← Chapters

ခင်ပွန်းလောင်းအားပြန်ပေးဆွဲခြင်း (၁)

Vol. 6 Ch. 168

ခင်ပွန်းလောင်းအားပြန်ပေးဆွဲခြင်း (၁)

Vol. 6 Ch. 168

"ရှန်းရုန်ရှင်း!!!"

စိတ်တိုနေသောအော်ဟစ်သံသည် ချင်ဖုန်းကျိုက်ကိုဖြတ်ကျော်၍ ထွက်ပေါ်လာသည်။

"ခန်းမသခင်.. ခန်းမသခင်ဖု..မိန်ကလေး မဟုတ်ဘူး။ ရွာပိုင်ရှင်..သူ..."

မိန်းကလေးသည်တုန်လှုပ်နေကာ သိရှိနေသောအမှန်တရားကိုမပြောရဲပေ။

"ငါက အဲ့လောက်ကြောက်ဖို့ကောင်းနေလို့လား။ စကားလေးတစ်ခွန်းပြီးအောင်ပြောဖို့ ဘယ်လောက်ကြာမှာလဲ။ သေစမ်း။ သူက ဘာလို့တောင်ပေါ်ကဆင်းလာတာလဲ"

"ရွာပိုင်ရှင်..သူပြောတာက..."

"သူဘာပြောလိုက်တာလဲ။ ငါ့သည်းခံစိတ်ကိုစမ်းမနေနဲ့"

"သူပြောတာက သူက ရွာရဲ့ခေါင်းဆောင်ဖြစ်လာဖို့ သူက ခင်ပွန်းရွေးတော့မယ်တဲ့လေ"

မိန်းကလေးသည် ချက်ချင်းထလိုက်ကာ မျက်လုံးများကိုမှိတ်ထားမိ၏။ သူမ၏အသံသည် တစ်စထက်တစ်စအားနည်းလာသည်။ နောက်ဆုံးစကားနှစ်ခွန်းတွင်မူ သူမ၏နှုတ်ခမ်းများသည် အသံတစ်သံမထွက်ပင် လှုပ်ရှားသွား၏။

တိတ်ဆိတ်အေးချမ်းနေသော ချင်ဖုန်းကျိုက်တွင် အော်သံတစ်သံထပ်မံထွက်ပေါ်လာကာ ငန်းရီုင်းအုပ်စုသည်ပင် လန့်၍ပျံပြေးသွားကြပေသည်။

ထိုအော်သံကိုရရှိသူမှာ ချင်ဖုန်းရွာ၏ အနီးတစ်ဝိုက်မှ မြင်းစီးကာ ထွက်ခွာသွားပြီးဖြစ်သည်။ ၎င်းတို့သည် ဟွမ်ရှမြို့၏ လမ်းမကြီးပေါ်သို့ရောက်ရှိလာကြသည်။

"တစ်ဆိတ်လောက်မေးပါရစေ။ ဟွမ်ရှမြို့မှာ အကောင်းဆုံးစားသောက်ဆိုင်က ဘယ်ဆိုင်လဲဗျ"

ဉာဏ်ကောင်းသောမျက်ဝန်းတစ်စုံကို ချောမောသောမျက်နှာထက်တွင်မြင်နိုင်ပေသည်။ မျက်တောင်ရှည်ကြီးအားခတ်ကာ လမ်းဘေးတွင်ဟင်းသီးဟင်းရွက်များရောင်းနေသောလယ်သမားအိုကြီးအား ကြည့်နေလေသည်။

လယ်သမားကြီးခေါင်းကုတ်မိလိုက်သည်။ သူသည် အနီးအနားရွာမှလယ်သမားတစ်ယောက်သာဖြစ်သည်။ မနက်တိုင်း မြို့ထဲသို့ ဟင်းသီးဟင်းရွက်လာရောင်းသော်လည်း မြို့ထဲတွင် မစားဖူးပေ။ အကောင်းဆုံးစားသောက်ဆိုင်ဆိုလျှင် ဝေးပေသေးသည်။

