← Chapters

တုန်လိုင်မျိုးနွယ်

Vol. 122 Ch. 1703

တုန်လိုင်မျိုးနွယ်

Vol. 122 Ch. 1703

တုန်လိုင်မျိုးနွယ်မှ ယခုလို ကြီးမားသောစိတ်ရင်းအမှန်ကို ပြသလိမ့်မည် ဟု ရှီမာယူယူထင်မထားပေ။ သူတို့သာ သူမကိုရန်မစလျှင် သူမမှ ဘာမှမလုပ် မည်ကို သူတို့သိသဖြင့် သူတို့၏ စိတ်ရင်းကိုပြချင်နေခြင်းဖြစ်သည်။

မဟုတ်လျှင် ရှီမာယူယူသာ ကျွန်းကိုအတင်းသွားမည်ဆိုပါက သူမကို တားရန် စွမ်အားမဲ့သည်ကို သိနေ၍လားမသိပေ။

ကျွန်းသခင်သည် မထင်မရှားခြံဝန်းဆီသို့ သွားလိုက်သည်။ ခြံဝန်း အလယ်တွင် ဖြတ်လမ်းတည်ဆောက်မှုကြီးတစ်ခု တည်ရှိသည်။ ရှီမာယူယူနှင့် တခြားနှစ်ယောက်သည် အလယ်တွင်ရပ်လိုက်သည်နှင့် သူသည် သူ၏ ဝိညာဉ် စွမ်းအင်ထည့်လိုက်ပြီး ဝင်္ကပါကို အသက်သွင်းလိုက်သည်။ သူတို့သုံးယောက် သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

“အန်းလေက တကယ် နေရာကောင်းတစ်ခုကို ရှာတွေ့ထားတာပဲ… သခင်မလေးသာ သူမလိုလူမျိုးဖြစ်မယ်ဆိုရင်….”

သူ၏ နောက်ပိုင်းစကားများသည် သက်ပြင်းရှည်များဖြင့် ပျောက်ကွယ် သွားလေသည်။

ရှီမာယူယူသည် တုန်လိုင်ကျွန်းကိုရောက်သည်နှင့် ဖြတ်လမ်းဝင်္ကပါကို စောင့်ကြပ်သူများသည် ထိုလူများရောက်သည်ကိုမြင်လိုက်သောအခါ အနည်း ငယ်အံ့ဩသွားလေသည်။ သို့သော် အန်းလေကိုမြင်သောအခါ သတိပြန်လျော့ လိုက်သည်။

“သခင်မလေးယူယူ မိသားစုခေါင်းဆောင်က ဖိတ်ကြားထားပါတယ်” ဘဏ္ဍာထိန်းပုံစံရှိသော လူတစ်ယောက်သည် အပြင်မှလျှောက်ဝင်လာသည်။ သူ ရောက်လာသည်မှာ ထိုဘက်မျိုးနွယ်မှ သူမရောက်ရှိသည့်သတင်းကို ရပြီး သည်မှာသေချာသည်။

“လမ်းပြပေးပါဦး” ရှီမာယူယူသည် ထိုဘဏ္ဍာထိန်း၏ သင့်တင့်သော အမူအကျင့်ကို မြင်သောအခါ နန်းဆန်စွာပြုံးလိုက်သည်။

တုန်လိုင်မျိုးနွယ်သည် တုန်လိုင်ကျွန်း၏အလယ်တည့်တည့်တွင်ရှိသည်။ သူတို့သည် နန်းတော်ကြီးတစ်ခုကိုတည်ဆောက်ထားကာ ရှီမာယူယူသည် ထို လူနောက်မှ အကြီးမားဆုံးအဆောင်သို့ လိုက်သွားလိုက်သည်။ သူမသည် တုန်လိုင်မျိုး၏ခေါင်းဆောင်နှင့် သူ၏အမျိုးသမီးကို တွေ့ရလေသည်။

သူတို့သည် တုန်လိုင်လီ၏ မိဘများဖြစ်တန်ရာသည်။

“သခင်မလေးယူယူ ထိုင်ပါ” တုန်လိုင်လီ၏ အဖေသည် ရှီမာယူယူဆီသို့ လက်ကို ဝှေ့ယမ်းပြပြီး အောက်ဘက်မှထိုင်ခံကိုညွှန်ပြလေသည်။

ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် မျိုးဆက်ငယ်များဖြစ်ကြသဖြင့် သူတို့ ကိုနှုတ်ဆက်ပြီးနောက် ဘေးတစ်ဖက်စီရှိ ခုံတွင်ဝင်ထိုင်လိုက်ကြသည်။

