← Chapters

လက်ထပ်ခြင်း

Vol. 6 Ch. 166

လက်ထပ်ခြင်း

Vol. 6 Ch. 166

မနက်ဖြန်သည် ညီနောင်များ၏ နစ်ဝက်တွေ့ဆုံပွဲနေ့ဖြစ်သည်။

လင်းရှောင်သည် ခွေ့ယွီကျိုက်စားသောက်ဆိုင်အား စစ်ဆေးပြီးနောက်တွင် တံခါးများကိုပိတ်ကာ အိမ်သို့လမ်းလျှောက်ပြန်ခဲ့သည်။

ဟယ်ယွမ်သို့ လမ်းလျှောက်ရန် သုံးနာရီကြာသော်လည်း နေ့တိုင်း ညအမှောင်ထဲတွင်သာ ဖြေးဖြေးချင်းလမ်းလျှောက်တတ်သည်။ တိတ်ဆိတ်နေသောရာသီဉတုက နေ့အချိန်ရှိ သူ၏မောပန်းနွမ်းနယ်ခြင်းများကို သက်သာစေသည်။

နွေဦးနှောင်းပိုင်းတွင် လမ်းများက တိတ်ဆိတ်နေ၏။ ခွေးဟောင်သံများကို ထပ်ပေါင်းထည့်လိုက်လျှင် ပုံမှန်မြည်နေသောပုရစ်သံသည်မှာ တရှီတစ်ခုလုံး၏တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။

ဖန်းလော့မြို့တံခါးမှဖြတ်ကျော်ပြီးနောက်တွင် ဟယ်ယွမ်သို့ ဦးတည်သည့်လမ်းမကြီးကိုတွေ့ရပေမည်။

လမ်းနှစ်ဖက်လုံးရှိဆိုင်များမှာ ပိတ်ပြီးဖြစ်ကာ အလျင်လိုနေသောအချို့သောအလုပ်ရုံများမှလွဲ၍ဖြစ်သည်။ ၎င်းတို့တွင်ကျန်သောအချိန်အနည်းငယ်လေးဖြင့် ဈေးကြီးကျရန် ပြုလုပ်နေကြခြင်းဖြစ်သည်။

လင်းရှောင်၏မျက်မှောင်ကြုပ်လိုက်မိသည်။ မှုန်ဝါးနေသောသန်းခေါင်ယံကိုဖြတ်ကျော်ကာ သူ၏စူးရှသောမျက်လုံးများက အမွှေးနံ့သာဆိုင်ဝင်ပေါက်ရှိ ထူးဆန်းသောအရာကို အကြည့်ရောက်သွားသည်။

မျက်ခုံးပင့်ကာ တစ်လှမ်းခုန်လိုက်ပြီး ဆိုင်ရှေ့တံခါးပေါက်တွင် ထွက်ပေါ်လာသည်။ ထိုအရာမှာ ကွေးကွေးလေးအိပ်ပျော်နေသောမိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။

သူက လက်ဆန့်ထုတ်ပြီး သူမနဖူးကို စမ်းကြည့်လိုက်သည်။ ကိုယ်ပူနေသည်ကိုတွေ့သွား၏။ သူမသည် သူရောက်လာသည်ကိုပင် မတုံ့ပြန်သည်မှာ အံ့ဩစရာမရှိပေ။

ဆိုင်တံခါးကိုခေါက်လိုက်ကာ တံခါးလာဖွင့်သောအစေခံများ၏ အံ့ဩနေသေမျက်နာကိုအရေးလုပ်နေရန် အချိန်မရပေ။ သူမကိုဆိုင်ထဲသို့သယ်သွားပေး၏။

"သခင်လေး သူက...ဒီမိန်းကလေးက သူ့ဆွေမျိုးတွေကိုလိုက်ရှာနေတဲ့ပုံပဲ။ နေ့ဘက်တုန်းကပဲ သူရှာနေတဲ့သူက ဒီမှာမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောပြီးသားပါ။ ဒါပေမဲ့လည်း အချို့သောအကြောင်းတွေကြောင့် သူကတံခါးမှာရပ်ပြီး ပြန်ဖို့ငြင်းဆန်နေတယ်လေ"

ဆိုင်ခေါင်းဆောင်ဖြစ်သော ဦးလေးရှန်းသည် အမွှေးနံ့သာလက်မှုပညာရှင်ဖြစ်ကာ နန်းမြို့တော်မှဖြစ်ပြီး အမေက အလုပ်ခန့်ထားခြင်းဖြစ်သည်။ သူ၏ပင်ကိုယ်စရိုက်မှာ တည်ကြည်ပေသည်။ ထို့ကြောင့် အမေဖြစ်သူက ဆိုင်သို့လာကာ ဦးလေးရှန်းအား စီမံခန့်ခွဲသူအဖြစ်ခန့်ထားခဲ့ခြင်းဖြစ်သည်။

"အင်း သူအအေးထဲမှာ အကြာကြီးရှိခဲ့လို့ဖြစ်မယ်။ အဲ့တာကြောင့် ဆေးနည်းနည်းတိုက်လိုက်ရင် ကောင်းသွားမှာပါ"

ချင်းယန်ဆေးခန်းတွင်တာဝန်ကျနေသောသမားတော်ကို အရေးပေါ်ဆင့်ခေါ်လိုက်ကာ အအေးမိသက်သာစေသည့်ဆေးညွှန်းရေးခိုင်းခဲ့သည်။ လင်းရှောင်ဒေါသမထွက်ခင်တွင်ပင် အစေခံကိုမီးဖိုထဲလွှတ်ကာ ဆေးအကျိုခိုင်းရသည်။ သူက ပြုံးပြလိုက်ပြီး

"စိတ်မပူပါနဲ့ သခင်လေး။ ဦးလေး ရှန်းက ဒီမိန်းကလေးကိုအအေးမိအောင်ပစ်ထားမှာမဟုတ်ပါဘူး။ သူက သတိမထားမိလိုက်လို့ပါ"

လင်းရှောင်ခေါင်းညိတ်လိုက်ကာ ဦးလေး ရှန်းကို ဒေါသမထွက်ပေး။ သို့သော် ယနေ့ညတွင်မူ သူသည် ဂရုမစိုက်ခဲ့ဟု ခံစားနေရဆဲဖြစ်သည်။ ထိုမိန်းကလေးသည် နွေဦးနှောင်းပိုင်း၏ လေအေးထဲတွင်ခဲသွားခဲ့ရသည်။ သို့မဟုတ်လျှင် ခဲ၍ပင်သေတော့မည်ဖြစ်သည်။

