ညီနောင်များအဖွဲ့ (အပိုင်းအစ)
Vol. 6 Ch. 161
ထပ်မံ၍ လပြက္ခဒိန် ခုနှစ်လပိုင်းမြောက်ဖြစ်သည်။ ဖန်းလော့မြို့ရှိ ဟွာချန်းရင်ပြင်သည် ထုံးစံအတိုင်း လူစည်ကားနေသည်။
ရင်ပြင်အနီးအနားရှိ ဆိုင်များလည်း ပို၍တိုးလာသည်။
အထူးသဖြင့် ရှင်းထန်လက်ဖက်ရည်ဆိုင်သည် ထိုရင်ပြင်တွင် အကောင်းဆုံးဆိုင်ဖြစ်သည်။ ယခုတွင် ဆိုင်တွင်လူရှုပ်နေကာ ဒုတိယထပ်ရှိသီးသန့်အခန်းများတွင်လည်း လူရှုပ်နေ၏။ လက်ဖက်ရည်အရသာခံချင်သောဧည့်သည်များကို အချိန်မကုန်စေရန် စားပွဲထိုးနှစ်ယောက်ကို ဝင်ပေါက်တွင် စောင့်ခိုင်းထားသည်း။ လက်ဖက်ရည်ဆိုင်ထဲသို့ဝင်လာချင်သောဧည့်သည်များကို
"တောင်းပန်ပါတယ်။ ကျွန်တော်တို့လူပြည့်သွားပါပြီ။ နားလည်ပေးလို့ကျေးဇူးတင်ပါတယ်"ဟု ပြောစေကာ ပြန်စေသည်။
အချို့က လက်ဖက်ရည်ကိုအရသာခံကာ ပြန်သွားသည့်တိုင် စားပွဲထိုးများက ဧည့်သည်အသစ်များကို လက်ဖက်ရည်ဆိုင်ဆီသို့ လမ်းပြပေး၏။ ၎င်းတို့သည် အချို့ကိုမူ ဆက်လက်ငြင်းဆန်နေရဆဲဖြစ်သည်။
အခြားဆိုင်မှစားပွဲထိုးများသည် ဆိုင်ပြင်တွင်ရပ်ကာ ဧည့်သည်များကို ဖိတ်ခေါ်ရသော်လည်း ၎င်းတို့ဆိုင်သည်မှာ မတူပေ။ စားပွဲထိုးများမှာ တံခါးဆီသို့လာသောဧည့်သည်ကိုငြင်းလွှတ်နေရပေသည်။
"လေးစားရသောဧည့်သည်တို့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့လက်ဖက်ရည်ဆိုင်မှာ စားပွဲအလွတ်မရှိတော့ပါဘူး"
စီမံခန့်ခွဲရေးမှူးလီသည် ဝတ်ကောင်းစားလှဝတ်ထားသောဧည့်သည်များ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာသောအခါတွင် နားနေခန်းထဲမှထွက်လာသည်။ ရှောင်ဝမ်က တောင်းပန်ရန် အလျင်လိုနေသောကြောင့် စီမံခန့်ခွဲရေးမှူးလီက သူ့အားမိတ်ဆက်ပေးလိုက်၏။
"အင်း။ မင်းကအသစ်လား"
လူငယ်လေးက ယပ်တောင်ကိုဖွင့်ကာ ယပ်ခတ်လိုက်၏။ သူသည် ယပ်ခတ်ရင်းဖြင့် ရှောင်ဝမ်အား ခေါင်းအစခြေအဆုံးကြည့်နေသည်။
