ဝူလင်းယူပြန်လာတာလား
Vol. 123 Ch. 1714
သူတော်စင်မြို့တော်… တစ်မြို့လုံးမှာ နန်းတော်သဖွယ် တည်ဆောက် ထားသည်။ နန်းတော်တစ်ခုလုံးမှာလည်း ဖြူစွတ်နေသည်။ ရှီမာယူယူသည် ပထမဆုံး အမြင်ကိုအကျဉ်းချုပ်ကြည့်လိုက်သည်… ဟန်များလိုက်တာ။
ကျုံကျန်းဟန်ယွဲ့၏ အသွင်အပြင်နှင့်ဆိုလျှင် ထိုနေရာတွင် ပို၍အကျိုး အမြတ်ရှိသည်။ သူမကို မြင်သူများသည် အရိုအသေပေးရသည်။ သူမသည် ပြုံး ရုံပြုံးပြီး သူတို့ကို အသာလေးခေါင်းညိတ်ပြရုံပင်ဖြစ်သည်။
“မြင့်မြတ်သောသမီးတော် နောက်ဆုံးပြန်လာပြီပဲ” အစေခံမိန်းကလေး ပြေးလာလေသည်။
ထိုသူမှာ သူမ၏ ကိုယ်ပိုင်အစေခံဂူရှီဖြစ်ကြောင်း ရှီမာယူယူ မှတ်မိသည်။ ကျုံကျန်းဟန်ယွဲ့ လျှို့ဝှက်တာဝန်သွားလုပ်စဉ်က သူမကို သူတော်စင်မြို့တော် တွင်ထားခဲ့သည်။
“ဘာကိစ္စလဲ” သူမသည် ကျုံကျန်းဟန်ယွဲ့၏ လေသံအတိုင်း လျစ်လျူရှု ပုံနှင့် ပြောလိုက်သည်။
“ဒီအစေခံက သခင်မလေးကို ဒီမတိုင်ခင်က ဆက်သွယ်ကြည့်သေးတယ် ဒါပေမဲ့ ဆက်သွယ်လို့မရဘူး တစ်ခုခုဖြစ်နေပြီထင်လိုက်တာ” ဂူရှီသည် စိုးရိမ် တကြီးပြောလိုက်သည်။
ရှီမာယူယူသည် သူမကိုတစ်ချက်ကြည့်လိုက်သည် “ငါ လျှို့ဝှက်တာဝန် သွားလုပ်တာကို သိသားနဲ့ ငါ့ကိုဆက်သွယ်ဖို့ အဆင်မပြေတာ သဘာဝပဲလေ ဘာတွေများ ပျာယာခတ်နေတာလဲ”
“ဒီအစေခံမှားသွားပါတယ်” ဂူရှီသည် ခေါင်းငုံ့သွားသည်။
“အင်း ပြန်သွားပြီးမှ ပြောကြတာပေါ့” ရှီမာယူယူ လှည့်ပြီးလျှောက်ထွက် လာသည်။
“ယိုး ဒါက ငါတို့ရဲ့ မြင့်မြတ်သောသမီးတော် အသစ်ကလေးမလား ဘာလို့ ဒီလောက်အလောတကြီး ပြန်လာတာလဲ ငါတို့စံအိမ်တော်သခင်ကို လွမ်းနေလို့လား” ထူးဆန်းသော အသံသည် ဘေးမှထွက်လာသည်။ ရှီမာယူယူ လှည့်ကြည့်လိုက်ရာ မက်မွန်ပွင့်များထိုးထားသည့် အဖြူရောင်ဝတ်စုံဝတ်ဆင် ထားသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမ ရောက်လာ သည်နှင့် ဘေးတွင် လူများအုံလာသည်။
သူမသည် ကျုံကျန်းဟန်ယွဲ့၏ မှတ်ဉာဏ်ကိုကြည့်လိုက်သည်။ မကြာခင် တွင် သူမသည် ထိုမိန်းကလေး၏ သရုပ်မှန်နှင့် သူတို့အကြားမှ ရန်ငြိုးရန်စကို သိသွားသည်။
ထောင်ရှဲအာ… ပြီးခဲ့သည့်အခေါက် ကျုံကျန်းဟန်ယွဲ့နှင့်အတူ မြင့်မြတ် သောသမီးတော်ဖြစ်လာသော မိန်းကလေးများထဲက တစ်ယောက်ဖြစ်သည်။ သူမ၏ အောင်နိုင်မှုအခွင့်အရေးမှာ ကြီးမားလှသဖြင့် သူမကိုယ်သူမ မြင့်မြတ် သောသမီးတော်ဖြစ်နေပြီဟု တွေးနေသူဖြစ်သည်။ မထင်မှတ်စွာပင် ကျုံကျန်း ဟန်ယွဲ့သည် မြင့်မြတ်သောသမီးတော်ဖြစ်လာခဲ့သည်။ သူမသည် ပင်မ စံအိမ် တော်တွင် နေနေသော်လည်း အမြဲတစေ ကျုံကျန်းဟန်ယွဲ့ကို နှောင့်ယှက်သူ ဖြစ်သည်။