ထိုအချိန်တွင် အမွှေးနံ့သာဆိုင်သည် အကျိုးသက်ရောက်မှုအနည်းငယ်မျှသာရှိမည်ဖြစ်သော်လည်း လူတစ်ယောက်၏အသက်မှာမူ ကိစ္စအကြီးကြီးဖြစ်၏။

"သခင်လေးနောက်ကျနေပြီ။ အရင်ပြန်ပြီး အနားယူလိုက်ပါဦး။ ကျွန်တော်လည်း ဒီမှာရှိတော့ စီစဉ်စရာရှိတာစီစဉ်ထားလိုက်ပါ့မယ်။ ရှောင်ချွေ့ကိုခေါ်ပြီး ဒီမိန်းကလေးကို စောင့်ရှောက်ခိုင်းထားလိုက်ပါ့မယ်"

ဦးလေးရှန်း အနည်းငယ်မျှရှက်နေသည်။ လင်းရှောင်စဉ်းစားနေသည်ကို သူမည်သို့မသိနိုင်မည်လော။ အခြေအနေအားပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိနေပေသည်။

လင်းရှောင်ခေါင်းညိတ်ပြလိုက်၏။

"ဦးလေး ရှန်း နောင်ကျ ဆိုင်တံခါးမပိတ်ခင် သေချာလေးစစ်ဆေးပေးပါ။ ဒီလိုကိစ္စမျိုးထပ်ဖြစ်သွားပြီ ဆိုပါတော့။ ဒီလိုသာဖြစ်ခဲ့ရင် ဒီလို အိမ်မရှိရာမရှိတွေနဲ့ ဆွေမျိုးတွေကိုရှာမတွေ့တဲ့သူမျိုးတွေရှိရင် သူတို့ကို ယန်ရှင်းထန်ကို ပို့လိုက်ပါ"

လင်းရှောင်ကခေတ္တမျှစဉ်းစားကာ ဦးလေး ရှန်းကို သတိထားရန် သတိပေးလိုက်သည်။

"နားလည်ပါပြီ။ စိတ်မပူပါနဲ့ သခင်လေး။ ကျွန်တော့်တာဝန်ထားလိုက်ပါ။ ဒီမိန်းကလေးအတွက်ကတော့ သူအဖျားသက်သာသွားတဲ့အခါကျရင် သူ့ကို ယန်ရှင်းထန်ကို ပို့လိုက်ပါ့မယ်"

ယန်ရှင်းထန်သည် တဟွေ့ရှိ ၎င်းတို့အမည်အောက်မှ လူမှုဖူလုံရေးရုံးဖြစ်သည်။ မူလတည်ထောင်ရခြင်းရည်ရွယ်ချက်မှာ အမြတ်အစွန်းရရန်မဟုတ်ဘဲ တဟွေ့ရှိ အိုးမဲ့အိမ်မဲ့များနင့် အလုပ်မရှိသောသူများအတွက် သင့်လျော်သော အသက်ရှင်နေထိုင်မှုလမ်းကြောင်းကို ရှာပေးရန်ဖြစ်သည်။

ဟယ်ယွမ်လက်အောက်ရှိ စက်ရုံအလုပ်ရုံအများစုသည် ယန်ရှင်းထန်မှမိတ်ဆက်ပေးသောလူများကိုသာ ဦးစားပေးသည်။ ဝန်ထမ်းပြည့်သွားပြီးနောက်တွင် ယန်ရှင်းထန်က ၎င်းတို့ကို တဟွေ့ရှိ ကုန်သည်များဖြင့် မိတ်ဆက်ပေး၏။ မကြာမီပင် ယန်ရှင်းထန်သည် ကျွန်များရောင်းသည့်နေရာများ၊ လူကုန်ကူးသည့်နေရာများတွင် အစားထိုးနေရာယူလာသ်ည။ ထို့နောက်တွင် ယန်ရှင်းထန်သည် တဟွေ့ရှိ လူစွမ့်အားအကြီးဆုံး မိတ်ဆက်ပေးခြင်းရုံးတစ်ခုဖြစ်လာသည်။

—

"ပျော်ရွှင်စရာမွေးနေ့လေးပါ အစ်ကိုကြီး"

လင်းရှီက ပိုးသေတ္တာတစ်ခုကိုကိုင်ကာ လင်းရှောင်၏လက်ထဲသို့ ပြုံးကာ ထိုးထည့်ပေးလိုက်သည်။

"အမေပြောတာတော့ ဒီမွေးနေ့ပြီးရင် မင်းကအသက်နှစ်ဆယ်ပြည့်ပြီတဲ့လေ။ မင်းသဘောကျတဲ့သူများရှိလား။ မင်းမိဘတွေနဲ့တွေ့ဖို့ ဘယ်ချိန်မှခေါ်သွားမှာလဲ"

လင်းရှောင်က တက်ကြွနေသောညီငယ်ကိုကြည့်ကာ ယခုနေရာသို့ရောက်နေရခြင်းမှာ မိခင်ဖြစ်သူ၏လမ်းညွှန်ပေးမှုကြောင့်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

"မင်းကရော။ မင်းက ငါ့ထက် နှစ်နှစ်ပဲငယ်တာ။ ငါတို့အားလုံးက အရွယ်ရောက်ပြီးသားတွေချည်းပဲ။ ဘာလို့ ငါက ပထမဆုံးဖြစ်ရမှာလဲ"

လင်းရှောင်က ပေါ့ပေါ့ပါးပါးပြောလိုက်၏။ သိမ်မွေ့သောအမူအရာက ၎င်းတို့ အထွေးအထူးကိစ္စမရှိဟူ ပြောနေသည့်ပုံပေါ်သေည်။

"ဒါက အမှန်တော့မဟုတ်ဘူး။ ငါက ညီငယ်လေ။ အစ်ကိုဦးဆောင်တာနောက်ပဲ လိုက်ရမှာပေါ့"

လင်းရှီက ပြုံးပြကာ

"ပြန်တော့မယ်။ ညကျ အိမ်ပြန်ဦး။ သူက မင်းနဲ့အစ်မကြီးနဲ့အတူတူ မွေးနေ့ပွဲဆင်နွှဲချင်နေတယ်လို့ ပြောလိုက်တယ်"

သူက လက်ပြကာ ခွေ့ယွီကျိုက်အပြင်သို့ထွက်လာပြီး နန်းတော်ရှိရာသို့လျှောက်သွားလေသည်။

အသက်(၁၈)နှစ်သား လင်းရှီသည် နန်းတက်သည်မှာ နှစ်ဝက်မျှသာရှိသေးသော်လည်း သူ့တွင် ဘုရင်တစ်ပါး၏ကြင်အင်လက္ခဏာမျိုးရှိသည်။ သူ၏မိသားစုရှေ့တွင်မူ နူးညံ့ချင်ယောင်ဆောင်ထားရသည်ကို ပျော်မိနေသည်။

