← Chapters

သက်သေဖန်တီးခြင်း

Vol. 122 Ch. 1697

သက်သေဖန်တီးခြင်း

Vol. 122 Ch. 1697

ရှီမာယူယူသည် အကြီးအကဲကြီး၏ လက်ရှိပုံစံကို ကြည့်လိုက်သည်။ သူ အကြီးဆုံး အကြီးအကဲဖြစ်လာရခြင်းကို နားလည်ရန်ခက်သည်။

သူ့လိုလူက သေခြင်းတရားကို သတ္တိရှိရှိ ရင်ဆိုင်ရမှာမဟုတ်ဘူးလား။

သူ၏ အကြီးဆုံးအကြီးအကဲရာထူးမှာ သူ၏ အရည်အချင်းကြောင့် မဟုတ်ဘဲ နောက်ခံကြောင့်သာ ရခြင်းဖြစ်မလားပင် မသိပေ။ သူ၏ အရည်အချင်းသည် တခြားသူများထက် နိမ့်ကျပြီး အားအင်မှာလည်း ပိန်မသာ လိမ်မသာပင်။ သူ၏ အကျင့်စရိုက်မှာ ပို၍ပင်ဆိုးသေးသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် သေဆုံးခြင်းကို ကြောက်သည့် လောဘကြီးသည့်လူသာဖြစ်သည်။

အခု သူခေါ်လာသည့် လူအားလုံးမှာ သေကုန်ကြလေပြီ။ သူ၏ အသက် မှာလည်း ခြိမ်းခြော်ခံနေရသောကြောင့် သူသည်ကြောက်လန့်နေပြီဖြစ်သည်။

မီအာသည် သူ့ကို ထိုအရာဟု ခေါ်လိုက်သသည်ကို ကြားသောအခါ ဒေါပွ သွားလေသည်။ သူသည် ခုန်ကာ ထိုလူ့ဆီသို့ တိုက်ရိုက်ပင် ပျံသွားပြီး သူ၏ အနီးဆုံးတွင်ရှိနေသော လူနှစ်ယောက်ကို အရိုးအဖြစ် ပြောင်းပေးလိုက်သည်။

“ဘာ… ဘာ… မင်းက လူသားလောကကဟာ မဟုတ်ဘူးပဲ မင်းက ဘယ်သူလဲ”

ရှီမာယူယူ မတ်တတ်ရပ်လိုက်ကာ တစ္ဆေလောကရောင်ဝါ ထုတ်လွှတ် လိုက်သည်။ သူမ ပြုံးလိုက်သည် “ကျုပ်က လူသားလောကမှာ တိတ်တိတ် ဆိတ်ဆိတ်ပဲ ခရီးသွားချင်ခဲ့တာ လျူမျိုးနွယ်က ဒီလိုမျိုး သေချင်နေလိမ့်မယ် လို့ ထင်မထားဘူး မင်းတို့ဆန္ဒကိုဖြည့်မပေးရင် ဘယ်လိုလုပ် လက်လျော့တော့ မလဲ”

“တကယ်ပဲ တစ္ဆေမျိုးနွယ်ပဲ” အကြီးအကဲကြီးသည် အေးစက်စွာ နှာမှုတ် လိုက်သည်။ သူမသည် တစ္ဆေမျိုးနွယ်မှဖြစ်သည်ကို မြင်ပြီးနောက် သူ ကြောက်စိတ်မရှိတော့ပေ‌“မင်းက လူသားလောကမှာ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရမယ်ထင်လား”

“ဒီမှာ ကျုပ်က လူသားလောကမှာ လွတ်လွတ်လပ်လပ် လျှောက်သွားဖို့ သူ့ကို မှီခိုနေတာပဲ မင်းဘာလုပ်ချင်လို့လဲ” ရှီမာယူယူ နှာမှုတ်လိုက်သည် “မီအာ အသားကင်အေးတော့မယ် သူ့ကိုမြန်မြန်အပြီးသတ်လိုက်ပြီး စားရ အောင်”

