← Chapters

အခြေအနေပြောင်းခြင်း

Vol. 123 Ch. 1711

အခြေအနေပြောင်းခြင်း

Vol. 123 Ch. 1711

ထိုမိန်းကလေးများသည် ရှီမာယူယူတို့ကို မြင်သောအခါ စုလိုက်ကြပြီး ကြောက်ရွံ့နေပုံပေါ်လေသည်။

ရှီမာယူယူသည် ခေါင်းကိုက်စွာဖြင့် သူတို့ကိုကြည့်လိုက်သည်။ ထိုလူများ ကို အခုလွှတ်လိုက်လျှင် သတင်းပျံ့သွားမည်။ သူမ၏ အစီအစဉ် ပြေားလိုက်ရ နိုင်သည်။ သို့သော် သူတို့ကို ဤနေရာတွင် ပိတ်ထားလျှင်လည်း မကောင်းပေ။

တကယ်ကို ခေါင်းကိုက်စရာပဲ။

“အစ်မကြီး သူတို့တွေက အဆိပ်မိထားကြတာ” ရှီမန်လီ ပြောလိုက်သည် “အဆိပ်မိတာကို အကြောင်းပြပြီး ဒီမှာအချိန်တစ်ခုလောက် နေခိုင်းထားလို့ရ တယ်၊ အဆိပ်ဖြေဖို့လိုသေးလို့ အချိန်တစ်ခုတော့ ထွက်သွားလို့မရဘူးလို့ ပြော လိုက်မယ်လေ”

“အဲဒီအစီအစဉ်ကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ နောက်ထပ် ဝိညာဉ်အတားအဆီးလုပ်လိုက်မယ် သူတို့ အဆိပ်မပျောက်သေး ခင် အပြင်ထွက်လို့မရဘူး တစ်ဖက်ကကိစ္စပြီးတာနဲ့ သူတို့ကို အဆိပ်ဖြေဆေး ပေးလိုက်မယ် ဒါနဲ့ အဆိပ်ဖြေဆေးကခက်လား”

ရှီမန်လီသည် ကျောက်စိမ်းပုလင်းထုတ်ပြီး သူမကို ပေးလိုက်သည် “အစ်ကိုကြီးဒိဆန်းက ဒါကိုညီမကိုပေးတာပဲ”

ရှီမာယူယူ ယူပြီး အနံ့ရှုကြည့်လိုက်သည်။ အထဲတွင် အဆိပ်ဖြေဆေး မရှိတော့သော်လည်း အနံ့ကျန်နေသေးသည်။

“အဆိပ်ဖြေဆေးက မခက်ပါဘူး ဘာသုံးထားလဲဆိုတာ သိလောက်မယ်၊ နောက်မှ အဆိပ်ဖြေဆေးထဲက ပါဝင်ပစ္စည်းတွေကို စစ်ကြည့်လိုက်မယ်” သူမ သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည် “အခု သူတို့ကိုသွားပြောလိုက်”

“မင်းမသွားဘူးလား” ရှီယူ မေးလိုက်သည်။

“ငါ ဒီလူကိုရှင်းရဦးမယ်” ရှီမာယူယူသည် မြေပေါ်မှလူကို ကောက်ယူ လိုက်သည်။ သူမသည် တွေ့သည့်အခန်းထဲသို့ ခေါ်သွားလိုက်ပြီး ဝိညာဉ် အတားအဆီးစီစဉ်ကာ ကျုံကျန်းဟန်ယွဲ့ကို ဝိညာဉ်စေတီအတွင်းထည့်လိုက် သည်။

သူမ ထွက်လာချိန်တွင် တစ်ယောက်တည်းဖြစ်သည်။ ကျုံကျန်းဟန်ယွဲ့ ၏ အမည်ကိုလိုအပ်နေသေးသဖြင့် ဝိညာဉ်စေတီအတွင်း ထည့်ထားလိုက်ခြင်း ဖြစ်သည်။

အထဲမှ ဝိညာဉ်သားရဲများ သူမကို မည်သို့ဆက်ဆံမည်ဆိုသည်က သူတို့ အပိုင်းဖြစ်သည်။ သို့သော် ရှီမာယူယူအပေါ်ထားရှိသော သူတို့၏ အချစ်နှင့် ပူပန်ပေးမှုများကြောင့် ကျုံကျန်းဟန်ယွဲ့ ထိုနေရာတွင် မည်သို့နေရမည်ကို တွေးကြည့်၍ရနေသည်။

