ရှီမာယူယူနှင့် ကျုံကျန်းဟန်ယွဲ့
Vol. 123 Ch. 1709
ကျုံကျန်းဟန်ယွဲ့သည် အိမ်ထဲမွှက်လာပြီး ခြံထဲမှ အစောင့်များကို အမိန့် ပေးလိုက်သည် “သူတို့ကိုဖမ်းလိုက် အသက်ရှုနေသေးသရွေ့ ဘာလုပ်လုပ်ရ တယ်”
ထိုသို့ပြောလိုက်သည်မှာ သူမသည် သူတို့ ထိခိုက်သည်ဖြစ်စေ မသန်စွမ်း ဖြစ်သွားသည်ဖြစ်စေ ဂရုမစိုက်ဟု ဆိုလိုသည်။
ရှီယူသည် ရှီမန်လီ၏ ရင်ခွင်ထဲမှ ဟိန်းသံလေးကို ညှစ်ပြီးပြောလိုက် သည် “မင်း သူမကို ကာကွယ်ရမယ် ဟုတ်ပြီလား”
ဟိန်းသံလေး ခေါင်းညိတ်လိုက်သည်။ သူ၏ ဝိညာဉ်အတားအဆီးသည် အချိန်တစ်ခုမျှခံနိုင်သော်လည်း ကြာရှည်တော့မခံပေ။
“သွားတော့”
ရှီယူ အရိုက်ခံထားရသော လူမှ လက်ဝေ့ယမ်းလိုက်သည်နှင့် အစောင့် များသည် သူတို့ကိုလာတိုက်ခိုက်လေသည်။ ရှီယူသည် ရှည်လျားသော ကြာပွတ်ထုတ်ပြီး သူတို့၏ လည်ပင်းကိုပတ်ပြီးဆွဲလိုက်သည်နှင့် ခေါင်းတခြား ကိုယ်တခြားဖြစ်သွားလေသည်။
“အား…” ဟိန်းသံလေးသည် သူ့မျက်လုံးများကို ကာပြီး အော်လေသည် “မိန်းကလေး နည်းနည်းလောက် မရက်စက်လို့မရဘူးလား”
“ဒီလိုအချိန်မှာ ဘယ်သူက သက်ညှာနေဦးမှာလဲ” ရှီယူ၏ ကြာပွတ်သည် အစောင့်များက ဝိညာဉ်စွမ်းအင် မသုံးနိုင်ခင်မှာပင် အဆက်မပြတ် ရစ်ပတ်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။
ရှီယူသည် အနည်းငယ် ရက်စက်သည်ဟု ရှီမန်လီလည်း ထင်သည်။ သို့သော် လက်ရှိအခြေအနေကို တွေးမိပြီး ပါးစပ်ပိတ်ထားရန်ဆုံးဖြတ်လိုက် ကာ ဟိန်းသံလေး၏ ပါးစပ်ကိုပါ ပိတ်ထားလိုက်သည်။
“အမှောင်ဝိညာဉ်စွမ်းအင် မင်းကအမှောင်ဝိညာဉ်သခင်ပဲ”
အစောင့်များသည် အော်လိုက်သည်။ အဲဒါကြောင့် သူမက တိုက်ပွဲမှာ အညှာတာမဲ့တာကိုး။
“မင်းတို့တွေ သွားလိုက်ကြ” အစောင့်သည် အနောက်မှ ပိုသန်မာသည့်လူ များကို အော်လိုက်သည်။ ရှီယူတစ်ယောက်တည်းနှင့် သူတို့လူအနည်းငယ်ကို တိုက်ခိုက်ရသည်မှာ သူမအတွက် အနည်းငယ်ပင်ပန်းလာသည်ဟု ခံစားလာရ သည်။
“မိုဒိဆန်း ဘယ်ရောက်သွားတာလဲ” သူမသည် စိတ်ထဲမှ ရေရွတ်မိသည်။ ယခုအတိုင်းဆက်သွားပါက သူမသည် တောင့်ခံရန်မဖြစ်နိုင်တော့ပေ။ သူမ အကူအညီတောင်းတော့မည့်အချိန်တွင် အစောင့်တစ်ဖွဲ့ဝင်လာပြီး ရှီယူကို ဝိုင်း လိုက်ကြသည်။ အထူးသဖြင့် သူမ ဝိညာဉ်စွမ်းအင် ထိမှန်သွားသည်ကို သူ မြင်လိုက်သည်နှင့် ရင်တစ်ခုလုံး တင်းကြပ်သွားသည်။ သူသည် အမြန်ပင် သူမ ဘေးသို့ရောက်သွားကာ ဝိညာဉ်စွမ်းအင် စုစည်းပြီးထိုလူများကို တိုက်ခိုက်လေ သည်။
“ဘယ်လိုနေလဲ” သူသည် စွမ်းအင်သိမ်းပြီး သူမဘေးတွင် ရပ်လိုက်သည်။
