← Chapters

အစီအစဉ်ပြောင်းခြင်း

Vol. 123 Ch. 1713

အစီအစဉ်ပြောင်းခြင်း

Vol. 123 Ch. 1713

ရှီမာယူယူ ခေတ္တမျှ တွေးလိုက်သည် “အပြင်က ကိစ္စတွေ သွားလုပ်နေ တုန်း ဒီလိုကိစ္စကြီးဖြစ်သွားမယ်လို့ ထင်မထားဘူး”

“မြင့်မြတ်သောသမီးတော်က လျှို့ဝှက်ကိစ္စတွေ သွားကိုင်တွယ်နေပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာကို ကျွန်မတို့အကုန်လုံးသိကြပါ တယ်၊ သတင်းပြတ်သွားတာလည်း ယာယီလောက်ပါပဲ” ကျုံကျန်းဟန်ယွဲ့ သည် ပညာရှိစံအိမ်တော်တွင် သာမာန်ထက်ထူးသော ရာထူးရှိသူဖြစ်သည်။ ထို့ကြောင့် အိမ်တော်ခွဲခေါင်းဆောင် ဂူချင်းပင်လျှင် သူမကို ယဉ်ကျေးရသည်။

“အခုတလော ရှေးဟောင်းဝိညာဉ်သားရဲတွေက အရမ်းအားကောင်းလာ ကြတယ်၊ သူတို့တွေက လူသားတွေကိုသတ်ပြီး ရတနာတွေအများကြီးကို ယူသွားကြတယ် သူတို့ကိုသာ ဖြေရှင်းနိုင်ရင် လူသားတွေအတွက်တော့ ကောင်းသွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှေးဟောင်းဝိဉာဉ် သားရဲတွေက ဒီသတင်းသိသွားရင် ဒီလိုဆက်လုပ်ခွင့်ပေးမှာမဟုတ်ဘူး”

“သူတို့ကိုရှင်းမယ်လို့ ရှေးဟောင်းဝိညာဉ်သားရဲတွေသာ သိရင် သူတို့ ဒီအတိုင်းရပ်မနေမှာကို ကြောက်ရတယ်” ရှီမာယူယူ ဆက်ပြောလေသည်။

“အဲဒါကြောင့် ဒီသတင်းကိုဖုံးဖို့အတွက် အကျိုးအကြောင်းသင့်တဲ့ အကြောင်းပြချက်ရှာဖို့လိုတယ်” ဂူချင်း ဆက်ပြောလေသည် “အခု ပြဿနာက ဒီတစ်ခုတည်းမဟုတ်ဘူးလေ”

ရှီမာယူယူ စဉ်းစားကြည့်သည်။ အခု သူတို့သာ အင်အားများကို စုစည်းပြီး ရှေးဟောင်းဝိညာဉ်သားရဲများကို တားဆီးမည်ဆိုလျှင် လုပ်ရမည်မှာ တစ်ခု နှစ်ခု မကပေ။

“ကောင်းကင်ခွဲနတ်ဆိုးဓားလား” သူမ ခန့်မှန်းလိုက်သည်။

“ဒါကြောင့် မြင့်မြတ်သောသမီးတော်က တကယ့်ကိုပဲ စံအိမ်တော်သခင် ရဲ့ သဘောအကျဆုံးဖြစ်နေတာ တကယ်ပဲ ကောင်းကင်ခွဲနတ်ဆိုးဓားပဲ” ဂူချင်း ပြောလေသည် “အခုနှစ်ပိုင်းတွေအတွင်းမှာ ကောင်းကင်ခွဲနတ်ဆိုးဓားက ဟိုဟို ဒီဒီပေါ်လာပြီး သတ်ဖြတ်တာတွေ အများကြီးဖြစ်စေခဲ့တာ၊ ပြီးခဲ့တဲ့ နှစ်တွေမှာ အဲဒီဓားကပိုရန်လိုပြီး ကြမ်းတမ်းလာတယ် အရေးအကြီးဆုံးက လူသားတွေရဲ့ လုံခြုံရေးပဲ”