“မိန်းကလေးက ရှီမာယူယူပဲဖြစ်ရမယ်” တုန်လိုင်လီ၏ မိခင်သည် အနည်းငယ် အေးစက်သည်။ သူ၏ သမီးဖြစ်သူကိုသတ်လိုက်သူနှင့် တွေ့ရ သည်မှာ သူမအတွက် မသက်မသာဖြစ်စေသည်။

သို့သော် အမှားလုပ်ထားသည်မှာ သူမ မဟုတ်သည့်အတွက် တောင်းပန် ရန်အစီအစဉ်မရှိပေ။ တုန်လိုင်လီသာ သူမကို သတ်ရန်မကြိုးစားခဲ့ပါက သူမ လည်းသတ်မည်မဟုတ်ပေ။

သူမသည် ဦးစွာစတင်လုပ်ခြင်းမဟုတ်ဘဲ ပြန်တုံ့ပြန်ရုံသာဖြစ်သည်။

“သခင်မလေးယူယူ ကျုပ်တို့ကျွန်းမှာ ဘာကိစ္စများရှိလို့ပါလိမ့်” တုန်လိုင် မျိုးနွယ်ခေါင်းဆောင် မေးလိုက်သည်။

“တကယ်တော့ ရိုးရှင်းပါတယ် အန်းလေက သူမအမေရဲ့ ဂူကိုပြန်လိုချင် လို့ပါ၊ သူမက အခုကျွန်မနောက်ကို လိုက်နေပြီဆိုတော့ သူမအမေရဲ့ ဂူပါ အတူ ရှိနေရမယ်ဆိုတာ သဘာဝပဲလေ အဲဒါကြောင့် ကိစ္စတွေအဆင်ပြေအောင်လို့ တုန်လိုင်မျိုးနွယ်ခေါင်းဆောင်နဲ့ သခင်မကြီးကိုမေးချင်တာပါ” ရှီမာယူယူသည် သူမတို့လာရသည့် အကြောင်းအရင်းကို ပြောပြလိုက်သည်။

မိသားစုခေါင်းဆောင်၏ ဇနီးသည် အန်းလေကို ကြည့်လိုက်သည်။ အန်းလေသည် သူမကို ကြောက်ရွံ့သည့်ပုံပင်။ သူ၏ အကြည့်တစ်ချက်ကပင် အန်းလေကို မသိစိတ်မှ ခြေတစ်လှမ်းဆုတ်သွားစေသည်။

“ဒါပဲလား ဟားဟားဟား အဲလိုမျိုးကိစ္စအသေးလေးတစ်ခုကတော့ အန်းလေ တစ်ယောက်တည်းလာရင်တောင် လုံလောက်နေပါပြီ မိန်းကလေး ကိုယ်တိုင် သူမနဲ့အတူလာဖို့ မလိုပါဘူး” တုန်လိုင်မိသားစုခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ရယ်လေသည်။

ရှီမာယူယူသည် တိတ်တိတ်လေး မျက်လုံးလှိမ့်မိသည်။ သူမသာ အန်းလေကို တစ်ယောက်တည်းလွှတ်လိုက်ပါက ပြန်လာနိုင်မည်မဟုတ်ပေ။

“အခုတလောက ကျွန်မလည်းအိမ်မှာအားနေတာနဲ့ ပတ်သွားကြည့်နေ တာပါ၊ အဲတုန်းက အန်းလေက အစေခံဆိုတဲ့နာမည်နဲ့ ကျွန်မလက်အောက်ကို ဝင်လာခဲ့ပေမဲ့ အခုတော့ ညီအစ်မလိုဖြစ်နေပါပြီ၊ ဒီလိုကိစ္စမျိုးဆိုရင် သူမ အတွက် လိုက်ပေးရမှာပေါ့”

“ဒါဆိုရင် ဂူကိုဘယ်တော့ ရွေ့မယ်လို့ စီစဉ်ထားလဲ”

“ဖြစ်နိုင်သလောက် မြန်မြန်ပါ.. ကျွန်မတို့ မလာခင်ပဲ မင်္ဂလာအချိန်ကို တွက်ချက်ခိုင်းခဲ့ပြီးပြီ အဲဒါကြောင့် ဒီနေ့ညက အကောင်းဆုံးအချိန်ပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

သူမ သတိထားမိသည်။ သူတို့ဤနေရာသို့ ရောက်လာကတည်းကပင် အန်းလေသည် စိတ်ပူပန်မှုများ တိုးလာသည်။ သူမ၏ အကြောများမှာလည်း တောင့်တင်းနေခဲ့သည်။ ထို့ကြောင့်ပင် သူမသည် ဤကိစ္စကို အမြန်ဖြေရှင်းကာ ထွက်သွားမည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့လူတွေကို ပြင်ဆင်ခိုင်းလိုက်ပါမယ်” မျိုးနွယ် ခေါင်းဆောင်တုန်လိုင်သည် နွေးထွေးစွာပြောလေသည်။

