← Chapters

ခင်ပွန်းလောင်းအားပြန်ပေးဆွဲခြင်း (၃)

Vol. 6 Ch. 170

ခင်ပွန်းလောင်းအားပြန်ပေးဆွဲခြင်း (၃)

Vol. 6 Ch. 170

ရှန်းရုန်ရှင်းသည် ခရီးကို ကြန့်ကြာရန် ကြိုးပမ်းသော်လည်း ချင်းဟယ်သို့ တရှီမှခရီးသွားလျှင် ခုနှစ်ရက်သာကြာပေသည်။ ထိုခုနှစ်ရက်မှာ ကောင်းကင်ဘုံက သူမအတွက်ကောင်းချီးပေးခြင်းသာဖြစ်၏။

"ဘာ။ ချင်ဖုန်းကျိုက်"

စစ်ဖန်းချန်က ရှန်းရုန်ရှင်းကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိသည်။ အစ်မကြီးက သူမ၏အိမ်သည် ချင်းဟယ်မြို့အနီးရှိတောင်ပေါ်တွင်ဖြစ်ကြောင်း ပြောထားသည်။ သို့သော် ထိုတောင်မှာ သူခိုးများ၏အသိုက်ဟုနာမည်ကြီးသော တဟွေ့တောင်ဘက်ဆုံးရှိ ချင်ဖုန်းကျိုက်ဖြစ်နေသည်ကို မပြောခဲ့ပေ။

"ဟုတ်တယ်လေ"

ရှန်းရုန်ရှင်းက ခေါင်းလေးနိမ့်လိုက်သည်။ သူ၏အမူအရာမှာ သူမကိုနာကျင်စေသည်။ လွန်ခဲ့သောနှစ်နှစ်က သူမ၏မိဘများမှာ ပြုပြင်မွမ်းမံခြင်းများပြီးနောက်တွင် ချင်ဖုန်းကျိုက်သည် သူခိုးများ၏အသိုက်မဟုတ်တော့ပေ။

"ကောင်းပါပြီ။ ကျွန်မဘာသာ ပြန်နိုင်ပါတယ်။ လမ်းတစ်လျှောက်လုံး လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှန်းရုန်ရှင်းက ကိုယ်ကိုကိုင်းညွှတ်ကာ အရိုအသေပေးလိုက်သည်။ ကုန်းနှီးပေါ်ရှိ သူမအိတ်ကိုကောက်ယူလိုက်ပြီး ဇက်ကြိုးကိုဆွဲလိုက်သည်။ သူမသည် တောင်ပေါ်သို့သွားတော့မည်ဖြစ်၏။

ဟုန်ယင်းက သူမကို မညာခဲ့ပေ။ မြို့မှယောင်္ကျားများသည် မည်မျှပင်ချောမောလှပစေကာမူ ၎င်းတို့သည် တောင်ပေါ်ကျေးလက်ဒေသမှမိန်းကလေးများကို ကြိုက်မည်မဟုတ်ပေ။

တောင်ပေါ်သို့ မထွက်ခွာခင်တွင် သူမသည် အစီအစဉ်နှစ်ခုကို တွေးထားမိ၏။ တစ်ခုမှာ မိမိဘာသာ ကြိုးစားအားထုတ်ပြီး သူမချစ်သည့်အမျိုးသားနှင့်ချစ်ကျွမ်းဝင်လာရန်ဖြစ်သ်ည။ ထို့နောက်တွင် သူမနှင့်အတူတောင်ပေါ်သို့သွားရန် ဖြားယောင်းပေမည်။ ဒုတိယအစီအစဉ်မှာ သူ့ကိုသတိမေ့သွားအောင်ရိုက်မည်။ တောင်ပေါ်သို့သယ်လာပြီးနောက်တွင် ထို့နောက်တွင် ဆန်ကိုချက်ပြီးဖြစ်ပေမည်( စော်ကားမှာကိုပြောတာ)။ ထိုသို့ဆိုလျှင် သူထောင်ချောက်မိသွားပေမည်။ ထို့ကြောင့် သူသည် ထွက်ပြေးရန် လမ်းရှာတွေ့လျှင်ပင် လုပ်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ယခုတွင်မူ သူမတွန့်ဆုတ်နေပေသည်။

သူမနှစ်သက်သောယောင်္ကျားမှာ သူမထက် သုံးနှစ်မျှငယ်ကာ ဩဇာရှိသောမိသားစု၏တစ်ဦးတည်းသောသားဖြစ်နေသည်။ သူမနှင့်တောင်ပေါ်သို့အတူသွားရန် ကြိုးစား၍မဖြစ်နိုင်ပေ။ သူ့ကိုသတိမေ့အောင်ရိုက်ကာ တောင်ပေါ်သို့သယ်သွားရန်မှာလည်း မဖြစ်နိုင်။