“ဘာလို့ အခုမှလာတာလဲ နည်းနည်းလေး နောက်ကျသွားရင် ကျွန်မ အရိုးပဲမြင်ရတော့မယ်” ရှီယူသည် နှုတ်ခမ်းစူပြီးပြောလေသည်။
“ငါ အဆိပ်ဖြေဆေးသွားယူနေလို့” မိုဒိဆန်းသည် အဆိပ်ဖြေဆေးကို ရှီယူ၏ မကျေမနပ်ဖြစ်နေမှုကို လျစ်လျူရှုကာ ရှီမန်လီဆီသို့ ပစ်ပေးပြီးနောက် ဆက်တိုက်ခိုက်လေသည်။
ယခုအချိန်မှာ စိတ်ကောက်ရန် မသင့်တော်ကြောင်း ရှီယူသိသဖြင့် မြေပေါ်မှထကာ ပြန်တိုက်ခိုက်တော့သည်။ ယခု မိုဒိဆန်းရောက်လာပြီဖြစ် သည်။ သူ့ကို သူမအပိုင်လူလိုမျိုး ပြောသည်မှာ မကောင်းလှပေ။ မဟုတ်လျှင် မိုဒိဆန်းသည် သူမကို ဒေါသထွက်နိုင်သည်။
ရှီမန်လီသည် အဆိပ်ဖြေဆေးစားလိုက်သည်။ စားပြီးနောက် ဝိညာဉ် စွမ်းအင်မှာ တဖြည်းဖြည်းပြန်ကောင်းလာပြီး ခံစားရပိုသက်သာလာသည်။
သူမ၏ ဝိညာဉ်စွမ်းအင် ပြန်ကောင်းလာပြီးနောက် တိုက်ပွဲတွင် ဝင်ပါ တော့သည်။ သို့သော် သူမသည် ငယ်ရွယ်ကာ ရှီမာယူယူကဲ့သို့ အတွေ့အကြုံ မရှိပေ။ အလုံးလေး၏ အကူအညီရှိသော်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ သော ထိုလူများ၏ စွမ်းအားနှင့်မယှဉ်နိုင်ပေ။
ကံကောင်းစွာပင် သူမတွင် ဟိန်းသံလေးရှိသည်။ ဟိန်းသံလေးသည် ဝိညာဉ်အတားအဆီးများ ပြုလုပ်ရာတွင် သူမတူသည့် အရည်အချင်းရှိသည်။ သူသည် တိုက်ခိုက်မှုစွမ်းအားများကို ပိတ်ပင်ပေးသဖြင့် သူမသည် ထိခိုက်မှု မကြီးမားပေ။
အစပိုင်းတွင် ကျုံကျန်းဟန်ယွဲ့သည် ဘေးမှရပ်ကြည့်နေသည်။ ရှီမန်လီ ဝိညာဉ်စွမ်းအား ပြန်ရသည်ကိုမြင်ပြီးနောက် သူမသည် ကာကွယ်ရေးဝင်္ကပါကို သိမ်းပြီး ရှီမန်လီကို တိုက်ခိုက်လေသည်။
“ဝိုး ဝိုး ဝိုး ဒီမိန်းမရောက်လာပြီ မင်းက ရုပ်ဆိုးတာက ထားလိုက်လို့ရ သေးတယ် ဒါပေမဲ့ အကျင့်မကောင်းတဲ့အပြင် ယုတ်မာသေးတယ် ဘယ်လို တောင် ချောင်းပြီးတိုက်ခိုက်ရဲတာလဲ” ဟိန်းသံလေးသည် အန္တရာယ်ကို ခံစားမိ ပြီး ရှီမန်လီ ဒဏ်ရာအပြင်းအထန်ရမည်ကို ကာကွယ်ရန် အချိန်မှီလေး ဝိညာဉ် အတားအဆီး ပြုလုပ်လိုက်သည်။
သူမ လှည့်ပြီး ကျုံကျန်းဟန်ယွဲ့ကို မျက်နှာချင်းဆိုင်လိုက်သည်။
“ဟိန်းသံလေး မင်းမှားနေပြီ ချောင်းတိုက်တာက သူမရဲ့ အကြိုက်ပြလေ သူမက ချောင်းတိုက်တာအပြင် တခြားဘာမှမလုပ်တတ်ဘူး” ရှီမန်လီသည် စကားများဖြင့် ထေ့ငေါ့ကာ ဟိန်းသံလေးကို ပြောလိုက်သည်။
