← Chapters

ပန်းလေး၏လက်ထပ်ပွဲ

Vol. 6 Ch. 164

ပန်းလေး၏လက်ထပ်ပွဲ

Vol. 6 Ch. 164

သူမဒဏ်ရာရခဲ့သည်။

(၁၈)နှစ်အတွင်းတွင် ပထဆုံးအကြိမ်ဒဏ်ရာရခြင်းဖြစ်သည်။ သို့သော် ထိုဒဏ်ရာမှာ ထိုက်တန်ပေသည်။ ဓားတစ်ချက်ဖြင့် သူမသည် ဝူရှားနန်းတော်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုလူသတ်သမားအဖွဲ့အစည်းက လင်းရှီ၏အသက်ကိုနှုတ်ယူရန် ကြံရွယ်နေသောကြောင့်ဖြစ်သည်။

သို့သော်လည်း သူမအတွက် ဒဏ်ရာအသေးအဖွဲမျှသာဖြစ်သည်။ နောက်ဘက်ကျောအား ဓားရှည်ဖြင့် တစ်ချက်အခုတ်ခံလိုက်ရခြင်းဖြစ်သည်။ ဖုန်းယောင်တရားရုံးဌာနချုပ်ရှိ နားနေခန်းတွင် နားနေရတော့သည်။ အသက်အန္တရာယ်ထိခိုက်စေသောဒဏ်ရာမျိုးမဟုတ်သော်လည်း သူမလှဲလျောင်းနေရသည်မှာ သုံးရက်ခန့်ရှိသွားပြီဖြစ်၏။ ထရန်အဆင်ပြေလျှင်အဆင်ပြေချင်း သူမ၏အလုပ်ကိစ္စများကိုဆက်လုပ်ရန်ပြင်လိုက်သော်လည်း ဆက်လက်လှဲကာနားနေရန် နားပူနားဆာတိုက်သံမျာသာ နားထဲတွင်ကြားနေရတော့၏။

"မင်းပြော။ မိန်ကလေးငယ်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ဒီလိုအန္တရာယ်မျိုးထဲ ပြေးဝင်သွားနိုင်ရတာလဲ။ လင်းရှီက ဒုက္ခရောက်နေတယ်ဆိုပေမဲ့လည်း ညီနောင်အဖွဲ့ရဲ့အဖွဲ့ဝင်တွေအားလုံးက ဘယ်ရောက်သွားတာလဲ။ သူတို့က တစ်နေရာရာမှာ စားသောက်နေပြီး ဓားချက်ကိုခံပေးဖို့မှ မင်းကိုလိုအပ်တာလားဂ

"ဖုန်းယောင်တရားရုံးရဲ့သခင်က ဘယ်အချိန်တုန်းက လူသတ်သမားခေါင်းဆောင်ဖြစ်သွားတာလဲ"

"အားရှောင်နဲ့ အခြားသူတွေလည်း ဓားချက်ကိုတားပေးလို့ရတယ်မလား။ မင်းကတော့ မင်းနောက်ကျောမင်းသုံးရဲတယ်ပေါ့လေ။ မင်းနောက်ကျောက ဖျက်စီးလို့မရနိုင်ဘူးများ ထင်နေလား"

"မင်းရက်ပိုင်းလေးနားလိုက်တာနဲ့ ထပြီးသွားနိုင်ပြီလို့ ထင်နေတာလား။ ဖုန်းယောင်တရားရုံးက ရက်နည်းနည်းလောက်ပိတ်ထားလည်း အဆင်ပြေပါတယ်။ မင်းအတွက်အလုပ်လုပ်ပေးမဲ့ လက်အောက်ငယ်သားတွေ အများကြီးရှိနေတာပြောနေစရာကိုမလိုဘူး။ စကားနားထောင်ပြီး ရက်ပိုင်းလောက်နားနေလိုက်ဦး။ မင်းကိုမသေစေပါဘူး။ ဟုတ်ပြီလား"

"အမျိုးသမီး ခေါင်းမာမနေနဲ့။ မင်းဘာသာလှဲပြီး ဒဏ်ရာကိုကုနေဦး။ အဲ့လိုမှမဟုတ်ရင် ခိုင်းတဲ့အတိုင်းလုပ်ဖို့ ဖိအားပေးရလိမ့်မယ်"

