← Chapters

အာရုံစိုက်မှု

Vol. 7 Ch. 99

အာရုံစိုက်မှု

Vol. 7 Ch. 99

တိမ်စိမ်းနန်းတော်ရဲ့ ပျံသန်းနေတဲ့ သင်္ဘောကြီးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ပြိုင်ပွဲကျင်းပမယ့် နန်းတော်ဆီကို အပြေးအလွှား ဦးတည်နေတယ်။ ကျန်ရှိနေတဲ့ တခြား တောင်ထွတ် ၁၁ ခုကလည်း သူတို့ရဲ့ အမွေခံတပည့်တွေကို စုစည်းပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာနေကြတယ်။

ဒီ အမွေခံတပည့် ပြိုင်ပွဲကြောင့် ဖြစ်လာတဲ့ ဆူညံသံက တော်တော်လေးကို ကြီးမားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းထဲကို အခုမှ ဝင်ရောက်လာတဲ့ အစေခံတပည့်တွေကနေ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကိုဝင်ရောက်နေတဲ့ မဟာအကြီးအကဲတွေအထိ၊ လူတိုင်းကဒီအသံကြောင့်သတိပေးခံရပြီး သက်ရောက်မှုတွေရှိသွားတယ်။

ဒီတစ်သုတ် အစေခံတပည့်တွေကတော့ ကံကောင်းတယ်လို့ ဆိုရမယ်။

အစေခံတပည့်တွေကို သုံးနှစ်တစ်ခါ ပြောင်းလဲလေ့ရှိတယ်။

ဒါကြောင့်သူတို့ကနှစ်တစ်ရာတစ်ခါကျင်းပတဲ့အမွေခံတပည့်ပြိုင်ပွဲနဲ့ ကြုံတွေ့ခွင့်ရတာ တကယ်ကို ကံကောင်းတယ်။ အမွေခံတပည့်တွေရဲ့အရှိန်အဝါကိုကိုယ်တိုင် မြင်တွေ့ရတာရယ်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို မြင်တွေ့ရတာက သူတို့ရဲ့အမြင်ကို ပိုပြီးကျယ်ပြန့်စေတယ်။

ဒါ့အပြင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်တန်းတွေ၊ မြစ်ချောင်းတွေနဲ့ ရှေးဦးတောအုပ်ထဲမှာလည်း အမျိုးမျိုးသော နတ်ဆိုးသားရဲတွေနဲ့ မျိုးနွယ်စုတွေ နေထိုင်ကြတယ်။ သူတို့လည်း အမွေခံတပည့်ပြိုင်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အသံကြောင့်သတိ ပေးခံလိုက်ရတယ်။

“အမွေခံတပည့် ပြိုင်ပွဲကို နှစ်တစ်ရာတစ်ခါ ကျင်းပတာလေ။”

“ဒါကတခြား မကြုံစဖူး ထူးခြားတဲ့ အဖြစ်အပျက်ပဲ။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း!!!”

“သေစမ်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း။ တစ်နေ့နေ့တော့ မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်ပြီး ဒီကမ္ဘာကအပြင်လောကကို ထွက်ပြီးလှည့်လည်မယ်။”

“ငါတို့ နတ်ဆိုးသားရဲတွေက အစေခံမဟုတ်ဘူး။”

“ဒါက ပထမဆုံးအကြိမ် မြင်တာ မဟုတ်ပေမဲ့၊ အမွေခံတပည့် ပြိုင်ပွဲ စတဲ့အခါတိုင်း ဖန်တီးလိုက်တဲ့ အသံက ငါ့ကို တုန်လှုပ်စေတယ်။ ဒါကလမ်းမှန်လမ်းစဉ်ရဲ့ ခေါင်းဆောင်လို့ လူသိများတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းပဲ!”

