← Chapters

ရမ္မက်ပြင်းသောအချစ် (ဇာတ်သိမ်းပိုင်း)

Vol. 6 Ch. 172

ရမ္မက်ပြင်းသောအချစ် (ဇာတ်သိမ်းပိုင်း)

Vol. 6 Ch. 172

"တကယ်အဆင်ပြေရဲ့လား"

ရွှယ်ယွမ်က မျက်မှောင်ကြုပ်လိုက်မိသည်။ သူသံသယဝင်နေခြင်းပင်။

"ကျန်းကျန်းက မင်းကိုစမ်းကြည့်ချင်စေချင်မှာတော့ ဘာလို့မလုပ်ရမှာလဲ။ မဟုတ်ရင် ငါ့မိသားစုရဲ့ဆေးအာနိသင်ကို သံသယဖြစ်နေတာလား။ မမေ့နဲ့။ အဲ့တုန်းကလည်း ငါ့အဲ့ဆေးမှုန့်ကိုသောက်ခဲ့တာ။ နှစ်တွေကြာတော့ ရှင်းရှင်းလက်ရာလည်းတိုးတက်လာတယ်။ ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးမရှိဘူး။ ဆေးအာနိသင်က တကယ်ကောင်းတယ်"

စစ်ဖန်းချန်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။ ယခုတွင် ညီနောင်များအဖွဲ့၌ ကာမအားတိုးဆေးသုံးကာ လက်ထပ်ရန်စေခိုင်းခံရသူမှာ ၎င်းတစ်ဦးတည်းသာမကတော့ပေ။

"ငါက ဆေးမှုန့်ရဲ့အကျိုးအာနိသင်ကို သံသယဝင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းရှင်းကိုပဲ စိတ်ပူတာပါ"

ရွှယ်ယွမ်က ခေတ္တမျှရပ်ကာ သက်ပြင်းချလိုက်မိသည်။

"ကျန်းရှင်းခေါင်းမာတာကို မသိတာမှမဟုတ်ပဲ။ ဖြစ်ပြီးသွားရင် သူက သေချာပေါက် ကျန်းကျန်းကို လက်ထပ်မှာပဲ။ ဒါပေမဲ့ သူ့စိတ်ထဲက ကြိုးထုံးကို ဖြေပြီးမပြီးဆိုတာတော့ မသေချာဘူး"

"မင်းက အများကြီးတွေးတတ်သူမို့ဖြစ်မယ်။ အားရှီကတော့ မင်းက မြည်တွန်အတောက်တီးဆုံးလို့ အမြဲပြောတယ်။ ငါကြည့်ရတာတော့ သူမမှားဘူး။ ကျန်းရှင်းက ကျန်းကျန်းကို ကြိုက်တယ်။ ညီနောင်အဖွဲ့ကသိထားတာပဲ။ ဒါပေမဲ့ ကျန်းကျန်းရဲ့ အဆင့်အတန်းကြောင့် သူချစ်တာကို ဘယ်တော့မှဝန်ခံရဲမှာမဟုတ်ဘူး။ အခုတော့ ကျန်းကျန်းက ဒီနည်းလမ်းကိုစမ်းကြည့်ဖို့ သူစိတ်ပိုင်းဖြတ်လိုက်ပြီလေ။ ဒါပေမဲ့ မင်းကတော့ တွန့်ဆုတ်နေတုန်း။ စိတ်ပျက်ဖို့ကောင်းတယ်"

စစ်ဖန်းချန်က ခြေလက်များဆန့်ကာ ခုံရှည်ပေါ်တွင်မှီပြီး သက်ပြင်းချလိုက်၏။ ဇနီးဖြစ်သူ တတိယမြောက်ကလေးမွေးပြီးကတည်းက သူသည် တစ်ရက်မှအနားမရသေးပေ။ ရွှယ်ယွမ်ကြောင့်သာမဟုတ်လျှင် တောင်အောက်သို့ဆင်းကာ အနားယူရန် အခွင့်အရေးရမည်မဟုတ်ပေ။

