အခန်း ၁၄၉၅
Vol. 101 Ch. 1495
အပိုင်း (၁၄၉၅)
ဧကရီလင်းရောင်သည် ဆယ်နှစ်ကြာလျှင် ယှဉ်ပြိုင်တိုက်ခိုက်မည့် သဘောတူညီချက်ထဲတွင် ပါဝင်လာခဲ့ရ၏။ ကျွင်းချောင်ရှောင်းသည် သူမနှင့် ယှဉ်ပြိုင်မတိုက်ခိုက်ချေ။ သူမသည် အားညို၏ ရန်သူသာဖြစ်၏။ ထို့ကြောင့် အားညိုအနေဖြင့် သူမကို ကိုယ်တိုင်ကိုယ်ကျ လက်စားချေရပေလိမ့်မည်။
"မဟုတ်သေးဘူး"
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ "ဒီကောင်လေးက အရမ်းကို အားနည်းလွန်းတယ်"
သူ့အနေဖြင့် ကုန်းရှန့်ကဲ့သို့သော အမြူတေပြောင်းလဲခြင်း အဆင့်ခြောက်အပေါ်တွင်တောင် ကြီးမားသည့် မျှော်လင့်ချက် မရှိချေ။ အမြူတေပြောင်းလဲခြင်း အဆင့်နှစ်ကိုသာ ပိုင်ဆိုင်သည့် ရီရှင်းချန်ဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။ ဤအရာမှာ အားညိုအပေါ် အလွန်အထင်မြင်သေးခြင်း မဟုတ်ပေ။ ကွာခြားချက်မှဟ အလွန်ကြီးလွန်းသောကြောင့်ပင် ဖြစ်သည်။
ဤအတိုင်းသာ တိုက်ခိုက်ရန် စေလွှတ်လိုက်ပါက ကျိန်းသေပေါက် ပြာနှမ်းနေအောင် ရိုက်နှက်ခံရမှာ သေချာ၏။
"ဆရာ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဆိုရိုးစကားတစ်ခုရှိတာကို ကြားဖူးတယ်မလား"
"ဘာဆိုရိုးလဲ"
"ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် လူငယ်တွေကို အထင်သေးလို့မဖြစ်ဘူး ဆိုတာလေ။”
"……..."
ကြီးမြတ်သူတုံကုသည် မျက်လုံးများပင် ချာချာလည်သွားခဲ့၏။ "ဒီလိုစကားတွေ ပြောပြီးတော့ အထင်ကြီးမှုကို လိုချင်တာလား။”
“ကတိစကားအတိုင်း တိုက်ခိုက်ဖို့က ငါးနှစ်ခြောက်နှစ်လောက် လိုအပ်သေးတယ်။ ဒီတော့ အားညိုအနေနဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ …."
သူသည် ရီရှင်းချန်ကို ကြည့်၍ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "သူက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်မို့လို့ပဲ"
သူ၏စကားသံသည် ကျယ်လောင်ပြီး ပြတ်သားလွန်းလှ၏။ ထိုစကားသံသည် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးကို ပဲ့တင်ထပ်စွာဖြင့် ပျံ့နှံ့လျက်ရှိ၏။
ဂျွတ်
ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ သွေးများသည် တစ်ပွက်ပွက်နှင့် ဆူဝေလာခဲ့ပြီး ပြိုင်စံရှားဂိုဏ်းဟူသော အရိပ်အာဝါသအောက်တွင် ပိုမို၍ တက်ကြွလာခဲ့သည်။
"…..."
