နောက်ဆုံးတော့ အပေါင်ပစ္စည်းဖြစ်ခြင်း
Vol. 122 Ch. 1699
ရွှမ်ချုံးမျိုးနွယ်နှင့် ဝူရန်မျိုးနွယ်များသည် တခြားမျိုးနွယ်များကို တုနန် မျိုးနွယ်ဆီသို့ ဦးဆောင်သွားကာ တုနန်မျိုးနွယ်ကို ချေမှုန်းလိုက်သည်ဆိုသည့် သတင်းကို ပြည်နယ် ၆၄ သို့မပြန်ခင်တွင် ရှီမာယူယူ ကြားလိုက်ရသည်။ အရင် နှစ်ပေါင်းသောင်းချီ အခြေခိုင်ခဲ့သော မျိုးနွယ်တစ်ခုသည် ထိုကဲ့သို့ပင် ချေမှုန်းခံ လိုက်ရလေပြီ။
တစ်ချိန်တည်းမှာပင် ယန်းမျိုးနွယ် ပုန်းသည့်နေရာမှာ ပေါ်သွားပြီး အများစုမှာ အသတ်ခံလိုက်ရတော့သည်။
ကြားထဲတွင် လူအများအပြား လွတ်မြောက်သူများရှိသော်လည်း တုနန် မျိုးနွယ်နှင့် ယန်းမျိုးနွယ်နှင့် ယှဉ်လျှင် မပြောပလောက်ပေ။ သူတို့ လက်ရှိတွင် ထွက်ပြေးသွားနိုင်သော်လည်း အနာဂတ်တွင် တိုင်းပြည်တစ်ခုလုံးက လိုက်ဖမ်း မည်ဖြစ်သောကြောင့် ပေါ်ပေါ်ထင်ထင် ပေါ်လာမည်မဟုတ်ပေ။ ထိုမသေလူ များကို အသုံးပြု၍ရနိုင်မည်မဟုတ်ပေ။ သက်သေအနည်းငယ်ရှိသရွေ့ သူတို့ ပေါ်ပေါက်မည်ဖြစ်သည်။
“ဒီကိစ္စက ဒီလောက်လွယ်လွယ်နဲ့ ဖြေရှင်းပြီးလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာလျူရွှမ်သည် စိတ်သက်သာရာရသွားသည်။ ဤရလဒ်မျိုးဖြစ်လိမ့်မည်ဟု အရင်ကတည်းက သိထားပြီးသော်လည်း ယခုလောက် မြန်လိမ့်မည်ဟု ထင် မထားပေ။
“ဒါကလည်း သူတို့လုပ်တာပဲလေ၊ သူတို့သာ ဒီလိုကိစ္စတွေမလုပ်ရင် တခြားသူတွေလည်း သူတို့ကို ချေမှုန်းမှာမဟုတ်ဘူး” ရှီမာယူယူ ပြန်ဖြေလိုက် သည် “ဒါပေမဲ့ ဒီကိစ္စက ဒီလိုမျိုးပြီးသွားလိမ့်မယ်လို့ မထင်ဘူး”
ရှီမာလျူရွှမ်၏ မျက်နှာထားမှာ တည်တံ့သွားသည် “ကမ္ဘာကြီးကို အရှုပ်အထွေးဖြစ်စေချင်တဲ့ နောက်ကွယ်က မြှောက်ထိုးပင့်ကော်လုပ်တဲ့သူတွေ ရှိသေးတယ် ဒီတစ်ခေါက် ကိစ္စက အဲလောက်မသေးဘူး နောက်ဆက်တွဲက ပိုကြီးနိုင်တယ်”
“ဟူး သမီးတို့တော့ သူများတွေလက်ထဲမှာ အပေါင်ပစ္စည်းဖြစ်လာတော့ မှာပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“ဒီအကြောင်းကို အဲလောက် မစဉ်းစားနဲ့တော့ သူတို့က ငါတို့ကိုအရင် ရန်စတာပဲ ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လုပ်တာပဲ” ရှီမာလျူရွှမ်သည် သူမကို နှစ်သိမ့်လေသည် “ပြီးတော့ ဒီကမ္ဘာကြီးမှာ မှန်တယ် မှားတယ်ဆိုတာ မရှိဘူး ကိုယ်ယုံကြည်တဲ့ဟာက မှန်ဖို့ပဲလိုတယ်”
