← Chapters

အခန်း ၁၄၉၂

Vol. 101 Ch. 1492

အခန်း ၁၄၉၂

Vol. 101 Ch. 1492

အပိုင်း (၁၄၉၂ က + ခ)

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းအနေနှင့် ပထမဦးဆုံး ပြုလုပ်သည့်အရာသည် လီချင်းယန်အား အင်မော်တယ်တောင်ပေါ်ရှိ တည်နေရာများကို လိုက်လံကြည့်ရှုစေသည်။ မိခင်အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး ထားရှိရန် အကောင်းဆုံးသောတည်နေရာကို ရှာဖွေရန် အမိန့်ပေးခဲ့ခြင်းလည်း ဖြစ်၏။

အစစ်အမှန်စိတ်ဝိညာဉ် ကျောက်တုံး သန်းတစ်ထောင်ဆိုသည်မှာ မဆိုးလှဘူး ဆိုသော်လည်း ပိုမို၍ တန်ဖိုးကြီး သည့်အရာသည် မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးဖြစ်သည်။ ထိုအရာသည် နေ့စဉ်နေ့တိုင်း ရွှေဥကြီးများကို ပေးနိုင်သည့် ငန်းကြီးပင်ဖြစ်၏။ အဆုံးမဲ့သော သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိစေနိုင်သည့် အရာလည်း ဖြစ်သည်။ တန်ဖိုးဖြတ်၍ မရနိုင်သော ရတနာဟုလည်း သတ်မှတ်နိုင်သည်။

မကြာခင်မှာပဲ လီချင်းယန်သည် တည်နေရာကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ပြိုင်စံရှားဂိုဏ်း၏ အရွယ် အစားသည် အောက်နယ်မြေမှာ ရှိစဉ်ကထက် ပိုမိုကာ ပြောင်းလဲသွားခဲ့သည် မဟုတ်သော်လည်း အင်မော်တယ် တောင်တန်းကြီး တစ်ခုလုံးသည် အလွန်တရာ ကြီးမားလွန်းလှ၏။ ထို့ကြောင့် မိခင်အစစ်အမှန်စိတ်ဝိညာဉ် ကျောက်တုံးအား ထားရှိရန် နေရာကို လွယ်လွယ်ကူကူဖြင့် ရှာဖွေတွေ့ရှိနိုင်၏။

တောဝက်ရိုင်းလေးသည် သင့်တော်သောနေရာတွင် တွင်းနက်ကြီးတစ်ခုကို တူးယူလိုက်၏။ ပြီးနောက် တပည့်များသည် အတွင်းဘက်၌ နန်းတော်ကဲ့သို့သော တည်နေရာကြီးတစ်ခု တည်ဆောက်ပြီး အလယ်ဗဟိုတွင် စင်မြင့်တစ်ခုကို ထားရှိလိုက်၏။ ထိုတည်နေရာတွင်တော့ မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးအား ထားရှိလေသည်။

“အစ်ကိုကြီး”

ကုကျောင်းရှစ်က ပြောလိုက်၏။ “ဒါက မကြာခင်မှာ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေ ဖြစ်လာလိမ့်မယ်”

“ဘယ်လောက်လောက် ကြာနိုင်လဲ”

“အမြန်ဆုံး ဆိုရင်တော့ နှစ်လေးရာ၊ ငါးရာလောက်ပေါ့။ နှေးမယ်ဆိုရင်တော့ နှစ်တစ်ထောင်လောက် ကြာမှာပေါ့”

“...........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ ဤကဲ့သို့သော အမြန်နှုန်းသည် မနှေးကွေးလွန်းလှသော်လည်း သူ၏ အဓိကတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ရမည့်အချိန်အတိုင်းအတာထက် များပြားလျက်ရှိ၏။ ထိုအခြေ အနေထိ စာင့်မည်ဆိုပါက သူ၏အုတ်ဂူပေါ်တွင် ရှိနေသော မြက်ပင်များပင်လျှင် ကြီးထွားလာပေလိမ့်မည်။

မိခင် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးသည် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို သန့်စင်ပေးနိုင်သည် ဆိုသော်လည်း အချိန်တော့ ပေးရ၏။

“ဒါကို အချိန်နဲ့ တည်နေရာလျှို့ဝှက်နယ်မြေထဲကို ထည့်ပြီးတော့ အရှိန်မြင့်လို့ရနိုင်လား” ကျွင်းချောင်ရှောင်းက စဉ်းစားလိုက်မိသည်။

