ကွဲပြားသောအဆုံးသတ်
Vol. 6 Ch. 167
ညဉ်းသံတစ်ချက်ထွက်လာကာ မျက်လုံးများဖြည်းဖြည်းချင်းမပွင့်ခင်တွင် မျက်ခွံများလှုပ်လာသည်။ ခပ်ဖျော့ဖျော့အလင်းရောင်အောက်တွင် သူမသည် နို့နှစ်ရောင်မျက်နှာကျက်၊ အစိမ်းရောင်နံရံများနှင့် ညလေထဲတွင် တလှပ်လှပ်လွှင့်နေသော အဝါရောင်လိုက်ကာများကို တွေ့လိုက်ရသည်။
"ဘယ်မှာလဲ..."
စုရွှေလျန်က မျက်တောင်လေးပေကလပ်ပေကလပ်ခတ်ကာ သူမလက်ဖြင့်ထောက်ကာ ထလိုက်သော်လည်း တစ်စုံတစ်ခုကဆွဲထားသောကြောင့် လက်မောင်းထဲတွင် ရုတ်တရက်နာကျင်မှုကို ခံစားလိုက်ရသည်။
အပ်တစ်ချောင်းပင်...။ သူမ၏ညာဘက်လက်မောင်းထဲတွင် တစ်ဝက်ခန့်ကျန်သေးသောဒရစ်ပင်ဖြစ်သည်။
သူမကို နဂါးခြေသည်းတိုင်းပြည်မှလူများက ကယ်တင်ခဲ့ကြသည်လော။
လွန်ခဲ့သောနှစ်လခန့်က အငယ်ဆုံးလင်းရှီသည် ကျန်းမိသားစု၏ ရှောင်ကျင်းယွီနှင့်လက်ထပ်သွားကာ သူမနှင့် အားယောင်သည် ထပ်မံ၍ကမ္ဘာပတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မတော်မဆမှုမတိုင်ခင်တွင် ၎င်းတို့သည် နဂါးခြေသည်းတိုင်းပြည်တွင်ရှိနေကော နာမည်ကြီး ယန်ဖုန်းတောင်ထိပ်ကို တိုင်းတစ်ပါးကုန်သည်(၇)ယောက်ဖြင့် နေဝင်ချိန်ကြည့်ရန် တက်ခဲ့ကြသည်။ မမျှော်လင့်ဘဲ တောင်ထိပ်တွင် ဓားပြအုပ်စုနှင့်တွေ့ဆုံခဲ့သည်။ အားယောင်က သူမကို ကာကွယ်ပေးခဲ့ကာ သူ့နောက်မှအခြားသူများက ဓားပြများကို ရှင်းလင်းခါနီးတွင် တစ်နေရာမှ သားရဲကြီးတစ်ကောင်ထွက်လာ၏။ အားလုံးက အချင်းချင်းထိုးကြိတ်မိကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သူမသည်လည်း ခြေချော်သွားကာ တောင်ထိပ်မှပြုတ်ကျလာ၏။ အားယောင်ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှ သူမရှိရာသို့ပြေးလာပြီး လက်ကိုလှမ်းဆွဲလိုက်သည်။ သူမလက်ကိုဆွဲထားမိသော်လည်း ချီဓာတ်ကိုအသုံးပြုရန်နောက်ကျသွားခဲ့သောကြောင့် ၎င်းတို့အတူတူ ပြုတ်ကျသွားကြပေသည်။
မြတ်စွာဘုရား။ အားယောင်သည်မည်သို့ဖြစ်သွားသနည်း။ မဖြစ်နိုင်ပေ။
သူမသည် ရုန်းကန်ထလာသော်လည်း အားမရှိဟု ခံစားမိသည်။ လက်မြှောက်ရန်ပင်ခဲယဉ်းနေပေသည်။
"အာ မိန်းကလေးစု မိန်းကလေးစုနိုးလာပြီ။ ကုတင်နံပါတ်ခုနှစ်က လူနာနိုးလာပြီ။ ကုတင်နံပါတ်ခုနှစ်က လူနာနိုးလာပြီ။"
"နိုးလာပြီလား။ မြန်မြန်။ သူ့ကိုမိသားစုကိုအကြောင်းကြာလိုက်."
