← Chapters

အားလုံး၏ အတွေး

Vol. 122 Ch. 1707

အားလုံး၏ အတွေး

Vol. 122 Ch. 1707

ရှီမန်လီ စိတ်ရှုပ်ထွေးနေစဉ်မှာပင် ရှီယူသည် ပျော်ရွှင်စွာဖြင့် ပြေးသွား လေသည်။ သူမသည် ချက်ချင်းပင် မိုဒိဆန်းကိုဆုပ်ကိုင်ပြီး ပြောလိုက်သည် “မိုဒိဆန်း မိုဒိဆန်း ရှင်ကျွန်မကို လာကယ်တယ် ဟုတ်တယ်မလား”

မိုဒိဆန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမလက်ကို ဖယ်ထုတ်ပြီး ပြောလိုက်သည် “မင်း အဆိပ်မမိဘူးမလား ဘာလို့ထွက်မပြေးတာလဲ”

ရှီယူသည် သူ့ကိုလာကယ်စေချင်သောကြောင့်ဟု ပြောမည်မဟုတ်ပေ။ ထို့ကြောင့် သူမ ပြောလိုက်သည် “ဒီမှာကျွမ်းကျင်သူတွေ ဒီလောက်များတာ ကျွန်မက ဘယ်လိုလုပ် သူတို့ကိုနိုင်မှာလဲ”

“ဘာလို့မနိုင်ရမှာလဲ” မိုဒိဆန်းသည် သူမအား မယုံကြည်စွာဖြင့် ကြည့် လိုက်သည်။

“မနိုင်ဘူးလေ ဒီမှာကျွမ်းကျင်သူတွေ ဒီလောက်များနေတာ ကျွန်မက တစ်ယောက်တည်းလေ” ရှီယူသည် သူ၏အင်္ကျီလက်ကို ဆွဲပြီး သူ၏ သဘော ထားကို လျစ်လျူရှုလိုက်သည်။

မိုဒိဆန်းသည် သူမကို မယုံသည့်ပုံပင်။ သို့သော် သူမသည် တခြားဘာမှ မပြောတော့ဘဲ ရှီမန်လီကို ကြည့်ပြီး မေးလိုက်သည် “လီအာ ဘယ်လိုလုပ် အဖမ်းခံလိုက်ရတာလဲ”

ရှီမန်လီသည် အစက သူတို့ကိုဆက်ကြည့်ချင်နေသေးသည်။ သူမ၏ စပ်စုသောမျက်လုံးများသည် သူတို့နှစ်ယောက်လုံးကို မြန်ဆန်စွာ အကဲခတ်နေ သည်။ မိုဒိဆန်း သူမကိုကြည့်သောအခါ နောက်ဆုတ်ရမည် မဆုတ်ရမည်ကို စဉ်းစားနေလိုက်သည်။

သူမသည် အမြန်ပင် သိချင်စိတ်များကို ဖယ်ထုတ်ကာ ပြန်ဖြေလိုက်သည် “ကျွန်မက အလယ်ပိုင်းဒေသမှာ ဟိန်းသံလေးနဲ့ ခရီးထွက်ရင်းလာတာ အဲဒီမှာ လူတစ်စုနဲ့တွေ့တာပဲ သူတို့က ဘာမှမပြောဘဲ ကျွန်မတို့ကိုဖမ်းလာတာပဲ”

“မင်းရဲ့အစ်ကိုကြီးတို့က မင်းကိုဘယ်လိုများဂရုစိုက်နေကြတာလဲ” မိုဒိဆန်း၏ မျက်နှာထားမှာ အလွန်ပင် လေးနက်နေသည်။ ထိုလူများ သူမကို တိုက်ရိုက်သတ်မပစ်သည်က ကံကောင်းသည်။ မဟုတ်လျှင် သူတို့သည် နောင်တကြီးစွာ ရမည်ဖြစ်သည်။