စနစ်က ပြောလိုက်၏။ “လျှို့ဝှက်နယ်မြေရဲ့ အချိန်မြင့်တက်နိုင်မှု နှုန်းထားက အကန့်အသတ်အဖြစ် တည်ရှိ နေတယ်လေ။ အမြန်နှုန်းကို ပိုပြီးတိုးတက်စေနိုင်တယ်ဆိုရင်တောင်မှ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးလို အရာမျိုး မြန်မြန်ဆန်ဆန် ဖြစ်တည်လာဖို့ ဆိုတာက မဖြစ်နိုင်ဘူး။

“.........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ “အင်း... စနစ်ထဲက ကောင်းမွန်တဲ့ပစ္စည်းတွေ ဝယ်လိုက်တယ်ဆိုရင်ကော”

စနစ်က ပြောလိုက်သည်။ “ဒီအချိန်နဲ့တည်နေရာ လျှို့ဝှက်နယ်မြေက သိုင်းကျင့်ကြံသူတွေ ဝင်ပြီးတော့ သိုင်းကျင့်ဖို့ အတွက်ပဲ သုံးလို့ရတာလေ။ မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးကို အချိန်မြင့်တင်နိုင်ဖို့ဆိုတာက မသင့်တော်ဘူး။ ဒါပေမဲ့ မင်းအနေနဲ့ စနစ်ထဲမှာ သက်ဆိုင်တဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူလို့ ရနိုင်မယ်ဆိုရင် ဒီအရာကို မြန်မြန် ဆန်ဆန်နဲ့ သန့်စင်နိုင်လိမ့်မယ်။ ဥပမာအားဖြင့် သန့်စင်တဲ့ မြေဆီလွှာမျိုးပေါ့”

စနစ် သည် တစ်ချိန်လုံး စတိုးမှ ဝယ်ယူရန် ပြောဆိုလျက် ရှိနေသည်ဆိုသော်လည်း လိုချင်သည့်အရာများသည် အမှန်ပင် စတိုးထဲမှာ ရှိသည်။

“ဟင်း”

ကုန်းရှန့်သည် သက်ပြင်းချလိုက်၏။ ပြီးသည့်နောက် စနစ်၏ စတိုးအား ကျွမ်းကျင်စွာ ဖွင့်လိုက်၏။ ပြီးနောက် သူသည် ကြိတ်ကာဖြင့် ဆုတောင်းလိုက်၏။ “ငါ ဒါကိုပဲ မျှော်လင့်ရတော့မှာပဲ”

မကြာသေးခင်ကပင် စနစ်အား မမှီခိုတော့ဘဲ မိမိကိုယ်တိုင် ကြိုးစားမည်ဟုပင် ပြောဆိုခဲ့သေး၏။ လက်ရှိအချိန် မှာတော့ ကုန်းရှန့်သည် အရှက်မဲ့စွာဖြင့် ထပ်မံကာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မိခင်အစစ်အမှန်စိတ်ဝိညာဉ် ကျောက်တုံးသည် ဂိုဏ်းတစ်ခု၏ အနာဂတ်ကို သက်ရောက်စေနိုင်သည့်အရာပင်ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ပိုမိုပြီး မြန်ဆန်နိုင်သည့်နည်းလမ်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရပေလိမ့်မည်။

“ဒင်.... ဒင်...”

ငါးကြိမ်ဆက်တိုက် Refresh လုပ်ပြီးသည့်နောက် ကောင်းမွန်သည့်အရာများကို ရှာ၍ မတွေ့တော့ချေ။ ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်မိ၏။ “ငါ့ကို ဗွီအိုင်ပီအကောင့် အသုံးပြုဖို့ အတွက် အတင်းတွန်းအားပေးနေတာလား။”

ဂိုဏ်းအနေနှင့် ပိုမိုအားကောင်းလာစေရန် ကုန်းရှန့်သည် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရသည်။ နောက်ဆုံးမှာတော့ သူသည် တစ်လတာ ဗွီအိုင်ပီအသုံးပြုသူအဖြစ် အသက်သွင်း ခဲ့၏။ ပြီးနောက် သူသည် Refresh ပြုလုပ်ခွင့် ငါးကြိမ်တိတိ ထပ်မံ ရရှိခဲ့၏။ နောက်ဆုံးမှာတော့ သူလိုချင်သည့်အရာများကို ဘာတစ်ခုမှ မရရှိခဲ့ချေ။

“ပိုက်ဆံတွေ သုံးပြီးတော့လည်း အကောင့်ဖွင့်ပြီးပြီ။ ဘာလို့ ငါလိုချင်တာ မရရတာလဲ”