"ဟုတ်ပါတယ်ဆရာ။ ကျွန်တော်ဒီမှာအလုပ်လုပ်တာ ငါးရက်ပဲရှိပါသေးတယ်။ ဒီနေ့ စားပွဲထိုးမလောက်လို့ ဧည့်သည်တွေကိုကြိုဆိုဖို့ ကျွန်တော့်ကို ဒီကိုလွှတ်လိုက်တာပါ။ ဆရာမကြိုက်တာတစ်ခုခုလုပ်ခဲ့မိရင် တောင်းပန်ပါတယ်"
သူသည် ကျောင်းမှသင်ယူထားသောစကားစုများကို အမှတ်ရကာ ယဉ်ကျေးစွာဖြေလိုက်သည်။ သူသည် တည်ငြိမ်သည့်ပုံပေါ်သော်လည်း အမှန်ပင် ထိတ်ပျာနေပေသည်။ သူ၏အစမ်းခန့်ကာလမှာ မပြီးဆုံးသေးပေ။ ထို့ကြောင့် အလုပ်ချိန်ကိုမပျက်ကွက်နိုင်။ သူသည် အဘိုးဖြစ်သူအား စောင့်ရှောက်ပေးရန် လိုအပ်သေး၏။ အလုပ်ကို ထိုမျှဖြင့် အဆုံးရှုံးခင်မခံနိုင်။
လင်းရှီက ရှောင်ဝမ်ကို အချိန်ကြာမြင့်အောင် လေ့လာနေကာ ချင့်ချိန်စဉ်းစားနေသည်။ သူကပြုံးသွားသော်လည်း သူဘာမှမပြောနိုင်ခင်တွင် စီမံခန့်ခွဲရေးမှူးလီက အိမ်သာသို့ ထွက်သွား၏။ ခပ်လှမ်းလှမ်းနေ၍ စီမံခန့်ခွဲရေးမှူးလီသည် လက်ဖက်ရည်ဆိုင်ရှေ့တွင် ဖြစ်ပျက်နေသည်များကို မြင်နိုင်သည်။ သူလန့်သွားကာ အပြေးရောက်လာ၏။ အမောတကောဖြင့် လက်ကိုစုစည်းပြီး လူငယ်များကို ဦးညွှတ်လိုက်သည်။
"သ..သခင်လေးတို့ ရှောင်ဝမ်က ဒီမှာအသစ်ပါ။ သူက အများကြီးမသိပါဘူး။ ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးပါ။ သခင်လေးနဲ့အခြားသူတွေလည်း ဒီမှာရှိနေပြီပဲ။ ကျွန်တော်အပေါ်ထပ်ကို လိုက်ပြပါ့မယ်"
ထို့နောက် ယခုထက်ထိ မတုံ့ပြန်သေးသော ရှောင်ဝမ်ကို သူကကန်လိုက်၏။
"မင်းမျက်လုံးတွေဘယ်ရောက်နေတာလဲ။ ဒါက သခင်လေး လင်းရှီလေ။ တရှီရဲ့အနာဂတ်ဘုရင်လောင်းလေ။ မြန်မြန်တောင်းပန်လိုက်"
"မလိုပါဘူး။ သူက ဒီသခင်လေးကို ဘာအမှားမှလုပ်မထားပါဘူး"
လင်းရှီက လက်ဆန့်ထုတ်ကာ ယပ်တောင်ကိုရမ်းပြလိုက်ပြီး စီမံခန့်ခွဲရေးမှူးလီကို လက်ပြလိုက်သည်။ ထို့နောက် သူက ရှောင်ဝမ်အား မေးလိုက်၏။
“မင်းနာမည်ကဘယ်လိုခေါ်လဲ? အသက်ကရော ဘယ်လောက်ရှိပြီလဲ?”
"သခင်လေး"
စီမံခန့်ခွဲရေးမှူးလီက တုန်လှုပ်သွားကာ ရှောင်ဝမ်ကို ကြည့်လိုက်သည်။
"သ..သခင်လေး ဆိုလိုချင်တာက?"
