← Chapters

ညီနောင်များအဖွဲ့ (အပိုင်းအလယ်)

Vol. 6 Ch. 162

ညီနောင်များအဖွဲ့ (အပိုင်းအလယ်)

Vol. 6 Ch. 162

လွန်ခဲ့သောဆယ်နှစ်က တရှီတွင် အကောင်းဆုံးစားသောက်ဆိုင်ကို ပြပါဆိုလျှင် အဖြေမှာ ခွေ့ယွီကျိုက်ဖြစ်သည်။ သို့သော် ထိုနှစ်များအတွင်းတွင် ခွေ့ယွီကျိုက်၏သတင်းက တရှီတစ်ဝှမ်းတွင်ပျံ့နှံ့လာသည်။ မိုင်ပေါင်းထောင်ချီဝေးသောနေရာမှလာကာ အစားအသောက်များကိုအရသာခံသောဧည့်သည်များပင်ရှိလေသည်။

လွန်ခဲ့သောသုံးနှစ်အတွင်းတွင် ခွေ့ယွီကျိုက်ဆိုင်ခွဲများကို ဖန်းချန်နန်းမြို့တော်၊ တဟွေ့တွင် လူဦးရေအထူထပ်ဆုံးဖြစ်သော ရွှေယွဲ့မြို့နှင့် သွေးတပ်ဖွဲ့၏နန်းမြို့တော် ဟွမ်းချန်မြို့တို့ပင်ဖြစ်သည်။ ၎င်းတို့၏ဝင်ငွေမှာ ရေကဲ့သို့ပင်စီးဝင်နေလေသည်။

ခွေ့ယွီကျိုက်၏ပိုင်ရှင်သည်လည်း ဟယ်ယွမ်၏ခေါင်းဆောင်အသစ် အသက်(၁၈)နှစ်သာရှိသေးသော သခင် လင်းရှောင်ဖြစ်သည်။ ချီးကျူးစရာကောင်းသည်မှာ တရှီရှိ လူအကြိုက်များဆုံးယောင်္ကျားဟုသောဘွဲ့အတွက် ဆန်ကာတင်စာရင်းဝင်ဖြစ်လာသည်။ လင်းရှောင်သည် ကိုယ်လူချောလေးယောက်ကဲ့သို့ မခန့်ညားသော်လည်း အမှန်ပင် ကြည့်ကောင်းပေသည်။ ထူးချွန်သောအသွင်အပြင်၊ နူးညံ့သောစရိုက်၊ ချက်ပြုတ်ရာတွင်အောင်မြင်မှုနှင့် မြင့်မြန်သောအဆင့်အတန်းတို့သည် သူ့အား တရှီရှိ ကိုယ်လူချောလေးယောက်ထက်ပင် သာလွန်စေကာ လူအများ၏အကြည့်ကိုဆွဲဆောင်နိုင်ပေသည်။ အနာဂတ်ဘုရင်လောင်းဖြစ်သော လင်းရှီ- တတိယသခင်လေးလင်းသည်ပင် သူ၏အပေါ်ယံနှစ်လိုဖွယ်ကောင်းမှုအား မနိုင်နိုင်ပေ။

ထိုဆွဲဆောင်မှုများသည် ဉာဏ်ပညာနှင့်မပက်သက်သော်လည်း ခံစားချက်နှင့်မူ သက်ဆိုင်ပေသည်။

လင်းရှောင်သည် နွေဦး၏လေပြေလေးလိုပင် နူးညံ့မှု နွေးထွေးမှုတို့ကို လူအများဆီ ဆောင်ယူလာတတ်သည်။ သူ့အားစကားခဏပြောသူပင်ဖြစ်စေ၊ သူ၏အစားအသောက်များကို အရသာခံသူပင်ဖြစ်စေ ထိုနူးညံ့သောယောင်္ကျားနှင့် သူ၏ဟင်းချက်စွမ်းရည်တွင် ရူးသွပ်သွားရပေသည်။

