← Chapters

အခန်း ၁၄၉၃

Vol. 101 Ch. 1493

အခန်း ၁၄၉၃

Vol. 101 Ch. 1493

အပိုင်း (၁၄၉၃)

တစ်လောကလုံးတွင်ရှိနေသော ကျွမ်းကျင်သူများသည် ဤမြက်ခင်းစိမ်းလွင်ပြင်ဆီသို့ ရောက်ရှိလာခဲ့သည်မှာ ရက်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်၏။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြီးကို ပြီးဆုံးသည်အထိ စောင့်ကြည့်ပြီးသည့် နောက် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် ပေါ်ပေါက်လာခဲ့၏။

ထိုအရာကို မလိုချင်သည့်လူဟူ၍ မည်သူရှိနိုင်မည်နည်း။ သို့ပေမဲ့ အထဲတွင်ရှိနေသော အရာအားလုံးသည် တူးထုတ်ခြင်းကို ခံခဲ့ရပြီးပြီဖြစ်နေ၏။ တစ်စုံတစ်ယောက်သည် သူတို့အား အားရပါးရ ခေါ်ကာ ပါးပိတ်ရိုက်ခဲ့ခြင်းနှင့် ဆင်တူလှသည်။

တစ်လောကလုံးတွင်ရှိနေသည့် ကျွမ်းကျင်သူများအားလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ နံရံကြီးကို မှီကာရပ်နေကြပြီး ၎င်းတို့၏ မျက်နှာတစ်ခုလုံးသည်လည်း နာကျင်လျက်ရှိနေကြ၏။ မိုင်းတွင်း၌ ကျန်ရှိခဲ့သည့် သဲလွန်စ အခြေအနေများကို ကြည့်ရှုခဲ့မည်ဆိုလျှင် ဤအရာသည် အစစ်အမှန် စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက် တော်တော် များများ တည်ရှိနေခဲ့သည့်အရာပင် ဖြစ်ပေလိမ့်မည်။

“ဘယ်သူလုပ်ခဲ့တာလဲ။”

ခံစားချက်ကို မထိန်းချုပ်နိုင်တော့သော တစ်စုံတစ်ယောက်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ “ဒါကို ဘယ်သူယူသွားတာလဲ။”

အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ပေါ်ပေါက်လာခြင်းသည် ကြီးမားသည့် အခြေအနေတစ်ခုကို ဖန်တီးခဲ့ ခြင်းပင်ဖြစ်၏။ များပြားလှသော ကလန်နှင့်ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများတို့သည် ငွေကြေး အမြောက်အမြားကို အသုံးပြုကာဖြင့် ဤတည်နေရာသို့ အလျင်အမြန်နှင့် လှမ်းလာခဲ့ခြင်းဖြစ်သည်။

ကြီးမားလှသည့် စိတ်ဝိညာဉ်မိုင်းတွင်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး တစ်လေကိုပင် ရှာဖွေမတွေ့ရှိခဲ့ပေ။ ထိုအရာသည် အမှန်ပင် ကြီးမားသည့်သက်ရောက်မှုကို ခံစားရခြင်းပင်ဖြစ်၏။

ကြံဖန်စွာဖြင့် ကံကောင်းသည်ဟု ပြောဆို၍လည်း ရနိုင်သည်။ ကျွင်းချောင်ရှောင်းအနေနှင့် အစီအရင်စနစ်တစ်ခုလုံး ကို ကြိုတင်ကာ မပိတ်ထားပါက အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးကို မဆိုနှင့်။ အားလုံးသောသူများသည် လက်ရှိ အခြေအနေ၌ ပေါက်ကွဲပြီး သေဆုံးနှင့်သူက သေဆုံးနေလိမ့်မည်။

“ဘယ်သူလုပ်ခဲ့တာလဲ။”

စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။ “ဒါ ဧကရီလင်းရောင် လုပ်တာပဲ ဖြစ်ရမယ်။”

စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် သူမ၏ အိမ်အရှေ့နားတွင် တည်ရှိနေ၏။ ဤမျှ နီးကပ်နေသည့် အခြေအနေ တစ်ခုတွင် ဘာတစ်ခုကိုမှ မယူဘူးပြောဆိုမည်ဆိုပါက ဦးနှောက်ကို မြင်းကန်ခံထားရသည်သာ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေ၏။ ဤအစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို တူးထုတ်သွားသည့်သူမှာ ဧကရီလင်းရောင်ဖြစ်လိမ့် မည်ဟု ကျွမ်းကျင်သူများအားလုံးက ယုံကြည်လိုက်မိကြ၏။ ထို့အပြင် ဤကဲ့သို့ ကြီးမားလှသည့် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းကြီးတည်ရှိနေသည်ကို မသိခြင်းမှာ မဖြစ်နိုင်ချေ။

“အခုအခြေအနေတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေတာတောင်မှ ဒီအမျိုးသမီးက ပေါ်မလာဘူး။ ဒီတော့ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို အစောကြီးကတည်းက တူးထုတ်ပြီးတော့ ကျုပ်တို့ အခုဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ပြီး ကျိတ်ရယ်နေလောက်ပြီ။”

မိုင်းတွင်းသည် ကျောက်စိမ်းတောင်တန်းကြီးတွင် တည်ရှိနေသည်ဆိုပါက များပြားလှသော ကျင့်ကြံသူများသည် ဧကရီလင်းရောင်ကို သံသယဝင်လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူမ၏ အိမ်အနီးအနားတွင် ရှိနေသည်ဖြစ်သောကြောင့် ချိတ်ဆက်ကာ စဉ်းစားလိုက်မည်ဆိုလျှင် ကျိန်းသေပေါက် သူမ ဖြစ်ကြောင်း ယုံကြည်လိုက် မိကြ၏။

“သွားကြရအောင်။ သွားရှာကြမယ်။”

သဘာဝရတနာဆိုသည်မှာ ကြမ္မာရေစက်နှင့်ပတ်သက်၍ ရရှိနိုင်သည့်အရာမျိုးပင်ဖြစ်သည်။ သို့ပေမဲ့ ကြီးမားလွန်းလှ သည့် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးသည် တူးထုတ်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ဂိုဏ်းအသီးသီးမှ လူများသည် ထိုအရာကို လက်သင့်မခံနိုင်ကြချေ။ ထို့ကြောင့် ဧကရီလင်းရောင်အား ဤကဲ့သို့ ရောက်ရှိလာခဲ့ရသည့် ခရီးစရိတ်များ ပြန်လည်တောင်းယူရန် စီစဉ်ထားမိကြ၏။ မဟုတ်ပါက ၎င်းတို့လာရောက်ရသည့်ခရီးစဉ်သည် ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

ဝှစ် ဝှစ် ဝှစ်

အလင်းတန်းများသည် မိုင်းတွင်းထဲမှ ပျံသန်းသွားပြီးသည့်နောက် လေဝဲပုံစံဖြစ်တည်နေသည့် ဧကရီလင်းရောင်၏ နယ်မြေအပေါက်ဝဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

“ဘာတွေဖြစ်နေတာလဲ။”

“ဘယ်သွားကြမလို့လဲ။ မိုင်းတွင်းအတွက် အထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ရမှာ မဟုတ်လား။”

အပြင်ဘက်မှ စောင့်ကြည့်နေသည့်လူများသည် အနည်းငယ် ဇဝေဇဝါဖြစ်မိနေကြ၏။ အစစ်အမှန်စိတ်ဝိညာဉ် ကျောက်တုံးပေါ်ပေါက်လာသည့်အချိန်တွင် များပြားလှသည့် ဂိုဏ်းများသည် ထိုအရာကို ရရှိရန်အတွက် တိုက်ခိုက်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အားလုံးသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အပြင်ဘက်သို့ ပျံသန်းလာခဲ့ကြ၏။