“…”

ဒီနတ်ဆိုးသားရဲတွေနဲ့ မျိုးနွယ်စုတွေကခေါင်းမော့ပြီး တောင်ထွတ် ၁၂ ခုက အမွေခံတပည့်တွေကို လာခေါ်တဲ့ သင်္ဘောတွေကို ကြည့်နေကြတယ်။ ထွက်ပေါ်လာတဲ့ စွမ်းအားက သူတို့ကို တုန်လှုပ်ပြီး လေးစားမှုဖြစ်လာစေတယ်။

တိမ်စိမ်းနန်းတော်ရဲ့ သင်္ဘောက အရမ်းမြန်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ချီမင်တစ်ယောက် သူ့ပတ်ဝန်းကျင်က အရာတွေ နောက်ဆုတ်သွားတာကိုပဲ မြင်လိုက်ရတယ်။ နောက်တစ်စက္ကန့်မှာ တိမ်စိမ်းနန်းတော်ရဲ့ သင်္ဘောက ရပ်သွားပြီး ပတ်ဝန်းကျင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

ရှေ့တည့်တည့်ကို ချီမင်ကြည့်လိုက်တယ်။

မြူခိုးတွေကြားထဲမှာ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီးတစ်ခု လေထဲမှာ ပျံဝဲနေတယ်။ ရွှေရောင်တောက်ပပြီး စွဲမက်ဖွယ်ကောင်းတယ်။ ကြီးမားတဲ့အစီအရင်ဖွဲ့စည်းခြင်းကနန်းတော်တစ်ခုလုံးကို ရောင်စုံဘောလုံးကြီးတစ်လုံးလို ဖုံးအုပ်ထားတယ်။

ဒါ့အပြင် ဒီကြီးကျယ်ခမ်းနားပြီးမြင့်မားတဲ့ နန်းတော်ကြီးပတ်လည်မှာ သေးငယ်တဲ့ ပျံဝဲနေတဲ့ နန်းတော်လေးတွေလည်း ရှိသေးတယ်။

စုစုပေါင်း ၁၂ ခုရှိတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တောင်ထွတ် ၁၂ ခုနဲ့ ကိုက်ညီတယ်။

“ရောက်ပြီ။” မော့ဟန်ကျန်းက ချီမင်နဲ့ တခြားသူတွေကို ပြောလိုက်တယ်၊ “အလယ်မှာရှိတဲ့ အကြီးမားဆုံး နဲ့ခမ်းနားတဲ့နန်းတော်ကြီးက မင်းတို့ နောက်ထပ်သွားရမယ့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေခံတပည့် ပြိုင်ပွဲနန်းတော်ပဲ။”

“ဒီတစ်ခါ မင်းတို့ကို အကဲဖြတ်မယ့် မဟာအကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲနန်းတော်ထဲမှာ ရှိတယ်။”

“ပတ်ဝန်းကျင်က ပျံဝဲနေတဲ့ နန်းတော် ၁၂ ခုက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ် ၁၂ ခုကို ကိုယ်စားပြုတယ်။ တိမ်စိမ်းတောင်ထွတ်ကို ကိုယ်စားပြုတဲ့ ပျံဝဲနေတဲ့ နန်းတော်က အရှေ့တောင်ဘက်မှာ ရှိတယ်။ တိမ်စိမ်းပျံဝဲနန်းတော်လို့ ခေါ်တယ်။”

“မင်းတို့ရဲ့ ဆရာတွေနဲ့ ဗလာနယ်စွန့်ခွာခြင်းအဆင့်ရောက်ပြီးသား အကြီးအကဲတွေက တိမ်စိမ်းပျံဝဲနန်းတော်ထဲကနေမင်းတို့ရဲ့အမွေခံတပည့်ပြိုင်ပွဲက စွမ်းဆောင်ရည်တွေကို ကြည့်ရှုကြလိမ့်မယ်။”

“ဟုတ်။”

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်။”

“…”

ချီမင်နဲ့ တခြားသူတွေက မော့ဟန်ကျန်းလက်ညှိုးထိုးပြတဲ့ နေရာကို ကြည့်လိုက်ကြတယ်။ သူတို့ မျက်စိရှေ့မှာ ပျံဝဲနေတဲ့ နန်းတော်ကြီးတစ်ခု ပေါ်လာတယ်။ လှေကားပုံစံ ကြည့်ရှုတဲ့စင်မြင့်ကြီးတစ်ခုလိုမျိုး လေထဲမှာ ပျံဝဲနေပြီး တိမ်စိမ်းပျံဝဲနန်းတော်ဆိုတဲ့ စာလုံးတွေကို မြင်နေရတယ်။

ဒါ့အပြင် ချီမင်က တိမ်စိမ်းပျံဝဲနန်းတော်ထဲမှာ လုချင်းယန်ကိုလည်း မြင်လိုက်တယ်။

“ဂျူနီယာမောင်လေး! အကောင်းဆုံး ကြိုးစား!”

