← Chapters

သူရောက်လာပြီ

Vol. 122 Ch. 1706

သူရောက်လာပြီ

Vol. 122 Ch. 1706

သူ၏အမွေးတစ်မျှင်ချင်းစီကို အလွန်တရာမှ ချစ်မြတ်နိုးတတ်သော ဟိန်းသံလေးသည် စဉ်းစားပြီးရင်းစဉ်းစားကာ သူ့အခန်းသို့ပြန်သွားလိုက်သည်။ သို့သော် ထိုအကြောင်းကို ရှီမာယူယူကို မပြောခဲ့ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမိန်းကလေးနဲ့ ယူယူတို့က သူငယ်ချင်းတွေပဲ ယူယူ မသိရင်လည်း အဆင်ပြေမှာပါ၊ သူမကို ပြောလိုက်ရင် အဲဒီမိန်းကလေးက ငါ့အမွေးတွေကို မီးရှို့ပစ်လိမ့်မယ်၊ ယူယူက အဝေးမှာရှိသေးတယ် ဒီကောင်မ လေးက နီးနီးလေး အနားကတစ်ယောက်ကို အရင်ပြေလည်အောင်ုလပ်ထားရ မယ်၊ ယူယူ သိသွားရင်တောင် ငါ့ကိုအပြစ်တင်မှာမဟုတ်ဘူး”

စဉ်းစားပြီးရင်း စဉ်းစားပြီးနောက် သူသည် ရှီမန်လီ၏ အိပ်ရာပေါ်သို့ပြေး သွားပြီး ခြေထောက်လေးချောင်းကို မိုးပေါ်ထောင်လှဲကာ အေးချမ်းစွာပင် အိပ်ပျော်သွားလေသည်။

ရှီယူသည် ပျော်တတ်သူဖြစ်ပြီး သတိရှိရှိနေတတ်သူဖြစ်သည်ကို ရှီမန်လီ သတိထားမိသည်။ သူမသည် ဤနေရာမှအခြေအနေကို အလွန်ပင် ရင်းနှီးနေ သည့်ပုံပင်။ ထိုနေရာတွင် အားကောင်းသော အစောင့်အနည်းငယ်ရှိကြပြီး သူတို့မည်မျှ အားကောင်းကြသည်ကိုလည်း သူမ သိထားသည့်ပုံပင်။

“အစ်မကြီးရှီယူ သူတို့ အားကောင်းတယ်ဆိုတာ ဘယ်လိုသိတာလဲ” ရှီမန်လီသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီလောက်ရိုးရှင်းနေတာပဲ မဟုတ်ဘူးလား ငါ အာရုံခံလိုက်ရုံပဲလေ” ရှီယူ ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က ကျွန်မတို့ရဲ့ကျင့်စဉ်တွေကို ပိတ်ထားတာမဟုတ်ဘူး လား အစ်မက ဘယ်လိုလုပ်အာရုံခံမိတာလဲ ဖြစ်နိုင်တာက…”

“ရှူး မင်းသိရင်လည်းထားတော့ မအော်နဲ့” ရှီယူသည် သူမပါးစပ်ကို ကာ လေသည် “ဒီမှာဘယ်သူ့ကိုမှမတွေ့တာနဲ့ ဘယ်သူမှမရှိဘူးလို့ မထင်လိုက်နဲ့ ဒီကကိစ္စတွေကို အဆက်မပြတ်ကြည့်နေတဲ့သူ ရှိတယ်”

ပြောပြီးနောက်တွင် သူမသည် ရှီမန်လီကိုဆွဲကာ အခန်းထဲသို့ဝင်သွားပြီး အတားအဆီးပြုလုပ်လိုက်သည်။

ရှီမန်လီသည် တောင်းပန်သည့်အနေနှင့် လျှာလေးကို တစ်လစ်ထုတ်ပြီး ပြောလိုက်သည် “တောင်းပန်ပါတယ် ကျွန်မအံ့ဩသွားလို့ပါ ဒါပေမဲ့ အစ်မကြီး ရှီယူ တကယ်ပဲ အဆိပ်မမိဘူးလား”

“ငါက မင်းတို့လိုမျိုး အဆင့်မဟုတ်ဘူး ဘယ်လိုလုပ်အဆိပ်မိပါ့မလဲ” ရှီယူ ပြောလိုက်သည်။

“ဒါဆိုရင် ဒီမှာဘာလို့ ၂ နှစ်တောင်နေနေတာလဲ ထွက်သွားဖို့အခွင့်အရေး မရှိဘူးလား”