“နေအုံး။ ဘာလို့ မိုင်းတွင်းထဲမှာ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေ တစ်ခုမှ မရှိရတာလဲ။”

“တစ်ယောက်ယောက်က ကြိုပြီးတော့ တူးယူသွားလို့ နေလိမ့်မယ်။”

များပြားလှသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် အပြင်ဘက်သို့ ပျံသန်းသွားခဲ့ကြ၏။ ထို့ကြောင့် တစ်ချို့သော သတ္တိရှိသည့်သူများသည် ၎င်းတို့၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် မိုင်းတွင်းကို ကြည့်ရှု လိုက်၏။

အထဲတွင် မည်သည့်အရာမှမရှိဘဲ ပြောင်သလင်းခါနေသည်ကို မြင်ရသည့်အချိန်မှာတော့ နဝေတိမ်တောင်အမူအရာ များ ဖြစ်တည်နေခဲ့၏။ ဖြစ်နိုင်သည်မှာ ဧကရီလင်းရောင်သည် ထိုအရာများအားလုံးကို တူးထုတ်သွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့် လာရောက်ကြည့်ရှုသူများသည် ထိုကဲ့သို့ တွေးတောရသနည်း။ အဘယ့်ကြောင့်ဆိုသော် ကျွမ်းကျင်သူ များအသီးသီးသည် ဧကရီလင်းရောင်၏ တံခါးဝရှေ့တည့်တည့်တွင် စုဝေးလျက်ရှိနေသောကြောင့်ပင်။

ဒွီ

ပြီးသည့်နောက် လေထုထဲမှာပဲ ဧကရီလင်းရောင်က ပေါ်ပေါက်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ တိမ်များ၊ မြူများနှင့် ဖုံးလွှမ်းလျက်ရှိနေ၏။

“ဘာလို့ ကျွန်မရဲ့ တည်နေရာရှေ့မှာ မတ်တပ်လာရပ်နေကြတာလဲ။ မိုင်းတွင်းဘက်သွားပြီး တိုက်ခိုက်ရမှာ မဟုတ်ဘူး လား။” သူမသည် သဘောမကျသည့်လေသံဖြင့် မေးလိုက်သည်။

များပြားလှသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် ဒေါသထွက်သွားခဲ့ကြ၏။ ဤအမျိုးသမီးသည် သူတို့အား အမှန်ပင် တိုက်ခိုက်ခိုင်းချင်စိတ် ရှိလို့နေခဲ့၏။

“ဟမ့်”

အနည်းငယ်စိတ်တိုတတ်သော စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက် ပြောလိုက်သည်။ “မိုင်းတွင်းထဲမှာရှိနေတဲ့ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ခင်ဗျားတူးထုတ်ပြီးပြီ မဟုတ်လား။ ကျုပ်တို့က ဘာလို့ ဆက်ပြီး တိုက်ခိုက်ရမှာလဲ။”

“ကျွန်မက တူးထုတ်တယ်ဟုတ်လား။”

ဧကရီလင်းရောင်၏ မျက်နှာတစ်ခုလုံးသည် မြူများနှင့် ဖုံးလွှမ်းလျက်ရှိနေသောကြောင့် မည်ကဲ့သို့သော ဟန်အမူအရာ ဖြစ်သွားသည်ကို မမြင်တွေ့နိုင်ခဲ့ပေ။ သို့ပေမဲ့ သူမ၏ လေသံကို ကြည့်ရှုရသည်မှာ လက်ရှိအခြေအနေ၌ သူမ ကိုယ်တိုင်သည်ပင် နဝေတိမ်တောင် ဖြစ်နေပုံပေါ်၏။