တောက်

တစ်လတာ ဗွီအိုင်ပီ အသုံးပြုသူအဖြစ် စာရင်းပေးသွင်းပြီးပြီ ဆိုသော်လည်း ကြိုးစားမှုသည် အလဟဿဖြစ်ခဲ့၏။ သူ့အနေနှင့် နောက်ထပ် Refresh ငါးခု ပြုလုပ်ချင်သည်ဆိုပါက နောက်တစ်လအထိစောင့်ရန် လိုအပ် နေသေး၏။ သို့မဟုတ် တစ်နှစ်တာ ဗွီအိုင်ပီအသုံးပြုသူအဖြစ် စာရင်းသွင်းရန်သာ ရှိသည်။ သို့ပေမဲ့ သူ့၌ ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းသာလျှင် ရှိတော့၏။ ထိုအရာသည် သူလုပ်ချင်သည့်အရာများကို ပြုလုပ်ရန် ခွင့်ပြု မပေးခဲ့ချေ။ ထို့ကြောင့် လက်လျော့ရန်သာ ရှိတော့သည်။

“ခက်ခဲလိုက်တာ”

ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “ဒါက ငါ့အတွက် အရမ်းကို ခက်ခဲ လွန်းတယ်”

....................

မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးကို အခြေချပြီးပြီဖြစ်သော်လည်း အစစ်အမှန်စိတ်ဝိညာဉ် ကျောက်တုံးများ မွေးထုတ်ပေးနိုင်ရန်အတွက်မူ အချိန်အတော်ကြာ လိုအပ်ပေလိမ့်ဦးမည်။

လက်ရှိအခြေအနေ၌ ပြိုင်စံရှား ဂိုဏ်းကို အမြန်အဆန်ဆုံး အကျိုးပြုမည့်အရာမျိုးတော့ မဖြစ်နိုင်သေးချေ။ သို့ပေမဲ့ စွမ်းအားမြင့်ဂိုဏ်းများဆိုသည်မှာ အချိန်အတော်ကြာကတည်းက တည်ရှိခဲ့သည့် ဂိုဏ်းများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လက်ရှိပြုလုပ်ခဲ့သည့် အရာသည် အနာဂတ်၌ ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိနိုင်မည့်အရာ ဖြစ်သည်။

ပြီးနောက် ကျွင်းချောင်ရှောင်းသည် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို မည်ကဲ့သို့ ဖြန့်ဝေရမည်ဆိုသည့်အကြောင်းကို စတင်ကာ စဉ်းစား လိုက်၏။

ဤကဲ့သို့ သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များသည် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုမိုကာ အဆင့် မြင့်မားလှ၏။ တပည့်များ၏ စွမ်းအင်စုပ်ယူနိုင်မှုကလည်း ပိုမို၍ အားကောင်းလာမှာ သေချာ၏။

အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သောင်း …။

အညီအမျှ ခွဲယူလိုက်မည်ဆိုလျှင် လူတစ်ယောက်လျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းခန့် ရရှိမည်ဖြစ်သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း အနေဖြင့် တပည့်များအား ထိုအရာများကို တိုက်ရိုက် မမျှဝေခဲ့ချေ။ ထိုအစား တစ်ယောက်ချင်းစီအား စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆီကိုသာလျှင် ပေးအပ်ခဲ့သည်။ ပြီးသည့်နောက် တပည့်များအား ဂိုဏ်းစုဆောင်းမှတ်များနှင့် လှည့်လည်၍ ရနိုင်သည့် လဲလှယ်ခြင်းစက်ထဲတွင် သွားရောက်ကာ ထည့်ထားခဲ့၏။

ဂိုဏ်းတာဝန်များကို ပြုလုပ်ပြီးသည့်နောက် ရရှိခဲ့သည့် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြု၍ စိတ်ဝိညာဉ်ကျောက်တုံးများကို လဲလှယ်နိုင်စွမ်း ရှိသည်။ ထိုမှသာလျှင် ဂိုဏ်းထဲတွင်ရှိသော ဂိုဏ်းသားများသည် ဂိုဏ်း၏ တာဝန်များကို ကြိုးကြိုးစားစားနှင့် ပြုလုပ်ပြီး အလုပ်ကြိုးစားကြတော့မှာဖြစ်၏။ ထို့အပြင် အထက်နယ်မြေဆီသို့ ရောက်ရှိလာပြီးသည့်နောက် တပည့်များ၏ ပစ္စည်းလဲလှယ်ခြင်းစက် (စတိုး) သည် တဖြည်းဖြည်းနှင့် အားနည်းသွားခဲ့သည်။