“ဟူး..” ရှီယူသည် သက်ပြင်းရှည်ချလိုက်သည် “ငါက ငါ့ကိုလာပြီးကယ် မယ့်သူကိုစောင့်နေတာ ဒါပေမဲ့ ငါ့ရဲ့အရေးပါမှုကို အထင်ကြီးမိသွားတာပဲ၊ ငါက မင်းရဲ့အစ်မကြီးလာကယ်မှာကို စောင့်ပြီး မင်းတို့နဲ့အတူထွက်သွားဖို့ပဲ ဆုံးဖြတ် လိုက်ပြီ ငါထပ်မစောင့်ချင်တော့ဘူး… ထပ်လည်းမစဉ်းစားချင်တော့ဘူး”

“ထပ်မစဉ်းစားချင်တော့ဘူးဟုတ်လား ဘာကိုထပ်မစဉ်းစားချင်တာလဲ” ရှီမန်လီသည် မျက်တောင်ခတ်ပြီး စပ်စုစွာဖြင့် ကြည့်လေသည်။

“အိုး… ဘာမှမဟုတ်ပါဘူး” ရှီယူသည် လက်ကိုဝေ့ယမ်းလေသည် “ဟုတ်သားပဲ မင်းအစ်မက ဘယ်တော့လာမှာလဲ”

“ကျွန်မလည်းမသိဘူး ရက်နည်းနည်းတော့ လိုမှာပေါ့” ရှီမန်လီ ပြော လိုက်သည် “ဒီအချိန်အတွင်းကို တစ်ခုခုပြောင်းလဲသွားမလားပဲ”

“သူတို့တွေ ဖမ်းတဲ့လူမလောက်သေးဘူး အဲဒါကြောင့် ဒီအချိန်အတွင်း တော့ ဘာအပြောင်းအလဲမှမရှိနိုင်ဘူး” ရှီယူသည် လုံးဝစိတ်ပူပန်ခြင်းမရှိပေ။

“အစ်မကြီးရှီယူ အဲလူတွေက ကျွန်မတို့ကိုဘာလို့ဖမ်းတာလဲဆိုတာ သိလား” ရှီမန်လီ မေးလိုက်သည်။

“အကြောင်းအရင်းကို ငါတကယ်မသိဘူး အဲလူတွေ တစ်ခါမှမပြောဖူးကြ ဘူး၊ ဒါပေမဲ့ သူတို့က လူတချို့ကိုစောင့်နေတာတော့ သေချာတယ်” ရှီယူ ပြော လိုက်သည် “သူတို့က ငါတို့ကိုဖမ်းတယ် ဒါပေမဲ့ ဘယ်သူ့ကိုမှထိခိုက်အောင် မလုပ်ဘူး တစ်ယောက်ချင်းစီကလည်း လှနေကြတယ်… မကောင်းတဲ့အကြံ ကြောင့် ငါတို့ကိုဖမ်းတာဖြစ်နိုင်တယ် ငါတို့ကို အပျော်အိမ်တို့ ကျင့်စဉ်ဖိုတို့ အတွက် ရောင်းတာမျိုးဖြစ်နိုင်တယ် အင်း… ငါပြောတာဖြစ်နိုင်တယ်”

ရှီယူသည် ပြောရင်းနှင့် စိတ်လှုပ်ရှားနေသည်ကို ရှီမန်လီမြင်သောအခါ နှုတ်ခမ်းတွန့်လိုက်သည်။

ရှီယူရဲ့ မျက်လုံးထဲမှာရှိနေတာက အကြောက်တရားမဟုတ်ဘူးမလား။ သူမက ဘာလို့ဒီလောက် စိတ်လှုပ်ရှားနေတာလား။ သူမကို ကျင့်စဉ်ဖိုအဖြစ် ပြောင်းမှာကို မကြောက်ဘူးလား။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုမျက်နှာထားမျိုး ကို လူတော်တော်များများမလုပ်နိုင်ကြဘူးမလး။

ရှီမန်လီကို ခြောက်သလိုဖြစ်သွားကြောင်းကို ရှီယူသတိထားမိသဖြင့် ပြောလိုက်သည် “စိတ်ချပါ ဘာအန္တရာယ်မှမရှိဘူး ငါ မင်းကိုသေချာပေါက် ကာကွယ်မယ် ငါ့ကိုအစ်မလို့ ခေါ်ခွင့်ပေးထားတာပဲလေ”

နောက်ရက်များတွင် ထိုလူများသည် မိန်းမလှလေးများကို ထပ်မံဖမ်းစီး လာပြီး သူတို့ကဲ့သို့ပင် အဆိပ်ခတ်ထားကာ သူတို့၏ဝိညာဉ်စွမ်းအင်မှာ သုံးမရ ပေ။