“အင်း” ရှီမာယူယူသည်လည်း သူမကိုယ်သူမ မှားသည်ဟု မယူဆပေ။ မသေလူများကိစ္စသည် ကောင်းကင်အား ဆန့်ကျင်သည်ကိုမပြောနှင့် ထိုလူ များသည် သူမနှင့် သူမမိသားစုကို သတ်ချင်နေသည်။
ထိုရက်အနည်းငယ်အတွင်းတွင် တုနန်မျိုးနွယ်ကို ထောက်ပံ့သော မျိုးနွယ်နှင့် ဂိုဏ်းများသည် အမျိုးမျိုးအဖုံဖုံ နှိပ်ကွပ်ခံရသည့် သတင်းများကို ကြားရသည်။ သူတို့၏ တောင်းဆိုမှုများမှာ မတူညီသော်လည်း ယခုလို အထိမခံနိုင်သည့် အခြေအနေတွင် မည်သူမဆို ရွေးချယ်နိုင်သည်။
ထိုတင်သာမကဘဲ အစပိုင်း တိုက်ပွဲတွင် ပါဝင်သော အင်အားတချို့မှာ အပြင်းအထန် ထိခိုက်ကာကာ အားအင်များစွာ လျော့ကျကြသည်။ သူတို့၏ ရန်သူမှာ ထိုအခွင့်အရေးကိုအမိအရယူကာ သူတို့၏ မျိုးနွယ်ကို ဖျက်ဆီးကြ သည်။
ထိုကိစ္စများအပြီးတွင် အင်အားစုတစ်ခုမှာ တိုက်ပွဲတွင်ဝင်ပါပြီး နောက် အင်အားစုတစ်ခုမှာ ဖျက်ဆီးခံလိုက်ရသည်။ တစ်ခုပြီးတစ်ခု ပြိုလဲသွားသည် ဆိုသည့် သတင်းများကို ကြားနေရသည်။
ရှီမာယူယူ ထိုသတင်းများကို ကြားရသောအခါ ရှီမာမျိုးနွယ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ သူမသည် ဘာမှမတတ်သာသဖြင့် သက်ပြင်းသာချ နိုင်တော့သည်။
အပြင်လောကမှာ အဆက်မပြတ်ပြောင်းလဲနေပြီး ထိုကိစ္စများသည် သူမ ကြောင့်သာ ဖြစ်လာခြင်းဖြစ်သည်။ ထိုအရာသည် ဒိုမီနိုသက်ရောက်မှုပင်ဖြစ် သည်။ သူမသည် ပထမဆုံးတစ်ခုကိုသာ တွန်းလိုက်ခြင်းဖြစ်ကာ နောက်တစ်ခု လိုက်ပြိုကျရာ သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
သူမကို မောင်းတင်စေသော သတင်းမှာ ကောင်းကင်ခွဲဓားပေါ်လာသည့် သတင်းပင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကောင်းကင်ခွဲဓား အကြောင်းကို မည်သူမှမသိပေ။ နှစ်တချို့ကြာအောင် တိတ်ဆိတ်နေပြီးနောက် ပြန်ပေါ်လာမည်ဟု ထင်မထားမိပေ။ ထို့အကြောင်းကြောင့်ပင် အပြင်မှ တိုက်ပွဲ များသည် ပြင်းထန်လာပြီး လူအများအပြား သေဆုံးလာသည်။
ကံကောင်းစွာပင် ထိုလူများသည် ဖန်မျိုးနွယ်နှင့် ငှက်မျိုးနွယ်ကို အာရုံ စိုက်ကြသည်။ ထို့ကြောင့် ရှီမာယူယူနှင့် ဆက်စပ်သော အင်အားစုများသည် ထို အခက်တွေ့သည့်အချိန်တွင် ယာယီအေးချမ်းသည့် နေရာကိုရှာရတော့သည်။