သို့သော် ထပ်မံ၍ သူသည် ချင်ဖုန်းကျိုက်တွင် ခုနှစ်နှစ်မျှနေလိမ့်မည်ဟု တစ်ခါမျှပင် စိတ်မကူးဖူးပေ။ ထိုကာလအပိုင်းအခြားတွင် ခြောက်နှစ်မှလွဲ၍ သားများ တစ်လပြည့်သည့်အခါက နွေဦးပွဲတော်နှင့် နှစ်သစ်ကူးအချိန်တိုင်း မင်္ဂလာဧည့်ခံပွဲကျင်းပကာ အခြားသောမိသားစုဝင်များ ဟယ်ယွမ်ရှိ သူငယ်ချင်းများနှင့် ပြန်လည်ပေါင်းစည်းတတ်၏။

ကျန်သောအချိန်တွင်မူ ချင်ဖုန်းကျိုက်တွင်နေကာ မိန်းမအတွက်ကိစ္စဝိစ္စများကို အဆင်ပြေအောင်စီမံဆောင်ရွက်ပေး၏။ တစ်ချိန်တည်းတွင် သူသည် ကျောင်းအာနှင့် အတူယှဉ်တွဲကာ ကျီစယ်တတ်ပြီး မိဘများနှင့်လည်း သွားတွေ့တတ်၏။ သူမသည် ချစ်စရာကောင်း၍ တက်ကြွသောငါးနှစ်သားသမီးလေးကိုလည်း မွေးပေးထားသေး၏။ စိတ်ကျေနပ်နေကာ အလုပ်များနေပေသည်။

ရွှယ်ကျန်းသည် စစ်ဖန်းချန်၏စကားကိုကြားသောအခါတွင် မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူမစိတ်ပိုင်းဖြတ်လိုက်သည်ဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။ သူမတွင် ထိုအကြံရှိပြီးဖြစ်သော်လည်း သူမတွင် မည်သည့်အခွင့်အရေးမျှရှိမည်မဟုတ်ပေ။ သူမသည် ကျန်းရှင်း၏တုံ့ပြန်မှုကိုသာ ကြောက်ပေသည်။ သို့သော်လည်း နှစ်သစ်ကူးပြီးနောက်တွင် သူမသည် (၂၄)နှစ်ပြည့်ပြီးနောက်တွင်မူ မနှောင့်နှေးနိုင်တော့ပေ။ ဖခမည်းတော်နှင့်မယ်တော်သည် သူမအား တစ်သက်လုံးစောင့်စားနေမည်မဟုတ်ပေ။

"အစ်ကိုရှောင်ကရော သဘောတူတယ်တဲ့လား"

ရွှယ်ယွမ် အံ့ဩမှင်သက်နေမိ၏။ လင်းရှောင်နှင့် ကျန်းဟွေ့အန်းသည် ညီနောင်များအဖွဲ့တွင်အတည်ငြိမ်ဆုံးနှင့် အထူးခြားဆုံးဖြစ်သော်လည်း ညီမဖြစ်သူ၏အကြံကို အမှန်ပင် သဘောတူမည်လော။

"ဒီမှာ ဆေးမှုန့်။ ဘာပဲဖြစ်ဖြစ် ငါ့တာဝန်ပြီးပြီ။ နောက်တစ်ဆင့်က မင်းတို့နှစ်ယောက်ဆန္ဒရှိမလားဆိုတာ ကြည့်ဖို့ပဲ။ မင်းလည်း မမြင်ချင်ယောင်ဆောင်ပြီး ကျန်းကျန်းကိုပဲ သူ့ဘာသာ ဖြေရှင်းခိုင်းလိုက်ပါ"

ဖန်းချန်က အင်္ကျီလက်ထဲမှ စက္ကူအိတ်ငယ်လေးကိုထုတ်ယူပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက်အကြောဆန့်ကာ အခန်းပြင်သို့ထွက်သွားလေ၏။

"ကျန်းကျန်း?"