“မင်းက မင်းအစ်မကြီးနဲ့အတူတူပဲကိုး အပြောကတော့ ရွှေပဲ မင်းကို ဖမ်း မိတဲ့အထိစောင့်လိုက် အဲအချိန်ကျ နားလည်လာလိမ့်မယ် ဒါတွေ… အကုန်လုံး က အသုံးမဝင်ဘူး” ကျုံကျန်းဟန်ယွဲ့သည် ပြောရင်းနှင့် လက်များဖြင့် လျင်မြန်စွာပင် ချိတ်စည်းပြုလုပ်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ သူမ လက် အကြားတွင် အမြန်ပင်စုစည်းသွားသည်နှင့် ရှီမန်လီသည် ထိုဝိညာဉ်စွမ်းအင်ကို ကြောက်ရွံ့မိသည်။
“သူမ စွမ်းအားက ဆယ်စုနှစ် နည်းနည်းလောက်နဲ့တင် ဒီလောက် တိုးတက်လာမယ်လို့ ထင်မထားဘူး” သူမသည် အလွန်ပင် ထိတ်လန့်သွားကာ အလုံးလေးကို အမြန်ခေါ်လိုက်သည်။ သူမသာ အလုံးလေးကို မနှိုးဘဲနေပါက သူမကိုယ်သူမ စတေးရတော့မည်ဖြစ်သည်။
ဟိန်းသံလေးသည်လည်း စိတ်မအေးဖြစ်လာကာ လောလေသည် “လီအာ လီအာ သူ့ကိုမြန်မြန်နှိုးလိုက် ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူးထင် တယ်”
ရှီမန်လီသည်လည်း စိတ်ပူလာသည်။ သို့သော် အလုံးလေးသာ အားကိုး မရပါက မတတ်နိုင်ပေ။ အလုံးလေးသည် သေတော့မည့်အချိန်ထိပင် မနှိုးသေး ပေ။
ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ….
မိုဒိဆန်းနှင့် ရှီယူတို့သည် အခြေအနေကိုမြင်နေရသည်။ သို့သော် သူတို့ သည် ပိတ်မိနေကာ ထွက်သွား၍မရပေ။
အားလုံးတွင် အတွေးများစွာဖြစ်နေကြသည်။ သို့သော် အချိန်သည် တစ်အောင့်မျှကြာသွားသည်။ ရှီယူတွင် တခြားသိုင်းကွက်များရှိလျှင်တောင် အချိန်တိုအတွင်း မပြီးနိုင်ပေ။
ကျုံကျန်းဟန်ယွဲ့ပစ်လိုက်သော အဖြူရောင်အလင်းတန်းကို မြင်လိုက် ချိန်တွင် ဟိန်းသံလေးအော်လိုက်သည်။ သူ ယနေ့မသေလျှင်တောင် သူ၏ လှပ သောအမွေးများ ပြုတ်ပြုတ်ပြုန်းသွားမည်ဖြစ်သည်။ သူသည် ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မည်ကို တွေးပြီး မျက်လုံးများကို ပိတ်လိုက်သည်။
အလင်းရောင်များ ထွက်လာသည်နှင့်အတူ သူသည် ရှီမာယူယူ၏ အပြစ် တင်သောအသံကို ကြားလိုက်ရသည့်ပုံပင်။ “မင်းကတော့လေ ရှက်ဖို့ကောင်း လိုက်တာ”
သူမျက်လုံးများဖွင့်ကြည့်လိုက်ရာ ဝိညာဉ်အတားအဆီးအတွင်းတွင် ရှိနေ သေးကာ မပျက်စီးဘဲ ရှီမန်လီနှင့်သူသည်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိပေ။
သူတို့ရှေ့တွင် တောင့်တရလွန်းသော လူတစ်ယောက်သည် ရပ်နေသည်။
“ယူယူ ယူယူ နောက်ဆုံးတော့ ရောက်လာပြီ” သူသည် ရှီမာယူယူဆီသို့ ပြေးသွားရာ မျက်ရည်များပင်ဝဲလာသည်။
“ရှက်ဖို့ကောင်းလိုက်တာ” ရှီမာယူယူသည် သူ့ကို အထင်သေးစွာဖြင့် ကောက်ယူလိုက်သည် “ခုနကအပြုအမူကို လုပ်ဦးမှာလား”
“အိုး… ကလေးလေး ကြောက်နေပြီ” ဟိန်းသံလေးသည် ရှီမာယူယူ အပြစ်တင်နေသည်ကို ဂရုမစိုက်ပေ။ သူသည် လေထဲတွင် ပျံနေရင်း သူမကို ကြည့်နေသည်။
