← Chapters

အချိန်တစ်ခုလောက်တော့ မသတ်နဲ့

Vol. 123 Ch. 1710

အချိန်တစ်ခုလောက်တော့ မသတ်နဲ့

Vol. 123 Ch. 1710

ထိုထိုးနှက်ချက်နှင့်အတူ ရှီမာယူယူ၏ အားအင်ကုန်ခမ်းသွားသည်။ သူမ၏ လက်သီးထိုးချက်မှာ ကမ္ဘာကိုဖျက်ဆီးလိုက်သည့်အလား အားပါသည် ကို အားလုံးခံစားမိကြသည်။

ထိုထိုးနှက်ချက်သည် ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော ငှက်ဖြူကို ပြင်းထန်စွာ ထိခိုက်မိလေသည်။ အသံတစ်ချက်မှမထွက်သော်လည်း ငှက်ဖြူ သည် ကွဲအက်ကာ ပျောက်ကွယ်သွားသည်ကို အားလုံးမြင်လိုက်ကြသည်။

“ဘယ်လိုလုပ်ဖြစ်နို်ငမှာလဲ ငါ့မှာ ယုံကြည်မှုစွမ်းအားနဲ့ ကောင်းချီးရှိ တယ် အဲဒါကို မင်းဘယ်လိုလုပ် ရင်ဆိုင်နိုင်တာလဲ” ထိုစွမ်းအားသည် သူမ၏ အထူးစွမ်းအားဖြစ်ပြီး ရှီမာယူယူကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ကျုံကျန်းဟန်ယွဲ့ ထင်ထားသည်။ သူမ၏ စွမ်းအား အားလုံးမှာ ရှီမာယူယူအပေါ် သက်ရောက်မှု မရှိလိမ့်မည်ဟု ထင်မထားပေ။

“မင်းတစ်ယောက်တည်းမှာပဲ ယုံကြည်မှုစွမ်းအားရှိတယ်ထင်နေလား” ရှီမာယူယူသည် လက်သီးဆုပ်ကိုမှုတ်လိုက်သည် “မင်း အားကိုဒီလောက် မြန်မြန် တိုးအောင် ဘာနည်းလမ်းသုံးလိုက်လဲတော့ ငါမသိဘူး၊ မင်းက လျှို့ဝှက်နည်းလမ်းကို သုံးထားမှတော့ ငါ့လောက် ဖြူစင်တဲ့ယုံကြည်မှု စွမ်းအား ရှိမှာမဟုတ်ဘူး မင်းနောက်ကောက်ကျနေခဲ့ပြီ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းမှာ ဘယ်လိုလုပ် ယုံကြည်မှုစွမ်းအားရှိနေ တာလဲ” ကျုံကျန်းဟန်ယွဲ့သည် မယုံရဲပေ။ သူမ၏ အမူအရာမှာ ရိုင်းစိုင်းလာ သည်။

“ဘာလို့မဖြစ်နိုင်ရမှာလဲ ဒါပဲမဟုတ်ဘူးလား” ရှီမာယူယူသည် ယုံကြည်မှု စွမ်းအား ထုတ်လိုက်သည်။ ထိုအခိုက်တွင် သူမသည် အလွန်တရာပင် မြင့်မြတ် ဖြူစင်လှသည်။

ကျုံကျန်းဟန်ယွဲ့သည် မှင်တက်နေကာ မဖြစ်နိုင်ဟုသာ အဆက်မပြတ် ရေရွတ်နေသည်။

ရှီမာယူယူ၏ ယုံကြည်မှုစွမ်းအားမှာ အလွန်ပင် မြင့်မြတ်ပြီးဖြူစင်သည်။ ရှီမာယူယူနှင့်ယှဉ်လျှင် သူမ၏ ယုံကြည်မှုစွမ်းအားသည် အစစ်နှင့် အတုကဲ့သို့ ကွာခြားသည်။

ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့ ထိမှန်သွားသည်ကို ကြည့်နေခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

ငယ်ရွယ်စဉ်ကပင် ကျုံကျန်းဟန်ယွဲ့သည် သူမနှင့် ယှဉ်ပြိုင်ချင်ခဲ့သည်။ သူမကို နာကျင်အောင်လုပ်သည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ သူမ လောက် မတော်သဖြင့် မနာလိုခြင်းကြောင့်ဖြစ်သသည်။ အခု ရှီမာယူယူသည် သူမ၏ မာန်မာနကို နည်းနည်းစီ ချိုးဖျက်ကာ တစ်သက်လုံး အောက်တွင်သာ နေခိုင်းတော့မည်ဖြစ်သည်။