အားလုံးတို့သည် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုရမည့်နေရာ ရှားပါးလာခဲ့တော့သည်။ လက်ရှိအချိန်မှာတော့ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို ထားရှိခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့၏ စိတ်အားတက်ကြွမှုများ သည် ပိုမိုကာ တိုးတက်လာမှာ သေချာ၏။

“ဂျူနီယာညီလေးတို့ …. တာဝန်ပြုလုပ်ကြရအောင်”

“သွားကြမယ်။ သွားကြမယ်”

အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး အများအပြား တည်ရှိနေသည်ကို သိရှိပြီးသည့်နောက် ဂိုဏ်းသားများ၏ တာဝန် ပြုလုပ်ချင်သည့် စိတ်ဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း အနေဖြင့် လစဉ်လတိုင်း သိုင်းကျင့်ကြံခြင်းအရင်းအမြစ်များကို ဖြန့်ဝေပေးမည်ဖြစ်သည်။ ဂိုဏ်းစုဆောင်းမှတ်များရရှိအောင်အတင်းကြိုးစားပြီး ကျင့်ကြံခြင်းအပေါ် လျစ်လျှူရှုထားသည့် ကိစ္စရပ်များကိုလည်း မဖြစ်စေချင်ပေ။ သမမျှတအောင်နေထိုင်နိုင်မှသာလျှင် လူသားဆန် ပေလိမ့်မည်။ လူသားဆန်သည့် အခြေခံအချက်သည် ဂိုဏ်း၏ အဓိက မဖြစ်မနေ ရှိသင့်သည့် အချက်လည်း ဖြစ်၏။

“ငါ တကယ့်ကို ဆွံ့အမိတယ်”

အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို စီစဉ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီအထူးတာဝန်က တကယ့်ကို တင်းကြပ်လွန်းတယ်။ အားလုံး ပြီးတာတောင်မှ နှစ်ဝက်အထိ ထပ်ပြီးစောင့်ရသေးတယ်”

“မပေးတာမှ မဟုတ်တာ” စနစ်သည် အငေါ်တူးလိုက်၏။

....................

အချိန်များသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့၏။ သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များကြောင့် တပည့် များ၏ အဆင့်ချိုးဖြတ်မှုနှုန်းသည် ပိုမိုကာ မြန်ဆန်လာခဲ့သည်။ လဝက်အတွင်းမှာပဲ အဆင့်နိမ့် တည်နေရာ ချိုးဖြတ်ခြင်းအဆင့်မှသည် အလယ်အလတ်အဆင့် တည်နေရာချိုးဖြတ်ခြင်းအဆင့်ဆီသို့ ရောက်ရှိကုန်၏။ အလယ်အလတ်အဆင့် တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ပိုင်ဆိုင်သူများသည် အဆင့်မြင့် တည်နေရာ ချိုးဖြတ်ခြင်းအဆင့်ဆီသို့ ရောက်ရှိကုန်သည်။

“ဒါက အရမ်းအားကောင်းလွန်းတာပဲ” ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိ၏။

စနစ်က ပြောလိုက်သည်။ “အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေဆိုတာ သိုင်းကျင့်ကြံခြင်းအရင်းအမြစ်ရဲ့ အဆင့်မြင့်နေရာမှာ တည်ရှိတယ်လေ။ အဲဒီမှာ ပါဝင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက တကယ့်ကို ဆန်းကြယ်ပြီး အားကောင်းလွန်းတယ်။ ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး တွေနဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ”

“ဒါကြောင့် တပည့်တွေကို မြန်မြန်ဆန်ဆန်နဲ့ အဆင့်တက်နိုင်တဲ့နေရာမှာ ကူညီပေးနိုင်စွမ်း ရှိနေတာပေါ့။ ဒီနေရာမှာ တာအိုအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆိုရင် သူတို့ မိနစ်ပိုင်းအတွင်း အဆင့်တက်နိုင်မလား မသိဘူး”

လူသားတွေ၏ စိတ်ဆန္ဒအား ကျေနပ်အောင် ပြုလုပ်ဖို့ဆိုသည်မှာ ခက်ခဲလွန်းလှပေသည်။ ကုန်းရှန့်သည် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်ကို သိရှိပြီးသည့်နောက် ယခုထက်ပိုမိုကာ အဆင့် မြင့်မားသည့် တာအိုအဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုချင်လျက် ရှိနေသေး၏။

