ညီအစ်မများအဖွဲ့
Vol. 6 Ch. 165
"လျန်ယီယွဲ့!"
လျန်စံအိမ်ကိုဖြတ်ကျော်လာသောအော်ဟစ်သံသည် ကောင်းကင်ယံတွင်ပင် ညံသွား၏။
"အိုက်ယား နောက်တစ်ယောက်ငါနဲ့ရှင်းဖို့လာပြီပဲ။ ကျင်းယွီ ညီအစ်မများအဖွဲ့က အဲ့ယောင်္ကျားတွေက လက်မခံနိုင်ကြဘူးတဲ့လား"
လျန်ယီယွဲ့က ရှုံ့တွနေသောမျက်နှာဖြင့် စောဒကတက်လိုက်သည်။ လက်ထဲတွင်ကိုင်ထားသောကြာစေ့စွပ်ပြုတ်သည်ပင် ပြုတ်ကျလုမတတ်ဖြစ်သွားသည်။
သူမနှင့် ကျင်းယွီသည် အစ်ကိုကြီးများ၏တောင်ပံအောက်မှ ထွက်လာရန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့ဘာသာရပ်တည်တော့မည်ဟု ဆိုလိုခြင်းပင်။ ပွင့်လန်းချိန်တန်သောမိန်းမများသည် ယောင်္ကျားတစ်ယောက်အကူအညီမပါဘဲ မတောက်ပနိုင်သည်ကို မယုံကြည်ပေ။
"အစ်မကြီးနဲ့ ရွှယ်ကျန်းကိုခေါ်လိုက်လို့ လက်မခံနိုင်ဖြစ်နေကြတာလို့ ထင်တာပဲ။ ငါတို့နှစ်ယောက်တည်းသာဆိုရင် သူတို့စိတ်အားထက်သန်နေကြမှာ"
ကျန်းယင်းယွီ၏ချိုသာသောမျက်နှာလေးက ထူထဲလှသောငွေစာရင်းစာအုပ်များကြားမှ ထောင်မတ်လာသည်။ သူမသည် အသက်အရွယ်တစ်ခုရောက်သည်နှင့် ယွဲ့ယန်ပန်းထိုးအိမ်ကို လွှဲပြောင်းယူရမည်ဖြစ်သည်။ ယခုမှစ၍ ရှုပ်ထွေးလှသောစာရင်းစာအုပ်များကြားတွင် ဟိုစပ်စပ်ဒီစပ်စပ်လုပ်ရတော့မည်ဖြစ်၏။
"အဲ့လောက်ကြီး ရှင်းရှင်းလင်းလင်း ရှင်းမပြရသေးဘူးလေ"
လျန်ယီယွဲ့၏မျက်နှာပျက်သွားကာ နှုတ်ခမ်းစူလိုက်၏။ သူမနှင့် ကျင်းယွီသည် ညီနောင်များအဖွဲ့မှထုတ်ပယ်ခံလိုက်ရသော စည်းချက်မကိုက်သူများဖြစ်သည်။ အကြောင်းရင်းမှာ လွန်စွာမှာ ရိုးရှင်းပေသည်။ ၎င်းတို့သည် လက်ထပ်ရတော့မည်အသက်အရွယ်ရောက်ပြီးဖြစ်ကာ အခြားသောယောင်္ကျားများနှင့်သွားလာနေရန် မသင့်လျော်သောကြောင့်ဖြစ်သည်။
သို့သော် အစ်မကြီးနှင့် ရွှယ်ကျန်းမှာမူ အဘယ့်ကြောင့် ထိုသို့လုပ်နိုင်သနည်း။ ၎င်းတို့သည်လည်း မိဘများဖြစ်ကြသည်။ ၎င်းတို့၏ဂုဏ်သည် ထူးခြားနေ၍လော။
တစ်ယောက်မှာ ဖုန်းယောင်တရားရုံး၏သခင်ဖြစ်ကာ အခြားတစ်ယောက်မှာ သွေးတပ်ဖွဲ့၏အနာဂတ်ဧကရာဇ်ဖြစ်သည်။ ၎င်းတို့သည် မရေမတွက်နိုင်သောလက်အောက်ငယ်သားများကို ဦးဆောင်ရသောကြောင့် ညီနောင်များအဖွဲ့အတွက် အရေးကြီးပေသည်။ သို့သော် သူမနှင့် ကျင်းယွီမှာမူ မတူပေ။ အသက်အရွယ်တစ်ခုရောက်လာလျှင် လက်ထပ်ပွဲကိုသာ စောင့်ဆိုင်းရမည်ဖြစ်သည်။ အရာရှိတစ်ယောက်ဖြင့်လည်း ဖြစ်နိုင်သည်။ မိန်းမစိုးတစ်ယောက်ဖြင့်လည်းဖြစ်နိုင်သည်။ ၎င်းတို့၏မိဘများနှင့် ဆက်ဆံရေးကောင်းသောမည်သူနှင့်မဆိုဖြစ်နိုင်သည်။ သဘောတူသည်နှင့် သူမတို့သည် နောက်ဖေးခြံဝန်းဆီသို့ ဝေါယာဉ်ဖြင့်သယ်သွားခံရမည်ဖြစ်သည်။ အမည်အားဖြင့်သာ အိမ်ကြီး၏ဇနီးဖြစ်သော်လည်း လက်တွေ့တွင် သေသည်အထိ ကျဉ်းမြောင်းလှသောကမ္ဘာလေးတွင် ပိတ်လှောင်ခံရမည်ပင်။