လင်းရှောင်က ပိုးထည်သေတ္တာကိုဖွင့်လိုက်ကာ မျှော်လင့်ထားသည့်အတိုင်းပင် ကျော်ကြားသောမိသားစုမှ မိန်းကလေးတစ်ယောက်၏ပန်းချီပင်ဖြစ်သည်။ သူကနှုတ်ခမ်းစုပြီး သေတ္တာလေးကို အနီရောင်စန္ဒကူးဗီရိုအောက်ခြေတွင် ထားလိုက်သည်။ သူသည် (၁၆)နှစ်ပြည့်ပြီးဖြစ်သော်လည်း နှစ်တိုင်းမွေးနေ့၌ မိန်းကလေးများစွာ၏ပုံကို ရရှိထားပေသည်။

အစတွင် ဦးလေး စစ်ရှန်း၏ နောက်ပြောင်ကျီစယ်မှုဖြစ်သော်လည်း နောင်နှစ်များတွင်မူ အားလုံးအတွက် အပန်းဖြေရာသဘောမျိုးဖြစ်လာသည်။ သူသည် အသက်(၁၈)နှစ်ပြည့်တွင် မိန်းကလေးပုံ(၇)ပုံကိုပင်ရခဲ့သည်။ သူသည် ကိုယ်လုပ်တော်ရှာနေသည်ဟုများ ထင်နေကြသည်လော။

ခေါင်းခါမိကာ မနှစ်က ခွေ့ယွီကျိုက်စားသောက်ဆိုင်ထဲတွင်တည်ဆောက်ထားခဲ့သောခြံဝန်းအပြင်ဘက်သို့ လျှောက်သွားလေသည်။ ခွေ့ယွီကျိုက်သည် သုံးထပ်ခြံပုံဖြစ်သည်။ ပထမအထပ်တွင် အခန်းခြောက်ခန်း၊ နှစ်ထပ်စားသောက်ဆိုင်ရှိသည်။ ဒုတိယအထပ်သည် ဝန်ထမ်းများနေရာနှင့် တတိယအထပ်သည် သူ၏ခြံဝန်းဖြစ်သည်။ ပေါင်းကူးတစ်ခုက သူနေသောနေရာနှင့် အလုပ်လုပ်သောနေရာကို ပိုင်းခြားထားသည်။

ယမန်နှစ်မတိုင်ခင်တွင် ခြံဝန်းငယ်လေးသည် သူ၏စာကြည့်ခန်းနှင့်စာရင်းတွက်ခန်းဖြစ်သည်။ နှစ်သစ်ကူးကာလတွင် အလုပ်ရှုပ်လွန်းသောကြောင့် မြေကြီးနှင့်ခြေထောက်ဖြင့်ပင် မထိနိုင်ပေ။ သူသည် ညပေါင်းများစွာ အိမ်ပြန်မလာဖြစ်ခဲ့ပေ။ ထို့အစား စာလေ့လာရင်းဖြင့်သာ တစ်ညလုံးကုန်ဆုံးခဲ့ရသည်။ အမေဖြစ်သူ သိသွားသည့်နောက်တွင် သူမက လက်သမားတစ်ယောက်နှင့် ပန်းရံတစ်ယောက်ကို ပို့လိုက်သည်။ ၎င်းတို့သည် သူ့အတွက် အခန်းများတည်ဆောက်ပေးကြကာ ခွေ့ယွီကျိုက်မှ သီးခြားဆန်သောခြံဝန်းအတွက် တံခါးတစ်ခုဆင်ခဲ့ကြ၏။

ခြံဝန်းထဲရှိ ဥယျာဉ်ငယ်လေးသည် မြက်များ၊ ပန်းများဖြင့် စိုပြေနေသည်။ အမေဖြစ်သူက တစ်နှစ်ပတ်လုံးစိမ်းလန်းနေသည့်ဟော်လီပင်နှင့် လော်ရယ်ပင်တို့ကို စိုက်ပျိုးပေးခဲ့သည်။

တစ်နှစ်မျှကြာပြီးနောက်တွင် သူ၏ခြံဝန်းငယလေးသည် ပန်းများအပင်များ၏ နိဗ္ဗာန်ဘုံလေးဖြစ်လာသည်။ သူသည် ညတိုင်း ထိုနေရာတွင်နေရသည်ကို အသားကျနေကာ လကုန်လျှင် မိသားစုညစာစားပွဲလုပ်သည့်အခါမှသာ အိမ်သို့ပြန်လေ့ရှိသည်။

ယနေ့ညသည်မူ (၁၁)လပိုင်း (၇)ရက်မြောက်နေ့ဖြစ်ကာ သူနှင့် လင်းလုံ၏မွေးနေ့ပင်ဖြစ်သည်။ အမေနှင့် အဒေါ်ယွင်သည် ထိုအခွင့်အရေးကိုယူကာ အတူတူရှိနေချင်ကြသူများဖြစ်ပေမည်။

"သခင်လေး အခုအပြင်မှာ တစ်ယောက်ယောက်ကြောင့် ရန်ပွဲဖြစ်နေတယ်။ သူတို့ကို အန်းဇီက ကန်ထုတ်လိုက်တယ်"

အမည်ခံသာရှိသောဆိုင်ရှင်လော့သည် လင်းရှောင်ဆိုင်တွင်ရောက်နေသည်ကိုတွေ့လိုက်ရသောအခါ လျင်မြန်စွာဖြင့် ဖြစ်ပျက်သည်များကို သတင်းပေးလိုက်သည်။

လင်းရှောင်က မျက်ခုံးပင့်ပြလိုက်သည်။ လူအချို့သည် ခွေ့ယွီကျိုက်တွင်ပင် ပြဿနာရှာရဲကြသည်။ တရှီရှိ လူတိုင်းသည် ခွေ့ယွီကျိုက်မှာ တိုင်းပြည်ပိုင်ရှင်၏ ညီနောင်၏ ပိုင်ဆိုင်မှုဖြစ်သည်ကို သိပေသည်။ လင်းရှောင်သည် ထိုအရာကို အားမပေးခဲ့သော်လည်း တစ်ခါတစ်ရံတွင် ထိုသို့ပက်သက်ဆက်နွယ်မှုရှိနေခြင်းက စီစဉ်မှုများကို ပို၍လွယ်ကူအောင်ပြုလုပ်ပေးပေသည်။

