သူတို့လာသည်နှင့် သတ်ခြင်း
Vol. 122 Ch. 1696
ရှီမာယူယူသည် ဝိုင်းလာသော လူတစ်စုကို ကြည့်လိုက်သည်။ သူမသည် နှုတ်ခမ်းတွန့်လိုက်သည် “မင်းတို့က တကယ်နှေးတာပဲ မင်းတို့ကိုစောင့်နေတာ ရက်တောင်တော်တော်ကြာနေပြီ”
သူမ တုနန်ဟော်ကို သတ်ပြီးသည်မှာ ၇ ရက်မှ ၈ ရက်ကြာသွားပြီဖြစ် သည်။ ထိုလူများသည် အခုမှပင် သူမကို ရှာတွေ့သည်။ သူမပဲ ပုန်းတာ တော် နေလို့လား။ သူမ သေချာပေါက် မြို့ထဲမှာ ဈေးဝယ်ထွက်နေတာပါ။
သူမကို တွေ့ဖို့အခွင့်အရေးများပါတယ်။ ဆိုလိုတာက ဒီလူတွေက အရည်အချင်းမရှိကြဘူးပဲ။
“ဟင်း မင်းက ထွက်ပြေးလို့မရဘူးဆိုတာကိုတော့ သိသားပဲ” ထိုလူသည် မသဲမကွဲပြောလေသည်။ သူသည် သေချာပေါက် အသံပြောင်းထားခြင်းဖြစ် သည်။
“ဟန်ဆောင်နေစရာမလိုပါဘူး မင်းက လျူမျိုးနွယ်ကဆိုတာ ငါသိတယ် ပြီးတော့ မင်းတို့က တုနန်ဟော်အတွက် လက်စားချေဖို့လာကြတာပဲ” ရှီမာယူယူ အသေးစိတ်ပြောပြလိုက်သည်။
“မင်းသိမှတော့ လိမ်လိမ်မာမာနဲ့ပဲ ကိုယ့်ဘာသာအညံ့ခံလိုက်တော့”
“မင်းက ရူးနေတာလား” ရှီမာယူယူ သူ့ကို စိုက်ကြည့်လိုက်သည် “လူ တစ်ယောက်က မင်းကိုသတ်ချင်နေတာကို မင်းက ဟုတ်ကဲ့ပါ ဆိုပြီး စကား နားထောင်ပြီး သတ်ခိုင်းရမှာလား ပြီးတော့ ဘယ်သူအသက်ရှင်မလဲဆိုတာ မသိနိုင်ဘူးလေ”
“အရှက်မရှိလောက်အောင်ကို လေလုံးထွားတာပဲ” သူတို့မှာ လူဒါဇင်မျှ ရှိသည်။ သူမတစ်ယောက်တည်းကို သူတို့က မနိုင်စရာလား။
ရှီမာယူယူ ရယ်မောလိုက်သည် “မီအာ ဒီပွဲကို အမြန်ပဲအပြီးသတ်လိုက် တော့”
ပြီးနောက် သူမသည် ဝိညာဉ်အသေးကို ဖွင့်ပြီးဖြစ်ရာ သူမပတ်ဝန်းကျင် ကို ပိတ်လိုက်သည်။
“လောကအသေး” ထိုလူများ အော်လေသည်။
“ငါ့ကိုသတ်ဖို့ဆိုရင် လောကအသေးရှိတဲ့လူကို လွှတ်လိုက်သင့်တယ်” ရှီမာယူယူ ပြောပြီးနောက်တွင် ခြေတစ်လှမ်းဆုတ်လိုက်ရာ မီအာသည် သူမ လက်ပေါ်တွင်ပေါ်လာပြီး လောကအသေးတစ်ခုလုံးသည် မီးခိုးမည်းများဖြင့် ပြည့်နှက်သွားတော့သည်။
“အာ….”
“ဒါ ဘာတွေလဲ အာ….”