သူမ၏စွမ်းဆောင်နိုင်သောမိခင်မှာမူ ဖခင်ဖြစ်သူ၏လက်ထပ်မှုကိုငြင်းဆိုလိုက်လျှင် ဆေးခန်းထဲတွင်သာ သားဖွားသောအလုပ်ဖြင့် အဆုံးသတ်တော့မည်ဖြစ်သည်။
"နည်းလမ်းမရှိဘူလား။ အဒေါ်usif;တို့က အဲ့လိုလူမျိုးမဟုတ်ကြပါဘူး"
ကျန်းယင်းယွီက ကြံရာမရဖြစ်နေသောမိန်းကလေးအား ကြည့်ကာပြောလိုက်သည်။ လူကြီးများ အပြစ်ကင်းသည်ကို မကန့်ကွက်နိုင်ပေ။
"အိုက်ယား မင်းနားမလည်ပါဘူး"
လျန်ယီယွဲ့က အသိပြန်ဝင်လာကာ လက်ပြပြီးပြောလိုက်သည်။
"ငါ့ဘဝကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ခံရလို့သာမဟုတ်ရင် အမေက ငါ့ကို ဆေးပညာလေ့လာဖို့ ဖိအားပေးမှာပဲ။ အဖေကတော့ ငါ့ကို နိုင်ငံရေးတွေ လေ့လာခိုင်းတယ်။ ဒါပေမဲ့ ဒါက ငါလိုချင်တာမှမဟုတ်တာ"
လျန်အိမ်၏ အနာဂတ်ဆေးနတ်ဘုရားအတွက်မှာမူ အစ်ကိုဖြစ်သူနှင့်ပင် လုံလောက်ပြီဖြစ်သည်။ အနာဂတ်ဘုရင်လောင်းမှာမူ တစ်နည်းပြောရလျှင် ညီအစ်ကိုမောင်နှမများက မမောနိုင်မပန်းနိုင် အလုပ်လုပ်နိုင်ကြပေသည်။ သူမသည် ထိုစက်ဝိုင်းထဲသို့ အရူးဆန်စွာ ခုန်မဝင်နိုင်ပေ။ သူမကိုသတ်ပစ်မည်ဆိုလျှင်တောင်မှဖြစ်၏။
"အဲ့လိုဆို နင်က ဘာလုပ်ချင်တာလဲ။ ညီအစ်မများအဖွဲ့ကလည်း ဘာလုပ်မှာလဲ"
ကျန်းယင်းယွီက တွေဝေစွာမေးလိုက်၏။
ညီအစ်မများအဖွဲ့ကို တည်ထောင်ပြီးသည်မှာ တစ်လခန့်ပင်ရှိသွားလေပြီ။ ဖွဲ့စည်းသင့်သောအရာများ၊ ကြေညာသင့်သည်များနှင့် ပြသသင့်သည့်ကိစ္စအားလုံးကို လုပ်ဆောင်ပြီးဖြစ်သည်။ ယခုတွင် ညီအစ်များအဖွဲ့၏ စစ်ဆင်ရေးကိစ္စသာ ကျန်တော့ပေသည်။ သို့သော်လည်း ယခုတွင် ထိုတောင်းဆိုမှုသည် ပျင်းရိနေသောမိန်းကလေးအား ညီနောင်များအဖွဲ့မှနှစ်ယောက်ကိုခေါ်ထားသည့်အတွက် တန်ပြန်တိုက်ခိုက်ရန် ဖြစ်လာစေသည်။
"ဪ ဟုတ်သားပဲ။ နောက်တစ်ဆင့်က ငါတို့ဘာလုပ်သင့်လဲ။ စဉ်းစားကြည့်ရအောင်။ အရင်က ညီနောင်များအဖွဲ့က ဘာလုပ်ကြလဲ"
သေချာသလောက်ပင်။ ကျန်းယင်းယွီက ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။ သူမသည် အကြံထွက်လာရန် ပြင်းပြင်းထန်ထန်စဉ်းစားနေသော လျန်ယီယွဲ့ကို လျစ်လျူရှုကာ မိမိဘာသာ ရှုပ်ထွေးသောအချက်အလက်များကြားတွင်သာ မြုပ်နှံထားလိုက်သည်။
သူမသည် ညီနောင်များအဖွဲ့တွင် မပါနိုင်သော်လည်း အားလပ်ချိန်တွင် စကားပြောဆိုနိုင်သောညီအစ်များအဖွဲ့ရှိသည်မှာ ကောင်းပေသည်။ သို့သော် ယီယွဲ့သည် သူမအား ကြက်သေသေသွားစေမည့်ကိစ္စများကိုမလုပ်ကာ အတူစိန်မခေါ်မိလျှင် ကောင်းပေမည်။
သူမသည် ခန့်မှန်းရာတွင် တော်လွန်းနေပေသည်။ သူမမျှော်လင့်ထားသည့်အတိုင်း အမှန်ပင်ဖြစ်လာသည်။
