← Chapters

ဟိန်းသံလေး အသက်ရှိရတနာ

Vol. 122 Ch. 1705

ဟိန်းသံလေး အသက်ရှိရတနာ

Vol. 122 Ch. 1705

ရှီမာယူယူ ထိုစကားကိုကြားလိုက်ချိန်တွင် စိတ်အတော်အတန်အေးသွား သည်။ ဆိုလိုသည်မှာ ထိုလူများသည် သူတို့ကိုပစ်မှတ်ထားခြင်းမဟုတ်ဘဲ တိုက်ဆိုင်ရုံသက်သက်သာဖြစ်သည်။

ထို့အပြင် သူတို့ ထိုမျှများပြားသော မိန်းကလေးများကို ဖမ်းဆီးသည့် အချက်မှာ ထိုလူများသည် ထူးခြားသော အမူအကျင့်ရှိသည့် မိန်းကလေးများကို ရှာနေသည်ဟု ပြသနေသည်။ လီအာသည် သူတို့၏ သတ်မှတ်ချက်နှင့် ကိုက်ညီ သဖြင့် သူမကို ဖမ်းဆီးခြင်းဖြစ်မည်။

“ဟိန်းသံလေး မင်းရောက်နေတဲ့နေရာရဲ့ အခြေအနေကို စောင့်ကြည့် ထား တစ်ခုခုအပြောင်းအလဲရှိရင် ငါ့ကိုပြော… ငါတို့အခုပဲ အမြန်လိုက်လာမယ်” သူမသည် ဟိန်းသံလေးကို ညွှန်ကြားလိုက်သည်။

“ဟုတ်ပြီ ယူယူ မြန်မြန်လာခဲ့တော့” ဟိန်းသံလေးသည် အလွန်ပင် ပူဆွေးနေသည်။ သည်လိုနှင့် သူတို့ အန္တရာယ်တွေ့သည်နှင့် သူမသည် သိလိုက် ရသည်။

“အဖေ အခုပဲ ပြည်နယ် ၂၀ ကိုအမြန်သွားကြမယ်”

ဟိန်းသံလေးသည် သတိမေ့နေသော ရှီမန်လီ၏ ရင်ခွင်ထဲတွင်ရှိနေ သည်။

“ဘယ်လိုလဲ… အစ်မကြီးကို ဆက်သွယ်လို့ရလား” ရှီမန်လီ မေးလိုက် သည်။

သူမသည် ကြောက်ရွံ့နေသော်လည်း ပျာယာခတ်ခြင်းမရှိဘဲ တည်ငြိမ် နေပုံပေါက်သည်။

“ဆက်သွယ်ပြီးပြီ ဒါပေမဲ့ အတွင်းဒေသက အရမ်းကြီးတယ် ယူယူ အမြန် လာရင်တောင် အချိန်လိုဦးမှာပဲ၊ အဲအချိန်ထိ ဒီမှာပိတ်မိနေမှာပဲ” ဟိန်းသံလေး ပြောလိုက်သည်။

“တောင်းပန်ပါတယ် မင်းကိုပါ ဆွဲသွင်းမိပြီ” ရှီမန်လီသည် သူမကိုယ်သူမ အပြစ်တင်သည့် လေသံဖြင့် ပြောလေသည်။

“အဲဒါက ဘယ်လိုလုပ် မမရဲ့အမှားဖြစ်မှာလဲ မမကိုမကာကွယ်နိုင်တာ ငါပဲလေ မမကိုကာကွယ်ဖို့ ယူယူက ငါ့ကိုထည့်ပေးလိုက်တာပဲ” ဟိန်းသံလေး သည် ပြောရင်းနှင့် သက်ပြင်းချလိုက်သည် “ဟူး အဲကောင် အခုအိပ်မောကျနေ တာကြောင့်သာမဟုတ်ရင် ဒီလိုအခြေအနေထိရောက်မှာမဟုတ်ဘူး”

“ငါ အဲဒီဟာကို စုပ်ယူလိုက်ပေမဲ့ မသန်မာလာဘဲ သူပဲအိပ်မောကျသွား လိမ့်မယ်လို့ ငါထင်မထားဘူး” ရှီမန်လီ သက်ပြင်းချလိုက်သည်။ အဲဒီအလုံးက အဆင့်တက်ဖို့ အဆင်ပြေတဲ့အချိန် ရှာမတွေ့သေးဘူးပဲ။

“အဲကောင်က ဘယ်တော့အဆင့်တက်ပြီးတော့ ကျေးဇူးပြန်ဆပ်မှာလဲ၊ အဲဒါမှ မမလည်း အဆင့်တက်မှာ” ရှီမန်လီသည် မသန်မာလာသည့်အတွက် သူမကိုယ်သူမ အပြစ်တင်နေသဖြင့် ဟိန်းသံလေးသည် နှစ်သိမ့်ပေးလိုက် သည်။

