← Chapters

သွေးနှင့်ကျင့်ကြံသည့်ဓား

Vol. 122 Ch. 1701

သွေးနှင့်ကျင့်ကြံသည့်ဓား

Vol. 122 Ch. 1701

“ဟင်း ငါ့စကားတွေကို ဘယ်လိုလုပ် သံသယဝင်နိုင်ရတာလဲ ဟင်း မင်းတို့တွေက ကောင်းကင်ခွဲနတ်ဆိုးဓားအစစ်ကိုတွေ့ရမယ့် လူတွေမှမဟုတ် တာ အာ… ငါ စွမ်းအားရှိတဲ့အထိစောင့်နေလိုက်…” မုတ်ဆိတ်ကြီးသည် အရက်မူးနေသောကြောင့် လမ်းလျှောက်ရင်းနှင့် ယိမ်းထိုးနေကာ အဆက် မပြတ် ရေရွတ်နေသည်။

သူ လမ်းကြားသို့ကွေ့လိုက်ချိန်တွင် တစ်ဖက်မှလူကို မြင်သောအခါ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တယိမ်းတယိုင်ဖြင့် ပြောလေသည် “ငါ မင်းကို ခုနကတွေ့လိုက်တယ်… လက်ဖက်ရည်ဆိုင်မှာ… ပြောပါဦး ဘာလို့ ငါ့နောက်ကိုလိုက်လာတာလဲ”

သူသည် မူးယစ်နေသည့်တိုင်အောင် ထိုမျှအာရုံခံပါးလိမ့်မည်ဟု ရှီမာယူယူ ထင်မထားမိပေ။ သူမသည် လက်များကို အနောက်သို့ပစ်ထားကာ လမ်းကြားအတွင်းထဲသို့ ဝင်ပြီးပြောလိုက်သည် “ရှင့်ရဲ့ ကျန်တဲ့ဇာတ်လမ်းကို နားထောင်ဖို့လာတာ”

“ဘာဇာတ်လမ်းလဲ” မုတ်ဆိတ်ကြီးသည် အံ့အားသင့်နေကာ သူမ၏ ဆိုလိုရင်းကို နားမလည်သေးပေ။

“လက်ဖက်ရည်ဆိုင်မှာ ရှင်ပြော မပြီးသေးတဲ့ဇာတ်လမ်းလေ” ရှီမာယူယူ ပြောလိုက်သည်။

“ငါပြောတာကို မင်းယုံတယ်ပေါ့” မုတ်ဆိတ်ကြီး တက်ကြွသွားသည်။ သူ့ကိုယုံကြည်ပြီး ကျန်အကြောင်းအရာများကို နားထောင်ရန်လာသည့်သူရှိ လိမ့်မည်ဟု သူမျှော်လင့်မထားပေ။

ရှီမာယူယူ သူ့ကိုပြုံးပြလိုက်သည် “ဟုတ်တယ် ကျွန်မ ရှင့်ကိုယုံတယ်”

“ဘာလို့လဲ” မုတ်ဆိတ်ကြီးသည် သူမကို သံသယအပြည့်ဖြင့်ကြည့်လေ သည်။ လက်ဖက်ရည်ဆိုင်ထဲက လူတွေအကုန်လုံး သူ့ကိုမယုံတဲ့အချိန်မှာ သူမ ကဘာလို့ယုံတာလဲ။

ရှီမာယူယူ၏ မျက်လုံးမှားသည် တောက်ပနေပြီး တစ်ချိန်တည်းမှာပင် ထိုင်းမှိုင်းနေသည်။ သူမ မျက်နှာမှ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွား လေသည်။ “ဘာလို့လဲဆိုတော့ ကျွန်မမြင်ဖူးလို့ပဲ….”

မြင်ဖူးတယ်ဟုတ်လား။ သူမ ဘာကိုမြင်ဖူးတာလဲ။ ကောင်းကင်ခွဲနတ်ဆိုး ဓားကိုလား။ မုတ်ဆိတ်ကြီး၏ အတွေးများသည် ရပ်တန့်သွားသည်။

“ကျွန်မ ကောင်းကင်ခွဲဓားကိုမြင်ဖူးတယ် အစောပိုင်းက ရှင်ပြောတဲ့ပုံစံ အတိုင်းပဲ အဲဒါကြောင့် ရှင်ပြောတာကိုယုံတယ်” ရှီမာယူယူ ဆက်ပြောလိုက် သည် “အသေးစိတ်ကို ပြောပြနိုင်မလား”