ကျန်းယင်းယွီက သူမရှေ့တွင် ယောင်္ကျားတစ်ယောက်ကဲ့သို့ဝတ်ဆင်ထားသော လျန်ယီယွဲ့ကိုကြည့်လိုက်ကာ သူမလက်ထဲရှိ အပြာရောင်အမျိုးသားဝတ်အင်္ကျီကိုလည်း ကြည့်လိုက်သည်။
"တကယ်ကြီး ပြောင်းရမှာလား"
"ဒါပေါ့။ မိန်းမတွေကလည်း ဘာလို့ ဆောင်ကြာမြိုင်ကို မသွားနိုင်ရမှာလဲ"
လျန်ယီယွဲ့က စိတ်ကူးယဉ်ဆန်စွာဖြင့် ဆက်ပြောလိုက်၏။
"ဟွမ်ရှမြို့က ဆောင်ကြာမြိုင်ကို ယောင်္ကျားတွေအဆွဲဆောင်နိုင်ဆုံးအဖြစ် ချီးမြှောက်ထားကြတယ်။ တစ်ခါလောက် မခံစားကြည့်ချင်ဘူးလား"
ရိုးရိုးသားသားပြောရလျှင် သူမ မလိုချင်ပေ။ ကျန်းယင်းယွီတံတွေးမြိုချလိုက်မိသည်။ မည်သူကများ သူမကို ယီယွဲ့ထက်ငယ်အောင် လုပ်ခဲ့ပါသနည်း။ ပြောရန်အခွင့်အရေးမရှိဘဲ
၎င်းတို့ ဆောင်ကြာမြိုင်ထဲသို့ ဝင်မသွားခင် အစ်ကိုကြီးနှင့်အခြားသူများ ရှာတွေ့ရန် မကြာစေရန်ကိုပင် မျှော်လင့်နေမိ၏။
ကျန်းယင်းယွီသည် အဝတ်အစားလဲရင်း တိတ်တဆိတ်ဆုတောင်းနေမိသည်။ သူမသည် စာတစ်စောင်ရေးကာ စားပွဲပေါ်တွင် တင်ထားခဲ့သည်။ သူမသည် စားသောက်ဆိုင်သို့ တစ်ခုခုလာမစားသောကြောင့် အစ်ကိုကြီးသည် အခန်းထဲသို့လာရှာလျှင် စာကိုတွေ့ပေလိမ့်မည်။ သူမသည် လျန်ယီယွဲ့နှင့်အတူ ဆောင်ကြာမြိုင်ထဲတွင် မပိတ်မိချင်ပေ။ အထူးသဖြင့် ဝတ်ကောင်းစားလှများဝတ်ဆင်ထားကာ အမွှေးနံ့သာအလွန်အကျွံသုံးထားသောမိန်းကလေးများကြားတွင်ဖြစ်၏။
ဟွားလော့ဆောင်ကြာမြိုင်သည် တဟွေ့၏ ဟွမ်ရှမြို့ကို ဦးဆောင်နေပေသည်။ တစ်မြို့လုံးစာအတွက် အခွန်ပေးထားသောသူမှာ ဆောင်ကြာမြိုင်ပင်ဖြစ်သည်။ ဟွမ်ရှမြို့ဆောင်ကြာမြိုင်၏အမျိုးသမီးသည် ထိုမြို့၏ အမှတ်သင်္ကေတဖြစ်လာသည်။ သူသည် ထိုမြို့တွင် ပျော်ရွှင်မှုဖြင့်အတူပြောဆိုကြသော ဇာတ်ကောင်မျိုးဖြစ်လာသည်။
ရလဒ်အနေဖြင့် ဟွမ်ရှမြို့အနီးတစ်ဝိုက်ကို တိုင်းပြည်ထဲရှိ မသင့်လျော်သောအရာမှန်သမျှကို ရှင်းလင်းပစ်ကြသည်။ တိုင်းပြည်၏မိခင်ဖြစ်သော ယန်းကျင်းကျီ၏ တစ်ခုတည်းသောလုပ်ဆောင်ချက်ဟု ဆိုရပေမည်။ သူမသည် မည်သည့်ပြန်လည်တည်ဆောက်ခြင်းတွင်မှ ဝင်ရောက်မစွက်ဖက်သော်လည်း ဆောင်ကြာမြိုင်ကိစ္စတွင်မူ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။ ထိုအရာကပင် ဟွမ်ရှမြို့၏ ကြွယ်ဝချမ်းသာမှုဖြစ်လာသည်။
သူမ၏သမီးဖြစ်သူသည်သာ ယောင်္ကျားတစ်ယောက်ကဲ့သို့ဝတ်ဆင်ပြီး ပိုက်ဆံဖြုန်းရန် ဆောင်ကြာမြိုင်သို့သွားသည်ကိုသိလျှင် စိတ်တိုလွန်း၍ သွေးအန်လိမ့်မည်ပင်။
သူမကို လျန်ယီယွဲ့က ဆွဲခေါ်လာကာ လှည်းသည် ဆောင်ကြာမြိုင်ရှေ့သို့ပင် ရောက်ပြီဖြစ်သော်လည်း ကျန်းယင်းယွီမှာမူ ရုန်းကန်နေဆဲဖြစ်သည်။
"ယီယွဲ့..."