—
တစ်နှစ်မျှကိုမာဝင်ပြီးနောက်တွင် သူမပြန်ရောက်လာခဲ့သည်။
စူကျိုး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စုမိသားစု၏စံအိမ်သို့ပင်ဖြစ်သည်။ သူမသည် စုအိမ်၏အကြီးဆုံးမမလေးပြန်ဖြစ်သွားလေပြီ။
သူမထိုမျှအားငယ်သည်မှာ အံ့ဩစရာမရှိပေ။ လွန်ခဲ့သောတစ်နှစ်လုံးလုံး နှစ်ရက်တစ်ခါနှိပ်သည့်နေ့မှလွဲ၍ သူမ၏ခန္ဓာကိုယ်သည် အိပ်ရာပေါ်တွင်သာ လှဲလျောင်းနေရသည်။
သူမသည် အားလုံးကို သဘောပေါက်သွားသောအခါတွင် စုရွှေလျန်သည် ခံစားချက်များ ရောထွေးနေခဲ့သည်။ သူမပြန်ရောက်လာသည်ဟု အစပိုင်းတွင်တွေးမိနေခဲ့သည်။ သို့သော် ယခုတွင် သူမသည် အားယောင်ကို ထားမသွားချင်ပေ။ သေခြင်းဖြစ်စေ ရှင်ခြင်းဖြစ်စေ သူ့ကိုအထီးကျန်ခွင့်မပြုနိုင်ပေ။
သို့သော်လည်း နှစ်လမျှကြာပြီးနောက်တွင် သူမ၏ဝိညာဉ်သည် ထိုနေရာတွင်ပင်ရှိနေဆဲဖြစ်သည်။ ထိုလောကကြီးသည် သူမနှင့်ရင်းနှီးသကဲ့သို့ ရင်းလည်းမရင်းနီးပေ။
"လျန်အာ မနက်ဖြန်ကျရင် မင်းကိုယေဘုယျလောက်စစ်ဆေးပေးမယ်လို့ ဆရာဝန်ကပြောတယ်။ မင်းနေကောင်းရင် ဆေးရုံက ဆင်းလို့ရပြီတဲ့"
စုရွှေလျန်၏မိခင် Suအိမ်၏လက်ရှိခေါင်းဆောင် လီရူရှီက သာယာစွာပြောလိုက်၏။ သူမ၏သမီးသည် လွန်ခဲ့သောနှစ်လခန့်ကနိုးခဲ့သည်ဖြစ်သော်လည်း မျက်လုံးထဲရှိစိတ်အားငယ်မှုများမှ မပျောက်ကွယ်သေးပေ။ သမီးဖြစ်သူ မည်သို့ဖြစ်သွားသည်ကို နားမလည်ပေ။ သူမ၏ ပြည့်စုံသောပန်းထိုးအိမ်ကိုခိုးယူရန် မိထွေးနှင့် သမီးဖြစ်သူတို့က တွန်းချလိုက်သည်မှာ မဖြစ်နိုင်သည်လော။ သူမ မသိသောအခြားဒဏ်ရာများရှိနေသည်လော။
"လုံအာ တန့်ယွင်က ကွာရှင်းလိုက်ပြီး ရွှေယန်လည်း နောက်ဆုတ်သွားတယ်။ သူလက်ထပ်ခဲ့ရင်တောင်မှ အိမ်ကနေထွက်သွားနိုင်မှာမဟုတ်ဘူး။ အိုက်ယား မင်းမှာ စိတ်ကောင်းရှိတယ်ဆိုတာ အမေသိပါတယ်။ ဒါပေမဲ့ ဒါက သခင်ကြီးရဲ့အမိန့်တွေပဲလေ"
လီရူရှီက သက်ပြင်းချလိုက်ပြီး လွန်ခဲ့သောနှစ်က စုအိမ်ရှိပြောင်းလဲမှုများကိုပြောပြလိုက်သည်။ တန့်ယွင်က ကွာရှင်းရန် တွန်းအားပေးခံရကာ အမှန်ပင် အဘိုးကြီး၏ကိုယ်ပိုင်စကားများဖြစ်ပေသည်။ တန့်မိသားစုသည် ပျော်ရွှင်ဖွယ်နေ့ရက်ကို ထပ်မံတွေ့ရတော့မည်မဟုတ်ပေ။ သားဖြစ်သူ ထျင်ယီအား ထိုသို့လုပ်ရန်တိတ်တဆိတ်တောင်းဆိုခဲ့သည်။ ၎င်းတို့သည် သမီးဖြစ်သူကို နာကျင်စေရဲကာ တန့်မိသားစုကိုလည်း သူမက အလွတ်ပေးမည်မဟုတ်ပေ။ ကွာရှင်းခြင်းသည်ပင် သူမအတွက် အပေါစားဆန်နေပေ၏။
သူမ၏ခင်ပွန်းက တန့်ယွင်အား ငွေမည်မျှပေးခဲ့သည်ကို မသိသော်လည်း ကြိုးနေသောကြာမြစ်များနှင့်ချိတ်ဆက်နေသည့်ပိုးချည်ရှိရပေမည်။ သူမစိတ်ထဲရှိအမုန်းသည် တန့်မိသားစု ပြိုကွဲသွားယုံလောက်ဖြင့် ကျေနပ်မည်မဟုတ်ပေ။
"အမေ ကျွန်မပင်ပန်းနေပြီ"
စုရွှေလျန်မျက်လုံးများပိတ်လိုက်သည်။ သူမပင်ပန်းနေလေပြီ။ ခန္ဓာကိုယ်သည် ယခုထက်ထိ မကောင်းသေးသော်လည်း နှလုံးသားမှာမူ တုန်လှုပ်နေလေ၏။ အားယောင် သူအဆင်ပြေသည်လော။ သူမကိုယ်သူမ ပျက်ရယ်ပြုမိ၏။ သူမ၏မသေသောဝိညာည်ကိုပြန်လည်စုစည်းရန် တစ်နှစ်မျှအိပ်မောကျနေသောခန္ဓာကိုယ်ရှိနေသေး၏။ သို့သော် အားယောင်မှာမူ...။
