← Chapters

ညီနောင်များအဖွဲ့ (အပိုင်းအဆုံး)

Vol. 6 Ch. 163

ညီနောင်များအဖွဲ့ (အပိုင်းအဆုံး)

Vol. 6 Ch. 163

"အစ်ကိုကြီးရှောင်"

လွန်ခဲ့သောလေးနှစ်ခန့်က ခွေ့ယွီကျိုက်သည် ညီနောင်များအတူတူစားသောက်ကြရန်အထူးခန်းတစ်ခန်း ပြင်ဆင်ထား၏။ ၎င်းတို့အခန်းထဲရောက်လျှင်ရောက်ချင်း ၎င်းတို့ကိုကျောပေးရပ်ကာ စားပွဲဝိုင်းအားပြင်ဆင်နေသည့် ၎င်းတို့သတိရနေကြသောအစ်ကိုကြီး လင်းရှောင်အားတွေ့လိုက်ရသဖြင့် ပျော်သွားကြသည်။

"မင်းတို့ရောက်လာပြီပဲ"

ဆူညံသံများကြားသည့်အခါ လင်းရှောင်က လှည့်လာပြီး နှုတ်ခမ်းလေးကွေးကာပြုံးလိုက်ပြီး နွေးထွေးစွာကြိုဆိုလိုက်သည်။

"အစ်ကိုကြီးက ကျွန်တော်တို့အတွက်ညစာချက်နေတယ်လို့ အစ်မကြီးပြောတာကြားခဲ့တယ်။ ဒီကိုအမြန်ရောက်အောင်ပျံလာဖို့ တောင်ပံတွေမရှိတာ မုန်းလိုက်တာ"

ကျန်းဟွေ့အန်းက လတ်လတ်ဆတ်လုပ်ထားသောကြက်ဥပန်ကိတ်ကိုကောက်ယူကာ ပြုံးလိုက်သည်။

"အဲ့လောက်ကြီး အလျင်လိုစရာလိုလို့လား။ ဟုတ်သားပဲ။ လုံအာ၊ ရှန်းနဉ်က မင်းကိုအရေးတကြီးကိစ္စနဲ့ လိုက်ရှာနေတယ်။ သူ့အခန်းထဲမှာလို့ထင်တာပဲ။ သူ့ကိုအခုတွေ့ချင်လား"

လင်းရှောင်က သူ၏အမွှာညီမကို အဖွဲ့ထဲတွင်တွေ့လိုက်ကာ အသံမြင့်ကာ သူမကိုခေါ်လိုက်သည်။

"အင်း သွားတွေ့လိုက်မယ်။ မင်းတို့ငါမပါဘဲ စနှင့်ကြ"

လင်းလုံသည် အနည်းငယ်မျှမျက်မှောင်ကြုတ်သွားကာ အခန်းပြင်သို့ထွက်သွားပြီး အခန်းအခန်းတစ်ခန်းဆီသို့ ဦးတည်သွား၏။

"အစ်ကိုကြီးရှောင် အဲ့ဒီလူအရှန်းက သူ့နောက်ကို လိုက်နေုတုန်းပဲလား"

စစ်ချင်းယန်က သကြားမုန့်တစ်ခုကို ပါးစပ်ထဲသို့ပစ်သွင်းလိုက်ပြီး ဝါးကာဖြင့်ပြောလိုက်၏။