သူမ လက်လျော့ရတော့မည်ဖြစ်သည်။ သူမသည် အဘယ့်ကြောင့် မည်သို့ကံဆိုးရပါသနည်း။ မနှစ်က တောင်အောက်သို့ဆင်းသွားသော ဟုန်ယင်းလောက်ပင် ကံမကောင်းရှာပေ။ သူမသည် ယောင်္ကျားတစ်ယောက်ကို ပြန်မသယ်လာနိုင်သော်လည်း သူမချစ်သောယောင်္ကျား၏ကလေးများကိုမူ အောင်မြင်စွာသန္ဓေတည်နိုင်ခဲ့သည်။ ချင်ဖုန်းကျိုက်၏နောက်မျိုးဆက်သည်မူ....။ မေ့လိုက်တာကောင်းပေမည်။ ထိုတစ်လခွဲအချိန်ကိုသာ ဖြုန်းတီးမိပြီးဖြစ်နေမိ၏။

သူမ၏မြင်းသည်လည်း တောင်ပေါ်မတက်ချင်သည်လော။ သူမသည် ပြန်သွားကာ အလိုရှာစာထုတ်ခိုင်းခဲ့သော ဖုအန်းကျီနှင့်ရင်ဆိုင်ရပေဦးမည်။ ထိုသို့မှမဟုတ်လျှင် သူမသည် မည်သည့်နေရာမှသွားနိုင်တော့မည်မဟုတ်ပါ။ ကလိမ်ကျလွန်းသော ဖုအန်းကျီပင်ဖြစ်သည်။ သူသည် သူမ၏မိန်းမအဝတ်အစားဝတ်ထားသောပုံတူသာမက ယောင်္ကျားဝတ်နှင့်ပုံတူကိုပါ အစိုးရသို့ပို့ပေးလိုက်ခြင်းဖြစ်သည်။ သူမကို ချင်ဖုန်းကျိုက်သို့ပြန်လာအောင်ဖိအားမပေးလျှင် သူလက်လျော့မည်မဟုတ်ပေ။

ရှန်းရုန်ရှင်းတစ်ယောက် သက်ပြင်းချမိပြီး အသံခပ်နိမ့်နိမ့်ဖြင့် သူမ၏မြင်းကိုရှင်းပြနေပေသည်။ သူမရှင်းပြပြီးနောက်တွင် တောင်ကြားလမ်းလေးဆီသို့ ဦးတည်သွားရန်ကြိုးစားလိုက်သော်လည် မြင်းမှာမူ မလှုပ်မယှက်ပင်။

သူမသည် ခေါင်းကို သတိမထားမိစွာဖြင့် လှည့်လိုက်ကာ စစ်ဖန်းချန်u မြင်းဇက်ကြိုးကိုဆွဲထားသည်ကိုတွေ့လိုက်ရသည်။ သူသည် သူမကို ကြောက်စရာကောင်းစွာကြည့်နေလေသည်။

"ဘာ...ဘာကိစ္စလဲ"

သူမသည် သူ၏ပစ္စည်းများကို မခိုးခဲ့ပေ။

"မေးရဲသေးတယ်ပေါ့။ မင်းက င့ါ့ကို ဒီလိုဘာမှမရှိတဲ့နေရာမှာ ထားသွားချင်တာလား။ အိမ်ပြန်ပို့ပေးတဲ့ကျေးဇူးရှင်ကို ဒီလိုကျေးဇူးဆပ်လိုက်တာလား"

စစ်ဖန်းချန်က ဒေါသတကြီးဖြင့်မေးလိုက်သည်။ သူသည်စိန်ခေါ်ခံလိုက်ရသည်ကိုလုံးဝဝန်ခံမည်မဟုတ်ပေ။ တိုင်းပြည်မြေပုံပေါ်တွင်မပါသောလမ်းကြောင်းဖြစ်သောကြောင့် ဝင်သွားမိလျှင် ပြန်ထွက်ရန်ခက်ခဲပေသည်။

ထို့ကြောင့် အစ်မကြီးက သူ့အား ရှန်းရုန်ရှင်းအား ချင်းဟယ်မြို့သို့ပြန်ပို့ပေးရန်တောင်းဆိုကာ ညီနောင်အဖွဲ့မှညီနောင်များဆီမှ ကျီစယ်ခံလိုက်ရခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ရှန်းရုန်ရှင်းက အလျင်မလိုပေ။ မြို့တစ်မြို့ကိုဖြတ်သွားသည့်အခါတိုင်း သူမကနေရန်တောင်းဆိုသည်။ သူသည်လည်း ညဘက်တွင်ပါခရီးထွက်ရန် အလျင်မလိုသောကြောင့် စိန်ခေါ်ခံလိုက်ရသည်ကို သတိမထားမိပေ။

သို့သော် ချင်းဟယ်သို့ရောက်ပြီးနောက်တွင် သူမ၏အိမ်သည် ချင်းဟယ်မြို့အစွန်အဖျားတွင်ရှိကြောင်းပြောသောကြြောင့် နောက်ကနေသောလိုက်ကာ သေအောင်ရိုက်ခံရလျှင်ပင် မည်သည့်အခါမျှဝင်သွားမည်မဟုတ်သော ချင်ရှန်းတောင်ထဲတွင်ခြေချမိသွားသည်။

သို့သော် အခုတွင်မူ သူ့အားအခွင့်ကောင်းယူကာ သူ့အား ထိုနေရာတွင်ထားခဲ့ပြီး သူမကတောင်ပေါ်သို့တက်သွားတော့မည်။

