← Chapters

မင်းက အဲလိုလူမျိုးမဟုတ်ဘူး

Vol. 122 Ch. 1702

မင်းက အဲလိုလူမျိုးမဟုတ်ဘူး

Vol. 122 Ch. 1702

သူတို့ လှည့်ပတ်ကြည့်သော်လည်း မည်သည့်သဲလွန်စမှမတွေ့ရပေ။ သူတို့ကိုသတ်လိုက်သည့် ထိုလူသည် ပြတ်သားသည်။ ခြေရာလက်ရာကျန်ခဲ့ လျှင်တောင် သူတို့ရှေ့မှလာနှင့်သောလူများမှ တွေ့သွားကြလေသည်။

“ငါတို့ ဘာမှရှာမတွေ့နိုင်မယ့်ပုံပဲ အလောင်းတွေကလည်းများတော့ တစ် ယောက်ချင်းစီ သင်္ဂြိုလ်လို့မရဘူး ဒီအတိုင်း သူတို့ကို အကုန်လုံးအတူတူရောပြီး သင်္ဂြိုလ်တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“သခင်မလေး သူတို့ဝတ်စုံတွေက အဇူရာနဂါးမျိုးနွယ်ဝတ်စုံပဲ သူတို့ အလောင်းကောက်ဖို့ အဇူရာနဂါးမျိုးနွယ်ကို သတင်းပေးလိုက်တာ ပိုကောင်း မယ်” အန်းလေ သတိပေးလေသည်။

ထို့အပြင် သူမသည် ထိုအရာများနှင့် တရင်းတနှီးရှိကာ ဘာလုပ်ရမည်ကို ပိုသိသည်။

“ဟုတ်ပြီ” ရှီမာယူယူ ဆက်ပြောလေသည် “နီရဲပျားတွေကို သူတို့ကို သတင်းပေးခိုင်းလိုက်မယ် ငါတို့လည်းသွားကြတာပေါ့”

“နတ်ဆိုးဓားကို ထပ်ပြီးမစစ်ဆေးတော့ဘူးလား” အန်းလေ မေးခွန်း ထုတ်လေသည်။

“နတ်ဆိုးဓားသတင်းက လမ်းစပျောက်နေပြီ ပြီးတော့ ဒီကိစ္စဖြစ်ပြီးတာ ၁၀ ရက်ကျော်နေပြီ၊ သဲလွန်စလည်းမရှိဘူး ဒီမှာနေလည်း အထောက်အကူဖြစ် မှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “ဒီပြဿနာကိုဖြေရှင်းချင်ပေ မဲ့ မျက်လုံးစုံမှိတ်ပြီး ဝင်တိုးလို့မရဘူး”

“ဟုတ်တယ် လမ်းကြုံရင်တော့ ဆက်ပြီးစုံစမ်းတာပေါ့ ခေါင်းမာမာနဲ့ မျက်လုံးစုံမှိတ်ပြီးတိုးလိုက်ရင် အချိန်ကုန်တာပဲရှိမယ်” ရှီမာလျူရွှမ်သည်လည်း သဘောတူသည်။

အရင်ကဆိုလျှင် သူမ မဖြေရှင်းနိုင်သည့် ပြဿနာအပေါ် အချိန်ဖြုန်းမည် ကို သူစိုးရိမ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် စိတ်သက်သာရာရသွားသည်။

“လူလာနေပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့က လူနည်းတော့ ပုန်းပြီး ထိပ်တိုက်တွေ့တာကိုရှောင်တာကောင်းမယ်”

သူမသည် ပြောရင်းနှင့်ပင် ရှီမာလျူရွှမ်နှင့် အန်းလေတို့ကိုခေါ်ပြီး ဝိညာဉ် စေတီအတွင်းသို့ ဝင်ကာ အပြင်မှအခြေအနေကို အာရုံစိုက်ထားသည်။

“သခင်မလေး အဇူရာနဂါးမျိုးနွယ်ဝင်ပဲ” အန်းလေသည် ထိုလူများ ပျံလာ သည်ကို မြင်လိုက်သည်နှင့် သတိပေးလိုက်သည်။

အစိမ်းရောင်ဝတ်စုံရှည်နှင့် ခရမ်းရွှေရောင်ခါးပတ် ပတ်ထားပြီး ဆံပင်ကို မြင့်မြင့်စည်းနှောင်ထားသည့် ထိုလူများ၏ ဝတ်ဆင်ပုံသည် မြေပေါ်မှလူများနှင့် ဆင်တူနေသည်ကို ရှီမာယူယူ သတိထားမိသည်။