ရှီမာယူယူသည် အခန်းထဲမှ ထွက်လာလိုက်သည်။ ရှီမန်လီသည် ထို မိန်းကလေးများနှင့် ညှိနှိုင်းပြီးဖြစ်လေသည်။

“ကျွန်မတို့ကို ကယ်ပေးတဲ့အတွက်‌ ကျေးဇူးတင်ပါတယ်” မိန်းကလေး များသည် ရှေ့တိုးကာ သူမအား တလေးတစား ကျေးဇူးတင်လေသည်။

“ကျွန်မကို ကျေးဇူးတင်ဖို့မလိုပါဘူး အဆိပ်ဖြေဆေးဖော်ဖို့ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဘယ်သူခွင့်ပြုနိုင်မလဲမသိဘူး” ရှီမာယူယူ ပြုံးလိုက်သည်။

“ကျွန်မကို စမ်းသပ်ပါ” ကျေးဇူးတင်စကားပြောသော မိန်းကလေးသည် သူမ၏ ဆန္ဒအရ ပြောလာသည်။

“ကျွန်မနဲ့လိုက်ခဲ့ပါ” ရှီမာယူယူသည် အိမ်အတွင်းသို့ ဝင်သွားကာ ထို မိန်းကလေးကို ခုံတွင်ထိုင်းခိုင်းပြီး လက်တောင်းလိုက်သည်။ သူမသည် သွေးခုန်နှုန်းစမ်းကြည့်ရာ တစ်မိနစ်ကြာသောအခါ ပြောလိုက်သည် “ဒီအဆိပ် က ပြဿနာပဲ ရက်နည်းနည်းတော့ ကြာလိမ့်မယ် ရှင်တို့ ဒီမှာ စောင့်မယ်ဆိုရင် ကျွန်မ အဆိပ်ဖြေဆေးဖော်ပြီးတာနဲ့ ပို့ပေးလိုက်ပါမယ်”

“ရှင်သွားတော့မလို့လား” မိန်းကလေး မေးလိုက်သည်။

“ကျွန်မတို့က တခြားလုပ်စရာလေးတွေရှိလို့ပါ ဒါပေမဲ့ ရှင်တို့ အဆိပ်ဖြေ ဖို့အတွက်ကိုတော့ အနှောင့်အယှက်မဖြစ်နိုင်ပါဘူး စိတ်ချပါ ရှင်တို့ကို ဂရုစိုက် ဖို့အတွက် နှစ်ယောက် နေခဲ့ပါလိမ့်မယ်၊ တခြားသူတွေ ဝင်လာလို့မရအောင် လည်း ဝိညာဉ်အတားအဆီးလုပ်ထားပါတယ် ရှင်တို့ကတော့ အားပြန်ပြည့်ဖို့ပဲ စောင့်နေလိုက်ပါ ပြီးတာနဲ့ ရှင်တို့ ထွက်သွားလို့ရပါပြီ”

“ကျေးဇူးတင်ပါတယ်” ထိုမိန်းကလေးသည် ကျေးဇူးတင်စကား ထပ်ပြောပြီးနောက် ထွက်သွားလေသည်။

ရှီယူသည် ဝင်လာပြီး တံခါးကိုမှီလိုက်သည် “ဘယ်သူနေခဲ့မှာလဲ”

“လီအာက ငယ်လွန်းတယ် ဒီကိစ္စတွေက သူမနဲ့ မသင့်တော်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူမလည်း ဒီမှာအချုပ်ခံထားခဲ့ရတာလေ သူတို့က သူမကိုပိုပြီးယုံလိမ့်မယ်”

“သူမ သဘောတူပါ့မလား”

“တူမှာပါ ငါကသူမအစ်မပဲ” ရှီမာယူယူ လှည့်လိုက်ရာ တံခါးအပြင်မှ မိုဒိဆန်းကို မြင်လိုက်သည် “မင်းက ဘာလို့လူသားလောကမှာ ရှိနေသေးတာ လဲ၊ အရင်တစ်ခေါက် လမ်းခွဲတုန်းက ပြန်သွားမယ်လို့ ပြောတာမဟုတ်ဘူးလား”