“ဒီဆင်ခြေနဲ့ဆိုရင် ရှေးဟောင်းဝိညာဉ်သားရဲတွေက ငါတို့လုပ်နေတာ တွေကိုသိသွားရင်တောင် နတ်ဆိုးဓားအကြောင်း ဆွေးနွေးနေတယ်လို့ ထင်သွားကြမှာပဲ ဟုတ်တယ်” ရှီမာယူယူ လက်ခုပ်တီးလိုက်သည်။

“ဒါတွေအကုန်လုံး မြင့်မြတ်သောသားတော်ဆွဲထားတဲ့ အစီအစဉ်ကောင်း ပဲ” ဂူချင်းသည် မြင့်မြတ်သောသားတော် အကြောင်းပြောရာတွင် ဂုဏ်ယူနေ သည်။

“ဟုတ်ပြီ အလုပ်ကိစ္စအကြောင်း ပြောကြတာပေါ့” ရှီမာယူယူသည် အခန်းထဲမှလူများကိုကြည့်ပြီး ဂူချင်းကို ထွက်သွားခိုင်းရန် အချက်ပြလိုက်၏။

ဂူချင်းသည် နားလည်သွားကာ အခန်းထဲမှ တခြားလူများကို ပြောလိုက် သည် “မင်းတို့အကုန်ထွက်သွားကြတော့ အခုစောင့်ဖို့မလိုဘူး”

“ဟုတ်ကဲ့ပါ အိမ်တော်ခွဲသခင်”

အစေခံများအားလုံး ထွက်သွားသည်နှင့် ရှီမာယူယူ စတင်ပြောလေသည် “အမဲလိုက်အစီအစဉ်ဆိုတာ သိလား”

“ကြားဖူးပါတယ် ဒါပေမဲ့ ကျွန်မက အဲလောက် ထဲထဲဝင်ဝင်မဆက်သွယ် ဖူးဘူး အဲကိစ္စက မြင့်မြတ်သောသမီးတော် ဒီတစ်ခေါက်လာတဲ့ကိစ္စနဲ့ ဆက်စပ် နေလား” ဂူချင်း မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီကိစ္စက မင်းကို ပြောလို့မရဘူး ဒါပေမဲ့ အခုကအရေးကြီးနေတယ် မင်းကိုပဲလုပ်ခိုင်းရတော့မယ်”

“မြင့်မြတ်သောသမီးတော် အမဲလိုက်အစီအစဉ်ဆိုတာဘာလဲ” ဂူချင်း သည် ရှီမာယူယူ အလွန်သတိထားနေသည်ကို မြင်ရသည်။

“ဒါက…” ရှီမာယူယူ တွေဝေသွားသည်။ သူမကို မပြောပြလိုပေ။

“မြင့်မြတ်သောသမီးတော် ကျွန်မကိုမပြောရင် လက်အောက်ကလူတွေ ကို ခိုင်းလို့မရဘဲနေလိမ့်မယ် တစ်ခုခုမှားသွားရင် ဂိုဏ်းကိုဘယ်လိုဖြေရှင်းမှာ လဲ လက်အောက်ငယ်သားတွေ သိမှာကိုကြောက်တယ်ဆိုရင်တော့ စိတ်ချပါ အကြောင်းအရင်းကို မပြောဘဲ သူတို့ကိုခိုင်းမှာပါ” ဂူချင်းသည် အမဲလိုက် အစီအစဉ်ကို အလွန်သိချင်နေပြီဖြစ်သည်။ သူမ၏ ရာထူးကြောင့် သူမသည် အသေးစိတ် မသိရပေ။ အခု အခွင့်အရေးရလာတာဆိုတော့ ဘယ်လိုလုပ် လက်လွတ်ခံရမလဲ။

ကောင်းကောင်းသာ ကိုင်တွယ်နိုင်လျှင် ဂိုဏ်းမှ ဆုချနိုင်သည်။

“ဒါက…” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ တုံ့ဆိုင်းသွား ပြီးနောက် စိတ်ပိုင်းဖြတ်ပြီးသည့်အလား သက်ပြင်းချလိုက်သည် “မင်းပြောတာ မှန်တယ် ဒီကိစ္စက… ဒါပေမဲ့ မင်းသိပြီးရင် ဘယ်သူ့ကိုမှမပြောနဲ့ ဟုတ်ပြီလား”