“အစ်ကိုကြီး တကယ်ပဲ ပျောက်နေကြတဲ့ ညီအစ်ကိုတွေပဲ”

“သူတို့ကိုဘယ်သူသတ်လိုက်တာလဲ”

တောင်တစ်ခုလုံးတွင် မျိုးနွယ်၏ ညီအစ်ကို ညီအစ်မများ၏ အလောင်း များဖြင့် ပြည့်နေသည်ကို မြင်သည်နှင့် အဇူရာနဂါးမျိုးနွယ်ဝင်များ၏ မျက်လုံး များသည် ဒေါသများဖြင့် ပြည့်နှက်လာပြီး နီရဲလာကြသည်။

“သတင်းပေးလာတဲ့သူ ပြောတဲ့စကားကမှန်တဲ့ပုံပဲ သူတို့ကို ကောင်းကင် ခွဲနတ်ဆိုးဓားက သတ်သွားတာပဲ” အစ်ကိုကြီးဟု ခေါ်ဝေါ်သည့်သူသည် အလောင်းများကို စစ်ဆေးပြီး ထိုလူများ၏အလောင်းများနှင့် တခြားအလောင်း များမှာ မတူညီသည်ကို စစ်ဆေးမိသည်။

သူသည် လှည့်ပတ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “ဒါ ထူးဆန်း နေတယ်”

အမျိုးသမီးတစ်ယောက်သည် သူ့ဘေးသို့လျှောက်လာပြီး ပြောလိုက် သည် “ဘာဖြစ်မှားနေလို့လဲ”

“ကျွန်တော်တို့ ဒီကိုလာတော့ ရောင်ဝါတစ်ခုကို ခံစားမိလိုက်တယ်၊ ကျွန်တော်တို့ လာတာဒီလောက်မြန်တာကို သူတို့က သွားလိုက်ကြပြီလေ” အစ်ကိုကြီးဆိုသူ ပြောလေသည်။

“ထင်ယောင်ထင်မှားများလား”

အစ်ကိုကြီးဆိုသူသည် လှည့်ပတ်ကြည့်ပြီး မည်သူမှမရှိသည်ကို အတည် ပြုလိုက်သည်။

“ဖြစ်နိုင်လောက်တယ် မဟုတ်ရင် သူတို့လွတ်သွားတာပဲ”သူသည် ဘေး နားမှ ညီအစ်ကိုများကို ဆင့်ခေါ်လိုက်သည် “သူတို့က ဘာရာထူးတွေလဲဆိုတာ နာမည်တံဆိပ်ပြားတွေ စစ်ဆေးလိုက် ပြီးတာနဲ့ သင်္ဂြုလ်လိုက်တော့”

“ဟုတ်ကဲ့ပါ အစ်ကိုကြီး”

သူတို့ အလောင်းများကို ရှာပြီး စစ်ဆေးနေသည်ကို ရှီမာယူယူနှင့် တခြားသူများသည် ဝိညာဉ်စေတီအတွင်းမှ ကြည့်နေကြသည်။ ထိုလူများသည် သူတို့၏ သရုပ်မှန်ကို ချရေးပြီး သူတို့၏ ပစ္စည်းများကိုသိမ်းပြီးနောက် တွင်းတူးကာ အလောင်းများကို အားလုံးပေါင်းပြီး မြှုပ်လိုက်လေသည်။

သူတို့သည် ပြီးစီးသွားသည်နှင့် ထွက်သွားကြလေသည်။ သူတို့ပြန်သည် နှင့် ထွက်နိုင်ပြီဟု အန်းလေ ပြောသော်လည်း ရှီမာယူယူသည် ခဏကြာအောင် စောင့်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ထိုလူများပြန်လာပြီး လစ်ဟာနေ သော တောင်ကိုကြည့်ကြသည်။ သို့သော် အစ်ကိုကြီးဆိုသူ၏ မျက်မှောင် ကြုတ်မှုမှာ ပျောက်ကွယ်မသွားပေ။

“ငါတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုပဲလို့ ဘာလို့ ခံစားမိနေတာလဲ ငါတကယ်ပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား” သူသည် ထွက်သွားရင်းနှင့် ရေရွတ်သွားသည်။

သူတို့ ထွက်သွားသည်မှာ သေချာသည်နှင့် ရှီမာယူယူသည် ခဏစောင့် ပြီး ဝိညာဉ်စေတီထဲမှ ထွက်လာလိုက်သည်။

