← Chapters

သူက ဘယ်သူလဲ

Vol. 123 Ch. 1715

သူက ဘယ်သူလဲ

Vol. 123 Ch. 1715

“ဟုတ်လား ဒါဆိုလည်း ငါစောင့်တာပေါ့” နူးညံ့သောအသံ ထွက်ပေါ်လာ သည်။ သူ့အသံကိုကြားပြီးနောက် အပြင်တွင်ရှိသောလူ၏ နွေးထွေးသောအပြုံး ကို ခံစားမသည်။

ရှီမာယူယူသည် နောက်ပြန်လှည့်မကြည့်မိစေရန် သူမကိုယ်သူမ တတ်နိုင်သလောက် အကောင်းဆုံး ထိန်းချုပ်ရသည်။

ချုံးချီသည် သေတ္တာကိုသိမ်းပြီးနောက် အပြင်သို့လှမ်းပြောလိုက်သည် “သူ့ကို ဝင်ခိုင်းလိုက်”

ထို့နောက် အရပ်ရှည်ပြီး ဖြောင့်မတ်သောပုံရိပ် လျှောက်ဝင်လာသည်။ ရှီမာယူယူ လှည့်ကြည့်လိုက်ရာ အမှန်တကယ်ပင် ရင်းနှီးသော ဝူလင်းယူ၏ မျက်နှာကိုမြင်လိုက်ရသည်။

သူပြန်လာတာလား။ ဘာလို့ သူမကို မဆက်သွယ်တာလဲ။

သူမသည် သူ့ကိုစိုက်ကြည့်ကာ သူ၏မျက်နှာမှ အဓိပ္ပာယ်ကိုဖတ်ချင်မိ သည်။ သို့‌သော် သူသည် သူမကို တစ်ချက်မှပင် ငဲ့မကြည့်ပေ။

“နန်းတော်သခင်ကို နှုက်ဆက်ပါတယ်” ဝူလင်းယူသည် သူ့ကို အသာ အယာ အရိုအသေပြုလိုက်သည်။

“လင်းယူ ဒီနေ့ဘာကိစ္စရှိလို့လာတာလဲ” ချုံးချီ မေးလိုက်သည်။

“ညီလာခံအကြောင်းပါ တချို့ကိစ္စတွေက ဆွေးနွေးဖို့လိုမယ်လို့ ခံစားရပါ တယ်” ဝူလင်းယူ ပြောလိုက်သည်။

“အဲဒီကိစ္စကို မင်းကိုလက်လွှဲထားမှတော့ အသေးစိတ်ကို ငါ့ထင်မြင်ချက် ကိုမေးဖို့မလိုဘူး မင်းဘာသာဆုံးဖြတ်လိုက်ပါ” ချုံးချီ ပြောလိုက်သည်။

“အမှန်ပါပဲ ဒါပေမဲ့ အိမ်တော်သခင် သိတာပိုကောင်းမယ့် ကိစ္စတချို့ရှိနေ သေးတယ်လို့ ထင်ပါတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဒါဆိုလည်း ပြောလေ”

ဝူလင်းယူသည် ညီလာခံ ပြင်ဆင်မှုအကြောင်း သူ့ကိုပြောပြရာ ရှီမာယူယူ သည် သူ့ကိုတစ်ချိန်လုံး စိုက်ကြည့်ရာ ချုံးချီပင်လျှင် သတိထားမိသွားလေ သည်။

“ဟန်ယွဲ့ ဘာတွေအဲလောက် ကြည့်နေတာလဲ” ချုံးချီ မေးလိုက်သည်။

ဝူလင်းယူလည်း ကြည့်လိုက်သည်။

ထိုအခါမှပင် ရှီမာယူယူသည် တစ်စုံတစ်ခုကို သိလိုက်ရသလိုမျိုး ရယ်မောပြီး ပြောလိုက်သည် “မြင့်မြတ်သောသားတော်က ချောမောတာထက် ကို ပိုတယ်လို့ တခြားလူတွေပြောကြတယ် တချို့ကကျတော့လည်း ယောက်ျား တစ်ယောက်က အလုပ်ကိုအာရုံစိုက်နေတဲ့အချိန်မှာ ဆွဲဆောင်မှုအရှိဆုံးပဲတဲ့ အဲဒါကြောင့် မြင့်မြတ်သောသားတော်ကို စိုက်ကြည့်မိသွားတာ”

ရှက်ရွံ့မှုအနည်းငယ်ပင်မရှိသော အထိန်းအကွပ်မဲ့သော စကားပင်။ သူ့ကို စိုက်ကြည့်နေသူမှာ သူမ မဟုတ်သလိုပင်။

ဝူလင်းယူသည် သူမကို ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးသဲ့သဲ့ တွန့်တက်သွားသည် “ချီးကျူးတဲ့အတွက်‌ ကျေးဇူးတင်ပါတယ် မြင့်မြတ်သော သမီးတော်”