ထိုလူများသည် အော်ရုံသာအော်လိုက်ရပြီးနောက် တစ်သက်လုံး ပါးစပ် ပိတ်သွားရတော့သည်။ သူတို့သည် အရိုးသာအနွှင်ခံရတော့သည်။
မြူခိုးမည်း လူသားအသွင်ပြောင်းလိုက်သောအခါ မြေပေါ်တွင် အရိုးများ သည် ပုံလျက်သားကျန်ခဲ့တော့လေသည်။
ရှီမာယူယူသည် အရိုးများကိုကြည့်ပြီး ခံစားချက်ပါပါဖြင့် ပြောလိုက်သည် “ဒီလှည့်ကွက်ကို မင်းသုံးတိုင်း မင်းကိုလှည့်စားပြီး အပေးအယူလုပ်မိတာ ကံကောင်းတယ်လို့ ခံစားရတယ်”
မီအာသည် မျက်လုံးလှိမ့်လိုက်သည် “ဒီလှည့်ကွက်ကို မင်းကိုလည်း သုံးခဲ့ တာပဲ၊ အမည်းလေးက ငါ့ကိုခြောက်နေလို့ပဲလေ”
တစ္ဆေမြို့တော်တွင် ရှိစဉ်က သူသာ အမည်းလေးကြေင့်သာမဟုတ်လျှင် သူမကို သခင်အဖြစ် သတ်မှတ်ဦးမည်လား။
သူ မည်မျှအားကောင်းပုံ၊ ဤအရှုပ်ထုတ်နောက်ကို လိုက်ခံရပုံနှင့် စားသောက်သည်ကလွဲပြီး ဘာမှမသိသော ခွေး၏ ဖိနှိပ်ခံရပုံကို စဉ်းစားကြည့် မိလျှင် မျက်ရည်များကျစရာပင်။
“အမည်းလေးက တကယ်ကောင်းတယ်” ရှီမာယူယူ ချီးကျူးလိုက်သည် “မီအာက တော်တယ်”
“ဟင်း”
“ကျင့်ကြံဖို့နေရာသွားရှာကြမယ် လျူမျိုးနွယ်က လူတွေ ဒီကိုခဏနေ ရောက်လာတော့မယ်”
သူမသည် ကျင့်ကြံရန် ရှုခင်းကောင်းသည့် တောင်ကြားကိုရှာလိုက်သည်။ သူမရွေးသည့်နေရာမှာ အခင်းဖြစ်ခဲ့သည့် နေရာနှင့် မနီးလွန်း မဝေးလွန်းဖြစ် သည်။ နီးလွန်းလျှင်လည်း ထိုနေရာမှထွက်ပြေးပြီး သူတို့ကိုစောင့်နေသည်ဟု မထင်စေလိုခြင်းပင်။ ဝေးလွန်းလျှင်လည်း အနည်းဆုံးတော့ သူတို့ကို အားစိုက် ထုတ်မှု မရှိစေလိုခြင်းကြောင့်ဖြစ်သည်။
သူမသည် တောင်ကြားတွင် နှစ်ရက်ကြာမျှ ကျင့်ကြံပြီးနောက် ထိုလူများ ရောက်လာသည်။ ဤတစ်ကြိမ်တွင် အရင်တစ်ခေါက်ကထက် အရေအတွက် နှစ်ဆများသည်။ သူမ အကြမ်းဖျင်းခန့်မှန်းကြည့်ရာ လူ အယောက် သုံးဆယ်မှ လေးဆယ်ရှိသည်။
ရှီမာယူယူသည် ဘာမှမပြောတော့ဘဲ မီအာကိုလွှတ်ပြီး သူတို့ကို တိုက်ခိုက်ခိုင်းသည်။
လျူမျိုးနွယ်….
“ခေါင်းဆောင် ကျွန်တော်တို့လွှတ်လိုက်တဲ့ လုပ်ကြံသူတွေအကုန် အသတ်ခံလိုက်ရပြီ အရင်တစ်ခေါက်ကလိုပဲ သူတို့အသက်ကျောက်စိမ်းပြား တွေက တပြိုင်နက် ကွဲသွားကြတာ”
“မင်း ဘာမြင်လိုက်သေးလဲ” ခေါင်းဆောင်လျူ မေးလိုက်သည်။
“မမြင်လိုက်ရဘူး သူတို့ မသေခင် မြင်ကွင်းက အကုန်မည်းနက်နေတာပဲ မြူခိုးမည်းကြီးလိုပဲ”
“မြူခိုးမည်းဟုတ်လား”
“ဟုတ်ပါတယ် မြူခိုးမည်းက နည်းနည်းထူးဆန်းတယ် လူသားလောက က ဖြစ်ပုံမရဘူး”
ခေါင်းဆောင်လျူ ထိတ်လန့်သွားသည်။ ဖြစ်နိုင်တာက…
“ခေါင်းဆောင် လူထပ်လွှတ်လိုက်ရမလား”