ထိုသို့ပြောနေသောကြောင့် လင်းလုံတွင်လည်း ရွေးချယ်စရာမရှိကာ အိပ်ရာပေါ်တွင်သာလှဲလျောင်းပြီး ဒဏ်ရာကိုသာကုသနေရသည်။

ထိုသို့ပြောဆိုနေသောသူမှာ ညီနောင်များအဖွဲ့မှ ရှန်းမိသားစု၏အကြီးဆုံးသား ရှန်းနဉ်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူသည် သရဲတစ်ကောင်ကဲ့သို့ သူမအား စွဲလမ်းနေကာ သူမအသက်ဆယ်နှစ်ကတည်းကပင် သူမနားမှမခွာခဲ့ပေ။

ရှန်းမိသားစုသည် လွန်ခဲ့သောရှစ်နှစ်က နန်းမြို့တော်မှ တဟွေ့သို့ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ရှန်းမိသားစု၏ခေါင်းဆောင် ရှန်းကျီယွင်တွင် သူမဦးလေးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ သူသည် ကလေးနှစ်ယောက်ဖြင့် ခိုလှုံခဲ့သည်။ သူ၏သား ရှန်းနဉ်မှာ လင်းလုံထက် လေးနှစ်ကြီးကာ သမီးဖြစ်သူ ရှန်းနဉ်မှာ သူမထက်တစ်နှစ်ငယ်သည်။ အချင်းချင်းသိပြီးနောက်တွင် သူမသည် ထိုနှစ်ယောက်အား အစ်ကိုကြီးနှင့်ညီမလေးသဖွယ်ဆက်ဆံပေးခဲ့သည်။ ရှစ်နှစ်တာသည် ဖျက်ကနဲပင် ကုန်ဆုံးခဲ့လေသည်။

အစပိုင်းတွင် သူမသည် အေးစက်ဖြင့် စကားပြောရန် ဆန္ဒမရှိပေ။ မိဘများကဲ့သို့ နားပူနားဆာလုပ်ကာ ငြင်းဆိုရန် ဘာမျှမပြောချေ။ ထို့ကြောင့်ပင် သူ့အား သူမနှင့်ပို၍ရင်းနှီးသွားစေသည်။ နောက်ပိုင်းတွင် သူမငြင်းဆိုချင်သည့်အခါတွင် သူမသည် သူ၏စောင့်ရှောက်ပေးမှုအား အသားကျနေပြီးဖြစ်ကာ သူ၏စိတ်အားထက်သန်မှုနှင့်ကြင်နာမှုကိုလည်း ကြာရှည်စွာမငြင်းဆန်နိုင်တော့ပေ။ မမျှော်လင့်ထားသည်မှာ ရှန်းနဉ်သည် သူမကို နားလည်နိုင်ခဲ့သည်။ သူမသည် အပြင်ပန်းတွင်သာအေးစက်သော်လည်း အတွင်းစိတ်မှာမူ ကြင်နာသနားတတ်၏။

သူမကိုတွေဝေစေသည်မှာ ရှန်းနဉ်၏ အထုံပါရမီနှင့် ချမ်းသာကြွယ်ဝမှုပင်ဖြစ်သည်။ ရှန်းမိသားစုအားချည်းကပ်သောမိန်းမပျိုလေးများ မရေမတွက်နိုင်အောင်ရှိကာ သူ့အားလက်ဆက်ရန် တောင်းဆိုကြပေသည်။ သို့သော် အသက်(၂၂)ရှိပြီဖြစ်သော ရှန်းနဉ်မှာမူ မည်သူ့မိန်းမကိုမျှ သူ့ဘေးသို့မခေါ်ပေ။ တစ်ယောက်တည်းသာသူ့နားတွင်ရှိစေသည်။ ထိုမိန်းကလေးမှာ လင်းလုံပင်ဖြစ်သည်။