အခြားအချိန်နှင့်နေရာတစ်ခုတွင် နှစ်နှစ်ဆယ်မကနေထိုင်ခဲ့ပြီး သူမသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖိအားများနှင့်လိုက်လျောညီထွေစွာနေနိုင်ရန်မှာ မဖြစ်နိုင်သေးပေ။
အတိတ်တွင် သူမသည် ထိုသဘောထားကွဲလွဲခြင်းများကို ဘေးဖယ်နိုင်ကာ သူမ၏ ကမ္ဘာငယ်လေးဖြစ်သော ပန်းထိုးခြင်းနှင့်စာဖတ်ခြင်းတွင်အာရုံစိုက်ထားနိုင်သေး၏။ သို့သော် ယခုတွင်မူ။ သူမသည် မည်သို့တတ်နိုင်မည်နည်း။ နှလုံးသားထဲရှိကွက်လပ်သည် အားယောင် ထွက်ခွာသွားခြင်းအတွက် ကုစားနိုင်တော့မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ရှောင်အာ၊ လုံအာ၊ ရှီအာတို့သည် ၎င်းတို့ဘဝ၏အချစ်ကို ရှာတွေ့ခဲ့ပေသည်။ အားယောင်သာလျှင်....။
"ဒေါက်တာမုန့်ပြောတာတော့ သမီးအခြေအနေကောင်းသွားပြီးတော့ မနက်ဖြန်ကျရင်ဆေးရုံက ဆင်းလို့ရပြီတဲ့လေ။ အိမ်မှာနားပြီးရင် လုံးဝပြန်ကောင်းသွားမှာတဲ့"
လီရူရှီက အခန်းတံခါးကိုဖွင့်ကာ သတင်းကောင်းကိုယူဆောင်လာသည်။ သို့သော်လည်း စုရွှေလျန်သည် မလွယ်ကူဟု ခံစားနေရသည်။ ထိုနေရာမှထွက်ခွာကာ Suအိမ်တော်သို့ပြန်ခြင်းမှာ သူမဘယ်သောအခါမှမပြန်နိုင်တော့ဟု ဆိုလိုခြင်းမဟုတ်လော။
"ရွှေလျန်။ ဘာဖြစ်လို့လဲ။ အမေကိုပြောပါ့လား။ မင်းဒီလိုအနားမယူဘဲနေတာကိုမြင်ရတော့ တစ်ခုခုများဖြစ်လို့လား"
လီရူရှီက သူမဘေးတွင်ဝင်ထိုင်လိုက်ကာ အစေခံယူလာသည့်အရသာရှိသောဆန်ပြုတ်ကို ဆွဲယူလိုက်၏။ စုရွှေလျန်အား ကျွေးရန် အဆင်သင့်ဖြစ်နေလေသည်။
"ဒါနဲ့ ရှင်းယီလည်းဆေးရုံကဆင်းပြီ။ မင်းသူ့ကို စိတ်ပူတယ်ဆိုရင်..ရွှေလျန်...မင်းနဲ့ ရှင်းယီတို့ရဲ့လက်ထပ်ပွဲက နောက်နှစ်ဝက်လောက်ဖြစ်လောက်တယ်။"
"အစ်ကိုရှင်းယီလား။ သူက ဘာဖြစ်လို့လဲ"
သူသည်လည်း ဆေးရုံမှဆင်းသွားသည်ဆိုသည်မှာ မည်သို့ဆိုလိုသနည်း။ သူမအံ့ဩသွားကာ အမေဖြစ်သူပြောလိုက်သောနောက်ဆုံးစကားကို မကြားလိုက်မိပေ။
"ဟမ်။ အမေမပြောရသေးဘူးလား။ မင်းလည်း သူမတော်မဆဖြစ်တဲ့နေ့ကနိုးလာလို့လေ။ အဲ့တာနဲ့ ပြောဖို့မေ့သွားတာ။ ရှင်းယီလည်း ကားအက်စီးဒင့်ဖြစ်ပြီး လဝက်လောက်မေ့နေတာ။ ဒါပေမဲ့ အခုကောင်းသွားပါပြီ။ မနေ့ကတောင် သူ့ဆီသွားလည်ခဲ့သေးတယ်။ ကံကြမ္မာလို့ပဲပြောရမယ်။ သူက ဒီအောက်ထပ်မှာလေ။ ဒါပေမဲ့ မင်းကခုထိလှေကားကဆင်းလို့မရသေးဘူးလေ။ သူအိမ်ပြန်ရောက်ပြီဆိုတော့ မင်းအားမှ သွားလည်လိုက်ပါဦး"
လီရူရှီက သမီးဖြစ်သူကိုဆန်ပြုတ်တိုက်ကာ ဝမ်မိသားစု၏ကံမကောင်းသောအဖြစ်အပျက်အကြောင်းကို ပြောပြနေပေသည်။
"ဒီလိုပြောခါမှ ရှင်းယီက အရမ်းဂရုစိုက်တတ်တဲ့သူပဲ။ မင်းကိုမာဝင်နေတော့ သူက လတိုင်းလာပြီး မင်းနေကောင်းလာပြီး သေချာပေါက်နိုးလာမှာပါလို့ အမေ့ကိုဖြောင်းဖျပေးတယ်။ ဝမ်မိသားစုဖျက်မှာကိုလည်းကြောက်ပြီး သခင်ကြီးကတော့ မင်းနဲ့ ရှင်းယီတို့ လက်ထပ်ပေးဖို့စီစဉ်ဖို့ကို အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့တာ။ ဒါပေမဲ့ ရှင်းယီကတွန့်ဆုတ်နေတာ။ သူက မင်းနိုးလာမှ ဒီကိစ္စကိုဆွေးနွေးမယ်ဆိုပြီး ခေါင်းမာနေတယ်။ အခု..."