တကယ်တမ်းမှာတော့ မိုင်းတွင်းပေါ်ပေါက်လာပြီးသည့်နောက် သူမသည် တစ်လျှောက်လုံး သေသေချာချာ စဉ်းစား နေခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်မှာတော့ ထိုအရာကို ရယူရန် လက်လျှော့ခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် များပြားလှသော တာအိုအဆင့် ဂိုဏ်းများသည် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ကြ၏။ ထို့ကြောင့် ထိုသူတို့နှင့် ပြဿနာမတက်ချင်သောကြောင့် ငြိမ်ငြိမ်သက်သက် နေထိုင်နေခြင်းဖြစ်၏။

လက်ရှိအခြေအနေမှာတော့ ထိုလူများအားလုံးသည် သူမပါဝင်ပတ်သက်ခြင်းမရှိသည့် အကြောင်းအရာ နှင့်ပတ်သက်၍ လာရောက်ကာ စွပ်စွဲပြောဆိုလျက်ရှိနေကြသည်။

အပြစ်ပုံချခြင်း ….။

“ဒါ …. ဘယ်သူ ငါ့ကို အပြစ်ပုံချခဲ့တာလဲ။”

“ဘာလဲ။”

တာအိုအဆင့် ဂိုဏ်းတစ်ခုဆီမှ အကြီးအကဲတစ်ယောက်သည် အေးစက်စက်ဖြင့် မေးမြန်းလိုက်၏။ “ဧကရီလင်းရောင် … ခင်ဗျားက လုပ်တော့ လုပ်ရဲတယ်။ ဒါပေမဲ့ ဝန်ခံဖို့ကျတော့ မရဲဘူးလား။”

“အားနာပါတယ်။”

ဧကရီလင်းရောင်က ပြောလိုက်သည်။

“ကျွန်မ မိုင်းတွင်းကို တူးမထုတ်ခဲ့ဘူး။ ဒါကို ဘာလို့ ဝန်ခံဖို့ လိုအပ်နေမှာလဲ။”

သူမသည် ခဏ ရပ်တန့်လိုက်၏။ “တကယ်လို့ လုပ်ခဲ့တယ်ဆိုရင်တောင်မှ ရှင်က ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ။”

သူမ၏ လေသံသည် အလွန်တင်းမာလွန်းလှ၏။ ဆိုလိုသည့်အဓိပ္ပာယ်မှာ မိုင်းတွင်းဆိုသည်မှာ ပိုင်ရှင်ဟူ၍ မရှိချေ။ သူမအနေဖြင့် ထိုအရာများကို ရယူသွားသည်ဆိုလျှင်တောင်မှ ထိုသူများအနေနှင့် လာရောက်ကာ ပြဿနာရှာခွင့် မရှိချေ။

သို့ပေမဲ့ ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤအမျိုးသမီးဝန်ခံခဲ့သည်ဖြစ်ကြောင်းကို နားလည်လိုက်မိတော့၏။

“ကောင်မလေး။”

စွမ်းအားမြင့်ကျင့်ကြံသူများထဲမှ တစ်ယောက်သည် ခက်ထန်စွာ အော်ဟစ်လိုက်သည်။ “မင်းက နယ်မြေဟောခန်းမှာ ရာထူးတစ်ခုကို ရယူထားတယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကို အရမ်းကို မြင့်မြတ်လှပြီလို့ ထင်မနေနဲ့နော်။”

“လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်တုန်းက အောက်နယ်မြေကနေတက်လာတဲ့ လူတစ်ယောက်အနေနဲ့ အချိန်တို အတိုင်းအတာတစ်ခု အတောအတွင်းမှာ နယ်မြေဟောခန်းထဲကိုဝင်ရောက်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းတယ် မဟုတ်လား။ ဘယ်လိုမျိုး ပေးဆပ်မှုတွေ လုပ်ပြီး နယ်မြေဟောခန်းထဲကို ရောက်သွားလဲမှ မသိတာ။” သူ၏ ဘေးနားတွင်ရှိသော တစ်စုံတစ်ယောက်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။