"စီမံခန့်ခွဲရေးမှူးလီ ဒါက ခင်ဗျားနဲ့မဆိုင်ပါဘူး။ မင်းသဘောတူတယ်ဆိုရင် မနက်ဖြန်မနက်ခြောက်နာရီ ငါ့ကို နန်းတွင်းက ကွမ်းယန်ခန်းမထဲမှာ လာတွေ့လှည့်ပါ"
လင်းရှီက လက်ပြန်ပြလိုက်သည်။
"ဘာမှမပြောတော့ဘူးလား။ ဒီတိုင်းကြည့်လို့ဝပြီလား။ သွားကြမယ်အပေါ်ထပ်ကို။ အဲ့လိုမှမဟုတ်ရင် မင်းကိုကောင်းကောင်းမဆက်ဆံလို့ ငါ့ကိုစောဒကမတက်နဲ့"
သူသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွား၏။
လင်းရှီနောက်မှာသခင်လေးသုံးယောက်လည်း အပြုံးချင်းဖလှယ်ကာ ဒုတိထပ်ရှိ အရေးကြီးသောဧည့်သည်များအတွက် အကြီးဆုံးအခန်းဆီသို့သွားကြတော့သည်။
"စီမံခန့်ခွဲရေးမှူးလီ..."
ရှောင်ဝမ်က ခေါင်းလှည့်ကာ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် အနီးအနားရှိ အပေါင်းအဖော်အားကြည့်နေမိသည်။
"ရှောင်ဝမ် ကောင်လေး...မင်းရဲ့နေ့ရက်ကောင်းတွေရောက်လာတော့မှာပါ။ သခင်လေး လင်းရှီရွေးချယ်လိုက်တဲ့သူတွေက နောက်ပိုင်း တရှီမှာ အရေးပါးတဲ့သူတွေဖြစ်လာလိမ့်မယ်လို့ ငါကြားထားတယ်"
"ဘာလဲ။ နောက်ထပ်ပါရမီရှိတဲ့သူအချို့ ရှာတွေ့လာပြန်ပြီလား"
အခန်းဖွင့်လိုက်သောအခါတွင် ပြုံးနေသောလူငယ်လေးယောက်သည် ရှင်းထန်ဟုခေါ်သော ဇိမ်ခံခန်းထဲသို့ ဝင်လာကြသည်။ စောစီးစွာရောက်နှင့်နေသူများက လက်ဖက်ရည်သောက်ကာ စကားပြောဆိုနေကြပြီး လင်းရှီကို စိတ်ဝင်စားစွာဖြင့် လှည့်ကြည့်လိုက်သည်။
"ဟုတ်သားပဲ။ မင်းလိုအင်အားကြီးပြိုင်ဘက်မျိုးရှိတော့ ငါဘယ်နေရာသွားသွား ပါရမီရှိတဲ့သူတွေကို ရှာမတွေ့နိုင်တော့ဘူးလေ။ သုံးနှစ်လောက် ကောင်းကောင်းအားမစိုက်ထုတ်နိုင်တော့ ငါနန်းတက်တဲ့အခါကျရင် နောက်လိုက်တွေက မင်းလက်အောက်ငယ်သားတွေချည်းနေမှာပဲ"
လင်းရှီသည် ယဉ်ကျေးရန်မကြိုးစားသော်လည်း ပြန်ပက်လိုက်သည်။သူက မျက်နှာအေးစက်စက်ဖြင့်မိန်းကလေးက သူမထိုင်ခုံတွင်ထိုင်စေကာ နားလည်သည့်ပုံဟန်ဆောင်ပြီး သက်ပြင်းချလိုက်သည်။
