ရှီမန်လီ အဖမ်းခံရခြင်း
Vol. 122 Ch. 1704
အန်းလေသည် တုန်လိုင်မျိုးနွယ်ကို သတိရှိရှိ စောင့်ကြည့်နေသည်ကို ရှီမာယူယူသိသည်။ ထိုခံစားချက်မှာ သူမကလေးဘဝကတည်းက အရိုးစွဲနေ သည့်အရာဖြစ်ပြီး ရှီမာယူယူနောက်သို့ နှစ်အနည်းငယ်လိုက်လိုက်သည်နှင့် ပြောင်းလဲသွားမည့်အရာမဟုတ်ပေ။
“စိတ်ချပါ” သူမသည် အန်းလေ၏ လက်ကိုပုတ်ပြီး အဒေါ်ဖန်တို့မှ သူမလက်ကိုပုတ်ရသည့် အကြောင်းအရင်းကို ရုတ်တရက်နားလည်သွားသည်။ “စိတ်ချပါ ဒီမှာ မင်းကိုဘယ်သူမှ အနိုင်မကျင့်စေရဘူး”
“အင်း” အန်းလေ ထိုသို့ပြောလိုက်သော်လည်း သတိကြီးကြီးထားနေ တုန်းပင်ဖြစ်သည်။
“မကြောက်နဲ့ အဖေနဲ့ငါ ဒီမှာရှိတယ်” ရှီမာယူယူသည် သူမကို ပြုံးပြလေ သည်။
အန်းလေ၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာသည်။ အရင်ကဆို လျှင် သူမ အနိုင်ကျင့်ခံရချိန်တွင် “စိတ်မပူနဲ့ ငါရှိတယ်” ဟုပြောပေးမည့် လူ တစ်ယောက်ကိုလိုချင်ခဲ့သည်။
ထိုစဉ်က သူမဘဝသည် နှိပ်စက်ခံရသည်။ သို့သော် မည်သူမှ သူမကို ထိုသို့မပြောခဲ့ကြပေ။ သူမ ဤနေရာသို့ပြန်လာချိနတ်ွင် ထိုစကားများကို ကြား ရလိမ့်မည်ဟု ထင်မထားပေ။
“သခင်မလေး…” သူမသည် ရှီမာယူယူ၏ လက်ကိုကိုင်ပြီး ရှိုက်လေ သည်။ သူမသည် ဘာမှမပြောနိုင်တော့ပေ။
“မင်း အသက်ကဘယ်လောက်ရှိနေပြီလဲ နှာခေါင်းရဲအောင် ရှိုက်ပြီးငိုနေ တုန်းပဲ” ရှီမာယူယူသည် သူမနှာခေါင်းကို လက်ဖြင့်ဆိတ်ပြီး စနောက်လေ သည်။
“မဟုတ်ဘူး မငိုပါဘူး လေကပြင်းလို့ ကျွန်မမျက်လုံးတွေ ဝါးသွားတာပါ” အန်းလေသည် ရှက်ရွံ့စွာ ပြောလေသည်။
ရှီမာယူယူ ပြုံးလိုက်ပြီး သူမကို စနောက်ခြင်းကို ရပ်လိုက်သည်။
အချိန်ရောက်သောအခါ အကြီးအကဲတစ်ယောက်သည် သူတို့ကို ဂူသင်္ချိုင်းဆီသို့ ခေါ်သွားသည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ ရိုးရှင်းသည်။ ရှီမာယူယူနှင့် သူမဖခင်တို့သည် အန်းလေနှင့်အတူ အန်းလေ၏မိခင်အတွက် နံ့သာပေါင်းကိုထွန်းညှိပြီးနောက် တုန်လိုင်မျိုးနွယ်၏ အစောင့်များသည် စတင်တူးဖော်တော့သည်။ သူတို့ တည့်တည့်ပင်တူးလိုက်ရာ အခေါင်းပေါ်လာသည်။
