန်မှာ တိမ်စိမ်း တောင်ထွတ်ရဲ့ ကျန် ၇၃ ဦးသော အမွေခံတပည့်တွေက မတူညီတဲ့ နည်းလမ်းတွေ အသုံးပြုပြီး သင်္ဘောပေါ် တက်လာကြတယ်။ တချို့က နဂါးအဖြစ် ပြောင်းလဲပြီး သင်္ဘောပေါ် တက်ကြတယ်၊ တချို့က ဓားအလင်းအဖြစ် ပြောင်းလဲပြီး သင်္ဘောပေါ် တက်ကြတယ်၊ တချို့က ထူးခြားဖြစ်စဉ်တွေ ပြသကြတယ်...
နည်းလမ်းအမျိုးမျိုး ပေါ်လာကြတယ်။
သူတို့ရဲ့ ခွန်အားနဲ့ နည်းလမ်းတွေကို ပြသလိုက်ကြတယ်။
အခုကစပြီး တိုက်ပွဲက တိတ်တိတ်ဆိတ်ဆိတ် စတင်ခဲ့ပြီ။
တိမ်စိမ်း တောင်ထွတ်က တပည့်တွေကတော့ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ပြီလို့ ဆိုရမယ်။ အမွေခံတပည့်တွေရဲ့ နည်းလမ်းတွေကို မြင်ပြီးတော့ သူတို့ရဲ့ ရင်ထဲမှာ ဆန္ဒပြင်းပြမှုတွေနဲ့ လေးစားမှုတွေ ပြည့်နှက်နေတယ်။
တိမ်စိမ်းနန်းတော်ရဲ့ ကုန်းပတ်ပေါ်မှာ တိမ်စိမ်း တောင်ထွတ်ရဲ့ အမွေခံတပည့် ၇၄ ဦးလုံး ရှိနေကြပြီ။
"မင်းတို့ရဲ့ ဆရာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲအတွက်နန်းတော်ကို သွားနှင့်ပြီ။"
မော့ဟန်ကျန်းက လူတိုင်းကို ကြည့်ပြီး ပြောတယ်၊ "ငါ အခု မင်းတို့ကို အဲ့ဒီကို ပို့ပေးမယ် ပြီးတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲအတွက်နန်းတော်ဆီကို ဦးတည်သွားမယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့ တခြား တောင်ထွတ် ၁၁ ခုရဲ့ အမွေခံတပည့်တွေကို မြင်ရလိမ့်မယ်။"
"ဟုတ်။"
"ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်။"
"ဟုတ်။"
"..."
တိမ်စိမ်း တောင်ထွတ်ရဲ့ အမွေခံတပည့်တွေ ပြန်ဖြေကြတယ်။
"သွားကြစို့။"
ဘူးဇ်!
မော့ဟန်ကျန်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ တိမ်စိမ်းနန်းတော်ကမိုးပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားတယ်။ ခမ်းနားကြီးကျယ်တဲ့ နန်းတော်သင်္ဘောကြီး ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။