"အစ်မကြီး။ ဘာလို့ ကျွန်တော့်အတွက်နဲ့ သူ့ကိုမဆူပေးရတာလဲ။ သူက ဒီနှစ်တွေမှာ ကျွန်တော့်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတာလေ။ သူမလုပ်ရသေးတဲ့တစ်ခုတည်းသောအရာက သူ့ရဲ့သွေးစစ်သည်တော်အသစ်(၁၂)ယောက်ကိုဒီကိုခေါ်လာပြီး ကျွန်တော်တို့ တရှီကို အဆင့်လာမညှိတာပဲရှိတော့တယ်"
"အင်း။ အသက်ကိုပါထည့်တွက်ရင် ငါ့ကို ဦးလေးလို့ခေါ်သင့်တာနော်။ မျက်နှာပြောင်ပြီး ငါ့ကိုအရင်ဆုံး စွပ်စွဲရဲတယ်ပေါ့လေ။ လင်းအာ သူ့ကိုလျစ်လျူရှုထားလိုက်။ အဲ့နှစ်နှစ်က သူကအဝေးကြီးကိုသွားနေတာ။ သူအားရင် သွေးတပ်ဖွဲ့ဆီလာရှာပြီး ပါရမီရှိတဲ့သူတွေကို အလုပ်ခန့်လိုက်မယ်။ နံပါတ်တစ်ပင်လယ်ဝိညာဉ်က ငါတို့သွေးတပ်ဖွဲ့ကဆိုတာကို (၇၀) (၈၀)ရာခိုင်နှုန်းသေချာတယ်"
လင်းရှီနှင့်ရန်ဖြစ်နေသူမှာ ရွှယ်ယွမ်ဖြစ်ကာ မကြာမီတွင် သွေးတပ်ဖွဲ့ထီးနန်းကိုအမွေဆက်ခံမည့်သူဖြစ်သည်။ သူသည် လင်းရှီနှင့်အသက်တူတူဖြစ်ကာ (၁၆)နှစ်ပြည့်ပြီဟု ဆိုလိုပေသည်။ သူသည် လင်းရှီထက် ရက်ပိုင်းသည်ပိုကြီးသော်လည်း လင်းရှီနှင့်သူ၏မွေးချင်းများ၏ဦးလေးဖြစ်နေသည်။ လူငယ်လေးသည် အဘိုးဖြစ်သူ၏အငယ်ဆုံးသား၊ ဖခင်၏အငယ်ဆုံးညီဖြစ်နေသည်ကို ၎င်းတို့ ဘာမျှမတတ်နိုင်ကြပေ။
"ကောင်းပြီ။ ကောင်းပြီ။ ဦးလေးငယ်။ ဒီနေ့က ကျွန်တော်တို့ညီအစ်ကိုတွေစုံတဲ့နေ့နော်။ ဒီလိုအသေးအမွှားကိစ္စမျိုးတွေနဲ့ ရန်မဖြစ်ကြပါနဲ့တော့။ ဟုတ်ပြီလား"
လင်းရှီက ပြုံးပြကာ အားလုံးရယ်မောလိုက်ကြ၏။
"အမ်း။ ဒီတစ်ခေါက် သူအချိန်မှန်သွားပြီလို့ ပြောလို့ရပြီမလား။ ငါ့အစ်ကိုကြီးရော ဘယ်မှာလဲ"
လင်းရှီက မွေးချင်းများနှင့်ဝမ်းကွဲများကို စစ်ဆေးလိုက်သည်။ ရွှယ်ယွမ်နှင့်ညီမဖြစ်သူ ရွှယ်ကျန်း၊ လျန်ရှုယီနှင့်သူ၏အစ်မကြီး လျန်ယီယွဲ့၊ ကျန်းဟွေ့အန်း၊ ကျန်းယင်းယွီ၊ စစ်ချင်းယန်၊ စစ်ဖန်းချန်၊ ကျန်းရှင်း၊ လင်းလုံနှင့်သူပင်ဖြစ်သည်။ မိမိဘာသာ ချက်ပြုတ်ခြင်းတွင်သာနစ်မြုပ်ထားသော အစ်ကိုကြီး လင်းရှောင်တစ်ယောက် ပျောက်နေပေသည်။
"အစ်ကိုကြီးက ဒီနေ့ဆိုတာကို မေ့သွားတာဖြစ်မယ်"