သူသည် သူမအားအလိုရှိသည်နေကိုလုပ်နေသည်ကို မည်သို့ခွင့်ပြုနိုင်မည်နည်း။

"ရှင်...ရှင်ဘာပြောလိုက်တာလဲ"

သူမက သူ့ကိုငေးနေမိကာပြောလိုက်သည်။ သူမ၏ချယ်ရီသီးနှုတ်ခမ်းလေးမှာ အံ့ဩမှုကြောင့် အနည်းငယ်မျှပင် ပွင့်ဟနေသည်။ သူမသည် မိမိနားကိုပင် မိမိမယုံပေ။ နားကြားမှာတာမဖြစ်ပါစေနဲ့ဟုသာ မျှော်လင့်နေမိ၏။

"မင်းကြားတာအမှန်ပဲ။ ငါမင်းနဲ့အတူတူတောင်ပေါ်ကိုလိုက်ခဲ့မယ်လို့ပြောတာ။ မင်းအိမ်ကို လူကိုယ်တိုင်လိုက်ပို့ပေးမယ်"

ထို့နောက်မှ တောင်ပေါ်မှဆင်းရနလူရှာကာ အိမ်ပြန်မည်ဟုဆုံးဖြတ်ထားသည်။ စစ်ဖန်းချန်ဒေါသတကြီးဖြင့် စိတ်ဖိစီးနေမိသည်။ သူသည် သူမ၏အနီရောင်နှုတ်ခမ်းလေးများကို အချိန်ကြာမြင့်စွာငေးနေမိကာ ရှေ့ရောက်လာပြီး ပန်းရောင်သမ်းနေသောနူးညံ့သာပါးလေးအား ဖျစ်ချလိုက်သည်။

"မင်းနားလည်ရင် ငါ့ကိုလမ်းပြတော့။ မင်းက ဒီမှာ ညအိပ်ချင်တာလား"

ထိုသို့ပြောပြီးနောက်တွင် သူမဆီမှအထုတ်အပိုးများယူကာ မြင်းဇက်ကိုလွှတ်လိုက်၏။ သူမ၏ပန်းရောင်သမ်းနေသောပါးလေးအား ထိလိုက်မိသောအခါတွင် သူ၏နှလုံးခုန်သံတို့သည် ရုတ်တရက်မြန်လာပေသည်။

ရှန်းရုန်ရှင်းအသိပြန်ဝင်လာပြီးနောက်တွင် အလျင်စလိုဖြင့်ခေါင်းလှည့်သွားပြီး လမ်းပြချင်ယောင်ဆောင်လိုက်သည်။ သို့သော် အမှန်တွင် သူမ၏ရှက်၍ပူထူနေသောမျက်နှာကို ဖုံးဖိထားချင်ယုံသာဖြစ်၏။

'မြတ်စွာဘုရား။ သူက တကယ်ပဲ ငါ့ပါးကိုထိလိုက်တာပဲ။ သာသာလေးဆိုပေမဲ့လို့ တုန်လှုပ်သွားမိတယ်။'

ထိုချိုသာသောထိတွေ့မှုလေးသည် ဟုန်ယင်းပြောသောအရာပေလော။ အဘယ့်ကြောင့် သူက သူမကိုထိလိုက်ပါသနည်း။ သူသည် သူမကိုကြိုက်နေ၍လော။

သူမသည် စစ်ဖန်းချန်ကိုချောင်းကြည့်လိုက်ပြီး တောင်လမ်းပေါ်မှအရာများကို ခလုတ်တိုက်မိမလိုဖြစ်သွား၏။

"ပြောပါဦး။ မင်းလမ်းမမှားဘူးဆိုတာတော့ သေချာတယ်မလား"

စစ်ဖန်းချန်က သူမကိုအေးစက်စွာငေးကြည့်နေသည်။

သူသည် သူမကိုအနောက်မှ သတိပေးပြီး ဖမ်းမထားပါလျှင် သူမသည်တောင်အောက်သို့ အကြိမ်ပေါင်းများစွာလဲကျပေတော့မည်။

သူမသည် သူ့ထက် သုံးနှစ်ကြီးသည်မဟုတ်လော။ သူမသည် မည်သို့နမော်နမဲ့နိုင်ရပါသနည်း။

"တောင်းပန်ပါတယ်"

ရှန်းရုန်ရှင်းကလျင်မြန်စွာ တောင်းပန်လိုက်သည်။ ချောင်းကြည့်လိုက်ခြင်းသည်ပင် သူမအမှားဖြစ်၏။

သူသည် သူမမျက်နှာပေါ်မှညစ်ပတ်နေသည်များကိုသုတ်ပေးရန် ထိလိုက်ခြင်းဖြစ်ပေမည်။

'ရှန်းရုန်ရှင်း အဲ့အကြောင်းစဉ်းစားတာတော်လိုက်တော့'