နယ်မြေဟောခန်းသည် အထက်နယ်မြေတွင် အလွန်ပင် အားကောင်းလွန်းလှ၏။ သို့ပေမဲ့ အဆင့်နိမ့်ဂိုဏ်းများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများအပေါ်သာလျှင် သက်ရောက်မှုရှိနိုင်၏။ တာအိုအဆင့် ဂိုဏ်းများသည် နယ်မြေဟောခန်း ကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။

သူတို့အနေနှင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုသာလျှင် ဦးညွှတ်ပေလိမ့်မည်။ ကျန်သည့်လူများကို မျက်လုံးထဲမထည့်နိုင်ချေ။

“အမျိုးသမီးတွေ ထိပ်ဆုံးကို ရောက်လာဖို့အတွက် နည်းလမ်းက တစ်ခုပဲ ရှိတယ်မဟုတ်လား။” တစ်စုံတစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။

ဧကရီလင်းရောင်သည် အေးစက်သည့်လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ရှင်တို့ တရားလွန်လာပြီနော်။”

ကျွမ်းကျင်သူများထဲမှ တစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းက အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို တူးထုတ်ခဲ့ပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝ တွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ခဲ့တယ်လေ။ ဒါကြောင့် ငါတို့ ဒီနေရာကို ရောက်လာခဲ့တာပဲ။ မင်းကမှ အရမ်း တရားလွန်နေတာမဟုတ်လား။”

အချက်အလက်အားဖြင့် သူတို့သည် အကျိုးအကြောင်းမဆီလျော်ဘဲနှင့် ရောက်ရှိလာခဲ့ခြင်းမဟုတ်ပေ။ တစ်စုံ တစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တွေ့ရှိသွားပြီဆိုလျှင်တောင်မှ ၎င်းတို့သည် လက်ခံနိုင်သေး၏။ သို့ပေမဲ့ ထိုအရာကို ရယူပြီးသည်ဖြစ်သည်ဆိုလျှင်တောင်မှ အဘယ့်ကြောင့် ကောင်းကင်နဲ့မြေကြီး ဓာတ်သဘာဝ များကို အားလုံးသိရှိအောင် အပြင်ထုတ်ခဲ့ရသနည်း။

“လိုရင်းကိုပြောမယ်။”

စိတ်မရှည်တတ်သည့် ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်၏။ “မြန်မြန်။ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး တစ်ချို့တစ်လေ ငါတို့ကို ပေးလိုက်။”

ဂိုဏ်းများ ရောက်ရှိလာခဲ့သည့် ရည်ရွယ်ချက်သည် ရိုးရှင်းလွန်းလှခဲ့၏။ သူတို့သည် လင်းရောင်၏ လှည့်စားမှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူတို့အနေနှင့် လက်ဗလာဖြင့် ပြန်မသွားနိုင်ခဲ့တော့ချေ။

အနည်းဆုံး ၃ မှ ၅ …။

မဟုတ်ပေ။ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး ၈ မှ ၉ သန်းနီးပါးလောက် ရရှိရန်ပင် မျှော်လင့်နေကြ၏။

၎င်းတို့သည် ကြီးမားလှသောအစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို အထင်မသေးလှချေ။ ကျွင်းချောင်ရှောင်း အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်သောင်းလောက်ကို တူးထုတ်သွားခဲ့ကြောင်း သိရှိသည်ဆိုပါက သူတို့အနေနှင့် တစ်ယောက်ကို အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက် လိုက်လံကာ တောင်းနေမိမှာ သေချာသည်။

“ကျွန်မဆီမှာ ဘာ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမှ မရှိဘူး။ ရှင်တို့ကို ဘာလို့ မျှဝေပေးရမှာလဲ။”

ဧကရီလင်းရောင်သည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိနေ၏။ သူမသည် မိုင်းတွင်းကိုသာ ရရှိခဲ့သည်ဆိုပါက ပြဿနာများကို ရှောင်လွှဲနိုင်ရန်အတွက် တစ်ချို့သောအရာများကို ပြန်လည်ကာ မျှဝေပေးနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ပြဿနာ သည် သူမအနေနှင့် ဘာတစ်ခုမှကို ရယူနိုင်ခြင်းမရှိခြင်းပင်။ ထို့ကြောင့် မည်ကဲ့သို့သော အရာကို သွား၍ မျှဝေရမည် နည်း။