စစ်လော့က သူ၏ကလေးနှစ်ယောက်လုံးကို ကျန်းယင်းယွင်၏မျိုးရိုးနာမည်ပေးထားသည်။ ကျန်းဟွေ့အန်းသည် အကြီးဆုံးသားဖြစ်ကာ ယခုနှစ်တွင် (၁၃)နှစ်ရှိပြီဖြစ်ပြီး သူ့တွင်လည်း ခန့်ညားသောသွင်ပြင်လက္ခဏာရှိ၏။ သူကခေါင်းခါကာ ပြုံးပြလိုက်၏။ သို့သော်လည်း ကျန်းယင်းယွီ၏ပြေလျော့နေသောကျစ်ဆံမြီးကို တင်းပေးရန် မမေ့လျောပေ။ ညီမဖြစ်သူသည် သူ့ထက် တစ်နှစ်ငယ်၏။
"ဖြစ်နိုင်တယ်။ အစ်ကိုကြီးရှောင်က ငါတို့ကို သူ့မျက်လုံးထဲထည့်မထားဘူး"
စစ်ဖန်းချန်သည် စစ်ထို၏အကြီးဆုံးသားဖြစ်ကာ အသက်(၁၂)နှစ်ရှိပြီဖြစ်သော်လည်း အရွယ်ရောက်ပြီးသားယောင်္ကျားသားတစ်ဦးကဲ့သို့ အရပ်ရှည်သည်။ မပြုံးတပြုံးဖြင့် ခန့်ညားသောမျက်နှာက မိန်းကလေးများကို စိတ်လှုပ်ရှားအောင်လုပ်နိုင်ပေသည်။ ၎င်းအား တရှီ၏ အကြီးကျယ်ဆုံးကိုယ်လူချောများထဲမှတစ်ယောက်အဖြစ် သတ်မှတ်ထားပေသည်။ အခြားသုံးယောက်မှာ လင်းရှီ၊ လျန်ရှုယီနှင့် ကျန်းဟွေ့အန်းတို့ပင်ဖြစ်သည်။
"သူက ငါတို့ကိုမျက်လုံးထဲမထည့်တာမဟုတ်ဘူး။ အစ်ကိုကြီးရှောင်က သူ့စိတ်ထဲမှာ ချက်ပြုတ်ဖို့ပဲသိတာ"
စစ်ချင်းယန်သည် လူငယ်များကြားတွင် အငယ်ဆုံးဖြစ်သည်။ သူကနှုတ်ခမ်းစူပြီး စိတ်လိုလက်ရထိုင်လိုက်၏။ လူပျိုဝင်စအချိန်တွင်ကွဲအက်နေသောအသံသည် သူ့အတွက်ထူးဆန်းနေ၏။ လူများက ထိုအရာကို လျစ်လျူရှုထားကြသည်။ သူသည် စစ်ရှန်း၏တစ်ဦးတည်းသောသားဖြစ်ကာ ကွမ်းချီစံအိမ်၏အနာဂတ်သခင်လောင်းဖြစ်သည်။ သူသည် ယခုနှစ်တွင် (၁၁)နှစ်ရှိပြီဖြစ်သော်လည်း ဖခင်ဖြစ်သူနှင့်အတူ သိုင်းလောကတစ်ခုလုံးတွင် ကျင်လည်ကျက်စားပြီးဖြစ်သည်။ သူ၏အတွေးရထားသည်မူ သူ့ထက် နှစ်ပေါင်းများစွာကြီးသောအစ်ကိုကြီး အစ်မကြီးများထက်မနည်း ရင့်ကျက်ပေသည်။
"ကောင်းပြီ။ ငါ့အစ်ကိုကြီးက မမေ့လောက်ပါဘူး။ သူကညစာချက်နေတာဖြစ်မှာပါ"
လင်းရှောင်ဘေးတွင် အစ်မဖြစ်သူ လင်းလုံဖြစ်ကာ ဖုန်းယောင်တရားရုံး၏သခင်ဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သူမ၏ဆံပင်များကို ဘေးဘက်တွင်ဖြာကျအောင်ချထားပြီး တစ်မူထူးခြားစွာရှင်းပြလိုက်၏။
