ပေါ်ပေါက်ခြင်း
Vol. 122 Ch. 1698
ထိုသတင်းများမှာ အတွင်းဒေသတစ်ခုလုံးကို ထိတ်လန့်စေသည်။
မသေလူများသည် သူတို့၏ မျိုးနွယ်ဝင်များကို သတ်ဖြတ်ပြီး ဖန်တီး ထားခြင်းဖြစ်ရာ မသေလူများကိစ္စသည် အားလုံးအတွက် နာကျင်စရာဖြစ်နေ သည်။ တချို့သော မြို့များမှာ အစုလိုက်အပြုံလိုက်အသတ်ခံရပြီး သွေးကြောင်း စီးခဲ့သည်။
ထိုအကြောင်းအရင်းကပင် ယန်းမျိုးနွယ်ကို လူများစွာ ဝန်းရံချထားခြင်း အကြောင်းပင်ဖြစ်သည်။
သို့သော် ကြိုးကိုင်သူ၏ သတင်းတော့မရှိခဲ့ပေ။ ယန်းမျိုးနွယ်သည် တစ်နေရာတွင် ပုန်းကွယ်နေရာ သူတို့၏ တည်နေရာကိုတော့ မသိနိုင်ပေ။ အရာအားလုံးမှာ တစ်ခဏမျှ ငြိမ်သွားသလိုပင်။ တကယ်တော့ ထိုကိစ္စမှာ ဖြေရှင်းမပြီးပေ။ အားလုံး၏ စိတ်မှာ မအေးသေးပေ။
အခု နောက်ဆုံးမှပင် ကိစ္စတစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူသည် တုနန်မျိုးနွယ်ဖြစ်သည်ကို သိလိုက်ရကာ အားလုံးသည် ထိတ်လန့်ပြီး အံ့ဩမိ ကြသည်။
အပြင်ကိုထွက်ခဲလှတဲ့ လျှို့ဝှက်မိသားစုက ဒီလိုကိစ္စမျိုးလုပ်တာလား။
တုနန်မျိုးနွယ်သည် ထိုအကြောင်းကို သိလိုက်ချိန်တွင် ပျာယာခတ်သွား သည်။ သူတို့သည် ထိုလူကိုသတ်ရန် လျူမျိုးနွယ်ကို ခိုင်းလိုက်ခြင်းသာဖြစ် သည်။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားရသလဲ။
“ဒါက အစတကည်းက တမင်စီစဉ်ထားတာပဲ”
“အဲဒါရှီမာယူယူမဟုတ်ဘူးလား”
“ဖြစ်နိုင်တယ် အစတုန်းကတော့ သခင်လေးပျောက်သွားတာကို ရှီမာယူယူနဲ့ ပတ်သက်နိုင်တယ်ဆိုပြီး သံသယဝင်ခဲ့သေးတာ သခင်လေးက သူမဘေးမှာရှိတဲ့ သခင်လေးကို ဘယ်သူကများသတ်နိုင်ဦးမှာလဲ ကျုပ်တို့နဲ့ မသေလူတွေ ပတ်သက်တဲ့ကိစ္စကို သူမတစ်ယောက်ပဲသိတာ”
“ရှီမာယူယူ” တုနန်မျိုးနွယ်အဖွဲ့ဝင်များသည် တစ်ယောက်ချင်းစီ အံကြိတ်မိကြလေသည်။
သူတို့သာ ကြိုသိထားလျှင် ဖန်မျိုးနွယ်ကို ဂရုမစိုက်ဘဲ သူမကိုတိုက်ရိုက် သတ်ခဲ့မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယခုလိုဖြစ်စရာအကြောင်းမရှိပေ။
“အခုဝူရန်နဲ့ ရွှမ်မျိုးနွယ်တို့က တစ်ဆင့်ချင်စီ ကျုပ်တို့ကို ဖိအားပေးနေပြီ တုန်လိုင်မျိုးနွယ်က ရုတ်တရက်ကြီး ကျုပ်တို့ကို ခွာနေပြီ အခု ဒီကိစ္စပေါ်သွား တော့ ကျုပ်တို့အခြေအနေကတော့ ခက်နေပြီ”