လင်းလုံသည် ၎င်းတို့မိသားစုထဲတွင် အကြီးဆုံးဖြစ်သည်။ သူမသည် အသက်(၁၈)နှစ်သာရှိသေးသော်လည်း ၎င်းတို့သည် သူမ၏လက်ထပ်ပွဲအကြောင်း မပြောကြသေးပေ။ ဦးစွာ မြင့်မြတ်သောမိသားစုမှ မရင့်ကျက်သောကောင်လေးများမကြိုက်သည့် သူမ၏အေးစက်သောပင်ကိုယ်စရိုက်ကြောင့်ဖြစ်သည်။ ဒုတိယအနေဖြင့် ဖုန်းယောင်တရားရုံး၏ကိစ္စများသည် သူမကို အမြဲအလုပ်ရှုပ်စေသည်။ သူမသည် တစ်စုံတစ်ဦးနှင့်လက်ထပ်ရန် အချိန်မရှိပေ။ အနည်းဆုံးတွင် သူမသည် သတို့သားအိမ်လာမည်ကို မစောင့်နိုင်ကာ သာမန်မိန်းမများကဲ့သို့လည်း သူမကို အိမ်ခေါ်ထား၍မဖြစ်ပေ။ သူမ၏စိတ်ကိုနားလည်ကာ အလှပ်ရှုပ်မှုများကိုသည်းခံပေးမည့် ရှားရှားပါးပါးယောင်္ကျားသည်သာ သူမနှင့်သင့်လျော်သောအတွဲဖြစ်ပေမည်။ ထိုလူသည် သူမ၏လွတ်လပ်မှုအား ချုပ်နှောင်ရန် သာမန်လူကျင့်ဝတ်များကို မသုံးသင့်ပေ။

ထိုလူအ ရှန်းနဉ်သည် ရှန်းမိသားစု၏ ပထမဆုံးမွေးသောသားဖြစ်ကာ ရှားပါးသောသူမဖြစ်နိုင်ပေ။ သူသည် လေးနက်ကာ ခေါင်းမာသည်။ ပျင်းရိဖွယ်ကောင်းကာ စည်းကမ်းကြီး၏။ လင်းလုံသည် ထိုသို့ယောင်္ကျားမျိုးနှင့်သာ လက်ထပ်လျှင် သူမသည် ကွန်ဖြူးရှပ်၏လူကျင့်ဝတ်တွင် သေသည်အထိ ချည်နှောင်ခံရမည်မဟုတ်လော။ ရှန်းမိသားစုက သူမကို ဖုန်းယောင်တရားရုံးအား စီမံရန် ဆက်လက်ခွင့်ပြုရန် ပြသသော်လည်း ၎င်းတို့သည် ပြောသည့်အတိုင်း အကူအညီဖြစ်ကြမည်ဟု မသေချာပေ။

"ဖြစ်နိုင်တယ်။ အားယန် ကြက်စွပ်ပြုတ်ကိုကြည့်လိုက်ဦး"

လင်းရှောင်က ခေါင်းစဉ်ပြောင်းလိုက်ကာ လူများကို လုံအာ၏မင်္ဂလာကိစ္စကို မဆွေးနွေးစေချင်ပေ။ လုံအာကြားလျှင် ဝမ်းသာမည်မဟုတ်ပေ။ သူသည် သူမ၏အမြွှာဖြစ်သော်လည်း သူမ၏ခံစားချက်ကို နားလည်နိုင်ပေသည်။

"ဟုတ်သားပဲ။ ရှောင်၊ သန်ဘက်ခါကျ ငါတို့ ရွှေယွဲ့မြို့ကို သွားကြမလို့"

ရွှယ်ယွမ်သည် မျက်တောင်ပေကလပ်ပေကလပ်ဖြင့် ကြည့်နေသော လင်းရှီကို ဂရုမစိုက်ပေ။ သူကပြုံးကာ အခြားသူအား အကြံပေးလိုက်သည်။

"မင်းတို့အားလုံးသွားကြမှာလား"

လင်းရှောင်က မျက်ခုံးပင့်ပြကာခေါင်းပင့်ပြီး စားပွဲဝိုင်းတွင်ထိုင်နေသောလူများအားလုံးကို စစ်ဆေးကြည့်လိုက်သည်။ မည်သူမျှမကန့်ကွက်သည်ကိုမြင်သောအခါတွင် သူနှလုံးတုန်သွားသည်။