"အမေ..."
စုရွှေလျန်က ထရန်ကြိုးစားကာ သူမနှင့်အစ်ကိုရှင်းယီကြားမှ မဖြစ်နိုင်ချေကိုရှင်းပြရန် ပြင်လိုက်၏။ သို့သော် သူမကို လီရူရှီက အလျင်အမြန်တွန်းလိုက်၏။
"ဆရာဝန်ပြောတာမကြားဘူးလား။ မင်းက ခုထိအားနည်းနေတုန်း။ မင်းပြောစရာရှိရင် လှဲပြီးပဲပြော။"
"သမီးနဲ့ အစ်ကိုရှင်းယီက မဖြစ်နိုင်ဘူး"
"အရင်တုန်းကတော့ အမေလည်း မျှော်လင့်ချက်နည်းနည်းပဲရှိတာလို့ ခံစားမိတာ။ ဒါပေမဲ့ အခုသမီးနိုးလာပြီ။ ရှင်းယီလည်း ခက်ခက်ခဲခဲနဲ့ ပြန်သတိရလာပြီဆိုတော့ သမီးက ဘာတွေစိတ်ပူနေတာလဲ။ စုမိသားစုနဲ့ ဝမ်မိသားစုတို့ လက်ထပ်မှုက ဖြစ်ကိုဖြစ်ရမဲ့အရာ။ သခင်ကြီးက ဒီလိုအကျိုးအမြတ်ရှိတဲ့အခြေအနေကို လွယ်လွယ်နဲ့လက်လျော့မှာမဟုတ်ဘူး။ လင်းအာ၊ မင်းကမတူဘူးဆိုရင် ရှင်းယီက မင်းကိုကောင်းကောင်းဆက်ဆံပါတယ်။ အမေမြင်သလောက်ပေါ့။ သူက မင်းအဖေမဟုတ်ဘူး။ သူကမတူဘူးလေ..."
စုရွှေလျန်က လီရူရှီ၏လက်ကို ပြင်းပြင်းထန်ထန်ဆုပ်ကိုင်လိုက်သည်။ ဝမ်ရှင်းယီသည် ဖခင်နှင့်မည်သို့ကွာမည်နည်း။ သူမ၏နှလုံးသားသည် လင်းစစ်ယောင်ဟုခေါ်သော အချိန်ကာလနှင့်နေရာတစ်ခုမှယောင်္ကျားတစ်ယောက်နှင့် ချည်နှောင်မိပြီးဖြစ်သည်။ သူ့အား လက်ထပ်ခဲ့သည်မှာအနှစ်နှစ်ဆယ်မကရှိပြီဖြစ်ကာ ထိုနေရာသို့ပြန်သွားရန် အခွင့်အရေးရှိမည်ဟု မထင်ပေ။ အားယောင်နှင့်လည်း ပြန်လည်တွေ့ဆုံရမည်ဟု မထင်တော့ပေ။
စုရွှေလျန်က သူ၏နာကျင်နေသောနှလုံးသားအား ဆုပ်လိုက်မိသည်။ လီရူရှီသည် အပြင်သို့ အပြေးအလွှားထွက်သွားပြီး ဆရာဝန်နင့်သူနာပြုများကိုခေါ်လိုက်၏။
သူမသည် အားယောင်ရှိသောထိုနေရာသို့ အမှန်ပင်ပြန်ချင်မိ၏။ သူသည် Suမိသားစုကိုမကျေမနပ်ဖြစ်ရန် ကံကြမ္မာသတ်မှတ်ခံရပြီးဖြစ်ကာ အားလုံးကိုတာဝန်ယူရန်လိုအပ်သည့်သမီးကြီးလည်း မဖြစ်ချင်တော့ပေ။ သူမသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် ထိုအချိန်သို့သာပြန်ကာ အားယောင်နှင့်အတူတူရှိချင်မိ၏။
—
သို့သော်လည်း အားလုံးသည် သူမမျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်မလာခဲ့ပေ။
သူမ စုအိမ်တော်သို့ ပြန်ရောက်ခဲ့သည်။ မတော်တဆမှုမဖြစ်ခင်က ခြံဝန်းဆီသို့ပင်။
နေ့ရက်များကုန်လွန်သွားကာ နှစ်ဝက်မျှပင် ကုန်ဆုံးသွားကြောင်း သူမသိပေသည်။
တရှီတွင်ရှိခဲ့စဉ်ကလောက် မသန်မာသောခန္ဓာကိုယ်မှလွဲ၍ အရာအားလုံးပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
"အစ်ကိုကြီး"
စုရွှေလျန်က စုထျင်ယီကို အံ့ဩမှင်သက်စွာ ငေးကြည့်နေမိသည်။
"မဖြစ်နိုင်ဘူး..."