“ဂိုဏ်းချုပ်”

တစ်နေ့မှာတော့ လီချင်းယန်သည် ရုတ်တရက် ရောက်ရှိလာကာ ပြောလိုက်သည်။ “အပြင်ကို ထွက်လာကြည့်ပါအုံး”

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် အပြင်သို့ထွက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အနောက်မြောက်ဘက်၌ အလင်းတန်းများသည်တိမ်များဆီသို့ ထိုးတက်လျက်ရှိနေကြောင်း မြင်လိုက်ရ၏။ မြင်ကွင်းတစ်ခုလုံးတွင် အလင်းတန်းများ ဖုံးလွှမ်းလျက်ရှိ၏။

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ဒါက ရက်သုံးဆယ်တိတိပဲ”

ဟား ဟား ဟား ….။

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာကို ဖုံးအုပ်ကာဖြင့် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ဧကရီလင်းရောင်... ကျုပ်ရဲ့လက်ဆောင်ကို ခင်ဗျားနှစ်သက်ဖို့ မျှော်လင့်မိတယ်”

မိုင်းတွင်းကြီး ပေါ်ပေါက်လာခဲ့သည့် ပတ်ဝန်းကျင်ဒေသပြောင်းလဲမှုသည် အနောက်မြောက်ဒေသတစ်ခုလုံးတင် မကဘဲ အရှေ့တောင်အရပ်ဆီမှပင် မြင်နိုင်စွမ်းရှိ၏။ ထို့ကြောင့် အထက်နယ်မြေတစ်ခုလုံး၌ ကြီးမားသည့် သက်ရောက်မှုကြီးဖြစ်တည်မှာ သေချာ၏။

ဤအရာမှာ အမှန်ပင် ဖြစ်၏။ ကောင်းကင်ပေါ်သို့ အလင်းတန်း များ ထိုးတက်သွားပြီးသည့်နောက် များပြားလှသည့် တည်နေရာအသီးသီးမှ မိသားစုများနှင့် ကလန်များ၊ ဂိုဏ်းများ အားလုံးသည် စတင်ကာ လှုပ်ရှားခဲ့၏။ ၎င်းတို့၏ အထူးလက်ရွေးစင် သိုင်းကျင့်ကြံသူများအား အနောက်မြောက် ဒေသဆီသို့ စတင်ကာ စေလွှတ်တော့၏။ ရုတ်တရက် ဖြစ်တည်လာခဲ့သည့် ပတ်ဝန်းကျင် ပြောင်းလဲမှုကြီးသည် ရတနာတစ်ခုခု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းအဓိပ္ပာယ်ဖော်ဆောင်သည် မဟုတ်ပါလား။

“အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း၊ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း ပေါ်လာပြီ”

မိုင်းတွင်းနှင့်ပတ်သက်လျှင် အစောကတည်းက သုတေသန ပြုလုပ်ထားသော များပြားလွန်းလှသော သိုင်းကျင့်ကြံသူများသည် ပတ်ဝန်းကျင် ပြောင်းလဲမှု ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်သည်နှင့် ရူးသွပ်မတတ်ပင် ဖြစ်နေတော့၏။ ဤအလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီးတွင် မီးထောက်တိုင်များကဲ့သို့ပင် ထွန်းတောက်လျက် ရှိနေ၏။

လွန်ခဲ့သည့် နှစ်ပေါင်းရာချီက အချစ်အတွက်နှင့် ရူးသွပ်ခဲ့သည့် တစ်ကိုယ်တော်ကျင့်ကြံသူသည် ထောင်ချောက် များကို ဆင်ထားခဲ့၏။ လက်ရှိတွင် ၎င်း၏အကြံအစည်သည် အမှန်ပင် အောင်မြင်ပေသည်။

သို့ပေမဲ့ ၎င်းမထင်မှတ်ထားသည်မှာ လွန်ခဲ့သည့် နှစ်တစ်ရာတုန်းက ထားခဲ့သည့် ထောင်ချောက်အားလုံးအား ကုန်းရှန့်ဆိုသော အကောင်သည် ဖျက်ဆီးပစ်ရုံသာမက ၎င်းသိမ်းဆည်းထားခဲ့သည့် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးများ ကိုလည်း သိမ်းဆည်းသွားခဲ့၏။

အစတုန်းက ကျွင်းချောင်ရှောင်းအနေဖြင့် အစီအရင်၏ စနစ်များအားလုံးကို ဤအတိုင်းထားရှိရန် စဉ်းစားခဲ့ သေး၏။ သို့ပေမဲ့ တခြားသောသူများ ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် ထိုက်ရွှမ်အဘိုးအိုအား ပိတ်ပင်ရန် တားဆီးခဲ့ခြင်းပင်ဖြစ်သည်။ ဤအရာမှာ ဘာကိုဆိုလိုသနည်း။ ကုန်းရှန့်၌ လူသားတို့၌ ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သည့် စိတ်သဘောထား တည်ရှိနေခြင်းပင်ဖြစ်သည်။

...............