"ဘယ်သူလဲ။ ဘာဖြစ်တာလဲ။ အသေးစိတ်ပြောစမ်း"

မျက်ခုံးနှစ်ဖက်ကို အရှိန်ဖြင့်ပင့်လိုက်ကာ တစ်အုပ်စုလုံးနန်းမြို့တော်သို့ ရောက်လာသောအချိန်ကို အမှတ်ရသွားသည်။ ထို့နောက်တွင် ကျန်းရှင်းအား နာမည်မရှိသောလူသတ်အဖွဲ့အစည်းတစ်ခုမှအလိုက်ခြင်းခံရကာ ထိုအဖွဲ့အား ဝူရှားဘုရားကျောင်းဟုခေါ်ပေသည်။ ညီနောင်နှင့်ညီအမအားလုံးသည် အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်လှန်ပစ်ကြ၏။ ထို့နောက် ညစ်ပတ်သောငွေများအားလုံးကို ဒုက္ခသည်များ၊ မိဘမဲ့များနှင့် တစ်ခုလပ်များကိုထောက်ပံ့ရန် ယန်ရှင်းအိမ်ကိုလှူဒါန်းခဲ့၏။ သူသည် ထိုအကြောင်းအရာများကို ဂရုတစိုက်တွေးမိလိုက်ကာ ထိုကိစ္စမှာ လွန်ခဲ့သောနှစ်နှစ်ခန့်ကဖြစ်သည်။ ဖြစ်နိုင်သည်မှာ ၎င်းတို့ထဲမှတစ်ယောက်အား အဖွဲ့တစ်ခုမှရန်စသောကြောင့်ဖြစ်ပေမည်။

"မင်းတို့အားလုံးသွားကြမှာလား"

"အစ်..အစ်ကိုကြီး အစ်ကိုကြီးသိတဲ့အကြောင်းအရာနဲ့ အရူးမလုပ်ပါနဲ့တော့။ အမေ့ကိုလည်း ပြန်မပြောပါနဲ့"

လင်းရှီက လင်းရှောင်၏ သာမန်နှင့်ကွဲပြားသော တင်းမာသည့်မျက်နှာကိုမြင်လိုက်ရသည်။ သူသည် လုံခြုံဘေးကင်းရာတွင် မရှောင်နေနိုင်မှန်းသိပေသည်။ ရွှယ်ယွမ်အား ပြင်းထန်သောမျက်စောင်းဖြင့် ကြည့်လိုက်ပြီးနောက်တွင် အစ်ကိုကြီးက ယခင်လက မည်သို့အနာတရဖြစ်လာကြောင်းကို ပြောပြလိုက်၏။

"မင်းတကယ် ဒဏ်ရာရလာတာလား"

လင်းရှောင်က အသံမြင့်ကာ မျက်နှာကတစ်မူထူးခြားစွာဖြင့် အင်အားကြီးသောပြိုင်ဘက်အား အလွယ်တကူဆွဲဆောင်နိုင်သည့် ထူးချွန်သည့်လင်းရှီကိုကြည့်နေကာ ခေါင်းပြန်ငုံ့သွားသည်။ ထို့နောက် အခြားတစ်ဖက်က အသံခပ်တိုးတိုးဖြင့် သတိပေးလိုက်သည်။

" လင်းရှီ မင်းကိုယ်မင်း အန္တရာယ်များတဲ့အခြေအနေထဲတွန်းမပို့ပါဘူးလို့ ငါ့ကို ကတိပေးထာတယ်လေ။ မင်းမှာဘာပြောစရာရှိလဲ။"

"အစ်ကိုကြီး"