“စိတ်ချပါ ဟိန်းသံလေး မင်းဘာမှမဖြစ်အောင် ငါသေချာလုပ်ပါမယ်” ရှီမန်လီသည် ပြောရင်းနှင့် သူ့ခေါင်းကိုပုတ်လိုက်သည်။ သူမ၏ မျက်လုံးများ သည် ဖြေရှင်းချက်များနှင့် ပြည့်နေသည်။

“ငါလည်း မမကိုဘာမှအဖြစ်မခံဘူး” ဟိန်းသံလေးသည် အခွင့်အရေးယူ ပြီး ရှီမန်လီအား ပွတ်သပ်လိုက်သည်။

ရှီမန်လီသည် သူ၏ အပြုအမူလေးကို ခံစားမိပြီး သူ့ခေါင်းကိုပုတ်လိုက် သည်။

“တခြားနေရာကို သွားကြည့်ရအောင်” သူမသည် ဟိန်းသံလေးကို ဖက် ပြီး အခန်းထဲမှထွက်ကာ တခြားအခန်းမှလူများကို ကြည့်ရန်ကြိုးစားလိုက် သည်။

အိမ်တိုင်းတွင် မိန်းကလေးတစ်ယောက်စီ နေနေကြသည်။ ထိုလူများ သည် ရှီမန်လီကိုမြင်သောအခါ ကြောက်ရွံ့သော အမူအရာဖြစ်သွားကြသည်။ တံခါးများမှဦ ပိတ်ထားသဖြင့် မည်သူမည်ဝါနေထိုင်သည်ကို သူမ မသိပေ။

“ဒီလူတွေက တကယ်ပဲ ကြောက်တတ်ကြတာပဲ” ဟိန်းသံလေးသည် တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်သည်။

“သူတို့ ကြောက်လို့နေမှာပါ” ရှီမန်လီ ပြောလိုက်သည်။

သူမသည် အဝေးဆုံးအခန်းဆီသို့ လျှောက်သွားကာ အထဲတွင်ရှိနေသော အနီရောင်ဝတ်ထားသော မိန်းကလေးကိုတွေ့လေသည်။ ထိုမိန်းကလေးသည် တံခါးနားတွင် အေးအေးလူလူ ထိုင်ကာ မျက်လုံးမှိတ်ပြီး နေပူဆာလှုံနေသည်။

“မင်္ဂလာပါ” ရှီမန်လီသည် သူမကို အရင်နှုတ်ဆက်လိုက်သည်။

ထိုမိန်းကလေးသည် မျက်လုံးဖွင့်ပြီး ရှီမန်လီကို ကြည့်လိုက်သည်။ သူမ သည် ပြန်ဖြေရန် အစီအစဉ်မရှိပေ။ သို့သော် ရှီမန်လီလက်ထဲမှ ဟိန်းသံလေးကို မြင်သောအခါ သူမ၏ မျက်လုံးထဲတွင် လေးနက်သောအကြည့်များဖြစ်လာ သည်။

“မင်းက တကယ်ပဲ သတ္တိရှိတာပဲ” မိန်းကလေး ထလာသည် “ငါတို့ အကုန်လုံး ဒီမှာအချုပ်ခံနေရတာ ဒါပေမဲ့ အပြင်မှာ လျှောက်သွားရဲတာ မင်းက ပထမဆုံးပဲ”

ဟိန်းသံလေးသည် မျက်လုံးမှိတ်ပြီး အိပ်နေပြီဖြစ်သည်။ သူမ၏ အသံကို ကြားလိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ထိုမိန်းကလေးအား မယုံကြည်စွာဖြင့် ကြည့်လေသည်။ သူသည် သူ၏လက်သည်းသေးသေးလေး များကို ဆန့်ထုတ်ပြီး ပြောလိုက်သည် “မင်း မင်း… ဒီမှာဘာလုပ်နေတာလဲ”

ထိုမိန်းကလေးသည် သူ၏ လက်သည်းလေးများကို ဆုပ်ကိုင်ပြီး ချက်ချင်းပင် ဆွဲလိုက်သည်။ သူ၏ နားရွက်များနှင့် ဆော့ကစားပြီး သက်ပြင်း ချလိုက်သည် “ငါက ဘာလို့ဒီမှာရှိလို့မရတာလဲ”

ရှီမန်လီသည် သူတို့ ပြောဆိုနေသည်ကို ကြည့်ပြီးမေးလိုက်သည် “မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား”