“ဟီးဟီး” ရှီယူသည် ရယ်မောပြီး ပြန်မဖြေပေ။

“ဒီလောက်နှစ်တွေအကြာကြီး သူ့ဘေးမှာနေနေတာလား” ရှီမာယူယူ သည် မယုံနိုင်စွာဖြင့် အံ့ဩနေသည်။

“အစတုန်းကတော့ သူ့နောက်ကိုလိုက်ခွင့်မပြုဘူးလေ ဒါပေမဲ့ နင် သိတယ်မလား ငါက စိတ်ပိုင်းဖြတ်ပြီးရင် နောက်မဆုတ်ဘူးလေ၊ သူက ငါ့ကို လျစ်လျူရှုတာတို့ မောင်းထုတ်တာတို့လုပ်တောင် ငါထွက်မသွားဘူးလေ သူ ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး” ရှီယူသည် ဂုဏ်ယူစွာြဖင့် ပြောလေသည်။

“အဆင့်တက်လာတာပဲ” ရှီမာယူယူသည် သူမကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူမသည် မိုဒိဆန်းကို အပြည့်အဝမရသေးသော်လည်း သူမကို လာကယ်သည်ဆိုသည့်အချက်မှာ အနည်းဆုံးတော့ သူမသည် သူ့အတွက် တန်ဖိုးရှိသောလူဖြစ်သည်ဟု ပြနေသည်။

တကယ်ကို ကြီးမားတဲ့ တိုးတက်မှုပဲ…

“သူ့နှလုံးသားထဲမှာ တခြားတစ်ယောက်ရှိတာ ငါသိပါတယ် ဒါပေမဲ့ ငါ ဂရုမစိုက်ဘူး အဲလူကိုမေ့ဖို့လည်း ငါ သူ့ကိုမပြောပါဘူး သူ့နှလုံးသားထဲကို ငါ ဝင်လို့ရမလားပဲ မေးမှာပါ အခုတော့ ရလဒ်ကကောင်းတယ် ငါကျေနပ်နေတယ် နောက်ဆုံးကျရင် သူ့ကိုရမယ်လို့ ငါယုံထားတယ်” ရှီယူ၏ မျက်လုံးများသည် မျှော်လင့်ခြင်းနှင့် ပျော်ရွှင်မှုများ အရောင်လက်နေသည်။

“နင် ကြိုးစားရမယ်” ရှီမာယူယူသည် သူမကို လက်သီးဝေ့ယမ်းပြလိုက် သည်။

သူမသည် မိုဒိဆန်းကို နှစ်ပေါင်းများစွာ သိလာသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အစောကတည်းကပင် တွေ့လာခဲ့ကြသည်။ သူ့ နှလုံးသားထဲတွင် တစ်စုံတစ်ယောက်ရှိပြီး ထိုအရာသည် လှပသည့် အမှတ်တရ မဟုတ်သည်ကိုလည်း သူမသိသည်။ မိုဒိဆန်းသည် ထူးဆန်းသော အကျင့်ရှိ သည်။ သူသည် ခေါင်းမာပြီး ရှေးရိုးစွဲသည်။ သူ့ကို ရသည်မရသည်မှာ ရှီယူ၏ အရည်အချင်းပေါ်မူတည်သည်။

“ဘယ်တော့ ထွက်သွားမှာလဲ ငါ့ကိုပါ လိုက်စေချင်လား” ရှီယူသည် မိုဒိဆန်း အကြောင်း များများစားစားမပြောချင်သဖြင့် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “အဲဒီကလူတွေက အရမ်းကို သတိရှိ တယ် သူတို့က သူတို့ဆက်သွယ်တဲ့လူကလွဲပြီး လက်ခံမှာမဟုတ်ဘူး နင် ငါ့နဲ့ အတူသွားရင် သူတို့ကို သတိပေးသလိုဖြစ်သွားမယ် ငါတစ်ယောက်တည်း သွား မယ်”

“ဘယ်တော့သွားမှာလဲ”

“ညပဲ ချိန်းထားတဲ့နေရာက သိပ်မဝေးဘူး နင် အနက်ဝတ်လူတွေကို စစ်ဆေးမှာမဟုတ်ဘူးလား အရင်ဆုံးအဲဒီကို သွားကြည့်လိုက်ဦးမယ် ပြီးမှ သတင်းလဲကြတာပေါ့” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ သတိထားပါ” ရှီယူသည် သူမကို မစိုးရိမ်ပေ။ သူမကို စိုးရိမ်‌နေ မည့်အစား တခြားလုပ်စရာကိုရှာလုပ်လိုက်မည်။ ထိုမှသာ အချိန်အလဟဿ မဖြစ်မည်။