“တုန်လိုင်မျိုးနွယ်က ဘာဖြစ်လို့လဲ သူတို့ရဲ့ ပါရမီရှင်ကို ရှီမာယူယူသတ် လိုက်တာကို ရှင်းရှင်းသိရဲ့သားနဲ့ သူတို့မပီသအောင် တိတ်နေတာလေ သူတို့က ရှီမာယူယူကို ကြောက်နေတာလား”
“သူတို့က ရှီမာယူယူကို ကြောက်တာမဟုတ်ဘူး ဖန်မျိုးနွယ်နဲ့ ငှက်မျိုးနွယ်ကိုကြောက်တာပဲ”
“ဒီရှီမာယူယူက ငါတို့ရဲ့အကုသိုလ်ပဲ”
“ခေါင်းဆောင် အခုဘာလုပ်ကြမလဲ”
“ကိစ္စက ဒီလိုဖြစ်သွားမှတော့ ငါတို့ထပ်ပြီးဖုံးကွယ်စရာမလိုတော့ဘူး မသေလူတွေက ငါတို့နဲ့ပတ်သက်နေတာကို သိသွားကြမှတော့ ငါတို့လည်း ပြောင်ပြောင်တင်းတင်းပဲသုံးရတာပေါ့၊ မသေလူတွေဆီက ရတဲ့ အားနဲ့ဆိုရင် ရွှမ်ချုံးမျိုးနွယ်နဲ့ သူတို့ကို မတိုက်ခိုက်နိုင်ဘူးလို့ မယုံဘူး”
“အဲလောက်မလွယ်မှာကို စိုးရတယ်”
“မိသားစုခေါင်းဆောင် ရှီမာယူယူကို ကျုပ်ကိုသတ်ခွင့်ပြုပါ ဒီဒေါသကို ထပ်ပြီး မချုပ်တည်းနိုင်တော့ဘူး”
“ခေါင်းဆောင် ကျုပ်ရောပဲ ကျုပ်တို့ကို အတူသွားဖို့ ခွင့်ပြုပေးပါ”
“ဟုတ်တယ် ခေါင်းဆောင် ဒီကိစ္စက မေ့ပစ်လို့မရတဲ့ကိစ္စပဲ ရှီမာယူယူကို တန်ရာတန်ကြေးပြန်ပေးခိုင်းရမယ်”
“ဟုတ်ပြီ အခုက ဘယ်အချိန်ရောက်နေပြီလဲ မသေလူတွေကို ကျုပ်တို့ လုပ်တာကို ဂိုဏ်းတွေသိကုန်ကြပြီ သူတို့ကကျုပ်တို့ကို ပြဿနာလာရှာမှာပဲ ကျုပ်တို့က ဝူရန်နဲ့ရွှမ်ချုံးမျိုးနွယ်ကို ရှင်းဖို့ရုန်းကန်နေရတာ ရှီမာယူယူကို သွားရှာဖို့ ဘယ်မှာအချိန်ရှိမှာလဲ”
“သူမကို ဒီအတိုင်းလွှတ်လိုက်တော့မှာလား”
“ဒီကိစ္စပြီးရင်တော့ သူမကို ရှင်းရမှာပေါ့”
သူမသာ သာမာန်လူသာဆိုလျှင် လူတချို့လွှတ်ပြီး ရှင်းခိုင်းလိုက်ရုံပင်ဖြစ် သည်။ သို့သော် သူမသည် ကျွမ်းကျင်သူများ ကာကွယ်ပေးနေသောသူဖြစ်ကာ အားကောင်းသော နောက်ခံရှီသသည်။ သူတို့အခြေအနေမကောင်းချိန်တွင် လှုပ်ရှားရန်မလွယ်ကူကာ အထူးသဖြင့် သူမကိုလုပ်ကြံရန်မဖြစ်နိုင်ပေ။
သည်လိုနှင့် တုနန်မျိုးနွယ်သည် ရှီမာယူယူအား ကိုင်တွယ်ရန် အင်အား မလုံလောက်သေးသဖြင့် ယာယီလွှတ်ထားရတော့သည်။
အပြင်မှ အင်အားစုတချို့သည် တုနန်မျိုးနွယ်၏ အခြေအနေကို သိကြ သည်။ ထိုသို့ပေါ်ပေါက်သွားသော်လည်း သူတို့သည် ချက်ချင်းသက်ရောက်မှု မရှိပေ။ သို့သော် ပြည်နယ် ၆ မှလျူမျိုးနွယ်သည် ကံမကောင်းပေ။
လျူမျိုးနွယ်နှင့် ကြာရှည်စွာ ရန်သူဖြစ်လာသော ဝမ်မျိုးနွယ်သည် ဤ အခွင့်အရေးကို မည်သို့လက်လွှတ်မည်နည်း။ မကြာမီပင် လူတစ်စုစုလိုက်ကြ ကာ မကောင်းကြံသူကို ချေမှုန်းမည်ဆိုသော အကြောင်းပြချက်နှင့် လျူမျိုးနွယ် ကိုသွားရှာကြသည်။