သူမသည် လျန်ယီယွဲ့၏လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားသည်။ အဘယ့်ကြောင့် အစ်ကိုကြီးမရောက်သေးသည်လော။ သူမချန်ထားခဲ့သောစာကို မမြင်ပါသည်လော။ သို့မဟုတ်လျှင် သူသည် အိမ်ပြန်မရောက်သေးဘဲ ကျောင်းကိစ္စများဖြင့် အလုပ်ရှုပ်နေပါသည်လော။
"ကျင်းယွီ ဘာတွေကြောက်နေတာလဲ။ ငါတို့က သွားကြည့်ယုံတင်ပဲဟာ"
လျန်ယီယွဲ့က မျက်တောင်ပေကလပ်ပေကလပ်ဖြင့် ကြောက်လန့်နေသောသူမကို တွေဝေစွာ ကြည့်နေသည်။
"ကြည့်မှာလား။ ပြီးရင်ရော"
သူမသည် ထိုဆောင်ကြာမြိုင်မှ ပြည့်တန်ဆာများနှင့် ရင်းနှီးမည်ဟု မထင်ခဲ့မိပေ။ လွန်ခဲ့သောနှစ်ဝက်ခန့်က သူမသည် ဟွမ်ရှမြို့သို့ စီးပွားရေးကိစ္စဆွေးနွေးရန် အဒေါ်ဖြစ်သူနှင့် လာခဲ့ပေသည်။ ဂုဏ်ပြုထမင်းစားပွဲအတွင်းတွင် ကျွေ့ရှီခန်းမှ ပန်းပွင့်လေးများကို ကုန်သည်များအတွက် လက်ဖက်ရည်နှင့်ဝိုင်ငှဲ့ပေးရန် စီစဉ်ပေးထားသည်။ သူမသည် ထိုပန်းပွင့်လေးများ၏ နည်းလမ်းကိုမြင်ဖူးခဲ့၏။ တစ်နာရီအတွင်းပင် ထိုကုန်သည်များအိတ်ထဲမှ ငွေအားလုံးပြောင်သွားပေသည်။ အဆုံးသတ်တွင် သူမအဒေါ်သည်သာ စားသောက်စရိတ်ကိုရှင်းလင်းလိုက်ရသည်။
ထိုပန်းပွင့်လေးများအကြောင်း တွေးမိသောအခါတွင် သူမသည် ခြေထောက်ကိုမလှုပ်ဘဲ မနေနိုင်ပေ။ ထိုပန်းပွင့်လေးများကိုရင်ဆိုင်ရမည်ထက် စာရင်းစာအုပ်ပုံထဲတွင် ခေါင်းစိုက်ထားခြင်က ပို၍ကောင်းပေဦးမည်။
"ကျင်းယွီ မင်းဘာတွေကြောက်နေတာလဲ။ စိတ်မပူပါနဲ့။ အခြားသူတွေလည်း ဒီလိုမျိုးဝတ်ထားတော့ ငါတို့ကိုမြင်မှာမဟုတ်ပါဘူး"
လျန်ယီယွဲ့၏နှုတ်ခမ်းလေးကကွေးသွားကာ ကျန်းယင်းယွီကို သူမရှေ့မှ ကျွေ့ရှီခန်းမဆီသို့ ခေါ်သွား၏။
"ဆောင်ကြာမြိုင်ကဘာလဲဆိုတာ အရင်မသိဘူးဆိုရင်တောင် သာမန်စားသောက်ဆိုင်လို့ပဲ ထင်ခဲ့တာ"
လျန်ယီယွဲ့က ဆောင်ကြာမြိုင်၏နာမည်ကိုဖတ်ကြည့်နေသည်။
"ပျော်ပျော်ပါးပါးသောက်ကြမလား။ ဒါက စားသောက်ဆိုင်မဟုတ်ရင်ရော ဘယ်လိုလဲ။ ဒါပေမဲ့ ဖန်းချန်ကတော့ ဆောင်ကြာမြိုင်လို့ပြောတယ်"
"ဖန်းချန်? သူလာဖို့ နင့်ကိုပြောလို့လား?"