“ယူယူ သူမကို အခုမသတ်သေးနဲ့ဦး” မိုဒိဆန်း ရုတ်တရက် အော်လိုက် သည်။

မိုဒိဆန်း သူမကို ဘာကြောင့်တားသည်ကိုတော့ ရှီမာယူယူ မသိပေ။ သို့သော် သူ့ကိုယုံသောကြောင့် သူမ ခေါင်းညိတ်လိုက်သည်။

ကျုံကျန်းဟန်ယွဲ့သည် ပညာရှိစံအိမ်တော်၏ မြင့်မြတ်သောသမီးတော် ဖြစ်ထိုက်သည်။ သူမ၏ စိတ်ပိုင်းဖြတ်မှုသည် တခြားသူများထက်ခိုင်မြဲသည်။ သူမ တိုက်ချက်ကြီး ထိမှန်ပြီးသည့်တိုင်အောင် အမြန်ပင် ပြန်ကောင်းလာ သည်။

“ဘယ်သူ နိုင်လဲ ဘယ်သူ ရှုံးလဲ မသိနိုင်သေးဘူး”

သူမသည် မီးအရည်အချင်းဝိညာဉ်စွမ်းအင်ထုတ်ပြီး ငှက်နီကြီးအသွင် ပြောင်းလိုက်သည်။ ရှီမာယူယူသည် သဲ့သဲ့ပြုံးလိုက်ကာ မီးတောက်ဓားရှည် အသွင်စုစည်းလိုက်ပြီး သူမ၏ ငှက်ကိုနှစ်ပိုင်းဖြတ်လိုက်သည်။

သူမ၏ ဝိညာဉ်သိုင်းမှာ အလွယ်တကူပင် ဖျက်ဆီးခံလိုက်ရသည်ကို ကျုံကျန်းဟန်ယွဲ့ မြင်လိုက်သည်။ သူမသည် ရေအရည်အချင်း ဝိညာဉ်စွမ်းအင် စုစည်းကာ ရှီမာယူယူ၏ မီးတောက်ဓားပေါ်သို့ မိုးပေါ်မှ ရေတံခွန်ကိုသွန်ချ လိုက်သည်။ သို့သော် ရှီမာယူယူသည် လက်ဦးကာ သူမ၏ မီးတောက်ဓားကို သိမ်းပြီး ရေကြာပွတ်ပြုလုပ်ကာ ကျုံကျန်းဟန်ယွဲ့၏ ခါးကိုရစ်ပတ်လိုက်သည်။

ရှီမာယူယူတွင်လည်း ထိုစွမ်းရည်များရှိနေသည်ကို မြင်သောအခါ ကျုံကျန်းဟန်ယွဲ့သည် အံ့အားသင့်နေသည်။ နောက်ပိုင်းတွင် သူမကို ပြုံးပြ လေသည်။

သူမ၏ အပြုံးကိုမြင်သောအခါ ဒေါပွသွားတော့သည်။ သူမ ရှီမာယူယူကို သိသလောက်ဆိုလျှင် သူမ၏ အပြုံးသည် အနိုင်ရမည့်အခွင့်အရေးရှိနေသည် ဟုဆိုလိုသည်။

သူမသည် ရေကြာပွတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး နောက် တစ်ဖက်ဖြင့် မိုးကြိုးအရည်အချင်းဝိညာဉ် စုစည်းလိုက်သည်။ ထို့နောက်…

သူမတွင် မရှိတော့ပေ။

ကျုံကျန်းဟန်ယွဲ့သည် မြေပေါ်သို့ကျသွားသော်လည်း သူမ အလွယ်တကူ ရှုံးနှိမ့်ရသည့် အကြောင်းအရင်းကို မသိလိုက်ရပေ။ သူမ စိတ်ကူး ထားတဲ့ တိုက်ပွဲဘယ်ရောက်သွားတာလဲ။ သူမက ရှီမာယူယူဆီမှာ ဘာလို့ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရတာလဲ။ ဘာလို့ ဒီလိုအဆုံးသတ်ဖြစ်သွားတာ လဲ။ သူမရှေ့တွင် ပြန်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။

သူမ သေချာပေါက်…. သူမမှာ သုံးစရာဝိညာဉ်အရည်အချင်းတွေ အများ ကြီးရှိတာ။ သူမမှာ သုံးစရာ နည်းလမ်းတွေရှိသေးတယ်။ ဘာလို့ ဒီလိုမျိုး အလွယ်တကူ ရှုံးသွားရတာလဲ။