မိမိဘာသာ တိတ်တဆိတ်ကြိမ်းမောင်းပြီးနောက်တွင် ရှန်းရုန်ရှင်းသည် လမ်းကိုသာ အာရုံစိုက်ထားလိုက်၏။ သူပြောသကဲ့သို့ပင် ၎င်းတို့ ရွာထဲသို့ မကြာမီအချိန်အတွင်း မဝင်ပါလျှင် မှောင်လာတော့မည်ဖြစ်၏။ ချင်ရှန်းတောင်တွင် ထကြွသောင်းကျန်းသောသားရဲများစွာရှိပေသည်။

"ဟဲ့ နင်က သူနဲ့တကယ်ပဲကြိုက်နေတာလား"

ချင်ဖုန်းရွာသို့ ပြန်လာပြီးနောက်တွင် ရှန်းရုန်ရှင်းက စစ်ဖန်းချန်အား နားနေခန်းသို့အနားယူရန် ဖုအန်းကျီအားခေါ်သွားစေသည်။ သူမကို ဟုန်ယင်းက အိပ်ခန်းသို့ခေါ်လာကာ စစ်မေးတော့၏။

"ဟုတ်တယ်။ ဒါပေမဲ့ သူက ငါ့ကိုအိမ်ပြန်ပေးဖို့ပဲ တာဝန်ပေးခံထားရတာ။ မနက်ဖြန်ကျ သူပြန်တော့မှာ"

ရှန်းရုန်ရှင်းက ခါးခါးသီးသီး ခေါင်းခါပြလိုက်သည်။

"လွယ်ပါတယ်။ နင့်အမေချန်ခဲ့တဲ့ မူးသွားစေတဲ့ဆေးမှုန့်တွေရှိသေးတယ်မလား"

ဟုန်ယင်းစိတ်ပြောင်းသွားကာ လက်ခုပ်လက်ဝါးတီး၍ အကြံပြုလိုက်သည်။

"မလုပ်ဘူး။ ငါသူ့ကို အကြွေးတင်နေတယ်"

သူမသည် ထိုသို့လုပ်ရန် တွေးထားသည်မှာ ကြာပြီဖြစ်သော်လည်း သူ့အားတစ်လခွဲမျှသိပြီးနောက်တွင်စစ်ဖန်းချန်သည် ထိုသို့ဆေးခတ်ခံရသည့်ကိစ္စမျိုးဖြင့် ခြိမ်းခြောက်လျှင်လည်း အဓိပ္ပာယ်ရှိမည်မဟုတ်ကြောင်း သိလိုက်ရသည်။

သူသည် သူမကိုပြန်လိုက်ပို့သည်ထက်မပိုပေ။

"ဘာဖြစ်လို့လဲ။ ရွာပိုင်ရှင်အဟောင်းရဲ့အကြီးမားဆုံးဆန္ဒက နင့်မှာ မျိုးရိုးဆက်ခံဖို့ကလေးတွေရှိဖို့ပဲမလား။ သူက နင့်ဘဝတစ်လျှောက်လုံး တစ်ယောက်တည်း အထီးမကျန်စေချင်တာ။ အဲ့ဒီလူက နေဖို့ငြင်းဆန်ရင်လည်း အနည်းဆုံးတော့ သူနဲ့ကလေးတော့ရနိုင်သေးတာပဲ။ နင်အမြဲတမ်း Duo erလိုကလေးမျိုး လိုချင်ခဲ့တာမလား"

ဟုန်ယင်းကပြုံး၍ အကြံပြုလိုက်သည်။

သူမသမီး၏ဖခင်မှာ အသက်မရှိတော့သော်လည်း ရွာရှိညီနောင်များအားလုံးသည် သူမ၏ဦးလေးများဖြစ်ကြကာ ကောင်းမွန်စွာနေထိုင်နေသည်ပင်မဟုတ်လော။

"ဒါပေမဲ့..."

ရှန်းရုန်ရှင်းက မသင့်လျော်ဟု ခံစားနေမိဆဲဖြစ်သည်။

သူမသည် အမှန်ပင် တို့အာကဲ့သို့ ချစ်စရာကောင်းသောကလေးမျိုးလိုချင်မိသည်။ သူနှင့်လည်း ကလေးရရန် မျှော်လင့်နေမိသည်။

သူ့အားထိန်းချုပ်ရန် မူးယစ်စေသောအမှုန့်သုံးရမည်။ သူနိုးလာလျှင် သူမကို ထို့အတွက် မုန်းနေမည်မဟုတ်လော။

သူမသည် အမှန်ပင်သူ့ကိုသဘောကျကာ အမုန်းမခံနိုင်ပေ။

"ကောင်းပြီ။ ဆုံးဖြတ်လိုက်ပြီ။ နင်အမြန်ဆေးကြောတော့။ ကျန်တာ ငါ့တာဝန်ထား"

ဟုန်ယင်းက လက်ပြကာ သူမကိုသန့်ရှင်းရေးလုပ်စေပြီး မိန်းမတစ်ယောက်ဖြစ်လာရခြင်း၏ အလေးအမြတ်ဆုံးသောအဆင့်ကိုပြီးမြောက်ရန် စောင့်ဆိုင်းနေစေသည်။

—

"ပြီးတော့ရော။ မင်းက တန်းပြန်လာတယ်ပေါ့"