“အဲလူက တကယ်ပဲ အာရုံနိုင်စွမ်းမြင့်တာပဲ” ရှီမာလျူရွှမ် ရယ်မောလိုက် သည်။

“အဲဒီစီနီယာအစ်ကိုကြီးကို ကျွန်မမှတ်မိတယ် သူက အဇူရာနဂါးမျိုးနွယ် ရဲ့ ပင်တိုင်တပည့်ပဲ၊ သူက မွေးရာပါ ပါရမီရှင်ဖြစ်ပြီး စေ့စပ်သလို သန်မာတယ် တဲ့ သူက နောက်တက်မယ့်ခေါင်းဆောင် ဖြစ်လာဖို့ မွေးလာခဲ့တာတဲ့” အန်းလေ ပြောလေသည်။

“သူတို့က သင်္ဂြိုလ်သွားမှတော့ ဒီကိစ္စကို ငါတို့လက်ရှောင်လိုက်တာပေါ့ တုန်လိုင်မျိုးနွယ်ကို သွားကြမယ်”

အတန်ကြာအောင် လျှောက်ပြီးနောက်တွင် သူတို့သည် ပင်လယ်နယ်နိ မိတ်ကို ရောက်လာကြသည်။ တုန်လိုင်မျိုးနွယ်သည် ပင်လယ်အလယ် ကျွန်း တွင်တည်ရှိသည်။

အန်းလေသည် ပင်လယ်ကမ်းစပ်ဘေးမှ မြို့လေးတစ်မြို့ကိုခေါ်သွား သည်။ အပြင်လူအတွက်တော့ ထိုမြို့လေးသည် သာမာန်မြို့လေးဖြစ်ပြီး ငါးဖမ်းပိုက်ကွန်များနှင့် ငါးဆားနယ်များလှန်းထားသည်နှင့် ပြည့်နေသည်။

“ဒါက တုန်လိုင်မျိုးနွယ်ကို ဝင်တဲ့အပေါက်လား” ရှီမာယူယူသည် မြို့လေးကို ကြည့်ပြီး သိချင်စိတ်ဖြင့် ပြောလိုက်သည်။

ရွှမ်ချုံးမျိုးနွယ်နဲ့ တုနန်မျိုးနွယ်တို့နဲ့ အရမ်းကိုကွာနေတာမဟုတ်ဘူး လား။

“အပြင်လူတွေက ဒီကဖြတ်လမ်းဝင်္ကပါကတစ်ဆင့်ပဲ သွားလို့ရတယ်” အန်းလေ ဆက်ပြောလေသည်။ “ဒါပေမဲ့ တုန်လိုင်မျိုးနွယ်ဝင်တွေက မဟုတ် ကြဘူး ဒါပေမဲ့ ကျွန်မတို့ အဲဒီလိုသွားမယ်ဆိုရင် အနားမရောက်ခင်မှာပဲ ကျုးကျော်သူအဖြစ်နဲ့ အသတ်ခံရလိမ့်မယ်”

“တုန်လိုင်မျိုးနွယ်က သာမာန်မြို့ငယ်လေးနောက်မှာ ပုန်းနေလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည် “နောက်တစ်ခုက ဘာလုပ် ရမျာလဲ”

“မြို့ခသင်ကိုရှာပြီး သူနဲ့ဆက်သွယ်ရမယ် သူတို့သဘောတူပြီးတာနဲ့ ကျွန်မတို့အတွက် ဖြတ်လမ်းဝင်္ကပါကို အသက်သွင်းပေးလိမ့်မယ်” အန်းလေ ပြောလိုက်သည်။

“ငါတို့တွေ ဖြတ်လမ်းဝင်္ကပါနေရာကိုတော့ သိသင့်တာပဲမလား ဘာလို့ ကိုယ့်ဘာသာသွားလို့မရတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မျိုးနွယ်ရဲ့ ဘေးကင်းမှုအတွက် ဒီဖြတ်လမ်းဝင်္ကပါက အထူးတလည်ပဲ အဲဒါက မြို့သခင်ရဲ့ရောင်ဝါနဲ့ဝိညာဉ်စွမ်းအင်တို့နဲ့မှ အသက်သွင်းလို့ရမှာ၊ သူက သော့ပဲ သူတစ်ယောက်ပဲ အသက်သွင်းလို့ရမယ်” အန်းလေ ပြောလိုက်သည်။

“ဘယ်သူမှ မလုပ်နိုင်ကြဘူးလား တုန်လိုင်မျိုးနွယ်ရော”