သူမတွင် ခင်ပွန်းရှိခဲ့သည်မဟုတ်လော။ မည်သို့ဖြင့် တစ်ယောက်ယောက်နှင့်လက်ထပ်နိုင်မည်နည်း။
တစ်ဖက်သူသည် သူမတစ်ချိန်က သဘောကျခဲ့ဖူးသော အစ်ကိုရှင်းယီဖြစ်စေကာမူ ယခုတွင် သူ့အတွက်ခံစားချက်မရှိတော့ပေ။
သူမသည် အားယောင်ကိုသာ လိုအပ်၏။ အားယောင်တစ်ဦးတည်းကိုသာပင်။
သူမထပ်၍ အသိစိတ်ပျောက်သွားလျှင် ပြန်သွားနိုင်မည်ဖြစ်သည်ဟု ထင်မိသည်။ မိမိခေါင်းကိုမိမိ နံရံနှင့်ပြေးဆောင့်ချင်မိသည်။ သို့သော် သူမဆေးရုံမှဆင်းစဉ်ကတည်းကပင် သူမအားအခစားဝင်ရသောအစေခံသည် သူမဘေးတွင် အမြဲတမ်းရှိနေခဲ့သည်။ သူမသည် ခေတ္တမျှ နှေးကွေးလေးလံသွားလျှင်ပင် အစေခံက ထူးခြားမှုကို သတိထားမိပေမည်။
သူမသည် လွန်ခဲ့သောခြောက်လလုံးလုံး စုအိမ်၏အာရုံစိုက်ခံမှုအလယ်တွင်ရှိနေခဲ့သည်။
သခင်ကြီး သို့မဟုတ် သူမ၏ဖခင် သို့မဟုတ် အမေတို့သည် တစ်နေ့လျှင်တစ်ကြိမ် သူမဆီသို့ လာလည်တတ်သည်။ အစ်ကိုကြီးသည်လည်း အားလပ်လျှင် လာလည်တတ်ပေသည်။ သူမကို စိတ်ပူကြ၍လော။ မဟုတ်လျှင် ဝမ်မိသားစုနှင့်ဘေးကင်းကင်း လက်ထပ်နိုင်ရန်တစ်ခုတည်းအတွက်လော။ သူမသည် နိုင်ငံရေးကိစ္စမျာကို လျစ်လျူရှုခဲ့ပါသော်လည်း သူမနှင့် ဝမ်မိသားစုလက်ထပ်မှုသည် စုအိမ်အတွက် အန္တရာယ်ထဲသို့ကျရောက်ခါနီးသည့်အဖြစ်အပျက်မျှဖြစ်သည်။
သူမ၏နှလုံးသားထဲတွင် အေးစိမ့်မှုကိုခံစားလိုက်ရသည်။ သူမကိုများစွာချစ်သောမိသားစုအကြောင်းကို မတွေးမလွန်သင့်ပေ။ သို့သော် မထိန်းချုပ်နိင်။ အထူးသဖြင့် အစ်ကိုကြီးသည် သူမကို ပြင်းထန်သောသတိစကားပေးပြီးနောက်တွင်ဖြစ်၏။
"ရွှေလျန်?"
စုထျင်ယီမျက်မှောင်ကြုပ်လိုက်မိ၏။
"မင်းသူ့ကို အရမ်းသဘောကျခဲ့တာမလား"
ညီမဖြစ်သူသည် ထိုအကြောင်းကို လျှိုု့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားခဲ့သော်လည်း ရှင်းယီအတွက်သူမ၏ခံစားချက်များကို အစ်ကိုက မည်သို့မမြင်ဘဲနေမည်နည်း။ ထို့ထက်ပိုသည်မှာ
"ဒီအကြောင်းကိုအရင်စပြောတာက ရှင်းယီပဲ။ ဒါနဲ့ သူက မင်းကိုမနက်ဖြန်ကျတွေ့ဖို့တောင်းဆိုထားတယ်။ မင်း..."
"မဖြစ်ဘူး။ မတွေ့နိုင်ဘူး။ အစ်ကိုကြီး...ကျွန်မ..."
"မင်းနဲ့ ရှင်းယီတွေ့ခါမှ ပြောကြရအောင်"
စုထျင်ယီက လေးနက်သောအသံဖြင့် ပြောလိုက်၏။
"မင်းသူနဲ့တွေ့ရင် မင်း စိတ်ရှင်းသွားမှာပါ"
အဆုံးသတ်တွင် သူက ထပ်၍ခွဲခြမ်းစိတ်ဖြာလိုက်ပြန်၏။
"ရွှေလျန် မင်း ရှင်းယီကို လက်ထပ်ထပ် မထပ်ထပ် အစ်ကိုကြီးက မင်းကိုအမြဲအားပေးနေမှာပါ။ အစ်ကိုကြီးကိုအဖေနဲ့ရောပြီး မတွေဝေပါနဲ့။ အစ်ကိုကြီး ဝမ်းနည်းရလိမ့်မယ်"
"အစ်ကိုကြီး..."