လုချင်းယန်က ချီမင်ရဲ့ အကြည့်ကို သတိထားမိတော့ ချက်ချင်း ပြုံးလိုက်တယ်။ သူမရဲ့လက်ဖြူဖြူလေးတွေကို ဝှေ့ယမ်းပြီး ချီမင်ကို လက်သီးဆုပ်ကာ အားပေးလိုက်တယ်။

ချီမင်လည်း ခေါင်းညိတ်ပြီး ပြန်တုံ့ပြန်လိုက်တယ်။

ရိုးရိုးသားသားပြောရရင် ချီမင်ဒီမြင်ကွင်းကို မြင်ရတဲ့အခါ အားကစားသမားတွေ ပြိုင်ပွဲဝင်ဖို့ စင်ပေါ်တက်သလို ခံစားရတယ်။ ပြီးတော့အားပေးတဲ့သူ တွေက ပြင်ပကနေ အားပေးကြသလိုမျိုးပဲ။

ဒီခံစားချက်က တော်တော်လေး ပြင်းထန်တယ်။

“ပြင်ဆင်ထားကြ။”

မော့ဟန်ကျန်းက ပြောတယ်၊ “တခြား တောင်ထွတ် ၁၁ ခုရဲ့ အမွေခံတပည့်တွေ အားလုံးရောက်နေပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ပြိုင်ပွဲနန်းတော်ရဲ့အစီအရင်ဖွဲ့စည်းခြင်းက မကြာခင် အသက်ဝင်တော့မယ်။အဲ့ဒီအခါကျရင်ငါနဲ့အတူလိုက်ဝင်ခဲ့။”

“ဟုတ်။”

“သိပါပြီ။”

“…”

ချီမင်နဲ့ တခြားသူတွေက တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြတယ်။

ပတ်ဝန်းကျင်မှာ တခြား တောင်ထွတ် ၁၁ ခုရဲ့ နန်းတော်တွေနဲ့ သင်္ဘောတွေ ရောက်နေကြပြီ။ နန်းတော်တိုင်း၊ သင်္ဘောတိုင်းက ကြီးကျယ်ခမ်းနားပြီး ခံ့ညားတဲ့ အရှိန်အဝါတွေနဲ့ တိမ်စိမ်းနန်းတော်ရဲ့ သင်္ဘောထက် လုံးဝမနိမ့်ကျဘူး။

“မော့ဟန်ကျန်း၊ မင်းရဲ့ တိမ်စိမ်းတောင်ထွတ်မှာ အမွေခံတပည့်တွေဘာလို့ ဒီလောက် နည်းနေတာပဲ။”

သူတို့ဘေးမှာ ရွှေရောင်အမြစ်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်သူဝေ့ဟွာတုန်း က ရွှေရောင်အမြစ်နန်းတော်ရဲ့ သင်္ဘောဦးမှာ ရပ်နေတယ်။ သူက အနက်ရောင်ဝတ်ရုံ ဝတ်ထားပြီး ဆံပင်ရှည်တွေ လေထဲမှာ လွင့်နေတယ်။ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကြည့်လိုက်တယ်။ တစ်ချက်ကြည့်ပြီးတော့ သူက ပြုံးပြီး ပြောလိုက်တယ်။

