← Chapters

ရမ္မက်ပြင်းသောအချစ်

Vol. 6 Ch. 171

ရမ္မက်ပြင်းသောအချစ်

Vol. 6 Ch. 171

သူ၏ဖခင်သည် သူမဖခင်၏တော်ဝင်ကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။

သူသည်လည်း သူမအပိုင်ဖြစ်လာမည်ဟု မျှော်လင့်နေမိသည်။

ထိုမျှသာမက သူနှင့်ပို၍နီးစပ်မှုရှိနိုင်ရန် မျှော်လင့်နေမိသည်။

သို့သော်လည်း ငါးနှစ်မျှကြာပြီးနောက်တွင် သူသည် သူမဆုံးဖြတ်ချက်ကိုလိုက်နာကာ သူမကို နီးနီးကပ်ကပ်ကာကွယ်ပေးခဲ့သော်လည်း သူမကိုလက်ထပ်ရန်မူ ငြင်းဆန်ခဲ့၏။

ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေကိုဖျက်ဆီးရန် သူမသည် ကိစ္စများကို သူမလက်ဖြင့်ဆောင်ရွက်ရန်ဆုံးဖြတ်လိုက်သည်။ သူမကိုစားပြီးနောက်တွင်ပင် သူ၏ခေါင်းမာမှုကိုဘေးချကာ ငြင်းဆန်နေဆဲဖြစ်သည်ကို မယုံကြည်ပေ။

ငါးနှစ်ဆိုသောအချိန်သည် လျှပ်တစ်ပြက်အတွင်းကုန်ဆုံးသွားသည်။

သူမအသက်(၁၈)ပြည့်သောအခါတွင် သူမ၏အစ်ကို ရွှယ်ယွမ်က သွေးတပ်ဖွဲ့ဘုရင်နေရာကိုရယူသွားသောအခါတွင် သူမသည်လည်း ရွှယ်မင်မင်းကြီးအသစ်မှ သူမအားယုံယုံကြည်ကြည်လွှဲထားသောမြောက်ပိုင်းပိုက်နက် ယန်ရှို့သို့ရောက်လာခဲ့သည်။

ရွှယ်မင်၏မင်းသမီးများသည်လည်း ၎င်းတို့အမိမြေအတွက်အလုပ်ကြိုးစားရန် လိုအပ်ကာ ထီးနန်းဆက်ခံသောဘုရင်ကဲ့သို့ပင်ဖြစ်သည်။

လွန်ခဲ့သောငါးနှစ်က မျှော်လင့်ချက်ဖြင့်ရှင်သန်ပြီးနောက်တွင် သူမသည် ယန်ရှို့အတွက် စနစ်ကျသောအစီအစဉ်တစ်ခုပြုလုပ်နိုင်ခဲ့ကာ ချီးကျူးစရာကောင်းသောရလဒ်များကိုအောင်မြင်ခဲ့သည်။

အနောက်မြောက် ဖာရှားတိုင်းပြည်အနီးနေရာများကို နှစ်ပေါင်းများစွာတိုင် နှင်းများဖြင့်ဖုံးလွှမ်းနေပြီး လူဦးရေလည်းနည်းပါးသည်။ ထို့ကြောင့် နေထိုင်သူအားလုံးကို လူထူသောတောင်ပိုင်းနယ်စပ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ အစောင့်အချို့ကိုသာ အနောက်မြောက်နယ်စပ်တွင်ချထားပြီး လတိုင်း နယ်စပ်စောင့်သောစစ်သားများကို ပို့ပေးသည်။

လူဦးရေထူထပ်သော ယန်ရှို့မြို့အတွက်မူ မူလနယ်နမိတ်မှာ ကျယ်ပြန့်လာခဲ့ကာ မြို့ကြီးအား မိုင်ထောင်ချီအထိ တိုးချဲ့ခဲ့သည်။ ထို့နောက်တွင်တိုင်းပြည်ရတနာများကို ရန်ပုံငွေလုပ်၍ နယ်စပ်မှခေါ်လာသောနေထိုင်သူများအတွက် အိမ်များစီစဉ်ဆောက်လုပ်ပေးသည်။