ဖန်းလော့မြို့တွင် ညဘက်ဖြစ်ပါသော်လည်း လူစည်းကားနေကာ ခုနှစ်လပိုင်း၏နတ်သမီးပွဲတော်အား စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ထိုနှစ်များတွင် နတ်သမီးပွဲတော်သည် ပြောင်းလဲသွားပေသည်။ ခြေထောက်ရှည်များပေါ်တွင်လမ်းလျှောက်ကြသောမိန်းကလေးများမှာ တရှီ၏ မြင့်မြတ်သောမိသားစုများမှ ပါရမီရှိသောအလှပဂေးလေးများမဟုတ်ကြတော့ပေ။ ထို့အစား ထိုနှစ်၏နဂါးလှေပွဲတော်အတွင်းတွင် သရုပ်ပြပြိုင်ပွဲကျင်းပပေး၏။ ပါရမီပြိုင်ပွဲမှာလည်း ပြောင်းလဲသွားပေသည်။ သာမန်လူများကိုလည်း လွတ်လပ်စွာပါဝင်ခွင့်ပြုထားသည်။ ရွေးချယ်ခံထားရသောနတ်သမီးများမှာ မြင့်မြတ်သောမမလေးများသာမက အသက်(၁၃)နှစ်ကျော်သော လက်မထပ်ရသေးသောမိန်းကလေးများလည်း ဖြစ်ကြသည်။

နတ်သမီးပွဲတော် သို့မဟုတ် ချီရှီးပွဲတော်သည် ထို့ကြောင့်ပင် ပို၍စိတ်လှုပ်ရှားစရာကောင်းလာသည်။ ထိုနယ်တစ်ဝိုက်ရှိ အရည်အချင်းရှိသောယောင်္ကျားများက အလှလေးများကိုကြည့်ရန် ရောက်လာကြ၏။ မိန်းကလေးများ၏မိသားစုများကလည်း ၎င်းတို့ကိုအားပေးရန် ရောက်လာသည်။ လူအများသည် ဟူချန်းရင်ပြင်တွင်စုရုံးကြ၏။ လမ်းမကြီးအတိုင်းဆင်းလျှောက်ပြီးနောက်တွင် ၎င်းတို့ကို လှေကိုယူရန် လိုအပ်သည်။ သရုပ်ပြသူများက လှေပေါ်တွင် သီချင်းဆိုကပြကြကာ ချီရှီးပွဲတော်ညကို အလင်းရောင်အထွတ်အထိပ်ရောက်အောင် တွန်းပို့ပေးကြလေသည်။

"အဟင်း ဒီမှာ ဒီလောက်လူများလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ နောက်ပိုင်းကျ သူတို့တွေကို ဘေးကင်းကင်းနဲ့သွားခွင့်ပြုနိုင်ပါ့မလား"

စစ်ဖန်းချန်က ပြုံးကာခေါင်းရမ်းပြီးပြောလိုက်၏။

လူများသည် ရင်ပြင်ပေါ်တွင်ပတ်လျှောက်နေသော ကိုယ်လူချောများအုပ်စုကို သတိထားမိကြသည်။ ၎င်းတို့သည် လမ်းမကြီးအလယ်ရှိ ခွေ့ယွီကျိုက်ဆီသို့ ဦးတည်သွားကြခြင်းဖြစ်သည်။

အချို့က ၎င်းတို့ကိုမှတ်မိကာ လက်ပြနှုတ်ဆက်ကြသည်။ မိန်းမငယ်လေးများက မျက်နှာကိုအုပ်ကာ ရှက်ရွှံ့စွာဖြင့် ချောင်းကြည့်ကြသည်။ လူငယ်လေးများသည် လှပသောမိန်းမငယ်လေးယောက်ကိုမြင်သောအခါတွင် နှလုံးခုန်ပိုမြန်လာရ၏။ တစ်ဦးသည် ရေခဲတမျှအေးစက်စက်နိုင်သည်။ တစ်ဦးသည် နူးညံ့သိမ်မွေ့၏။ တစ်ဦးသည် စေတနာကောင်းကာ မြင့်မြတ်သည်။ နောက်ဆုံးတစ်ယောက်မှာ ငြိမ်သက်ကာ ကြော့ရှင်း၏။

"အားချန်၊ မင်းအပြုံးတွေကိုလည်း သိမ်းထားပါဦး။ ဖရိုဖရဲနိုင်လွန်းတယ်လို့မထင်ဘူးလား။ ဒီထက်ပိုပြီး ဂယက်ရိုက်ချင်သေးတာလား"