ထိုမိန်းကလေးများသည် အလွန်ပင်ထိတ်လန့်နေကာ မျက်လုံးများတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

ရှီယူနှင့် ရှီမန်လီတို့သည် ဖရုံသီးအစေ့များကို စားပြီး အခွံကိုတံခါးအပြင် သို့ထွေးထုတ်နေသည်။ ပြီးနောက် ရှီယူ ပြောလိုက်သည် “မြင်လား အဲဒါက ဒီကိုရောက်လာတဲ့လူတွေဖြစ်သင့်တဲ့ မျက်နှာပဲ”

ရှီမန်လီ ရယ်မောလိုက်သည်။ ထိုစဉ်က သူမသည် ပျာယာခတ်ခြင်းမရှိ ပေ။ အရေးအကြီးဆုံးမှာ ထိုအလုံးလေးသည် မကြာခင်ထွက်လာတော့မည်ကို သူမ သိသည်။ ရှီမာယူယူကိုလည်း ဆက်သွယ်ထားသဖြင့် သူမ တည်ငြိမ်နေ သည်။

“ဒီရက်ပိုင်းမှာ သူတို့က လူတွေထပ်ဖမ်းမယ့်ပုံပဲ သူတို့က ဘာလုပ်ချင်နေ တာလဲမသိတော့ဘူး” ရှီမန်လီ ပြောလိုက်သည်။

“စောင့်သာကြည့်နေလိုက် အကြာကြီးမစောင့်ရတော့ဘူးထင်တယ်” ရှီယူပြောလိုက်သည် “သူတို့ လူတွေဖမ်းတာ ပြည့်တော့မယ့်ပုံပဲ နောက်ကွယ် က ကိစ္စပေါ်လာတော့မှာပါ”

“အစ်မကြီးက ဒီနေ့ပြည်နယ် ၂၀ ကိုရောက်မယ်လို့ ဟိန်းသံလေးကို ပြော တယ် ဒါပေမဲ့ ဘယ်နေရာလဲဆိုတာ မသိနေတာ အဲဒါကြောင့် သူမနဲ့ ဟိန်းသံ လေးတို့ကြားက ဆက်သွယ်မှုကနေပဲ နေရာရှာနေကြတာ အဲတော့ သူမ ဒီကို ရောက်ဖို့ နည်းနည်းကြာဦးမယ်”

“သူက ဒီလောက်မြန်မြန်ရောက်လာတာ ကြည့်ရတာ သူမက မင်းကို ညီမလေးအနေနဲ့ တော်တော်ဂရုစိုက်တာပဲ” ရှီယူသည် အားကျစွာဖြင့် ပြောလိုက်သည် “အစ်မကြီးရှိတာ ကောင်းလိုက်တာ”

ရှီကျဲနှင့် တခြားသူများသာ ထိုစကားကိုကြားလျှင် စိတ်ဓာတ်ကျသွားမည် ဖြစ်သည်။ သူမတွင် အစ်မကြီးမရှိသော်လည်း အစ်ကိုများရှိသည် မဟုတ်ပါ လား။

ရုတ်တရက် သူမသည် အစောင့်အား အလန့်တကြားကြည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ ထိုအစောင့်သည် သူမအကြည့်ကြောင့် နေရခက်သွား ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “အစ်ကိုကြီး ဒီမိန်းကလေးနှစ် ယောက်က ပူးကပ်နေတာ ပြဿနာဖြစ်နိုင်မလား”

အစ်ကိုကြီးဖြစ်သူသည် သူ၏အကြည့်နောက်လိုက်ကြည့်ကာ ပြောလိုက် သည် “ပြဿနာမရှိဘူး မိန်းကလေးနှစ်ယောက်ပဲလေ သူတို့က ဘာလုပ်နိုင်မှာ မို့လို့လဲ ထွက်ပြေးနိုင်မှာလား”

“ဟုတ်တယ် နောက်ထပ် ၁၀ ယော်ကဖမ်းပြီး သတင်းပို့လိုက်ရင် ငါတို့ တာဝန်ပြီးပြီ”

“အင်း မင်းတို့နှစ်ယောက် ဒီမိန်းမတွေကို အခန်းထဲကို ပို့လိုက်တော့ ငါတို့ ပြန်လာမယ်”

ရှီယူစိုက်ကြည့်လိုက်သော အစောင့်သည် သူ၏အစ်ကိုကြီးနှင့် ပြန်လှည့် မကြည့်ဘဲ ထွက်သွားလေသည်။ ရှီယူသည် သူမအခန်းသို့ပြေးသွားပြီး ပျော်ရွှင် စွာလှည့်ပတ်လိုက်သည်။