မြို့ကြီးထဲတွင် သွေးတပ်ဖွဲ့တော်ဝင်မိသားစုမှ ရင်းနှီးမြုပ်နှံထားသော စက်ရုံကြီးများစွာရှိကာ အစားအသောက်ဆိုင်များ၊ အဝတ်ဆိုင်များ၊ တည်းခိုခန်းများနှင့် မြင်းဆိုင်များ၊ စသဖြင့် အစုံအလင်ပင်ဖြစ်သည်။

ထိုသို့နည်းလမ်းဖြင့် နယ်စပ်မှပြောင်းလာသော နေထိုင်သူများ၏ဘဝနှင့်အလုပ်အကိုင်ကိုဖြေရှင်းပြီးသားဖြစ်ကာ ယန်ရှို့မြို့သည်လည်း တဖြည်းဖြည်းဖြင့် တိုးတက်ကြီးပွားလာသည်။

လွန်ခဲ့သောငါးနှစ်က မြို့ကြီး၏အောင်မြင်ကြီးပွားမှုကို ဆင်ခြေဖုံးရပ်ကွက်များမှ မြို့ကြီးအထိ ဖုံးလွှမ်းနိုင်ခဲ့သည်။ ရွှယ်မင်အတွင်းမြို့များမှ နေထိုင်သူများ ပို၍ပို၍ပြောင်းရွှေ့နေထိုင်လာကြသည်။

ငါးနှစ်မျှအကြာ ယန်ရှို့သည် နန်းမြို့တော်နှင့် နန်ချန်းမြို့ပြီးနောက် ရွှယမင်တိုင်းပြည်ထဲတွင် တတိယအကြီးဆုံးမြို့ဖြစ်လာသည်။

ထိုကာလအတွင်း အလုပ်ကြိုးစားမှုနှင့်ခက်ခဲမှုများမှာ ပြောစရာပင်မလိုပါ။ ထိုမြို့သို့လူများကိုပြောင်းလာစေသည်မှာ လက်ရှိမင်းကြီး၏ညီမ မြို့စားမင်းသမီးကြောင့်သာဖြစ်သည်။ သူမသည် ယခုနှစ်တွင်အသက်(၂၃)နှစ်ရှိပြီဖြစ်ကာ လက်ထပ်မည့်သတင်းအစအနပင်မရှိသေးပေ။

မြို့စားသည် ယန်ရှို့မြို့အား အရယူထားသောကြောင့် ယန်ရှို့မှလူများက ထိုသတင်းကိုသာ နှစ်စဉ်နှစ်တိုင်းစောင့်မျှော်နေကြပေသည်။

ထိုအချိန်တွင် တစ်နေ့တာဟင်းသီးဟင်းရွက်ဈေးအကြောင်းနှင့် သွေးတပ်ဖွဲ့၏ကိစ္စများကိုပြောဆိုပြီးနောက်တွင် မြို့သူမြို့သားများအကြား ရေပန်းအစားဆုံးခေါင်းစဉ်မှာ မြို့စား၏လက်ထပ်ပွဲပင်ဖြစ်သည်။

—-

"အဲ့တာကို ငါက ဘာလုပ်ရမှာတုန်း"

ရွှယ်ကျန်းက မြေထိကျနေသော ငွေပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏ရှည်လျားသောဆံပင်များက ခေါင်းလျှောက်ပြီးနောက် စိုစွတ်နေဆဲပင်ရှိသေး၏။ စိုနေသောဆံပင်မှ ကျောပေါ်သို့ရေများ တစ်စက်စက် ကျနေသည်။ သူမသည် လက်ထဲရှိ ယန်ရှို့မြေပုံကိုသာကြည့်နေပြီး မော့မကြည့်ပေ။ သူမ၏အသံအေးစက်စက်ဖြင့် ထိုခေါင်းစဉ်သည် သူမနှင့်လုံးဝမဆိုင်သကဲ့သို့ ပြောလိုက်၏။