ကြီးမြတ်သူတုံကုသည် ဆွံ့အသွားခဲ့၏။ "ဟိုဖက်ကရော မတိုးတက်ပဲ နေမှာမို့လို့လား"
ဧကရီလင်းရောင်သည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖျက်ရောက်ရှိသွားနိုင်စွမ်းရှိသည်။ ထိုသို့ဆိုပါက အနိုင်ရရန် လုံးဝမဖြစ်နိုင်တော့ချေ။
"ဆရာ"
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ "သူမကလည်း တိုးတက်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်တပည့်လောက်တော့ မတိုးတက်နိုင်လောက်ဘူးလေ"
အားညိုသည် ပိုပြီးအားကောင်းလာမလား ဆိုသည်ကို သူသေချာမသိရှိချေ။ ထို့ပြင် ဧကရီလင်းရောင်ကို အနိုင်ယူနိုင်မလား ဆိုသည်ကိုလည်း သူသေချာမသိရှိချေ။
သို့ပေမဲ့ အားညိုသည် သူ၏ ရည်မှန်ချက်သို့သွားမည့်လမ်းအား မည်သူတစ်ဦးတစ်ယောက်၏ တားဆီးခြင်းကိုမှ လက်ခံမည့်သူမဟုတ်ကောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ လူသားများသည် ရည်မှန်းချက်ရှိသလို အိမ်မက်များလည်း တည်ရှိနေ၏။
"ရီရှင်းချန် … ကျယ်ကျယ်ပြောစမ်း။ မင်းသူ့ကို အနိုင်ယူနိုင်လား"
"ဂိုဏ်းချုပ်"
သူသည် တောင်၏ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏သွေးများသည် ဆူဝေလျက် ရှိနေ၏။ သူသည် မော့ကြည့်စွာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျုပ် အနိုင်ယူနိုင်ရုံတင်မကဘူး။ တစ်ခါတည်းပါ သတ်ပစ်မယ်"
ကြီးမြတ်သူတုံကု၏အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်လာခဲ့၏။ ၎င်း၏ဦးခေါင်းသည် မျည်းကန်ခံလိုက်ရသည်လား။ အဆင့်နှစ် အမြူတေပြောင်းလဲခြင်းအဆင့်ကိုသာ ပိုင်ဆိုင်သော သူတစ်ယောက်အနေဖြင့် အဆင့်ကိုး အမြူတေပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ပစ်ရန် ပြောဆိုနေ၏။ သူသည် သက်ပြင်းချကာဖြင့် ပြောလိုက်မိ၏။ "ငါမင်းကို အရာအားလုံးပြောပြီးသွားပြီ။ ကောင်းကောင်း ပြင်ဆင်ထားလိုက်တော့။ ဆယ်နှစ်ကြာ တိုက်ခိုက်မဲ့ပြိုင်ပွဲကြရင်သာ ငါ့ကိုမျက်နှာမငယ်စေနဲ့"
ဆွစ်
ပြောပြီးသည့်နောက် သူသည် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားခဲ့ပြီးနောက် လီချင်းယန်နှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြသည်။ ၎င်းတို့သည် ရီရှင်းချန်၏ရှေ့တွင် မတ်မတ်ရပ်လိုက်ပြီးနောက် အားပေးသည့်အကြည့်ဖြင့် ကြည့်ရှုလိုက်၏။
"ဂျူနီယာညီလေးရီ"
စုရှောင်မိုသည် ရင်ဘတ်ကို လက်သီး နှင့် ခပ်ဖွဖွ လှမ်းထိုးကာ ပြောလိုက်သည်။ "ဆရာဘိုးဘိုးက မင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်သွားပြီ"
ရီရှင်းချန်၏ အမူအရာသည် အေးစက်လျက် ရှိနေ၏။ သို့ပေမဲ့ နှလုံးသားထဲမှာတော့ နွေးထွေးနေသည်။ လက်ရှိအချိန်၌ သူသည် တစ်ယောက်တည်း တိုက်ခိုက်ရသော လူတစ်ယောက် မဟုတ်တော့ချေ။
များပြားလှသော တပည့်များသည် တောင်၏အနောက်ဖက်တွင် စုစည်းနေကြပြီး ရီရှင်းချန်၏ အနီးအနားတွင် မတ်မတ်ရပ်နေကြ၏။ မြင်ကွင်းကို ကြည့်ရှုလိုက်လျှင် ၎င်းတို့၏ ဓားလွယ်ခုတ်တွင် ပြိုင်စံရှားဂိုဏ်းဟူသော စာတမ်းကြီးတည်ရှိနေသည်ကို တွေ့မြင်နိုင်၏။
လီထျန်းထျန်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို လက်လွတ်မခံချေ။ ကောင်းမွန်လှသော မြင်ကွင်းကို ရှာဖွေကာဖြင့် ဓာတ်ပုံရိုက်လျက် ရှိနေသည်။
တောင်၏ထိပ် ….