လွန်ခဲ့သောရှစ်နှစ်က သူ မရပ်မနားအနှောင့်အယှက်ပေးနေသူမှာ သူမဖြစ်သည်ဟု ဆိုရပေမည်။

လင်းလုံသည် အိပ်ရာပေါ်တွင်လှဲလျောင်းကာ မျက်မှောင်ကြုပ်၍စဉ်းစားနေမိသည်။ အမှန်တွင် သူလက်ထပ်ချင်သောသူမှာ သူမဖြစ်သည်ဆိုသောအကြောင်းကိုလည်း သူသည် မည်သည့်အခါမျှ ဖုံးကွယ်မထားခဲ့ပေ။ သူမထက် ဣန္ဒြရှိကာ နူးညံ့သိမ်မွေ့သောမိန်းမများကိုလည်း အစားမထိုးခဲ့ပေ။

သို့သော် သူမစိတ်သဘောထားသည် သူနှင့်အတူယှဉ်တွဲရန် ခက်ခဲလွန်းသည်ဟု သူမထင်သည်လော။ အေးစက်ကာ မာနကြီးသည်။ အပြောအဆိုလည်းမကောင်းပေ။ အကြီးကိစ္စမှာ သူမသည် အသက်(၁၈)နှစ်ပင် ပြည့်ပြီးဖြစ်သည်။ သူမ၏ငယ်ရွယ်မှုတို့ ကုန်လွန်ပြီးဖြစ်၏။

သူမဖြေးညင်းစွာ သက်ပြင်းချလိုက်မိသည်။ သူမကဲ့သို့စိတ်သဘောထားရှိသောမိန်းမတစ်ယောက်ကို မည်သူကမျှလိုချင်မည်မဟုတ်ဟု တွေးထားခဲ့သည်။ သာမန်ယောင်္ကျားများသည် အမေကဲ့သို့ နူးညံ့ကာကျက်သရေရှိသောမိန်းမများကိုသာ ကြိုက်ကြသည်မဟုတ်လော။ ထိုသို့မဟုတ်လျှင် ကျန်းယင်းယွီ နှင့် ယီယွဲ့ကဲ့သို့ လှပကာချစ်စရာကောင်းသောမိန်းကလေးများကို နှစ်သက်ကြ၏။ သူမကဲ့သို့ စီးပွားရေးကိစ္စများဖြင့် အလုပ်ရှုပ်နေကာ ကြမ်းတမ်းသောမိန်းမတစ်ယောက်၊ သိုင်းလောကထဲတွင်လှည့်ပတ်သွားလာနေသူကို မည်သူက သဘောကျမည်နည်း။ သူမကနောက်ခံကိုဖုံးကွယ်ကာ ပန်းထိုးပုံဆွဲရင်း တစ်နေကုန်ကလေးယောင်္ကျားများဖြင့် အလုပ်ရှုပ်နေသောမိန်းမတစ်ဦးပုံစံသည်... သူမတွေးရင်းဖြင့်ပင် ခေါင်းခါမိ၏။ သူမလိုချင်သောဘဝမျိုးမဟုတ်ပေ။ သူမသည် ဖုန်းယောင်တရားရုံးသခင်နေရာကိုယူပြီးဖြစ်သောကြောင့် တရားရုံးရှိညီနောင်များကို သူမက ဦးဆောင်ရပေတော့မည်။

"ဘာလို့သက်ပြင်းချနေတာလဲ။ မင်းရဲ့ ဖုန်းယောင်တရားရုံးက ကောင်းကောင်းအလုပ်ဖြစ်နေပြီပဲ။ ကျရှုံးမှာလည်းမဟုတ်သလို ပိတ်ပစ်လိုက်ရမှာလည်းမဟုတ်ဘူးလေ"

ရှန်းနဉ်က ဒေါသတကြီးဖြင့် ဆူပူလိုက်၏။

သူက စောင်ကိုတင်ပေးရန် ရှေ့သို့ထွက်လာပြီး ကုတင်ပေးရှိ အစားအသောက်များကိုရှင်းလင်းလိုက်ကာ ဒေါသတကြီးဖြင့် ဟောက်မိ၏။

"ငါလမ်းလျှောက်နေတာ နေ့တစ်ဝက်လောက်တောင်ရှိနေပြီ။ မင်းက ခုထိနေ့လည်စာမစားသေးဘူးလား"