"မင်းနဲ့က ဘာဆိုင်ရမှာလဲပေါ့။ ညီမလေး သူတို့က မင်းအကြောင်းပြောနေတာနော်။ အခြားသူအကြောင်းမဟုတ်ဘူးနော်"

ရွှယ်ယွမ်သည် သုံးနှစ်သားကလေးလက်ကိုဆွဲကာ စာကြည့်ခန်းထဲသို့ ဝင်လာပြိး အံ့ဩလွန်း၍ မျက်ခုံးပင့်မိ၏။

"အဲ့ဒီတော့ဘာဖြစ်လဲ"

ခေါင်းထပ်မငုံ့ခင်တွင် ရွှယ်ကျန်းက ရွှယ်ယွမ်ကို မော့ကြည့်လိုက်ကာ သူမလက်ထဲရှိ စာအုပ်ကိုသာ အာရုံစိုက်နေပေသည်။

"အဲ့ဒီတော့ ဘာဖြစ်လဲတဲ့လား"

ရွှယ်ယွမ်ခေတ္တမျှကြောင်အမ်းသွားကာ

"ကိစ္စမရှိဘူး။ ဒါပေမဲ့လည်း မင်းက မြို့စားလေ။ ပြီးတော့ သူတို့က မင်းအကြောင်း ဂရုစိုက်ကြတာ ပုံမှန်ပါပဲ။ ပြီးတော့ ထပ်ပြီး မင်းအစီအစဉ်ကဘာလဲ။ မင်းတစ်ယောက်နေဖို့ ဆုံးဖြတ်ထားတာလား။ မယ်တော်နဲ့ခမည်းတော်က ဒီလိုအရှုပ်မျိုး မင်းလုပ်နေတာကို ဘယ်တော့မှခွင့်ပြုလိမ့်မှာမဟုတ်ဘူး။ သူတို့က..."

"ညီမတစ်ယောက်တည်းနေမဘ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"

ရွှယ်ကျန်း က ရွှယ်ယွမ်၏ ထင်မြင်မှန်းဆချက်အား အေးစက်စက်ဖြင့်နှောင့်ယှက်လိုက်သည်။

"ဟမ် မဟုတ်ဘူးလား။ အဲ့လိုဆို ဖခမည်းတော်က မင်းရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ရွေးထားတဲ့ပါရမီရှိသူတွေထဲက တစ်ယောက်ကို ဘာလို့မရွေးလိုက်ရတာလဲ"

ရွှယ်ယွမ်သည် သူမကို ငါ့ကိုအရူးမလုပ်နဲ့ဟုသောအမူအရာမျိုးဖြင့်သာ ငေးကြည့်နေမိသည်။

"ကျွန်မမှာ ကိုယ်ပိုင်ရွေးချယ်ထားတာရှိပြီးသား။ အစ်ကိုကြီး အားနေလား"

ရွှယ်ယွမ်က သူမလက်ထပ်မည့်အကြောင်းကို ပွစိပွစိဆက်ပြောမည့်အစ်ကိုကြီးကို တားလိုက်တော့သည်။

"ငါက အားနေလို့တဲ့လား"

ရွှယ်ယွမ်က မိမိရင်ဘတ်ကို နာကျင်သောအမူအရာမျိုးဖြင့် ထုရိုက်မိကာ ပြောလိုက်သည်။

"ဒီခရီးအတွက် ငါခုနှစ်ရက် ခုနှစ်ညလောက် အလုပ်တွေလုပ်ခဲ့ရတာသိရဲ့လား"

"မသိဘူး"

ရွှယ်ကျန်းက သူ့ကိုငေးကြည့်လိုက်ပြီး

"အဲ့လိုဆိုရင် သွေးတပ်ဖွဲ့ဆီပြန်သွားပေါ့။ စိတ်မပူပါနဲ့။ နှစ်မကုန်ခင် ဒီနှစ်ရဲ့ အခွန်အစီရင်ခံစာကို တင်ပြမှာပါ"