"သခင်လေး...ဒီအဘိုးကြီးက ဟွမ်ရှမြို့မှာ ကျွေ့ရှီခန်းမဆိုတဲ့နာမည်ကိုတော့ကြားဖူးတယ်။ နေ့တိုင်းဧည့်သည်တွေနဲ့ပြည့်နေတာ။ အဲ့တာကြောင့် အဲ့တာအကောင်းဆုံးစားသောက်ဆိုင်ဖြစ်မယ်ထင်တယ်။ သခင်လေးကျွန်တော့်ကိုမယုံရင် သွားကြည့်ကြည့်ပါ။ လမ်းအဆုံးမှာရှိပါတယ်။ ဒီအဘိုးကြီးက နေရာတော့ အတိအကျမသိပါဘူး"

လယ်သမားအဘိုးကြီးသည် ရိုးသားစွာမတ်တပ်ရပ်ကာ ပြုံးပြလိုက်၏။

"အဘိုးရဲ့လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်"

ရှန်းရုန်ရှင်းက လယ်သမားကြီးကို ပြုံးပြလိုက်ကာ အိတ်ထဲမှသဖန်းသီးတစ်လုံးထုတ်ယူလိုက်သည်။ သူက လယ်သမားကြီးလက်ထဲထည့်ပေးလိုက်ပြီး

"ဒီမှာပါ။ ဇာတိမြို့က အကောင်းဆုံးအသီးပါ။ အရမ်းချိုပြီးလတ်ဆတ်တယ်။ စားကြည့်လိုက်ပါ။"

"ကျေးဇူတင်ပါတယ်။ သခင်လေး"

'ဟားဟား။ သခင်လေးတဲ့။ နားထောင်ကြည့်ဦး။ နားထောင်ကြည့်ဦး"

ရှန်းရုန်ရှင်းက ကျိတ်ရယ်ကာ သူမမြင်းဖြင့် လယ်သမားကြီးညွှန်ပြသော ကျွေ့ရှီခန်းမရှိရာသို့သွား၏။ သူမ၏ရုပ်ဖျက်မှုသည် လွန်စွာအောင်မြင်ကြောင်း ပြသနေပေသည်။ ရွာမှ ရဲဘော်ရဲဘက်များဆီမှ အလွယ်တကူလွတ်မြောက်ခဲ့ယုံသာမ တစ်လေးတစ်စားဖြင့်ပါ နှုတ်ဆက်ခံရသေးသည်။ စဉ်းစားကြည့်လိုက်လျှင် သူမအား ကျေနပ်သွားစေမိသည်။

သူမသည် လူရှုပ်သောလမ်းမကြီး၏အနောက်ဘက်သို့ လျှောက်လာသည်။ ဆယ့်ငါးမိနစ်မျှလျှောက်ပြီးနောက်တွင် ကျွေ့ရှီခန်းမကိုမြင်လိုက်ရသည်။ ခြံဝန်းခပ်မြင့်မြင့်တွင် အနီရောင်မီးပုံးများချိတ်ဆွဲထားသည်။ ပျော်ရွှင်မြူးထူးစွာဖြင့် ခြေလှမ်းများက သွက်လက်နေ၏။

ချင်းဟယ်မြို့တွင် အဆင့်မြင့်လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များရှိသော်လည်း သူမသည် ထိုမျှတန်ဖိုးကြီးပစ္စည်းများနှင့်ပြည့်နှက်နေကော လှပစွာအလှဆင်ထားသောစားသောက်ဆိုင်အား ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ယခင်က သူမပြောခဲ့သကဲ့သို့ပင်။ ရွာလေးတွင်ထွက်မသွားဘဲ နှစ်ဝက်မျှနေလိုက်လျှင် လူများ၏စိတ်မှာ အမြင်ကျဉ်းသွားကာ လူများ၏ဗဟုသုတသည်လည်း ကျယ်ပြန့်မလာတော့ပေ။

ကျက်သရေရှိလှသောသခင်လေးတစ်ယောက်နှင့်တွေ့ဆုံရန်အများဆုံးဖြစ်နိင်ချေမှာ စားသောက်ဆိုင်တွင်ဖြစ်သည်ဟု ကျူချွေ့ပြောသည်ကို အမှတ်ရလိုက်သည်။ သူမသည် လှပချောမောသောယောင်္ကျားတစ်ယောက်အား ဖမ်းကာ နှစ်မကုန်ခင်တွင် တောင်ဆီသို့ခေါ်သွားမည်ဟု ဆုံးဖြတ်ထားသည်။ ထိုနည်းလမ်းဖြင့် သူမသည် ကွယ်လွန်သွားသောဖခင်ဖြစ်သူ၏ဆန္ဒအား ဖြည့်ဆည်းပေနိုင်မည်။