"သခင်လေး အဲ့တာက မိန်းကလေးတစ်ယောက်ပါ။ ဖွင့်ကတည်းက ဒီမှာထိုင်နေတာ။ သူက ဘာမှလည်းမမှားဘူး။ ကွေ့ဟွားလက်ဖက်ရည်တစ်အိုးပဲမှာတယ်။ ပြဿနာလာရှာတဲ့သူက အဲ့မိန်းကလေးကြောင့် ရောက်လာတဲ့ပုံပဲ"

ဆိုင်ရှင်ပြောသည်ကို နားထောင်ကြည့်ပြီးနောက်တွင် လင်းရှောင်က အသက်(၁၅)(၁၆)နှစ်လောက်သာရှိသေးသောမိန်းကလေးကို ကြည့်လိုက်သည်။ သူမဆီသို့လျှောက်မသွားခင်တွင် မျက်မှောင်ကြုပ်ကာ ခေတ္တမျှစဉ်းစားလိုက်၏။

ရှုရှန်းကျွင်းက သူမရှေ့မှ အနက်ရောင်အဝတ်ဖိနပ်များကို ကြည့်လိုက်သည်။ အပေါ်သို့မော့ကြည့်လိုက်သောအခါတွင် ငွေထည်ဖြင့်ပန်းထိုးထားသည့်အဝတ်အစားကိုတွေ့လိုက်ရသည်။ တစ်ဖန်အပေါ်သို့မော့ကြည့်လိုက်သောအခါတွင် ဓားကဲ့သို့မျက်ခုံးနှင့် ကြယ်များနှင့်တူသော မျက်လုံးကို မြင်လိုက်ရသည်။ ချောမောကာ ကျက်သရေရှိသောမျက်နှာပင်ဖြစ်သည်။ ထိုသူသည် သူမတစ်နှစ်နီးပါးရှာခဲ့ရသောယောင်္ကျားပင်ဖြစ်သည်။

"မနှစ်တုန်းကအတွက် ကျေးဇူးတင်ပါတယ်"

သူမသည် ခေါင်းငုံ့ကာ တီးတိုးပြောလိုက်ပြီး သူမလက်ဖက်ရည်ခွက်ရှေ့မှ ရနံ့မွှေးပျံ့သောနှင်းဆီပန်းများကို ငေးနေမိသည်။

"ဒါက နည်းနည်းလေးကြိုးစားအားထုတ်လိုက်ယုံတင်ပါ"

လင်းရှောင်က သိမ်မွေ့စွာ ပြုံးလိုက်သည်။ မျှော်လင့်မထားသည်မှာ ထိုမိန်းကလေးသည် အအေးထဲမှ သူမကယ်ထားသောမိန်းကလေးပင်ဖြစ်သည်။ သို့သော်လည်း သူအလုပ်ရှုပ်နေသောကြောင့် ထိုနေရာကိုမေ့သွားသည်မှာ ကြာပြီဖြစ်သည်။ အမွှေးနံ့သာဆိုင်အပြင်ဘက်မှ ကယ်ခဲ့သောသူပင်ဖြစ်သည်။

"ကျွန်မ..."

ရှုရှန်းကျွင်းသည် တံတွေးမြိုချလိုက်ကာ တစ်နှစ်နီးပါးပြင်ဆင်ထားခဲ့သောကျေးဇူးတင်စကားမှာ မေ့လျောသွား၏။

"အခုက ဘယ်သူက မင်းကို ဒုက္ခပေးနေလို့လဲ"

လင်းရှောင်က ကြည့်လိုက်ကာ ငွေရှင်းသည့်နေရာသို့ လက်မြှောက်ပြလိုက်သည်။ စောင့်ဆိုင်းနေသောစာပွဲထိုးက ဆိုင်၏အထင်ကရအချိုပွဲဖြစ်သည့် နာနတ်သီးအစာသွပ်ကိတ်မုနု့်ကိုယူလာသည်။

"မင်းခုထိ မနက်စာမစားရသေးဘူးပဲ။ ဒီနာနတ်သီးအစာသွပ်ကိတ်မုန့်က နှင်းဆီပန်းလက်ဖက်ရည်နဲ့ လိုက်တယ်"

လင်းရှောင်က သူမရှေ့တွင် ပန်းကန်ချလိုက်ကာ အပြုံးတစ်ပွင့်ဖြင့် အကြံပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်"

ရှုရှန်းကျွင်းက ရှက်သွေးဖြာကာ အရသာခံရန် မုန့်တစ်ပိုင်းကို ကောက်ယူလိုက်သည်။ ကောလဟသများနှင့်အတူတူပင်ဖြစ်သည်။ ဝိုင်အရက်ဖြင့်ကြာရှည်စွာသိပ်ထား၍ အနံ့အရသာနှင့်ပြည့်စုံသည်။ တစ်ပိုင်းမျှစားပြီးနောက်တွင် သူမသည် ခွေ့ယွီကျိုက်သို့ရောက်နေခြင်းဖြစ်သည်ကို သဘောပေါက်သွားကာ သူမ၏ကျေးဇူးရှင်သည်လည်း သူမရှေ့တွင်ထိုင်နေပြီး တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်နေပေသည်။

အပြုံးတစ်ပွင့်က လင်းရှောင်၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်သွားကာ သူမကိုဂရုမစိုက်ကြောင်း အရိပ်လက္ခဏာပြနေသည်။

"စောနက လူက..."

"ဪ သူက ဒီကိုအကြွေးတောင်းဖို့လာတာပါ။ ကျွန်မ တရှီကို မလာခင်မှာ ပန်းထိုးအိမ်မှာအလုပ်လုပ်ပြီး အမေ့ကိုမြုပ်နှံပေးခဲ့တယ်။ ကျွန်မအခု ငွေသား(၂၂)စ အကြွေးတင်နေတယ်။ သူတို့ကို အတိုးနဲ့ ငါးနှစ်အတွင်း ပြန်ပေးမယ်လို့ ပြေထားတာ။ ဒါပေမဲ့ သူတို့စိတ်ပြောင်းသွားပြီး ကျွန်မကို အကြွေးပြန်ဆပ်ဖို့ ဖိအားပေးနေကြတာ။ ကျွန်မက သဘောတမတူထားလို့ ပန်းထိုးအိမ်ကိုလည်း မပြန်ရဲဘူး။ ကျွန်မတောင်းပန်ပါတယ်..."