“မလိုတော့ပါဘူး လိုအပ်တဲ့ပစ္စည်းတွေကို ကျွန်မကိုပြင်လာခဲ့ပြီးပါပြီ အချိန်ကျလာမှ အဲဒီကိုသွားရုံပါပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါလည်းရတာပဲ” တုန်လိုင်ခေါင်းဆောင်ပြောလိုက်သည် “အဲအချိန် ရောက်ဖို့ သုံးလေးနာရီလိုသေးတာပဲ မိန်းကလေးတို့ ဧည့်သည်အဆောင်မှာ နားချင်လား ဒါမှမဟုတ် ကျုပ်လူတွေကို ကျွန်းကိုပတ်ပြခိုင်းရမလား”

“အန်းလေက ဒီနေရာရဲ့ အစေခံမိန်းကလေးဖြစ်ဖူးမှတော့ သူမကိုပဲ လိုက်ပြခိုင်းလိုက်ပါမယ် ဘယ်နေရာက ကန့်သတ်ထားတယ် မကန့်သတ်ထား ဘူးဆိုတာ သူမပဲ ရှင်းရှင်းလင်းလင်းသိမှာပဲ”

“အန်းလေက ကျုပ်တို့ကျွန်းရဲ့အစေခံမိန်းကလေးမဟုတ်တော့ဘူးလေ သူမကို ဘယ်လိုလုပ် အစေခံမိန်းကလေးအလုပ်ကို ခိုင်းလို့ရမလဲ ဒီလိုဆိုရင် ရော မိန်းကလေးကိုလှည့်ပတ်ပြဖို့ အစေခံနှစ်ယောက်ပို့ပေးမယ်”

“ဒါဆိုလည်း တုန်လိုင်မျိုးနွယ်ခေါင်းဆောင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူသည် အတင်းမလုပ်ပေ။ သူတို့နောက်သို့လိုက်ခိုင်းခြင်းမှာ ပုံမှန် အားဖြင့် စောင့်ကြည့်သည့်ပုံစံတော့မဟုတ်ပေ။

ထိုအရာကသာ သူတို့ကိုစိတ်အေးလက်အေးဖြစ်စေပြီး ဖြေရှင်းရာတွင် မြန်ဆန်သွားမည်ဆိုပါက သူမနောက်သို့လိုက်ခိုင်းလိုက်မေည်။

သူမ ထွက်သွားသည်နှင့် သခင်မကြီးသည် မျက်ရည်များကျလာတော့ သည်။ တုန်လိုင်မိသားစုခေါင်းဆောင်သည် သူမကိုစိတ်ရှည်စွာဖြင့် ကြည့်လိုက် သည် “ဘာအတွက်ငိုနေတာလဲ ငိုမနေနဲ့”

“ကျွန်မလည်း မငိုချင်ပါဘူး ဒါပေမဲ့ သူမကိုမြင်ရင် ကျွန်မရဲ့သမီးလေးကို တွေးမိလို့ပါ..” သခင်မကြီး၏ မျက်ရည်များသည် ပို၍ပင်ကျလာသည်။

“သူမကိုပဲ အပြစ်တင်ရတော့မှာပဲ မင်းသာ သူမကို အရမ်းကြီး အလိုမလိုက်ခဲ့ရင် ဒီလိုမျိုးအဆုံးသတ်သွားဦးမလား”

“ကျွန်မလား… အခုကျွန်မကို အပြစ်တင်နေတာလား လီအာရဲ့ မိဘတွေ အနေနဲ့ သူမသေဆုံးခြင်းအတွက် ရှင်ကလက်စားမချေတဲ့အပြင် သူမ လုပ်သင့် တာကိုလုပ်မိလို့ ကျွန်မကိုတောင် အပြစ်တင်လိုက်သေးတယ် သူမ အသက်ရှင် တုန်းက ရှင်ကဘာလို့မသင်ပေးခဲ့တာလဲ” သခင်မကြီးသည် ဒေါသတကြီးအော် ငိုလေသည်။