“ဟုတ်တယ် ငါသူ့ကိုသိတယ် ဒီကောင်က ငါ့အစားအစာကိုတောင် ခိုးဖို့ ကြိုးစားသေးတယ်” ထိုမိန်းကလေးသည် သူတို့၏ ရန်ငြိုးဟောင်းကို ပြန်တွေး ပြီး သူ့ကို ထပ်မံပြောဆိုလေသည်။

“ရှီယူ မင်း ဒီလိုဆက်လုပ်နေရင် ယူယူက မင်းအတွက် ချက်ပြုတ်ပေး တော့မှာမဟုတ်ဘူး” ဟိန်းသံလေးသည် သူမ၏ ဆုပ်ကိုင်ထားမှုမှ ထွက်မပြေး နိုင်သဖြင့် သူမကို ခြိမ်းခြောက်လိုက်သည်။

ရှီယူသည် ဟိန်းသံလေး၏ ခြိမ်းခြောက်သံကို ကြားသောအခါ ဆက်ပြီး မဖျက်ဆီးတော့ပေ။ သူမသည် သူ့အား လည်ပင်းမှကိုင်မြှောက်ကာ ပြောလိုက် သည် “မင်းရဲ့ ရက်စက်တဲ့သခင်ဘယ်မှာလဲ သူမက ငါ့ကိုမဆက်သွယ်တာ အရမ်းကြာနေပြီ သူမသူငယ်ချင်း ငါ့ကိုတောင် မေ့သွားပြီလား”

“ရှီယူဟုတ်လား ရှင်က အစ်မကြီးရှီယူလား” ရှီမန်လီသည် ဟိန်းသံလေး ၏ စကားကိုကြားသောအခါ ရှီယူအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ရှီယူသည် ရှီမန်လီအားကြည့်ပြီး မေးလိုက်သည် “မင်းက ဘယ်သူလဲ ယူယူက ဘယ်မှာလဲ”

“ကျွန်မက ရှီယူပါ အစ်မကြီးက ရှင့်အကြောင်းကို ပြောဖူးတယ်” ရှီမန်လီ သည် အပြုံးသဲ့သဲ့ဖြင့် ပြောလိုက်သည်။

ရှီယူသည် သူမကို အကဲခတ်ပြီး ပြောလိုက်သည်။ “မင်းက ရှီမန်လီလား ဘာလို့ ယူယူနဲ့ ဒီလောက်မတူရတာလဲ”

ရှီမန်လီသည် ပြုံးရုံပြုံးလိုက်ပြီး ဆက်မပြောပေ။ အဲဒီအစား ရှီမန်ယူယူနဲ့ တူတယ်လို့ ပြောသင့်တာမဟုတ်ဘူးလား။

“အစ်မကြီးရှီယူ ဘယ်လိုဖြစ်ပြီး ဒီမှာအဖမ်းခံရတာလဲ” သူမ မေးလိုက် သည်။

“ငါ သေချာပေါက် အဖမ်းမခံ…” ရှီယူသည် ရပ်လိုက်ကာ သူမ နှာခေါင်း ကိုပွတ်ပြီး ပြောလေသည် “ငါ ခဏလောက် သတိလွတ်သွားတာနဲ့ အဖမ်းခံ လိုက်ရပြီး ဒီရောက်လာတာပဲ”

ရှီမန်လီသည် သူမနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သဖြင့် သူမ အပြစ်ကင်းသလို ပြုမူနေသည်ကို မသိပေ။

“ဒါဆိုရင် ဒီကိုရောက်နေတာကြာပြီလား” ရှီမန်လီ ထပ်မေးပြန်သည်။

“ဟုတ်တယ် ငါ ဒီကိုရောက်နေတာ နှစ်လရှိပြီ” သူမ ထိုစကားကိုပြော လိုက်ချိန်တွင် နှုတ်ခမ်းဆူသွားကာ တိုးညင်းသောအသံဖြင့် ရေရွတ်လေသည် “ဒီလောက်တောင် ကြာနေပြီ အဲလူက ငါတို့ကိုမရှာဖို့ တကယ်ပဲ ဆုံးဖြတ်ထား တာတော့ မဟုတ်ပါဘူးနော်”

သူမ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် အနည်းငယ် နာကျင်မိသည်။

သူမသည် ဟိန်းသံလေးကို သာမန်ကာလျှံကာပင် ပစ်မြှောက်လိုက်ကာ ရှီမန်လီ၏ ပခုံးကိုပုတ်ပြီး ပြောလိုက်သည် “မင်းစိုးရိမ်ဖို့မလိုပါဘူး မင်းလုံခြုံ ရေးကို ငါတာဝန်ယူတယ်”