ကျန်းယင်းယွီ သည် လျန်ယီယွဲ့၏ပွစိပွစိလုပ်နေခြင်းမှ စကားနှစ်လုံးကိုဖမ်းမိသွားသည်။
"မဟုတ်ဘူးပေါ့။ သူ ရွှယ်ယွမ်နဲ့ပြောနေတုန်းက ကြားခဲ့တာ"
လျန်ယီယွဲ့က နှာခေါင်းရှုတ်လိုက်သည်။ ညီနောင်အဖွဲ့၏ အဖွဲ့ဝင်များက အသက်မပြည့်သောမိန်းကလေးနှစ်ယောက် ထိုသို့နေရာကိုလာသည်ကို ခွင့်ပြုလျှင် ထူးဆန်းနေလိမ့်မည်။
ကျန်းယင်းယွီက လျှို့ဝှက်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။ ထိုသို့မှမဟုတ်လျှင် သူမ၏ ကဗျာ၊ သီချင်း၊ ကျားထိုးခြင်း၊ လက်ရေးလှနှင့်ပုံဆွဲခြင်းလောက်သာသိပြီး မာနကြီးကာ ရိုးစင်းသောစရိုက်နှင့်ဆိုလျှင် လျန်ယီယွဲ့oည် ဟွမ်ရှမြို့ရှိ ဆောင်ကြာမြိုင်များ၏နာမည်ကိုပင် သိလိမ့်မည်မဟုတ်ပေ။
"ယီယွဲ့ ငါထင်တာက..."
၎င်းတို့ကို ကျွေ့ရှီခန်းမဝင်ပေါက်မှာ ပန်းပွင့်လေးနှစ်ဦးက ရှာတွေ့သွားသည်ကို မြင်လိုက်သောအခါတွင် ကျန်းယင်းယွီတစ်ယောက် နေရာတွင်ပင် မြဲမြံစွာ ရပ်နေမိသည်။
"ပြန်ကြရအောင်။ ငါတို့မိသားစုတွေကသာ သိသွားရင်..."
သူမသည်ပုခုံးတွန့်ပြကာ ဖြစ်လာမည်များကို ခန့်မှန်းနိုင်လေသည်။
"ငါတို့ရောက်တောင်နေပြီကိုး။ အထဲဝင်မသွားရင် သနားစရာကောင်းမှာပေါ့..."
လျန်ယီယွဲ့က သွားရန်ငြင်းဆန်နေသောသူမကို အပြုံးချိုချိုလေးဖြင့်ဆွဲခေါ်သွားသည်။ ညီနောင်များ၏ဘုန်းကြီးများမသိခင်တွင် အိမ်ပြန်ရမည်ဖြစ်သည်။ လျန်ယီယွဲ့ဆိုသောသူမသည် လမ်းတစ်ဝက်ဖြင့် လက်လျော့မည့်သူမျိုးမဟုတ်ပေ။
ကျန်းယင်းယွီသည် ကျွေ့ရှီခန်းမထဲသို့ ဆွဲခေါ်ခံသွားရကာ မျက်လုံးများကို တစ်ဝက်ပိတ်ထား၏။ အပေါ်ထပ်လှေကားသို့တက်ကာ အခန်းတစ်ခန်းသို့ မည်သို့ရောက်လာသည်ကိုပင် မသိတော့ပေ။ သူမအသိပြန်ဝင်လာသောအခါတွင် တိတ်ဆိတ်အေးချမ်းသောအခန်းထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်ကိုသာ အမှတ်ရတော့၏။
"ကြည့်။ မင်းထင်သလို အန္တရာယ်မများဘူးမဟုတ်လား"
လျန်ယီယွဲ့က မျက်စောင်းထိုးလိုက်သည်။ သူမသည် ကျန်းယင်းယွီဖြင့် မျက်လုံးချင်းဆုံနေ၏။ ၎င်းတို့နှစ်ယောက်လုံးရင်းနှီးနေသောအသံများက အောက်ထပ်မှတက်လာကြသည်။
"ထွက်လာခဲ့ လျန်ယီယွဲ့!"