"ဟင်းချက်နေတယ်? ရှောင်က ငါတို့အတွက် ဟင်းချက်နေတာလား"
စစ်ဖန်းချန်က အားမန်အပြည့်ဖြင့်ပြောလိုက်သည်။
"ဟားဟား။ ငါတို့တော့စားရကံကြုံတာပဲ"
ကျန်းဟွေ့အန်းကလည်းတောက်ပစွာ ပြုံးလိုက်၏။
စိတ်မြန်သော စစ်ချင်းယန်က မတ်တပ်ရပ်ပြီးသားဖြစ်ကာ ကုလားထိုင်ကိုဘေးဘက်သို့တွန်းလိုက်၏။ မျက်ခုံးပင့်ကာ မေးစေ့ကိုမပြီး အခြားသူများကို ကြည့်လိုက်သည်။
"အဲ့လိုဆို ငါတို့ဘာစောင့်နေတာလဲ"
"ခွေ့ယွီကျိုက်စားသောက်ဆိုင်ကိုသွားကြမယ်"
လင်းရှီက ကျန်းယင်းယွီ ပုခုံးကိုဖက်ကာ ပြုံးဖြဲဖြဲဖြင့်ပြောလိုက်၏။
"ယွီအာ မတွေ့ရတာကြာပြီ။ အစ်ကိုကြီးရှီကို လွမ်းနေပြီလား"
"အဟင်း။ မင်းလက်တွေကို ငါတို့ရတနာလေးပေါ်မှာ တင်မထားစမ်းပါနဲ့။ ယွီအာ အစ်ကိုကြီးချန်ဆီလာခဲ့။ တော်ဝင်မျိုးနွယ်တွေကို လျစ်လျူရှုထားလိုက်"
လင်းရှီက မျက်လုံးပင့်ပြလိုက်၏။ သူ့လက်ကို အခြားသူပေါ်တွင် မတင်ရမည်လော။ သူသည် အကြီးကျယ်ဆုံးကိုယ်လူချောလေးယောက်ထဲမှတစ်ယောက်ဖြစ်ကာ အနာဂတ်ဘုရင်လောင်းလည်းဖြစ်သည်။ ထိုသို့ဆက်သွယ်မှုအသုံးအနှုန်းများတွင် လွန်စွာလေးနက်တတ်သည်။
“ကျန်းရှင်း သွားကြမယ်"
ကျန်းဟွေ့အန်းက ရယ်မောကာ ခေါင်းခါပြီး တိတ်တဆိတ်စည်းအဆုံးသို့လျှောက်သွားသော ကျန်းရှင်းကို လက်ပြလိုက်သည်။
ကျန်းရှင်းသည် ကျန်းဟန်နှင့် ရှင်းလန်တို့၏တစ်ဦးတည်းသောသားဖြစ်သည်။ သူ့အားကိုယ်ဝန်ဆောင်စဉ်တွင် ရှင်းလန်သည် တစ်ခါခြေချော်ကျပြီး မွေးဖွာရာတွင် အခက်အခဲဖြစ်ခဲ့သည်။ ထို့ကြောင့် ကျန်းဟန်သည်လည်း လင်းစစ်ယောင်လမ်းစဉ်လိုက်ကာ သားကြောဖြတ်ခဲ့၏။ ၎င်းတို့တွင် ကလေးထပ်မရှိတော့ပေ။ (၁၄)နှစ်သား ကျန်းရှင်းသည် အဖေဖြစ်သူဆီမှ သင်ယူပြီးဖြစ်၏။ သူ့တွင်ထူးချွန်ထက်မြက်သောအရည်အချင်းရှိကာ တည်ငြိမ်စွာပြုမူတတ်၏။ မနှစ်ကစ၍ သူသည် နန်းမြို့တော်ရှိ ဟယ်ယွမ် စားမြိန်ရည်ဆိုင်ကို စတင်စောင့်ရှောက်ရသည်။ တစ်နှစ်လျှင် နှစ်ကြိမ်အိမ်ပြန်လာသည်။ နှစ်သစ်ကူးနေ့နှင့် ညီအစ်ကိုမောင်နှမများပြန်လည်စုံစည်းသောနေ့တို့တွင်ပင် ဖြစ်၏။
***