“ယူယူ အဲလူတွေပဲ ပြဿနာရှာတာပဲ” ကံကောင်းလေးသည် သူမ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာသည် “ဒါတွေက လူသားတွေရဲ့ လောဘကြောင့်ဖြစ် လာတယ်လို့ ကံကောင်းလေးအဖေပြောတယ်၊ သူတို့သာ လောဘမကြီးရင် လူသားတွေက ဒီလိုမျိုးတိုက်ခိုက်နေမှာမဟုတ်ဘူး”
“တချို့ကဟုတ်တယ် ဒါပေမဲ့ တချို့ကမဟုတ်ဘူး၊ သူတို့က အခြေအနေ တွေရဲ့ဖိအားပေးမှုကြောင့် ဒီကိစ္စတွေမှာ ဝင်ပါရတာပဲ” ရှီမာယူယူသည် ခံစား ချက်အပြည့်ဖြင့် ပြောလေသည်။
“အဲဒါကြောင့် ရှင်သန်ရေးက အလိုအပ်ဆုံးလို့ ယူယူတို့လူသားတွေပြော တာမလား အားကောင်းတဲ့သူက ရှင်သန်နိုင်ပြီး အားနည်းတဲ့သူက ချေမှုန်းခံရ မယ်”
ဦးနှောက်ခြောက်သဖြင့် ခေါင်းကို ယိမ်းနေသော ကံကောင်းလေးကို ရှီမာယူယူ ကြည့်နေလိုက်သည်။ သူမပြုံးပြီး သူ့ခေါင်းကိုပွတ်ပေးလိုက်သည် “အပြင်ကမ္ဘာက ရှုပ်ယှက်ခတ်နေတာ၊ လီအာနဲ့ ဟိန်းသံလေးတို့ အပြင်မှာ ဘေးကင်းရဲ့လား မသိဘူး”
အပြင်မှ ခြံဝန်းထဲသို့ဝင်လာသော အန်းလေသည် သူမ စကားကိုကြားပြီး အာမခံလေသည် “သခင်မလေး စိတ်မပူပါနဲ့ ဟိန်းသံလေးရဲ့အကျင့်နဲ့ဆိုရင် တစ်ခုခုအန္တရာယ်ရှိလာရင် သခင်မလေးကို မဆက်သွယ်ဘဲမနေဘူး၊ သူ မဆက်သွယ်လာဘူးဆိုတော့ သူတို့ ပျော်ပျော်ကြီး လည်ပတ်နေလို့ပဲလေ”
ရှီမာယူယူ ပြုံးလိုက်သည် “မင်းပြောတာ ဟုတ်တယ် ငါ အရမ်း တွေးလွန်းလို့ ဒီအချက်ကို မေ့သွားတယ်”
“သခင်မလေး စိတ်ပူလွန်းနေတာပါ” အန်းလေ ပြောလိုက်သည်။
ရှီမာယူယူ ဝန်ခံသည်။ သို့သော် သူမသည် ရှီမန်ဖန်ကို စာပို့ကာ ရှီမန်လီ ကို ကာကွယ်ရန် လူများပိုလွှတ်ရန် ပြောလိုက်သည်။
ပြီးနောက် သူမ အန်းလေကို ပြောလိုက်သည် “အန်းလေ ငါအရင်က မင်းအမေကို ဂူကိုယူဖို့ ကူညီမယ်လို့ ကတိပေးခဲ့တယ် အခုငါတို့မှာ အချိန်ရပြီ ဆိုတော့ ခရီးထွက်ကြတာပေါ့”
“သခင်မလေး အပြင်မှာ အရမ်းရှုပ်ထွေးနေတာ ဒီအချိန်ကြီး မသွားသင့် ဘူး အမေ့ရဲ့ဂူကို အချိန်မရွေးသွားယူလို့ရပါတယ်” အန်းလေသည် တွေဝေပြီး နောက် ငြင်းဆန်လေသည်။
“တုန်လိုင်မျိုးနွယ်က ငါ့ကိုပြဿနာရှာမှာစိုးနေတာလား” ရှီမာယူယူ မေး လိုက်သည် “စိတ်မပူနဲ့ သူတို့ ငါ့ကိုလုပ်ကြံလို့မရဘူး”
အန်းလေသည် သူမကို သဘောမတူသလိုကြည့်လေသည် “သခင်မလေး တုန်လိုင်မျိုးနွယ်က သခင်မလေးထက် သာတာသိတယ် သူတို့က သစ္စာဖောက် တာကို သည်းမခံနိုင်ဘူး၊ သခင်မလေးက တုန်လိုင်လီကို သတ်လိုက်တာကို သူတို့သိပြီးနေပြီး သေချာပေါက် သခင်မလေးကို လက်စားချေမှာပဲ”
