ရန်သူဟောင်း
Vol. 122 Ch. 1708
ရှီမန်လီသည် နောက်ကွယ်မှလူလာနေပြီဟု ကြားသည်နှင့် စိတ်လှုပ်ရှား လာသည်။ ဤအရာမှာ သူတို့ ဖမ်းသည့်ပမာဏပြည့်မြောက်ပြီး လှုပ်ရှားတော့ မည်ဟု ပြသနေသည်။
ကြိုတင်မသိနိုင်သော အပြောင်းအလဲများ ရှိမရှိမှာ မသေချာပေ။
“စိတ်မပူနဲ့ ဘာမှမဖြစ်ပါဘူး” ရှီယူသည် သူမကို နှစ်သိမ့်ပေးလေသည်။
“အင်း” ရှီမန်လီသည် သူမကိုယ်သူမ စိတ်ငြိမ်အေင် ကြိုးစားသော်လည်း တခြားသူများကို မြင်လိုက်သောအခါ တုန်ယင်လာသည်။ သူမ၏ မျက်လုံးထဲ တွင် မုန်းတီးမှုနှင့် ဒေါသများပြည့်နှက်လာသည်။
ရှီယူသည် သူမပြောင်းလဲသွားသည်ကို မြင်ပြီးနောက် ခြံဝန်းအဝင်ပေါက် သို့ကြည့်လိုက်သည်။ ယောက်ျားများအပြင် သူမ မမြင်ဖူးသည့် မိန်းကလေး တစ်ယောက်ပါရှိနေသည်။
“ဝမ်းနည်းပူဆွေးမှု အဝတ်အစားဝတ်ထားတဲ့ အဲဒီမိန်းကလေးကိုသိလား” သူမ မေးလိုက်သည်။
ရှီမန်လီသည် လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံကြိတ်ကာ ပြောလိုက်သည် “သူမကိုသိတယ် သူမ ပြာဖြစ်သွားရင်တောင် မှတ်မိတယ်”
“အာ… မင်း ဒီလိုလုပ်တာကိုကြည့်ရတာ သူမကို တော်တော်လေးမုန်းနေ တဲ့ပုံပဲ” ရှီယူ သိချင်လာသည် “လုပ်ပါ ပြောပါဦး ဘာဖြစ်ခဲ့တာလဲ သူမက လုံးဝ ကို သန့်ရှင်းပြီးဖြူစင်ဟန်ဆောင်ထားတဲ့ပုံကြီး သူမက မင်းတစ်ဖက်သတ် ကြိုက်တဲ့လူကိုလုသွားတာလား”
ရှီမန်လီသည် သူမကို စိုက်ကြည့်လိုက်သည် “သူမက ကျွန်မတို့မျိုးနွယ် တစ်ခုလုံးကို ဖျက်ဆီးသွားတာ”
ရှီယူသည် တစ်စက္ကန့်မျှ မှိုင်တွေသွားကာ သတိပြန်ဝင်လာသည် “တကယ်လား ဒါက ကြိုက်နေတဲ့လူကိုလုသွားတာထက်ဆိုးတယ် သူမက ဘယ်လိုလုပ် မင်းတို့မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးနိုင်ရတာလဲ မင်းအတွက် ကိုယ်စားလက်စားချေပေးရမလား”
ရှီမန်လီသည် ကျုံကျန်းဟန်ယွဲ့ သူမကိုမမှတ်မိခင် တစ်ဖက်သို့လှည့်ပြီး အိမ်ထဲသို့ဝင်သွားလိုက်သည်။ သူမ၏ အလုံးလေးမနှိုးသေးကာ အဆိပ်မှာ လည်း မဖယ်ရှားနိုင်သေးသဖြင့် သူမသည် ကျုံကျန်းဟန်ယွဲ့နှင့် မတိုက်ခိုက်နိုင် သေးပေ။
ကျုံကျန်းဟန်ယွဲ့သည် အမုန်းတရားကိုခံစားမိသဖြင့် လှည့်ကြည့်ရာ ရှီယူနှင့် နောက်မိန်းကလေးတစ်ဦး၏ ကျောပြင်ကိုသာ တွေ့လိုက်ရသည်။
ထိုမိန်းကလေး၏ ကျောပြင်ကိုကြည့်ပြီး သူမ မျက်လုံးတွင် သံသယ အရိပ်အယောင်များ ဖြစ်လာသည်။
“ပစ္စည်းတွေကို စစ်ကြည့်လိုက်”