လင်းရှောင်မျက်မှောင်ကြုတ်မိသွားသည်။ သူက လအနည်းငယ်မျှမတွေ့ရသော စစ်ဖန်းချန်ကို ဒေါသဖြင့်ကြည့်နေမိသည်။

"အဲ့လိုမှမဟုတ်ရင်ရော။ ငါက သူ့ကိုလက်ထပ်ရမှာလား။ သူက ဖိအားပေးတာကို"

စစ်ဖန်းချန်က စောဒကတက်နေသည်ကို ရပ်လိုက်သည်။ သူမသည် သူ့ပေါ်တွင် ဘာမျှဖိအားမပေးခဲ့ပေ။

မူးယစ်စေသောအမှုန့်မှာ အားပျော့သောကာမအားတိုးဆေးဖြစ်သည်။ သူအလိုရှိလျှင် ခံနိုင်ရည်ရှိပေသည်။ သို့သော် ထိုအချိန်တွင် သူမ၏နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်လေးကိုကြည့်မိလိုက်ကာ မတွန်းလှန်ချင်တော့ပေ။

ထို့နောက်တွင် သူ့အောက်တွင် ပျင်းရိစွာလှဲလှောင်းနေသောသူမကို မြင်လိုက်ရပြီး ပထမဆုံးအကြိမ်အဖြစ် ကျက်သရေရှိလှသောချယ်ရီပန်းပွင့်လေးအား ငေးမောနေခဲ့မိသည်။

ရုတတရက်ဆိုသလိုပင် သူအနည်းငယ်မျှတုန်လှုပ်သွားကာ အားနည်းသောစိတ်ဓာတ်နှင့် သူမ၏ထူးခြားသောအပြုအမူများကြောင့် စိတ်အမှောင်ချခဲ့လေသည်။

နေမထွက်ခင်ပင် သူသည် နိစ္စဓူဝကိစ္စလုပ်ရန်တောင်အောက်သို့ဆင်းသွားသော ရွာမှလူတစ်ယောက်နောက်လိုက်ကာ တရှီသို့ မနားဘဲဖြင့် ဒုန်းစိုင်းပြန်ခဲ့လေသည်။ ,

သူအသိပြန်ဝင်လာသောအခါတွင် လင်းရှောင်၏ ခွေ့ယွီကျိုက်သို့ရောက်နင့်နေပြီဖြစ်သည်။

စစ်ဖန်းချန်က မျက်နှာကိုအားနည်းစွာသုတ်လိုက်သည်။

"အစ်ကိုရှောင်..."

သူသည် အမှန်ပင် ထိုသို့မလုပ်ချင်ပေ။ လွတ်မြောက်ရန်တစ်ခုတည်းကိုသာ သိခဲ့ပေသည်။

"အားချန် ညီနောင်တွေကြားထဲမှာ မင်းက မိန်းကလေးတွေကြားမှာ နာမည်အကြီးဆုံးနဲ့ တရှီက ကိုယ်လူချောလေးယောက်ထဲမှာလည်း နံပါတ်တစ်ပဲ။ အခြေအမြစ်မရှိတာမှမဟုတ်ပဲ။ ဒါပေမဲ့ မင်းမှာအတွေ့အကြုံရှိတယ်လို့ ဆိုလိုတာလည်းမဟုတ်ဘူး။ မင်းရဲ့ပင်ကိုယ်စရိုက်ကို ငါလုံးဝယုံတယ်။"

သူမေးချင်သောအရာအား လင်းရှောင်က ပြန်ဖြေပြီးဖြစ်နေသည်။ သို့သော်လည်း အစ်ကိုကြီးရှောင်က သူ၏ဟန်ဆောင်တ်သောစရိုက်ဆိုးအတွက် ဆူနေခြင်းဖြစ်သည်ကို နားလည်ပေသည်။ တာဝန်ယူမှုမရှိသောအပြုအမူတစ်ခုသည် သူ၏ကိုယ်ကျင့်တရားသို့ ရောက်မလာသင့်ပေ။

သူသည် မူးယစ်စေသောဆေးမှုန့်ကို မသောက်နိုင်ခဲ့ပေ။ သူမနှင့်ပျော်ပါးပြီးနောက်တွင် အရှက်မဲ့စွာဖြင့် သူမကို စွန့်ခွာခဲ့သည်။ ထိုအရာမှာ ညီနောင်များအဖွဲ့မှ အဖွဲ့တစ်ယောက်လုပ်မည့်အရာမျိုးမဟုတ်ပေ။

"အခု မင်းနားလည်ပြီဆိုတော့ ပြန်ပြီး စဉ်းစားလိုက်ပါဦး"

လင်းရှောင်က ပြုံးကာ သူ့အား ခွေ့ယွီကျိုက် အပြင်သို့ လိုက်ပို့ပေးသည်။ သူသည် စစ်ဖန်းချန်ထွက်ခွာသွားသည်ကိုကြည့်ကာ သက်ပြင်းချမိ၏။

"မင်းလုပ်သင့်လုပ်ထိုက်တာကို နားလည်နိုင်ဖို့မျှော်လင့်ပါတယ်။ အသက်(၁၃)နှစ်ဆိုတာက ကိုယ့်အပြုအမူအတွက် တာဝန်ယူရမဲ့အသက်အရွယ်ပဲ"

///Note (မူလTranslaoterရဲ့ မှတ်ချက်ပါ။ အဓိကက ဒါက Fictionပါ။ ဇာတ်ကောင်တွေရဲ့အသက်က အရမ်းငယ်သေးတယ်ဆိုတာ မှတ်ထားပေးပါ။ ဆေးခတ်တာမျိုးကိုအကြံမပြုပါဘူး။ အတုယူမမှားစေချင်တာပါ

ရှစ်လကြာပြီးနောက်တွင်...