စစ်ဖန်းချန်၏ စွမ်းအားမြင့်သောအော်သံပင်ဖြစ်သည်။
"ကျင်းယွီ စကားနားထောင်ပြီး ထွက်လာခဲ့"
ကျန်းဟွေ့အန်း၏ ညင်သာသောအသံပင်။
"ဒီနေရာကိုမီးရှို့ပြီးမှ ထွက်လာကြမှာလား"
စစ်ချင်းယန်၏အကြံပေးချက်ပင်ဖြစ်သည်။
"ယီယွဲ့ မင်းအစ်ကိုကြီးကို အဆောက်အဦးတစ်ခုလုံးလိုက်ရှာရအောင် ဖိအားမပေးနဲ့"
လျန်ရှုယီ၏ ကျက်သရေရှိသော်လည်း ခြိမ်းခြောက်နေသည့်လေသံပင်ဖြစ်သည်။
"အိုက်ယား သူတို့ကမြန်လိုက်တာ။ ငါတို့လက်ဖက်ရည်တစ်ခွက်တောင်မှ သောက်လို့မပြီးသေးဘူး"
လျန်ယီယွဲ့က မိမိနဖူးကိုကိုင်ကာ လက်ကို ကျန်းယင်းယွီဆီသို့ ဖြန့်ကားလိုက်ပြီး
"နင်စာချန်ထားခဲ့သေးလား"
ထိုသို့မှမဟုတ်လျှင် ၎င်းတို့ကို ထိုမျှမြန်မြန်ရှာတွေ့သွားကြမည်မဟုတ်ပေ။ သူမသည် ၎င်းတို့ကို ထိုနေရာသို့ခေါ်လာရန် ရည်ရွယ်ချက်ရှိပါသော်လည်း မကြာခင် ဖမ်းမိသွားမည်ဟု မထင်မိပေ။
"ယီယွဲ့..."
ကျန်းယင်းယွီက ရှက်ရှက်ဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း သူမစူးစမ်းရန်ရွေးချယ်ထားသောနေရာသည် လက်ဖျားခါလောက်စရာကောင်းသောကြောင့်ဖြစ်သည်။
"မေ့လိုက်တော့။ သွားကြမယ်။ ငါတို့တွေ သူတို့ဒီနေရာကို မီးရှို့မှာကိုလည်း ခွင့်မပြုနိုင်ဘူး။ တစ်ခန်းဝင်တစ်ခန်းထွက်လုပ်မှာကိုလည်း ကြည့်မနေနိုင်ဘူး"
လျန်ယီယွဲ့က ခေါင်းငုံ့သွားသည်။
" ကျင်းယွီ ငါတို့ဒီမှာရှိနေတာသိအောင် အစ်ကိုကြီးတို့ကိုအချက်ပြသင့်တယ်မဟုတ်လား။ သူတို့ကို လူတွေဝိုင်းရိုက်ကြမှာမျိုးကို မလိုချင်ဘူး"
"နင်က လွတ်ချင်တာလား"
ကျန်းယင်းယွီက ပါးစပ်ကိုပိတ်လိုက်မိသည်။ မည်သည့်အချိန်က ယီယွဲ့တွင် ထိုသို့အကြံမျိုးရှိသွားရသနည်း။ သူမသည် ထိုမျှအေးအေးဆေးဆေးနိုင်သည်လော။ အစ်မကြီးနှင့် ရွှယ်ကျန်းတို့ဖြင့်မတူသည်မှာ ၎င်းတို့တွင် ထိုသို့လုပ်ရန်အခွင့်အရေးမျိုး မည်သည့်အခါမျှရှိလာမည်မဟုတ်ပေ။ ၎င်းတို့သည် အလုပ်များနိုင်ကြသော်လည်း ထိုသို့ကိစ္စများကိုစဉ်းစားရန်မူ မည်သည့်အခါမျှ အချိန်ကျလာမည်နည်း။
"ငါက ဓားတစ်လက်နဲ့ လျှောက်သွားကြည့်ချင်ယုံတင်ပါ။ အိမ်ကနေတောင် ထွက်လာခဲ့ပြီပဲ။ ဒီအခွင့်အရေးကိုသုံးပြီး သိုင်းလောကထဲကို သွားကြမလား"
လျန်ယီယွဲ့က သဘောမတူစွာဖြင့် သူမ၏အဝတ်များကိုဆောင့်ဆွဲကာ အထူးပြုလုပ်ထားသည့်ဓားတိုလေးပါသည့်အိတ်ကို ကောက်ယူလိုက်သည်။
ကျန်းယင်းယွီတစ်ယောက် အကူအညီမဲ့စွာ သက်ပြင်းချမိသည်။
"ညီအစ်မကောင်းဆိုတာ ဟင်အင်းလို့ မပြောနိုင်ကြဘူး"
လျန်ယီယွဲ့က သူမ၏တောင်းဆိုချက်ကို ပိတ်ပစ်လိုက်သည်။ သူမလွန်စွာအလုပ်များနေခဲ့သည်။ အစ်မဖြစ်သူနှင့် သိုင်းလောကထဲတွင်လျှောက်သွားနေရန် အချိန်မရှိပါ။