လင်းလုံက မျက်ခုံးပင့်ကာ သူ့အားကြည့်လိုက်သည်။ သူမည်သည့်အရာကိုများ ဒေါသထွက်နေသည်လော။ သူမသည် နေလည်စာမစားသည်မှာ မနက်ကပင် အပြည့်အဝါးပြီးဖြစ်ကာ ဗိုက်မဆာသေးသောကြောင့်ဖြစ်သည်။

သူမသည် အိပ်ရာမှမထနိုင်သောကြောင့် သုံးနပ်လုံးကို လင်းရှောင်ကချက်ပြုတ်ပေးကာ အစေခံတစ်ယောက်ဖြင့် ထည့်ပေးလိုက်ခြင်းဖြစ်သည်။ သူမစား၍မရိုးသွားသောဟင်းပွဲများကိုသာချက်ပေးလိုက်သည်။ လွန်ခဲ့သောရက်ပိုင်းက စားလိုက်အိပ်လိုက်သာ လုပ်နေရသည်။ သူမ၏အမြဲသွယ်လျနေသောခါးလေးမှာလည်း အသားများဖြင့်ပြည့်နေသည်ကို သတိထားမိသည်။ ဒဏ်ရာများကုသနေသည်ထက် ဝက်မွေးနေသည်နှင့်ပင် မခြားတော့ပေ။

လူတစ်ဦးသည် အိပ်ရာပေါ်တွင် မည်သို့တစ်နေကုန်လှဲလျောင်းနေနိုင်ပါသနည်း။ အားမရှိဘဲဖြင့် အစားအသောက်များစွာစားနေရမည်လော။ ဒဏ်ရာကုသသည်ထက် ဝက်မွေးနေသည်ဟု ထင်နေသည်လော။

အတွေးများပြန်ရုပ်သိမ်းပြီးနောက်တွင် လင်းလုံက ရှန်းနဉ်၏ မျက်မှောင်ကြုပ်နေသောအမူအရာကို ငေးကြည့်လိုက်သည်။ သူမက ကိုးရိုးကားရားနိုင်စွာ ရှင်းပြလိုက်သည်။

"ကျွန်မ ခုထိ ဗိုက်မဆာသေးလို့ပါ"

စကားမပြောရသည်မှာ ကြာပြီဖြစ်သော သူမ၏အသံသည် အနည်းငယ်ကွဲအက်နေသည်။

"မင်းဗိုက်ဆာတဲ့အချိန်ကျ နောက်ကျလွန်းနေပြီလေ"

ရှန်းနဉ်က ညဉ်းတွားကာ သူမကို ထိုင်ရန် ကူမပေးလိုက်သည်။

"ဗိုက်ဖြည့်ဖို့ တစ်ခုခုသောက်လိုက်ဦး။ ဒီနေ့ ရာသီဥတုကောင်းတယ်။ နောက်ကျမှ မင်းနဲ့အပြင်သွားတော့မယ်။ ထပ်မစဉ်းစားနဲ့တော့။ စီးပွားရေးကိစ္စတွေကိုင်တွယ်ဖို့ မင်းကို တရားရုံးကို ပြန်မပို့နိုင်သေးဘူး"

"ရှန်းနဉ် ရှင်က ဒီလိုမျိုးဖြစ်နေတာ ရှင်မိသားစုက တစ်ခုခုမပြောဘူးလား"

လင်းလုံက ညှိုနှိုင်းဆောင်ရွက်မှုအချို့လုပ်ခဲ့သည်။ ရှန်းမိသားစုတွင်ပိုင်ဆိုင်မှုများစွာရှိသည်။ သူသည် ဖုန်းယောင်တရားရုံးနောက်တွင်သာ သူမဒဏ်ရာများသက်သာရန် အဖော်ပြုကာ နေပေးနေ၏။ သူသည် တီးတိုးပြောခံရမည်ကို မကြောက်သည်လော။

"မင်းဘာတွေပြောနေတာလဲ"