ရွှယ်ယွမ်သည် စစ်ဖန်းချန်ဘေးသို့လျှောက်လာကာ ပြုံးပြပြီး ခေါင်းခါလိုက်သည်။ သူသည်လည်း နှစ်တိုင်းလူရှုပ်သောမြင်ကွင်းကို မြင်ဖူးပြီးဖြစ်ကာ ထိုရက်များကို မည်သို့မျှမခံစားရပေ။

"ငါမပြုံးပါဘူး"

စစ်ဖန်းချန်က မျက်မှောင်ကြုပ်ကာ ကန့်ကွက်လိုက်သည်။ သူသည် နေရာတွင်ပင်ကြောင်အမ်းနေသောမိန်းကလေးနှစ်ယောက်အား တောက်ပသောအပြုံးဖြင့်ပြုံးပြလိုက်သည်။ ကံကောင်းစွာဖြင့် သူသည် ကိုယ်လူချောလေးယောက်ထိပ်တန်းဝင်တစ်ယောက်ဖြစ်နေကာ သူ၏လှုပ်ရှားမှုများကို မည်သူမျှမငြင်းဆန်နိုင်ပေ။ ထိုသို့မှမဟုတ်လျှင် သူ၏မျက်နှာသည် အရုပ်ဆိုးလွန်းကာ မိန်းကလေးနှစ်ယောက်တုန်လှုပ်သွားသည်ဟု ထင်မိပေလိမ့်မည်။

  "ကောင်းပြိ။ မင်းတို့ဝံပုလွေသွားတွေက ဒီကညီမနှစ်ယောက်ကို ခြောက်လန့်နေတာပဲ"

လင်းရှီက လက်များကို စစ်ဖန်းချန်ပုခုံးပေါ်တွင်တင်လိုက်ကာ နားနားတွင် ကျီစယ်လိုက်၏။

"မိန်းကလေးအချို့က နဂါးလှေပွဲတော်တုန်းက မင်းကိုအမွှေ့နံ့သာအိတ်လေးတွေပေးကြတယ်လို့ ငါကြားထားတယ်။ ဟုတ်လား?"

"မင်းဘာမှမရဘူးဆိုတာတော့ ငါမယုံဘူး"

စစ်ဖန်းချန်က မျက်ခုံးပင့်ပြလိုက်၏။ အမှန်တွင် လင်းရှီကစားနေမှန်းကို သူသိပေသည်။

"ဟုတ်တာပေါ့။ ဒါပေမဲ့ ငါနဲ့ဘာအမွှေးအိတ်မှသယ်မလားဘူးလေ"

လင်းရှီက ပါးချိုင့်လေးတွင် အပြုံးတစ်ပွင့်လှစ်ပြလိုက်၏။ ပန်းထိုးထားသည့်နံ့သာအိတ်ငယ်သည် လက်ထဲတွင်ပေါ်လာကာ လှပစွာပြုလုပ်ထားသောအရာပင်ဖြစ်၏။

"လင်းရှီ ငါ့ကိုပြန်ပေး"

စစ်ဖန်းချန်uအံကြိတ်ကာ အသံပြုလိုက်သည်။ ကံမကောင်းစွာဖြင့်ပင် သူ၏သိုင်းပညာသည် လင်းရှီကဲ့သို့ မထူးချွန်ပေ။ သူသည် အခြားသူများကိုသာ ဒေါသတကြီးဖြင့် စူးစူးဝါးဝါးကြည့်နေသည်။

"ဟားဟား။ ညီအစ်ကိုတို့။ အားချန်မှာ နှလုံးသားလှလှလေးရှိတာပဲကွ"

လင်းရှီက သူ၏ခြိမ်းခြောက်မှုကိုလျစ်လျူရှုကာ ညီနောင်များဆီသို့ သတင်းပို့နေသည်။ စစ်ဖန်းချန်သည် အမြဲပင် ဂျီးများတတ်သည်။ မည်သည့်မိန်းကလေးကများ သူ့၏စိတ်ကူးယဉ်မှုအား မီးပွင့်သွားစေပါသနည်း။

အားလုံးကပြုံးသာနေကာ ဘာမှမပြောကြပေ။ အခြားသူများသည်လည် စောစီးစွာသတင်းရပြီးဖြစ်သောကြောင့် လျှို့ဝှက်ချက်တစ်ခုဖြစ်ဟန်မပေါ်ပေ။

"အားရှီ၊ အားချန်ရဲ့နှလုံးသားထဲမှာဘယ်သူရှိလဲဆိုတာ မင်းလည်းသိမှာပါ"