ထိုသို့စဉ်းစားရင်း လူတစ်ဦးနှင့်မြင်းတစ်ကောင်သည် ဟွမ်ရှမြို့ရှိ နံပါတ်တစ်ဆောင်ကြာမြိုင် ကျွေ့ရှီခန်းမသို့ ချည်းကပ်လာတော့၏။

ပန်းလေးနှစ်ပွင့်သည် သူမဝင်လာသည်ကို မြင်လျှင်မြင်ချင်းပင် မျက်နှာပေါ်တွင် အပြုံးကိုယ်စီဖြင့် ချက်ချင်းပင် တွယ်ဖက်လိုက်ကြသည်။

"အိုက်ယား ချောလိုက်တဲ့သခင်လေး။ ရှင်က ကျွေ့ရှီခန်းမကိုလာတာ ပထမဆုံးအကြိမ်ဖြစ်လောက်တယ်။ ဟုတ်တယ်မလား။ စိတ်မပူပါနဲ့။ ဒီကအစ်မက ရှင့်ကိုအပြည့်အဝစိတ်ကျေနပ်စေပြီး ပြန်ရပါစေမယ်လို့ ကတိပေးတယ်။"

"လာပါ။ ကျွန်မနောက်လိုက်ခဲ့။ ဒီအစ်မက ရှင့်မြင်းကိုကြည့်ဖို့ လူရှာပေးလိုက်မယ်။ ရှင့်အတွက်တော့ အပေါ်ထပ်ကိုသွားပြီး စားကောင်းသောက်ဖွယ်တွေကိုအရသာခံလိုက်ဦး"

ရှန်းရုန်ရှင်းသည် ဧည့်သည်များကို လွန်စွာပျူပျူဌာဌာဆက်ဆံနေကြသော မိန်းကလေးနှစ်ယောက်ကိုကြည့်ကာ စိတ်ထဲခုမိသော်လည်း သူမသည် ချင်းဟယ်မြို့အပြင်ဘက်သို့ စွန့်စွန့်စားစားမသွားဘူးကာ ထိုမျှပျူဌာသောစားသောက်ဆိုင်ကိုလည်း မမြင်ဖူးပေ။ သူမသည် တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး ထိုမိန်းကလေးနောက်သို့မလိုက်လာခင်တွင် ဟန်ဆောင်ချောင်းဆိုးလိုက်ကာ ကျွေ့ရှီခန်းမထဲသို့ ဝင်ရောက်လာ၏။

ရုတ်တရက် ကျယ်ပြန့်ကာ တောက်ပသောသစ်သားလှေကားမှတစ်ဆင့် ပုံရိပ်နှစ်ခုသည် လေအလျင်ဖြင့်ခုန်ဆင်းသွားကြကာ နောက်ထပ်အမည်းရောင်ပုံရိပ်တစ်ခုက လိုက်သွား၏။

သူမသည်နားများက လှုပ်ရှားသွားသည်။ သူမသည် အကြားအာရုံတွင်ထူးချွန်သောကြောင့် တစ်စုံတစ်ယောက်အသနားခံကာ ငိုနေသည့်အသံကိုကြားလိုက်ရသည်။ စဉ်းစားမနေဘဲ သူမလက်ကရောက်သွားပြီး အနက်ရောင်ပုံရိပ်ကိုဖမ်းထားလိုက်သည်။

"သေစမ်း"

စစ်ဖန်းချန်က ဒေါသတကြီးဖြင့် ကျိန်ဆဲမိလိုက်၏။ သူသည် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်သွားကာ ကျွေ့ရှီအဆောက်အဦးတံခါးမှ ထွက်ပြေးလွတ်မြောက်သွားသော လျန်ယီယွဲ့နှင့် ကျန်းယင်းယွီကို ကြည့်နေမိသည်။