အန်းလေ လျှောက်သွားပြီး အခေါင်းကိုလက်နှစ်ဖက်ဖြင့် ထောက်လိုက် သည်နှင့် မျက်ရည်များသည် နူးညံ့စွာကျလာတော့သည်။
“အမေ အမေ့ကိုခေါ်ဖို့ သမီးလာပြီ”
သူမသည် အတန်ကြာအောင်ငိုပြီးနောက် အခေါင်းကို မှော်ဝင်လက်စွပ် အတွင်းထည့်ကာ ရှီမာယူယူဘေးသို့ ပြန်သွားလိုက်သည်။
“အန်းလေ မင်းအဖေကရော”
“ပင်လယ်အပြင်မှာ အဖေတော့ရှိတယ် ဒါပေမဲ့ သူကအဲဒီမှာပဲသေသွား တယ် အဲဒါကြောင့် အလောင်းမကျန်ခဲ့ဘူး” အန်းလေသည် မျက်ရည်များကို သုတ်လိုက်သည် “အမေ့ကို မြေမြှုပ်တုန်းက အဖေရဲ့ အကြွင်းအကျန်ကိုပါ မြှုပ် ခဲ့တော့ သူတို့ပြန်တွေ့ပြီလို့ တွေးလို့ရတယ် အခုတော့ ကျွန်မတို့မိသားစုတွေ ပြန်ဆုံနိုင်ပြီ”
ရှီမာယူယူ နားလည်သွားကာ သူမနှင့်အတူလာသော အကြီးအကဲကို ပြောလိုက်သည် “အကြီးအကဲ ကျွန်မတို့ အခေါင်းကိုလည်းယူပြီးပြီဆိုတော့ သူမကို သင်္ဂြိုလ်ဖို့ မင်္ဂလာအချိန်ကိုက်အောင် အမြန်သွားရတော့မယ် ကျွန်မတို့ အဆင်ပြေအောင် လိုက်ပို့နိုင်မလား”
“ဒီလောက် မြန်တာလား မိန်းကလေးတို့ ကျွန်းမှာ နောက်ထပ် သုံးလေး ရက်လောက် နေခွင့်ပေးဖို့ မိသားစုခေါင်းဆောင် ပြောထားတယ်၊ မိန်းကလေး နေဖို့အဆင်ပြေအောင် ကျွန်းကိုတောင် ချဲ့ထွင်ထားပြီးပြီ” အကြီးအကဲသည် အနည်းငယ် အံ့ဩစွာဖြင့် ပြောလေသည်။
“ကျွန်မတို့က မင်္ဂလာအရှိဆုံးအချိန်ကို တွက်ချက်ပြီးပါပြီ မဟုတ်ရင် နောက်တစ်ရက်ရဖို့ အရမ်းကြာသွားလိမ့်မယ် အဲဒါကြောင့် အချိန်ကြပ်နေလို့ပါ” ရှီမာယူယူသည် တွေ့ကရာ ဆင်ခြေပေးလိုက်သည်။
“ဒီလိုဆိုမှတော့ မိန်းကလေးကို ဆွဲမထားတော့ပါဘူး အခုပဲ လိုက်ပို့ပါ မယ်” အကြီးအကဲသည် အကြံပေးပြီးနောက် တိတ်တဆိတ်ပျော်သွားကာ သူတို့ကိုလိုက်ပို့ရန်ပင် မစောင့်နိုင်တော့ပေ။
ရှီမာယူယူတို့ သုံးယောက် အဖွဲ့ထွက်သွားသည်နှင့် အားလုံးသည် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် ပဋိပက္ခမဖြစ် လိုက်ဘဲ အဆင်ချောကာ ကပ်ဘေးဆိုက်မည့်အလားအလာကို ရှောင်ရှားနိုင် လိုက်ပြီဖြစ်သည်။
တစ်ဖက်မှစောင့်ကြပ်နေသော အစောင့်များသည် သူမ ထိုမျှ မြန်မြန် ဆန်ဆန်ပြန်လာမည်ဟု ထင်မထားပေ။ သူတို့သည် ကျွန်းသခင်ကို သတင်းပေး ရန် အခွင့်အရေးမရလိုက်ခင်မှာပင် ရှီမာယူယူနှင့် တခြားသူများ ထွက်သွားကြ လေပြီဖြစ်သည်။