သူမက ထွက်မပြေးခင် သူ့ကိုတွေ့ကာ အသက်ကယ်ခဲ့သည့်အတွက် ကျေးဇူးတင်ချင်နေပေသည်။

"ပန်းထိုးအိမ်လား။ ဘယ်ပန်းထိုးအိမ်မှာ အလုပ်လုပ်တာလဲ"

လင်းရှောင်က ထူးခြားသောစကားလုံးကို ကောက်ထုတ်ပြလိုက်သည်။ အမေဖြစ်သူတည်ထောင်ခဲ့သောပိုးထည်အလုပ်ရုံမှာ ပန်းထိုးအိမ်ဖြစ်နိုင်သည်လော။

"ပိုးထည်အလုပ်ရုံ"

ရှုရှန်းကျွင်းက ဝမ်းပန်းတသာဖြင့် ပြုံးပြလိုက်သည်။

"ရှင်ကျွန်မကို ကယ်ခဲ့တယ်ဆိုတာ သိတော့ ရှင့်ကို ကျေးဇူးတင်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဦးလေးရှန်းက ရှင်အရမ်းအလုပ်များနေတယ်လို့ပြောတယ်။ သူက ကျွန်မကိုအရင်ဆုံး ယနရှင်းထန်ကိုခေါ်သွားတယ်။ ကျွန်မရဲ့ ပန်းထိုးတဲ့အရည်အချင်းက မဆိုးဘူးဆိုတာ သူတို့သိတော့ ကျွန်မကို ပိုးထည်အလုပ်ရုံမှာပဲ ပြန်ထားခဲ့တာ။ တစ်နှစ်လည်းပြီးရော ကျွန်မက ငွေသားလေးဆယ်ရတယ်။ ပထမနှစ်စာအတွက် အကြွေးပြန်ဆပ်ဖို့လုံလောက်ပြီ။ ဒါပေမဲ့ သူတို့ကရောက်လာကြသေတယ်။ သူတို့က ရင်ဆိုင်ဖို့မလွယ်ဘူး။ အခုရှင့်ကိုတွေ့ပြီးပြီဆိုတော့ ကျွန်မစိတ်သက်သာရာရသွားပါပြီ။ စိတ်မပူပါနဲ့။ ကျွန်မပန်းထိုးအိမ်ကိုပြန်မှာပါ။ သူတို့ဖျက်ဆီးပို့ လာကြဦးမှာပဲ။ ကျေးဇူးတင်ပါတယ်..."

"မင်းရှာနေတဲ့သူက ဘယ်မှာလဲ။ သူတို့ကို ခုထိမတွေ့သေးဘူးလား"

လင်းရှောင်က မျက်လုံးအောက်ချလိုက်ကာ လက်ဖက်ရည်တစ်ကျိုက်မော့သောက်ကာမေးလိုက်၏။

"အင်း။ မြို့မှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်သွားတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကနဲ့ လုံးဝကိုမတူတော့ဘူး။ သူတို့ ဘယ်ပြောင်းသွားကြလဲဆိုတာ ကျွန်မလည်းမသိဘူး"

ရှုရှန်းကျွင်းက သက်ပြင်းချလိုက်မိသည်။ သူမရှာတွေ့လျှင်ပင်ဦးလေးဖြစ်သူမိသားစုက သူမကို အကြွေးငွေတုံးခြောက်ဆယ်ပေးလိမ့်မည်ဟု မထင်ပေ။

စိတ်ပိုင်းဖြတ်ပြီးနောက်တွင် သူမထလိုက်ပြီး လင်းရှောင်ကို ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူမကို ကယ်ခဲ့ယုံသာမက နာမည်ကြီးနာနတ်သီးအစာသွပ်ကိတ်မုန့်ကိုလည်း အရသာခံခိုင်းခဲ့သည်။

"မင်းဘယ်သွားမှာလဲ"

လင်းရှောင်က မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။ သူမအနည်းငယ်မျှစိတ်မချမ်းမသာဖြစ်သွားသည်။ သူမသည် ထောင်ချောက်ထဲသို့ကျသွားသည်မှာ ဖြစ်နိုင်သည်လော။ တစ်သက်တာအကြွေးဖြစ်နိုင်သည်လော။ အဘယ့်ကြောင့် သူက စိတ်အနှောင့်အယှက်ဖြစ်နေရပါသနည်း။

"ကောင်ကင်ကြီးက ကျယ်ပြောပြီး လောကကြီးကလည်း အကြီးကြီးပါ။ ကျွန်မအတွက်နေရာတစ်နေရာ ရှိမှာပါ"

ရှုရှန်းကျွင်း ပြောလိုက်၏။

"သခင်လေးလင်းရဲ့ အသက်ကယ်ခဲ့တဲ့ကျေးဇူးကို ကျွန်မပြန်မဆပ်နိုင်တော့ပါဘူး"

သူမသည် ဦးစွာ ပိုးထည်အလုပ်ရုံတွင်နေကာ အကြွေးပြန်ဆပ်ချင်ခဲ့သည်။ ထို့နောက်မှ ခွေ့ယွီကျိုက်သို့လာမည်။ သူ့အား ဖြစ်နိုင်သည့်နည်းလမ်းတစ်မျိုးမျိုးဖြင့် ကူညီပေးချင်ခဲ့၏။

သို့သော်လည်း ယခုတွင်မူ မဖြစ်နိုင်တော့ပေ။ မည်သည့်အုပ်စုကများ ကျိုးကြောင်းမဆီလျော်စွာလုပ်ခဲ့ပါသနည်း။

၎င်းတို့ကိုရှောင်ရန် သူမသည် တရှီမှသာ ထွက်သွားနိုင်တော့မည်ဖြစ်၏။

"ဒီမှာပဲနေ။ ကျွန်တာ ငါကြည့်လုပ်လိုက်မယ်"

—

ထိုနေ့မှစ၍ သူမသည် သူ့ကို ထပ်မံမတွေ့ရတော့ပေ။ သူမကိုလည်း ထိုအုပ်စုက ထပ်၍မနှောင့်ယှက်ကြတော့။ ငွေသားအချို့ဖြင့် သူမ အလုပ်ထုတ်ခံလိုက်ရသည်မှာ ဖြစ်နိုင်၏။ ထို့ကြောင့်ပင် မကြာမီတွင်ပင် ဦဂလေး ရှန်းက သူ၏အမှာစကားကို ပြန်ပြောလာသည်။ သူမသည် ပိုးထည်အလုပ်ရုံတွင်နေမည်ဖြစ်ကာ ပန်းထိုးအလုပ်ကိုလည်း ဆက်လုပ်မည်ဖြစ်သည်။ သူကိုယ်စားဆပ်ခဲ့သောအကြွေးများကို လုပ်အားခဖြင့် ပြန်ဆပ်ပေးမည်ဖြစ်သည်။

ဒုတိယမြောက်နှစ်တွင် သူမသည် ငွေတုံး(၁၂)တုံးစုနိုင်ခဲ့သည်။ ထိုထဲမှ ငွေတုံးခြောက်တုံးအား ဇာမဏီပွဲကြည့်စင်ဆိုသောပန်းထိုးကားချပ်ပြီးမြောက်သွားသည့်အတွက် ဆုကြေးရခြင်းဖြစ်သည်။