ကျုံကျန်းယွဲ့ဟန်သည် မိန်းကလေးများကို သာမာန်ကာလျှံကာပြင် ကြည့်ပြီးနောက် ပစ္စည်းကောင်းများဖြစ်သည်ဟု သိလိုက်သည်။
“မြင့်မြတ်သောသမီးတော် ဒီမိန်းကလေးတွေက သမီးတော်ရဲ့ တောင်းဆို မှုကြောင့် ရွေးထားတာပါ” အမျိုးသား တစ်ယောက် ပြောလိုက်သည် “အားလုံး ပေါင်း ၈၈၈ ယောက်ပါ”
ကျုံကျန်းဟန်ယွဲ့ ခေါင်းညိတ်လိုက်သည် “မင်းတို့လုပ်တာကောင်းတယ် အထက်က မင်းတို့ကို သေချာပေါက် ဆုပေးမှာပါ”
သူမသည် ပြောရင်းနှင့် ကျောက်စိမ်းပုလင်းကို ပစ်ပေးလိုက်ရာ လက်ခံ ပြီးနောက် ပုလင်းအဲမှ ပစ္စည်းများကိုမြင်ပြီးနောက် ပြောလိုက်သည် “မြင့်မြတ် သောသမီးတော် သူတို့ကို ခါတိုင်းနေရာကိုပဲ ပို့လိုက်ရမလား”
“အင်း” ကျုံကျန်းဟန်ယွဲ့ ခေါင်းညိတ်လိုက်သည် “ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတော့ မင်းတို့ကို ပြောဖို့မလိုဘူးမလား”
“မလိုပါဘူး ကျွန်တော် မှတ်မိပါတယ်” ထိုလူသည် စိတ်စောကာပြော လိုက်သည်။
“ကောင်းတယ် အမှားသေးသေးလေး တစ်ခုလုပ်မိရင်တောင် မင်း အသက် ဆုံးရှုံးရမယ်မှတ်” ကျုံကျန်းဟန်ယွဲ့သည် ခြံဝန်းအနောက်သို့ သွား လိုက်သည်။ သူမသည် ထွက်သွားမည်အပြုတွင် ကျောပြင်ကိုမြင်လိုက်ချိန်တွင် ရှီမန်လီ၏ အခန်းဆီသို့ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
ရှီမန်လီသည် အခန်းသို့ပြန်သွားသော်လည်း အခြေအနေကို ဆက်ပြီး အာရုံစိုက်ကြည့်နေသည်။ ကျုံကျန်းဟန်ယွဲ့ ထွက်သွားသည်ကို သူမ မြင်လိုက် သည်။ သို့သော် သူမ စိတ်မလျှော့ခင်တွင် ခြေသံများကြားလိုက်ရသည်။
သူမ၏ ရင်များသည် ခြေသံများနှင့်အလိုက် ခုန်လာသည်။
တံခါးပွင့်လာရာ သူမ အလန့်တကြားလှည့်မိလိုက်သည်။ ကျုံကျန်းဟန်ယွဲ့သည် သူမကို မြင်သောအခါ မာန်တက်စွာြဖင့် ပြုံးလိုက်သည် “မင်းကိုး ရှီ မန် လီ”
ရှီမန်လီသည် လူမိသွားချိန်တွင် တည်ငြိမ်နေသည်။
“ကျုံကျန်းဟန်ယွဲ့”
“မြင့်မြတ်သောသမီးတော် သူမကိုသိတာလား” နောက်မှလိုက်လာသော လူသည် ဂရုတစိုက်မေးလိုက်သည်။
သူက မြင့်မြတ်သောသမီးတော်ရဲ့ သူငယ်ချင်းကို ဖမ်းမိလိုက်တာလား။ မဟုတ်ပါစေနဲ့။
ကျုံကျန်းဟန်ယွဲ့သည် ပြုံးပြီး ပြောလိုက်သည် “ငါ သူမကိုသိတယ်လေ ရှီမန်မျိုးနွယ်ရဲ့ သခင်မလေးပဲ သူမက ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့ ညီမလေးပဲ ဘယ်လိုလုပ်မသိဘဲနေမလဲ”
ထိုလူသည် စိုးရိမ်တကြီးရေရွတ်မိသည်။ ဖြစ်နိုင်တာက…