သူ့ကိစ္စအားဝင်ရှုပ်သည့် ချောမောသည့်ကောင်လေးအား ကြောက်စရာကောင်းစွာကြည့်လိုက်သည်။

"မင်းဘာလုပ်တာလဲ"

"ဘာဖြစ်လို့လဲ။ ဖန်းချန်။ ယီယွဲ့နဲ့ ကျင်းယွီရော ဘယ်မှာလဲ"

စစ်ချင်းယန်နှင့် လျန်ရှုယီတို့က တိုက်ခိုက်နေသည့်အသံများကြားသဖြင့် ဒုတိယထပ်မှခုန်ဆင်းလာကြပြီး ၎င်းတို့ရှေ့ရှိ ထူးဆန်းသည့်မြင်ကွင်းအား တွေဝေစွာဖြင့်မေးလိုက်မိ၏။

"ပြေးတော့"

စစ်ဖန်းချန်က ရုန်ရှင်းကို ဒေါသတကြီးဖြင့်ကြည့်လိုက်ပြီး ညီနောင်အဖွဲ့မှနှစ်ယောက်ကိုပြန်ကြည့်လိုက်ကာ ဒေါသထွက်စွာအော်ပြောလိုက်၏။

"ပြေးမှာလား။ သူတို့က သူတို့မိဘတွေဆီကနေ တကယ်ပဲအရိုက်ခံချင်နေတာလား။ မိန်းကလေးတွေက ယောင်္ကျားလိုဟန်ဆောင်ပြီး ပြည့်တန်ဆာအိမ်ကိုလာလည်ရဲကြတယ်ပေါ့လေ။ အိမ်ကနေထွက်ပြေးဖို့တောင် တတ်နေကြပြီပေါ့။ တကယ်ပဲ..."

အမြဲနူးညံ့တတ်သော လျန်ရှုယီက ဒေါသထွက်စွာဖြင့် အံကြိတ်ကာအော်လိုက်၏။

"အဲ့ဒီမိန်ကလေးနှစ်ယောက်က အခုဘယ်မှာလဲ။ မင်းတို့မိသားစုတွေလား"

ရှန်းရုန်ရှင်းက လျန်ရှုယီ၏စကားလုံးများကို အထအနကောက်ကာ သူမသည် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ဆိုးဆိုးဝါးဝါးလုပ်မိပြီဖြစ်ကြောင်း နားလည်လိုက်သည်။

"ဟုတ်တယ်"

စစ်ဖန်းချန်က သူမကိုအေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းကိုယ်မင်း မတရားမှုကိုမကြည့်နိုင်ဘဲ ဓားကိုဆွဲကိုင်ပြီးကူညီလိုက်တယ်လို့များ ထင်နေတာလား"

ပြောပြီးနောက်တွင် သူသည် ကျွေ့ရှီခန်းမ၏တံခါးကို ထုလိုက်မိသည်။

"ငါတို့ ဘာအတွက်ဒီမှာရပ်နေတာလဲ။ တကယ်ပဲသေချင်နေတာလား"

"သွားကြမယ်"

လျန်ရှုယီက အကူအညီမဲ့စွာ ခေါင်းခါပြလိုက်ပြီး စိတ်ထဲတွင် မကျေမချမ်းခံစားမိသည်။ ပြန်ရောက်သောအခါတွင် မိဘများကိုမည်သို့ရှင်းပြရမည်ကို မသိတော့ပေ။ သူ၏မိဘများဖြစ်လျှင်လည်း တော်ပေသေးသည်။ ထိုမတော်မဆမှုမှာ ယီယွဲ့၏ အံ့ဩစရာကောင်းသောအစီအစဉ်ဖြစ်ကာ အပြစ်ပေးရန်လည်းထိုက်တန်ပေသည်။ အဓိကမှာ ရှောင်ယွီအာနှင့် သူမ၏မိဘများဖြစ်သော အဒေါ်ယွင်နှင့် ဦးလေးလောင်တို့က စိုးရိမ်ကြမည်ဖြစ်သည်။

"ချီယန်၊ အစ်ကိုရှောင်နဲ့ အခြားသူတွေကို ငါတို့အရင်သွားနှင့်ပြီလို့ အချက်ပြလိုက်။ ညီနောင်များဌာနချုပ်မှာ လူစုကြမယ်"