“အဲဒါက…” ရှီမန်လီသည် ဟိန်းသံလေးကို လက်ချောင်းဖြင့် မသိမသာ တို့လိုက်သည်။

မိုဒိဆန်းသည် ချက်ချင်းပင် နားလည်သွားကာ ဟိန်းသံလေးကို ကြည့် လိုက်သည် “သူက အဲဒီအစောင့်တွေကို ဖယ်ထုတ်ဖို့ အကြံပေးတာမလား”

“…ဟုတ်တယ်” ရှီမန်လီသည် တိုးညင်းသော အသံဖြင့် ပြန်ဖြေလိုက် သည် “သူတို့ ကာကွယ်မှုအောက်မှာဆိုရင် ကျွန်မ အားကောင်းလာမယ်မထင် လို့၊ အစ်မကြီး ခရီးသွားရင်လည်း သူမကို ဘယ်သူမှမကာကွယ်ဘူးလေ”

“မင်းတော့…” မိုဒိဆန်းသည် စိတ်ဆိုးသွားသည် “အခုအခြေအနေက အရင်နဲ့တူလို့လား တိုင်းပြည်က ရှုပ်ထွေးနေတယ်လေ မင်းရဲ့ အားသေးသေး လေးနဲ့ မင်းဘာသာခရီးသွားရဲသေးတယ်… မင်းသိရဲ့လား မသေလူတွေကိစ္စ ကြောင့် တော်တော်များများက မင်းအစ်မကို မုန်းနေကြတာ၊ မင်းကို ဖမ်းပြီး မင်းအစ်ကိုခြိမ်းခြောက်တာ ဒါမှမဟုတ် မင်းအသတ်ခံလိုက်ရရင် မင်းအစ်မ ဘယ်လိုလုပ်ရတော့မလဲ၊ မင်းကို ကယ်ဖို့ သူမက သူမကိုယ်သူမ အန္တရာယ် ထဲဆွဲသွင်းလိုက်ရင်ရော ဒါမှမဟုတ် မင်းသေသွားတဲ့အတွက် သူမကိုယ်သူမ တစ်သက်လုံး အပြစ်တင်နေရင်ရော…”

“ကျွန်မ…” ရှီမန်လီသည် မှင်တက်သွားသည်။ အစပိုင်းကတော့ သူမ တစ်ဘောက်တည်း စွန့်စားခရီးထွက်လိုက်လျှင် အမြန်ပင် အားကောင်းလာ မည်ဟု ထင်ထားသည်။ သို့သော် သူမသည် ထိုမျှရှည်ရှည်ဝေးဝေးမစဉ်းစားခဲ့ ပေ “ကျွန်မ တောင်းပန်ပါတယ်…”

“ငါ့ကိုတောင်းပန်နေလို့ အသုံးမဝင်ဘူး နောက်တစ်ခါကျရင်ပိုပြီး သတိ ထားပါ ဟုတ်ပြီလား” မိုဒိဆန်းသည် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သူမကို သင်ကြားလိုက်သည်။

ရှီမန်လီသည် စိတ်ထဲတွင် မသက်မသာခံစားရသွားသည်။ သူမကို တစ်စုံ တစ်ယောက်မှ သင်ကြားမပေးသည်မှာ နှစ်ပေါင်းများစွာဖြစ်သည်။ သူမ၏ အစ်ကိုကြီးနှင့်အစ်မတို့သည် ပခုံးပေါ်တွင် တာဝန်များစွာ ထမ်းဆောင်ခဲ့ကာ အားလုံးသည် သူမကိုအမြဲတစေ ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့်ပင် သူမ သည် ယခုလို ဖြူစင်သော အကျင့်ရှိနေခြင်းဖြစ်သည်။

သူမ၏ အကျင့်စရိုက်မှာ ဖြူစင်လွန်းသည်ကို ရှီမာယူယူလည်း သိသဖြင့် သူမကို ခရီးသွားခွင့်ပြုကာ လမ်းအတွေ့အကြုံကို ပိုရစေသည်။ သူမသည် အားလုံး၏ အလိုလိုက်မှုအောက်တွင် ထောင်လွှားပြီး ပိုင်စိုးပိုင်နင်းဖြစ်လာမည့် အစား ဖြူစင်သွားသည်က ကောင်းသည်။

သူမသည် နှုတ်ခမ်းကိုကိုက်လိုက်သည်။ မိုဒိဆန်း၏ စကားများသည် နားဝင်မချိုသော်လည်း မမှားသည်ကိုတော့ သူမ သိသည်။ သူမသည် ယခုလို ပုံစံအတိုင်း ပြုမူ၍မရတော့ပေ.