“မြင့်မြတ်သောသမီးတော် စိတ်မပူပါနဲ့ ကျွန်မဘာမှမပြောပါဘူး အဲဒါကို စိတ်ပူနေတုန်းဆိုရင် ကျွန်မကျိန်ဆိုပါမယ်” ဂူချင်း၏ အပြုအမူသည် အလွန်ပင် စိတ်ပါလှသည်။

“ကျိန်ဖို့တော့ မလိုပါဘူး” ရှီမာယူယူ သူမကို တားလိုက်သည်။ “ငါ တွေဝေရတာက နောက်ဆိုရင် မင်း ဒီကိစ္စမှာ ပတ်သက်သွားမှာကို ကြောက် တာရယ်”

“မြင့်မြတ်သောသမီးတော် ပြောပြပေးပါ”

“တကယ်တော့ ဒီအမဲလိုက်အစီအစဉ်က တိုင်းပြည်တစ်ခုလုံးက မိန်းကလေးတွေကိုစု ဒီကိုခေါ်လာပြီး သူများကိုပြန်ပေးလိုက်တာပဲ” ရှီမာယူယူ သည် ချင့်ချိန်ပြီး ဝေဝေဝါးဝါးပြောလိုက်သည်။ ဂူချင်းသည် စိတ်ဝင်စားလျက်ရှိ သည်။

“အဲဒီမိန်းကလေးတွေက သူတို့သဘောမပါဘူးလား” ဂူချင်းမေးလိုက် သည်။

“သူများအတွက် ကျင့်စဉ်ဖိုကို ဘယ်သူကဖြစ်ချင်မှာလဲ ဒီကိစ္စကို လျှို့ဝှက်လုပ်ရတာ” ရှီမာယူယူသည် ထိုမိန်းကလေးများကို ဂရုမစိုက်သည့် အလား လျစ်လျူရှုသည့်လေသံဖြင့် ပြောလိုက်သည်။

ဂူချင်းသည် အနည်းငယ် အံ့ဩသွားသည်။ အမဲလိုက်အစီအစဉ်ဆိုသည် မှာ ယခုလိုဖြစ်လိမ့်မည်ဟု ထင်မထားပေ။ ကြည့်ရသည်မှာ ကောင်းသည့်ကိစ္စ တော့မဟုတ်ပေ။

“အဲဒီမိန်းကလေးတွေကို ဘယ်သူ့ကိုပေးတာလဲ” သူမ မေးလိုက်သည်။

“ငါလည်းမသိဘူး ခန့်မှန်းချက်အရတော့ အနက်ဝတ်လူတွေဖြစ်လောက် မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ” ဂူချင်း အော်လိုက်သည် “အနက်ဝတ်လူတွေက…”

ရှီမာယူယူ စ,နောက်နေပုံမရသည်ကို သူမမြင်သည်။ ထို့ကြောင့် သူမ နောက်ပြောမည့် စကားများကို မျိုချလိုက်သည်။

ဂိုဏ်းထဲတွင်တော့ မဖြစ်နိုင်စရာမရှိပေ။

သူမ ထိုကိစ္စကို နားလည်သည်အထိ ရှီမာယူယူ စောင့်ပြီး ဆက်ပြောသည် “ငါတို့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အများကြီးပို့ခဲ့ပြီးပြီ ထပ်ပို့စရာရှိသေးတယ် ဒါပေမဲ့ ပြဿနာရှိနေလို့”

“ဘာဖြစ်တာလဲ”

“လူတွေ ပျောက်သွားတယ်”

“လူတွေ ပျောက်သွားတယ်ဟုတ်လား”

“အင်း အဲဒီရွေးထားတဲ့ မိန်းကလေးတွေကို ဘယ်သူကယ်သွားတာလဲ မသိဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အခုတော့ ပေးစရာပစ္စည်းမရှိတော့ ဘူး ဒီကိစ္စကို စီစဉ်ထားတဲ့လူလည်း ငါ့ကိုလာမတွေ့ဘူး ဘာတွေဖြစ်နေတာလဲ ငါလည်းမသိတော့ဘူး”