သူမ၏စီးကျသွားသောမျက်ရည်နှစ်စက်ကို မထိန်းချုပ်လိုက်နိုင်ပေ။ အစ်ကိုကြီးနှင့်အမေသည် သူမအား ထိုသို့ဆက်ဆံမည်ဟု မည်သို့တွေးနိုင်ခဲ့ရပါသနည်း။ သခင်ကြီးနှင့်အဖေသည် သူမကို မည်သို့အသုံးချခဲ့သည်ဖြစ်စေ အားလုံးသည် Suအိမ်၏ ရည်ရွယ်ချက်အတွက်သာဖြစ်ပေသည်။
အမေနှင့်အကိုကြီးမှာမူ ၎င်းတို့သည် မတိုက်ခိုက်နိုင်သော်လည်း လက်ထပ်ပွဲအောင်မြင်သွားသည်ကိုမြင်လျှင်လည်း ဝမ်းသာနေမည်မဟုတ်ပေ။
လပြက္ခဒိန် ဆယ်လပိုင်းမြောက်တွင် နေသာနေပေသည်။ စုရွှေလျန်သည် သူမ၏ခြံဝန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေပြီး ပေါင်ပေါ်တွင်ခရီးသွားမှတ်တမ်းတစ်ခုရှိသည်။ လွန်ခဲ့သောဆယ်နှစ်တာအချိန်ကာလကိုစဉ်းစားရင်း အတွေးထဲတွင် ထပ်ခါထပ်ခါနစ်မြုပ်နေမိသည်။ အားယောင်သည် သူမကိုခရီးထွက်ရန်ခေါ်သွားကာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံဆယ်နိုင်ငံတွင် လျှောက်သွားခဲ့ကြသည်။
၎င်းတို့သည်သာ ထိုနေ့က ယန်ဖုန်းတောင်ထိပ်ကိုမတက်ခဲ့ပါလျှင် ဓားပြများနှင့်သာမတက်ခဲ့ပါလျှင် သားရဲများခြောက်လှန့်ခြင်းမခံရပါလျှင် အားလုံးကွဲပြားနေမည်လော။ သူမသည် အားယောင်နှင့်အတူခရီးသွားနေဆဲဖြစ်ကာ ကမ္ဘာပတ်နေပေဦးမည်။ နှစ်သစ်ကူးတိုင်းတွင် အလုပ်ကြိုးစားကာတည်ဆောက်ထားခဲ့ရသော လှပသောအိမ်လေးသို့ ပြန်လာမိမည်လော။ နှစ်သစ်အား ကလေးများ မြေးများနှင့်အတူဖြတ်သန်းရမည်လော။
ကြည်လင်သောမျက်ရည်စက်တစ်စက်က စာရွက်ပေါ်သို့ကျလာကာ လက်ရေးစာမူအား ဝေဝါးသွားစေသည်။
သူမခေါင်းငုံ့လိုက်ပြီး မျက်ရည်များ ပို၍ကျဆင်းစေမိသည်။ စာရွက်များသည် သူမ၏မျက်ရည်စက်များကြောင့် ပို၍စိုစွတ်လာသည်။ အနီးရှိအစေခံသတိထားမိမည်ကို ကြောက်သောကြောင့် မလှုပ်ရှားရဲပေ။
"အိုက်ယား။ ငါက ဘယ်လိုလုပ်အလွယ်လေး ဒီလိုမျိုး အလျော့ပေးလိုက်ရမှာလဲ"
သက်ပြင်းချသံက သူမနောက်မှ ထွက်ပေါ်လာ၏။ စုရွှေလျန်တောင့်တင်းသွားကာ အနောက်သို့ပင် လှည့်မကြည့်ရဲပေ။ ထိုရင်းနှီးနေသောသက်ပြင်းချသံနှင့်မရင်းနီးသောအသံနေအသံထားက သူမကိုနောက်လှည့်လာအောင်လုပ်လိုက်သော်လည်း မကြည့်ရဲပေ။
လေအဝှေ့တွင် ပိုးလက်ကိုင်ပဝါတစ်ထည်က သူမမျက်လုံးများရှေ့တွင်ပေါ်ထွက်လာပြီး မျက်ရည်များသုတ်ပေးလိုက်သည်။
"မင်းက ဒီလိုဖြစ်နေမှတော့ မင်းက ကိုယ့်ကို ထပ်ပြီးလက်မထပ်ချင်တော့ဘူးလို့ ထင်မိမှာပေါ့။ ရာစုနှစ်တစ်ခုအထိလက်ထပ်ထားကြပြီးမှ မင်းကိုတကယ်ဆုံးရှုံးရတော့မှာလား"
စုရွှေလျန်သည် သူ၏စကားလုံးများထဲမှအပြုံးကို လွတ်မသွားပေ။ တုန်လှုပ်သွားကာ ခေါင်းမော့ကြည့်လိုက်မိသည်။
"အစ်...အစ်ကို..ရှင်းယီ.."