“ကျုံကျန်းဟန်ယွဲ့ မင်းက ငါ့မျိုးနွယ်တစ်ခုလုံးကိုသတ်ခဲ့တယ် မင်းက ငါ့ အစ်မကြီးရဲ့ သူငယ်ချင်းဖြစ်ဖို့မတ်ဘူး၊ မင်းနဲ့ ငါတို့ကြားမှာ တစ်ဖက်က မသေ ရင်မပြီးတော့” သူတို့ကြားသည် ပြေငြိမ်း၍မဖြစ်နိုင်တော့သဖြင့် ပြေလည် အောင်မလုပ်သင့်တော့ကြောင်းကို ရှီမန်လီသိသည်။
“အမှန်ပဲ မင်းရဲ့အစ်မကြီးနဲ့အစ်ကိုတို့က ငါ့မျိုးနွယ်ကို ချေမှုန်းဖို့ လူလွှတ် ခဲ့တယ်၊ ငါတို့က ရန်ငြိုးကြီးသွားပြီ ဒါပေမဲ့ နောက်ဆုံးတော့ မင်းတို့ပဲ သေရ လိမ့်မယ်”
ထိုစကားကိုကြားပြီးနောက် ထိုလူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့သည် မိတ်ဆွေကောင်း ဟုတ်မနေ၍တော်သေး သည်။
“မြင့်မြတ်သောသမီးတော် ဒီမိန်းကလေးကို ဘယ်လိုလုပ်လိုက်ရမလဲ သူမကိုလည်း အဲဒီကိုပို့လိုက်ရမလား”
“ပို့မယ်ဟုတ်လား ဒါပေါ့ ဒါပေမဲ့ ရှီမာယူယူကိုအရင်ဆုံး မျှားခေါ်ရမယ် သူမကပဲ မိသားစုကို စိတ်အပူတတ်ဆုံးလို့ သူမကိုယ်သူမထင်နေတာလေ၊ သူမ ရှေ့မှာ သူမဂရုစိုက်တဲ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ချင်တယ် သူမကို နောက်ထပ် ပြန်ခံစားစေရမယ်” ကျုံကျန်းဟန်ယွဲ့သည် ပြောရင်းနှင့် နှာရှုတ်လိုက်သည်။
“မင်းက ငါ့အစ်မကြီးနဲ့ မယှဉ်နိုင်ပါဘူး မင်းက တစ်ဘဝလုံး ငါ့အစ်မကြီး အောက်မှာပဲရှိပြီး တစ်သက်လုံးအရိပ်လိုပဲနေရမှာ သူမကို ဖိနှိပ်ဖို့ စဉ်းတောင် မစဉ်းစားလိက်နဲ့”
“ဖြန်း”
ကျုံကျန်းဟန်ယွဲ့သည် ရှီမန်လီ၏ မျက်နှာကိုရိုက်လိုက်ရာ သူမ၏ မျက်နှာသည် ချက်ချင်းပင် နီရဲတက်လာပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစစများ စီးလာသည်။
“လီအာ” ရှီယဓသည် ပြေးလာပြီး ရှီမန်လီကို ထူလိုက်သည်။
ကျုံကျန်းဟန်ယွဲ့သည် ဝိညာဉ်စွမ်းအားမရှိသော ရှီမန်လီကို ရိုက်လိမ့် မည်ဟု ထင်မထားပေ။ သူမ သတိပြန်ဝင်လာချိန်တွင် ရှီမန်လီသည် အရိုက်ခံ လိုက်ရပြီဖြစ်သည်။
“ဘယ်လိုလဲ အဆင်ပြေရဲ့လား” သူမသည် တောင်းပန်သော လေသံဖြင့် ပြောလေသည်။ အစောလေးကပင် သူမကို ကာကွယ်ပေးမည်ဟု ပြောခဲ့သည်။ အခုတော့ အရိုက်ခံလိုက်ရပြီ။
“အစ်မကြီးရှီယူ ကျွန်မအဆင်ပြေပါတယ်” ရှီမန်လီသည် သွေးများကို သုတ်လိုက်ပြီး ကျုံကျန်းဟန်ယွဲ့ကို ကြည့်လိုက်သည်။ “ကျွန်မကိုရိုက်တော့ ရော ဘာအသုံးဝင်မှာလဲ ကျွန်မကိုရိုက်လိုက်တာနဲ့ အမှန်တရားက ပြောင်းသွား မှာလား၊ အရင်ကဖြစ်ဖြစ် အခုဖြစ်ဖြစ် ရှင့်ရဲ့ကံနဲ့ အင်အားက ကျွန်မအစ်မကြီး နဲ့ယှဉ်မရဘူး”