ထို့အပြင် ကျုံကျန်းဟန်ယွဲ့ မြင့်မြတ်သောသမီးတော်ဖြစ်လာရခြင်း အကြောင်းအရင်းမှာ စံအိမ်တော်သခင်နှင့် မရှင်းသောဆက်ဆံရေးကြောင့် ဖြစ် ရမည်သူ သူမ အမြဲတမ်းတွေးနေခဲ့သည်။ ထို့ကြောင့် သူမသည် ကျုံကျန်းဟန်ယွဲ့နှင့် တွေ့ရန် အမြဲတစေ အခွင့်အရေးရှာနေခဲ့သည်။
ကျုံကျန်းဟန်ယွဲ့သာဆိုလျှင် ထောင်ရှဲအာနှင့် စကားများနေဦးမည်။ သို့သော် ရှီမာယူယူသည် သူမ မဟုတ်ပေ။ သူမသည် မိန်းကလေးများအကြားမှ ကြံစည်မှုများကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူမသည် တစ်ချက်ကြည့်ပြီး နောက် ပြန်မဖြေဘဲ ထွက်သွားလိုက်သည်။
“ဟင် ဒီမိန်းကလေးက အကျင့်စရိုက်များပြောင်းသွားတာလား၊ ဘာတစ် ခွန်းမှမပြောဘဲ ထွက်သွားတာပဲ” ထောင်ရှဲအာသည် ရှီမာယူယူ၏ ကျောပြင်ကို တအံ့တဩ ကြည့်လေသည်။ သူမသည် တွန်းလှန်ရန် ပြင်ဆင်ထားပြီးဖြစ် သည်။
အခု သူမသည် ဝါဂွမ်းကို ထိုးလိုက်ရသကဲ့သို့ ခံစားရသဖြင့် မသက်မသာ ဖြစ်မိသည်။
“သခင်မလေး ဒီလိုလူမျိုးကို ဂရုစိုက်နေဖို့မလိုဘူး” အစေခံမိန်းကလေး သည် ဘေးမှပြောလေသည် “သူမ ညီလာခံကို ဖျက်ဆီးတာကိုပဲစောင့်နေလိုက် သူမ ထောင်လွှားနိုင်မလားဆိုတာ ကြည့်တာပေါ့ မိသားစုထောက်ပံ့မှုမရှိတဲ့ ဒီလိုလူမျိုးက ဂိုဏ်းကတစ်ခါငြင်းလိုက်တာနဲ့ ဘာမှမဟုတ်တော့ဘူး”
ထောင်ရှဲအာသည် နောက်ဆုံးမှပင် ပျော်သွားကာ ပြောလေသည် “မင်း ပြောတာဟုတ်တယ် ပွဲကြီးပွဲကောင်းကို စောင့်ကြတာပေါ့”
ရှီမာယူယူသည် သူမ နေသည့်နေရာသို့ပြန်လာလိုက်သည်။ အစေခံ မိန်းကလေးတစ်စုသည် သူမကို အမြန်လာနှုတ်ဆက်ကြလေသည်။
“မြင့်မြတ်သောသမီးတော်”
ရှီမာယူယူသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ကျုံကျန်းဟန်ယွဲ့သည် ဘဝကို ပျော်မွေ့စွာနေနေသည်ဟု တွေးလိုက်သည်။
“ဂူရှီ ငါနဲ့လိုက်ခဲ့ ကျန်တဲ့သူတွေ သွားကြတော့”
“ဟုတ်ကဲ့ပါ မြင့်မြတ်သောသမီးတော်”
ရှီမာယူယူသည် ဂူရှီကို အခန်းထဲသို့ ခေါ်သွားသည် “နောက်ပိုင်း မြို့ထဲမှာ ဘာတွေဖြစ်သွားလဲ”
“မြင့်မြတ်သောသမီးတော် ထွက်သွားကတည်းကနဲ့ အတူတူလောက်ပါပဲ ဒါပေမဲ့ ရာထူးမြင့်တဲ့တချို့လူတွေလည်း ပြန်လာပြီ မြင့်မြတ်သောသားတော် လည်း ပြန်လာတဲ့ပုံပဲ”