ရွှယ်ယွမ်က စက္ကူအိတ်လေးကိုခေတ္တမျှငေးကာ ညီမဖြစ်သူကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်။

"ကျန်းရှင်းရဲ့စိတ်ကို နင်သိပါတယ်။ သူက ဘယ်တော့မှ သူ့ကိုသူ အခြားသူတွေကြောင့် ရှုပ်ထွေးသွားတာကို ခွင့်ပြုမှာမဟုတ်ဘူး။ အစ်ကိုက သူသာ မင်းအစီအစဉ်ကိုသိသွားမှာကို စိတ်ပူနေတာ"

သူသည် သူမကိုပို၍ ဝေးဝေးကို တွန်းထုတ်နိုင်သည်မဟုတ်လော။

"အဲ့လိုဆိုရင် ညီမလေနှုတ်ထွက်မယ် အစ်ကိုကြီး။ ကျွန်မဘဝမှာ သူတစ်ယောက်တည်းကိုပဲလိုချင်တာ။ သူ ညီမကိုလိုချင်ချင် မလိုချင်ချင် သူ့ကိစ္စမဟုတ်တော့ဘူး..."

ရွှယ်ကျန်းက သူမနှလုံးထားထဲရှိခါးသက်မှုကို ဖိနှိပ်ကာ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

သူမသည် အခြားသောအဆုံးသတ်များကို မစဉ်းစားနိုင်ပါသည်လော။ သူသည် ကာမအားတိုးဆေးသောက်ပြီး သူမနှင့်အတူနေပြီးနောက်တွင် သူသည် သူမကိုထားသွားနိုင်သည်မှာလည်းဖြစ်နိင်ပေသေည်။ ထို့နောက်တွင် သူမသည် သူ့ဆီမှ စိတ်ပူမှုသေးသေးလေးရရန်ကိုပင် အမှန်ပင်ခက်ခဲသွားပေမည်။

"အဲ့လိုဆိုရင် ကြိုးစားကြည့်ပေါ့။ မင်းရဲ့မဆုတ်မနစ်ကြိုးပမ်းမှုအတွက် သူသနားသွားဖို့ မျှော်လင့်ပါတယ်"

ရွှယ်ယွမ်သက်ပြင်းချလိုက်၏။ ဖန်းချန်၏စကားများကို သဘောတူမိပြီးဖြစ်သွားသည်။ ကျန်းရှင်းသည် သူမကို စိတ်ဝင်စားသော်လည်း အဆင့်အတန်းကွာခြားမှုကြောင့် ဝန်ခံရန်ကို အမြဲငြင်းဆန်ခဲ့သည်။ ၎င်းတို့နှစ်ဦးကိုသာ ထိုသို့ဆက်ဖြစ်ခွင့်ပြုနေမည်ဆိုလျှင် ၎င်းတို့ကိုစောင့်ခိုင်းထားသည်မှာ အဆုံးမရှိစောင့်ဆိုင်းခြင်းမျိုးနှင့်ခွဲခွာခြင်းမျိုးသာဖြစ်သွားပေမည်။

—

နာကျင်နေပေသည်။ သူမခန္ဓာကိုယ်တစ်ခုလုံးသည် လှည်းဖြင့်ကိုင်ရိုက်ထားသကဲ့သို့ ခံစားနေရကာ ခန္ဓာကိုယ်တစ်ခုလုံးက အားနည်းကာ နာကျင်နေပေသည်။

ပိတ်ထားသောမျက်လုံးများဖြင့် သူလက်က ဘေးစားပွဲရှိရေခွက်ဆီသို့လှမ်းလိုက်ကာ နွေးထွေးသောအရာဖြင့် ဝင်မတိုက်မိချင်ပေ။ သူမသည် ရုတ်တရက်မျက်လုံးများ ပွင့်သွား၏။

ချက်ချင်းပင် ယမန်နေ့ညက တက်ကြွလှုပ်ရှားခဲ့သောမြင်ကွင်းကို သူမရှေ့တွင် ဖျက်ကနဲပေါ်လာသည်။ သူမမှာ အသက်ရှုရပ်မတတ်ဖြစ်သွားမိကာ ရှက်သွေးဖြာ၍ နှလုံးခုန်သံများမြန်လာပေသည်။

သူနှင့်သူမသည် ကာမအားတိုးဆေးမှုန့်ကို အမှန်ပင် သုံးစွဲခဲ့ခြင်းဖြစ်ကာ ခင်ပွန်းနှင့်ဇနီးမယားတို့သာလုပ်ရမည့်ကိစ္စကို အတူတကွကျူးလွန်မိခဲ့ကြသည်။