ရှန်းနဉ်က သူမကိုထူးဆန်းစွာငေးကြည့်လိုက်သည်။ သူနှင့် လင်းလုံသည် နှစ်ဖက်မိဘဆီမှ ခွင့်ပြုချက်ရထားပြီးဖြစ်သည်မှာ လွန်ခဲ့သောသုံးနှစ် နွေဦးပွဲတော်အစောပိုင်းကဖြစ်သည်။ သူမသာသဘောတူလျှင် သူမကိုအိမ်ပေါက်မှကြိုဆိုရန် ထိုင်ကုလားထိုင်ဖြင့်ပင် ခေါ်သွားကြမည်ဖြစ်သည်။ (လက်ထပ်ဖို့ကိုဆိုလိုတာ)

"ရှန်းနဉ် ကျွန်မနဲ့ မထိုက်တန်ပါဘူး"

သူမသည် နောက်ဆုံးမုန့်တစ်လုတ်အားကိုက်ပြီးနောက်တွင် နှုတ်ခမ်းထောင့်ကိုသုတ်ကာ အသာအယာပြောလိုက်၏။

"ထိုက်တန်လား မတန်လားဆိုတာကို ငါသိပါတယ်"

ရှန်းနဉ်က သူ၏နှလုံးသားထဲမှဒေါသကိုချိုးနှိမ်လိုက်သည်။ သူသည် သူမကိုယ်သူမ တန်ဖိုးချနေခြင်းကြောင့် စိတ်တိုခြင်းဖြစ်သည်။ သို့သော် သူသည် အစားအသောက်သေတ္တာကိုထုပ်ပိုးကာ သူမကိုထရန် ကူညီပေးလိုက်သည်။

လင်းလုံသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။ သူမ၏ဖျောင်းဖျခြင်းသည် ထပ်မံကျရှုံးသွားပြန်သည်။

သူသည် သူမကိုဆက်၍မပြောနိုင်အောင် အမြဲတမ်းလုပ်တတ်၏။

ဖြစ်နိုင်သည်မှာ သူသည် ဘေးတွင်တစ်သက်လုံးရှိနိုင်ရန် သူမသည်လည်း မျှော်လင့်မိနေသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း ထိုအကြောင်းအရာမှာ လက်တွေ့မဆန်ပါသည်လော။ အနှေးနှင့်အမြန်ပင် သူသည် မိန်းမတစ်ယောက်အား လက်ထပ်ရပေမည်။ သူမသည် သူနှင့်မသင့်လျော်ပေ။

ထိုနေ့မှစ၍ သင့်တော်သည် မသင့်တော်သည်ကို သူမပြောတော့ပေ။ သူသည် သူမကိုတစ်နေ့သုံးနပ်ကျွေးရန် ရောက်လာတတ်ကာ သူမသည်လည်း နောက်ကျောမှ ဓားဒဏ်ရာသက်သာရန်သာ နားနေရတော့သည်။

ဒဏ်ရာသက်သာသွားသောအခါတွင် သူမဆီသို့လာရန်အကြောင်းရင်းနည်းသွားမည်ဟု ထင်ထားခဲ့သည်။

ကံကောင်းစွာဖြင့် မိဘများကို ဒဏ်ရာအကြောင်း အသိမပေးခဲ့ပေ။ ထိုသို့မှမဟုတ်လျှင် သူမ၏ငြိမ်းချမ်းနေမှုလေးအား ထိန်းသိမ်းရန်မှာ ခဲယဉ်းပေလိမ့်မည်။ ထိုလူ၏ပါးစပ်သည်ပင် သူမသည်းခံရန် လုံလောက်ပြီဖြစ်သည်။ သူမကိုနားပူနားဆာလုပ်ရန် လူကြီးများပင် မလိုတော့ပေ။ အဒေါ်ယွဲ့မှလွဲ၍ မိခင်အပါအဝင်အခြားသူများက သူ့ကိုစိတ်ပျက်အားလျော့သွားအောင် လုပ်ကြမည်ဖြစ်သည်။

သို့သော် ယခုအခြေအနေမှာမူ။

လင်းလုံသည် သူမကိုယ်သူက မှန်တင်ခုံရှေ့တွင်ထိုင်ကာ လက်ထပ်ထားသောအမျိုးသမီးများထုံးရသည့်ဆံထုံးမျိုးထုံးဖွဲ့ထားသည်ကိုတွေ့လိုက်ရသည့်အတွက် ကြောင်သွားပေသည်။ ၎င်းတို့သည် သူမမျက်နှာကိုကိုင်ကာ အလှပြင်ပေးနေကြသည်။ ဆံပင်ကိုထုံးဖွဲ့ပေးနေကြသည်။ မင်္ဂလာဝတ်စုံလဲပေးကြသည်။ မင်္ဂလာဝတ်စုံ...?