လျန်ရှုယီက တွက်ချက်လိုက်ပြီး အငယ်ဆုံးညီ စစ်ချင်းယန်ကိုအမိန့်ပေးကာ ထွက်သွား၏။

စစ်ချင်းယန်ကအေးစက်စက်ဖြင့်ခေါင်းညိတ်ပြလိုက်ပြီး အင်္ကျီလက်ကိုဝှေ့ရမ်းပြနေသော ရှန်းရုန်ရှင်းကိုကြည့်ကာ စူးရှသောလေချွန်သံပေးလိုက်၏။ ထို့နောက်တွင် အပေါ်ထပ်တွင်ရှာဖွေနေဆဲဖြစ်သော လင်းရှောင်နှင့် ကျန်းရှင်းတို့က အောက်သို့ဆင်းလာကြသည်။

"အခြေအနေ ဘယ်လိုလဲ"

လင်းရှောင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဒီမှာဘယ်သူမှမရှိတော့ဘူး။ ပြန်ပြီးပြောကြရအောင်"

စစ်ချင်းယန်က ပျင်းရိစွာသမ်းလိုက်ပြီး တံခါးအပြင်ဘက်သို့ လျှောက်သွား၏။

"ခဏ"

ရှန်းရုန်ရှင်းက အလျင်စလိုဖြင့် စစ်ချင်းယန်၏အင်္ကျီလက်စကို ဆွဲလိုက်မိသည်။

"မင်းတို့ပြောတာက ဒီနေရာက ဘယ်လိုနေရာမျိုးလဲ။ သူတို့က ဒီမှာဘာလုပ်ကြတာလဲ။ ဒါက စားသောက်ဆိုင်မဟုတ်ဘူးလား။ ဒီနေရာက စားဖို့သောက်ဖို့အတွက် နေရာမဟုတ်ဘူးလား"

သူမမည်မျှအတင့်ရဲသနည်း။ သူမသည် မိန်းကလေးတစ်ယောက်သာဖြစ်၏။ တောတောင်ထဲတွင် (၁၆)နှစ်မျှနေထိုင်ခဲ့သည်။ သူမသည် မည်သည့်အချိန်က ဆောင်ကြာမြိုင်သို့ လာချင်ခဲ့ပါသနည်း။

"စားသောက်ဆိုင်? စားဖို့သောက်ဖို့တဲ့လား"

စစ်ချင်းယန်က ရှန်းရုန်ရှင်းကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ကြည့်လိုက်ကာ ထူးဆန်းစွာဖြင့် ပြုံးလိုက်မိ၏။

"ဒီမှာ စားလို့သောက်လို့ရပါတယ်။ အပျော်လည်းရှာလို့ရတယ်။ အမြင်လည်းကျယ်လာမယ်"

ထို့နောက် သူသည် သူ၏အင်္ကျီလက်စကိုဆွဲထားသော သူမ၏လက်ကို ဖယ်ထုတ်လိုက်ကာ ၎င်းတို့အား ငေးနေသောပန်းပွင့်လေးများကို ငွေစပစ်ပေးလိုက်သည်။

"လျော်ကြေးငွေ"

မည်သည့်လျော်ကြေးငွေဖြစ်မည်နည်း။ ကောင်းကင်သာသိပေလိမ့်မည်။

လင်းရှောင်နှင့် ကျန်းရှင်းသည် အချင်းချင်းကြည့်လိုက်ကြကာ ရှန်းရုန်ရှင်းကိုလည်းထူးဆန်းစွာကြည့်လိုက်မိပြီး ထိုခန်းမအပြင်ဘက်သို့ ထွက်သွားကြလေ၏။

ရှန်းရုန်ရှင်းတစ်ယောက် မိမိမျက်နှာကို စိတ်ပျက်စွာဖြင့် အုပ်ထားလိုက်ပြီး တံခါးရှိရာသို့ ခိုးကြောင်ဝှက်ကြောင်ဖြင့် ပြေးထွက်လာတော့၏။

"ဟမ်။ ဘယ်သူလဲ"