လတ်တလောတွင် ကျန်းရှင်းသည် မနေ့ညက ရူးသွပ်မှုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေမိသည်။ သူ၏သန့်ရှင်းကြည်လင်သောမျက်နှာက ပုံမှန်လိုဖိစီးမှုများမရှိဘဲ ပေါ့ပေါ့းနေကာ နှုတ်ခမ်းများကလည်း တိတ်ဆိတ်မနေသကဲ့သို့ ချည်းကပ်ရန် ခက်ခဲပေသည်။ သူမသည် ထိုပေါ်တွင် မှီခိုချင်မိ၏။ ပို၍နီးစပ်စွာတိုးလာမိပြီး သူမ၏နှုတ်ခမ်းများနှင့် ထိလုနီးပါးဖြစ်သွားသည်။ သူ၏ရီဝေနေသောမျက်လုံးများက ရုတ်တရက်ပွင့်လာသောကြောင့် သူမကြောင်အမ်းသွားမိ၏။

"မင်းအဆင်ပြေရဲ့လား"

သူ၏အက်ကွဲကွဲအသံက ၎င်းတို့နှစ်ဦးကြား တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

"အ..အဆင်ပြေပါတယ်..."

"ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ..."

ကျန်းရှင်းသည် သူ၏ပထမအဆုံးအကြိမ်ဖြစ်ကြောင်း ပြောရန် ပြင်လိုက်စဉ်တွင်ပင် သူသည် သူမအားနာကျင်သွားစေကြောင်း သို့သော်လည်း မျှော်လင့်မထားစွာဖြင့် သူမက သူ၏နှုတ်ခမ်းလေးများကိုဖုံးအုပ်နှောင့်ယှက်လိုက်ကာ

"တောင်းပန်ပါတယ်ဆိုတဲ့ စကားမျိုးကိုမပြောပါနဲ့။ ရှင်ကျွန်မကိုလက်မထပ်ချင်ရင် မနေ့ညက ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးပါ့မယ်။ စိတ်မပူပါနဲ့။ ရှင်ကျွန်မကို တာဝန်ယူစရာမလိုပါဘူး"

နောက်ဆုံးစကားအားပြောလိုက်သောအခါတွင် ရွှယ်ကျန်းက မျက်လုံးများကို ခါးခါးသီးသီးမှိတ်ထားမိသည်။ သူမသည် ကျန်းရှင်း၏ အထင်သေးသောမျက်လုံးများကို မမြင်ချင်ပေ။

သူ့အားစမ်းသပ်ရန်နှင့်ထိန်းထားရန်အတါက် သူမသည် အမှန်ပင် အထင်အမြင်သေးစရာကောင်းသောနည်းလမ်းအား သုံးခဲ့ပေသည်။ ယခုတွင် သူသည် သူမအား မည်သို့ထင်မည်နည်း။

သူမသည်မူ...ထပ်၍မစဉ်းစားရဲတော့ပေ။ သူမစီစဉ်ထားသောတွက်ချက်မှုအားလုံးကိုမေ့လိုက်ပြီဖြစ်သည်။ သူမ၏စိတ်သည် ဗလာနိတ္ထိဖြစ်နေသည်။ သူမသည် ဂရုတစိုက် လှုပ်ရှားနေကာ သူမအားအဝေးသို့မတွန်းပို့ခင်တွင်ပင် သူ၏နွေးထွေးသောပွေ့ဖက်မှုထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

"ကျန်းကျန်း"

ကျန်းရှင်းက သူမခန္ဓာကိုယ်လေးကိုဆွဲထားလိုက်ပြီး သူ၏ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ်ဖိထားလိုက်သည်။ သူ၏အက်ကွဲကွဲအသံက ရှင်းလင်းမှုမရှိသေးပေ။

"ငါမင်းကိုလက်ထပ်မှာပါ"

စကားလုံးများထဲတွင် တွန့်ဆုတ်မှုရှိနေသော်လည်း ချစ်မြတ်နိုးမှုဖြင့် ပြည့်နှက်နေလေသည်။