“ကျွန်မက အမှန်ကို ထောက်ပြရုံတင်ပါ” ပြောပြီးနောက် ရှီမာယူယူသည် သူ့ကို မကြည့်တော့ဘဲ ချုံးချီကိုသာ ကြည့်နေလိုက်သည်။

ခဏအကြာတွင် ရှီမာယူယူနှင့် ဝူလင်းယူတို့ အတူလျှောက်ထွက်လာကြ သည်။ သူတို့အပြင်သို့ရောက်သောအခါ မည်သူမျမရှိသည်နှင့် ဝူလင်းယူ ပြော လေသည် “အစကတည်းက ဒီကိစ္စက မြင့်မြတ်သောသားတော်နဲ့ မြင့်မြတ် သောသမီးတော်တို့ အတူလုပ်ရမှာပဲ၊ အစကတော့ ငါတစ်ယောက်တည်းလုပ် နေတာဆိုပေမဲ့ မင်းပြန်လာပြီဆိုတော့ မင်းငါ့ကိုလာကူညီလို့ရတယ်”

ရှီမာယူယူသည် သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်သည် “တာဝန်တစ်ခုလုံး ကို ရှင်ပဲလုပ်ပါလို့ စံအိမ်တော်သခင်ပြောမှတော့ မြင့်မြတ်သောသားတော်က ဒီတာဝန်ကို အဆုံးထိယူလိုက်ပါ”

ပြောပြီးနောက် သူမသည် ပြန်လှည့်မကြည့်ဘဲ လျှောက်သွားလေသည်။

ဝူလင်းယူသည် သူမ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရေရွတ်လိုက် သည် “စိတ်ဝင်စားဖို့ ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်”

“ဘာတွေ စိတ်ဝင်စားနေတာလဲ ဘယ်သူက စိတ်ဝင်စားဖို့ကောင်းတာလဲ” အနီရောင်ပုံရိပ်သည် သူ့ရှေ့တွင် ပေါ်လာသည် “ရှင် ကျွန်မနောက်မှာ တခြား မိန်းမကို ခိုးကြည့်နေပြန်ပြီလား”

“ကိုယ် စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ကို တွေ့ရုံတင်ပဲ ဒါပဲ” ဝူလင်းယူ ပြောလိုက်သည်။

“အဲမိန်းမကိုပြောတာလား သူမက ရှင့်စိတ်ကိုဖမ်းစားသွားပြီလား” အနီရောင်တတ်ထားသော မိန်းကလေးသည် နှုတ်ခမ်းတွန့်လိုက်သည် “ဒါ အရမ်းအန္တရာယ်များတယ်နော်”

“မင်း စဉ်းစားလွန်နေပြီ” ဝူလင်းယူသည် ထိုမိန်းကလေး၏ ခေါင်းကိုပုတ် ပြီးထွက်သွားလေသည်။

အနီရောင်ဝတ်ထားသော မိန်းကလေးသည် သူထွက်သွားပြီးနောက် မကျေနပ်စွာြဖင့် နှာရှုတ်ကာ ရှီမာယူယူ၏ပုံရိပ်ကို ကြည့်ပြီးပြုံးလိုက်သည်။

ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့၏ အဆောင်ကို မပြန်ပေ။ ထိုအစား ပင်မခန်းဆောင်မှထွက်လာပြီးနောက် ဘေးရှိနန်းတော်ကို ဝင်လိုက်သည်။

“မြင့်မြတ်သောသမီးတော်” အစောင့်များသည် သူမကို အရိုအသေပြုကြ သည်။ သို့သော် တကယ်တော့ သူတို့သည် သူမလမ်းကိုပိတ်လိုက်ခြင်းဖြစ် သည်။

“ကျွန်မ စံအိမ်တော်ခွဲသခင်နဲတွေ့ချင်တယ် သူ့ကိုသတင်းပေးလိုက်ပါ” ရှီမာယူယူသည် စောင့်ကို ပြောလိုက်သည်။

အစောင့်သည် သူမကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်။ သို့သော် လှည့်ပြီး ဝင်သွားသည်။

“ကျုံကျန်းဟန်ယွဲ့က ငါ့ကိုတွေ့ချင်တယ်ဟုတ်လား” ထန်းယွမ်သည် အနည်းငယ် ပဟေဠိဖြစ်နေသည်။ သူက ဒီကျုံကျန်းဟန်ယွဲ့နဲ့ မရင်းနှီးဘူးလေ ဟုတ်တယ်မလား။

မဟုတ်ဘူး သူ သူမကို သဘောမကျတာကို ကျုံကျန်းဟန်ယွဲ့က သိတယ် လို့အတိအကျပြောမှ မှန်မယ်။