မိခင်ဖြစ်သူ၏ အကြွင်းအကျန်ကို ရယူပြီးနောက် အန်းလေသည် တာဝန် ကြီးတစ်ခုကို ပြီးမြောက်သွားသလို ခံစားရသည်။ ခရီးစဉ်တစ်လျှောက်တွင် သူမ စိတ်ခံစားချက်မှာ ကောင်းမွန်နေသည်။
“သခင်မလေး ဖြတ်လမ်းဝင်္ကပါ အသက်သွင်းလိုက်တာနဲ့ အဲလူတွေရဲ့ မျက်နှာကိုမြင်လိုက်လား ဟီး ဟီး အရင်က အဲလိုမျိုးတစ်ခါမှမတွေ့ဖူးဘူး၊ သူတို့က နတ်ဆိုးကိုတွေ့လိုက်လို့ အခုကျွန်မတို့ကိုရှင်းလိုက်နိုင်လို့ ဂုဏ်ပြုပွဲ လုပ်တော့မယ့်မျက်နှာတွေနဲ့” အန်းလေသည် ရယ်မောပြီးပြောလေသည်။
“ဘယ်သူကများ မင်းလို သူတို့ကိုယ်သူတို့ ခိုင်းနှိုင်းဦးမှာလဲ” ရှီမာယူယူ သည်လည်း သဘောကျနေသည်။ သူမသည် ထိုနေရာတွင် အတွေ့အကြုံ ဟောင်းရှိခဲ့သဖြင့် သူမ ရောက်လာသောအခါ သူတို့သည် ရန်သူကြီး တစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ ပြုမူခဲ့သည်။ အခုသူမ ထွက်သွားသောအခါ သူတို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိကြသည်။ “အခု ပြောမှပဲ မင်းအမေကို သင်္ဂြုလ်ဖို့ ဘာအစီအစဉ်ရှိလဲ”
အန်းလေသည် ခေါင်းခါယမ်းပြီး ပြောလိုက်သည် “အမေ့ကို မီးမသင်္ဂြုလ် ချင်တော့ဘူး ဒီအတိုင်းကျွန်မတို့နဲ့ပဲ ခေါ်သွားချင်တယ် အဲဒါမှ ကျွန်မဘယ် နေရာရောက်ရောက် ကျွန်မတို့မိသားစုက အမြဲတမ်းအတူရှိနေမှာ”
သူမသည် မှော်ဝင်လက်စွပ်ကိုပွတ်လိုက်သည်။ သူမသာ ဤနေရာတွင် ရှိနေလျှင် မိသားစုသုံးယောက်သည်လည်း ဤနေရာတွင်ရှိသည်။
“ယူအာ အခုပြန်သွားကြတော့မှာလား” ရှီမာလျူရွှမ် မေးလိုက်သည်။
သူမ အန္တရာယ်ကျသည်နှင့် သူမကို ဆုံးရှုံးရမည်ဟူသည့် ခံစားချက်သည် အလွန်ပင် အားကောင်းသဖြင့် မမေ့နိုင်ပေ။ ထို့ကြောင့် သူသည် ကိစ္စများ ဖြေရှင်းပြီးသည်နှင့် သူမကို အိမ်သို့ပြန်ခေါ်သွားချင်သည်။
သူမ၏ ကံမှာကောင်းလွန်းသဖြင့် သူမသည် ဘေးဒုက္ခကြီးခံစားရလိမ့် မည်ဟု သူမ၏ ဖခင်နှင့် တခြားသူများ တစ်ခါပြောဖူးသည်။ ဝူလင်းယူသည် လည်း အရင်က ကံကောင်းလွန်းသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့သည်ဟု ပြောခဲ့သည်။ သူသည် သူ၏ဟောကိန်းကို တွေးလိုက်မိသည်နှင့် စိတ်များ တုန်လှုပ်သွားသည်။