ရှီမာယူယူ အသက်ရှုကြပ်သွားသည်။ မြင့်မြတ်သောသားတော်လား။ ဝူလင်းယူ မဟုတ်ဘူးလား။
သူပြန်လာပြီလား။ သူမ ဘာလို့မသိရတာလဲ။
သူမသည် ပူရှိန်းသွားသော ခံစားချက်များကို ဖိနှိပ်ပြီး သူမကိုယ်သူမ စိတ်ငြိမ်အောင်လုပ်လိုက်သည် “သူက သွားတာကြာပြီမဟုတ်ဘူးလား ဘာလို့ အခုမှပြန်လာတာလဲ”
“စံအိမ်တော်သခင်က သူ့ကိုပြန်လာခိုင်းတယ်ပြောတာပဲ ညီလာခံ ကြောင့် ဖြစ်ရမယ်” ဂူရှီ ပြန်ဖြေလေသည်။
“အင်း တခြားရောရှိသေးလား” ရှီမာယူယူ မေးလိုက်သည်။
“တခြားဟာတွေတော့ အရင်နဲ့အတူတူပါပဲ ဘာမှမထူးခြားဘူး” ဂူရှီ ထပ် ပြောလိုက်သည် “အိုး ဟုတ်သားပဲ တစ်ခုရှိသေးတယ် မြင့်မြတ်သောသားတော် က မိန်းကလေးတစ်ယောက် ခေါ်လာတယ် ပြောတယ် သူမကို စံအိမ်တော် သခင်ကတော်တော်လေး သဘောကျနေတာ၊ စံအိမ်တော်သခင်နဲ့ မြင့်မြတ် သောသားတော်တိုနဲ့ ဆက်ဆံရေးကိုမှီခိုပြီး သူမက ဂိုဏ်းထဲမှာ ထောင်လွှားနေ တာ”
“သူက မိန်းကလေးတစ်ယောက်ကို ပြန်ခေါ်လာတယ်လား” ရှီမာယူယူ သည် ရုတ်တရက် သွေးများဆူပွက်သွားသည်ကို ခံစားရသည်။ သူမ၏ စွမ်းအား တချို့မှာ ပေါက်ကွဲတော့မလိုပင်။
“ဟုတ်ပါတယ်” ဂူရှီသည် သူမ မျက်နှာပြောင်းသွားသည်ကို မြင်လိုက် သည်။ “မြင့်မြတ်သောသမီးတော် သခင်မလေး…”
ရှီမာယူယူသည် အနည်းငယ်အလွန်အကျွံ တုံ့ပြန်မိသွားသည်ကို သိသည်။ သို့သော် သူမမငြင်းဆန်ပေ။ သူမ ချောင်းနှစ်ချက်ဟန့်လိုက်သည် “တခြားသူတွေကို မပြောနဲ့”
ဂူရှီသည် ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။ မြင့်မြတ် သောသမီးတော်က မြင့်မြတ်သောသားတော်ကို သဘောကျနေတာကိုး။ သူမ ခေါင်းညိတ်လိုက်သည် “ဒီအစေခံက သူများတွေကိုမပြောပါဘူး”
ထို့နောက် ရှီမာယူယူသည် မေးခွန်းတချို့ကိုမေးရာ ဂူရှီသည် တစ်ခုချင်းစီ ပြန်ဖြေလေသည်။ သူမ၏ လေသံနှင့် အရင်ကကိစ္စများကို နားလည်ထားခြင်း ကြောင့် သူမသည် ကျုံကျန်းဟန်ယွဲ့မဟုတ်သည်ကို သံသယမဝင်ကြပေ။
ထိုအချိန်တွင် စက္ကူကြိုးကြာဖြူ ပျံဝင်လာသည်။ ကျုံကျန်းဟန်ယွဲ့ ကြည့်လိုက်ပြီးနောက် ဂူရှီကို ပြောလိုက်သည် “ငါ စံအိမ်တော်သခင်ကို သွား တွေ့လိုက်ဦးမယ်”
မည်သို့ပင်ဖြစ်စေကာမူ သူမသည် ရင်ဆိုင်ရမည်ဖြစ်သည်။ ဝူလင်းယူ ပြန်လာသည့်အကြောင်း သူမကို ဘာကြောင့်မပြောရသလဲဆိုသည်ကို သူ့ကို သွားရင်းနှင့်မေးရမည်။
သူမသည် မြို့ထဲမှ နန်းတော်ကြီးဆီသို့ သွားလိုက်သည်။ ထိုနေရာတွင် လူအနည်းငယ်သာရှိသည်။ ဝင်ရောက်နိုင်သူများမှာ နာမည်တစ်မျိုးမျိုးရှိသူများ ဖြစ်ကြသည်။