"ရွှယ်ကျန်း မင်းအစ်ကိုက အရမ်းအားနေတယ်လို့များ တကယ်ထင်နေတာလား။ ငါ ယန်ရှို့ကိုလာတာက အခွန်အစီရင်ခံစာအလျင်လိုနေတယ်ထင်လို့လား။ မင်းတကယ်ပဲ...ငါဒေါသထွက်လို့သေတော့မှာပဲ"

ရွှယ်ယွမ်က လက်ဖက်ရည်တစ်ခွက်ကိုငှဲ့လိုက်ကာ

"ကောင်းပြီ။ မနက်ဖြန် ငါပြန်တော့မယ်။ မင်းကိုသတိမပေးလိုက်ဘူးလို့ မပြောနဲ့။ ဒီနှစ်မကုန်ခင် မင်းမှာရည်ရွယ်ထားတဲ့သူမရှိရင် ဖခမည်းတော်က မင်းအတွက် သတို့သားလောင်းရွေးပေးတာကိုစောင့်နေလိုက်တော့"

"နားလည်ပါပြီ"

ရွှယ်ကျန်းက သာသာလေးခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ဒီကိစ္စအတွက်နဲ့ အထူးတလည်ကြီး ဒီကိုမလာစေချင်ဘူး။ လက်ထဲကအရေးကိစ္စတွေကိုဘေးချပြီး ဒီကိုအပြေးလာတာက ကျွန်မ..."

"ကောင်းပြီ ငါနားလည်ပြီ။ ဒါပေမဲ့ ဒီကိစ္စအတွက် ငါရောက်လာတာ။ ဖခမည်းတော်က မင်းအတွက် ကိုယ်လုပ်တော်တစ်ယောက်ရှာပေးတော့မှာ။ အဲ့တာကြောင့် အကောင်းဆုံးပုံဖော်ထားပါ။ မင်းမှာ တစ်ယောက်ယောက်ကို တကယ်သဘောကျတယ်ဆိုရင် မင်းအမြန်လှုပ်ရှားသင့်တယ်"

'တစ်ယောက်ယောက်တဲ့လား?'

ရွှယ်ကျန်း ကြောင်သွားမိသည်။ သူမတွင် သဘောကျမိသူရှိခဲ့သည်။ သို့သော် တစ်ဖက်သူမှာ မတုံ့ပြန်ပေ။

သူနှင့်သူမမှ လွဲ၍ မည်သူမျှ ထိုကိစ္စကို မသိထားပေ။

"ကျန်းရှင်းက ငြင်းနေတုန်းပဲလား"

သူမစာကြည့်ခန်းထဲမှ မထွက်ခွာခင်တွင် သူကခေါင်းလှည့်ပြီး ရွှယ်ကျန်းအား စကားတစ်ခွန်းဖြင့် ထိုးနှက်လိုက်သည်။

"အစ်ကိုကြီး"

သူမအသံလေးတိုးဝင်သွား၏။

"ကောင်းပြီ။ ငါမမေးခဲ့သလိုပဲ ဟန်ဆောင်လိုက်မယ်။ ဒါပေမဲ့ ကျန်းကျန်း မင်း ငါတို့ကို တကယ်မသိတာလား။ အရိုးသားဆုံးပြောရရင် ယီယွဲ့ ကျင်းယွီကလွဲလို့ ငါတို့ညီနောင်အဖွဲ့ကအဖွဲ့ဝင်တွေအားလုံးက မင်းအချစ်ဆုံးက ကျန်းရှင်းဆိုတာ အားလုံးသိတယ်"

"လန့်လိုက်တာ"

သူမ၏နှလုံးသား တဒုတ်ဒုတ်မြည်သွား၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူမသည် ထိုအကြောင်းကို ကောင်းမွန်စွာဖုံးကွယ်ထားပြီးဖြစ်သည်ဟု ထင်ခဲ့မိသည်။ ယခုနေရာသို့မလာခင်တွင် သူမနှင့် ကျန်းရှင်းမှာ အဆက်အသွယ်အနည်းအငယ်မျှသာရှိခဲ့သည်။ ညီနောင်အဖွဲ့ မျက်နှာစုံညီအစည်းအဝေးလုပ်သောအခါတွင်လည်း သူမသည် သူနှင့် မည်သည့်အခါမျှ လျှို့ဝှက်မပြောဆိုခဲ့ပေ။