ရှီမာလျူရွှမ် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ရှီမာယူယူ သတိထားမိ သဖြင့် မေးလိုက်သည် “အဖေ ဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ဘူး” ရှီမာလျူရွှမ်သည် ခေါင်းခါယမ်းလိုက်သည် “မျိုးနွယ်မှာ ရှင်းရမယ့်ကိစ္စတွေရှိသေးတာကို စဉ်းစားနေတာ သမီးပြီးရင် အဖေတို့ ပြန်သွား ရအောင်လေ”
ရှီမာယူယူသည် သူ့ကို မသင်္ကာစွာဖြင့် ကြည့်ပြီးနောက် သဘောတူသည့် အနေနှင့် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် အမှန် တကယ်ပင် လုပ်စရာမရှိတော့ပေ။ ဤအချိန်ကိုသုံးကာ သူမသည် ကျင့်ကြံရ မည်။ သူမ သန်မာလာသည်နှင့် မိုယွိပေးသော လျှို့ဝှက်နည်းလမ်းကိုသုံးကာ တစ္ဆေလောကကိုသွားရမည်။
တကယ်တော့ သူမသည် တစ္ဆေမြို့တော်မှ တစ္ဆေလောကကိုသွားရန် စဉ်းစားခဲ့သည်။ သို့သော် ရှီယူကိုမေးစဉ်က တစ္ဆေမြို့တော်တွင် မိုးကြိုး ဘေးဒုက္ခတွင်ရှိသည်သာမက တခြားသော ဘေးဒုက္ခများပါရှိကြောင်း ရှီယူ သူမကို ပြောပြခဲ့သည်။ သူမသာ ထိုနေရာသို့ သွားလိုပါက မိုးကြိုးဘေးဒုက္ခကို ရှောင်ရှားနိုင်လျှင်တောင် သေသွားနိုင်သည်။
ပြီးနောက် သူမ မသန်မာခင် တစ္ဆေမြို့တော်သို့ သွားလိုက်ပါက အလွယ် တကူပင် အသတ်ခံရနိုင်သည် ထို့ကြောင့်ပင် သူမသည် စိတ်အားထက်သန်စွာ ကျင့်ကြံပြီးမှ သန်မာလာရမည်။ ထို့နောက် မိုယွိပေးသော နည်းလမ်းကိုသုံးကာ ဘေးကင်းအောင် လုပ်ရမည်။
ပြီးနောက် သူမ၏ အားသည် လိုအပ်သည်နှင့် နီးကပ်နေပြီဖြစ်သည်။ သူမ သာ နှစ်အနည်းငယ် ကျင့်ကြံလိုက်ပါက ချိုးဖျက်နိုင်မည်ဖြစ်သည်။
သို့သော် သူမ အိမ်သို့မရောက်ခင်တွင် ဟိန်းသံလေးနှင့် ရှီမန်လီတို့ အဖမ်း ခံရကာ အတွင်းဒေသသို့ ခေါ်သွားခံရကြောင်း ဟိန်းသံလေး၏ အကူအညီ တောင်းသံကို ကြားလိုက်ရသည်။
ရှီမာယူယူ ထိုစကားကိုကြားလိုက်သည့်အချိန်တွင် ရင်တုန်ပမ်းတုန်ဖြစ် သွားသည်။ သို့သော် ထိုလူများသည် သူတို့ကိုသတ်ရန် အစီအစဉ်မရှိကြောင်း ကြားလိုက်ရကာ အလောတကြီးသွားရန်မလိုပေ။