ရင်းနှီးသော အပြုအမူနှင့် ရင်းနှီးသော ခံစားချက်ပင်။
ရှီမာယူယူ အချိန်မှီရောက်လာမည်ဟု ကျုံကျန်းဟန်ယွဲ့ထင်မထားပေ။ ယခုအချိန်မှာ သူတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သော်လည်း စိမ်းသက် နေခြင်းမရှိပေ။
ကျုံကျန်းမျိုးနွယ်ချေမှုန်းခံရပြီးနောက် ရှီမာယူယူ၏ ပုံရိပ်သည် သူမ၏ ခေါင်းထဲတွင် စွဲထင်နေခဲ့သည်။
“မင်းကို လာမရှာခင်ကို ကိုယ့်ဘာသာရောက်လာတာပဲ” ကျုံကျန်းဟန်ယွဲ့သည် မတွေ့တာကြာသည့်အလား ပြောလေသည်။
“ဒီလိုအခြေအနေမှာ ငါတို့ပြန်တွေ့လိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူသည် ဟိန်းသံလေးကို ရှီမန်လီ၏ ရင်ခွင်ထဲသို့ ပစ်လိုက်ပြီး ကျုံကျန်းဟန်ယွဲ့ကို မျက်နှာချင်းဆိုင်လိုက်သည်။
တခြားသူများသည် ရှီမာယူယူ ရောက်လာချိန်တွင် တိုက်ခိုက်မှုရပ်လိုက် ကြသည်။ မိုဒိဆန်းနှင့် ရှီယူတို့သည် သူမဘေးတွင် သွားရပ်လိုက်ကြသည်။
“မင်းအသက်ရှင်နေဦးမယ်လို့ ထင်မထားဘူး” ကျုံကျန်းဟန်ယွဲ့ ဆက် ပြောလေသည် “မင်းကို ကောင်းကင်က ကာကွယ်ထားတာပဲ ကြည့်ရတာ ဝိညာဉ်မီးအိမ်က မင်းအပေါ်အလုပ်မဖြစ်ဘူးထင်တယ်”
“အစကတည်းက ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်တို့ ပျက်စီးသွားပြီ လေ ဒါပေမဲ့ တစ်ခုခုလိုနေတယ်လို့ ထင်နေတာ၊ အခုမင်းတစ်ယောက်ကျန်နေ တာကိုး” ရှီမာယူယူ ပြောလိုက်သည်။
“ဒီနေ့က ငါတို့အဆုံးသတ်မယ့်နေ့ပဲ အရင်တစ်ခေါက်က မင်းထွက်ပြေး အောင်လုပ်မိလိုက်တယ် ဒါပေမဲ့ ဒီတစ်ခါတော့ ပြန်မွေးဖွားနိုင်ဦးမယ်လို့ ငါ မယုံဘူး”
“ဒီနေ့က အကုန်လုံးကို အဆုံးသတ်ရမယ့်နေ့ပဲ” ရှီမာယူယူသည် လောက အသေးဖွင့်လိုက်သည်နှင့် ရှီမာမျိုးနွယ်အစောင့်များထွက်လာပြီး တခြားသူများ နှင့်တိုက်ခိုက်ကြသည်။ သူမနှင့် ကျုံကျန်းဟန်ယွဲ့တို့လည်း တိုက်ခိုက်ကြလေ သည်။
ကျုံကျန်းဟန်ယွဲ့သည် လျင်မြန်စွာပင် သူမ၏ ဝိညာဉ်စွမ်းအင်ကို သုံး လေသည်။ သူမ၏ စွမ်းရည်မှာ ကြီးမားသောငှက်ဖြူဖြစ်သော်လည်း တခြား ငှက်များနှင့်မတူကာ ဝိညာဉ်စွမ်းအင်ဖြင့် စုစည်းထားခြင်းဖြစ်သည်။ ထိုအရာ သည် တခြားသူများကို ကိုးကွယ်လိုစိတ်ဖြစ်စေသည့် လက်တွေ့ကျသည့် ဖြူစင်မှုပင်ဖြစ်သည်။
“လောက်ပြီလား” ရှီမာယူယူ နှာမှုတ်လိုက်သည်။ သူမသည် ဝိညာဉ် စွမ်းအင်မသုံးဘဲနှင့် ငှက်ကြီးကို ပထမအကြိမ် ထိုးနှက်လိုက်သည်။
မြင့်မြတ်တဲ့ငှက်လိုမျိုး ဟန်ဆောင်ထားတာပဲ။ ဘယ်လောက်ထိ ဟန်ဆောင်နိုင်မလဲကြည့်ကြတာပေါ့။
***