“လွှတ်ရမှာပေါ့ တုနန်မျိုးနွယ်က ငါတို့ကို သတ်မိန့်ပေးထားတာ ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ရင် လျူမျိုးနွယ်က ပြည်နယ် ၆ မှာမရှင်သန်နိုင်ဘူး” မိသားစုခေါင်းဆောင်သည် ခါးသီးစွာပြောလိုက်သည် “လူ အယောက် ၅၀ ၆၀ လောက်တော့ လျူမျိုးနွယ်က တတ်နိုင်ပါတယ် နောက်ထပ် အယောက် ၅၀ နဲ့ စံတင်အဆင့်မြင့် ကျွမ်းကျင်သူနှစ်ယောက်ကို လွှတ်လိုက်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
အတန်ကြာပြီးနောက် လျူမျိုးနွယ်မှ ကျွမ်းကျင်သူ အယောက် ၅၀ တို့ လွှတ်လိုက်ကာ ထိုကလေးကို ဖြုတ်ချရန် အသင့်ဖြစ်နေပြီဖြစ်သည်။ လျူမျိုးနွယ်သည် ရက်အနည်းငယ်စောင့်ပြီးနောက် လူအားလုံးသေသွားပြီဟု သတင်းကိုသာကြားရလေသည်။ အခြေအနေမှာ အရင်ကလိုပင်… တစ်ချိန် တည်းမှာ အသတ်ခံလိုက်ရခြင်းဖြစ်သည်။
ထိုသို့ဖြစ်နေသည်မှာ သုံးကြိမ်ရှိပြီဖြစ်သည်။ လျူမျိုးနွယ်သည် အရင်က ကဲ့သို့ ယုံကြည်ချက်မရှိတော့ပေ။ ဆယ်ရက်ခန့်မျှ အချိန်တွင်ပင် သူတို့သည် ရာဂဏန်းမျှ ဆုံးရှုံးနေပြီဖြစ်သည်။ သူတို့တွင် လူမည်မျှပင်ရှိစေကာမူ ဤကဲ့သို့ ကျရှုံးမှုကို မခံနိုင်ပေ။
“ခေါင်းဆောင် ကျုပ်တို့ အဲဒါကိုသုံးသင့်သလား” အကြီးအကဲကြီး မေး လိုက်သည်။
“ဆိုလိုတာက…” ခေါင်းဆောင်လျူသည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဒီမြင်ကွင်းက အရင်လိုပဲဖြစ်တုန်းပဲ၊ အကုန်လုံးက မြူခိုးမည်းထဲမှာ သေသွားကြတာ သူတို့ မသေခင်က မြင်ကွင်းကို ကျုပ်တို့လည်းမြင်တာပဲ မြူခိုး မည်းက လူသားလောကကဟာ မဖြစ်နိုင်ဘူး အဲဒါက တစ္ဆေလောကကဟာ ဖြစ်မယ်လို့ သံသယရှိတယ်” အကြီးအကဲကြီး အကျိုးအကြောင်းရှင်းပြလေ သည်။ “တစ္ဆေလောကကဟာဆိုမှတော့ အဲဒီအရာတွေ ရှင်းမှပဲ အားသာနိုင် မယ်”
ခေါင်းဆောင်လျူသည် တုန်လှုပ်သွားသည်။ စဉ်းစားပြီးရင်း စဉ်းစား ပြီးနောက် သူသည် ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည် “ကျုပ်တို့ရှေ့မှာ ယန်းမျိုးနွယ် ဥပမာရှိတယ် ကျုပ်တို့ ချင့်ချင့်ချိန်ချိန်လုပ်ရမယ်၊ ပေါ်သွားတာနဲ့ ရလဒ်က သူတို့လိုပဲဖြစ်သွားလိမ့်မယ်”
“ဒါပေမဲ့ သူတို့က ကျုပ်တို့ကို အမိန့်ပေးတာလေ ကျုပ်တို့က ဒါကို ကျုပ်တို့အတွက်လုပ်တာပဲမဟုတ်ဘူးလား” အကြီးအကဲကြီးသည် လက်မလျော့ချင်ပေ “အဲလူတွေက ပိုပြီးသတိထားဖို့ပဲလိုတာပါ ဘာပြဿနာမှ မဖြစ်လောက်ပါဘူး”
ထိုလူများသည် အကြီအကဲကြီးကိုယ်တိုင် လေ့ကျင့်ပေးထားသူများဖြစ် ကြသည်။ သူသည် သူတို့သေဆုံးမှုအပေါ် အလွန်စိတ်ဓာတ်ကျလျက်ရှိသည်။