လင်းရှီက မျက်နှာကိုပွတ်ကာ ရှင်းပြလိုက်သည်။

"ကျွန်တော့်ကို ဘယ်သူရန်စလဲဆိုတာ ကျွန်တော်မသိဘူး။ ဒီတစ်ခေါက်တော့ နန်းတော်ကိုသွားပြီး နှစ်နိုင်ငံကြားအကျိုးအမြတ်နဲ့ နယ်စပ်ပူးပေါင်းရေးကို တဟွေ့ဘုရင်နဲ့သွားပြီး ဆွေးနွေးယုံတင်ပါ။ ဘယ်သူက ကျွန်တော့်အသက်ကိုလိုချင်နေလဲဆို မသိဘူး"

"မင်းရဲ့အစောင့်တွေဘယ်ရောက်သွားလဲ။ မင်းရဲ့တော်ဝင်အစောင့်တွေကရော။ ငါတို့အကြံကိုလျစ်လျူရှုပြီး တဟွေ့ဘုရင်ဆီ တစ်ယောက်တည်းသွားခဲ့တာလား"

လင်းရှောင်က လင်းရှီဒဏ်ရာရရသည့်အကြောင်းအား ထောက်ပြလိုက်သည်။ လက်မောင်းနှစ်ဖက်သည် လက်မောင်းတစ်ရာအား မခုခံနိုင်ပေ။ လင်းရှီ၏အရည်အချင်းသည် အမှန်ပင်တော်သော်လည်း ကျွမ်းကျင်သောအဖွဲ့အစည်းမှ လူသတ်သမားများလိုက်လျှင် လွတ်မြောက်ရန် မလွယ်လှပေ။

"တောင်းပန်ပါတယ်။ ကျွန်တော် လျစ်လျူရှုမိလိုက်တယ် အစ်ကိုကြီး။ ကျွန်တော်ဒဏ်ရာရခဲ့တာကို အမေ့ကိုမပြောပါနဲ့။ သူသိရင် ကျွန်တော့်ကို ပြောလို့ဆုံးမှာမဟုတ်တော့ဘူး"

"သန်ဘက်ခါ ခွေ့ယွီကျိုက်မှာ မနက်ခြောက်နာရီဆုံကြမယ်။ ငါတို့အတူတူသွားကြမယ်"

လင်းရှောင်က လင်းရှီတောင်းပန်နေသည်ကို စိတ်ထဲမထားပေ။ သူသည် ရွှေယွဲ့သို့သွားရန် အချိန်တစ်ခုသတ်မှတ်လိုက်သည်။

"ပြဿနာမရှိဘူး"

ရွှယ်ယွမ်က ချက်ချင်းပင်ပြန်ဖြေလိုက်သည်။ အခြားသူများကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။

"ယင်းယွီ မင်းဒီတစ်ခေါက်မလိုက်ရဘူး"

လင်းရှောင်က စိတ်လှုပ်ရှားစွာကြည့်နေသော ကျန်းယင်းယွီကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုပ်လျက် အကြံပေးလိုက်သည်။

"ဘာလို့လဲ အစ်ကိုကြီးရှောင်။ ကျွန်မက အားမနည်းပါဘူး။ အားလုံးကို နောက်ဆံတင်းရအောင် မလုပ်ပါဘူး"

ကျန်းယင်းယွီက မျက်နှာရှုံ့မဲ့ကာ သူမအပြင်သွားကာ ခရီးထွက်ရန် အခွင့်အရေးကို အမိအရဆုပ်ကိုင်ရန် ကြိုးစားနေသည်။ ညီနောင်နှင့်ညီအစ်မများကြားတွင် သူ၏အောင်မြင်မှုသည် အားအနည်းဆုံးမဟုတ်ပေ။ ယီယွဲ့က အားအနည်းဆုံးဖြစ်၏။ သူမကိုမူ အဘယ့်ကြောင့် ၎င်းတို့နှင့်အတူသွားခွင့်ပေးသနည်း။

"ယီယွဲ့မင်းလည်းမသွားရဘူး"