ရွှယ်ကျန်းက မျက်လုံးများကို လျင်မြန်စွာဖြင့် ဖွင့်လိုက်ပြီး

"မလိုဘူး"

သူမက အလျင်စလိုရှင်းပြလိုက်၏။

"ဒါက ရှင်လိုချင်တဲ့ကိစ္စမှမဟုတ်တာ။ ရှင့်ကိုယ်ရှင် ဖိအားပေးစရာမလိုပါဘူး"

သူသည် သူမကို စိတ်ပူနေဆဲဖြစ်ကာ သူမကိုလက်ထပ်ရန် ကမ်လှမ်းနေသည်။ သူမဝမ်းသာမိ၏။ သို့သော် သူ့အား သူ့ကိုယ်သူအရှက်မရစေလိုပေ။

"ငါကမလိုချင်ဘူးဆိုတာ ဘာဖြစ်နိုင်မှာလဲ"

ကျန်းရှင်းကရယ်လိုက်ကာ သူမကိုဖက်ထားပြီး သူမကိုရင်ခွင်ထဲတွင် ထည့်ထားလိုက်သည်။

"ကာမအားတိုးဆေးရဲ့ ဆေးအာနိသင်ကိုသိလား"

သူသည် အလိုမရှိလှင် မည်သို့ဖြင့် သူမအားပွေ့ဖက်ထားကာ သူမနှင့်တစ်ညတာအချိန်ကို မည်သို့ကုန်ဆုံးမည်နည်း။ သူသည် အမှန်ပင် အလိုမရှိလျှင် ကာမအားတိုးဆေးအာနိသင်ကို အတွင်းအားသုံးကာ ပယ်ဖျက်နိုင်ပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ ဖယ်ထုတ်ပစ်၍ရ၏။

"ဘာ...ဘာကိုဆိုလိုတာလဲ"

ရွှယ်ကျန်းက နုံအစွာမေးလိုက်၏။ သူမသည် ထိုမြင်ကွင်းအား မရေမတွက်နိုင်အောင် စိတ်ကူးယဉ်မိခဲ့သည်။ ၎င်းတို့နှစ်ဦးသား အချင်းချင်းပွေ့ဖက်ထားကြကာ ခန္ဓာကိုယ်များကို ရစ်ပတ်ထားကြသည်။ သို့သော် အမှန်တကယ်ဖြစ်သွားခြင်းဖြစ်သည်။ သူမတွေဝေနေမိ၏။ ကျန်းရှင်း၏ စိတ်ရင်းအမှန်ပင်လော။ သူသည် သူမကို အမြဲတမ်းငြင်းဆန်နေခဲ့သည်မဟုတ်လော။ သူမကိုလပ်မထပ်ချင်ခဲ့သည်မဟုတ်လော။

"ကျန်းကျန်း ဖန်းချန်ပြောတာမှန်တယ်။ မင်းကိုဆုံးရှုံးရရင် ပိုပြီးနောင်တရနေမိမှာၑ

သူသည် ဆေးမှုန့်မသောက်ခင်တွင် ဖန်းချန်ဆီတွင်မိသွားကာ အရိုက်ခံခဲ့ရသည်။ သူမ၏အချစ်ကို အသိပေးခဲ့သည်။ သူ၏မိသားစုသည် တော်ဝင်မိသားစု၏ကိုယ်ရံတော်တပ်ဖွဲ့မျိုးဆက်ဖြစ်သည်။ သူမနင့်လက်ထပ်ရန် ကံမပါခဲ့ပေ။ အဖေသည် သူ့အား ထိုသို့ဖိအားမပေးခဲ့သော်လည်း နှစ်သစ်ကူးတွင် အချင်းချင်းနွေးနွေးထွေးထွေးရှိကြကာ ဖခင်ဖြစ်သူမျက်လုံးထဲရှိ ရှုပ်ထွေးခြင်းနှင့် မပြီးဆုံးသေးသောစကားလုံးများက သူ၏နေရာကို ပို၍သိစေမိသည်။

သို့သော်လည်း မနေ့က သူသည် ဆင်ခြေဖုံးရှိ ရွာတစ်ရွာမှ ပြန်ရောက်လာသောအခါတွင် ဖန်းချန်ကသူ့အားဆွဲခေါ်သွားကာ အဖြစ်အပျက်များအားပြောပြခဲ့သည်။