ထို့နောက်တွင် သူမသည် ယန်ရှို့သို့ခရီးထွက်လာခဲ့သောကြောင့် ညာလက်ရုံးနှင့် အနီးကပ်ကိုယ်ရံတော်တစ်ယောက်ကို မပါခဲ့ပေ။ သူမသည် သူ့အား ရွှယ်ယွမ်နှင့်သွားရန်တောင်းဆိုခဲ့သည်။ ထိုအချိန်ကဆင်ခြေမှာ သူမသည် အပြင်သူများကိုမယုံကြည်ကာ ညီနောင်အဖွဲ့မှအခြားသူများကလည်း ၎င်းတို့ကိစ္စဖြင့် အလုပ်ရှုပ်နေကြခြင်းဖြစ်သည်။ စကားပြောဆိုကြရင်းဖြင့် ကျန်းရှင်း၏ကိစ္စများမှာ လက်လွှဲယူရန် အလွယ်ဆုံးဖြစ်သောကြောင့် ရွှယ်ယွမ်သည်လည်း သူမ၏ရှင်းပြချက်များကို နားမထောင်သောကြောင့် ကျန်းရှင်းကိုရှာခဲ့လေသည်။

ကျန်းရှင်းသည် ထက်မြက်သောလက်တွဲဖော်ဖြစ်သည်။ သူ့အားဝေးဝေးမှကြည့်နေရလျှင်ပင် သူအတွက် သူမ၏အချစ်မှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်။

လွန်ခဲ့သောသုံးနှစ် နွေဦးပွဲတော်ညအခါချိန်ထိ သူမ၏ အတွင်းစိတ်သတိရခြင်းကို မထိန်းချုပ်နိုင်သေးပေ။ ဝိုင်ကိုပင်သောက်အား ကျန်းရှင်း၏စကာသက်သေပြနေမိသည်။ မျှော်လင့်မထားသည်မှာ သူသည် တော်ဝင်မိသားစု၏မင်းသမီးတစ်ပါးအား မည်သည့်အခါမျှလက်ထပ်လိမ့်မည်မဟုတ်ဟု ရှင်းလင်းအောင်လုပ်ထားခြင်းဖြစ်သည်။ သူ၏ကိုယ်ပိုင်စည်းမျဉ်းကြောင့်ဖြစ်ကာ အခြားအကြောင်းရင်းမရှိပေ။

မနှစ် နွေဦးရာသီပွဲတော်ညတွင် သူမသည် ဝိုင်သောက်ကာ သူ၏ သူ၏နေရာတွင်ရှိနေခဲ့သည်။ ထိုအချိန်က သူသည် ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ရန် ငြင်းဆိုခဲ့၏။

ထို့နောက်တွင် သူမသည် ထိုသို့မျိုး မည်သည့်အခါမျှမကြိုးစားရဲတော့ပေ။

ထိုသို့သတ္တိမျိုးသည် ထပ်မံအလုပ်ဖြစ်နေကာ ထပ်ခါထပ်ခါငြင်းခံနေရလေသည်။ သူမနက်နဲစွာနှစ်ခြိုက်ရသောအမျိုးသားအတွက် သူမသည် တူညီသောတုံ့ပြန်မှုမျိုးရသင့်သည်မဟုတ်လော။

ကျန်းရှင်းက သူမကို မလိုချင်။ ထို့ကြောင့် သူမသည် မည်သူ့ကိုမျှမလိုချင်ပေ။

သူမသည် လည်လိမ်နေသောကုန်းလိပ်ကြီးနှင့်တူနေကာ ယန်ရှို့၏တိုးတက်မှုပေါ်တွင်သာ အာရုံစိုက်ထားတော့၏။