ဟူး ဟူး

အခြားသော ဂိုဏ်းများမှ ကျွမ်းကျင်သူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်လိုက်ကြ၏။

သူတို့၏ အမူအရာကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို မမျှဝေပါက ဤကိစ္စ ကြီးသည် ပြီးဆုံးသွားမည့်ကိစ္စမဟုတ်မှန်း သိသာလှသည်။

“ဂိုဏ်းချုပ်”

ပြိုင်စံရှားဂိုဏ်း၏ သတင်းအချက်အလက်ပေးပို့သည့်သူများသည် လှမ်းကာ ပြောလိုက်၏။ “တခြားဂိုဏ်းက စွမ်းအားမြင့် ကျင့်ကြံသူတွေက ကျင့်ကြံခြင်းအဆင့်တွေကို ထုတ်ဖော်ထားကြပြီ။ သူတို့က အချိန်မရွေး ဧကရီလင်းရောင်နှင့် တိုက်ခိုက်မည့် အခြေအနေမျိုးကို ရောက်နေကြတယ်။”

ကျွင်းချောင်ရှောင်းသည် ရေနွေးထည့်ထားသော ဝိုင်ခွက်ကြီးကို အသာလှည့်ပတ်ကစားကာဖြင့် ပြုံးလိုက်သည်။ “အင်း … ဒီဟာက ခံစားလို့ကောင်းလိုက်တာ။”

သူ၏ လှည့်ကွက်သည် အဆင့်နိမ့်လှသည်ဆိုသော်လည်း အကျိုးသက်ရောက်မှုမှာတော့ ထင်မှတ်ထားသည်ထက် ပိုမိုကာ အားကောင်းနေ၏။

“ဒီမိန်းမက နယ်မြေဟောခန်းကို ကိုယ်စားပြုတာလေ။ ပြီးတော့ တခြားဂိုဏ်းတွေနဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် သူမရဲ့ အထက်မှာရှိနေတဲ့ နယ်မြေဟောခန်းရဲ့ အကြီးအကဲတွေက ကျိန်းသေပေါက် ဆူငေါက်တော့မှာပဲ။ ဒါဆိုရင် အလုပ်တောင် ပြုတ်သွားနိုင်တယ်။”

ကျွင်းချောင်ရှောင်းအနေနှင့် တွေးလေ စိတ်ချမ်းသာစရာကောင်းလေဖြစ်နေသည်။

“ဂိုဏ်းချုပ်။”

ထိုအချိန်မှာပဲ မိုးစွေဟောခန်းမှ အဖွဲ့သားတစ်ယောက်သည် သတင်းပေးပို့လိုက်၏။ “ရလာတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အဖြူရောင်ဆံပင်နဲ့အဘွားအိုတစ်ယောက်က ရုတ်တရက် ပေါ်ပေါက်လာတယ်တဲ့။”

“ဘယ်သူလဲ။”

“ကြီးမြတ်သူချင်းဝေလို့ ပြောတယ်။”

“ဟင် …. သူမလည်း မိုင်းတွင်းအတွက် ရောက်လာတာလား။”

ကြီးမြတ်သူဟူသည့် ဂုဏ်ထူးကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်မို့ သူမသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်၏ ထိပ်ဆုံးတွင် ရှိသည့် လူတစ်ယောက်ဖြစ်ပေလိမ့်မည်။ ကြည့်ရှုရသည်မှာ အခြေအနေသည် သူထင်မှတ်ထားသည်ထက် ပိုမိုကာ ကောင်းမွန်နေ၏။

“နေအုံး။ ငါ့အနေနှင့် အစစ်အမှန် ရှာဖွေခြင်းအဆင့် ထိပ်ဆုံးကို ရောက်ပြီဆိုလို့ရှိရင် နာမည်တစ်ခုကို ကောင်းကောင်းပေးရမယ်။”