ရှစ်လပိုင်း၏ ခုနှစ်ရက်မြောက်နေ့ မနက်စောစောတွင်ဖြစ်သည်။ ရှုရှန်းကျွင်းသည် လက်ထဲတွင် ငွေတုံးဆယ်တုံးကိုင်ကာ ခွေ့ယွီကျိုက်သို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးသွား၏။

"ကျွန်မက သခင်လေး.. လင်းရှောင်ကို လာရှာတာပါ"

ဆိုင်ရှင်လော့သည် သူမသည် မနှစ်က သခင်လေးဂရုစိုက်ပေးခဲ့သောမိန်းကလေးဖြစ်ကြောင်း မှတ်မိသွား၏။ သူစိတ်ပြောင်းသွားကာ ပြုံးပြလိုက်ပြီး သူမကို ထိုင်ခုံတွင် ဦးစွာထိုင်ခိုင်းလိုက်သည်။ ထို့နောက် လင်းရှောင်ကိုရှာရန် နောက်ဖေးခြံဝန်းဆီသို့သွား၏။ သခင်လေးသည် မိန်းကလေးတစ်ယောက်နင့်နီးနီးစပ်စပ်မြင်ရသည်မှာ လွန်စွာရှားပေသည်။ သူမသည် ပထမဆုံးပင်ဖြစ်၏။ မကြာခင်သတင်းကောင်းကြားရနိုင်ပေသည်။

"မင်းအတွက်မင်း သိမ်းထားချင်သေးလား"

လင်းရှောင်က သူမပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်ကာ အကြွေးများပြန်ဆပ်ရန် ပြန်သည်ကို သိပေသည်။ မနှစ်က သူမကို မမြင်မိသော်လည်း ဦးလေးရှန်းနှင့် ဦးလေးဖုန်းတို့ ပိုးထည်အလုပ်ရုံကို ယေဘုယျအားဖြင့် နားလည်ပေသည်။

"ကျွန်မမှာ သုံးစရာမရှိပါဘူး"

ရှုရှန်းကျွင်းက ခေါင်းခါပြလိုက်သည်။ ပိုးထည်အလုပ်ရုံမှာ ပန်းထိုးအလုပ်သမားများကို လစာကောင်းကောင်းပေးထားလေသည်။ ပိတ်ရက်များအပါအဝင် ထမင်းသုံးနပ်နှင့် အတွင်းဝတ်အသစ်နှစ်စုံကို ခြောက်လတစ်ခါပေးလေ့ရှိသည်။ သူမရထားသည်များကိုသုံးစရာနေရာမရှိပေ။

"သွားကြမယ်"

လင်းရှောင်က ငွေတုံးများနှင့် သူမပန်းထိုးထာသောပိုက်ဆံအိတ်ကိုပါလက်ခံလိုက်ပြီး ထရန် ပြောလိုက်သည်။

"သွားမယ်။ ဘယ်ကိုသွားမှာလဲ"

သူမကခေါင်းမော့ကာဆိုလိုက်၏။

"ငါနဲ့ တစ်ခုခုသွားဝယ်ရအောင်လိုက်ခဲ့"

သူက ဦးဆောင်ပြီး ခွေ့ယွီကျိုက်ဝင်ပေါက်သို့ လျှောက်သွားလေ၏။

ရှုရှန်းကျွင်း လျင်မြန်စွာဖြင့် သူ့ကို အမှီလိုက်ပေသည်။ သူ့နောက်သို့ လိုက်လာကာ လူရှုပ်လှသောဈေးသို့ရောက်လာသည်။

လူရှုပ်နေသောနေရာနှင့်တွေ့သောအခါတွင် လင်းရှောင်က သူမကို သူ့ဘေးသို့ဆွဲကာ ကာကွယ်ပေး၏။

လက်နှစ်ဖက်ဖြင့် မိန်းမအသုံးအဆောင်များကိုင်ထားစဉ်တွင် ရှုရှန်းကျွင်းတစ်ယောက် တွေဝေသထက် တွေဝေလာမိသော်လည်း မည်သည့်မေးခွန်းကိုမျှမမေးရဲပေ။

နူးညံ့ကာ မျက်နှာပေါ်တွင်အနာအဆာကင်းသော လင်းရှောင်သည် အမှန်ပင် စိုးမိုးခြယ်လှယ်နိင်ပေသည်။

ဦးစွာ သူမကို လက်ပြကာ သူမအတွက်ဝယ်ပေးနေသောပစ္စည်းများကို ငြင်းဆန်၏။ သို့သော် သူ၏ခက်ထန်သောအကြည့်ကြောင့် အံ့ဩတုန်လှုပ်သွားကာ ဘာမျှထပ်မပြောရဲတော့ပေ။ သူမအတွက် ဝယ်ပေးနေခြင်းမဖြစ်နိုင် ညီမများ သို့မဟုတ် ဝမ်းကွဲအတွက်သာ ဝယ်ပေးနေခြင်းဖြစ်သည်ဟု စဉ်းစားပြီး မိမိဘာသာ နှစ်သိမ့်လိုက်၏။

လင်းအိမ်၏အကြီးဆုံးသခင်လေးသည် ယခုနှစ်တွင် (၂၁)နှစ်ရှိပြီဖြစ်၏။ သူ လက်မထပ်ရသေးလျှင်ပင် လက်တွဲဖော်တစ်ယောက်ပင်မရှိသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

သူမ၏မျက်လုံးများမှာ မှုန်ဝါးလာသည်။ ယနရှင်းထန်၏ခြေလှမ်းများရပ်တန့်လိုက်ကာ ၎င်းတို့ကြားမှအကွာအဝေးကို ခပ်ကွာကွာကြဲလိုက်သည်။ အားလုံးသည် သူ့ကို မှတ်မိနေကြသည်။ သူမသည် မည်သို့သူနှင့် ဘေးချင်းယှဉ်လျှောက်နိုင်သနည်း။

"ဘာဖြစ်တာလဲ"

လင်းရှောင်က ရပ်ကာ လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်၏။

သူသည်လည်း ရပ်သွားကာ သူမကိုစောင့်နေလိမ့်မည်ဟု ရှုရှန်းကျွင်းမထင်ခဲ့ပေ။ ဘေးနားမှစပ်စုနေသောအကြည့်များကို မြင်ရသည့်အခါတွင် သူမ အနည်းငယ်မျှ ပျာယာခတ်သွားမိ၏။

"ဒီကိုလာလေ"