လင်းရှောင်သည် သူမစဉ်းစားနေသည်ကို ခန့်မှန်းမိပေသည်။ သူမပြန်ပြောရန်အချိန်မရခင်တွင်ပင် သူကဦးစွာပြောလိုက်၏။

"အမ် အစ်ကိုကြီးရှောင်"

လျန်ယီယွဲ့ ကလင်းရှောင်ကို တွေဝေစွာကြည့်လိုက်သည်။ သူ၏ဆုံးဖြတ်ချက်ခိုင်မာသောမျက်လုံးများကိုတွေ့သောအခါတွင် သူမ၏အစ်ကိုဖြစ်သူ လျန်ရှုယီဘက်သို့လှည့်ကာ ကျေနပ်စရာကောင်းသည့်အဖြေအား စောင့်မျှော်နေလေသည်။

"အဟင်း"

အစ်ကိုဖြစ်သူက သက်ပြင်းချကာ ညီမဖြစ်သူ၏ပုခုံးလေးအား သာသာလေးပုတ်လိုက်သည်။

"မင်းတို့တွေက မကြာခင် လက်ထပ်ရတော့မဲ့အရွယ်ရောက်တော့မယ်လေ။ သတ်သာဖြတ်တာတွေနဲ့ ကင်းကင်းနေတာ ပိုကောင်းပါတယ်"

"အစ်မကြီးကရော။ ရွှယ်ကျန်းကရော။ သူတို့ကမိန်းကလေးမဟုတ်ဘူးလို့ မပြောနဲ့နော်"

ကျန်းယင်းယွီက သူမ၏လှပသောမျက်လုံးလေးကိုကျုံ့ကာ ပြန်ပက်၏။

"အစ်မကြီးက သာမန်မိန်းကလေးတွေနဲ့ မယှဉ်နိုင်တာ အချိန်အတော်ကြာပြီလေ။ ရွှယ်ကျန်းကကျ သူက သွေးတပ်ဖွဲ့ထဲမှာ သူ့ပိုင်နက်ကိုသူ စီမံခွင့်ရတယ်လေ။ သူက ဘာကိုမှကြောက်စရာမလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး"

စစ်ဖန်းချန်က ပန်းလေးနှစ်ပွင့်ကဲ့သို့သောမိန်းကလေးနှစ်ဦးအားကြည့်ကာ ပြန်ဖြေလိုက်သည်။ သူသည်လည်း လျန်ရှုယီကဲ့သို့ပင် စိတ်ထဲမှသက်ပြင်းချမိ၏။ ထိုနှစ်ယောက်နှင့် သွေးထွက်သံယိုမြင်ကွင်းများသည် အမှန်ပင် မသင့်လျော်လှပေ။ ၎င်းတို့အကောင်းဆုံးအနာဂတ်မှာ လူကောင်းတစ်ယောက်နှင့်လက်ထပ်ကာ ကလေးများမွေးပြီး မြင့်မြတ်သောမမလေးဖြစ်လာရန်သာဖြစ်သည်။

လျန်ယီယွဲ့ကြားသောအခါတွင် မျက်မှောင်ကြုပ်ကာ ဘာမှမပြောတော့ချေ။ သူမသည် မျက်နှာထားလေးနက်နေသော လင်းရှောင်ကိုသာ မျက်စောင်းထိုးလိုက်၏။ မိသားစုမှအကြီးအကဲများသည် ညီနောင်များအဖွဲ့တွင် ထိုသို့ဖိအားပေးနိုင်သည်လော။ မိန်းကလေးများအား ညီနောင်များအဖွဲ့တွင် ပါဝင်ရန် တားမြစ်ထားသည်လော။ သို့သော် ညီနောင်အဖွဲ့ကိုထူထောင်ရန်မှာ သူမနှင့် ကျန်းယင်းယွီတို့၏အကြံပင်ဖြစ်သည်။