ရီရှင်းချန်သည် ကြီးမားလှသော ကျောက်တုံးကြီးပေါ်တွင် ထိုင်လျက်ရှိနေ၏။ သူသည် အဝေးတစ်နေရာရှိ တိမ်လိပ်ြ"ငါအရမ်းကို အားနည်းနေသေးတယ်"
ရီရှင်းချန်၏ နှလုံးသားထဲတွင် စိုးရိမ်မှုများ ဖြစ်တည်လာခဲ့သည်။ အတိတ်တုန်းကလိုသာဆိုလျှင် အားကောင်းလှသောသူများကို တိုက်ခိုက်ရာတွင် ဤလောက်စိတ်ရှုပ်မခံရချေ။ အဘယ့်ကြောင့်ဆိုသော် ညအင်ပါယာဟူသည့် ဂုဏ်ပုဒ်သည်သူ၏စိတ်ထဲတွင် အမြဲတည်ရှိနေသောကြောင့်ပင်။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြောင်းလဲသွားခဲ့၏။ သူ့အနေဖြင့် ဧကရီလင်းရောင်ကို တိုက်ခိုက်ရာတွင် သူ့အတွက် ယှဉ်ပြိုင်တိုက်ခိုက်ရုံသာမက ဂိုဏ်း၏ ဂုဏ်သိက္ခာကတည်း ရှိနေသေး၏။
ဖိအားသည် အလွန်များပြားနေ၏။ ကျွင်းချောင်ရှောင်း၏ နှင်းဆီဧကရီအပေါ် ထားရှိခဲ့သည့် စိတ်နေစိတ်ထား ပြောင်းလဲသွားသလို ရီရှင်းချန်၏ ပြိုင်စံရှားဂိုဏ်းအပေါ် ထားရှိသည့် စိတ်ထားကလည်း ပြောင်းလဲသွားခဲ့သည်။
ဖောက်
ရုတ်တရက် အနောက်ဖက်ဆီမှ အသံတစ်ခုထွက်ပေါ်လာ၏။ အသာလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူ၏နောက်တွင် အရက်မူး အိမ်မက်ဝိုင် တစ်ဂျား တည်ရှိနေသည်ကို တွေ့လိုက်ရ၏။
"ဂျူနီယာညီလေးရီ"
ရှောင်ကျီသည် အဝေးတစ်နေရာရှိ သစ်ပင်ပေါ်၌ ထိုင်လျက်ရှိနေပြီး ခြေထောက်များကို လွှဲယမ်းနေသည်။ လက်ထဲတွင်တော့ ဝိုင်တစ်ဂျားက ရှိနေ၏။ "ငါတို့ အမူးသောက်ကြရေအာင်"
ရီရှင်းချန်၏ မျက်နှာပေါ်တွင် အထင်သေးသည် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် သိုင်းပညာအရာတွင် ဂိုဏ်းထဲ၌ အားအကောင်းဆုံးဟု အာမ မခံနိုင်သော်လည်း အရက်ေေြ"လာခဲ့"
အားညိုသည် သူ၏နောက်ဖက်တွင် ရှိနေသော ဝိုင်ဂျားကြီးကို ဖွင့်လိုက်၏။ ပြီးနောက် အရက်မူး အိမ်မက်ဝိုင်ကို တခါတည်း ကောက်မော့လိုက်၏။
စိုးရိမ်ပူပန်မှုကို ဖြေလျော့သော အကောင်းဆုံးနည်းလမ်းသည် အရက်သောက်ခြင်းပင် ဖြစ်၏။ ရှောင်ကျီသည်လည်း သူ၏ အရက်မူးအိမ်မက်ဝိုင်ဂျားကြီးကို ကောက်မော့လိုက်သည်။
တစ်ယောက်သည် သစ်ပင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး တစ်ယောက်သည် ကျောက်တုံးပေါ်တွင် ထိုင်လျက်ရှိနေ၏။
"ဂျူနီယာညီလေး"
ရှောင်ကျီသည် သူ၏အတိတ်ကို ပြန်လည်တွေးတောကာ စဉ်စားရင်း တွေးတွေးဆဆ ပြောလိုက်သည်။ "အောက်နယ်မြေမှာတုန်းက ငါ့လိုကျင့်ကြံခြင်းမရှိဘဲ သုံးလို့မရတဲ့လူတစ်ယောက်ကို ဂိုဏ်းချုပ်က သုံးနှစ် ကတိစကားနဲ့ ပြိုင်ပွဲတစ်ခု ဖန်တီးပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတာ မင်းသိလား"