မော့ဟန်ကျန်းက မလှုပ်မယှက်ပဲ ခပ်တည်တည်နဲ့ ပြောတယ်၊ “ငါ့ တိမ်စိမ်းတောင်ထွတ်မှာ အမွေခံတပည့် နည်းပေမဲ့၊ သူတို့တစ်ဦးချင်းစီက လူတွေကြားက နဂါးတွေပဲ။ မင်းရဲ့ ရွှေရောင်အမြစ်တောင်ထွတ်လို မဟုတ်ဘူး၊ အမွေခံတပည့် ၁၂၃ ယောက်တောင် ရှိနေပြီ၊ ဒါပေမဲ့ သူတို့အများစုက အရေအတွက် ပြည့်အောင်လာကြတာပဲ။”

“အရေအတွက် ပြည့်အောင်လား?”ဝေ့ဟွာတုန်းက ပြုံးပြီး‌ ပြောလိုက်တယ်၊ “တောင်ထွတ်သခင် မော့ဟန်ကျန်း၊ ခင်ဗျား မှားနေပြီ။ အမွေခံတပည့်ပြိုင်ပွဲ စတဲ့အခါကျရင် ငါတို့က အရေအတွက် ပြည့်အောင်လာတာ ဟုတ်မဟုတ်မင်းသိလိမ့်မယ်။”

“ပြီးတော့၊ မင်းရဲ့ တိမ်စိမ်းတောင်ထွတ်မှာ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်တဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ငါ ကြားနေရတယ်။ ဘယ်သူများလဲ မသိဘူး။ တကယ်လား?”

“ကျွတ် ကျွတ် “ ဝေ့ဟွာတုန်း က ပြောတယ်၊ “အဲ့ဒါ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းလေ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှာ သုံးယောက်ပဲ ကျွမ်းကျင်ဖူးတာ၊ သူတို့တစ်ဦးချင်းစီကလည်း ခေတ်တစ်ခုကို လွှမ်းမိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။”

“ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ?” မော့ဟန်ကျန်းက ခပ်တည်တည်ပဲ ပြောတယ်။

“ဪ?”ဝေ့ဟွာတုန်းက မထီမဲ့မြင် ပြုံးပြီး၊ “ကြောက်နေတာလား? ဒါမှမဟုတ် ဒါက လိမ်တာကြီးလား?”

မော့ဟန်ကျန်းက ခပ်ထေ့ထေ့ ရယ်ပြီး၊ “တောင်ထွတ်သခင်‌ဝေ့ကို လာနှုတ်ဆက်လိုက်။”

“ဟုတ်။”

ချီမင်ရင်ထဲမှာတော့ နည်းနည်းတော့ စိတ်ပျက်နေပေမဲ့ မော့ဟန်ကျန်းရဲ့ ညွှန်ကြားချက်ကို ကြားရတော့ သူက မော့ဟန်ကျန်းဘေးကို သွားရပ်ပြီး‌ ဝေ့ဟွာတုန်းကို ဦးညွှတ်လိုက်တယ်၊ “တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်က တောင်ထွတ်သခင်ဝေ့ ကို အရိုအသေပြုပါတယ်။”

“ဒါဆို မင်းက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံတဲ့သူပေါ့။”

ဝေ့ဟွာတုန်းက ချီမင်ကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်တယ်။ သူ့အကြည့်က အနည်းငယ်ချီးကျူးဟန်ပါတယ်။ဒါပေမဲ့နည်းနည်းနောင်တရဟန်လည်းပါနေတယ် “မင်းက ထူးခြားတဲ့ စွမ်းရည်ရှိတဲ့ပါရမီရှင်တစ်ယောက်ပဲ။”

“ကံမကောင်းစွာနဲ့ပဲ အချိန်အရမ်းနည်းလွန်းတယ်။”

“သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ခဲ့ရင်တောင်၊မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆို ဒီအမွေခံတပည့်ပြိုင်ပွဲမှာထင်ရှားနိုင်မှာ မဟုတ်ဘူး။ နှမြောစရာပဲ။”

“နောက်တစ်ခါကိုပဲ စောင့်ရတော့မှာပေါ့။”