“အစ်မရှီယူ အဆင်ပြေရဲ့လား” ရှီမန်လီသည် သူမ ပျော်ရွှင်နေသည်ကို ကြည့်ပြီး ဒေါသကြောင့် ရူးသွားပြီလားဟု ထင်မိသည်။

“သူက ငါ့ကိုကယ်ဖို့လာတယ် ငါ့ကိုကယ်ဖို့လာပြီ ဟားဟား သူက ငါ့ကို ဂရုစိုက်သေးတာပဲ” ရှီယူသည် ရှီမန်လီ၏ ပခုံးကိုဆုပ်ကိုင်ပြီး ပျော်ရွှင်စွာ ပြော လေသည်။

“အစောင့်ထဲမှာ အစ်မသိတဲ့လူပါနေတာလား” ရှီမန်လီသည် ထိုအစောင့် များဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူမသည် အနီးကပ်မကြည့် ပေ။

“ဟီးဟီး သူလာတယ် ငါသိနေတယ် သူ့နောက်ကို အကြာကြီးလိုက်လာ တာ ငါ့အပေါ် ခံစားချက်မရှိတာမဖြစ်နိုင်ဘူး” ရှီယူသည် စိတ်ပျက်စရာများကို ဘေးသို့ဖယ်ထုတ်ပြီး မတားနိုင်မဆီးနိုင် ပျော်ရွှင်နေသည်။

“အင်း ကျွန်မ နားလည်ပြီ အစ်မတစ်ချိန်လုံး ထွက်မပြေးတာက အစ်မရဲ့ နှလုံးသားထဲမှာရှိတဲ့လူ လာကယ်ဖို့ကိုစောင့်နေတာမလား” ရှီမန်လီသည် သူမ ၏ အပြုံးပါကူးဆက်သွားပြီး သူမအတွက်ပျော်ရွှင်လာသည် “အခုမကောင်း ဘူးလား သူရောက်လာပြီ”

“အင်း မိုဒိဆန်းလာပြီ သူရောက်လာပြီ”

“မိုဒိဆန်းလား အစ်မပြောတဲ့ မိုဒိဆန်းက ကျွန်မအစ်မကြီးနဲ့သိတဲ့လူလား” ရှီမန်လီသည် သူမကိုနားမလည်စွာ ကြည့်လိုက်သည်။ ရှီယူ ပြောတဲ့ မိုဒိဆန်း က သူမသိတဲ့မိုဒိဆန်းလား။

“ဟုတ်တယ်လေ သူပဲ သူက အခုရုပ်ပြောင်းထားတယ် ဒါပေမဲ့ ငါမှတ်မိ နေတုန်းပဲ သေချာပေါက် သူပဲ စောင့်ကြည့်နေလိုက် သူဒီနေ့ည ရောက်လာပြီး ငါ့ကိုရှာလိမ့်မယ်” ထိုနှစ်များတွင် ယနေ့သည် အကောင်းဆုံးနေ့ဖြစ်သည်ဟု ရှီယူ ခံစားရသည်။

“တကယ်ပဲ အဲလိုဆိုရင် ဒီနေရာက ဘယ်မှာလဲဆိုတာ သူသိမှာပဲ”

“အင်း သူဒီနေ့ည လာရင် မေးကြည့်တာပေါ့”

ထိုညတွင် လူတစ်ယောက်သည် ရှီယူ၏ အခန်းသို့အလောသုံးဆယ် ရောက်လာသည်။ သူသည် အိမ်ထဲတွင် နောက်တစ်ယောက်ရှိနေသည်ကို မြင် သည်နှင့် မှင်တက်သွားသည်။

“မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ”

မိုဒိဆန်းသည် ရှီမန်လီနှင့် ဟိန်းသံလေးကို ပြောလိုက်သည်။ သူ ထိုပုံစံ အတိုင်းပြောသည်ကို ရှီမန်လီကြားသောအခါ ယနေ့မမှတ်မိလိုက်သော သူစိမ်း မှာ မိုဒိဆန်းဖြစ်သည်ကို သိလိုက်သည်။

သူမသည် သူ၏ရောင်ဝါကိုကြည့်လိုက်ရာ လုံးဝတခြားတစ်ယောက် ဖြစ် နေသည်။ ရှီယူ ဘာကြောင့် သူကိုမှတ်မိသလဲဆိုသည်ကို သူမသိချင်မိသည်။

***

All Chapters