“ပြည့်စုံတဲ့ကျွင်း။ ချောမောတဲ့ကျွင်း။ အဲလိုပေးရင်ကောင်းမလား။”

“မဟုတ်ဘူး။ ဖင်ကောက်ကျွင်းလို့ပေးရမယ်။”

စနစ်က ဝင်ကာ ပြောဆိုလိုက်၏။ “မင်း ထျန်းယွမ်အကျဉ်းထောင်စေတီရဲ့ လုပ်ဆောင်နိုင်မှုကို အသက်သွင်းတုန်းက သွား … ငါ့ချစ်လေးဆိုပြီး ဖင်လေးကောက်ခဲ့တယ်လေ။

“တော်စမ်း။”

“ဂိုဏ်းချုပ်။”

မိုးဆွေဟောခန်းမှ အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်သည်။ “အဲဒီ ကြီးမြတ်သူချင်းဝေက ဧကရီလင်းရောင်ရဲ့ ဆရာလို့ ပြောခဲ့တယ်။”

ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ ပြီးနောက် ပြောလိုက်၏။ “ဒီအမျိုးသမီးဆီမှာ အစစ်အမှန် ရှာဖွေခြင်းအဆင့် ထိပ်ဆုံးအဆင့်ရှိတဲ့ ဆရာတစ်ယောက်ရှိလိမ့်မယ်လို့ ငါ မထင်မိဘူး။ တကယ့်ကို လျှော့တွက်လို့မရတဲ့ လူတစ်ယောက်ပဲ။”

“ဂိုဏ်းချုပ်”

ထိုအဖွဲ့သားတစ်ယောက်သည် ထပ်မံကာ သတင်းပေးပို့ပြန်သည်။ “ကြီးမြတ်သူချင်းဝေ ပေါ်လာပြီးတဲ့နောက်မှာ အခြေအနေတစ်ခုလုံးက ပြောင်းလဲသွားခဲ့တယ်လေ။ ဂိုဏ်းအသီးသီးမှာရှိတဲ့ ကျွမ်းကျင်သူတွေအကုန်လုံးက မြက်ခင်းစိမ်းလွင်ပြင်ကို စွန့်ခွာပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ပြီ။”

“သူတို့မတိုက်ခိုက်ဘူးလား။”

“မတိုက်ခိုက်ဘူး။”

“………”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို မှီကာဖြင့် စိတ်ပျက်လက်ပျက် ပြောလိုက်မိ၏။ “ငါ သေသေချာချာ ဖန်တီးထားတဲ့ ထောင်ချောက်က လွယ်လွယ်ကူကူ ပျက်စီးသွားပြီလေ။ ဒါက ကြီးမြတ်သူချင်းဝေ ပေါ်ပေါက်လာခဲ့တာကြောင့်လား။”

“ချီးတဲ့မှ။”

ကုန်းရှန့်သည် လက်ထဲတွင်ရှိနေသော ဝိုင်ခွက်ကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ စဉ်းစားလျက်ရှိနေ၏။ သို့ပေမဲ့ ချက်ချင်းပဲ သူ၏ မျက်နှာပေါ်ရှိအသွင်အပြင်သည် ပြောင်းလဲသွားခဲ့တော့၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ “ဧကရီလင်းရောင်။ ဒါက ပထမဦးဆုံး အလှည့်ပဲ ရှိသေးတယ်။ အနာဂတ်မှာ ဒီထက်ပိုပြီး ကောင်းတဲ့ ထောင်ချောက်တွေ၊ လှည့်ကွက်တွေက ခင်ဗျားဆီကို ရောက်ရှိလာလိမ့်မယ်။”

“အင်း …”

စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “ဘယ်သူက မင်းသားလဲ။ ဘယ်သူက လူဆိုးလဲဆိုတာတောင် သေသေချာချာ မသိတော့ဘူး။”

All Chapters