သူမသည် လစ်ဟာနေသော ခန်းမဆီသို့ လျှောက်သွးလိုက်သည်။ ထိုနေရာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သာ ထိုင်နေ၏။ သူသည် သာမာန်ရုပ်ရှည်ရှိသော်လည်း ဖြူစင်မှုများစိမ့်ထါက်နေသည်။ သူ့ကို ကြည့်ရသည်မှာ သက်တောင့်သက်သာဖြစ်သည်။ သူမ သူ့ကိုမြင်ပြီးနောက် မျက်လွှာချလိုက်သည်။
“ဟန်ယွဲ့ စံအိမ်တော်သခင်ကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့အတိုင်း အရိုအသေပြုလိုက်သည်။
ချုံးချီသည် မျက်လုံးပွင့်မလာသလို စကားလည်းမပြောသောကြောင့် သူမသည် ထိုပုံစံအတိုင်းသာ နေနေရသည်။
ခဏအကြာတွင် သူ စပြောလာသည် “ဟန်ယဲံ မင်း ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်ခဲ့ဘူး”
“ဟန်ယွဲ့မှားသွားပါတယ် စံအိမ်တော်သခင် ကျွန်မကိုအပြစ်ပေးပါ” ရှီမာယူယူသည် ဆင်ခြေမပေးပေ။ ချုံးချီဖြစ်နေသောကြောင့် အသုံးဝင်မည် မဟုတ်ပေ။
ချုံးချီ မျက်လုံးပွင့်လာသည် “တစ်ဖက်က ဒေါသထွက်နေပြီ ဘာတွေ ဖြစ်ခဲ့တာလဲ ပြော”
“ဒီလိုပါ ကျွန်မ အဲဒီကိုရောက်သွားတော့ ရွေးထားတဲ့ မိန်းကလေးတွေကို အရင်ကြည့်ပါတယ် သူတို့တွေ အဆင်ပြေတယ်ဆိုတာကို အတည်ပြုပြီးတော့ စံအိမ်တော်သခင်ရဲ့ ညွှန်ကြားချက်အတိုင်း သူတို့ကိုသွားတွေ့ခဲ့ပါတယ် ဒါပေမဲ့ နှစ်ရက်ကြာအောင် စောင့်ပေမဲ့ ဘယ်သူမှရောက်မလာဘူး ကျွန်မပြန်လာတော့ မိန်းကလေးတွေကို ကယ်သွားလိုက်ပြီ” ရှီမာယူယူ ဆက်ပြောလေသည် “စံအိမ် တော်သခင် ချင့်ချိန်ပေးပါ ကျွန်မသာ အဲဒီမှာနေလိုက်ရင် အဲဒီမိန်းကလေးတွေ ကိုကယ်နိုင်မှာမဟုတ်ဘူး”
ချုံးချီသည် သူမကို အချိန်ကြာရှည်စွာ စိုက်ကြည့်နေသည် “မဟုတ်ဘူး သူတို့ တစ်ခုခုကိုတွေ့သွားတာဖြစ်မယ် အဲဒါကြောင့် မင်းကိုမတွေ့တော့တာ သူတို့ဆီကို အဲဒီပစ္စည်းယူသွားမပေးဘူးလား”
ရှီမာယူယူသည် သေတ္တာနက်တစ်လုံး ထုတ်လိုက်သည်။ သူမသည် လမ်း တစ်လျှောက် သိချင်မိသော်လည်း သံသယကိုရှောင်ရှားရန် မထိခဲ့ပေ။
ချုံးချီသည် လက်ကိုဝေ့ယမ်းလိုက်ရာ သေတ္တာသည် သူ့လက်ထဲသို့ ပျံလာ သည်။ သေတ္တာကိုမဖွင့်ရသေးသည်ကို အတည်ပြုပြီးနောက် သူ၏ အမူအရာ ကောင်းလာသည်။
ထိုအချိန်တွင် အစောင့်၏ အသံသည် အပြင်မှထွက်လာသည် “မြင့်မြတ် သောသားတော်ကို တွေ့ဆုံပါတယ် စံအိမ်တော်သခင်က အခုမြင့်မြတ်သော သမီးတော်နဲ့တွေ့နေတာပါ ညွှန်ကြားချက်မရရင် ဝင်သွားလို့မရပါဘူး”
***