သူမ၏လမ်းကို မည်သူကပိတ်ရဲသနည်း။ သူမထွက်ပြေးရန် ကြိုးစားနေသည်ကို မမြင်ကြသည်လော။

"မင်းက သူတို့နဲ့ပေါင်းကြံတာလား"

စစ်ဖန်းချန်က ထပ်တလဲတလဲစဉ်းစားနေမိကာ ကျွေ့ရှီခန်းမသို့ ပြန်သွား၏။ သူ့အားတားခဲ့သောကောင်းလေးသည် မျက်နှာကိုအုပ်ပြီး အပြစ်ကင်းချင်ယောင်ဆောင်ကာ သတိမထားဘဲ ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့သွား၏။ သူပိုကြည့်လေလေ သူ၏ခန့်မှန်းချက်မှန်သည်ဟု ပို၍ခံစားမိလာလေဖြစ်သည်။ လျန်ယီယွဲ့သည် ထွက်ပြေးရန်ဗျူဟာကို သူနှင့်တိုင်ပင်ခဲ့ခြင်းဖြစ်ပေမည်။

"ငါကလေ။ ဘယ်သူနဲ့ ပေါင်းကြံတာလဲ"

ရှန်းရုန်ရှင်းက မိမိနှာခေါင်းကိုမိမိ ပြန်ညွှန်ပြလိုက်သည်။ သူမသည် မတရားမှုကိုတွေ့သောအခါတွင် အမှန်ပင်ကူညီခဲ့လေသည်။ ထိုနှစ်ဦးသည် ဆွေမျိုးများဖြစ်မည်ဟု မည်သူထင်မည်နည်း။ ထွက်ပြေးရန်ကြိုးစားခြင်းမှာ သူမကဲ့သို့ ချင်ဖုန်းရွာမှနောက်လိုက်များလက်မှ ထွက်ပြေးခြင်းနှင့်အတူတူမဖြစ်နိုင်သည်လော။

"ဘယ်သူဖြစ်လိမ့်မလဲ"

စစ်ဖန်းချန်က သူမကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ အချို့သောအကြောင်းရင်းများကြောင့် ထိုလူငယ်လေးအား ထူးဆန်းသောခံစားချက်ရှိနေမိ၏။ သူ၏သိုင်းပညာသည် မိမိထက် ဆိုးနေ၍လော။ ပေါ့ပေါ့ပါးပါးဆွဲယူလိုက်ယုံဖြင့် သူ၏အရှိန်ကို လုံးဝတားနိုင်သည်။

"ငါမလုပ်ဘူး။ ငါထင်တာက မင်းက သူတို့ရန်သူလို့ပဲထင်ခဲ့တာ"

သူမကရှင်းပြကာ ဦးညွှတ်လိုက်ပြီး

"တောင်းပန်ပါတယ်။ ငါတကယ်အဲ့လိုမဆိုလိုပါဘူး။ မင်းမြန်မြန်သူတို့နောက်လိုက်ဖမ်းတာ ကောင်းလိမ့်မယ်။ အဲ့လိုဆိုမင်းမိနိုင်သေးတယ်နော်။ တစ်ခုခုဖြစ်သွားရင်..."

ထို့နောက်တွင်မူ သူမမကောင်း၍သာဖြစ်ပေသည်။

"ဟမ်။ မင်းက အန္တရာယ်လည်းသိတယ်လား"

စစ်ဖန်းချန်က နှာခေါင်းရှုတ်ကာ ထွက်သွားတော့၏။

"ဟေး ငါ့ကိုစောင့်ဦး"

ရှန်းရုန်ရှင်းက အလျင်အမြန်ပင် သူ၏အင်္ကျီလက်ကိုဆွဲလိုက်ကာ

"ကျေးဇူးတင်ပါတယ်။ အဆင်ပြေအောင်လုပ်ပေးလို့"

'ဘာလဲ။ ဘာကိုအဆင်ပြေတာလဲ။ ငါ့လက်ကိုကိုင်ပြီးသူက ကျွေ့ရှီခန်းမထဲကနေ ထွက်လာချင်နေတာလား။ ခုနတုန်းကကျ မျက်တောင်တောင်မခတ်ဘဲ ပန်းပွင့်လေးနောက်ကိုလိုက်သွားဖို့ ယုံကြည်ချက်ရှိနေတာဘယ်သူလဲ။ သူက တကယ်ပဲ ဒီနေရာကို သာမန်စားသောက်ဆိုင်လို့ထင်နေတာလား'