မိုးဆွေဟောခန်းသည် မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားခဲ့၏။ အဖွဲ့ဝင်များအားလုံးသည် တည်နေရာအနှံ့ဆီသို့ သွားလာ ခဲ့ပြီးသည့်နောက် ချက်ချင်း သတင်းပေးပို့နိုင်သည့် ကွန်ရက်တစ်ခုကို စတင်ကာ ဖွဲ့စည်းလိုက်သည်။

ဒွီ …. ဒွီ …. ဒွီ …. ဒွီ ……

မိုးဆွေဟောခန်း၏ အဓိကဟောခန်းထဲတွင် ကျွင်းချောင်ရှောင်းသည် ထိုင်လျက် ရှိ၏။ သူသည် တိုက်ပွဲများစွာကို အနိုင်ရရှိခဲ့သည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ ငြိမ်ငြိမ်သက်သက်နှင့်ထိုင်လျက်ရှိ၏။ သူ၏အနားတွင်ရှိသော တပည့် များအားလုံးမှာတော့ ရရှိခဲ့သည့် သတင်းအချက်များ အားလုံးကို သူ့ဆီသို့ ပြန်လည်ကာ ဖြန့်ဝေလျက်ရှိ၏။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်သည်။ “ရရှိတဲ့ သတင်းတွေအရဆိုရင် တာအိုအဆင့်ဂိုဏ်းက စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်က အစောကြီးကတည်းက ထွက်ခွာသွားခဲ့ပြီ။ သူတို့ရဲ့အားအင်အဆင့်က အနည်းဆုံး အစစ်အမှန်ရှာဖွေခြင်းအဆင့်မှာရှိတယ်”

ကျွတ် ကျွတ်

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “တကယ့် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းက လူတွေကို ဆွဲဆောင်နိုင်တာပဲ”

ဤအရာသည် သာမန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခုသာ ဆိုပါက တာအိုအဆင့်ဂိုဏ်းများအနေဖြင့် လေးလေးနက်နက် ထားလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများသည် အလွန်တရာ အားကောင်းလွန်းလှချေ၏။ ဆိုလိုသည်မှာ လက်ရှိ မိုင်းတွင်းသည် အလွန်တရာ ကြီးမားပေလိမ့်မည်။ ထို့ကြောင့် သူတို့အနေနှင့် လေးလေးနက်နက် ဖြစ်လို့နေခဲ့သည်။

ဟုတ်ပေသည်။ ကောင်းကင်နှင့်မြေကြီး၏ ပစ္စည်းများသည် ရေစက်ရှိသူသာ်ပိုင်ဆိုင်နိုင်မည့်အရာမျိုးဖြစ်၏။ များပြားလွန်းလှသော တကိုယ်တော်ကျင့်ကြံသူများ အားလုံးသည်လည်း ထိုနေရာဆီသို့ လှမ်းလာခဲ့ကြ၏။ ပတ်ဝန်းကျင်ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည့် နေ့ဝက်အတွင်းမှာပဲ အစစ်အမှန်ရှာဖွေခြင်း အဆင့်ပိုင်ဆိုင်သည့် စွမ်းအားမြင့်ကျင့်ကြံသူ ငါးဆယ်ကျော်တို့ထက်မနည်း သည် ဤမြက်ခင်းစိမ်းလွင်ပြင်ကြီး ဆီသို့ ရောက်ရှိလာခဲ့ ၏။

“တကယ့်ကို အလုံးအရင်းနဲ့ ရောက်ရှိလာခဲ့တာပဲ။ လင်းရောင်ရဲ့နယ်မြေနားမှာရှိနေတဲ့ ကောင်းကင်နဲ့မြေကြီး ဓာတ်သဘာဝတွေက ဒီလောက် အားမကောင်းလှပါဘူး။ ဘာလို့ ဒီနေရာမှာ မိုင်းတွင်းကြီး ပေါ်ပေါက်လာခဲ့တာလဲ။ ဖြစ်နိုင်တာက …”