ရှန်းရုန်ရှင်းက သူမ၏မပေါ့မပါးဗိုက်ကြီးအား မကာ သတိထား၍ ခြေချလိုက်သည်။ သူမအတွက် လွန်ခဲ့သေနစ်ဝက်ကတည်ဆောက်ထားသောခြံလေးဆီသို့ သွားနေခြင်းဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် သူမသည် ဖုအန်းကျီဆီမှ ရွှေယွဲ့မြို့အကြောင်း သတင်းများရထားသည်။ ဖုန်းယောင်တရားရုံး၏ ဒုတိယအကြီးအမှူးဖြစ်ကာ ရှီလော့သင်္ဘောကျင်း၏ပြင်ပတာဝန်ရှိသူဖြစ်သော စစ်ဖန်းချန်သည် အလုပ်ထွက်ကာ သင်္ဘောကျင်းမှထွက်သွားသည်။ သူမည်သည့်နေရာတွင်ရှိသည်ကို မသိကြပုံပေါ်သည်။

မည်သည့်နေရာတွင်ရှိနေမည်နည်း။ သူ့ကို မုန်းနေမည်လော။

ရှန်းရုန်ရှင်းက ခါးသက်မှုများကို လည်ချောင်းထဲသို့ ခက်ခက်ခဲခဲမြိုချလိုက်ကာ လက်ကိုဆန့်ပြီး သူမ၏ဗိုက်ကို ကိုင်လိုက်သည်။

သူမ၏ကိုယ်ဝန်မှာ ရှစ်လရှိပြီဖြစ်ကာ မွေးရန် လဝက်သာလိုတော့သည်။ သို့သော် ဗိုက်မှာ ရုးချင်စရာကောင်းလောက်အောင် ကြီးထွားနေသည်။

နောက်ဆုံးတွင် သူမသည်တောင်ခြေမှသမားတော်တစ်ယောက်ပို့ပင်ကာမှ အံ့အားဖွယ်ကောင်းသောသတင်းအား ကြားခဲ့ရသည်။ သူမတွင် အမြွှာလေးများရှိနေခြင်းဖြစ်၏။

အမှန်ပင် သတင်းကောင်းဖြစ်ပေသည်။

ချင်ဖုန်းကျိုက်မှ လူ(၁၃၀)ကျော်က လက်ခုပ်လက်ဝါးတီးကာ ပျော်မြူးခဲ့ကြရသည်။

၎င်းတို့၏အကြီးမားဆုံးမျှော်လင့်ချက်မှာ ချင်ဖုန်းကျိုက်၏ မျိုးဆက်ဖြစ်ကာ ဒုတိယမှာ သမိုင်းတစ်လျှောက်တွင်ဖယ်ရှားခြင်းမခံရဘဲ မျိုးဆက်ဆက်လက်ပြန့်ပွားနေရန်ဖြစ်သည်။

ယခုတွင် ရွာပိုင်ရှင်မှာ ကိုယ်ဝန်ရှိနေကာ တစ်ရွာလုံးက သူမကိုကူညီရန် အလုပ်လုပ်ပေးကြသည်။

သူမက ဟုန်ယင်းအား တရှီမှခြံဝန်းအကြောင်းပြောပြခဲ့သည်။ လင်းလုံဆီသို့လည်ခဲ့သောအချိန်ကမြင်ခဲ့ရသည့် လှပသောရှုခင်းများကမေ့လျောရန် ခက်ခဲပေသည်။

ရွာရှိညီနောင်တစ်ကျိပ်က သူမအတွက် ချင်ဖုန်းကျိုက်အနောက်တွင် ခြံဝန်းငယ်တစ်ခုတည်ဆောက်ပေးရန် အတူတကွလုပ်ဆောင်ခဲ့ကြသည်။ ထိုခြံဝန်းလေးမှာ ဟဲယွမ်ဥယျာဉ်၏ ဆယ်ပုံတစ်ပုံမျှသာရှိသည်။

သို့သော်လည်း သူမသည် အပင်အိုကြီးပေါ်မှဒန်းလေး၊ ကြာကန်ငယ်လေးဘေးမှ သစ်သားထိုင်ခုံလေးနှင့် ရာသီဥတုကောင်းလျှင် အနားယူကာစာထိုင်ဖတ်နိုင်သည့် ကျောက်တုံးထိုင်ခုံနင့်ကျောက်တုံးစားပွဲလေး ထိုသို့အရာများစွာကို သူမကနှစ်သက်ပေ၏။