“မဟုတ်ဘူး လူတွေထပ်မပို့နဲ့တော့ အကုန်လုံးက စံတင်အထက်အဆင့် လူတွေပဲ အဲလူက ကောင်းကင်ထိရောက်နိုင်မယ့် အရည်အချင်းရှိမယ်လို့ ငါ မယုံဘူး” ခေါင်းဆောင်လျူ အမိန့်ပေးလိုက်သည်။
သူ ငြင်းဆန်နေသည်ကို ကြည့်ပြီး အကြီးအကဲကြီးသည် ဘာမှမပြောနိုင် တော့ပေ။ သူသည် အလွန်ဒေါသထွက်သွားသောကြောင့် သူကိုယ်တိုင် လူတစ်ရာခေါ်သွားလိုက်သည်။ သူ တောင်ကြားသို့ရောက်သောအခါ ရှီမာယူယူ အသားကင်စားနေမည်ဟု ထင်မထားပေ။
“မီအာ ဒီတစ်ခါလူတွေများတာပဲ” ရှီမာယူယူသည် တောင်ကြားကို ဝိုင်း လာကြသော လူများကိုကြည့်လိုက်သည်။ ကျွတ် ကျွတ် လျူမျိုးနွယ်က ဒီကိစ္စ ကို အရမ်းအားထုတ်ထားတာပဲ။
မီအာသည် ကြက်ပေါင်ကို အားရပါးရကိုက်လိုက်သည် “မင်းမှာ လူတွေ ဒီလောက်များနေတာ သူတို့ကိုမကိုင်တွယ်နိုင်မှာ ကြောက်နေတာလား”
“သူတို့ကို မင်းတစ်ယောက်တည်း ရင်ဆိုင်ချင်တယ် ထင်နေတာ” ရှီမာယူယူ ပြောလိုက်သည် “အခုချိန်ကို အဒေါ်ရှင်းတို့ကို ထွက်ခွင့်မပြုနိုင်သေး ဘူး မင်းပဲ ဆက်တိုက်လိုက်ပါ”
“ဘာအမြတ်ရမှာလဲ” မီအာသည် လက်တစ်ဖက်ဖြင့် ကြက်ပေါင် ကိုင် ထားပြီး နောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
“သွား မင်းကို ကြက်ငါးကောင်ပေးမယ်”
“ဆယ်ကောင်” မီအာသည် ထပ်တိုးတောင်းလေသည်။
“ခုနစ်ကောင်”
“ကိုးကောင်”
“ရှစ်ကောင်” ရှီမာယူယူ သူ့ကိုစိုက်ကြည့်လိုက်သည် “မဟုတ်ရင် ဘာမှ မရဘူး”
“ဟုတ်ပြီ ဟုတ်ပြီ ရှစ်ကောင်ဆိုလည်း ရှစ်ကောင်ပေါ့” မီအာ ပြန်ချေပ လေသည် “မင်းအတွက် အလုပ်လုပ်ပေးတိုင်း အစားအသောက်ကိုပဲ အသုံးချ တယ် မင်းပေးတဲ့ ဈေးကလည်းလွယ်လိုက်တာ”
ရှီမာယူယူ ပြုံးလိုက်သည် “အလုပ်ဖြစ်သရွေ့ လွယ်ရင် အဆင်ပြေတာပဲ အဲအချိန်ကျရင် မင်း သူတို့ကိုအကုန်သတ်ဖို့မလိုဘူး တချို့ကိုအရှင်ထားလိုက် ဦး အဲလူကိုလည်း ချန်ထားလိုက်ဦး”
အကြီးအကဲကြီးသည် ရှီမာယူယူနှင့် မီအာတို့ အေးအေးလူလူစားသောက် ရင်း စကားပြောနေသည်ကို ကြည့်နေသည်။ သူသည် ဒေါသထွက်ကာ မှုတ်ဆိတ်ကို သပ်နေလိုက်သည်။
“မင်းက ဘယ်သူလဲ” သူ အော်လိုက်သည်။
“မင်းအသက်ကိုယူမယ့်သူ” မီအာသည် မြူခိုးအမည်းအဖြစ် ပြောင်းပြီး တောင်ကြားတစ်ခုလုံးကို ဖြန့်လိုက်သည်။
“ဟုတ်နေတာပဲ လူသားလောကကမဟုတ်ဘူး” အကြီးအကဲကြီး အော် လိုက်သည်။ မီအာသည် သူတို့ကို အချိန်မပေးဘဲ တိုက်ရိုက်ပင် ထိုလူများကို ဝိုင်းလိုက်သည်။ ခဏအကြာတွင် မြူခိုးမည်းသည် လွှမ်းလိုက်ရာ တောင်ကြား တွင် အရိုးများပေါ်လာတော့သည်။
“ဘာ… ဘာ… မင်းကဘာလဲ” အကြီးအကဲကြီးသည် ထိုအရိုးဖြူဖြူများ ကိုမြင်ရချိန်တွင် နှုတ်ခမ်းများတုန်လာသည်။
***