လင်းရှောင်က သူမကို လက်ပြလိုက်သည်။ သူမချည်းကပ်လာသောအခါတွင် လက်ကိုဆန့်ထုတ်လိုက်ပြီး သူမကကိုင်ထားသောအိတ်ကြီးကိုယူကာ အခြားလက်က သူမကိုတင်းတင်းကြပ်ကြပ်ကိုင်ထားပြီး လက်မလွှတ်တော့ပေ။

၎င်းတို့ ခွေ့ယွီကျိုက်သို့ ပြန်ရောက်လာသောအခါတွင် သူမကို သူ၏ခြံဝန်းဆီသို့ခေါ်သွား၏။ အစေခံမိန်းကလေးတစ်ယောက်အား သူမကို အဝတ်အစားလဲရန် ကူညီခိုင်းကာ ဆံပင်ပေါ်တွင်လုပ်သည့်အဆင်တန်ဆာများကိုလည်း အလှဆင်ပေးကာ မျက်နှာချေပါလူးခိုင်း၏။

ရှုရှန်းကျွင်းက သူမစိတ်ထဲရှိတွေဝေနေခြင်းကို ခံနိုင်ရည်မရှိတော့သောကြောင့် လင်းရှောင်အလုပ်လုပ်နေသော စာကြည့်ခန်းထဲသို့ ဝင်သွား၏။

"ဒါက ကျွန်မလဲပြီးသွားပြီ။ ဒါပေမဲ့လို့..."

သူဆိလိုသည်ကို သူမနားမလည်တော့ပေ။

"အရမ်းကောင်းတယ်"

လင်းရှောင်က ပြုံးကာ ချီးမွမ်းလိုက်၏။

"သခင်လေးလင်း..."

"ငါ့ကို လင်းရှောင် အားရှောင် ဒါမှမဟုတ် ရှောင်လို့ခေါ်နိုင်ပါတဘ်။ ငါ့ကို သခင်လေးလို့မခေါ်နဲ့"

လင်းရှောင်ထလကာ သူမကို ထိုင်ခုံပေါ်တွင် ထိုင်ရန်ဆွဲလိုက်သည်။

"ဒီနေ့ည ငါနဲ့အိမ်ကိုလိုက်ပြီး ညစာစားလှည့်ပါ"

သာမန်စားသောက်ခြင်းမျှမဟုတ်ဘဲ စုံတွဲများချိန်းသည့်ညစာစားပွဲသာဖြစ်၏။ ရှုရှန်းကျွင်းတစ်ယောက်မှာမူ ညစာစားပြီးသွားသည့်တိုင် မသိရှာပေ။ သူမသည် လှပစွာဝတ်စားထားသောမိန်းကလေးများကိုသာ ငေးကြည့်နေမိကာဗိုက်ပူပူဖြင့် သူဌေးတစ်ယောက်က သေသေချာချာကြည့်နေသောအခမှ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားသည်။

သူမသည် စုံတွဲချိန်းတွေ့ခြင်းအတွက်ဌားလာသောဒိုင်းမျှသာဖြစ်သည်။ သူမ၏နှလုံးသာလေး အနည်းငယ်မှနာကျင်သွားသော်လည်း သူ့တွင်လက်ထပ်ရန် လက်တွဲဖော်မရှိသည်ကို သိလိုက်ရသောကြောင့်ကျေနပ်သွားကာ သူမကိုလည်း သူချစ်ခင်နှစ်သက်ရသောမိန်းကလေးအဖြစ်နေပေးရန် ဆန္ဒရှိနေသေး၏။

—

တတိယမြောက်နှစ် နွေဦးနှောင်ပိုင်းတွင် သူမသည် ကျန်သောအကြွေးများကိုဆပ်နိုင်ယုံသာမက ပိုက်ဆံအများအပြားစုခဲ့မိသည်။ ခုနစ်လပိုင်း ခုနှစ်ရက်နေ့သည် သူ့မွေးနေ့ဖြစ်သည်ကို သိလိုက်ရသောအခါတွင် မနှစ်ကထက် ပို၍လှပသေသပ်သောပိုက်ဆံအိတ်လေးတစ်လုံးကို ပန်းထိုးခဲ့သည်။ သူမသည် အစိမ်းပုတ်ရောင်ကြယ်စေ့တစ်လုံးကိုပင်ဝယ်ကာ တပ်ပေးလိုက်သေး၏။

"ပျော်ရွှင်စရာမွေးနေ့လေးပါ"

၎င်းတို့သည် ခွေ့ယွီကျိုက်စားသောက်ဆိုင်တွင်သာ တွေ့ဆုံကြဆဲဖြစ်ကာ ဆိုင်ရှင်လော့ကတစ်ဆင့် ဆက်သွယ်ပေးနေရဆဲဖြစ်သည်။ သူမသည် သူ့ကိုမတွေ့ရသည်မှာ ဟယ်ယွမ်ရှိညစာစားပွဲကို ဆွဲခေါ်သွားခံရစဉ်ကပင်ဖြစ်၏။ လပေါင်းများစွာကြာပြီးသည့်နောက်တွင် သူသည်ပို၍ချောမောကာ ကျက်သရေရှိလာသည်။ လွန်ခဲ့သောနှစ်နှစ် တွေ့ဆုံစဉ်ကထက် ပို၍ နေသားတကျဖြစ်လာ၏။

လင်းရှောင်က သူမကို ရှက်ပြုံးလေးဖြင့် ကြည့်လိုက်သည်။

"အကုန်လုံးပေးပြီးသွားပြီလား"

"ဟုတ်ပါတယ်။ အတိုးကတော့ အတိုးဘယ်လောက်များလဲဆိုတာ ကျွန်မသိလို့ရမလား"

သူမကရှက်ရှက်ဖြင့်မေးလိုက်၏။ ထိုအကြွေးတောင်းသူများကြေးမများဘဲ အဝေးသို့ထွက်သွားသည်မှာ ပိုက်ဆံတော်တော်ကုန်ကျမည်ဖြစ်သည်။ ငွေသား(၁၆)စဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ သူမကို မည်သည့်အခါမှမပြောခဲ့ဖူးပေ။ ထို့ကြောင့် အတိုးမည်မျှပြန်ပေးရမည်ကို သူမသိရှာပေ။

"နည်းတဲ့ပမာဏတော့မဟုတ်ဘူး"

လင်းရှောင်၏နှုတ်ခမ်းလေးများ ကွေးသွားသည်။

ရှုရှန်းကျွင်း၏လှပသောမျက်နှာလေးငုံ့သွား၏။

"ကျွန်မကိုပြောပါ။ ဘယ်လောက်ကျလဲ။ ကျွန်မပြန်ဆပ်ပါ့မယ်"