ညီနောင်အဖွဲ့ဝင်များက ရွှယ်ကျန်းနှင့် သူ့အကြောင်းသိသည်ကို မအံ့ဩတော့ပေ။ အကြိမ်တိုင်း ငါးနှစ်တစ်ကြိမ်ညီနောင်အဖွဲ့အစည်းအဝေးလုပ်သည့်အခါတွင် ၎င်းတို့အချင်းချင်းတွေ့ဆုံကြကာ ချစ်ကြိုက်ခါစအတွဲကဲ့သို့ပြုမူတတ်၏။

သူမကို ထိုသို့နည်းလမ်းဖြင့်သာ ကာကွယ်ပေးနိုင်မည်ဟု ထင်ခဲ့မိသည်။ သူမနှင့်သင့်တော်သူရှာတွေ့ကာ လက်ထပ်သွားသည်အထိစောင့်ကြည့်မည်ဟု တွေးထားသည်။ ထိုအခါမှ အလုပ်ထွက်ကာ သူမကိုကောင်းချီးပေးပြီး ခပ်ဝေးဝေးတွင်သာနေရန် စိတ်ပိုင်းဖြတ်ထားသည်။ သို့သော် ထိုအကြောင်းကိုတွေးလိုက်လျှ၍် သူမအားထားသွားရန်မှာ မည်သို့လုပ်နိုင်မည်နည်း။ ကြောက်စိတ်မွှန်သွားမိပေသည်။

ဖန်းချန်၏ ဒေါသတကြီးကျိန်ဆဲမှုက သူ့အား နိုးထသွားစေသည်။နောက်ဆုံးတွင် သဘောပေါက်သွားကာ သူမနှင့်စကားပြောချင်မိသည်။ သူမသည်လည်း သူ့ကိုသာနှစ်ခြိုက်၍ အလိုရှိလျှင် အဖေဖြစ်သူ၏ဆူပူမှုကိုခံယူကာ မင်းကြီးကိုတောင်းပန်ပေမည်။

မျှော်လင့်မထားသည်မှာ သူမသည် သူ့ထက် ခြေတစ်လှမ်းသာနေကာ သူ့အား ထိုဆေးမှုန့်ပေးခဲ့ခြင်းပင်ဖြစ်သည်။

ထိုသို့အချစ်ဆေးမျိုးသည် သူ့အား ချက်ချင်းပင် အသိလွတ်သွားစေပြီး သူမနှင့်ပျော်ပါးစေမိသည်။

"ရှင်..."

ရွှယ်ကျန်းက တွေဝေစွာမော့ကြည့်လိုက်ကာ သူ၏မျက်လုံးထဲတွင် အပြုံးလေးကိုတွေ့လိုက်ရသည်။ အထင်အမြင်သေးခြင်းအနည်းငယ်ပင်မရှိပေ။

"ကျွန်မကိုအပြစ်မတင်ဘူးလား"

"ဘာအတွက် အပြစ်တင်ရမှာလဲ"

ကျန်းရှင်းက မတ်တပ်ရပ်လို်ကကာ သူ၏အားနေသောလက်က စောင်ကို သူမလည်ပင်းအထိဆွဲတင်ပေးလိုက်သည်။ အပြစ်တင်ရမည့်သူမှာ သူ့ကိုပင်ဖြစ်သည်။ သူ့မအားနှစ်ပေါင်းများစွာကြအောင် စောင့်ဆိုင်းခိုင်းခဲ့သည်။ နောက်ဆုံးတွင် သူမ၏လက်ဦးမှုဖြင့် စိတ်အတွင်းနက်နက်တွင်ရှိသောမီးကိုမွှေးပေးလိုက်သည်။ သူ့အား နှစ်ပေါင်းများစွာတိုင်ချစ်ပေးခဲ့ခြင်းအတွက်ပင် ကျေးဇူးတင်သင့်ပေသည်။ သူမည်မျှကံကောင်းလိုက်ပါသနည်း။

"ကျွန်မက ရှင့်ကိုဖိအားပေးဖို့ ဆေးမှုန့်ကိုသုံးခဲ့တယ်..."