ကျုံကျန်းဟန်ယွဲ့သည် ဒေါသထွက်သွားကာ သူမကို နောက်တစ်ချက် ရိုက်မည်ပြုသော်လည်း သူမ၏ လက်သည် လေပေါ်တွင် ရပ်တန့်သွားသည်။
“ငါရှိတာကို မြင်နေရဲ့သားနဲ့ ဘယ်လိုလုပ် လီအာကို အနိုင်ကျင့်ရဲတာလဲ ငါ့ကို ကန်းနေတယ်ထင်နေတာလား” ရှီယူသည် သူမ၏ လက်မောင်းကို ဆုပ်ကိုင်ပြီး ရှီမန်လီအနီးသို့ သွားခွင့်မပြြုပေ။
ရှီယူတစ်ခုခုလွဲမှားနေသည်ကို ကျုံကျန်းဟန်ယွဲ့ သတိပြုမိပြီး နောက် လက်တစ်ဖက်မှ ဝိညာဉ်စွမ်းအင်စုစည်းလိုက်သည်။ ရှီယူသည် သူမလက်များ ဖြင့် တားလိုက်ပြီး ညာဘက်လက်ကိုလွှတ်ကာ တစ်ချိန်တည်းမှာပင် ကျုံကျန်း ဟန်ယွဲ့၏ မျက်နှာကိုရိုက်ချလိုက်သည်။
သူမသည် ဝိညာဉ်စွမ်းအင်ထည့်ကာ ရိုက်လိုက်သဖြင့် ကျုံကျန်းဟန်ယွဲ့ သည် လွင့်ထွက်သွားတောသည်။
ကျုံကျန်းဟန်ယွဲ့သည် မကျခင်တွင် ခန္ဓာကိုယ်ကိုထိန်းလိုက်ရာ လဲကျ သွားပေမ။
“မင်းအရေက တော်တော်ထူတာပဲ မင်းကိုရိုက်ရတာ ငါ့လက်တွေတောင် နာသွားပြီ” ရှီယူသည် လက်ဖဝါးများ နာသွားသည့်အလား မှုတ်လိုက်သည်။
ကျုံကျန်းဟန်ယွဲ့သည် ရှီယူအားကြည့်လိုက်သည် “မင်းရဲ့ ဝိညာဉ် စွမ်းအင်က အပိတ်မခံထားရဘူးပဲ”
“ကျွတ် မင်းတို့ရဲ့အဆိပ်က ဒီအစ်မကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ပိတ်လို့မရ ဘူး” ရှီယူသည် အထင်သေးစွာဖြင့် ပြောလိုက်သည်။
ကျုံကျန်းဟန်ယွဲ့သည် ထိုလူကိုကြည့်လိုက်သည်။ လူတစ်ယောက် လုံးလုံး ဝိညာဉ်စွမ်းအင် အပိတ်မခံထားရတာကို ဒီလူကဘယ်လိုလုပ် မသိရ တာလဲ။
“မြင့်မြတ်သောသမီးတော် စိတ်အေးအေးထားပါ သူမက ဝင်လာ ကတည်းက ဝိညာဉ်စွမ်းအင်မသုံးခဲ့ပါဘူး အဲဒါကြောင့် သူမ ဝိညာဉ်စွမ်းအင်ကို အပိတ်မခံရတာကိုမသိလိုက်လို့ပါ” ထိုလူ ရှင်းပြလေသည်။
“မင်းက အပိတ်မခံထားရတာတောင် ဒီမှာအကြာကြီးနေနေတာ မင်းက ဘယ်သူလဲ မင်းရည်ရွယ်ချက်ကဘာလဲ” ကျုံကျန်းဟန်ယွဲ့သည် ဒေါသထွက် နေသော်လည်း စိတ်လွတ်မသွားပေ။
သူမရဲ့ ဝိညာဉ်စွမ်းအင် အပိတ်မခံထားရဘူးဆိုရင်တောင် ဒီလောက် အစောင့်တွေအများကြီးနဲ့ ဘာလုပ်နိုင်မှာလဲ။
“သူမကို ဖမ်း” သူမသည် သူတို့ကိုတိုက်ခိုက်ရန် ထိုလူကို အမိန့်ပေးလိုက် သည်။ သို့သော် ရှီယူ၏ ရိုက်ချက်ကြောင့် အပြင်သို့လွင့်သွားလေသည်။
ထိုနေရာမှ လှုပ်ရှားမှုများသည် အပြင်မှလူများကို အာရုံစိုက်လာစေ သည်။ အစောင့်များသည် ပြေးလာပြီး ရှီယူနှင့် ရှီမန်လီတို့ကို ဝိုင်းလိုက်ကြ သည်။
***