“ကျေးဇူးတင်ပါတယ် အစ်မကြီးရှီယူ” ရှီမန်လီသည် သူမကို မယုံကြည် သေးသော်လည်း ပြန်ဖြေလိုက်သည်။

ရှီမာယူယူသည် ရှီယူဆိုသည့် အမည်ကိုသာ ပြောပြဖူးကာ တခြား အကြောင်းများကို မပြောဖူးပေ။ ထို့ကြောင့်ပင် သူမသည် ရှီယူ၏ သရုပ်မှန် သို့မဟုတ် သူမ မည်မျှအားကောင်းသည်ကို မသိခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူမကို ဘေးကင်းအောင် လုပ်ပေးမည်ဟု ပြောသည့်စကားကို မယုံခြင်းဖြစ် သည်။

“မင်းက မကြောက်တဲ့ပုံမပေါက်ဘူးပဲ” ရှီယူသည် သူမ တည်ငြိမ်နေသည် ကိုမြင်သောအခါ ပြောလိုက်သည် “ဒီရက်ပိုင်းအတွင်းမှာ ဒီကိုအဖမ်းခံလာရတဲ့ မိန်းကလေးတွေကို တွေ့ပြီးပြီ အကုန်လုံးက သူတို့အသက်သေမှာကြောက်နေ ကြတယ်”

“ကျွန်မကြောက်ပါတယ် ဒါပေမဲ့ ဒါကအသုံးမဝင်ဘူးလေ” ရှီမန်လီ ပြော လိုက်သည် “အရင်ဆုံး ဒီကအခြေအနေကို ကြည့်ပြီးမှ ထွက်ပြေးဖို့ အခွင့်အရေး ရှာရမယ်လေ ပြီးတော့ အစ်မကြီးက ကျွန်မကိုလာကယ်မယ်လို့ ပြောတယ်”

“ယူယူ လာမှာလား” ရှီယူသည် တအံ့တဩ ပြောလေသည်။

“အင်း”

“ဒါဆိုလည်း ဒီအတိုင်းစောင့်ကြတာပေါ့ သူမကို မတွေ့ရတာလည်း ကြာ ပြီ” ရှီယူသည် အနည်းငယ် စဉ်းလဲစွာပြောလိုက်သည်။ သူမနှင့် ရှီမာယူယူ တွေ့သည်နှင့် တစ်ခုခုဖြစ်မည်ကို ရှီမန်လီ အနည်းငယ် စိုးရိမ်လာသည်။

ရှီယူသည် သူ၏ လက်တင်ကုလားထိုင်တွင် လှဲလျောင်းလိုက်သည်။ ဟိန်းသံလေး ပြန်လာသည်ကို သူမ မြင်သောအခါ သူ့ကိုခြိမ်းခြောက်လိုက် သည် “ငါ ဒီမှာရောက်နေတာ မင်းရဲ့သခင်ကိုမပြောတာ ပိုကောင်းလိမ့်မယ် မဟုတ်ရင် မင်းရဲ့အမွေးတွေကို မီးမြှိုက်ပစ်မယ်”

ဟိန်းသံလေး၏ ခြေထောက်လေးများသည် တုန်ယင်သွားပြီး ခန္ဓာကိုယ် မှာလည်း နှစ်စက္ကန့်မျှ အေးခဲသွားလေသည်။ ထို့နောက် သူသည် ဖနောင့်နှင့် တင်ပါးတစ်သားတည်းဖြစ်အောင် ပြေးတော့လေသည်။

သူသည် သူ၏ အစားအသောက်ကို ခိုးယူတတ်သည့် ဤမိန်းကလေးနှင့် ဝေးနိုင်သလောက် ဝေးဝေးနေရမည်။ အစာကြူးပြီး ရန်ငြိုးထားတတ်သော မိန်းကလေးသည် ကြောက်စရအကောင်းဆုံးဖြစ်သည်။

ရှီယူသည် ဟိန်းသံလေး၏ အပြုအမူကိုမြင်သောအခါ ရယ်ကွဲလေသည်။ သူမ စိတ်ထဲမှ မကျေမနပ်စိတ်မှာ အနည်းငယ် ပြေလျော့သွားသည်။

သူ့လို သက်ရှိရတနာကို ရှီမာယူယူ မည်သည့်နေရာက ရခဲ့သည်ကို သူမ သိချင်မိသည်။ သူမ ပြန်ရောက်လျှင် တစ်ကောင်လောက် သေချာပေါက်ရာပြီး သူမဒေါသထွက်သည့်အချိန်တွင် ဒေါသဖြေရမည်။

***

All Chapters