ကျန်းဟွေ့အန်းက ဖြေးညင်းစွာဖြေလိုက်၏။ လင်းရှီကြားလျှင်ကြားချင်းပင် နံသာအိတ်ကို စစ်ဖန်းချန်ဆီသို့ ပြန်ပစ်ပေးလိုက်သည်။ ထို့နောက် ကျန်းဟွေ့အန်းကိုဆွဲကာ အဖြေတောင်းနေသည်။ သူသိသောမိန်းကကလေးများမှာ လက်ချိုး၍ရေရသည်။ သူမသည်လည်း ထိုလေးယောက်ထဲတစ်ယောက်အဖြစ် ယခုနေရာတွင်ရှိမနေပါ။ သူမသည် ဟယ်ယွမ်သို့ မကြာခဏလာလည်တတ်သောမိန်းကလေးများထဲမှတစ်ယောက်လော။ မဟုတ်လျှင် မည်သူဖြစ်မည်နည်း။

"ဘယ်သူလဲ။ ဘယ်သူကများ ငါတို့ထဲက အချောမောဆုံး အားချန်နဲ့ ချည်နှောင်နိုင်ရတာလဲ"

"မနက်ဖြန်ကျမင်းသိလိမ့်မယ်"

ကျန်းဟွေ့အန်းကပြုံးကာ သူ့အား မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

"ဘာပြောစရာရှိလို့လဲ။ ပျင်းစရာကောင်းလိုက်တာ"

စစ်ဖန်းချန်က နံ့သာအိတ်ကို ရင်ဘတ်ထဲတွင် ပြန်ထည့်ထားလိုက်ပြီး လင်းရှီကို ကြည့်လိုက်သည်။

"မင်းအဲ့တာကို နေရာတကာသယ်မသွားသင့်ဘူး။ မဟုတ်ရင် မင်း ရွှေယွဲ့မြို့မှာလုပ်ခဲ့တာကို အဒေါ်လျန်ကိုပြောပြမှာကို ငါမကြောက်နေဘူးနော်"

လင်းရှီကမျက်လုံးပင့်လိုက်သော်လည်း သူ၏ပါးစပ်ကိုပိတ်လိုက်သည်။ ရွှေယွဲ့မြို့တွင်ဖြစ်ခဲ့သည်များကို အမေသိ၍မရပေ။ မဟုတ်လျှင် သူမသည် တရှီမှထွက်ခွာခွင့်ကို ပိတ်ပင်တော့မည်ဖြစ်သည်။

"ပြောရမယ်ဆိုရင် အားရှီ ရွှေယွဲ့မြို့ကကိစ္စကို မင်းဘယ်လိုဖြေရှင်းချင်လဲ။ ငါနဲ့အတူတူသွားဖို့လိုလား"

ကျန်းရှင်းက မျက်မှောင်ကြုပ်လျက် ကြားဝင်ပြောလိုက်၏။

"ဟုတ်သားပဲ အားရှီ။ မင်းရဲ့အရည်အချင်းအတွေအရဆိုရင်တာ့ တော်တော်နာသွားမှဦ။ မင်းပြိုင်ဘက်က သာမန်နောက်ခံနဲ့သူမျိုးမှမဟုတ်တာ။ မနက်ဖြန်ပြီးရင် ငါမင်းနဲ့အတူသွားပေးမယ်"

စစ်ချင်းယန်က မျက်ခုံးပင့်ကာဆိုလိုက်၏။

၎င်းတို့၏မျက်နှာများသည် လေးနက်သွားကြသည်။ မည်သူကများ ၎င်းတို့ညီနောင်အဖွဲ့ထဲမှတစ်ယောက်ကို ထိရဲသနည်း။ သေခြင်းတရားနှင့်ရင်ဆိုင်သွားရပေမည်။

"မနက်ဖြန်ကျရင် ငါရွှေယွဲ့မြို့ကိုသွားမယ်"

လင်းလုံက သာမန်ကာလျှံကာပြောလိုက်သည်။

" အားရှီ အစ်ကိုကြီးကိုမပြောနဲ့"