ပတ်ဝန်းကျင်က အကြည့်အများကြီးက ချီမင်ဆီကို ရောက်လာကြတယ်။

တောင်ထွတ် ၁၂ ခုရဲ့ တောင်ထွတ်သခင်တွေတင်မကဘူး၊ တောင်ထွတ် ၁၂ ခုရဲ့ အမွေခံတပည့်တွေကပါ ချီမင်ကို စစ်ဆေးနေကြတယ်။ သူကလူတိုင်းရဲ့ အာရုံစိုက်မှု ဗဟိုဖြစ်လာတယ်။

တောင်ထွတ် ၁၂ ခုရဲ့ အမွေခံတပည့်တိုင်း သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းနဲ့ ထိတွေ့ဖူးကြတယ်၊ ဒါပေမဲ့ဒီအခြေခံတည်ဆောက်ခြင်းအဆင့် နည်းစနစ်က အရမ်းခက်တယ်။ သူတို့ လုံးဝ မကျွမ်းကျင်နိုင်ကြဘဲ လက်လျော့ခဲ့ကြရတယ်။

ဒါကြောင့် ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်နိုင်တာက ဒီအမွေခံတပည့်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တာ သဘာဝကျတယ်။

“သူ အခြေတည် ဝိညာဉ်အဆင့် ရောက်နေပြီလား?”

“သူသာ အခြေတည် ဝိညာဉ်အဆင့်ရောက်ရင်တော့ ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လိမ့်မယ်။”

“မဖြစ်နိုင်ဘူး ထင်တယ်။ ဘာပဲပြောပြော ဆယ်နှစ်ပဲ ရှိသေးတာကို။”

“အဲ့ဒါတော့ ဟုတ်တယ်။”

“သူ အမြူတေဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးရင်တော့ သူ့ကို အများကြီး အာရုံစိုက်ဖို့ မလိုပါဘူး။”

“…”

တောင်ထွတ် ၁၂ ခုရဲ့ အမွေခံတပည့်တွေအားလုံး ချီမင်အကြောင်း ပြောနေကြတယ်။

သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက အစွမ်းထက်ပေမဲ့ တောင်ထွတ် ၁၂ ခုရဲ့ အမွေခံ တပည့်တွေအားလုံးက ထူးချွန်တဲ့ပါရမီရှင်တွေချည်းပဲ။ သူတို့ကစွမ်းအားကြီးပြီး အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ကြတယ်။

ချီမင်ရဲ့ ကျင့်ကြံမှုအဆင့် နည်းလွန်းရင်တော့ သူတို့ရဲ့အမြင်မှာ ဘယ်လိုခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ဘူး။

ဒီလိုဆိုပေမဲ့လည်း တောင်ထွတ် ၁၂ ခုရဲ့ အမွေခံ တပည့်တွေက ချီမင်ကို အရမ်း စပ်စုနေကြတယ်။

သူတို့အားလုံး ချီမင်အကြောင်းပဲ ပြောနေကြတယ်။

“သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း? သူက ဒီအခြေခံတည်ဆောက်ခြင်းအဆင့်နည်းစနစ်ကို တကယ် ကျွမ်းကျင်ခဲ့တာပဲ။ ချီမင်က တကယ်ကို ထူးခြားတာပဲ။ သူ တကယ်ပဲ ကျွမ်းကျင်ခဲ့တာ။ အရင်တုန်းက အတုကြီးလို့ ထင်ခဲ့တာ၊ အခုတော့ ငါမှားတာပဲလို့ ထင်တယ်။”

ယုရွှယ်လန် က ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူ့မျက်လုံးတွေက တောက်ပနေပြီး တစ်ခုခုကို ကြံစည်နေတယ်။

ဘူးဇ်! ဘူးဇ်!

ဒီအချိန်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံနန်းတော်အပြင်ဘက်ကအစီအရင် ဖွဲ့စည်းခြင်းက တုန်ခါသွားတယ်။အစီအရင်ကလှုပ်ရှားလာပြီး မတူညီတဲ့ လမ်းကြောင်း ၁၂ ခု ပေါ်လာတယ်။

ဝေါင်း!