သူမက သူ့ကို တစ်ခါမှလာမတွေ့ဖူးဘဲနဲ့ ဒီနေ့မှ ဘာလို့လာတွေ့တာလဲ။

“ငါ သူမကိုမတွေ့ဘူး အလုပ်များနေတယ်လို့ပြောလိုက်” ထန်းယွမ်သည် သူမကို မတွေ့ချင်ပေ။ ထို့ကြောင့် တိုက်ရိုက်ပင်ငြင်းဆန်လိုက်သည်။

အစောင့်ထွက်သွားပြီး ခဏအကြာတွင် ပြန်ပေါ်လာကာ ပြောလေသည် “စံအိမ်ခွဲသခင် မြင့်မြတ်သောသမီးတော်က အရှင်နဲ့ အရှေ့မျှတမှုမြို့တော်မှာ တွေ့ခဲ့တဲ့ အကြောင်းကို သတိရနေတုန်းပါလို့ ပြောလိုက်ပါတယ်၊ အရှင် သူမကို မတွေ့ရင် မိုးကြိုးအပစ်ခံရမယ်တဲ့ သူမအဲလိုပြောလိုက်ရင် အရှင် သေချာ ပေါက် သူမကိုတွေ့မယ်လို့ သူမ ပြောလိုက်ပါတယ်”

ထန်းယွမ်သည် မှင်တက်သွားပြီးနောက် အစောင့်ကိုပြောလိုက်သည် “သူမကို ဝင်ခိုင်းလိုက်”

အစောင့်သည် အမိန့်နှင့်အတူထွက်သွားပြီး လျင်မြန်စွာပင် ရှီမာယူယူနှင့် အတူပေါ်လာသည်။ ထန်းယွမ်သည် လက်ကိုဝေ့ယမ်းပြီး ဘေးမှလူများကို ထွက်သွားခိုင်းလိုက်သည်။

“မင်းက တကယ်ပဲ ရဲတင်းတာပဲ ဒီနေရာကို လာပြီးခိုးဝင်ရဲသေးတယ်” သူသည် ရှီမာယူယူကိုစိုက်ကြည့်ပြီး ကျုံကျန်းဟန်ယွဲ့နှင့် တူရန် မည်သို့လုပ် ထားကြောင်းကို သိရန်ကြိုးစားလိုက်သည်။ “မင်းတို့ ရှီမာမျိုးနွယ်မှာ ကိုယ့်ကိုယ်ကိုယ် သန့်စင်လို့ရတဲ့ ဝိညာဉ်သိုင်းရှိတယ်လို့ကြားတယ် မင်းက တကယ်ပဲ ကျုံကျန်းဟန်ယွဲ့လိုမျိုး ရုပ်ပြောင်းလိုက်တာလား”

“ကျွန်မမှာက ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်တဲ့ စာချုပ်သားရဲရှိပါတယ်” ရှီမာယူယူသည် ခုံရှာပြီးထိုင်လိုက်သည်။

“ဘယ်လိုဖြစ်ပြီး ဒီနေရာကို ဝင်လာတာလဲ” ထန်းယွမ် မေးလိုက်သည်။

ရှီမာယူယူသည် သူ့ကို အကြောင်းစုံကိုရိုးရှင်းစွာပင် ရှင်းပြပြီးမေးလိုက် သည် “အဲဒီမြင့်မြတ်သောသားတော်အတုက ဘယ်လိုဖြစ်တာလဲ လင်းယူရော သူပြန်လာပြီလား”

“အဲဒီအတုက သူမဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲ” ထန်းယွမ်း မေး လိုက်သည်။

“သူက လင်းယူနဲ့ တစ်ထပ်တည်းတူပြီး လှုပ်ရှားမှုတွေလည်း ခပ်ဆင်ဆင် ဆိုပေမဲ့ တစ်ချက်တည်းကြည့်လိုက်ရုံနဲ့ပဲ တူတာလေ သူက အတုဆိုတာ ကျွန်မ သိလိုက်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်းကလည်း မင်းရဲ့ပင်ကိုယ်ရုပ်မှမဟုတ်တာ သူမင်းကိုမမှတ်မိတာ မထူးဆန်းပါဘူး” ထန်းယွမ် ပြောလိုက်သည် “သူသာ မင်းကို အချစ်မျက်လုံး တွေနဲ့ကြည့်ရင် မင်းပေါ်သွားမှာပေါ့”

“သူ ကျွန်မကိုကြည့်တဲ့ပုံကိုပြောတာမဟုတ်ဘူး တခြားသူတွေကို ကြည့် တဲ့အကြည့်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြောပါ အဲလူက ဘယ်သူလဲ”

“ငါသိမယ်လို့ မင်းထင်နေတာလား”

“ရှင်မသိရင် ဘယ်သူသိမှာလဲ” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “အဲလူကလည်း နတ်ဆိုးမျိုးနွယ်ကပဲလား”