သူမက အသံခပ်တိုးတိုးဖြင့် ဝန်ခံလိုက်သည်။

"ကျွန်မက သည်းမခံနိုင်လောက်အောင် အကျင့်ပျက်နေတယ်လို့များ ထင်မိမလား"

"အဲ့လိုဆိုရင် ကိုယ်မင်းကို အကြိမ်ပေါင်းများစွာ စိတ်ပျက်စေခဲ့မိတယ်။ မမေ့နိုင်ဘူးမလား။ ကိုယ်က လူကြီးလူကောင်းမဆန်ဘူးမဟုတ်လား"

သူကပြုံးလိုက်ပြီး သူမ၏မေးစေ့လေးကိုပင့်ကာ မျက်ဝန်းများထဲသို့ ကြည့်လိုက်၏။

"အဲ့...အဲ့တာက မတူဘူးလေး.. ကျွန်မပြောတာက...တာဝန်ယူစရာမလိုပါဘူး။ ကျွန်မ..."

ရွှယ်ကျန်းက ရှက်ရွှံ့စွာဖြင့် သူ၏မျက်ဝန်းများကိုရှောင်ရှားလိုက်ပြီး အတိတ်က တိတ်ဆိတ်ကာမထူးခြားသောမျက်လုံးများ ချစ်စိတ်ပြင်းပြင်မှုများဖြင့် ပြည့်နှက်နေကာ လောင်ကျွမ်းမတတ်ပင်။

"တကယ်လား။ မင်းကရော။ မင်းက တာဝန်ယူဖို့မလိုဘူးတဲ့လား။ မနေ့က ပထမဆုံးအကြိမ်လေ"

သူ၏ပူနွေးသောနှုတ်ခမ်းလေးက ချိုသာသောသူမ၏နှုတ်ခမ်းလေးကိုဖုံးအုပ်ထားလိုက်ကာ လက်များက သူမ၏နူးညံ့သောခန္ဓာကိုယ်လေးကို စူးစမ်းနေပေသည်။

သူသည် သူမထဲသို့ နူးညံ့ညင်သာစွာဝင်သွားသောအခါတွင် မျက်လုံးများမှိတ်ထားကာ သက်ပြင်းချလိုက်မိတော့၏။

"မင်း ကိုယ့်ကိုတာဝန်ယူဖို့ဆန္ဒရှိပါသလား မင်းသမီးလေး..."

သူက ဖြေးဖြေးလေးပြုံးပြလိုက်ပြီး ကြမ်းတမ်းစွာနှောင့်ယှက်မှုနောက်အား လိုက်သွားမိသည်။

"ဆန္ဒရှိပါတယ်..."

သူမသည် အမှန်ပင်ဆန္ဒရှိပေသည်။ နှစ်ပေါင်းများစွာ သူ့အားချစ်ခဲ့မိပြီး ရက်ပေါင်းများစွာစီစဉ်ထားခဲ့သည်။ သူသည် သူမကိုလက်ထပ်ရန် သဘောတူခဲ့သည်မဟုတ်လော။

သူသည် သူမခန္ဓာကိုယ်ကိုသာ ချစ်သည်ဆိုလျှင်ပင် သူမနောင်တရလိမ့်မည်မဟုတ်ပေ။ သူသည် သူမဘေးတွင်နေရန် ဆန္ဒရှိနေလျှင် သူမမော့ကြည့်ရမည့်နေရာ သူမဦးညွှတ်ရမည့်နေရာတွင်နေရရန်ကိုလည်း ဆန္ဒရှိပေ၏။ သူမဆန္ဒရှိသည်မှာ သူမတစ်သက်တာဟုဆိုလိုကာ တစ်နေ့တွင် ကျန်းရှင်းအား သူမချစ်သောနည်းဖြင့် သူမကိုပြန်ချစ်မိလာပေမည်။

ထိုရမ္မကသည် အချစ်အား ဆာလောင်မွတ်သိပ်စေခဲ့သည်ဟု သူမယုံကြည်မိပေသည်။

***

အချပ်ပိုပြီးပါပြီ။

All Chapters