ထိုစကားကို ကြားလိုက်ရသည့်အခါမှာတော့ စီနီယာအစ်ကိုရှောင် သည် အဘယ့်ကြောင့် သူနှင့်အတူ အရက်လာသောက်ခြင်း ဖြစ်ကြောင်း နားလည်သွားမိ၏။ သူသည် ပြန်ပြောလိုက်မိ၏။ "ရည်မှန်းချက်၊ စိတ်အားတက်ကြွမှုတွေ ရှိအောင်လို့လား"
"မဟုတ်ဘူး"
ရှောင်ကျီသည် ဝိုင်တစ်ငုံကို မော့သောက်ကာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်အနေနဲ့ ငါ့ကို ပိုပြီးတော့အားကောင်းအောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်နေလို့ပဲ"
ရီရှင်းချန်၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်သွားခဲ့၏။ ရရှိလာသည့်အဖြေသည် သူထင်မှတ်ထားခဲ့ သည်နှင့် အလုံးစုံ ကွာခြားလျက်ရှိနေ၏။
"အချက်အလက်တွေက သက်သေပြခဲ့တယ်လေ"
ရှောင်ကျီက ပြောလိုက်သည်။ "ဂိုဏ်းချုပ်အနေနဲ့ ငါ့လိုအမှိုက်တစ်စကို သုံးနှစ်တာ အတောအတွင်းမှာ ပြန်ပြီးအားကောင်းလာအောင် ဖန်တီးပေးခဲ့တယ်။ ဆုံးရှုံးခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးရအောင် ပြုလုပ်ပေးခဲ့တယ်"
"ခင်ဗျားဘာကို ပြောချင်နေတာလဲ"
"ဂိုဏ်းချုပ်ကို ယုံကြည်။ ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်"
ရီရှင်းချန်သည် တိတ်ဆိတိငြိမ်သက်သွား၏။ ပြီးနောက် လက်ထဲရှိ ဝိုင်ဂျားကို ကောက်မော့လိုက်၏။
ရှောင်ကျီသည် ဆက်ကာမပြောတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ရိုးရှင်းလှသည့် စကားလုံးများတွင် အဓိပ္ပာယ်များ ပါဝင်ပြီး ဖြစ်၏။ ထပ်တလဲလဲ ပြောဆိုနေစရာ မလိုအပ်တော့ချေ။
`အောက်နယ်မြေ၏ သုံးနှစ်တာ ကတိစကား။ အထက်နယ်မြေ၏ ဆယ်နှစ်တာ ကတိစကား´
၎င်းတို့သည် မိန်းကလေးတစ်ယောက်ကြောင့် ထိခိုက်နာကျင်ခဲ့ရသည်။ ထို့အတူ တူညီသည့် စိန်ခေါ်ပွဲကိုလည်း ရင်ဆိုင်ရပေလိမ့်မည်။
ဂလု ဂလု
ရီရှင်းချန်သည် အရက်မူးအိမ်မက်ဝိုင်တစ်ဂျားလုံးကို ကောက်မော့လိုက်၏။ ပြီးနောက် ယိုင်ထိုးယိုင်တိုင်နှင့် ထရပ်လိုက်၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ "ကျုပ် ရီရှင်းချန်က ဒီအမျိုးသမီးကို ကျိန်းသေပေါက် အနိုင်ယူမယ်"
ပြီးနောက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီးနောက် ဝိုင်ဂျားကြီးကို လွင့်ပစ်လိုက်တော့သည်။ ဝိုင်ဂျားလွတ်ကြီးသည် အလွန်လှပစွာဖြင့် လေထု၌ ဝေ့ဝိုက်ပြီး လွင့်မျောသွား၏။
ခရမ်းရောင်ဘုရင်သည် စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်၌ မတ်တပ်ရပ်ပြီး ယခုလအတွင်း ယန်ချန်ဆီမှ ရရှိမည့် သားရဲဆေးလုံး အရေအတွက်ကို တွက်ချက်လျက်ရှိသည်။
ဝိုင်ဂျားကြီးသည် ဟောခန်းသခင်ကျိ၏ ဦးခေါင်းကို တည့်တည့်ထိမှန်လေ၏။
ဒေါင်
"ချီးတဲ့မှ"
……..