ယခုတွင် ၎င်းတို့သည် တည်ထောင်သူနှစ်ယောက်ကို ဖယ်ထုတ်ချင်နေကြသည်လော။ ယနေ့သည် ခုနှစ်လပိုင်းခုနှစ်ရက်မြောက်နေ့ အောင်ပွဲနေ့ဖြစ်၍ သူမသည် ဇာချဲ့နေမည်မဟုတ်ပေ။ သူမခေါင်းထဲတွင် တွက်ချက်ပြီးဖြစ်၏။ သူမသည် ညီနောင်အဖွဲ့ကို ထူထောင်နိုင်လျှင် မိန်းကလေးများအဖွဲ့ကိုလည်း ထူထောင်နိုင်ရပေမည်။ ၎င်းတို့မိခင်မှာ မဖြစ်နိုင်သည့်အကြံကို ဖြစ်အောင်လုပ်နိုင်သည့် ယန်းကျင်းကျီဖြစ်သည်။ ရှင်းလင်းသောအချက်အလက်များကို တရှီ၏ ပြုပြင်ရေးစည်းကမ်းတွင် မြင်နိုင်ပေသည်။

"ကောင်းပြီ"

လျန်ယီယွဲ့ ကခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့အားလုံးက အဲ့လိုသဘောတူနေကြတော့ ယင်းယွီနဲ့ ငါလည်းဝင်မရှုပ်တော့ပါဘူး။ ငါတို့လည်း အတွေ့အကြုံနုပါသေးတယ်"

“ယီယွဲ့?”

ကျန်းယင်းယွီခေါင်းမော့ကာ တွေဝေသွားသည်။ လျန်ယီယွဲ့သည် ထိုသို့အလွယ်တကူလက်လျော့မည့်သူမျိုး မဟုတ်ပေ။ စကားအနည်းငယ်ဖြင့် သူမကို ဖျောင်းဖျနိုင်သည်လော။ ထို့နောက်တွင် သူမကို စိတ်တည်ငြိမ်သွားစေသော မျက်စေ့တစ်ဖက်မှိတ်ပြခြင်းကို မြင်လိုက်ရပေသည်။

ညီနောင်အဖွဲ့၏အခြားသောအဖွဲ့ဝင်များသည်လည်း ကျောထဲတွင် စိမ့်တက်သွားပေသည်။ ၎င်းတို့သည် မသိစိတ်တွင်ခြောက်ခြားသွားကြ၏။ ထိုမိန်းကလေးနှစ်ယောက်သည် ၎င်းတို့နောက်တွင် မည်သို့လုပ်ကြတော့မည်လော။

တစ်နှစ်ကြာပြီးနောက်တွင် တရှီ၏ မိန်းကလေးများအဖွဲ့သည် တရားဝင်ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့၏ဂုဏ်သတင်းသည် တရှီတစ်ဝှမ်းတွင်ပျံ့နှံ့ခဲ့ပြီး နောက်ဆုံးတွင် လူငယ်များ၏တည်ရှိမှုကို နိုးထစေနိုင်ခဲ့သည်။

လျန်ယီယွဲ့က မိန်းကလေးများအဖွဲ့ကို ထူထောင်ခဲ့ခြင်းဖြစ်ပေသည်။

လင်းလုံနှင့် ရွှယ်ကျန်းကိုလည်း အဓိကအဖွဲ့ဝင်များအဖြစ် ခေါ်ယူခဲ့သည်။ ထို့နောက် ၎င်းတို့သည် စွမ်းဆောင်နိုင်ကာ ချောမောသောယောင်္ကျားလေးများ အဖွဲ့ကို စတင်တိုက်ခိုက်ကြပေတော့သည်။ ထိုအရာအားလုံးမှာ ယနေ့တွင် ယောင်္ကျားလေးများကငြင်းဆန်မှုလုပ်ခဲ့သောကြောင့်ပင်ဖြစ်ပေတော့၏။

***

All Chapters