သို့သော် ထိုသူသည် ဝမ်ရှင်းယီ ဖြစ်နေကာ သူမဟုတ်ပေ။ သူမစိတ်ချောက်ခြားမိသာဖြစ်မည်။
"ရိုးရိုးသားသားပြောရရင် ကိုယ်အမြဲတမ်း ဒီနာမည်နဲ့ကျင့်သားမရသေးဘူး။ ဒါပေမဲ့ မင်းကိုရှာတွေ့ဖို့သုံးရတာပေါ့။ ကိစ္စတော့မရှိပါဘူး"
ဝမ်ရှင်းယီက သူမကိုအပြုံးလေးဖြင့် ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်လေးက ကွေးတက်သွားပြီး သူမကို အံ့ဩသွားစေမိသည်။
"ဘာ...ဘာလဲ"
စုရွှေလျန်က သူမကိုကြောင်၍ ကြည့်နေမိသည်။ သူမထင်ထားသကဲ့သို့ ဖြစ်နိုင်သည်လော။
"ရှင်....ထပ်ပြောလိုက်ပါဦး"
"မင်းဆန္ဒရှိသလောက် ကိုယ်ထပ်ပြောပေးလို့ရတယ်။ ဒါပေမဲ့ မင်း ကိုယ့်ကို ထပ်ပြီးလက်မထပ်ချင်တော့ဘူးဆိုတာ သေချာလား။ ကိုယ်နာမည်ပြောင်းလိုက်လို့ ကိုယ့်ကိုမလိုချင်တော့တာလား"
—
သူမသည် မင်္ဂလာဝတ်စုံကို ထပ်မံဝတ်ဆင်ရပြန်၏။ ယခုတစ်ခေါက်တွင် သူမသည် ခမ်းနားကြီးကျယ်လှသောအခမ်းအနားဖြင့် လက်ထပ်ရခြင်းဖြစ်သည်။ စူကျိုးပန်းထိုးအိမ်နှင့် နိုင်ငံရေးသမားစစ်မှုထမ်းဟောင်းတို့သည် ဆွေမျိုးများတော်စပ်သွားကြသည်။ သတင်းကြီးဖြစ်ပေသည်။ စူကျိုးမြို့တွင် ခေါင်းကြီးပိုင်းသတင်းဖြစ်သွားယုံသာမက တရုတ်တစ်နိုင်ငံလုံးတွင်ပါ နာမည်ကြီးခဲ့သည်။ မင်္ဂလာပွဲကြီးသည် စားပွဲငါးရာဆန့် စားသောက်ပွဲအားတည်ခင်းကာ ကောင်းကင်တွင်ကြယ်များဖြင့် ပြည့်နေသောအချိန်တွင် ပြုလုပ်ခဲ့၏။
စုရွှေလျန်က မင်္ဂလာဦးခန်းရှိ ကုတင်ကြီးပေါ်တွင် တိတ်ဆိတ်စွာထိုင်နေသည်။ သူမသည် သူနှင့်မင်္ဂလာအရက်ဖလှယ်၍မသောက်ရသေးသောကြောင့် အဝတ်အစားမလဲသေးပေ။
မမျှော်လင့်ထားသည်မှာ အားယောင်၏ဝိညာဉ်သည် အစ်ကို ရှင်းယီခန္ဓာကိုယ်ထဲသို့ ဝင်သွားပေသည်။ ထိုနေ့က သူမတောင်စွန်းမှပြုတ်ကျခဲ့သောအခါတွင် သူ၏ဝိညာဉ်သည်လည်း ထူးဆန်းသောအချိန်ကာလရှိရာသို့လိုက်ပါလာကြောင်းပြောပြခဲ့သည်။ သူမနိုးလာသည်ကိုကြည့်နေခဲ့ကာ သူမ၏မိသားစုနှင့်အပြန်အလှန်ပြုမူပုံများကိုလည်း မြင်ခဲ့ရသည်။ သူမတစ်ယောက်တည်းညီးတွားနေချိန်တွင်လည်း ကြည့်နေပေသည်။ ထိုအရာမှာ သူမ၏အစစ်အမှန်လောကဖြစ်ကြောင်း သူသဘောပေါက်သွား၏။
ဆေးရုံထဲတွင် ရက်အချို့ကြာအောင် လျှောက်သွားပြီးနောက်တွင် သူသည် သူမနှင့်ဆက်သွယ်ရန်နည်းလမ်းရှာမရခဲ့ပေ။ သူမနှင့်သက်တူရွယ်တူဖြစ်သောယောင်္ကျားတစ်ယောက်သည် ကားအက်စီးဒင့်ဖြစ်ကာ အရေးပေါ်ခန်းထဲသို့ ပို့ခဲ့ရသည်။ ကယ်ဆယ်မှုမှာ အကျိုးသက်ရောက်မှုမရှိတော့ကာ သေကြောင်းကြေညာခါနီးတွင်ပင် သူ၏ဝိညာဉ်က ထိုလူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ခဲ့သည်။ တိုက်ဆိုင်စွာဖြင့် ထိုယောင်္ကျားသည် ဝမ်ရှင်းယီဖြစ်နေကာ သူမနှင့်လက်ထပ်ရန် သဘောတူထားသောသူဖြစ်နေ၏။