ရှီမန်လီသည် အမှားလုပ်မိသည်ကို နာကျင်သွားသည့်ပုံဖြင့် ခေါင်းငုံ့သွား သည်ကို ရှီယူမြင်လိုက်သည်။ သူမသည် လက်ထဲမှအင်္ကျီလက်ကို ဆွဲပြီး ပြော လိုက်သည် “ဟုတ်ပြီ ရှီအာကို ဆူမနေနဲ့တော့၊ သူက အလယ်ပိုင်းကိုရောက်နေ တာ အတွင်းပိုင်းမှာ အပြောင်းအလဲတွေဖြစ်နေမယ်ဆိုတာကို ဘယ်လိုလုပ် သိ မှာလဲ၊ ရှင် ကျွန်မတို့ကို လာကယ်တာပဲမဟုတ်ဘူးလား ဘာလို့ ဒီလောက် စကားတွေများနေတာလဲ”

မိုဒိဆန်းသည် သူမကိုစိုက်ကြည့်လိုက်သည် “ငါ့အစီအစဉ်တွေ ပြောင်းရ တော့မယ် မင်းတစ်ယောက်တည်းကို ကယ်ရတာကိစ္စမရှိဘူး ဒါပေမဲ့ သူမကိုပါ ငါတို့နဲ့ခေါ်မဘ်ဆိုရင် အဲလူတွေ မသိအောင်လုပ်ဖို့ကမလွယ်ဘူး ငါ အစီအစဉ် အသစ်ဆွဲရမယ်”

“ဘာအစီအစဉ်မှ ဆွဲစရာမလိုဘူး ကျွန်မတို့ ဘယ်မှာရောက်နေတာလဲ ဆိုတာသာ ပြောလိုက် ယူယူလာတာနဲ့ ရှင်တို့နှစ်ယောက်လုံး အတူလက်တွဲ လုပ်လိုက်လို့ရတာပဲ ရှင်က ကျွန်မတို့ကို မကယ်နိုင်မှာကို ကြောက်နေတာလား” ရှီယူ ပြောလိုက်သည်။

“ယူယူ လာမှာလား”

“ဟုတ်တယ်လေ ဟိန်းသံလေးက ယူယူနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆက်သွယ်ပြီးပြီလို့ ပြောတယ်၊ သူမက ပြည်နယ် ၂၀ ကိုတောင်ရောက်နေပြီ ဒီနေရာကိုမသိရုံပဲ အဲဒါကြောင့် ဟိန်းသံလေးနဲ့ ဆက်သွယ်ချက်ကိုအသုံးပြုပြီး မှ ဒီကိုအမြန်လာလို့ရမှာ၊ ဒီနေရာကိုသိတာနဲ့ သူမ မြန်မြန်ရောက်လာနိုင်မယ်” ရှီယူ ပြောလိုက်သည်။

“ဒါဆို ငါသူမကို ဆက်သွယ်လိုက်မယ်” မိုဒိဆန်း ပြောလိုက်သည်။

“ရှင် သူမကို ဆက်သွယ်ဖို့က ဘယ်လောက်တောင် ဒုက္ခများလိုက်လဲ ဒီနေရာက ဘယ်နေရာလဲလို့သာပြောလိုက် ဟိန်းသံလေးကို ပြောခိုင်းလိုက် မယ် အဲလိုဆိုရင် ရှင်လည်းအချိန်ကုန်သက်သာတယ်”

မိုဒိဆန်း သဘောတူလိုက်သည်။ သူမ စောစောလာလေ သူတို့ စောစော လုံခြုံလေဖြစ်သည်။

ရှီယူသည် သူတို့ရောက်နေသည့်နေရာကို ဟိန်းသံလေးမှတစ်ဆင့် ရှီမာယူယူကို ပြောခိုင်းလိုက်သည်။ မိုဒိဆန်းပါရောက်နေကြောင်းနှင့် တည် နေရာကိုပါ သူမကို ပြောလိုက်သည်။