“ခုနက ပြောပြီးသားလေ မျိုးနွယ်ဝင်တွေက ဒီလမ်းကမသွားကြဘူး” အန်းလေ ပြောလိုက်သည်။

“…”

ဟုတ်သည်။ ထိုအရာသည် လုံခြုံမှုရှိသည်။ သူတို့သည် လူသား တစ်ယောက်ကို သော့အနေနှင့် သုံးလိုက်ပါက မြို့သခင် သဘောမတူလျှင် မည်သူမှ ဖိအားပေး၍မရနိုင်ပေ။ သူ့ကိုသတ်လိုက်လျှင်လည်း မည်သို့မှ ထူးခြား မည်မဟုတ်ပေ။

“မြို့သခင်ကို သွားရှာရအောင်” ရှီမာလျူရွှမ် ပြောလိုက်သည်။

အန်းလေသည် သူတို့ကို မြို့သခင်အိမ်သို့ ခေါ်သွားသည်။ မြို့သခင်သည် သတင်းရသည်နှင့် အိမ်သို့အမြန်ပြန်လာကာ သူကိုယ်တိုင် ကြိုဆိုလေသည်။

“သခင်မလေးယူယူ ထိုင်ပါ” မြို့သခင်သည် သူတို့ကို ခန်းမဆီသို့ ပျော်ရွှင် စွာခေါ်သွားပြီး သူတို့ရောက်လာခြင်းအပေါ် အံ့ဩမှုအလျဉ်းမရှိပေ။

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် ထိုင်ကြပြီး အန်းလေသည် ရှီမာယူယူတွင် ရပ်နေသည်။

“အန်းလေ မင်းကို အခုလိုပုံနဲ့တွေ့လိုက်တော့ သခင်မလေးယူယူနောက် လိုက်ပြီးတော့ ပိုပြီးတက်ကြွလာပုံပဲ” မြို့သခင်သည် အသာအယာပြုံးပြီး‌ ပြော လိုက်သည်။

“သခင်မလေးက ကျွန်မအပေါ် အရမ်းကောင်းပေးပါတယ်” အန်းလေ သည် ထိုမျှသာ တုံ့ပြန်သည်။

မြို့သခင်သည် သူမကို အလွန်ပင်ရင်းနှီးသည့် အပြုအမူဖြင့် ပြောလိုက် သော်လည်း အန်းလေသည် သာမာန်မျှသာ ပြန်ဖြေကာ ရင်းနှီးဟန်မပြသလို ပြစ်မှားခြင်းလည်းမရှိပေ။

သူသည် အရင်ကပင် သူမကို စိုးရိမ်ဟန်မပြပေ။ အခုချိန်တွင်လည်း ဘာမှပြောစရာမရှိတော့ပေ။

“တုန်လိုင်မြို့ခသင် ကျွန်မတို့ ဒီနေ့လာတာက ကိစ္စရှိလို့ တုန်လိုင်မျိုးနွယ် ထဲကိုဝင်ချင်လို့ပါ သူတို့နဲ့ ဆက်သွယ်လို့ရမလားလို့ သိချင်လို့ပါ” ရှီမာယူယူ သည် လိုရင်းကိုပြောလိုက်တော့သည်။

“ဟားဟား သခင်မလေးယူယူ ဒီကိုရောက်လာတာ မျိုးနွယ်ကသိပြီးပါပြီ အဲဒါကြောင့် သခင်မလေးကို ကျွန်းကိုလာချင်ရင် သတင်းပို့စရာမလိုဘဲ ခေါ် လာဖို့ အမိန့်ပေးထားပါတယ်”

“သတင်းမပို့ဘဲဟုတ်လား ကျွန်မတို့လာမှာကို သူတို့ကသိပြီးသားလား”

“သူတို့က မသိပါဘူး သခင်မလေးလာရင် အဲဒီကိုတိုက်ရိုက်လာလို့ရတယ် လို့ပဲ ပြောထားတာပါ”

“ကျွန်မက ရှင်တို့ကို ဒုက္ခပေးမှာကို မစိုးရိမ်ကြဘူးလား”

“ဟားဟား သခင်မလေးယူယူက အဲလိုလူမျိုးမဟုတ်ဘူးလို့ မိသားစု ခေါင်းဆောင်ပြောထားပါတယ် သခင်မလေးတို့ အလောကြီးနေမှတော့ ကျုပ် အခုပဲပို့ပေးပါမယ်”

***

All Chapters