နေ့ခင်းပိုင်းတွင် ရှီမာယူယူသည် ဝိညာဉ်စေတီသို့ဝင်ကာ အဆိပ်ဖြေဆေး ဖော်စပ်သည်။ ထိုလူများကို ဆယ်ရက်ကြာပြီးမှပင် အဆိပ်ဖြေဆေးပေးရန် ရှီမန်လီကို ပြောထားသည်။ ထိုလူများ ဝင်လာရန်မျာလည်း ဆယ်ရက်ကြာမည် ဖြစ်သည်။ မည်သူမှမရှိလျှင် အနက်ဝတ်လူများ သတိထားမိသွားနိုင်သည်။

သူတို့နှင့်တွေ့ဆုံရမည်မှာ ထိုမတိုင်ခင်ဖြစ်သည်။

သို့သော် သူမသည် ကျုံကျန်းဟန်ယွဲ့ကဲ့သို့ ရုပ်ပြောင်းကာ ချိန်းထားသည့် အချိန်တွင် ချိန်းထားသည့်နေရာသို့သွားသော်လည်း အနက်ဝတ်လူများ ရောက် မလာပေ။ နှစ်ရက်ကြာအောင် စောင့်ပြီးနောက်တွင် သူမသည် ခြံဝန်းသို့ပြန် လာလိုက်သည်။

“အစ်မကြီး” ရှီမန်လီသည် ရှီမာယူယူပြန်လာသည်ကို မြင်သောအခါ အံ့ဩနေသည်။ “ဘယ်လိုဖြစ်သွားလဲ”

ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “သူတို့ကိုအဆိပ်ဖြေဆေးပေးပြီး တော့ သွားခိုင်းလိုက်တော့”

မကြာမီတွင် ရှီယူနှင့် မိုဒိဆန်းတို့နှစ်ယောက်လုံး ပြန်လာသည်။

“ဘာဖြစ်သွားလဲ”

“အဲဒီဘက်မှာ တစ်ခုခုတော့ ဖြစ်နေပြီထင်တယ် အဲဒီအနက်ဝတ်လူတွေ မလာကြဘူး” ရှီမာယူယူ ပြန်ပြောလိုက်သည်။

“ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ သူတို့က ဒီကအဖြစ်ကိုသိလို့လား” မိုဒိဆန်းနှင့် ရှီယူတို့ အံ့ဩသွားကြသည်။ ကျုံကျန်းဟန်ယွဲ့သည် သတင်းပေး ရန်သူတို့နှင့် ချိန်းထားခြင်းဖြစ်ရမည်။ သို့သော် မည်သူ့ကိုမှမတွေ့ရသဖြင့် ပုံမှန် တော့မဟုတ်ပေ။

“မသိတော့ဘူး ကျုံကျန်းဟန်ယွဲ့ဆီကလည်း ဘာသတင်းမှမရဘူး အဲဒါကြောင့် ငါပညာရှိစံအိမ်ကိုသွားမလို့” ရှီမာယူယူသည် သူမ၏အစီအစဉ်ကို ပြောပြလေသည်။

“အစ်မက ပညာရှိစံအိမ်တော်ကို သွားချင်လို့လား” ရှီမန်လီသည် မိန်းကလေးများအားလုံးကို ပြန်လွှတ်လိုက်ပြီဖြစ်သည်။ သူမသည် ရှီမာယူယူ ပြောစကားကိုကြားသည်နှင့် ခွင့်မပြုသလိုပြောလေသည် “အစ်မ အစ်မက ပညာရှိစံအိမ်တော်က ထွက်လာတဲ့ စကားတွေကြောင့် နှစ်ပေါင်းများစွာ ယောက်ျားလေးလို ဝတ်ခဲ့ရတာသိတယ်မလား အဲဒါကို ကျားဂူထဲကိုသွားတဲ့ သိုးလေးဖြစ်အောင်လို့ ပညာရှိစံအိမ်တော်ကိုသွားမလို့လား”

***

All Chapters