“မိန်းကလေး မင်းက လှလို့အကြံတစ်ခုပေးလိုက်မယ် ကောင်းကင်ခွဲ နတ်ဆိုးဓားကို ရဖို့လက်ဝင်လျှိုဖို့တော့ မကြံလိုက်နဲ့ မဟုတ်ရင် အသက်ဆုံးရှုံး ရလိမ့်မယ်” သူသည် ထိုညကအကြောင်းကို တွေးရင်းနှင့် အမူးပြေလာသည်။

သူ၏ မျက်နှာမှ အကြည့်ကိုကြည့်သည်နှင့် ကိစ္စများသည် လက်ဖက်ရည် ဆိုင်တွင် ပြောပြခဲ့သကဲ့သို့ မရိုးရှင်းကြောင်းကို ရှီမာယူယူသိလိုက်သည်။

“ကျွန်မက ကောင်းကင်ခွဲနတ်ဆိုးဓားကို မြင်ဖူးထားတော့ ပိုင်ရှင်ကို လည်း သိချင်လာတယ် ရှင်သိသလောက် ပြောပြပါ ကျွန်မ ယူမယ်မယူဘူး ဆုံးဖြတ်ဖို့က ကျွန်မဆုံးဖြတ်ချက်ပါ” ရှီမာယူယူသည် ကျောက်အပြည့်ပါသော ဝိညာဉ်အိတ်ကို ပစ်ပေးလိုက်သည်။

မုတ်ဆိတ်ကြီးသည် ကျောက်အများအပြားကို မြင်ပြီးနောက် အလွန် မြူးထူးသွားသည်။ သူသည် အိတ်ကို မှော်ဝင်လက်စွပ်ထဲသို့ထည့်ပြီး စတင် ပြောပြတော့သည် “အဲဒီတုန်းက တော်တော်ညဥ့်နက်နေပြီ ငါ မြင်လိုက်တာက လူနှစ်ယောက် တိုက်ခိုက်နေတာမဟုတ်ဘူး လူတစ်ယောက်က ကောင်းကင်ခွဲ နတ်ဆိုးဓားရှိတဲ့ လူတစ်စုကိုသတ်နေတာ၊ ပြီးတော့ သူတို့အဖွဲ့က ဧကရာဇ် ကနဦးအဆင့် ရာချီရှိတယ် ကျွတ် ကျွတ် ဘယ်သူမှ အသက်ရှင်မနေခဲ့ဘူး”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟု သူမ ထင်မထားပေ။

“အဲလူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရလား”

“ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်းမြင်လိုက်ရမှာလဲ အဲလူက ဝတ်ရုံဝတ်ထ ထားပြီး အံ့ဖွယ်အာရုံကိုလည်း ပိတ်ထားနိုင်တာ ပြီးတော့ သူက အစကနေ အဆုံးထိ မချွတ်ဘူး သူဘယ်လိုပုံလဲဆိုတာ ငါသိတောင်မသိဘူး” မုတ်ဆိတ် ကြီးပြောလိုက်သည် “ဒါပေမဲ့ သူက စိတ်ရူးပေါက်နေတယ်ထင်တာပဲ”

“ဘာလို့လဲ”

“သူ လူတွေကိုသတ်တုန်းက ကယောင်ကတမ်းဖြစ်နေတာကို သတိထား မိတယ် မဟုတ်ရင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူးလို့ ပြောရမလားပဲ၊ သူ တုံ့ဆိုင်းသွားတဲ့ အခါရှိတယ် ဒါပေမဲ့ မညှာမတာသတ်ပစ်တာပဲ” မုတ်ဆိတ်ကြီး ဆက်ပြောလေသည် “ကောင်းကင်ခွဲနတ်ဆိုးဓားက လူတွေရဲ့အသိစိတ်ကို ထိန်းချုပ်နိုင်တယ်လို့ မင်းကိုပြောတယ်မလား သူလည်း ထိန်းချုပ်ခံထားရ တယ် ထင်တာပဲ”

“ရှင်ပြောတဲ့နေရာက ဘယ်မှာလဲ”

“ဒီကနေ ကီလိုမီတာတစ်သိန်းလောက် ဝေးတဲ့ အဇူရာနဂါးတောင်မှာ”