“လူတွေ ပျောက်သွားမှတော့ လူရှာပြီးလုပ်ရမှာပေါ့” ဂူချင်း အကြံပေး လေသည်။

“မဟုတ်ဘူး အဲဒီမိန်းကလေးတွေကို သေချာရွေးထားတာ သာမာန် မိန်းကလေးတွေက လိုအပ်တာနဲ့မကိုက်ညီနိုင်ဘူး” ရှီမာယူယူ ပြောလိုက်၏။

“မြင့်မြတ်သောသမီးတော်က ကျွန်မတို့ကိုဘာလုပ်စေချင်တာလဲ အဲဒီလူ တွေကို သွားပြန်ဖမ်းရမှာလား” ဂူချင်း မေးလိုက်သည်။

“ငါ ကိစ္စတစ်ခုကြောင့် ရောက်သွားတာ နောက်ကျသွားတာ အဲဒီကို‌ ရောက်တော့ လူတွေမရှိတော့ဘူး ဘယ်လောက်ကြာသွားလဲတော့ ငါလည်း မသိဘူး၊ သူတို့ကို ဖမ်းမိရင်တောင် ဘယ်သူလုပ်လိုက်လဲ မသိနိုင်ဘူး”

“ကျွန်မတို့ဘာလုပ်ကြမလဲ”

“ဒီကိစ္စကို အခုတော့ ထားလိုက်ဦးမယ် ငါ စံအိမ်တော်သခင်ဆီသွားပြီး သတင်းပို့လိုက်မယ် သူတို့ဘာပြောမလဲကြည့်တာပေါ့” ရှီမာယူယူ ပြောလိုက် သည် “မင်းလုပ်ရမှာက ဒီကိစ္စလုပ်တဲ့လူကိုရှာပြီး သတ်ဖို့ပဲ၊ သူတို့တွေ အတွင်း သတင်းကို ဘယ်လောက်သိသွားလဲ ငါမသိဘူး အဲဒါကြောင့် သူတို့ သတင်းဖြန့် လိုက်လို့မဖြစ်ဘူး နားလည်လား”

“ဟုတ်ပြီ” ဂူချင်းသည် ပြန်ဖြေလိုက်သည်နှင့်အတူ တစ်ချိန်တည်းမှာ စိတ်အေးသွားသည်။

သူမသည် ထိုလူများကို သတ်လိုက်ရုံသာဖြစ်သည်။ ကိစ္စမှာ လွယ်သည်။ နောက်ပိုင်းကိစ္စများကို တာဝန်ယူရန်မလိုပေ။

ရှီမာယူယူသည် မိန်းကလေးများကို ချုပ်ထားသည့်နေရာကိုပါ သူမကို ပြောပြလိုက်ပြီး ထပ်ပေါင်းပြောလိုက်သည် “ဒီကိစ္စကို လျှို့ဝှက်လုပ်ရမယ် အမဲ လိုက်အစီအစဉ်နဲ့ အနက်ဝတ်လူတွေကိစ္စက ပညာရှိစံအိမ်တော်နဲ့ ပတ်သက် နေတာကို တခြားသူတွေသိရင် ရလဒ်က…”

“ကျွန်မနားလည်ပါတယ် သတိထားပါမယ်” ဂူချင်း ကတိပေးလေသည်။

“ငါ စံအိမ်တော်ခွဲသခင်ဂူရဲ့အရည်အချင်းကို ယုံပါတယ်” ရှီမာယူယူ ပြော လိုက်သည် “ငါ ဂိုဏ်းကိုပြန်ပြီး စံအိမ်တော်သခင်ကို ကိုယ်တိုင်သတင်းသွားပို့ လိုက်ဦးမယ် ထပ်ပြီးအချိန်ဆွဲလို့မဖြ်စတော့ဘူး”

ဂူချင်းသည် ပညာရှိစံအိမ်တော်၏ အဓိကလူများသာ အသုံးပြုနိုင်သော ဖြတ်လမ်းဝင်္ကပါသုံးသွားလေသည်။

ရှီမာယူယူသည် ဖြတ်လမ်းဝင်္ကပါသုံးကာ သူတော်စင်မြို့ကိုတိုက်ရိုက် သွားလိုက်သည်။

***

All Chapters