“သူမကို အလိုလိုက်တာက မင်းမဟုတ်ဘူးလား” တုန်လိုင်မျိုးနွယ် ခေါင်းဆောင်သည် တုန်လိုင်လီအကြောင်းပြောရာတွင်လည်း ဝမ်းနည်းလာ သည် “ထားလိုက်တော့ မင်းဘာပဲပြောပြော ပြီးခဲ့တာတွေက ပြီးသွားပြီပဲ မင်းကို တစ်ခုထပ်ပြောလိုက်မယ် ရှီမာယူယူက အခု မင်းထိချင်တိုင်းထိလို့ရတဲ့ လူမဟုတ်ဘူး၊ မင်းသာ မိသားစုကိုထည့်စဉ်းစားတယ်ဆိုရင် အရင်ကတွေးထား တဲ့ အစီအစည်တွေအကုန်လုံးကို ပစ်လိုက်တော့ မဟုတ်ရင် မျိုးနွယ်တစ်ခုလုံး မင်းကြောင့် ပျက်စီးသွားလိမ့်မယ်”

“ကျွန်မလည်း အဲဒါသိပါတယ် မဟုတ်ရင် ဒီအချိန်ထိ ဘာမှမလုပ်ဘဲ မနေ ဘူး ရှီမာယူယူ ရှီမာယူယူ သူမကို ပထမဆုံးအကြိမ်တွေ့ကတည်းက သတ်လိုက်ရင် ကျွန်မတို့ကလေးသေမှာမဟုတ်ဘူး”

“မင်းဘာတွေစဉ်းစားနေတာလဲ ထားလိုက်တော့ မင်းနဲ့ဘာမှမပြောတော့ ဘူး” ထိုကဲ့သို့အတွေးရှိသည်မှာ သူမတစ်ယောက်တည်း မဟုတ်သဖြင့် တုန်လိုင်ခေါင်းဆောင်သည် မတတ်သာတော့ပေ။

ရှီမာယူယူသည် သူမကို မပြစ်မှားခဲ့သည်မှာ သေချာသည်။ သို့သော် အပြစ်ရှိသည်ဖြစ်စေ အပြစ်မရှိသည်ဖြစ်စေ သူမကို သတ်မည်ဟု တွေးလိုက် သည်။ တုန်လိုင်လီ၏ အတွေးအခေါ်တချို့သည် သူမကိုတော့ လွှမ်းမိုးမှုရှိနေ သည်။

ရှီမာယူယူနှင့် တခြားသူများသည် ဟိုဟိုဒီဒီ လှည့်ပတ်လျှောက်နလိုက် သည်။ နောက်ဆုံးတွင် သူတို့သည် နေဝင်သည်ကို ကြည့်ရန် ပင်လယ် ကမ်းဘေးသို့ရောက်လာသည်။ ရှီမာယူယူသည် အစေခံနှစ်ယောက်ကို ခပ်ဝေးဝေးသို့ တွန်းပို့လိုက်သည်။

“သခင်မလေး ကျွန်မရဲ့ အရင်သခင်တွေ မကောင်းကြောင်းပြောတာ မကောင်းဘူးဆိုပေမဲ့ သူတို့လွှမ်းမိုးတာကို မခံလိုက်ပါနဲ့” အန်းလေ ပြောလိုက် သည်။

“မင်းရဲ့ သခင်မလေးက ငတုံးပုံပေါက်နေလို့လား ငါ့အပေါ် ကြင်နာပြနေ တာက ငါ့အင်အားကြောင့်ပဲ သူတို့ကြင်နာချင်လို့မဟုတ်ဘူး… တုန်လိုင် မျိုးနွယ်ကသာ ဒီလိုမျိုးကြင်နာတတ်တဲ့သူတွေဆိုရင် သူတို့လက်အောက်မှာ မင်း ဒီလောက်ခံစားနေရမှာမဟုတ်ဘူး မျိုးနွယ်ကထွက်သွားတဲ့သူတွေလည်း အမဲလိုက်သလို လိုက်ခံရမှာမဟုတ်ဘူး ဒါပေါ့ သူတို့ကလည်း တုန်လိုင်လီလို ကလေးမျိုး မွေးထုတ်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒါက ငါတို့အတွက်ကောင်းတယ် ကိစ္စတွေဖြေရှင်းတဲ့နေရာမှာ အထောက်အကူဖြစ် တယ် ဒီလိုဆိုရင် ငါတို့ အများကြီးစုံစမ်းဖို့မလိုဘူး ဒီကမ္ဘာကြီးမှာ လူဆိုးတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ သူတို့က ငါတို့ကိုမသက်ရောက်သရွေ့တော့ လူ တစ်ယောက်ချင်းစီကို လိုက်သတ်လို့မရဘူး”

“သခင်မလေးက သူတို့လိမ်တာကိုခံရပြီး သတိလျော့လိုက်မှ သူတို့ ထောင်ချောက်ထဲဝင်သွားမှာကို ကြောက်တာပါ”  အန်းလေသည် အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလေသည်။

***

All Chapters