ထိုအခါမှပင် ရှီမာယူယူသည် သူတို့ရောက်နေသည့် နေရာကိုသိလိုက်ရ သည်။ ရှီမန်လီ ဘေးကင်းသွားပြီဖြစ်သဖြင့် သူမ ပိုစိတ်ချသွားသည်။ တခြားသူ နှင့်သာဆိုလျှင် သူမ ထိုမျှလောက် ယုံကြည်ချက်ရှိမည်မဟုတ်ပေ။ သို့သော် ရှီယူသာဆိုလျှင် သူမ သေချာပေါက် လိမ်လိမ်မာမာနှင့် အနိုင်ကျင့်ခံနေမည် မဟုတ်ပေ။

ရှီယူသည် ထိုနေရာတွင် ၂ နှစ်ကြာအောင် နေနေသည်ဟု ဟိန်းသံလေး ပြောသည်ကို သူမ ပထမဆုံးအကြိမ်ကြားစဉ်က ထူးဆန်းသည်ဟု ထင်သည်။ ထိုမိန်းကလေး၏ အားအင်နှင့် နောက်ခံကို ကြည့်လျှင် ထိုကဲ့သို့ ကြာရှည်စွာ အချုပ်ခံရမည်မဟုတ်ပေ။ နောက်ပိုင်း မိုဒိဆန်းရောက်လာသည်ဟု ကြားမှပင် သူမ ချက်ချင်း နားလည်သွားကာ ကသိကအောင့်နှင့် သက်ပြင်းချမိသည်။

“ဒီလောက် အရေးကြီးတာကို မင်းငါ့ကိုမပြောဘူးပေါ့လေ ငါတို့ ပြန်ရောက်မှ မင်းနဲ့ရှင်းရမယ်”

ဟိန်းသံလေးသည် သူမ၏ ခြိမ်းခြောက်စကားကိုကြားသောအခါ ခေါင်းပုဝင်သွားပြီး နစ်နာသည့်လေသံဖြင့် ပြောလေသည် “ငါ ယူယူ့ကို မပြော ချင်တာမဟုတ်ဘူး ရှီယူက ငါ့ကိုခြိမ်းခြောက်ထားတာလေ၊ ယူယူ့ကု ပြောရင် ငါ့အမွေးတွေကို မီးရှို့ပစ်မယ်တဲ့ ရွှတ် ရွှတ် ယူယူ ငါကအရမ်းသနားဖို့ကောင်းပါ တယ် ငါက နေ့တိုင်း အဲဒီမိန်းကလေးလက်ထဲမှာ ခံစားနေရပြီး အမှောင်နေ့ရက် တွေကို ကျော်ဖြတ်နေရပါတယ် ငါ နေ့တိုင်းကြောက်ရွံ့နေရတယ် ရွှတ် ရွှတ် ယူယူ ဒီမီးပင်လယ်ကနေ ငါ့ကို မြန်မြန်လေးလာကယ်ပါတော့..”

“ငါ အခုအမြန်လာပြီ” ရှီမာယူယူသည် သူ၏ ညည်းညူသံကို မခံနိုင်တော့ ကာ အဆက်အသွယ်ဖြတ်လိုက်သည်။

သူမသည် ရှီမာလျူရွှမ်ကို ပြောလိုက်သည် “အဖေ အန်းလေ ဒီကနေ သွားဖို့ ဖြတ်လမ်းဝင်္ကပါဆောက်မလို့ အဖေတို့ ဝိညာဉ်စေတီထဲအရင်ဝင်နှင့် လိုက်”

အလွန်ဝေးကွာသဖြင့် သူမသည် ဝင်္ကပါအကျယ်ကို တည်ဆောက်ရမည်။ လူနည်းလေ ပိုကောင်းလေဖြစ်သည်။