အဆိုးဆုံးအနေဖြင့် သူမသည် နောက်ထပ်သုံးနှစ်အလုပ်လုပ်ရမည်။ မရှင်းလင်းနိုင်စရာနည်းလမ်းမရှိပေ။

"ထားလိုက်တော့။ အရမ်းခက်ခဲသွားလိမ့်မယ်"

လင်းရှောင်၏မျက်လုံးများ လက်ကနဲဖြစ်သွားကာ ခေါင်းခါပြီး ရှက်သကဲ့သို့ ဟန်ဆောင်လိုက်သည်။

"ကျွန်မတစ်သက်တော့ ဆပ်နိုင်စရာနည်းလမ်းမရှိတော့ဘူးလား။ ကျွန်မကိုပြောပါ"

သူကနှုတ်ခမ်းလေးစူကာ သူမမည်မျှရိုင်းသွားကြောင်း သဘောပေါက်သွား၏။ အလျင်အမြန်ဖြင့် ခေါင်းငုံ့လိုက်ပြီး အသံခပ်တိုးတိုးဖြင့် ခန့်မှန်းလိုက်၏။

"ငွေစတစ်ရာလား"

လင်းရှောင်၏အဖြေကို အတော်ကြာသည်အထိ မကြားရသောကြောင့် မတွေးတတ်သောမျက်လုံးလေးများက ကြွေကွဲသွားရှာသည်။

"သွားကြမယ်"

သူကပြန်ကြည့်လိုက်ပြီး အင်္ကျီကိုခါကာ မတ်တပ်ရပ်လိုက်သည်။

"ဒီတစ်ခေါက်ကော ကျွန်မတို့ ဘယ်သွားကြမှာလဲ"

သူမက ခုံတွင်ထိုင်နေပြီး သူမဖြေလျှင်ထမည်မဟုတ်ပေ။ သူ့အား ပစ္စည်းများဝယ်ပေးခြင်းဖြင့် အလုပ်မများစေချင်တော့ပါ။ သူ၏ပိုက်ဆံကိုပြန်ပေးကာ သူမအတွက် သူက သုံးနေပေသည်။

"ဈေးတော့မဟုတ်ဘူး"

သူကပြုံးကာ ပြောလိုက်၏။

…

သူသည် ပိုးထည်အလုပ်ရုံအပ်ချုပ်သူဆီသို့ခေါ်သွားသည်ကိုသိလိုက်သောအခါတွင် သူမထပ်မံလှည့်ဖျားခံရကြောင်း သဘောပေါက်သွားသည်။

"နောက်ငါးလပိုင်းမှာ လက်ထပ်ဖို့ဆိုရင် အလျင်လိုလွန်းမနေဘူးလား"

ဟယ်ယွမ်၏အကြီးအကဲများသည် နဂါးလှေပွဲတော်နှင့် နွေဦးပွဲတော်ကိုသာ အကောင်းမြင်နေကြသည်။ သူက သူမကို ဟယ်ယွမ်ရှိ မွေးနေ့ပွဲဆီသို့ခေါ်သွားရာလမ်းတစ်လျှောက်တွင် မေးလိုက်၏။

"ဟမ်? ရှင်လက်ထပ်တော့မလို့လား"

ချက်ချင်းပင် သူမ၏နှလုံးသားတွင် ရီဝေသွား၏။

"ဟုတ်တယ်"

သူမကို တိတ်တဆိတ်ကြည့်လိုက်သည်။ သူမ၏မျက်နှာတွင် မချင့်မရဲခြင်းများဖြင့် ပြည့်နှက်နေပေသည်။

"ဂုဏ်ပြုပါတယ်"

နှလုံးသားထဲရှိနာကျင်မှုကို ဖိနှိပ်လိုက်ပြီး စကားလုံးတို့က အံကျလာသည်။ သူမသည် သူနှင့်လက်ထပ်မည့် ကံကောင်းသည့်မိန်းကလေးအား အမှန်ပင် မနာလိုမိသည်။

လင်းရှောင်က ရယ်ကာ သူ၏လက်ကို သူမဆံပင်ပေါ်တွင်တင်ကာ ပွတ်သပ်ပေးလိုက်သည်။

"ဘာလို့ ကိုယ့်ဘာသာဂုဏ်ပြုနေတာလဲ။ မင်းက မင်းခင်ပွန်းကိုမင်း ဂုဏ်ပြုစကားပြောနိုင်သေးတာလား"

"ဟမ်"

သူဆိုလိုသည်မှာ သူ့ကိုလက်ထပ်ရမည့်ကံကောင်းသည့်မိန်ကလေးသည် သူမဖြစ်နေသည်လော။

"အလိုက်တာ"

သူမခါးကိုဖက်လိုက်ပြီး သူ့နားသို့ခေါ်လိုက်သည်။ သူသည် ညီနောင်များအဖွဲ့တွင် စိတ်ကူးယဉ်ဆန်မှုအနည်းဆုံးသူဖြစ်သည်။ ညီနောင်နှင့်ညီအစ်မများအားလုံးသည် သူသဘောကျသည့်မိန်းကလေးအားဖမ်းမိရန်ခက်ခဲနေမည်ကို စိုးရိမ်နေကြသည်။

သို့သော် လွန်ခဲ့သောသုံးနှစ်က သူနှင့် ခွေ့ယွီကျိုက်တွင်တွေ့စဉ်ကပင် သူမ၏လှပသောမျက်နှာလေးက သူ၏နှလုံးသားထဲတွင် စွဲထင်နေသည်။ မိန်းကလေးများနှင့် မကြာခဏတွဲသွားတွဲလာလုပ်တတ်သောအခြားညီနောင်များနှင့်မတူသည်မှာ သူနှင့်သူမတို့သည် ရက်ပိုင်းမျှသာ အတူကုန်ဆုံးဖူးကြ၏။

သို့သော် သူဆုံးဖြတ်ထားပြီးဖြစ်၏။ သူသည် ဘယ်သောအခါမှ လက်လွှတ်လိုက်မည်မဟုတ်ပါ။

လက်ထပ်ခြင်းအား ကောင်းကင်ဘုံမှ ချိတ်ဆက်ပေးခြင်းဖြစ်သည်။

၎င်းတို့ဘဝများအတွက် စည်းမျဉ်းများချမှတ်ပြီးသားဖြစ်၏။

သူနှင့်သူမတို့သည် နွေဦးနှောင်းပိုင်း အေးစက်လှသည့်ညတစ်ည၌ Yue Laoက ချည်နှောင်ပေးခဲ့လေသည်။

(*Yue Lao-လက်ထပ်ခြင်းနတ်ဘုရား)

***

All Chapters