“အဲတုန်းက ရှင်တစ်ခုခုလုပ်ခဲ့လား အလောင်းတွေကို သဂြိုလ်ခဲ့သေး လား”

“ငါအရမ်းလန့်သွားပြီး သတိပြန်ဝင်လာတော့ ပထမဆုံးတွေးမိတာက ပြေးဖို့ပဲ အဲဒါကြောင့် ဘာလို့အဲလောက်အများကြီးစဉ်းစားမိမှာလဲ” မုတ်ဆိတ် ကြီးပြောလိုက်သည်။

“အခုနားလည်ပါပြီ ရှင်ထွက်သွားလို့ရပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက် သည် “ရှင်ကို အကြံတစ်ခုပေးလိုက်မယ် ရှင်အသက်ရှင်ချင်ရင် ဒီအကြောင်းကို မပြောပါနဲ့၊ ရှင် အဖြစ်အပျက်တစ်ခုလုံးကို မြင်လိုက်တာ အဲလူသိသွားရင် လက်ဖက်ရည်ဆိုင်မှာ ဒီလိုမျိုးအာကျယ်ကျယ်နဲ့ ပြောလို့တောင်ရတော့မှာ မဟုတ်ဘူး”

သူမသည် ပြောပြီးသည်နှင့် လေထဲတွင် ပျောက်ကွယ်သွားသည်။ လေထဲ တွင် အတက်အကျမဖြစ်သဖြင့် မုတ်ဆိတ်ကြီးသည် သူ့ကိုယ်သူ ထင်ယောင် ထင်မှားဖြစ်နေပြီဟုပင် ထင်သွားသည်။

သူ၏ မှော်ဝင်လက်စွပ်အတွင်းတွင် ဝိညာဉ်အိတ်ရှိနေသဖြင့် ထင်ယောင် ထင်မှားမဟုတ်သည်ကို သိသည်။ သူသည် သူမထွက်မသွားခင် ပြောသွားသည့် သတိပေးချက်ကို ပြန်တွေးပြီး ကြက်သီးများထလာသည်။

သူမ ပြောသည်မှာမှန်သည်။ ထိုလူသာ သိသွားပါက သူ အသက်ရှင်လျက် နေနိုင်မည်မဟုတ်ပေ။

သူသည် လမ်းကြားကို နောက်တစ်ကြိမ်ပြန်စစ်ဆေးပြီး မြို့မှ အမြန်ပင် ထွက်လာလိုက်သည်။ သူ ပြန်မလာတော့ပေ။

ရှီမာယူယူသည် လက်ဖက်ရည်ဆိုင်သို့ပြန်လာရာ အားလုံးသည် မုတ်ဆိတ်ကြီး လေလုံးထွားမှုကို ပြောနေတုန်းပင်ဖြစ်သည်။

“မေးခဲ့ပြီလား”

“အင်း” ရှီမာယူယူ ထိုင်ချပြီး ကြားလာသမျှကို ပြန်ပြောလိုက်သည် “အဇူရာနဂါးတောင်ကို သွားကြည့်သင့်လား”

“သခင်မလေး အဇူရာနဂါးတောင်က အဇူရာနဂါးမျိုးနွယ်ရဲ့ ပိုင်နက်ပဲ အဇူရာနဂါးမျိုးနွယ်ကပဲ လုပ်လိုက်တာလား” အန်းလေ မေးလိုက်သည်။

“သူတို့လုပ်တာလည်း ဖြစ်နိုင်တယ်” ရှီမာယူယူ ခန့်မှန်းလိုက်သည်။

“ဒီကနေ သိပ်မဝေးမှတော့ သွားကြည့်တာပေါ့” ရှီမာလျူရွှမ် ပြောလိုက် သည်။

ရှီမာယူယူသည် ကောင်းကင်ခွဲနတ်ဆိုးဓားပေါ်ထွက်လာခြင်းအပေါ် အမြဲတစေ ရင်လေးနေသည်ကို သူသိသည်။ သူမကြောင့်သာမဟုတ်လျှင် ကောင်းကင်ခွဲနတ်ဆိုးဓား ပေါ်ထွက်လာမည်မဟုတ်သလို ယခုလို ပြဿနာ များနှင့် အသေအပျောက်များ ဖြစ်လာမည်မဟုတ်ပေ။

ယခုအချိန် သူတို့သည် ကောင်းကင်ခွဲနတ်ဆိုးဓားနဲ့ အနီးတွင်ရှိနေသည် ဖြစ်ရာ သေချာပေါက် စစ်ဆေးချင်မိသည်။