အစစ်အမှန် ရှာဖွေခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများသည် တကယ့် စွမ်းအားမြင့်ကျင့်ကြံသူ အိုကြီးများပင် ဖြစ်ကြ၏။ မိခင်စိတ်ဝိညာဉ်ကျောက်တုံး ဤနေရာမျိုးတွင် တည်ရှိနိုင်သည်ဖြစ်ကြောင်းကို ခန့်မှန်း မိကြ၏။ ထိုသို့ဆိုလျှင် မည်သည့်အရာကိုပဲ ဖြစ်ဖြစ် သူတို့ လုယူရမှာဖြစ်သည်။

.................

ဆွစ် ဆွစ်

တစ်လောကလုံးအနှံ့ဆီမှ သိုင်းကျင့်ကြံသူများသည် အလျင်အမြန်ဖြင့် ရောက်ရှိလာခဲ့ကြ၏။ ရက်အနည်းငယ် အတွင်း တစ်ထောင်မှသည် တစ်သောင်း၊ တစ်သောင်းမှသည် တစ်သိန်း စသည်ဖြင့် တိုးတက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာ၌ မရှိချေ။ သို့ပေမဲ့ သူ၏တပည့်များကို အစောကြီးကတည်းက စေလွှတ်ထားခဲ့၏။ ထို့ကြောင့် မိုးဆွေဟောခန်းမှတဆင့် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို တမဟုတ်ချင်း သိရှိနိုင်စွမ်း ရှိနေ၏။

“ဒါက တကယ့်ကို ကြီးမားတဲ့ ကိစ္စရပ်ကြီးပဲ။ ဧကရီလင်းရောင် ထွက်မလာသေးဘူးလား”

“မလာသေးပါဘူး”

“ထူးဆန်းလိုက်တာ။ သူမရဲ့နယ်မြေမှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေ ဖြစ်နေတာလေ။ ဘာလို့ အထဲမှာ ထိုင်နေရတာလဲ”

ကျွင်းချောင်ရှောင်းအနေဖြင့် အလျင်မလိုလှချေ။ သို့ပေမဲ့ ပွဲသည် ယခုမှ စရုံသာရှိသေး၏။ ကောင်းကင်နှင့်မြေကြီးရှိ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု ပျောက်ကွယ်သွားသည့်အချိန်တွင် ကျွမ်းကျင်သူများ သည် အထဲသို့ ဝင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် ကျွမ်းကျင်သူများမှာ သံသယဝင်ကာဖြင့် ဧကရီ လင်းရောင်ကို လက်ညှိုးထိုးမှာ သေချာသည်။

အချက်အလက်အားဖြင့် ကုန်းရှန့်၏ အစီအစဉ်သည် တကယ့်ကို ကောင်းမွန်လွန်းလှ၏။ လက်ရှိအခြေအနေမှာ ဧကရီလင်းရောင်သည် ပေါ်မလာသေးချေ။

သူမသည် အထဲရှိ သူမ၏ အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိသည်။ သူမ၏ လေသံသည် အနည်းငယ် စနိုးစနှောင့် ဖြစ်လို့နေခဲ့၏။ “ဘာလို့ ကြီးမားလှတဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးက ဒီမှာပေါ်လာရတာလဲ”

“အရှင်”

ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြုံးလိုက်မိသည်။ “ဒါက အရှင့်အတွက် အခွင့်အရေးတစ်ခုလို့ ထင်တယ်”

ဧကရီလင်းရောင်သည် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ဒီစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ပေါ်ပေါက်လာတာက တခြားဂိုဏ်းအသီးသီးကို ဆွဲဆောင်သလို ဖြစ်နေတယ်လေ။ တစ်စုံတစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင် ငါ့ရဲ့ နယ်မြေကိုပါ ထိခိုက်လာနိုင်မယ်လို့ ထင်တယ်”

အချက်အလက်အားဖြင့် သူမ၏ အိမ်တံခါးနားတွင် သူမကိုယ်တိုင် သတိမပြုမိဘဲ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ပေါ်ပေါက်လာခြင်းသည် သူမအား တကယ်ပင် စိတ်စနိုးစနှောင့် ဖြစ်မိစေ၏။ တစ်လောကလုံးသည် ထိုအရာကို သိရှိကြ၏။ သို့ပေမဲ့ ထိုအရာကို လိုချင်သည်ဆိုပါက ကျိန်းသေပေါက် ကြီးမားသည့် ပေးဆပ်မှုကြီးကို ပေးရမှာဖြစ်သည်။