“လာပြီ” မီအာသည် လှုပ်ရှားပြီး နောက်တစ်ယောက်ကို ရှင်းလိုက်သည်။

“ဟင်း တစ္ဆေလောကကလူက မင်းတစ်ယောက်ပဲရှိတာလား သူတို့ကို ဖြဲပစ်လိုက်စမ်း” အကြီးအကဲကြီး လက်ဝှေ့ယမ်းလိုက်ရာ မသေလူ တစ်ရာ ကျော်သည် သူတို့နားသို့ပေါ်လာသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ “အကြီးအကဲကြီး မသေလူတွေကို ယန်းမျိုးနွယ်က ပိုင်တာလို့ သိထားတာ လျူမျိုးနွယ်မှာ ဘယ်လိုလုပ်ရှိနေတာ လဲ မင်းတို့က ကြိုးကိုင်သူလား”

“ဟင်း မင်း ဒီနေ့သေသွားရင်တောင် ငါ့ဆီက ဘာအဖြေမှရမယ်မကြံ လိုက်နဲ့” အကြီးအကဲကြီး ပြောလိုက်သည်။

“အိုး သိပြီ မင်းတို့က ယန်းမျိုးနါယ်လိုပဲ သူများခိုင်းဖတ်ကိုး မှန်းကြည့်ဦး မယ် တုနန်မျိုးနွယ်လား၊ ယန်းမျိုးနွယ်က တုနန်မျိုးနွယ်မှာ ပုန်းနေကြတာလား” ရှီမာယူယူသည် အဓိပ္ပာယ်ပါပါ စနောက်လိုက်သည် “တုနန်မျိုးနွယ်လိုမျိုး လျှို့ဝှက်မိသားစုပေါ်လာတာနဲ့ ဒီလောက် အံ့ဩစရာတွေဖြစ်လာမယ်လို့ ထင်မထားဘူးပဲ”

“တုနန်မျိုးနွယ်ပါလို့ မင်းကိုဘယ်သူပြောလဲ မသိဘဲနဲ့ မဟုတ်တာတွေ မပြောနဲ့” အကြီးအကဲကြီးသည် တစ်ခုခုလွဲမှားနေသည်ကို အာရုံခံမိပြီး ငြင်း ဆန်လေသည်။

“မဟုတ်တာတွေ ပြောတယ်ဟုတ်လား ဒီမတိုင်ခင်က တုနန်မျိုးနွယ်က သခင်လေးကို ကျုပ်သတ်ခဲ့တာ ပြီးတာနဲ့ မင်းတို့ရောက်လာတယ် ဒါက တိုက်ဆိုင်တာသက်သက်ပဲလားဆိုတာ ပြောပါဦး အဲဒီစကားကိုယုံမယ်ထင်နေ လား” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက ဒါကိုတမင်လုပ်တာလား”

“ဒါပေါ့ မသေလူနဲ့ မင်းတို့နောက်ကွယ်က တုနန်မျိုးနွယ်ကို ခေါ်ထုတ်ဖို့ အတွက် တမင်မျှားလိုက်တာ မထင်မှတ်စွာနဲ့ပဲ မင်းတို့ကို အရူးလုပ်ဖို့ လွယ် လိုက်တာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“မင်းသိထားပြီဆိုတော့ အသက်ရှင်လျက် နေလို့မရတော့ဘူး” အကြီးအကဲကြီး နှာမှုတ်လေသည်။ “အားလုံး တိုက်ခိုက်ကြ”

“မီအာ အခုလှုပ်ရှားတော့” ရှီမာယူယူ ထိုင်ချပြီး အသားဆက်ကင်နေလေ သည်။

အကြီးအကဲသည် စိတ်မအေးဖြစ်နေသည်။ သူသည် ရှီမာယူယူကို သတ်ရန် မသေလူများကို အမိန့်ပေးခဲ့သည်။ သို့သော် မသေလူများမှာ မလှုပ်မယှက်ပေ။

“အဲဒီမသေလူတွေက မင်းစကားကို နားထောင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မီအာ အဲလူတွေကိုသတ်လိုက် မသေလူကိစ္စကို မစိုးရိမ်နဲ့”

မီအာသည် ခေါင်းညိတ်ကာ အကြီးအကဲကြီးနှင့်အဖွဲ့ကို တိုက်ရိုက် တိုက်ခိုက်လေသည်။ အကြီးအကဲကြီးသည် မသေလူများ ဘာကြောင့် စကား နားမထောင်သည်ကို နားမလည်တော့ပေ။ သူ မသေခင်တွင် ရှီမာယူယူကို စိုက်ကြည့်သွားသည်။ သူမသည် မူလပုံအသွင်ပြောင်းလိုက်ကာ သူ့ကို ပြုံးပြ လိုက်သည်။ နောက်ဆုံးတွင် ရှီမာယူယူ၏ လှည့်ကွက်ထဲသို့ သူဝင်သွားကြောင်း ကို နားလည်လိုက်သည်။ သူမ၏ ရည်ရွယ်ချက်မှာ သူတို့နောက်ကွယ်တွင်ရှိ သော တုနန်မျိုးနွယ်ပင်။