“သခင်မလေး အဇူရာနဂါးမျိုးနွယ်က အပြင်ဒေသမှာဆိုရင် တုန်လိုင် မျိုးနွယ်ရဲ့ မျက်လုံးလိုဖြစ်နေတာ ကျွန်မတို့ ရုပ်ပြောင်းရုပ်လွှဲလုပ်သွားရမလား” အန်းလေ မေးလိုက်သည်။

“မလိုဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုခိုးကြောင်ခိုးဝှက်လာတာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “ပြီးတော့ ငါမှန်းတာမမှားရင် ငါတို့လာမယ် ဆိုတာကို တုန်လိုင်မျိုးနွယ်က သိလောက်မယ်”

ထို့ကြောင့် သူတို့သုံးယောက်သည် တည်းခိုဆောင်သို့ ပြန်ကာ အခန်းအပ် ပြီး အဇူရာနဂါးတောင်သို့ အမြန်သွားကြသည်။

မဝေးလှသဖြင့် ရှီမာယူယူသည် ဟာစွန်ကိုစီးကာ မုတ်ဆိတ်ကြီးပြော သည့်နေရာသို့ နှစ်ရက်အတွင်းရောက်လေသည်။

တောင်နှင့်တောင်ကြားတစ်ခုလုံးမှာ အလောင်းများဖြင့် ပြည့်နေပြီး အလောင်းများအခြေအနေကို အကဲဖြတ်ရာတွင် သေဆုံးပြီးသည်မှာ ၁၀ရက် ကျော် ကြာနေပြီဖြစ်သည်။

ရှီမာယူယူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ လတ်ဆတ်သောသွေး ခြေရာတချို့ကိုတွေ့ရလေသည် “ကြည့်ရတာ တစ်ယောက်ယောက်တော့ ဒီကို အရင်ရောက်နေပြီ”

“ကြည့်ရတာ လက်ဖက်ရည်ဆိုင်မှာ မုတ်ဆိတ်ကြီးပြောတာကို ယုံတာ ငါတို့တင်မဟုတ်ဘူးထင်တယ်”

“သခင်မလေး ကြည့်လိုက်” အန်းလေသည် အလောင်းများထဲမှ တစ်ခုကို ညွှန်ပြလေသည် “မုတ်ဆိတ်ကြီးပဲ”

သူတို့လျှောက်သွားကြည့်လိုက်ရာ မုတ်ဆိတ်ကြီးသည် မြေပေါ်တွင် လဲနေပြီး မျက်လုံးအပြူး သားဖြင့် ကောင်းကင်သို့စိုက်ကြည့်လျက် မျက်လုံးမှာ နောင်တများပြည့်သည့် အကြည့်များဖြင့် သေဆုံးသွားလေသည်။

“သူသေတာ နေ့တစ်ဝက်မပြည့်သေးဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “အဲလူတွေက သူ့ကိုဖမ်းပြီးဒီကိုခေါ်လာတာဖြစ်မယ် နတ်ဆိုးဓား အကြောင်းလည်းမသိရရော သတ်လိုက်တာပဲ”

“လက်ဖက်ရည်ဆိုင်မှာ လေထွားဖို့ သူ့ကိုဘယ်သူပြောလို့လဲ” အန်းလေ သည် မုတ်ဆိတ်ကြီး၏ သေဆုံးမှုသည် သူ့ဘာသာရှာခြင်းဖြစ်သည့်အတွက် သနားသည့်ပုံမရှိပေ။

“ဒီအလောင်းတွေက….” ရှီမာလျူရွှမ်သည် အလောင်းများကို အနီးကပ် ကြည့်လိုုက်သည် “အလောင်းတွေဒီလောက်များတာကို မြေပေါ်မှာကျ သွေး ကအဲလောက်မများဘူး ယူအာ ဘယ်လိုအသတ်ခံရလဲဆိုတာ မြင်ရလား”

“ကောင်းကင်ခွဲနတ်ဆိုးဓားက သွေးစုတ်တယ် ဓားကပဲ သွေးအကုန်လုံး ကို စုတ်သွားတာဖြစ်မယ်” ရှီမာယူယူ၏ စိတ်ညစ်ညူးသွားသည်။

သွေးနဲ့ ဓားကိုအကျင့်ကြံတယ်…

***

All Chapters