—

ငါးလပိုင်း၏ညနေခင်းသည် နွေရာသီအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

ပွရောင်းသောဂါဝန်ကိုဝတ်ထားသော ရှန်းရုန်ရှင်းသည် ကြာကန်းဘေးရှိခုံတန်းလေးဆီသို့ ခါးကိုကိုင်ကာ လမ်းလျှောက်လာသည်။ သူမသည် သတိထား၍ထိုင်လိုက်ပြီး မျက်လုံးများက ကြာကန်ထဲရှိ ချစ်စရာကောင်းသောငါးကြင်းနီလေးများကို ကြည့်နေသည်။

မျက်ခွံများလေးလံလာသည်အထိ ဆက်၍ကြည့်နေမိသည်။ သူမနောက်သို့မှီလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ တစ်ရေးအိပ်လိုက်တော့၏။

စစ်ဖန်းချန်က သူမကိုတွေ့သောအခါတွင် လွန်ခဲ့သောအခေါက်က သူမြင်ခဲ့ရသည့်အရာနှင့်အတူတူပင်ဖြစ်၏။ အိပ်ပျော်နေသောအလှပဂေးလေးပင်။

တစ်လမျှတွေဝေပြီးန တစ်လမျှစဉ်းစားချင့်ချိန်ပြီး ခြောက်လမျှအလုပ်လုပ်ပြီးနောက်တွင် အရာအားလုံးကို လက်စသတ်နိုင်ခဲ့သည်။ သူသည် သူမကို တတ်နိုင်သမျှမြန်မြန်တွေ့ရန် ချင်ဖုန်းကျိုက်သို့ အပြေးသွားခဲ့သည်။ သူမကိုနောက်ဆုံးဆုံးဖြတ်ချက်အား ပြောပြချင်နေသည်။

မျှော်လင့်မထားသည်မှာ သူ့ကိုစောင့်ကြိုနေသောအရာမှာ အံ့ဩတုန်လှုပ်ဖွယ်မြင်ကွင်းမျိုးဖြစ်နေသည်။

သူမသည် သူ၏ကလေးအား ကိုယ်ဝန်လွယ်ထားရမည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် ထိုသို့ဗိုက်ကြီးကိုလည်း မမျှော်လင့်ထားပေ။

သူမ၏ဗိုက်သည် ပေါက်ကွဲထွက်တော့မည်ဟုပင် သူခံစားမိသည်။

မည်သူနည်း။ မည်သူသည် တီးတိုးပြောနေပါသနည်း။ အထိအတွေ့သည်ညင်သာပေသည်။

သူနှင့်တူသည်။ ထိုနေ့ညက သူမထဲသို့ မြဲမြံစွာ နူးညံ့စွာဝင်ရောက်လာသောသူနှင့်တူသည်။

အပြုံးလေးဖြင့် ရှန်းရုန်ရှင်းက အိပ်မက်မှမျက်လုံးဖွင့်ကြည့်လိုက်ကာ အနက်ရောင်မျက်ဝန်းအိမ်တို့ဖြင့် အကြည့်ချင်းဆုံသွားသည်။

"အား"

အံ့ဩလွန်း၍ ပါးစပ်အုပ်ထားမိကာ သူမရှ့မှသူကို ငေးကြည့်နေမိသည်။

"ရှင်...ရှင်..."

"ဘာလဲ။ ငါ့ကလေးကိုမွေးဖို့ကျ သတ္တိရှိပြီး ငါ့ကိုမှတ်မိဖို့တော့ သတ္တိမရှိဘူးလား"

စစ်ဖန်းချန်က သူ၏မူလအဆိုးမြင်ဝါဒသို့ ပြန်ရောက်သွားသည်။ မျက်လုံးထဲမှနူးညံ့ညင်သာမှုမှာ ချုပ်တည်းထားဆဲဖြစ်သည်။ သူမဆီမှအဖြေမရခင်ပင် သူမကိုလက်မလွှတ်နိုင်ဟု ရူးမိုက်စွာဝန်ခံမိမည်မဟုတ်ပေ။

"အဲ့..အဲ့လိုမျိုးမဟုတ်ပါဘူး။ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မရှင့်ကို ရှင်းပြဖို့အကြွေးတင်နေတယ်"

ခေါင်းလေးမငုံ့ခင်တွင် သူမက ထလိုက်ပြီး အသံခပ်တိုးတိုးဖြင့်ပြောလိုက်သည်။

"အမှန်ပဲ။ မင်းငါ့ကို ရှင်းပြဖို့ အကြွေးတင်နေတယ်။ ဘာလို့ မင်းကိုယ်ဝန်ရှိနေတာကိုလူလွှတ်ပြီး မပြောရတာလဲ။ ငါသာရောက်မလာဘူးဆိုရင် ကလေးကို မင်းတစ်ယောက်တည်းပိုင်မှာလား"

စစ်ဖန်းချန်က သူမဗိုက်ကို လက်ညှိုးညွှန်ပြလိုက်ကာ ဒေါသတကြီးဖြင့်မေးလိုက်သည်။

"ရှင်သာမလာဘူးဆိုရင် ပြောပြောမပြောပြော ဘာထူးခြားသွားမှာမလို့လဲ"