ထိုအချိန်မှပင် တုနန်ဟော် ပျောက်ဆုံးခြင်းမှာ ရှီမာယူယူနှင့် ပတ်သက် နေသည်ကို သူတို့သိလိုက်ရသည်။ သူက ဘယ်လိုဖြစ်လို့ ရုတ်တရက် ပေါ်လာ ပြီး လျူမျိုးနွယ်ရဲ့ နေရာနားမှာ အသတ်ခံရတာလဲ။ ထိုအချက်သည် သူတို့ လျစ်လျူရှုမိသည့် ကြံစည်မှုပင်ဖြစ်သည်။

မီအာသည် လျင်မြန်စွာပင် အားလုံးကို လက်စသတ်လိုက်သည်။ ရှီမာယူယူသည် မသေလူများကို သူမ၏ ဝိညာဉ်စေတီအတွင်းသို့ ထည့်လိုက် သည်။

“ငါ့ကြက်သား” မီအာ ပြန်လာပြီး သူမအားကြည့်ကာ ကတိမတည်ရန်ကို ပင် ခွင့်မပြုပေ။

“မင်းကလည်း ဘာလို့ ဟိန်းသံလေးလိုမျိုး မလိမ္မာတော့တာလဲ” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလေသည်။ သူမ လက်လျော့ကာ ကြက်သားကိုထုတ်ပေးလိုက်ရသည်။

“ဟိန်းသံလေးက တုံးတယ်” မီအာသည် ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ဟိန်းသံလေးအား မထီလေးစားဖွယ် ပြောလေသည်။

အရင်တစ်ယောက် ပျောက်ဆုံးနယ်မြေတွင်ရှိစဉ်က သူတို့ ကိစ္စများပြီး သွားလျှင် အစားအသောက်များ ချက်ပေးမည်ဟု ရှီမာယူယူ ပြောခဲ့သည်။ ရလဒ်ကတော့ ယူယူက အဲကောင်ကို အရူးလုပ်ခဲ့တယ်လေ။ သူက အဲလောက် မတုံးဘူး။ ဒီတစ်ခါတော့ သူမ ပေးရမှာပေါ့။

“ရှစ်ကောင်ကင်ရတာကလည်း ဆယ်ကောင်ကင်ရသလိုပဲမလား တစ်လက်စတည်း ဆယ်ကောင်လုပ်ပေးလိုက်ပါလား” သူ ကမ်းလှမ်းလေ သည်။

“မင်းကတော့ မတင်းတိမ်ဘူးပဲ” ရှီမာယူယူသည် ထိုသို့ပြောသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းများတွင် သူများစွာ အားစိုက်ထုတ်ခဲ့သဖြင့် ကြက်နှစ်ကောင် ထပ်ထုတ်ပြီး အရသာများသုတ်လိုက်သည်။

သူမ မီအာကို ကြက်ဆယ်ကောင် ကျွေးပြီးသောအခါ တောင်ကြားမှ ထွက်ပြီး ရှီမာလျူရွှမ်နှင့် ဖန်ကျိရှင်းတို့ ပြဿနာများဖြေရှင်းနေသည့်နေရာသို့ ပြန်လာလိုက်သည်။

“ယူအာ အဆင်ပြေလား” ရှီမာလျူရွှမ် မေးလိုက်သည်။

ရှီမာယူယူ ပြုံးပြီး ခေါင်းခါယမ်းလိုက်သည် “သမီးမှာ မီအာရှိတယ်လေ”

“အကုန်ပြီးသွားတာလား” ဖန်ကျိရှင်း မေးလိုက်သည်။

“ပြီးပြီ သက်သေရခဲ့ပြီ” ရှီမာယူယူသည် စားပွဲပေါ်သို့ ပုံရိပ်ဖမ်းကျောက် ကိုတင်လိုက်သည်။ ရှီမာလျူရွှမ် ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ ကျောက်တုံးမှ အလင်းတစ်ခုထွက်လာပြီး လေထဲတွင် ပုံရိပ်များပေါ်လာသည်။ ထိုမြင်ကွင်းမှာ ရှီမာယူယူနှင့် အကြီးအကဲကြီးတို့အကြားမှ ဆက်သွယ်ပြောဆို မှုပုံရိပ်ပင်ဖြစ်သည်။