မည်သည့်အချိန်တွင် သူမမင်္ဂလာဆောင်ရမည်နည်း။

"အမေ?"

သူမသည် မင်္ဂလာဝတ်စုံဝတ်နေသောအမေဖြစ်သူဘက်လှည့်ကြည့်လိုက်သည်။ သင်္ကာမကင်းဖြင့် စုံစမ်းမေးမြန်းလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

သူမနေပြန်ကောင်းလာသောကြောင့် အောင်ပွဲခံနေကြသည်ဟု ထင်မိသော်လည်း ထိုသို့အောင်ပွဲခံခြင်းမျိုးဖြစ်မည်ဟု မည်သည့်အခါမျှမတွေးမိပေ။

"လက်ထပ်ပွဲပေါ့သမီးရဲ့"

စုရွှေလျန်တွင် ပြန်ဖြေရန် အချိန်မရှိသောကြောင့် ကျန်းယင်းယွင်က ပြုံးကာ ဖြေလိုက်၏။

"လုံအာ မထိတ်သွားပါနဲ့။ ရှန်းနဉ်ဆိုတဲ့ကလေးက အားလုံးကိုဂရုစိုက်ပါတယ်။ ငါတို့အားလုံးသဘောကျကြပါတယ်။ မင်းနဲ့အတူရှိနေဖို့ပဲ လိုတော့တာ"

"ရှန်းနဉ်?"

ထိုသို့ဆိုလျှင် သူသည် သူမကို သူ၏ကိုယ်ပိုင်သဘောတူညီချက်ဖြင့်သာ လက်ထပ်ချင်ခဲ့သည်လော။

အဆုံးသတ်တွင် သူမသည် သူ့ကို လက်ထပ်ခဲ့ရသည်။ သူမသည် သူ့ညီမထက် သူမကိုပို၍သိသောယောင်္ကျားကို လက်ထပ်ခဲ့ရသည်။ အကြောင်းရင်းမှာ ရိုးရှင်းပေသည်။ သူမဒဏ်ရာရနေစဉ်တွင် နောင်တအလျင်းမရှိဘဲ သူမကိုစောင့်ရှောက်ပေးနိုင်မည့်ယောင်္ကျားတစ်ယောက်ကို လိုအပ်၍ဖြစ်သည်။ ထိုအကြောင်းရင်းသည် သူမနှလုံးသားထဲတွင် အရေးကြီးဆုံးမဟုတ်သော်လည်း မည်သို့ဖြစ်မည်နည်း။ သူမချထားခဲ့သောအစီအစဉ်သည် ချောင်တစ်ခုသို့ရောက်သွားလေပြီ။ လှည့်ကွက်များရှိသော်လည်း ဦးတည်ရာသည် အောင်မြင်ခြင်းပန်းတိုင်ဆီသို့ပင်။

ဖုန်းယောင်တရားရုံးသခင်ဖြစ်သော သူမလင်းလုံသည် လွန်ခဲ့သောငါးနှစ်တာမျှတိုက်ခိုက်ပေးခဲ့ရသောအဖွဲ့အစည်းအား စွန့်ခွာရန် ကျိုးကြောင်းဆီလျော်သောဆင်ခြေဆင်လက်များသုံးမည်မဟုတ်ပေ။ ထိုသူသည် သူမကို စန်းတာမည်လည်းမဟုတ်ပေ။ ထိုသို့မှမဟုတ်လျှင် သူမသည် သူ့ကို လက်ထပ်မည်မဟုတ်။