ကိုယ့်အကြောင်းကို သိသူမှာ ကိုယ်ကိုယ်တိုင်မဟုတ်ဘဲ ရန်သူဖြစ်သည် ဆိုသော အဆိုစကားရှိသည်။ ထို့ကြောင့်ပင် လျူမျိုးနွယ်တွင် အင်အားမည်မျှ ရှိကြောင်း၊ သခင်များမည်မျှရှိကြောင်းကို ဝမ်မျိုးနွယ်နားလည်သည်။ သူတို့ သည် လူပိုခေါ်သွားသည်။ မသေလူများကို မုန်းတီးသောလူတချို့၏ အကူအညီ နှင့် လျူမျိုးနွယ်သည် ကြာကြာမခံလိုက်ပေ။
နှစ်ဖက်လုံးသည် ဆယ်ရက်ဆယ်ည တိုက်ခိုက်ကြသည်ဟု ရှီမာယူယူ ကြားရသည်။ တစ်မြို့လုံးမှာ ပျက်စီးသွားကာ သူတို့၏ ကာကွယ်မှုမှာလည်း သက်ရောက်မှုမရှိတော့ပေ။ မရေမတွက်နိုင်သော လူများသေဆုံးကြကာ လျူမျိုးနွယ်သာမကဘဲ တိုက်ခိုက်သည့်ဘက်မှလည်းသေကြသည်။ တခြား စကားနှင့်ပြောရလျှင် ဖန်ကျိရှင်းပြောသလိုဆိုလျှင် အလောင်းများမှာ နေရာ အနှံ့ကျဲကာ ကြည့်ရဆိုးသော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
အသက်ရှင်ကျန်ခဲ့သူများမှာ ပျော်ရွှင်ရသည်။ သေဆုံးသူများအား လွမ်းဆွတ်ချိန်ပင်မရှိပေ။ သူတို့သည် လျူမျိုးနွယ်၏ ကံကြမ္မာကိုခွဲယူလိုက် ခြင်းသာဖြစ်သည်။ မြန်ဆန်မှုမှာ သူမကို ဆွံ့အစေပြီး မတတ်သာတော့ဘဲ သက်ပြင်းချလိုက်သည် “လူတွေဆိုတာကလည်း…”
“ဆရာ အဲလူတွေကို ခေါ်ပြီး လပြည့်စုံနန်းတော်ထဲဝင်ခိုင်းလိုက်ပါလား”
“ဝင်းခိုင်းလည်း ဘာကောင်းမှာလဲ ငါတို့သွားရင်တောင် ဘာအမြတ်မှ မရဘဲ အဲဒီမျိုးနွယ်ကြီးတွေရဲ့ ကျွဲနွားတွေလိုပဲ ဆက်ဆံခံရလိမ့်မယ် ငါက ငတုံး မဟုတ်ဘူး” ဖန်ကျိရှင်းသည် အလွန်ပင် တွေးတောတတ်သည်။ သူသည် လပြည်စုံနန်းတော်မှလူများကို ဦးဆောင်ပြီး အဝေးမှကြည့်နေသည်။
ထိုအခိုက်တွင် ခုန်ဝင်လာသူမှာ သေလမ်းရှာလိုက်ခြင်းသာဖြစ်သည်။
ရှီမာလျူရွှမ်လည်း နားလည်သည်။ ဤကိစ္စကို စုံစမ်းသူအနေနှင့် သူတို့ သည် ကြည့်ရှုသူသက်သက်သာဖြစ်သည်။
ရှီမာယူယူသည် လပြည့်စုံနန်းတော်အတွက် စိတ်မကောင်းဖြစ်မိသည်။ ရှီမာမျိုးနွယ်သည် ဤနေရာနှင့်ဝေးသော်လည်း ပြည်နယ် ၆၄ သည် အကျိုး အမြတ်ရရန် ဝေးလွန်းလှသည်။ သို့သော် လပြည့်စုံနန်းတော်၏ အင်အားစု သည် အတွင်းဒေသတစ်ခုလုံးကို ပျံ့နေသည်။ သူတို့ ဝင်ပါလိုက်သည်နှင့် သေချာပေါက် ခွဲတမ်းရမည်ဖြစ်သည်။