ရှီမာယူယူသည် သူမဘေးသို့ ဆင်းသက်လာသည်။ သူမသည် အပြစ်ကင်း စင်ဟန်ဆောင်တတ်သော မျက်လုံးများကို မယုံနိုင်စွာကြည့်လိုက်သည် “ခံပြင်းနေလား”

ကျုံကျန်းဟန်ယွဲ့သည် ခက်ခဲစွာဖြင့် မျက်လုံးလိမ့်ကာ သူမကို ရှင်းရှင်း လင်းလင်းကြည့်ရန် ကြိုးစားလိုက်သည်။

“တကတယ်တော့ ဘာမှခံပြင်းစရာမရှိဘူး အရင်တစ်ခေါက်က မင်း နိုင် သွားလို့ ဒီတစ်ခါလည်း နိုင်မယ်လို့ထင်နေတာမလား” ရှီမာယူယူသည် သူမ၏ အတွေးများကို ခန့်မှန်းလိုက်သည် “အရင်တစ်ခေါက်က ငါ့ရဲ့ယုံကြည်မှုကိုသုံး ပြီး ငါ့နောက်ကျောကိုဓားနဲ့ထိုးခဲ့တယ် ဒါပေမဲ့ ဒီတစ်ခေါက်က မတူဘူး၊ မင်းမှာ ငါ့ယုံကြည်မှုမရှိတော့သလို ငါ့ကိုလည်း နားမလည်သေးဘူး ဒါပေမဲ့ ငါကတော့ မင်းရဲ့စွမ်းရည် မင်းရဲ့အား မင်းဘာတွေသင်ခဲ့လဲဆိုတာ အကုန်သိတယ်၊ မင်း ဘာလုပ်ခဲ့တယ် ဘယ်တုန်းက တံခါးပိတ်ကျင့်ကြံလဲဆိုတာလည်း သိတယ်”

ကျုံကျန်းဟန်ယွဲ့၏ မျက်အိမ်မှာကျယ်လာကာ မဖြစ်နိုင်ဟု ပြောရန် ကြိုးစားလေသည်။ ရှီမာယူယူ၏ အသွင်အပြင်မှာ လုံးဝမတူတော့ပေ။ သူမ သည် အသေအချာပင်သိနေသည်။

“မဖြစ်နိုင်ဘူးလို့ ပြောချင်နေတာလား” ရှီမာယူယူ ဆောင့်ကြောင့်ထိုင် လိုက်သည် “မင်းက လူတွေရဲ့သခင်ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်၊ မင်းရဲ့ လှုပ်ရှားမှု တွေက လျှို့ဝှက်မထားနိုင်တော့ဘူးဆိုတာ သိထားသင့်တယ် ငါ့မှာ ရည်ရွယ် ချက်ရှိထားတယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးလေ၊ ငါလူနည်းနည်းလောက်ကို လာဘ်ထိုးလိုက်တာနဲ့ မင်းအကြောင်း အကုန်သိရတယ်”

“ဘယ်လို…”

“ကျုံကျန်းမျိုးနွယ်ကို ဖျက်ဆီးလိုက်တာနဲ့တင် ငါ့ရဲ့လက်စားချေမှုက ပြီးသွားပြီလို့ မင်းထင်နေလား၊ မင်းကိုမသတ်နိုင်သရွေ့ ဘယ်လိုလုပ် စိတ်အေး နိုင်မှာလဲ ငါက ငါ့ကိုယ်ငါသိသလို ရန်သူကိုလည်းသိတယ်”

ထိုအချိန်တွင် မိုဒိဆန်းနှင့် ရှီယူတို့ ရောက်လာသည်။ ရှီမာယူယူ မတ်တတ်ရပ်လိုက်သည် “ကောင်စုတ်ဒိဆန်း သူမကို ဘာလို့မသတ်ခိုင်းသေး တာလဲ ငါ့အတွေးကို မင်းသိလို့လား”

“ဟိုးတလောက တစ်ခုခုမှားနေတာကိုတွေ့ခဲ့တယ် သူမကို အသက်ရှင် လျကထားရင် စုံစမ်းလို့ရလိမ့်မယ်” မိုဒိဆန်း ပြန်ဖြေလို်ကသည်။

“ဘာကိစ္စလဲ” ရှီမာယူယူ မေးလိုက်သည်။

“အနက်ဝတ်လူ”