အရက်သောက်သုံးပြီးသည့်နောက် ရီရှင်းချန်၏ ချိတုံချတုံ အမူအရာများသည် ပြောင်းကွယ်သွားခဲ့သည်။ သူ့အနေဖြင့် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်တော့မည်ဖြစ်ပြီး ဂိုဏ်းချုပ်အနေဖြင့် သူ့အား ပိုမို၍ အားကောင်းအောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ယုံကြည်လျက် ရှိနေသည်။
သို့ပေမဲ့ ထိုအချင်းအရာနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းပင်လျှင် ဇဝေဇဝါ ဖြစ်မိနေ၏။ သူသည် ရီရှင်းချန်အတွက် ရည်မှန်ချက်အသေးလေး ထားရှိခဲ့သည်ဆိုသော်လည်း မည်ကဲ့သို့ အားကောင်းလာအောင် ပြုလုပ်ရမည်ကိုတော့ တိကျသည့်အဖြေမရှိသေးချေ။
စနစ်သည် အံ့ဩသွားမိ၏။ "တပည့်ကို အရှုံးပေးခိုင်းတော့မှာလား"
"ပေါက်ကရတွေ မပြောနဲ့"
ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ချာချာလည်သွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ "စနစ် …. အားညိုကို ပိုပြီးအားကောင်းလာစေမဲ့ နည်းလမ်းကို စဉ်းစားပေးစမ်း"
"လွယ်ပါတယ်။ ဂိုဏ်းမှာရှိနေတဲ့ အရင်းအမြစ်တွေအကုန်လုံးကို သူ့တစ်ယောက်တည်းအတွက် ပေးသုံးလိုက်လေ" စနစ်က ပြောလိုက်၏။
"ဒါဆိုရင် ဧကရီလင်းရောင်ကို ကျော်ဖြတ်သွားနိုင်လား"
"မသွားနိုင်ဘူး"
"ဒါဆိုရင် ဘာလို့ပြောနေတာလဲ"
စနစ်က ပြောလိုက်သည်။
"ဂိုဏ်းတစ်ခုလုံးအတွက် သုံးရမယ့် အရင်းအမြစ်တွေကို သူ့တစ်ယောက်တည်း အတွက် အသုံးပြုလိုက်မယ်ဆိုရင်တောင်မှ ဧကရီလင်းရောင်ကလည်း ဆက်လက်ပြီး ကျင့်ကြံနေတယ်လေ။ ဒီတော့ စနစ်ရဲ့ စတိုးခြင်းကသာ မင်းအတွက် အဖြေဖြစ်လိမ့်မယ်။"
"ထင်ထားတဲ့ အတိုင်းပဲကို"
ကျွင်းချောင်ရှောင်းသည် တွေးတွေးဆဆဖြင့် ပြောလိုက်၏။ "ငါ့အနေနဲ့ စနစ်ကို အားကိုးရအုံးမှာပဲ"
စနစ်က ပြောလိုက်သည်။ "ရီရှင်းချန်နဲ့ ဧကရီလင်းရောင်တို့ရဲ့ ကွာခြားချက်က အရမ်းကိုကြီးမားလွန်းတယ်လေ။ ဒီတော့ ခြောက်နှစ်၊ခုနှစ်နှစ်အတွင်း လိုက်မီဖို့ ဒါမဟုတ် ကျော်တက်သွားဖို့ဆို နည်းလမ်းက တစ်ခုပဲရှိတယ်။ သူ့ကို ချောက်ထဲခုန်ချခိုင်းလိုက်။ စွမ်းအားမြင့်ကျင့်ကြံသူရဲ့ အမွေအနှစ်တွေကို အမှတ်မထင် ရရှိပြီးတော့ စွမ်းအာမြင့်ကျင့်ကြံသူကြီး ဖြစ်လာနိုင်တယ်"
"..."
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ "တရုတ်သိုင်းကားတွေ အကြည့်များခဲ့တာကိုး"