“မဟုတ်ဘူး ဒါပေမဲ့ သူက လင်းယူကိုနာခံတယ်” ထန်းယွမ် ပြောလိုက် သည် “လင်းယူမှာ ခန္ဓာကိုယ်နှစ်ခုရှိတာသိလား”

“အဲဒါသူလား”

“အင်း”

“ဒါဆို သူဘယ်မှာလဲ”

“နတ်ဆိုးလောကမှာပဲရှိသေးတယ်”

“အခု နတ်ဆိုးလောကက ဘယ်လိုရှိလဲ နှစ်တွေအများကြီးကြာနေပြီ နတ်ဆိုးဘုရင်ကို မကိုင်တွယ်နိုင်သေးဘူးလား”

“နတ်ဆိုးလောကက အခြေအနေကတော့ အမြဲတမ်းရှုပ်ထွေးနေတာပဲ” ထန်းယွမ် ပြောလိုက်သည် “နတ်ဆိုးဘုရင်က နတ်ဆိုးလောကကို နှစ်ပေါင်း ထောင်ချီ အုပ်ချုပ်လာတာ၊ မျိုးဆက်တစ်ခုပြီးတစ်ခုပဲ သူ့အင်အား ဘယ်လောက်ကြီးလာလဲ ဆိုတာ မင်းတွေးကြည့်လို့ရပါတယ်၊ လင်းယူကတော့ မျိုးနွယ်တချို့ သူ့နောက်ကိုလိုက်တယ်ဆိုရင်တောင် အဲဒီမိစ္ဆာကြီးကို ရင်ဆိုင်ဖို့ ဆိုတာ…”

သူ စကားဆုံးအောင် ပြောရန်ပင်မလိုပေ။ ရှီမာယူယူသည် သူ၏ ဆိုလို ရင်းကိုနားလည်သည်။ သူ့အခြေအနေမည်မျှ ဆိုးနေသည်ကို သူမ ခန့်မှန်းရန် ပင်မလိုပေ။

“သူ့အတွက် ကျွန်မလုပ်ပေးနိုင်တာ ရှိမလား” သူမသည် မျက်ခုံးနှစ်ခု ကြားကိုပွတ်လိုက်သည်။ သူမသည် စိတ်မအေးလှပေ။

“သူ့အတွက် အကြီးဆုံးအထောက်အကူက အဆင်ပြေပြေနေဖို့ပဲ” ထန်းယွမ် ပြောလိုက်သည် “အဲဒီမှာအရမ်းရှုပ်ထွေးတယ် အဲဒီကိုသွားဖို့ စဉ်း တောင်မစဉ်းစားလိုက်နဲ့”

“ကျွန်မသိပါတယ် ကျွန်မလည်း အဲလောက် မသန်မာသေးဘူး အဲဒီကို သွားပြီး သူ့ကိုပြဿနာမဖြစ်စေချင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းတာပဲ” သူမသည် မစဉ်းစားဘဲ လှုပ်ရှားတတ်သူ မဟုတ်ကြောင်း ထန်းယွမ်သိသည် “အခုပြောမှပဲ မင်းဘယ်တော့သွားမှာလဲ”

“လင်းယူနဲ့ ရှင်တို့က အနက်ဝတ်လူတွေအကြောင်း စုံစမ်းနေတာကို ကျွန်မ မှတ်မိတယ်”

“ဟုတ်တယ် ဒါပေမဲ့ နှစ်တွေဒီလောက်ကြာတာတောင် ဘာရလဒ်မှရ မလာဘူး” ထန်းယွမ် ပခုံးတွန့်လိုက်သည်။ ထိုကိစ္စသည် ပညာရှိစံအိမ်တော်နှင့် ဆက်စပ်မှုကို သူ အခုမှပင် သိရသည်။

“အစတုန်းကတော့ ကျွန်မ အနက်ဝတ်လူတွေအကြောင်းကို စုံစမ်းဖို့လာ တာပဲ ဒါပေမဲ့ မဟာမိတ်ညီလာခံက လုပ်တော့မှာမလား၊ ဒီအခြေအနေပြီးသွား တဲ့အထိစောင့်ပြီးမှ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရမယ်” ရှီမာယူယူ မတ်တတ် ရပ်လိုက်သည် “အနက်ဝတ်လူတွေကို ရှင့်ကိုအပ်လိုက်ပြီ ကျွန်မစဉ်းစားနေတာ ဒီသတင်းနဲ့ဆိုရင် ရှင်ရလဒ်ကောင်းကောင်းတော့ရမှာပါ ကျွန်မသွားလိုက်ဦး မယ် တစ်ခုခုဆိုရင် ထပ်ပြီးဆက်သွယ်ကြတာပေါ့”

***

All Chapters