"အတည်ပြုပြီးပြီ။ သူတို့အရှေ့ဘက်ကိုသွားကြတာ"
"ဦးတည်ရာက ရှားဟယ်မြို့ဖြစ်မယ်"
"သူတို့နောက်ကို တကယ်ပဲ မလိုက်တော့ဘူးလား"
"အစ်မကြီးက ပြောခဲ့တယ်မဟုတ်လား။ သူတို့ကို ညီနောင်များအဖွဲ့ကကန်ထုတ်လိုက်လို့ စောဒကတက်ချင်ယုံတင်ပါလို့"
"သူတို့ဒေါသကိုဖော်ပြခွင့်ပြုခိုင်းတာလည်း ကောင်းပါတယ်။ ဒီခရီးမှာ လက်သည်းတစ်ချောင်းကျိုးလာတယ်ဆိုရင်တောင်မှ သင်ယူဖို့ကောင်းနေပါပြီ"
"ဒါပေမဲ့ ကျင်းယွီလေးက အရမ်းရိုးလွန်းတယ်"
"ကျင်းယွီရဲ့သိုင်းပညာက မဆိုးလှပါဘူး။ သူနဲ့သွားမယ်ဆိုရင် အဆင်ပြေမှာပါ"
"သုံးလ။ သူတို့ထွက်ပြေးဖို့ အချိန်သုံးလပေးလိုက်။ ချီယန် သူတို့ကိုစောင့်ကြည့်ဖို့ ချင်းဟယ်ကလူတွေလွှတ်လိုက်"
"နားလည်ပြီ။ ဒါနဲ့ ညီအစ်မများအဖွဲ့က ဆက်ရှိနေဦးမှာလား"
"ရှိတာနဲ့ မရှိတာ ဘာကွာလို့လဲ"
"အစ်မကြီးကိုဌားချင်လို့ပါ"
"ငါလည်း ကျန်းအာကို ငှားချင်တယ်"
"ဘာလဲ။ ညီအစ်မများအဖွဲ့က အဖွဲ့ဝင်အားလုံးက ငှားဖို့ ခွင့်မပြုထားဘူးနော်"
လျန်ယီယွဲ့သည် ၎င်းတို့တွင် အရံအစီအစဉ်ရှိလိမ့်မည်ဟု မည်သည့်အခါမှတွေးမထားပေ။
"အဲ့တာဆို……"
"အစ်မကြီးနဲံ ရွှယ်ကျန်းက ညီနောင်များအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေတုန်းပဲ"
ထိုစကားသည် ညီညွတ်နေပေသ်။
လွယ်ကူစွာထွက်ပြေးလာနိုင်သည်ဟု ထင်ခဲ့ကြသော မိန်းကလေးနှစ်ဦးသည် အချိန်ကြာမြင့်သည့်အခါတွင် ညီအစ်မများအဖွဲ့၌ ၎င်းတို့နှစ်ဦးတည်းသာရှိသည်ကို သဘောပေါက်သွားကြလေသည်။ သို့သော်လည်း သိုင်းလောကတွင် ခရီးသွားလာရသည်ကို ပြောရလျှင်မူ သာမန်ပုန်းကွယ်နေခြင်းမျိုးသာ ဆိုနိုင်ပေသည်။
"အရင်တုန်းက ပြောခဲ့ဖူးသားပဲ။ သူတို့နှစ်ယောက်ကို သိုင်းလောကထဲမှာလျှောက်သွားဖို့ ခွင့်ပြုထားရင် အိမ်ပြန်လာမယ်ဆိုတာက အာမခံမရှိဘူးလို့"
သုံးလကြာပြီးနောက်တွင် ညီနောင်များအဖွဲ့ ထပ်မံတွေ့ဆုံကြပြန်သည်။ အားလုံးအတွက် မဟုတ်သော်လည်း မိန်းကလေးနှစ်ယောက် တံခါးမှခုန်ထွက်ကာ သိုင်းလောကထဲသို့ရောက်သွားခြင်းအတွက်ပင်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် အိမ်ပြန်လာမည့်အရိပ်အယောင်မရှိသေးပေ။
"ချီယန် မင်းမှာဘာသတင်းရှိလဲ"
ကျန်းဟွေ့အန်းက မျက်မှောင်ကြုတ်ကာ စစ်ချင်းယန်ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ယခုတွင် အစ်မကြီးသည် နန်းမြို့တော်ကိုယ်ရံတော်အဖြစ်အလုပ်များနေသည်။ ညီအစ်မနှစ်ယောက်ကိုစောင့်ရှောက်ရန်တာဝန်မှာ ကွမ်းချီအိမ်တော်အပေါ်သို့ကျရောက်လာသည်။