နောက်တစ်စက္ကန့်မှာ ချီမင်နဲ့ တခြားသူတွေ နဂါးဟိန်းသံကို ကြားလိုက်ရတယ်။

လူတိုင်း လှည့်ကြည့်လိုက်ကြတယ်။

အစိမ်းရောင် အလင်းတန်းကြီးက ကောင်းကင်ကို တိုးဝင်လာပြီးပတ်ဝန်းကျင်ကိုထွန်းလင်းသွားစေတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ပြိုင်ပွဲနန်းတော်ရဲ့ နောက်ကွယ်ကနေ ကြီးမားတဲ့အစိမ်းရောင်နေမင်းကြီထွက်ပေါ်လာသလိုမျိုးပဲ။

ချက်ချင်းဆိုသလိုပဲ ကြီးမားတဲ့အစိမ်းရောင်နေမင်းကြီးက အသက်ဝင်တဲ့အဇူရာနဂါးကြီးအဖြစ် ပြောင်းလဲသွားတယ်။ သူ့ကိုယ်ထည်က ခမ်းနားပြီး အရှည် မီတာ တစ်သောင်း ရှိတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲနန်းတော်အပေါ်မှာခွေနေတယ်။

နဂါးရဲ့စွမ်းအားတွေမြင့်တက်လာတယ်။

အရှိန်အဝါက ခမ်းနားတယ်။

အရာအားလုံးကို ဖိနှိပ်ထားတယ်။

ဒါက အစစ်အမှန် နဂါးမဟုတ်ဘူး၊ ဒါပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ယောက်က ဓမ္မစွမ်းအားနဲ့နည်းစနစ်တွေ အသုံးပြုပြီး ဖန်တီးထားတဲ့အဇူရာ နဂါးကြီးပဲ။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူ့ရဲ့ စွမ်းအားကအရမ်း ကြီးမားတယ်။

အနည်းဆုံးတော့ ချီမင်က ကြီးမားတဲ့ ဖိအားကို ခံစားလိုက်ရတယ်။

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဆိုတာ ဒါမျိုးပဲ။” ချီမင် သက်ပြင်းချလိုက်တယ်။

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ပြိုင်ပွဲ စပါပြီ။”

အဇူရာနဂါးကြီးကလူစကားနဲ့ ပြောလိုက်တယ်၊ “တောင်ထွတ် ၁၂ ခုရဲ့ တောင်ထွတ်သခင်တွေက အမွေခံတပည့်အားလုံးကို ခန်းမထဲကို ခေါ်သွားကြလိမ့်မယ်။”

“ဟုတ်။”

“အမိန့်အတိုင်းပါ တာအိုဆရာအဇူရာနဂါး။”

“…”

တောင်ထွတ် ၁၂ ခုရဲ့ တောင်ထွတ်သခင်တွေအားလုံး ဒီအဇူရာနဂါးကြီးကို ထိန်းချုပ်ထားတဲ့ မဟာအကြီးအကဲက ဘယ်သူလဲဆိုတာ သိကြတယ်။ သူ့နာမည်က တာအိုဆရာအဇူရာနဂါးဖြစ်တယ်။ သူ့ရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံမှုက နက်ရှိုင်းပြီး ခန့်မှန်းရခက်တယ်။

“ငါ့နောက်ကို သေချာလိုက်ခဲ့။” မော့ဟန်ကျန်းက ပြောတယ်။

ချီမင်နဲ့ တခြားသူတွေက ခေါင်းညိတ်ကြတယ်။

မော့ဟန်ကျန်းက ချီမင်နဲ့ တခြားသူတွေကို တိမ်စိမ်းနန်းတော်ရဲ့ သင်္ဘောပေါ်ကနေ ဆင်းစေလိုက်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေခံနန်းတော်ကနေ တောင်ထွတ် ၁၂ ခုရဲ့ သင်္ဘောဆီကို ဖောက်ထုတ်ထားတဲ့ မမြင်ရတဲ့ လှေကားတစ်ခု ရှိတယ်။