သူမက ရန်ပြန်တွေ့လိုက်သည်။ သူသည်သာ သူမအတွက် တစ်စုံတစ်ရာခံစားရလျှင် ရှစ်လပြီးမှမည်သို့ရောက်လာမည်နည်း။ သူလာရောက်ခြင်း၏ရည်ရွယ်ချက်ကို သူမ မသေချာပေ။ သို့သော် မည်သို့ပင်ဖြစ်စေ။ ကလေးများသည် သူမအပိုင်ဖြစ်ကာ သူခေါ်သွားမည်ကို ခွင့်မပြုနိုင်ပေ။

"သူတို့က ကျွန်မအပိုင်ပဲ"

သူမက ရဲရင့်စွာအာခံလိုက်ပြီး ဗိုက်ကိုအုပ်ကာ သူ့ကိုကြည့်နေသည်။

"သူတို့?"

စစ်ဖန်းချန်ခေတ္တမျှကြောင်အမ်းသွားသည်။ ထို့နောက်တွင် နှုတ်ခမ်းလေးက ကွေးသွားပြီး

"ကောင်းတယ်။ ငါတို့တစ်ခါတည်းနဲ့ နှစ်ယောက်ဖြေရှင်းလို့ရပြီပေါ့"

သူသည် အစ်မကြီးနှင့် အစ်ကိုရှောင်၊ ရွှယ်ယွမ်၊ ရွှယ်ကျန်းတို့ကြားမှဆက်ဆံရေးကို အားကျမိခဲ့သည်။

"အဲ့ဒီတော့ဘာဖြစ်လဲ။ သူတို့က ကျွန်မအပိုင်ပဲ။ ရှင်ပြန်လာပြီး သူတို့ကိုခေါ်သွားဖို့ စိတ်မကူးနဲ့"

ရှန်းရုန်ရှင်းစိတ်ထဲမှအကြောက်တရားက ကြီးထွားလာသည်။ သူမသည် အမှန်ပင် ကလေးများကိုခေါ်သွားမည်ကို စိုးရိမ်နေမိသည်။

"မိန်းကလေး မင်းက စိတ်ကြီးဝင်နေတာပဲ"

သူက သူမကိုဒေါသအကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းခေါင်းကိုဖွင့်ပြီး အထဲမှာဘာတွေရှိလဲ ကြည့်ချင်လိုက်တာ"

အထဲတွင်ရှိသည်ကို သူမမည်သို့သိမည်နည်း။ သူမသိသည်မှာ ထိုယောင်္ကျားသည် သူမထက် ပို၍ပြောင်းလဲလွယ်သည်။

လွန်ခဲ့သောရှစ်လက သူမအခွင့်ကောင်းယူခဲ့သောကြောင့် သူသည် မခံချိမခံသာဖြစ်နေခဲ့သည်။ ရှစ်လကြာပြီးနောက်တွင် သူက သူမကိုလက်ထပ်ခွင့်တောင်းရန် ရောက်လာသည်။ ရိုးရှင်းသောလက်ထပ်ပွဲကို မကြာမီပင်ကျင်းပခဲ့သည်။ ကလေးများမွေးရန်တစ်လမတိုင်ခင်တွင် သူသည် ဟဲယွမ်သို့ အလုပ်ကိစ္စများဖြင့်သွားရမည်ဟုပြောလာသည်။

ထို့နောက်တွင် သူသည် သူမဘေးတွင် နေ့တိုင်းအဖော်ပြုပေးမည်ဖြစ်ကာ ချင်ဖုန်းကျိုက်တွင် သက်တောင့်သက်သာမွေးဖွာစေမည်။

"ဘာလို့...ဘာလို့ ကျွန်မကို လက်ထပ်ရတာလဲ"

သူမကနေ့တိုင်းမေးခဲ့၏။

"မေးနေတုန်းပဲလား။ တကယ်တော့ မင်းက တုံးလွန်းတာပါ။ ငါမရှိဘဲ ဘယ္သူက မင်းကိုလက်ထပ်ဖို့ ခွင့်တောင်းရဲမှာလဲ။ ပြီးတော့ ဗိုက်ထဲက ကလေးနှစ်ယောက်ကြောင့်လေ"

သူက နေ့တိုင်းပြန်ဖြေပေးသည်။

"ဟူး..အဲ့လိုဆို ရှင်လာစရာတောင်မလိုဘူး။ ကျွန်မကောင်းကောင်းမွန်မွန်နေထိုင်နေတာပဲလေ"

သူမကနေ့တိုင်းအော်ပြော၏။

"ကောင်းပြီ ကောင်းပြီ။ ဒေါသမထွက်ပါနဲ့။ မင်းခန္ဓာကိုယ်ကိုသတိထား။ ငါက မင်း..ထင်သလိုမျိုးပါပဲ"

သူ၏ပါးစပ်သည်ခေါင်းမာနေဆဲဖြစ်သော်လည်း မျက်လုံးများကမူ အချစ်များဖြင့် ပြည့်နှက်နေပေ၏။

***

All Chapters