ရှီမာလျူရွှမ်နှင့် အန်းလေတို့သည် ငြင်းဆန်မှုမပြုပေ။ သို့သော် သူတို့ ဝိညာဉ်စေတီအတွင်း မဝင်ခင်တွင် တစ်ခုခုဖြစ်လျှင် သူ့ကိုထုတ်ပေးရမည်ဟု ရှီမာလျူရွှမ်သည် သူမကို ပြောသွားလေသည်။

ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ဝိညာဉ်စေတီအတွင်းသို့ထည့်လိုက်ကာ နောက်ပိုင်းပြောသွားသော စကားများကို မကြားချင်ယောင်ဆောင်ပြီး လှည့် လိုက်သည်။

သူမ၏ ဖခင်သည် နောက်ပိုင်းတွင် ပုံမှန်မဟုတ်ကာ သူ့မျက်လုံးထဲမှ ထိန်းချုပ်မရသော အကြည့်များကို သူမမြင်နေရသည်။ အင်း.. သူ့ကို မထုတ် တာကမှကောင်းဦးမယ်။

သူမသည် ပြည်နယ် ၂၀ မြေပုံကိုထုတ်လိုက်သည်။ မိုဒိဆန်းပြောပြသော ဦးတည်ဘက်ကို အခြေခံပြီး သူမသည် လေဟာပြင်ကိုဩဒိနိတ်ကို တွက်ချက် ပြီး ဖြတ်လမ်းဝင်္ကပါကိုတည်ဆောက်တော့သည်။

အတွင်းဒေသသို့ ရောက်ပြီးနောက်တွင် သူမသည် ဖြတ်လမ်းဝင်္ကပါ တည်ဆောက်ခဲသည်။ အကြောင်းမှာ အတွင်းဒေသမှာ အလွန်ကြီးမားပြီး ခရီး ရှည်ဝင်္ကပါများသည် အရင်းအမြစ်များစွာ ကုန်ခြင်းကြောင့်ဖြစ်သည်။

ထိုသို့ဆိုသော်လည်း သူမသည် ဖြတ်လမ်းဝင်္ကပါကို ပြောင်းသုံးရမည်ဖြစ် ကာ နောက်ရက်အနည်းငယ်ကြာမှပင် မိုဒိဆန်းပြောသော နေရာသို့ရောက်‌လေ သည်။ သူမ ထိုနေရာသို့ရောက်သောအခါ ဟိန်းသံလေးနှင့် ဆက်သွယ်ချက် သည် အနည်းငယ် အားကောင်းလာသည်။

ဟိန်းသံလေးသည် လက်ရှိတွင် ရှီမန်လီ၏ ရင်ခွင်ထဲတွင် ဝိညာဉ်အသီး စကားနေကာ ရှီမန်လီနှင့် ရှီယူတို့သည် နေရောင်အောက်တွင် စကားစမြည် ပြောနေကြသည်။ သူသည် စားပြီးသား ဝိညာဉ်အသီးအရိုးကိုပစ်ပြီး ရှီမန်လီဆီ သို့တွယ်တက်ကာ ပြောလိုက်သည် “ယူယူလာပြီ ယူယူလာပြီ”

“သူမ ရောက်ပြီလား”

“မရောက်သေးဘူး ဒီနားရောက်နေတာတော့ အာရုံခံမိလို့ရတယ် သူမ မကြာခင်ရောက်လာမှာပါ” ဟိန်းသံလေးသည် ပျော်ရွှင်စွာ ပြောလေသည်။

သူတို့သည် ဤနေရာတွင် တစ်လကြာအောင် ဒုက္ခခံထားပြီးဖြစ်သဖြင့် ရူးချင်နေပြီဖြစ်သည်။

ရှီယူသည် ရုတ်တရက် သူ့ကိုဆုပ်ကိုင်ပြီး ပြောလေသည် “တိတ်တိတ်နေ လူလာနေပြီ ရောင်ဝါအသစ်ပဲ ဒီကိစ္စတွေရဲ့ နောက်ကွယ်ကလူ ပေါ်လာပြီထင်တယ်”

***

All Chapters