မမျှော်လင့်ထားစွာဖြင့်ပင် သူမဖုံးကွယ်ထားနိုင်သည်ဟုတွေးထားသောအရာများကို အစ်ကိုကြီးမှ ရှင်းလင်းစွာမြင်နိုင်ခြင်းပင်။ အခြားသောညီနောင်အဖွဲ့ဝင်များလည်း သိသည်ဟုဆို၏။ မြတ်စွာဘုရား။ သူမထိုမျှသိသာနေသည်လော။

"ညီနောင်အဖွဲ့မပြောနဲ့။ ငါတို့ဖခမည်းတော်ကို ဒီကိစ္စကို ရိပ်မိနေလောက်ပြီ။ အဲ့တာကြောင့် သူက ဘာမှမပြောသေးဘဲနေနေတာ။ ကျန်းကျန်း မင်းသာ အသက်နှစ်ဆယ်ကျော်မိန်းမတစ်ယောက်ဆိုရင် လက်တွဲဖော်ရှာဖို့ခက်သွားပြီ။ ကျန်းရှင်းကသာ..."

"အစ်ကိုကြီး ကျွန်မသိပါတယ်"

ရွှယ်ကျန်းက အစ်ကိုကြီး၏မူလသွေးဆောင်ဖြားယောင်းခြင်းကိုနောင့်ယှက်လိုက်၏။ သူမနားမထောင်ဝံ့ပေ။ နားလည်းနားမထောင်ချင်ပေ။ သူမတတ်နိုင်သမျှ ဆုပ်ကိုင်ထားချင်သည်။ သူသည် လက်မထပ်ချင်လည်း သူမက လက်လျော့မည်မဟုတ်ပေ။ သူ့ကိုစောင့်ကြည့်ကာ သူသည် မည်သို့မိန်းကလေးမျိုးအား နစ်ခြိုက်မည်ကိုလည်း မြင်ချင်မိသည်။

"ကောင်းပြီ။ အဲ့လိုဆို ဒီကိစ္စကို ထပ်ပြီးဂရုတစိုက်နဲ့စဉ်းစားပါ။ မင်းသာ သူ့ကို တကယ်လက်မလွှတ်နိုင်ရင် သူ့နောက်ကိုလိုက်ပေါ့။ ညီနောင်အဖွဲ့ထဲက အခြားညီအစ်ကိုတွေက မင်းတို့နှစ်ယောက်ကိုမယုံကြည်ဘူးဆိုပေမဲ့လည်း ညီအစ်ကိုတွေက မင်းတို့ကို ထောက်ပံ့ပေးကြမှာပါ..."

ရွှယ်ယွမ်သည် ပုခုံးတွန့်၍ ၎င်းတို့စကားဝိုင်းကြောင်း ငိုက်မြည်းနေပြီဖြစ်သောသားဖြစ်သူအား ဖက်လိုက်သည်။ သူလှည့်ထွက်သွားပြီး ဧည့်သည်အခန်းသို့ပြန်သွား၏။

သိသာနေခဲ့သည်လော။ ရွှယ်ကျန်းသည် လက်ထဲမှစာရင်းစာအုပ်ကိုချကာ မျက်နှာကိုထိကြည့်လိုက်သည်။ သူမသည် ကောင်းမွန်စွာဖုံးကွယ်ထားသည်ဟု ထင်ခဲ့မိသည်။ သူသည် သူမဘေးတွင်ရှိနေသေးသောကြောင့် ရောင့်ရဲခဲ့၏။

သို့သော် ရွှယ်ယွမ်ဆိုလိုသည်အရဆိုလျှင် ဖခမည်းတော်သည်လည်း သိနေသည်လော။ သူမအကြောင်းကိုသိသွားကာ နှစ်သစ်ကူးတွင်ကိုယ်လုပ်တော်ရှာပေးမည်ဟု ဆိုလိုခြင်းပင်မဟုတ်လော။