“နောက်ပိုင်း မင်းက အရမ်းကိုလူသိအောင်နေနေတယ်နော် မင်းရဲ့ဆရာ ငါကတော့ လူမသိသူမသဘဲနေချင်တယ်” ဖန်ကျိရှင်း ပြုံးလိုက်သည် “ပြီးတော့ ငါတို့က ဒီကိစ္စကိုစုံစမ်းတာ အကျိုးအမြတ်လိုချင်လို့မဟုတ်ဘူး ဒီအတိုင်း မသေလူကိစ္စကို ရှင်းချင်တာပဲ အဲဒါကြောင့် ဘာမှစိတ်အနှောင့်အယှက်ဖြစ် မနေနဲ့”
ရှီမာယူယူ ရင်ထဲထိသွားသည် “ကျေးဇူးတင်ပါတယ် ဆရာ”
“ငါက မင်းဆရာပဲ ကျေးဇူးတင်စရာမလိုပါဘူး” ဖန်ကျိရှင်း ရယ်မော လိုက်သည်။ သူသည် သူမခေါင်းကို ပွတ်သပ်ရန်ဟန်ပြင်ရာ ရှီမာလျူရွှမ်သည် ပုတ်ချလေသည်။
“သူမကို မထိနဲ့” ရှီမာလျူရွှမ် စိုက်ကြည့်လိုက်သည်။
“ကပ်စေးကုတ်လိုက်တာ” ဖန်ကျိရှင်းသည် ပြန်ဖြေပြီးနောက် ကျိုးနွံစွာ ပင် လက်ကိုပြန်ရုတ်လိုက်သည်။
“လျူမျိုးနွယ်ကိစ္စကို ဖြေရှင်းပြီးမှတော့ သမီးတို့လည်း မိသားစုကို ပြန်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“တုနန်မျိုးနွယ်ကျရော”
“လွန်ခဲ့တဲ့ နှစ်ရက်က ရွှမ်ချုံးဟော်ဆီက သတင်းရတယ်၊ တုနန်ဟောကို အခု ဝူရန်မျိုးနွယ်နဲ့ ရွှမ်ချုံးမျိုးနွယ်က ဖိနှိပ်ထားတယ်တဲ့ တုန်လိုင်မျိုးနွယ်က သူတို့နဲ့ မပူးပေါင်းတော့ဘူး၊ သူတို့က ရွှမ်ချုံးမျိုးနွယ်ကို မကူညီပေမဲ့ တုနန် မျိုးနွယ်ကို ထိုးနှက်လိုက်ရင်တော်ပြီ၊ သူတို့မှာက မသေလူအကူအညီရှိပေမဲ့ ရွှမ်ချုံးမျိုးနွယ်က တခြားအင်အားစုတွေနဲ့ ဆက်သွယ်ပြီးတော့ တုနန်မျိုးနွယ် ကို အဆုံးသတ်တိုက်ပွဲပြင်ဖို့လုပ်နေကြပြီ” ရှီမာယူယူ အတိုချုံးပြောပြလိုက် သည် “အဲဒါကြောင့် တုနန်မျိုးနွယ်ကိစ္စကို စိုးရိမ်ဖို့မလိုဘူး သူတို့ကို ကိုင်တွယ် မယ့်သူရှိတယ်”
“အင်း မတရားဘူးဆိုရင်တော့ အထောက်အပံ့ကတော့ နည်းမှာပဲ တုနန် မျိုးနွယ်ရဲ့ လုပ်ဆောင်မှုတွေက ကောင်းကင်စည်းမျဉ်းကိုဆန့်ကျင်နေတော့ သူတို့ကိုရှင်းချင်တဲ့သူရှိတာ သဘာဝပါပဲ” ရှီမာလျူရွှမ် ခေါင်းညိတ်လိုက်သည်။
“ဟူး မင်းပြန်နှင့်လိုက် ငါ ပျော်ပျော်ကြီးကြည့်ချင်သေးတယ်” ဖန်ကျိရှင်း ငြင်းဆန်လေသည်။
“ဆရာ ဘာလုပ်မလို့လဲ”
“ဒါပေါ့ အကျိုးအမြတ်သွားကောက်မလို့လား ငါက လပြည့်နန်းတော်ကို ဘယ်တုန်းကမှ လက်ဗလာနဲ့မပြန်ဘူး” ဖန်ကျိရှင်း ပြောလိုက်သည် “ခုနက မသွားတာက ငါ အထင်သေးမခံနိုင်လို့ အခုတော့ လှုပ်ရှားရမယ့်အချိန်ပဲ”
ရှီမာယူယူ စိတ်အေးသွားသည်။ သူ အခွင့်အရေးကောင်းကြီးကို လက်လျော့မည်ဟု သူမ ထင်ခဲ့သည်။
***