“ဟင်း”

သူမသည် သက်ပြင်းချလိုက်မိ၏။ “အချိန်ကိုက် ကြိုပြီးတော့ လုပ်ထားနိုင်မှ သေချာလိမ့်မယ်လို့ ထင်တယ်”

အစိမ်းရောင်မြက်ခင်းပြင်ကြီးသို့ များပြားလှသော သိုင်းကျင့်ကြံသူများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့ထဲမှ ခုနှစ်ဆယ်ရာခိုင်နှုန်းသည် ပွဲလာကြည့်ကြခြင်း သက်သက်သာဖြစ်၏။ တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ ဤအရာကို ရရှိရန်အတွက် လုံလောက် သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြသည်။

ဝှစ် ဝှစ်

အလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ကာ အပေါ်သို့ တက်နေ၏။ သုံးရက်နီးပါးခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ နှစ်တစ်ရာအတွင်း အသက်ဝင်ရန်ဖန်တီးပြုလုပ်ထားသည့် အစွမ်းသက်ရောက်မှုများသည် ကုန်ဆုံးသွားခဲ့တော့၏။ ထို့ကြောင့် မြေပြင်တစ်ခုလုံးသည် ကွဲအက်လာခဲ့သည်။ ဆန်းကြယ်လှသော ကောင်းကင် နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် အပေါ်သို့ ထိုးတက်လာ၏။

“ထွက်လာပြီ။ သွားကြရအောင်”

ဝှစ် ဝှစ် ဝှစ်

ချက်ချင်းပဲ အားလုံးတို့သည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။ တချို့ဆိုလျှင် ၎င်းတို့၏ အားကောင်းလှသော အစစ်အမှန် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် ကွဲအက်လျက်ရှိနေသည့် မြေဆီလွှာများကို ဆွဲကာ မထား၏။

အထဲရှိ အစီအရင်၏ စနစ်သာ အသက်ဝင်သေးသည်ဆိုပါက တစ်ခါတည်း ပေါက်ကွဲထွက်၍ ကြောက်မက်ဖွယ်ရာကောင်းသည့်မြင်ကွင်း ဖြစ်လာမှာ သေချာ၏။ ကုန်းရှန့်၏ ကျေးဇူးကြောင့် ၎င်းတို့သည် အမှန်ပင် ဘေးအန္တရာယ် ကင်းရှင်းနေကြသည်။

ဝှစ် ဝှစ် ….။

အက်ကွဲကြောင်းကြီးသည် ပိုမိုကာ ချဲ့ထွင်လာခဲ့၏။ ကောင်းကင်နှင့် မြေကြီးရှိ ဓာတ်သဘာဝများသည် ပိုမိုကာ များပြားလာခဲ့၏။

ဤအရာသည် စွမ်းအားမြင့် ကျင့်ကြံသူများကို ပိုမိုကာ စိတ်လှုပ်ရှားစေခဲ့၏။ အထဲတွင် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး မည်မျှရှိသည်ကို စတင်ကာ စိတ်ကူးယဉ်လာခဲ့ကြသည်။

“တူးမယ်။ တူးမယ်”

အားလုံးတို့သည် စိတ်အားတက်ကြွလျက် ရှိသည်။ သို့ပေမဲ့ လှိုဏ်ခေါင်းကြီးကို ဖွင့်လှစ်ပြီး သည့်နောက် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ အားလုံး မရှိတော့သည်ကို နားလည်လိုက်မိ၏။ ထို့ကြောင့် ဆွံ့အသွားမိခဲ့သည်။ ဤအရာသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် အက်ကွဲကြောင်းကြီး ဖြစ်တည်လာပြီးသည့်နောက် ပျောက်ကွယ်သွားရသနည်း။

ဖြစ်နိုင်သည်မှာ....

အားလုံးသည် အလောတကြီးဖြင့် နံရံနားဆီသို့ တိုးကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ဘာတစ်ခုမှ တည်ရှိနေခြင်း မရှိကြောင်းကို နားလည်လိုက်မိသည်။ ၎င်းတို့သည် ခံစားချက်ကို မည်သို့မှ မဖိနှိပ်နိုင်ဟန်ဖြင့် ရုတ်တရက်ထကာ ဆဲဆိုလိုက်မိတော့၏။

“ချီးတဲ့မှ... တစ်စုံတစ်ယောက်က ဒီဟာကို အရင်ယူသွားခဲ့တာပဲ”

All Chapters