“အဖေ လီအာနဲ့ ဟိန်းသံလေးတို့ အဖမ်းခံထားရတယ် သမီးသူတို့ကို သွားကယ်ရမယ် အဖေအိမ်ကိုအရင်ပြန်နှင့်ပါလား” ရှီမာလျူရွှမ်သည် မျိုးနွယ် အတွင်း ဖြေရှင်းစရာများရှိသည်ကို ရှီမာယူယူ တွေးမိပြီး သူ့ကိုအရင်ပြန်နှင့်ခိုင်း လိုက်သည်။
ရှီမာလျူရွှမ်သည် ရှီမန်လီကို ရှီမန်ဖန်၏ မင်္ဂလာပွဲတွင် တွေ့ဖူးခဲ့သည်။ သူမသည် ရှီမာယူယူအတွက် မည်မျှအရေးကြီးကြောင်း သိသည်။ ထို့ကြောင့် သူမသည် သူတို့ကို သေချာပေါက် သွားကယ်မည်ဖြစ်သည်။ အိမ်ပြန်မည်ဆို သည်မှာ ဆင်ခြေတစ်ခုသာဖြစ်သည်။ သူမတစ်ယောက်တည်းလွှတ်ပြီး သူ မည်သို့ တစ်ယောက်တည်း အိမ်ပြန်ရမည်နည်း။
“မျိုးနွယ်က ကိစ္စတွေက ထားလိုက်လို့ရသေးတယ် အဖေလည်းလိုက် မယ်”
“ဟုတ်ကဲ့ပါ”
လတ်တလောတွင် ရှီမာမျိုးနွယ်သည် ရန်သူများလာခဲ့သည်။ သူ့ကို တစ်ယောက်တည်း အိမ်သို့ပြန်ခိုင်းလိုက်လျှင်လည်း သူမ စိတ်ပူနေရဦးမည်။
“ဟိန်းသံလေး အခု မင်းတို့ဘယ်မှာလဲ” ရှီမာယူယူသည် ဟိန်းသံလေးကို ဆက်သွယ်လိုက်သည်။
“ငါလည်းမသိဘူး ဒါက ပြည်နယ် ၂၀ လို့တော့ ပြောသံကြားတယ်” ဟိန်းသံလေး ပြောလိုက်သည် “ယူယူ မြန်မြန်လာကယ်တော့ ရွှတ် ရွှတ် ငါ ကြောက်နေပြီ”
ပြည်နယ် ၂၀… ရှီမာယူယူသည် ပြည်နယ် ၂၀ အတွင်းမှ အင်အားစုများ အကြောင်းကို အမြန်ဖတ်လိုက်သည်။ သူမသို့မဟုတ် ထိပ်တန်းတောင်ကြားနှင့် အပတ်အသက်မရှိသည့် အင်အားစုများကို ဖယ်ထုတ်လိုက်ပြီး ဟိန်းသံလေးတို့ ကို ဖမ်းခေါ်သွားနိုင်သည့်လူများကို ခန့်မှန်းလိုက်သည်။
သို့သော် သူမ မည်မျှပင် စဉ်းစားစေကာမူ ပြည်နယ် ၂၀ အတွင်းတွင် သူမ နှင့် ရန်ငြိုးရှိသည့်သူကို စဉ်းစားမရပေ။
“အခုအခြေအနေကဘယ်လိုလဲ” သူတို့၏ ပတ်ဝန်းကျင်ကို အခြေခံ၍ သူမ ခန့်မှန်းနိုင်ရုံသာရှိသည်။
“ငါ ရသေးတယ် လီအာက အဆိပ်မိပြီး ဝိညာဉ်စွမ်းအင်သုံးလို့မရဘူး” ဟိန်းသံလေး ပြန်ဖြေလေသည် “ဪ ဟုတ်သားပဲ ငါတို့အပြင် တခြား မိန်းကလေးတွေလည်းရှိသေးတယ်”
“တခြားမိန်းကလေးတွေလား”
“ဟုတ်တယ် သူတို့လည်း လီအာလိုပဲ အကုန်လုံး အဆိပ်မိပြီး ခြံဝန်းတစ် ခုထဲမှာ ပိတ်မိနေကြတယ် ဒီမှာကျွမ်းကျင်သူတွေလည်းအများကြီးပဲ သူတို့က ငါတို့ကိုစောင့်ကြည့်နေသလိုပဲ”
***