“မင်းက တုန်လိုင်မျိုးနွယ်ကိုနားလည်မှတော့ တုနန်မျိုးနွယ်က ပြိုလဲသွားပြီဆိုတာလည်း သိမှာပဲ၊ စိတ်မပူနဲ့ သူတို့စကားပြောချင်ရင် ငါတို့ ပြောပေးလိုက်မယ် သူတို့က မဆွေးနွေးချင်ဘူးဆိုရင် ငါတို့လည်း အင်အားသုံး ရမှာပေါ့” ရှီမာယူယူသည် လက်သီးဆုပ်ကို လှုပ်ယမ်းလိုက်သည် “ဟုတ်ပြီ သွားပြင်ဆင်လိုက်တော့ ငါ အဖေနဲ့သွားပြောလိုက်မယ်”
ရှီမာလျူရွှမ်သည် လိုက်ချင်သော်လည်း မိသားစုကိစ္စရှိသေးသဖြင့် နေခဲ့ရ သည်။
သူမ မိသားစုအိမ်မှ အပြင်သို့ လျှောက်ထွက်လာသည်နှင့်် ရုတ်တရက် ရုတ်ရုတ်သဲသဲများကို ခံစားရသည်။ သူမသည် အလိုလိုပင် ရင်ဘတ်ကို လက်ဖြင့်ဖိမိသည်။ သူမသည် မရှင်းလင်းနိုင်သော ခံစားချက်ကို မဖိနှိပ်နိုင်ပေ။
သူမ လှည့်ပြီး ရှီမာအိမ်တော်၏ အဝင်ပေါက်ကို ကြည့်လိုက်သည်။ သူမ မျက်နှာထားမှာ အလွန်ပင် အံ့ဩမိန်းမောနေသည်။
ထိုအရာမှာ… သူမ ထွက်သွားလိုက်လျှင် ပြန်မလာနိုင်တော့မည့်ပုံပင်…
အန်းလေသည် သူမ၏ မျက်နှာထားကိုမြင်ပြီးနောက် မေးလိုက်သည် “သခင်မလေး ဘာဖြစ်လို့လဲ”
“အဆင်ပြေတယ် သွားကြမယ်” ရှီမာယူယူ လှည့်ထွက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှီမာကျိယွင်နှင့် ဆွေးနွေးနေသော ရှီမာလျူရွှမ် သည် စိတ်မတည်မငြိမ်ဖြစ်လာသည်။ သူ့ရင်တစ်ခုလုံး အပေါက်ဖြစ်သွားတော့ မလိုပင်။
“ဘာဖြစ်လို့လဲ” သူ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင် သောအခါ ရှီမာကျိယွင် မေးလိုက်သည်။
ရှီမာလျူရွှမ်သည် သူ့ရင်ဘတ်သူ ပုတ်လိုက်သည် “တစ်ခုခုဖြစ်တော့မယ် လို့ခံစားနေရတယ် မဟုတ်ဘူး ခေါင်းဆောင် ဒီကိစ္စကို တခြားတစ်ယောက်နဲ့ ထားခဲ့မယ် ကျွန်တော် ယူအာနဲ့သွားချင်တယ်”
ရှီမာကျိယွင် ဘာမှမပြောနိုင်ခင်မှာပင် သူ ပြေးထွက်လာလိုက်သည်။ ရှီမာယူယူ အစောပိုင်းကပင် ထွက်သွားလိုက်ပြီဟု ဂိတ်စောင့်ဆီမှ သူ သတင်း ပြန်ကြားရသည်။ သူသည် အမြန်ပင် သူမနောက်လိုက်သွားရာ နောက်ဆုံးတွင် ဝိညာဉ်သခင်အသင်း၏ အကူအညီနှင့် သူမကိုမှီလိုက်သည်။
“အဖေ ဘာလို့ရောက်လာတာလဲ” ရှီမာယူယူ မျက်တောင်ခတ်ပြီး ထင်ယောင်ထင်မှားမဟုတ်သည်ကို အတည်ပြုနေသည်။
“အဖေ သမီးရဲ့ဘိုးဘိုးကြီးနဲ့ ပြောပြီးပြီ အဖေသမီးနဲ့ အတူသွားမယ်” ရှီမာလျူရွှမ် ပြောလိုက်သည်။
“သူ သဘောတူလား”
“တူတယ်” ရှီမာလျူရွှမ် ပြန်ဖြေလိုက်သည် “သွားမယ် နောက်ဆိုရင် အဖေ့ကိုထားသွားဖို့ စိတ်မကူးနဲ့တော့”
***