အဘယ့်ကြောင့်နည်း။ အဆင့်အတန်းသည် ထိုမျှအရေးပါသည်လော။

သူမ မယုံကြည်ပေ။ ကျန်းရှင်းသည် သူမကိုငြင်းခဲ့သည်မှာ သူမသည် မကောင်းသောကြောင့် သူမအားမချစ်သောကြောင့် မဟုတ်ပေ။ သူမသည် မင်းသမီးတစ်ပါးဖြစ်သောကြောင့်ဟု ပြောခဲ့လေသည်။ ထို့နောက်တွင် ထိုသို့ဆိုလျှင် သူမသည် မင်းသမီးဆိုသောရာထူးအားစွန့်ပယ်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမည်သို့ပြောမည်နည်း။ အခြားသောအကြောင်းပြချက်များ ရှိနေသည်လော။

"ဘာလို့ ဆံပင်ကိုမသုတ်ရတာလဲ"

ယောင်္ကျားသံခပ်တိုးတိုးက သူမနောက်မှထွက်ပေါ်လာပြီး သူမ၏ဆံပင်သည် စိုစွတ်နေဆဲဖြစ်၏။

"ရှင်ပြန်လာပြီလား"

ရွှယ်ကျန်းက သူမဆံပင်ကို အခြောက်ခံကာ နှလုံးသားထဲရှိ အစ်ကိုကြီး၏စကားများကြောင့် အနှောင့်အယှက်ဖြစ်နေမှုကို ထိန်းချုပ်ထား၏။

"အင်း။ အားလုံးအဆင်ပြေပါတယ်"

ကျန်းရှင်းက သူမကိုကြည့်လိုက်သည်။ သူမသည် များသောအားဖြင့် တည်ငြိမ်နေတတ်သော်လည်း အချို့သောအကြောင်းရင်းများကြောင့် ယနေ့တွင်ခံစားချက်မကောင်းဟု ခံစားနေမိသည်။

"လွန်ခဲ့တဲ့နှစ်ရက်တုန်းက တစ်ခုခုဖြစ်ခဲ့လို့လား"

သူက မျက်မှောင်ကြုပ်၍ အသံတိုးတိုးဖြင့်မေးလိုက်၏။

"မဟုတ်ပါဘူး။ ကျွန်မအစ်ကိုက ဒီမှာရှိနေတယ် ဒုတိယအစ်ကို"

သူမထက် အသက်နှစ်ဆယ်မျှကြီးသောအစ်ကိုကြီးလည်းရှိသေး၏။

"ငါသိပါတယ်။ တံခါးကဝင်မလာခင် ဦးလေးလျှိုက သတင်းပေးပြီးသား"

ကျန်းရှင်းက သူမဆံပင်များခြောက်လုနီးပါးဖြစ်သွားသောအခါတွင် ခေါင်းသုတ်ပေးနေသောလက်ကိုရုတ်လိုက်၏။ ခေါင်းလျှော်ရန်နှင့်အခြောက်ခံရန်ကို သူကသာပြင်ဆင်ပေးတတ်ကာ အစေခံများကို မလုပ်စေပေ။

"ကျန်းရှင်း..."

ရွှယ်ကျန်း က သူ၏နာမည်ကိုခေါ်ကာ သူမရှေ့မှ ထိုသူအား ကြည့်လိုက်သည်။ သူမနှင့်သူသည် နစ်ပေါင်းများစွာ ကြိုက်ခဲ့ခြင်းဖြစ်သည်။ သူမနှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး မေးမိလိုက်၏။

"ကျွန်မ နှစ်သစ်ကူးကျရင် ပြန်သွားပြီး အဖေကစီစဉ်ပေးတဲ့ ကိုယ်လုပ်တော်ကိုလက်ခံရတော့မယ်။ ရှင်ဘယ်လိုလုပ်မလဲ"

"ဂုဏ်ပြုပါတယ်"

ကျန်းရှင်းက စကားလေးလုံးကိုသာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ထို့နောက် တံခါးကိုဖွင့်ကာ အပြင်သို့တိတ်ဆိတ်စွာ လျှောက်သွား၏။

ခေတ္တမျှကြောင်အမ်းသွားပြီးနောက်တွင် သူမသည် တခစ်ခစ်ရယ်မောမိ၏။ သူ၏အဖြေကိုသိပြီးသားမဟုတ်လော။ သူမ လက်လျော့သင့်ပြီဖြစ်၏.....။

***

All Chapters