ရှီမာယူယူသည် အသက်ခပ်ပြင်းပြင်းရှုလိုက်သည်။ “အဲဒါက ပညာရှိ စံအိမ်တော်နဲ့ ပတ်သက်မယ်လို့ သံသယဝင်နေတာလား”

“အရင်ကတော့ အဲလိုမတွေးဘူး၊ ဒီမိန်းကလေးတွေကို ဒီနေရာကိုဖမ်း လာတာ တိုက်ဆိုင်မှုတော့မဟုတ်ဘူး၊ အခုတလော ဒီနားမှာ အနက်ဝတ်လူ တွေ ပေါ်လာတယ်၊ ဒါက ငါ့ခန့်မှန်းချက်သက်သက်ပါ အခုထိတော့ သက်သေ မရှိသေးဘူး” မိုဒိဆန်း ပြောလိုက်သည်။

ရှီမာယူယူသည် အတန်ကြာသည်ထိ တိတ်ဆိတ်သွားသည် “ပြောရင်းနဲ့ သူမကို သတ်လို့မရသေးဘူး သူမက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သော သမီးတော်ဖြစ်နေမှတော့ မိန်းကလေးတွေကို ပြန်ပေးဆွဲတာရဲ့ နောက်ကွယ်က လူကိုသိမှာပဲ၊ သူမ တစ်ခုခုသိနိုင်တယ် အသုံးဝင်တာ တစ်ခုခုများရှာနိုင်မလား လို့ ကြည့်တာပေါ့”

ကျုံကျန်းဟန်ယွဲ့သည် အမှန်တကယ်ပင် ဒဏ်ရာရထားသည်။ သူမသည် ရှီမာယူယူ၏ ရိုက်ခြင်းကိုခံလိုက်ရပြန်သည်။ သူမ ဝိညာဉ်အားနည်းသွားချိန် တွင် ရှီမာယူယူသည် အသုံးဝင်မည့် သတင်းကို ရရန် အမြန်ပင် သူမ၏ အသိစိတ်ထဲသို့ဝင်လိုက်သည်။

“ဘယ်လိုလဲ” ရှီယူ မေးလိုက်သည်။

ရှီမာယူယူသည် သက်ပြင်းချကာ စိတ်မပါစွာဖြင့် ပြောလေသည် “တကယ်ပဲ သူမကို အချိန်တစ်ခုလောက်တော့ သတ်လို့မရသေးဘူး”

“အနက်ဝတ်လူတွေရဲ့ နောက်ကွယ်မှာ ပညာရှိစံအိမ်တော်ရှိနေတာလား”

“ရှိလားမရှိလားကို မသေချာဘူး အနက်ဝတ်လူတွေက ပညာရှိစံအိမ် တော်နဲ့ အဆက်အသွယ်ရှိတာကို သူမ သိတယ်၊ အဲဒီမိန်းကလေးတွေကို အနက်ဝတ်လူတွေအတွက် ပြင်ထားတာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သူမက သူတို့နဲ့တော့ မဆက်သွယ်ဖူးဘူး”

“သူမကို ဆက်ထားဦးမှာလား” မိုဒိဆန်း မေးလိုက်သည်။

“မင်း ငါ့အကြောင်းသိပါတယ်” ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့၏ အသက်ကို ကယ်ရန် ဆေးတစ်လုံးကို သူမပါးစပ်ထဲသို့ ထည့်ပြီး ဆက်ပြော‌လေ သည် “သူမ ဒီတစ်ခေါက်လာတာက အနက်ဝတ်လူတွေနဲ့ ဆက်သွယ်ဖို့ပဲ သူမက အနက်တတ်လူတွေနဲ့ တွေ့ရမယ် ဒါဆိုရင် သူမ တစ်ခုခုသိမျာပဲ သူမ သေရင် သူမရဲ့အသက်ကျောက်စိမ်းကွဲသွားပြီး ပညာရှိစံအိမ်တော်က သိသွား မှာပဲ အဲလိုဆိုရင် အစီအစဉ်မဖြစ်ဘူး”

“ဒါဆိုရင် နှစ်ရက်လောက်တော့ သူမကို အရှင်ထားလိုက်တာပေါ့” ရှီမန်လီသည် တွန့်ဆုတ်စွာပြောလိုက်သည်။

“ဒီမိန်းကလေးတွေကရော” ရှီယူသည် ဆူဆူညံညံများကို ကြည့်ရန် အခန်းထဲမှထွက်လာသည့် မိန်းကလေးအဖွဲ့ကို ညွှန်ပြလေသည်။

***

All Chapters