ထို့ကြောင့် နွေဦးပွဲတော်ကာလအတောအတွင်း အသက်(၁၈)နှစ်၌ သူမသည် ရှန်းမိသားစုဖြင့် လက်ထပ်ခဲ့သည်။

ညဘက်တွင်လှည့်လည်သွားရသည့်အရသာက သူမကို မမျှော်လင့်ထားသည့်လက်ထပ်ပွဲကို ယူဆောင်လာပေးသည်။

"မင်္ဂလာနံနက်ခင်းပါ"

ရှန်းနဉ်၏အသံက သူမနားထဲတွင် ပဲ့တင်သံထပ်သွားသည်။ လှည့်လိုက်သောအခါတွင် သူမကို သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။

"မနေ့ညက အဆင်ပြေရဲ့လား"

အဝတ်မဝတ်ရသေးသော သူမ၏ခန္ဓာကိုယ်လေးကို ကြည့်လိုက်သည်။ ဖျော့တော့သောအသားရေပေါ်တွင် အနီရောင်အမှတ်အသားတို့က သူတစ်ညလုံးအလုပ်ကြိုးစားခဲ့ကြောင်း ပြသနေသည်။ ထိုရှာဖွေတွေ့ရှိမှုက သူ့ကို အလွန်အမင်းပျော်ရွှင်သွားစေသည်။

လင်းလုံ၏နားများ ထူပူသွားသည်။ မျက်လုံးများက သူမတစ်ကိုယ်လုံးကိုကြည့်နေသည်ကို စိတ်ထဲမရှိသော်လည်း မနေ့ညအဖြစ်အပျက်ကိုပြန်ပြောရန်မှာမူ ပါးစပ်ကဟမလာပေ။

"တစ်ရက်လောက်ကောင်းကောင်းနားလိုက်ဦး။ မနက်ဖြန်ကျရင် ငါတို့နန်းမြို့တော်ဆီသွားပြီး ဦးလေးနဲ့ဒေါ်လေးဆီသွားလည်ရအောင်"

သူက တခစ်ခစ်ရယ်မောလိုက်ပြီး ထကာ အဝတ်ဝတ်လိုက်သည်။ သူမကိုဖက်ထားလိုက်ပြီး အိပ်ခန်းနောက်ရှိ ရေချိုးခန်းဆီသို့ လျှောက်သွား၏။

"နန်းမြို့တော်လား"

သူမ မျက်မှောင်ကြုပ်လိုက်မိ၏။ ထိုသို့သွားရန်လာရန်မှာ အနည်းဆုံးခြောက်ရက်ကြာသည်။

"တရားရုံးက...မသွားနိုင်ဘူး"

သူမသည် သူ၏အမူအရာကို မျှော်လင့်ပြီးသားဖြစ်သည်။ သူသည် သူမ၏စီးပွားရေးကို ဝင်နှောင့်ယှက်တော့မည်ဖြစ်ကာ သူမကို ယခုမှစ၍ ဖုန်းယောင်တရားရုံးအား လက်လျော့သွားအောင် ဆွဲဆောင်တော့မည်ဖြစ်သည်။ နောက်ခြံဝန်လေးထဲတွင် ပန်းထိုး၊ အင်္ကျီချုပ် အစားအသောက်ချက်ပြုတ်ပေးရန်များသာ...။

"ငါသိပါတယ်။ ဖန်းချန်က မင်းအစားလုပ်ပေးလိမ့်မယ်။ ငါတို့သွားနေတဲ့ရက်ပိုင်းအတွင်း သူက မင်းကိစ္စအားလုံးကိုလုပ်ပါလိမ့်မယ်။ မင်းပြန်လာတဲ့အခါကျရင် ဖုန်းယောင်တရားရုံးကို အကောင်းအတိုင်းရှိစေရမယ်လို့ အာမခံတယ်"

ရှန်းနဉ်က အံကြိတ်ကာပြောလိုက်၏။

စစ်ထိုသည် တရားရုံးအား အကြီးဆုံးသားဖြစ်သူကို အဘယ့်ကြောင့် မပေးဘဲ လင်းလုံကိုအဘယ့်ကြောင့်ပေးရသနည်းကို နားလည်ရန်ခက်ခဲပေသည်။ သို့သော်လည်း လူကြီးများ၏ဆုံးဖြတ်ချက်ဖြစ်ကာ သူမသည်လည်း တရားရုံးကိုလွန်စွာဂရုစိုက်ပေသည်။ ထို့ကြောင့် သူကြားမဝင်တော့ပေ။