“ဒါကိုဘယ်လိုရတာလဲ”

ရှီမာယူယူသည် တုနန်ဟော်ကိုသတ်ပြီးနောက် အဖြစ်အပျက်များကို ပြောပြလိုက်သည်။ တုနန်မျိုးနွယ်သည် သူမကိုသတ်ရန် လုပ်ကြံသူ နှစ်ရာပို့ လိုက်သည်ဟု ဖခင်ဖြစ်သူနှင့် ဆရာဖြစ်သူတို့ကြားလိုက်သည်နှင့် ပျာယာခတ် သွားသည်။ သူတို့အားလုံးကို မီအာသတ်လိုက်သည်ဟု သိသည်နှင့် ပိုအံ့ဩသွား သည်။

“မီအာ အဲလောက် သန်မာမယ်လို့ထင်မထားဘူး” ရှီမာလျူရွှမ်သည် မီအာ၏အရည်အချင်းကို အရင်ကမြင်ဖူးသည်။ သို့သော် ကျွမ်းကျင်သူ အများအပြားကို တစ်ချိန်တည်း သတ်နိုင်လောက်အောင် အားကောင်းလိမ့်မည် ဟု ထင်မထားပေ။

“အခု ဒါရှိနေပြီဆိုတော့ တုနန်မျိုးနွယ်တော့ ဒီတစ်ခါ မလွတ်စေရဘူး” ဖန်ကျိရှင်း ပြုံးလိုက်သည် “ယူယူ ကျန်တာကို ငါတို့ကိုသာအပ်ထားလိုက်တော့”

သူတို့တွင် အစီအစဉ်ရှိသည်ကို ရှီမာယူယူ သိသည်။ ပြောရမည်ဆိုလျှင် သူမသည် ထိုအရာများနှင့် မရင်းနှီးသောကြောင့် ဝင်ပါရန် အစီအစဉ်မရှိပေ။ သူမသည် ထိုကဲ့သို့ လုပ်ငန်းစဉ်များကို အမြဲတစေ စိတ်မဝင်စားခဲ့ပေ။ နောက်ပိုင်းကိစ္စများကို ဝင်စွက်ဖက်ရန် အစီအစဉ်မရှိသဖြင့် ဖခင်နှင့် ဆရာတို့ ကိုသာ အပ်ထားလိုက်တော့သည်။

လဝက်ခန့်အကြာတွင် လျူမျိုးနွယ်သည် သေတ္တာဖြင့်ထည့်ထားသော မှတ်တမ်းတင်ကျောက်ကို လက်ဆောင်အဖြစ်ရရှိလေသည်။ တံခါးဝမှ အစောင့် သည် ထူးဆန်းသည်ဟု ခံစစားရလေသည်။ ဝိညာဉ်စွမ်းအင် ထည့်ပြီးနောက် အကြီးအကဲကြီး သေဆုံးသည့် နောက်ဆုံးပုံရိပ်မှာ အားလုံးရှေ့တွင် ပေါ်လာ သည်။ တံခါးဝမှာ လမ်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သဖြင့် ထိုပုံရိပ်ကို လမ်းပေါ်မှ လူများလည်း မြင်နေရသည်။

လူတစ်ယောက်သည် အထဲမှ အမြန်ပြေးလာပြီး အစောင့်ကို ရိုက်လိုက် သည် “သောက်ကောင်”

ပြီးနောက် သူသည် မှတ်တမ်းတင်ကျောက်တုံးကိုလုယူသွားပြီး အမြန် ပြေးကာ ခေါင်းဆောင်ဆီသို့ ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် တခြားမြို့များတွင်လည်း ထိုမြင်ကွင်းသည် ညီလာခံအများအပြားတွင် ပေါ်လာသည်။ ယန်းမျိုးနွယ်သည် တုနန်မျိုးနွယ် တွင် ပုန်းနေပြီး တုနန်မျိုးနွယ်သည် မသေလူများ၏ နောက်ကွယ်တွင်ရှိနေ သည်ကို အတွင်းဒေသမှလူအားလုံး သိလိုက်ကြသည်။ ပြီးနောက် လျူမျိုးနွယ် သည် နယ်ရုပ်အသစ်ပင်ဖြစ်နေသည်။

***

All Chapters