ပြန်လည်သက်သာလာပြီးနောက်တွင် သူသည် သူမနှင့်လက်ထပ်ရန် စတင်ပြင်ဆင်တော့၏။ မည်သို့ပင်ဖြစ်စေ သူမသည် သူ၏ဘေးတွင်ရှိနေလျှင် လုံခြုံသည်ဟု ခံစားရပေသည်။ ထို့နောက် သူမသည် သူ့ကို လပ်ထပ်ရန်ငြင်းလိုက်သည်ဟု ကြားခဲ့ရသည်။
စုရွှေလျန်တခစ်ခစ်ရယ်မောလိုက်သည်။ သူမသည် သူ့ကို မည်သို့လက်မထပ်ချင်ဘဲနေမည်နည်း။ သူသည် အားယောင်ဖြစ်သည်ကို သိပြီးနောက်တွင် သူမသည် သူ့အား မည်သို့ လက်မထပ်ချင်ဘဲနေမည်နည်း။ ချက်ချင်းပင် သူ့ဆီသို့ပျံသွားရန် ဆန္ဒရှိခဲ့သည်။ ထိုအတွေးက သူမကိုရှက်သွေးဖြာသွားစေမိ၏။
"မင်းဘာတွေစဉ်းစားနေတာလဲ"
ချောမောသောယောင်္ကျားက မင်္ဂလာဦးခန်းထဲသို့ ဝင်လာသည်။ သူသည် တံခါးကိုမှီရင်းပြုံးပြလိုက်ပြီး သူမကိုငေးနေသည်။
"ဘာမှမဟုတ်ပါဘူး။ ဧည့်သည်တွေအကုန်ပြန်သွားပြီလား"
သူမက ရှက်သွေးဖြာခြင်းကို ဟန်ဆောင်လိုက်ကာ ထလာပြီး သူ့ကိူကူပေးရန် သူ့ဘေးသို့လျှောက်လာသည်။
"ရှင်အဆင်ပြေရဲ့လား"
"မင်းဘယ်လိုထင်လဲ။ ကိုယ့်မှာ အတွင်းအားမရှိတော့ပေမဲ့လို့ အရက်မူးတာတော့ ထိန်းထားနိုင်ပါသေးတယ်"
သူကပြုံးကာ သူမပေါ်သို့အုပ်မိုးလိုက်သည်။
"ဒါပေမဲ့လည်း အခုတော့ တကယ်မူးနေပြီ"
"စကားများတယ်။ အခုတော့ ဒီလိုမျိုးဟာတွေကနေက အများကြီးပြောဖို့သင်ယူထားပြီပေါ့"
သူမက သူ့အားကုတင်ပေါ်တွင်ထိုင်ရန်ကူညီမပေးခင်တွင် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့အတွက် ရေနွေးစိမ်ထားသောပုဝါကိုရေညှစ်ကာ ဝိုင်နှစ်ခွက်နှင့်အတူယူဆောင်လာ၏။
"ရှင့်အတွက်ပဲ"
သူ၏နှုတ်ခမ်းလေးက အနည်းငယ်မျှကွေးတက်သွားသည်။
"ကိုယ့်ကို မတူတဲ့အချိန် မတူတဲ့နေရာမှာ မင်းခင်ပွန်းဖြစ်ဖို့ ကောင်းကင်ဘုံကခွင့်ပြုထားတယ်။ ကိုယ်မကျေမနပ်ဖြစ်စရာအကြောင်းမရှိတော့ပါဘူး"
သူအမှန်ပင် ကျေနပ်အားရနေပေသည်။
၎င်းတို့၏ဝိုင်နှစ်ခွက်ကိုသောက်ပြီးနောက်တွင် ကုတင်ပေါ်တွင် အချင်းချင်းမှီထားကြ၏။ လွန်ခဲ့သောနှစ်လကပင်ပထမဆုံးသောကျူးလွန်ခြင်းအား နှစ်ခြိုက်စွာလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့ လက်မထပ်ခင် မကြာခဏတွေ့ဆုံကြသော်လည်း အစေခံများက သူမကို စောင့်ကြည့်နေခြင်းမှ မခွာရဲသေးပေ။ ထို့ကြောင့် သူမနှင့် အားယောင်သည် နီးစပ်ရန်အခွင့်အရေးမရပေ။ အများဆုံး ပါးနှင့်နဖူးကိုသာနမ်းနိုင်ပြီး ချစ်စိတ်ပြင်းပြခြင်းအား ဖြေသိမ့်နေရသည်။
"နောက်ဆုံးတော့ မင်းကိုယ့်ဘေး ပြန်ရောက်လာပြီပဲ"
သူက သက်ပြင်းချလိုက်ပြီး လှိမ့်ကာ သူမ၏နူးညံ့သောခန္ဓာကိုယ်လေးအပေါ်မှ အုပ်မိုးလိုက်သည်။
" ရွှေလျန် ကိုယ့်ဇနီးလေး..."
သူမသည် နူးညံ့ညင်သာစွာ ညဉ်းညူမိသည်။ စုရွှေလျန်သည် သူ၏ချစ်စိတ်ပြင်းနေသောအကြည့်များကို မော့ကြည့်ကာ ပြုံးလိုက်မိ၏။ နောက်ဆုံးတွင် ၎င်းတို့သည် စည်းချက်ညီမှုတစ်ခုနှင့်အတူ ရစ်ပတ်နှောင်တွယ်ကာ အတူရှိနေနိုင်ပြီဖြစ်၏။
***