လင်းလုံက အံ့ဩစွာဖြင့်ခေါင်းမော့ကာ ရှန်းနဉ်ကို ကြည့်လိုက်သည်။ သူသည် အခြေအနေကိုအခွင့်ကောင်းယူကာ တရားရုံးကိုလက်လျှော့လိုက်ရန် သူမကိုမဆွဲဆောင်ပေ။ မိသားစု၏စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသည့်အတွက်လည်း အပြစ်မတင်သကဲ့သို့ တရားရုံးကိစ္စများကိုသာ အာရုံစိုက်စေသည်။ သူသည် သူ၏အထောက်အပံ့အား ပြသနေသည်ပင်လော။

"ဒါက မင်းအလုပ်ကြိုးစားတာပဲလေ။ ငါအဲ့လောက်စိတ်ကြီးဝင်မှာမဟုတ်ပါဘူး။ အဲ့တာအပြင် ငါအလုပ်များနေတဲ့အချိန်မင်းတစ်ယောက်တည်းဖြစ်နေမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့"

ရေချိုးခန်းသို့ရောက်သောအခါတွင် သူမကိုထိုင်စေပြီး နှာခေါင်းလေးကိုတို့ကာ ရှင်းပြလိုက်၏။

"လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ငါမင်းကိုလက်ထပ်ချင်ရင် ဖုန်းယောင်တရားရုံးကိုလည်း လက်ထပ်ရမယ်ဆိုတာ ငါသိပါတယ်။ မိန်းမ ငါနှစ်တွေအများကြီးပြင်ဆင်လာခဲ့တာက မင်းကို ဘာစိုးရိမ်ပူပန်မှုမှမရှိဘဲလက်ထပ်နိုင်ဖို့ပဲ။ ငါ့ဇနီးဖြစ်လာဖို့ပဲ။ ငါဘေးမှာရှိနေပေးမဲ့ဇနီးပေါ့။ မင်းငါ့ရည်ရွယ်ချက်ကို ပိတ်ပင်ထာလို့မရတော့ဘူးပေါ့"

"ရှန်းနဉ်..."

သူမက သူ၏နာမည်ကို ညည်းတွားမိသည်။ သူမနှင့်သူမချစ်သောကိစ္စများသည် သူ့အတွက် ထိုမျှအရေးပါလိမ့်မည်ဟု မထင်ခဲ့ပေ။ ထိုရှာဖွေတွေ့ရှိမှုက သူမကို အနည်းငယ်မျှလွှမ်းမိုးသွားစေသည်။

"ဒီနေ့ဘယ်မှာမသွားဘဲ ကုတင်ပေါ်မှာပဲနားနေမယ်ဆိုလည်း ဖြစ်ပါတယ်..."

သူမကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ပြီး ငြင်းဆန်ခွင့်မပြုတော့ပေ။

သူသည် မည်မျှကြာကြာပြင်ဆင်ခဲ့သည်နှင့် သူမ၏နှလုံးသားထဲတွင် သူ့ကိုရှိစေရန် မည်မျှသည်းခံခဲ့ရသည်ကို ကောင်းကင်သာသိပေလိမ့်မည်။

ယခုတွင် သူမသည် သူ၏ဇနီးဖြစ်လာကာ ကုတင်ပေါ်တွင် နေ့တိုင်းအတူတူလှဲလျောင်းနိုင်ပြီး သူမစိတ်ကစားမည်ကိုလည်း ကြောက်စရာမလိုတော့ပေ။ သူသည် အမှန်ပင် သူမ၏ခင်ပွန်းဖြစ်လာပေသည်။ လွန်ခဲ့သောရှစ်နှစ်က မြင်မြင်ချင်းချစ်ခဲ့ရသည့်မိန်းကလေးသည် ယခုတွင် သူ၏သတို့သမီးဖြစ်လာပြီဖြစ်၏။

***

All Chapters