စစ်ဖန်းချန်ဘာသာ တွေးနေမိ၏။

သူမသည် အမှန်ပင် စားသောက်ဆိုင်သာဖြစ်သည်ဟု ထင်နေမိကာ ဟွမ်ရှမြို့ရှိ အကြီးဆုံးနှင့်အခမ်းနားဆုံးဆိုင်ဟု ထင်နေမိ၏။

သူမသည် ဂရုတစိုက်ဖြင့် အပေါ်သို့မော့ကြည့်လိုက်ပြီး ညီနောင်များအဖွဲ့က အဖွဲ့ဝင်များက သူမရှေ့တွင် ထိုင်နေသည်ကို ကြည့်လိုက်သည်။ ဘယ်ဘက်မှညာဘက်၊ ညာဘက်မှဘယ်ဘက်။ အားလုံးသည် သူမ၏မူလရည်ရွယ်ချက်ဖြစ်သော ချောမော့ခန့်ညားသောသခင်လေးများဖြစ်သော်လည်း ယခုတွင်မူ ဖမ်းမခေါ်လာနိုင်ဘဲ ကြည့်ယုံသာကြည့်နေရ၏။

သူမသည် လူဆိုးပေလော။ လူအများအလယ်တွင် အပြစ်ရှာရန် ထိုက်တန်ပါသည်။ အရေးကြီးဆုံးကိစ္စမှာ ထိုချောမောလှသည့်သခင်လေးများသည် သိုင်းပညာတွင် သူမထက် အားမနည်းနေခြင်းပင်ဖြစ်သည်။

မျှော်လင့်ချက်မရှိတော့ပေ။

"ဘာပဲဖြစ်ဖြစ် ဒါကံတရားပဲလေ။ နေဖို့နေရာမရှိမှတော့ ဒီမှာပဲ Achenနဲ့အတူ အချိန်တစ်ခုအထိနေရမှာပေါ့"

ကျန်းဟွေ့အန်း၏မျက်လုံးများအရောင်လက်သွားကာ တည်ငြိမ်စွာဖြင့်ပင် ရုန်ရှင်းကိုပြောလိုက်သည်။

"မလိုဘူး။ ငါ့ဘာသာ တည်းခိုခန်းတစ်ခုရှာနိုင်တယ်"

ရှန်းရုန်ရှင်း၏ လှည့်ပတ်သွားလာနေသောအတွေးရထားသည် နှောင့်ယှက်ခံလိုက်ရကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြလိုက်သည်။

"မင်းသာ ယောင်္ကျားလေးလို မဝတ်ထားဘူးဆိုရင် မင်းဒီလိုရှက်နေလို့ မိန်းကလေးလို့ထင်မိမှာပဲ"

စစ်ချင်းယန်က သူမကိုငေးကာ သူ၏အတွေးအား ပြောချလိုက်သည်။

ရှန်းရုန်ရှင်းသည် အံ့ဩတုန်လှုပ်စွာဖြင့် သူမထိုင်ခုံမှ ထခုန်မိ၏။

"တကယ်လား"

"စစ်ချင်းယန်က သူ၏တုန်လှုပ်နေသောအမူအရာကိုမြင်သည့်အခါတွင် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"မ..မဟုတ်ပါဘူး.."

တောင်ခြေမှလူငယ်လေးများအားလုံးသည် မည်သို့ထိုမျှလိမ္မာပါးနပ်ရပါသနည်း။ သူမသည် တောင်ခြေသို့ဆင်းမလာသည်မှာ နှစ်ဝက်မျှသာရှိသေး၏။ လောကကြီးသည်ထပ်မံပြောင်းလဲသွားသည်မှာ ဖြစ်နိုင်သည်လော။

"အဲ့လိုဆိုမှတော့ အမကြီးကိုပဲ ကိုင်တွယ်ခိုင်းရမှာ‌ပေါ့"

လင်းရှောင်က လက်မြှောက်ကာ စကားတစ်ခွန်းတည်းဖြင့် နိဂုံးချုပ်လိုက်တော့၏။

***

All Chapters