"လွန်ခဲ့တဲ့ရက်နှစ်ဆယ်တုန်းက သူတို့က ဖန်းချန်မှာရှိကြသေးတယ်။ ဆယ်ရက်တုန်းကကျ ရွှေယွဲ့မြို့မှာ။ သုံးရက်တုန်းကတော့ သူတို့ နန်းမြိုတော်ကိုရောက်သွားကြပြီ။ အခုတော့ ငါလည်းမသေချာတော့ဘူး။ ဒီအချိန်အတောအတွင်းမှာ ညီအစ်မများအဖွဲ့ရဲ့နာမည်က ပျံ့နေပြီး သိုင်းလောကလူအများကြီးကလည်း အဖွဲ့အစည်းအသစ်ပေါ်ထွက်လာတာကို သတိထားမိနေကြတယ်"
စစ်ချင်းယန်က သူသိသည်ကို ပြောပြလိုက်သည်။
ကွမ်းချီအိမ်တော်သည် တိုက်ငါးတိုက်နှင့် တိုင်းပြည်ဆယ်ပြည်အနှံ့တွင်ရှိသည်။ မိန်းမငယ်နှစ်ဦးအား ကာကွယ်ရန် လူတစ်ဝက်လောက်ကို လမ်းပေါ်တွင် ဖြန့်ထားရသည်။ ထိုမိန်းကလေးနှစ်ဦး၏နောက်ဆက်တွဲများကို ရင်ဆိုင်ကာ ကူညီပေးရသည်။
" ကျန်းယင်းယွီဆီက စာက ဘာပြောလဲ"
လျန်ရှုယီက သက်ပြင်းချကာ မေးလိုက်သည်။ ကံကောင်းစွာဖြင့် ကျင်းယွီသည် ထိုနေရာတွင်ရှိနေကာ ၎င်းတို့ဆီသို့လတိုင်းစာပို့လေသည်။
"ယီယွဲ့က မြောက်ဘက်ကိုဆက်ပြီး သွားချင်နေတုန်းပဲတဲ့။ သူက သွေးတပ်ဖွဲ့ထဲဝင်သွားတာမျိုးလည်းဖြစ်နိုင်တယ်"
ကျန်းဟွေ့အန်းက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်၏။ သွေးတပ်ဖွဲ့သည် ရွှယ်ယွမ်၏ ပိုင်နက်ဖြစ်ပါသော်လည်း သွေးတပ်ဖွဲ့မှလူအားလုံးနှင့် ရင်းနှီးသည်ဟု မဆိုလိုပါ။
"ရွှယ်ယွမ်ကိုသတင်းပို့ပြီး သူတို့လာတဲ့လမ်းတစ်လျှောက်ကာကွယ်ဖို့ လူလွှတ်ခိုင်းလိုက်"
လင်းရှောင်က အချိန်ကြာမြင့်စွာတိတ်ဆိတ်နေပြီးနောက်တွင် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့..။"
လျန်ရှုယီက ပါးစပ်တွန့်သွားသည်။ ဖခင်၏ဆန္ဒအရဆိုလျှင် မိန်ကလေးများကို လက်သည်းတစ်ချောင်းမျှ ထိခွင့်ပြုလိုက်သည်က ပိုကောင်းပေမည်။ အစောင့်များကို ကာကွယ်ခိုင်းနေပါလျှင် ၎င်းတို့လက်သည်ကို မည်သို့ထိနိုင်မည်နည်း။ ကောင်းကောင်းမလုပ်လျှင် ယီယွဲ့ဆိုသောမိန်းကလေးသည် ၎င်းတို့၏ပင်ကိုယ်စရိုက်ကောင်းကြောင့် ကံကောင်းနေသည်ဟု တွေးနေပေဦးမည်။
ရလဒ်အနေဖြင့် ၎င်းတို့သွားလာနေခြင်းကိုတားမြစ်ရန် ပို၍တွ့န်ဆုတ်ရပေမည်။
"ငါသွားပြီး သူတို့ကို ပြန်ခေါ်လာခဲ့မယ်"
ကျန်းရှင်းက ဖြေးညင်းစွာပြောလိုက်သည်။ ၎င်းတို့နှစ်ဦးလုံးသည် သူ့အတွက် ညီမများပင်ဖြစ်သည်။ သူသည် အပြောမကောင်းပါသော်လည်း ၎င်းတို့ကိုဂရုမစိုက်ဟု ဆိုလိုခြင်းမဟုတ်ပေ။
"အဲ့တာလည်းကောင်းတယ်။ လမ်းကျသတိထား။ သူတို့မှာအပြောင်းအလဲရှိရင် ကွမ်းချီအိမ်တော် ဒါမှမဟုတ် ရွှယ်ယွမ်ကို အသိပေးဖို့ အမှတ်ရပါ"
လင်းရှောင်က ခေတ္တမျှစဉ်းစားလိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် ညီနောင်များအဖွဲ့သည် ၎င်းတို့၏ညီအစ်မများကို ဖမ်းမည့်တာဝန်အား စတင်ဆောင်ရွက်လေတော့သည်။
***