ရွယ်တူများကြားတွင် လင်းရှောင်သည် လင်းရှီကိုအချစ်ဆုံးဖြစ်သည်။ လင်းရှောင်သည်သာ ညီဖြစ်သူခြုံခိုတိုက်ခိုက်ခံရသည်ကိုသိလျှင် ခွေ့ယွီကျိုက်ကိုထားကာ ရွှေယွဲ့မြို့သို့အပြေးလိုက်လာပေမည်။ ၎င်းတို့သည် ခွေ့ယွီကျိုက်၏စီးပွားရေးကို စိတ်ပူသောကြောင့်မဟုတ်ပေ။ မိဘများသည် စားသောက်ဆိုင်၏အပြောင်းအလဲကိုသတိထားမိကာ သဲလွန်စပေးမိသလိုဖြစ်သွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ ဆတ်ဆတ်ထိမခံအမေများအား စိတ်ပူစေမိပေမည်။ ထို့နောက်တွင် အဖေများက တာဝန်မသိတတ်သောလူငယ်များအဖြစ် ၎င်းတို့အား ဆူကြပေမည်။

"အစ်မ ကျွန်တော်လည်း လိုက်မယ်"

ကျန်းဟွေ့အန်းက ပြုံးလိုက်၏။

"ကျွန်တော့်ကိုရောထည့်တွက်လိုက်"

စစ်ချင်းယန်က မျက်ခုံးပင့်ပြလိုက်၏။ သူ၏အက်ကွဲကွဲအသံက လူများကိုရယ်မိစေသည်။

"ဟေး ငါပြောမယ်။ မင်းတို့မှာ အရေးတကြီးလုပ်စရာမရှိဘူးဆိုရင် ငါတို့အတူတူသွားကြမယ်။ ငါတစ်ခါမှ ရွှေယွဲ့မြို့ကို မရောက်ဖူးဘူး။ A Zhen ငါတို့ရွှေယွဲ့မြို့ရှုခင်းကိုသွားကြမယ်ဆိုရင်ရော ဘယ်လိုလဲ"

ရွှယ်ယွမ်က လက်ဖြင့်ယပ်တောင်ကိုဖွင့်လိုက်သည်။ သူကပြုံးကာ သူ့ဘေးတွင်တိတ်တဆိတ်လျှောက်နေသော အမွှာညီမအားမေးလိုက်သည်။

ရွှယ်ကျန်းကခေါင်းခါပြပြီး စိုးရိမ်တကြီးဖြင့် လင်းရှီအား ကြည့်လိုက်သည်။

"ရှီအာ အစ်ကိုကြီးနဲ့ ခယ်မကို မပြောချင်ဘူးလား"

ဒုတိယအစ်ကိုသည် ခပ်ပေါ့ပေါ့ပင်ပြောသော်လည်း ကိစ္စသေးသေးလေးမဟုတ်ပေ။ တရှီအိမ်ရှေ့စံ၏အသက်သည် အသေးအမွှားကိစ္စမဟုတ်ပေ။

"မဖြစ်ဘူး"

လင်းလုံနှင့် လင်းရှီက ပြိုင်တူပြောလိုက်သည်။

"ဟားဟား အန်တီလေး မင်းက ငါတို့အဘိုးကြီးရဲ့ ကြောက်စရာကောင်းတဲ့နည်းလမ်းတွေကို မသိသေးလို့ပါ။ မင်းအမေကို ဝမ်းနည်းရတာနဲ့ ငါတို့ကို ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး။ ဒီကိစ္စကို ပြည့်ပြည့်စုံစုံမစုံစမ်းခင် တရှီမြေမှာ အပြင်မထွက်ဖို့ အမေကဒဏ်တပ်လိုက်တာတို့ အဖေကရိုက်တာတို့ မလိုချင်သေးဘူး"

လင်းရှီက တွန့်ဆုတ်စွာဖြင့် လက်ဝှေ့ရမ်းကာ ရွှယ်ကျန်း၏အကြံပြုချက်ကို ငြင်းဆန်လိုက်သည်။

"အဲ့လိုဆို ငါတို့ ရွှေယွဲ့မြို့ကို အရင်ဆုံးသွားစုံစမ်းရအောင်"

ကျန်းဟွေ့အန်းကပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် လင်းမိသားစုခေါင်းဆောင်၏ ရှိန်လောက်သောခွန်အားကို သိမြင်ပြီးဖြစ်သည်။ လုံးဝမလိုအပ်လျှင် ဦးလေးလင်းနှင့် အဒေါ်လျန်တို့၏ကမ္ဘာကို မနှောင့်ယှက်သင့်ပေ။

***

All Chapters