ချီမင်နဲ့ တခြားသူတွေက မော့ဟန်ကျန်းနောက်ကနေ မမြင်ရတဲ့ လှေကားပေါ်ကို တစ်လှမ်းချင်းစီ လိုက်လျှောက်လာပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံနန်းတော်ဆီကို ဦးတည်သွားကြတယ်။ မကြာခင်မှာ နန်းတော်ရဲ့ ကွင်းပြင်ကို ရောက်လာကြတယ်။

“တောင်ထွတ် ၁၂ ခုရဲ့ တောင်ထွတ်သခင်တွေ၊မင်းတို့ သွားနိုင်ပြီ။”

အပေါ်ကနေ ကြီးမားတဲ့ နဂါးခေါင်းက အောက်ကို ငုံ့လာတယ်။

“ဟုတ်။”

ဖျတ်! ဖျတ်! ဖျတ်!

တောင်ထွတ် ၁၂ ခုရဲ့ တောင်ထွတ်သခင်တွေထဲမှာ မော့ဟန်ကျန်း၊ဝမ်တုန်းဟွာနဲ့ တခြားသူတွေလည်း ပါဝင်တယ်။အဇူရာနဂါးကြီးရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီးတော့ သူတို့ကကိုယ့်ရဲ့တောင်ထွတ်တွေကအမွေခံတပည့်တွေအတွက်စကားလုံးအနည်းငယ်ချန်ထားခဲ့ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲနန်းတော်ကနေ တိုက်ရိုက် ထွက်ခွာသွားကြတယ်။

ဒါပေမယ့်သူတို့က တောင်ထွတ် ၁၂ ခုရဲ့ ပျံဝဲနေတဲ့ နန်းတော်ဆီကို သွားရောက်ပြီး ပွဲကို ကြည့်ရှုကြမှာဖြစ်တယ်။

အမွေခံတပည့် ၁,၂၃၀ ဦးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေခံနန်းတော်ကွင်းပြင်မှာ စုဝေးနေကြတယ်။

တောင်ထွတ် ၁၂ ခုရဲ့ တောင်ထွတ်သခင်တွေ ထွက်သွားပြီးတော့ လေထုတစ်ခုလုံးက နည်းနည်းလေး ပြင်းထန်လာတယ်။

ဒါ့အပြင် အခုချိန်ထိ ချီမင်နဲ့ တခြားသူတွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေ ဒါမှမဟုတ် ဂိုဏ်းချုပ်ကို မတွေ့ရသေးဘူး။

“အခုတော့၊ ဒီအမွေခံတပည့်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေနဲ့ အကြောင်းအရာတွေကို ငါကြေညာမယ်။”

အဇူရာ နဂါးကြီးက ရှိသမျှ အမွေခံတပည့်အားလုံးကို ကြည့်ပြီး သူတို့ကိုဖိအားတွေ အများကြီး ပေးလာတယ်၊ “ဒီပြိုင်ပွဲရဲ့ အကြောင်းအရာနဲ့ စည်းမျဉ်းတွေက အရမ်း အန္တရာယ်များလွန်းလို့ သေဆုံးနိုင်ခြေ အကြီးကြီး ရှိတယ်။”

“သေချာ စဉ်းစားပြီးတော့ဒီအမွေခံတပည့်ပြိုင်ပွဲအတွက်၊ မင်းတို့ အခွင့်အရေးကို စွန့်လွှတ်လို့ရတယ်။”

ချက်ချင်းဆိုသလိုပဲ အဇူရာနဂါးကြီး စကားဆုံးတာနဲ့ ကြီးမားတဲ့ဆူညံမှုကြီးဖြစ်ပေါ်လာစေတယ်။တောင် ထွတ် ၁၂ ခုရဲ့ အမွေခံတပည့်တွေသာမက တောင်ထွတ်သခင်တွေ၊ အမွေခံအကြီးအကဲတွေနဲ့ ဗလာနယ်စွန့်ခွာခြင်းအဆင့် အကြီးအကဲတွေပါ တုန်လှုပ်ကုန်ကြတယ်။

ဒါက မကြုံစဖူး ထူးခြားတဲ့ အဖြစ်အပျက်ပဲ။

All Chapters